" ဘယ္သူမလို႔ ကယ္ေပးတာလဲ... ''
ဆက္မ်က္လံုးထဲမွာ မ်က္ရည္ေတြဝဲေန၏ ။
" ဘာမလို႔ သူေတာ္ေကာင္းပံုစံလာဖမ္းေနရတာလဲ... ''
ဆက္ စိတ္မထိန္းႏိုင္စြာ ေအာ္မိေတာ့ ခ်မ္းကသူမလက္ကေလးကိုလာေရာက္ဆုပ္ကိုင္၏ ။
သို႔ေသာ္ စိတ္ထိန္းရန္မျဖစ္ႏိုင္ေတာ့ ။ ဆက္ ေဒါသေတြက အဆံုးစြန္ထိလြင့္ထြက္ေနသည္။ မ်က္ႏွာတစ္ျပင္လံုးနီေနကာ အသားေတြပင္တုန္ေနသည္။
" ေမေမကေရာ... ဘာလုပ္ေနတာလဲ... ဒီအခ်ိန္မွာ ဒီလူနဲ႔ စကားေျပာသင့္လား... မစဥ္းစားႏိုင္ေတာ့ဘူးလား... ခင္ဗ်ားကေရာ ဘာကိစၥ ျပန္ၿပီးလာပတ္သတ္ေနတာလဲ... ခင္ဗ်ားေၾကာင့္ မိသားစုလည္းၿပိဳကြဲမလိုျဖစ္ခဲ့ရၿပီးၿပီ...ခုတစ္ခါ မပ်က္ေသးလို႔ ထပ္ဖ်က္တာလား... ႐ိုက္သတ္ပစ္လိုက္ရမွာ ခုနကတည္းက... ''
" ေတာ္ေတာ့ ဆက္... စကားေတြလြန္လာၿပီ...
ငါ့မွာ ဒီစိတ္ေတြမ႐ွိေတာ့ဘူးလို႔လဲ အ႐ိုးသားဆံုးဝန္ခံခဲ့ၿပီးၿပီ.... တစ္ေယာက္ထဲအကုန္ေတြးၿပီး တစ္ေယာက္ထဲအကုန္ ေဒါသထြက္မေနနဲ႔... ''
" ေတြးယူေနတာမဟုတ္ဘူးေမေမ...မ်က္စိေ႐ွ႕မွာျမင္ေနရတာ ... ''
" အမိႈက္လိုအေတြးေတြ နင့္ေခါင္းထဲကခ်က္ခ်င္းထုတ္ပစ္စမ္း ပတၱျမားဆက္... စာေတာ္သလို က်န္တဲ့ေနရာေတြမွာလည္း နည္းနည္းပါးပါးေခါင္းသံုးၿပီး အသံုးက်က်ေတြးစမ္းပါ... လမ္းမွာစကားေျပာေနတာနဲ႔ ငါကထပ္ၿပီးေဖာက္ျပန္ေနရၿပီလား ဟမ္ ေျပာစမ္း ''
ဆက္ ရင္ထဲမွာ ေတာက္ေလာင္ေနေသာ အိမ္တြင္းမီးပံုကေလးသည္ တျဖည္းျဖည္းႏွင့္ ပိုႀကီးလာကာ ေမေမ့ထံသို႔ပင္ ကူးစက္သြားၿပီထင္သည္ ။ ဆက္ မွာလည္း မ်က္ရည္ေတြက်ကာ ႏႈတ္ခမ္းဖ်ားေတြ တုန္ရင္ေနသလို မိခင္ျဖစ္သူမွာလည္း မ်က္ရည္ေတြက်လာသည္ ။
" ၾကားထဲက ဦးကဘဲ ေတာင္းပန္ပါတယ္သမီးရယ္... ''
တင္းမာေနေသာ အေျခအေနကို ထိုလူႀကီးက စတင္ၿဖိဳဖ်က္လိုက္သည္ ။
" ဒီေန႔အေျခအေနကလည္း မထင္မွတ္ဘဲ ျဖစ္သြားရတာပါ... ေနာက္ သမီးမႀကိဳက္ရင္ ဒီလိုအျဖစ္ေတြ ထပ္မျဖစ္ရေအာင္ ဦးေ႐ွာင္ပါ့မယ္ကြာ... ''
ေျပာရင္း ဆက္လက္တစ္ဖက္ကိုကိုင္ကာ ေတာင္းပန္သလိုၾကည့္လာသည္ ။
ဆက္က ထိုလက္ကိုရြံ႐ွာစြာ ပုတ္ခ်လိုက္ရင္း...
" မထိနဲ႔... ရြံလို႔ပါ... လက္ကိုကိုင္ၿပီး စကားေျပာရေအာင္ ဦးေလးက ဆက္နဲ႔ ဘာပတ္သတ္မႈ႐ွိေနလို႔လဲ... ေမေမ့လက္ကိုဘဲကိုင္လိုက္ပါ... ''
" ျဖန္း........ ''
႐ိုက္သံတစ္ခ်က္.....
ေဒါသမ်က္ဝန္းတစ္စံု....
ၿပီးေတာ့ ျဖဴေလ်ာ္ေသြးဆုတ္သြားေသာ ဆက္၏မ်က္ႏွာ...
ခ်မ္း တစ္ခ်ိန္ထဲမွာ အားလံုးကိုျမင္လိုက္ရသည္ ။
သူမဆုပ္ကိုင္ထားေသာ လက္ကေလးကိုလည္း ထပ္မံဆုပ္ကိုင္မထားႏိုင္ေတာ့ ။
သတိလစ္သလိုျဖစ္ကာ လဲက်သြားေသာ သူမကို အေျပးအလႊားေပြ႔ထားမိသည္။
ဒါဟာ ဆက္ဘဝတစ္ေလွၽာက္လံုး အ႐ိုက္ခံခဲ့ရသမွၽထဲ ရင္ကို အနာက်င္ေစဆံုး႐ိုက္ခ်က္တစ္ခုသာျဖစ္ေပလိမ့္မည္ ။
" ကေလးကို ဘယ္လိုလုပ္လိုက္တာလဲ ေဒၚမိမိတာ.. ေဒါသလဲေဒါသေပါ့... အခုေတာ့ ဆယ့္႐ွစ္ႏွစ္ေတာင္မျပည့္ေသးတဲ့ကေလးကို ပါး႐ိုက္ၿပီး ဆံုးမရသလား... ''
ထိုလူႀကီး၏ ေဒါသတႀကီးေအာ္သံကုိၾကားမွ ခ်မ္းလည္း ဆက္အေမကို နာၾကည္းစြာေမာ့ၾကည့္မိသည္ ။ ေတြေတြႀကီးၾကည့္ေနေသာ မ်က္ဝန္းေတြမွာ သနားျခင္းေတြလား ေနာင္တေတြလား...
ဘာေတြေရာယွက္ေနမွန္း ခ်မ္းနားမလည္ပါ ။
ရင္ခြင္ထဲက ဆက္ကိုသာျပန္သတိျပဳမိေတာ့ ေျခဖ်ားလက္ဖ်ားေလးေတြ ေအးစက္ေန၏ ။ အ႐ိုက္ခံလိုက္ရေသာ ပါးေလးတစ္ဖက္က နီရဲေနကာ မ်က္လံုးေတြက အသက္မဲ့ေနေသာ သူလို...။
ခပ္တင္းတင္းေလးေပြ႔ဖက္ထားလိုက္ကာ ႏွစ္သိမ့္ေပးရန္ႀကိဳးစားေနမိသည္ ။ အလဲလဲအၿပိဳၿပိဳျဖစ္ေသာ သူမတို႔အေျခအေနေၾကာင့္ လမ္းသြားလမ္းလာအခ်ိဳ႕ကလည္း ကြက္ၾကည့္ကြက္ၾကည့္ ။
ဆက္ရယ္....
နာက်င္ရတာေတြမ်ားလာရင္ တစ္ခုခုျဖစ္သြားမွာကို သိပ္ေၾကာက္တာဘဲ ကေလးရယ္
" ဆက္... သမီးေလး.. ''
ေဒၚမိမိတာ ဆက္ေဘးနားမွာ ထိုင္ခ်လိုက္ရင္း ေအးစက္ေနေသာ လက္ေခ်ာင္းေလးေတြကို ဆုပ္ကိုင္မိသည့္တစ္ခဏ...
" အို... သမီးေလး... လက္ေတြေအးစက္ေနပါလား... ''
" ဆက္ေရ...ေမေမ့ကိုၾကည့္စမ္းပါဦး သမီးေလး...''
မ်က္လံုးေတြဖြင့္ထားေသာ္လည္း သတိေမ့ေနသလို ေၾကာင္ေတာင္ေတာင္ေလး ျဖစ္ေနေသာ ဆက္ကိုၾကည့္ရင္း ခ်မ္း စိုးရိမ္စိတ္ေတြပိုလာခဲ့သည္ ။
" ဆက္... ဒီကိုၾကည့္... ''
ရင္ခြင္ထဲက ဆက္ကို မ်က္ႏွာေလးေမာ့ကာ သူမကို ၾကည့္ေစလိုက္သည္ ။
မ်က္ႏွာႏုႏုေလးက ေပ်ာ့ေပ်ာင္းစြာပါလာ၏ ။
မ်က္ရည္စေတြ ေဝ့ဝဲလွၽက္႐ွိေသာ မ်က္ဝန္းတစ္စံုက သူမကိုသိပ္ၿပီးနာက်င္ေစ၏ ။
" ခ်မ္း... ''
ဆက္ထံမွ မပီမသ ေခၚသံေလး တိုးညႇင္းစြာထြက္လာသည္ ။ ထို႔ေနာက္ၾကည့္ေနရင္း သူမမ်က္လံုးေလးေတြ မွိတ္က်သြားခဲ့၏ ။ ရင္ခြင္ထဲမွာ ေမာ့ထားေသာမ်က္ႏွာေလးက အားေပ်ာ့ကာ ျပဳတ္က်သြားသည္ ။
" ဆက္.... ''
" သမီးေလး.... ''
စိတ္ပူျခင္းအျပည့္ႏွင့္ ေခၚသံႏွစ္ခုက သူမေနာက္ဆံုးၾကားလိုက္ရေသာ အသံေတြျဖစ္မည္ထင္သည္ ။
မ်က္လံုးေတြမွိတ္ထားတဲ့ အခ်ိန္ေလးမွာေတာ့ မင္းအတြက္ ေပ်ာ္ရႊင္စရာကမာၻငယ္ေလးျဖစ္ပါေစ ကေလးငယ္ေရ...
ကိုယ္ဆုေတာင္းေပးလိုက္ပါရဲ႕...
🌺🌺
" ဆက္ သတိရလာၿပီလား.... ''
ပုတ္ခတ္ပုတ္ခတ္လုပ္ေနေသာ သူမမ်က္ဝန္းေတြကို ျမင္သည္ႏွင့္ ခ်မ္းအေလာတႀကီးေမးလိုက္မိသည္ ။
" အိမ္မျပန္ဘူးလား ခ်မ္း... ''
ေလသံေဖ်ာ့ေဖ်ာ့ေလးက ပထမဆံုးထြက္လာတဲ့ စကားသံက သူမကိုစိတ္ပူတာတဲ့လား...
ဆက္ရယ္....
" ကေလး... ေခါင္းမူးေနရင္ ဆက္အိပ္ေနေနာ္... က်န္တာဘာမွမေတြးနဲ႔... ''
ခ်မ္း သူမေခါင္းေလးကို ခပ္ဖြဖြပြတ္ကာ ေျပာမိသည္ ။ သူမကိုယ္တိုင္လည္း မ်က္ရည္က်မလာေအာင္ မနည္းထိန္းေနရသည္ေလ ။
" ေမေမက ဆက္ကိုမခ်စ္ဘူးခ်မ္း...''
" ဆက္ရယ္.... ''
" ဆက္ ေျပာခဲ့တဲ့စကားေတြ လုပ္ခဲ့တဲ့အျပစ္ေတြေၾကာင့္... ေမေမက ဆက္ကိုမုန္းတယ္... သိပ္ကိုမုန္းတယ္ေလ.... ''
မ်က္ရည္တို႔က စီးက်လာျပန္သည္ ။
ခ်မ္း သူမမ်က္ရည္ေတြကို အသာအယာသုတ္ေပးေနမိေပမယ့္ ကိုယ္တိုင္လည္း မ်က္ရည္ေတြက်ေနမိသည္ ။
" မိဘတိုင္းက သားသမီးတိုင္းကို ခ်စ္ၾကတာခ်ည္းပါဘဲ ဆက္ရယ္... ဘယ္မိဘမွ သူတို႔သားသမီးကို မုန္းတယ္လို႔မ႐ွိပါဘူးဆက္ရယ္... ေနာ္...
အသံတိတ္႐ႈိက္ငိုေန႐ွာေသာ ကေလးငယ္ေလးကို
ဖြဖြေလးဖက္ထားေပးမိသည္ ။
သို႔ေသာ္ အခန္းတံခါးအျပင္ဘက္တြင္ ဆန္ျပဳတ္ပန္းကန္ေလးကိုင္ကာ ရပ္ေနေသာေဒၚမိမိတာသည္လည္း အသံတိတ္မ်က္ရည္က်ေနျပန္၏ ။
" ဆက္ရယ္...ေမေမမုန္းပါဘူးကြယ္ သမီးငယ္ရယ္.....''
အင္း... ႏုနယ္တဲ့ႏွလံုးသားေလးထဲ ဓားတစ္ေခ်ာင္းေတာ့စိုက္ဝင္သြားၿပီထင္ရဲ႕...
သိပ္ကိုသနားဖို႔ေကာင္းတယ္ဆက္ရယ္....
" ဘယ်သူမလို့ ကယ်ပေးတာလဲ... ''
ဆက်မျက်လုံးထဲမှာ မျက်ရည်တွေဝဲနေ၏ ။
" ဘာမလို့ သူတော်ကောင်းပုံစံလာဖမ်းနေရတာလဲ... ''
ဆက် စိတ်မထိန်းနိုင်စွာ အော်မိတော့ ချမ်းကသူမလက်ကလေးကိုလာရောက်ဆုပ်ကိုင်၏ ။
သို့သော် စိတ်ထိန်းရန်မဖြစ်နိုင်တော့ ။ ဆက် ဒေါသတွေက အဆုံးစွန်ထိလွင့်ထွက်နေသည်။ မျက်နှာတစ်ပြင်လုံးနီနေကာ အသားတွေပင်တုန်နေသည်။
" မေမေကရော... ဘာလုပ်နေတာလဲ... ဒီအချိန်မှာ ဒီလူနဲ့ စကားပြောသင့်လား... မစဉ်းစားနိုင်တော့ဘူးလား... ခင်ဗျားကရော ဘာကိစ္စ ပြန်ပြီးလာပတ်သတ်နေတာလဲ... ခင်ဗျားကြောင့် မိသားစုလည်းပြိုကွဲမလိုဖြစ်ခဲ့ရပြီးပြီ...ခုတစ်ခါ မပျက်သေးလို့ ထပ်ဖျက်တာလား... ရိုက်သတ်ပစ်လိုက်ရမှာ ခုနကတည်းက... ''
" တော်တော့ ဆက်... စကားတွေလွန်လာပြီ...
ငါ့မှာ ဒီစိတ်တွေမရှိတော့ဘူးလို့လဲ အရိုးသားဆုံးဝန်ခံခဲ့ပြီးပြီ.... တစ်ယောက်ထဲအကုန်တွေးပြီး တစ်ယောက်ထဲအကုန် ဒေါသထွက်မနေနဲ့... ''
" တွေးယူနေတာမဟုတ်ဘူးမေမေ...မျက်စိရှေ့မှာမြင်နေရတာ ... ''
" အမှိုက်လိုအတွေးတွေ နင့်ခေါင်းထဲကချက်ချင်းထုတ်ပစ်စမ်း ပတ္တမြားဆက်... စာတော်သလို ကျန်တဲ့နေရာတွေမှာလည်း နည်းနည်းပါးပါးခေါင်းသုံးပြီး အသုံးကျကျတွေးစမ်းပါ... လမ်းမှာစကားပြောနေတာနဲ့ ငါကထပ်ပြီးဖောက်ပြန်နေရပြီလား ဟမ် ပြောစမ်း ''
ဆက် ရင်ထဲမှာ တောက်လောင်နေသော အိမ်တွင်းမီးပုံကလေးသည် တဖြည်းဖြည်းနှင့် ပိုကြီးလာကာ မေမေ့ထံသို့ပင် ကူးစက်သွားပြီထင်သည် ။ ဆက် မှာလည်း မျက်ရည်တွေကျကာ နှုတ်ခမ်းဖျားတွေ တုန်ရင်နေသလို မိခင်ဖြစ်သူမှာလည်း မျက်ရည်တွေကျလာသည် ။
" ကြားထဲက ဦးကဘဲ တောင်းပန်ပါတယ်သမီးရယ်... ''
တင်းမာနေသော အခြေအနေကို ထိုလူကြီးက စတင်ဖြိုဖျက်လိုက်သည် ။
" ဒီနေ့အခြေအနေကလည်း မထင်မှတ်ဘဲ ဖြစ်သွားရတာပါ... နောက် သမီးမကြိုက်ရင် ဒီလိုအဖြစ်တွေ ထပ်မဖြစ်ရအောင် ဦးရှောင်ပါ့မယ်ကွာ... ''
ပြောရင်း ဆက်လက်တစ်ဖက်ကိုကိုင်ကာ တောင်းပန်သလိုကြည့်လာသည် ။
ဆက်က ထိုလက်ကိုရွံရှာစွာ ပုတ်ချလိုက်ရင်း...
" မထိနဲ့... ရွံလို့ပါ... လက်ကိုကိုင်ပြီး စကားပြောရအောင် ဦးလေးက ဆက်နဲ့ ဘာပတ်သတ်မှုရှိနေလို့လဲ... မေမေ့လက်ကိုဘဲကိုင်လိုက်ပါ... ''
" ဖြန်း........ ''
ရိုက်သံတစ်ချက်.....
ဒေါသမျက်ဝန်းတစ်စုံ....
ပြီးတော့ ဖြူလျော်သွေးဆုတ်သွားသော ဆက်၏မျက်နှာ...
ချမ်း တစ်ချိန်ထဲမှာ အားလုံးကိုမြင်လိုက်ရသည် ။
သူမဆုပ်ကိုင်ထားသော လက်ကလေးကိုလည်း ထပ်မံဆုပ်ကိုင်မထားနိုင်တော့ ။
သတိလစ်သလိုဖြစ်ကာ လဲကျသွားသော သူမကို အပြေးအလွှားပွေ့ထားမိသည်။
ဒါဟာ ဆက်ဘဝတစ်လျှောက်လုံး အရိုက်ခံခဲ့ရသမျှထဲ ရင်ကို အနာကျင်စေဆုံးရိုက်ချက်တစ်ခုသာဖြစ်ပေလိမ့်မည် ။
" ကလေးကို ဘယ်လိုလုပ်လိုက်တာလဲ ဒေါ်မိမိတာ.. ဒေါသလဲဒေါသပေါ့... အခုတော့ ဆယ့်ရှစ်နှစ်တောင်မပြည့်သေးတဲ့ကလေးကို ပါးရိုက်ပြီး ဆုံးမရသလား... ''
ထိုလူကြီး၏ ဒေါသတကြီးအော်သံကိုကြားမှ ချမ်းလည်း ဆက်အမေကို နာကြည်းစွာမော့ကြည့်မိသည် ။ တွေတွေကြီးကြည့်နေသော မျက်ဝန်းတွေမှာ သနားခြင်းတွေလား နောင်တတွေလား...
ဘာတွေရောယှက်နေမှန်း ချမ်းနားမလည်ပါ ။
ရင်ခွင်ထဲက ဆက်ကိုသာပြန်သတိပြုမိတော့ ခြေဖျားလက်ဖျားလေးတွေ အေးစက်နေ၏ ။ အရိုက်ခံလိုက်ရသော ပါးလေးတစ်ဖက်က နီရဲနေကာ မျက်လုံးတွေက အသက်မဲ့နေသော သူလို...။
ခပ်တင်းတင်းလေးပွေ့ဖက်ထားလိုက်ကာ နှစ်သိမ့်ပေးရန်ကြိုးစားနေမိသည် ။ အလဲလဲအပြိုပြိုဖြစ်သော သူမတို့အခြေအနေကြောင့် လမ်းသွားလမ်းလာအချို့ကလည်း ကွက်ကြည့်ကွက်ကြည့် ။
ဆက်ရယ်....
နာကျင်ရတာတွေများလာရင် တစ်ခုခုဖြစ်သွားမှာကို သိပ်ကြောက်တာဘဲ ကလေးရယ်
" ဆက်... သမီးလေး.. ''
ဒေါ်မိမိတာ ဆက်ဘေးနားမှာ ထိုင်ချလိုက်ရင်း အေးစက်နေသော လက်ချောင်းလေးတွေကို ဆုပ်ကိုင်မိသည့်တစ်ခဏ...
" အို... သမီးလေး... လက်တွေအေးစက်နေပါလား... ''
" ဆက်ရေ...မေမေ့ကိုကြည့်စမ်းပါဦး သမီးလေး...''
မျက်လုံးတွေဖွင့်ထားသော်လည်း သတိမေ့နေသလို ကြောင်တောင်တောင်လေး ဖြစ်နေသော ဆက်ကိုကြည့်ရင်း ချမ်း စိုးရိမ်စိတ်တွေပိုလာခဲ့သည် ။
" ဆက်... ဒီကိုကြည့်... ''
ရင်ခွင်ထဲက ဆက်ကို မျက်နှာလေးမော့ကာ သူမကို ကြည့်စေလိုက်သည် ။
မျက်နှာနုနုလေးက ပျော့ပျောင်းစွာပါလာ၏ ။
မျက်ရည်စတွေ ဝေ့ဝဲလျှက်ရှိသော မျက်ဝန်းတစ်စုံက သူမကိုသိပ်ပြီးနာကျင်စေ၏ ။
" ချမ်း... ''
ဆက်ထံမှ မပီမသ ခေါ်သံလေး တိုးညှင်းစွာထွက်လာသည် ။ ထို့နောက်ကြည့်နေရင်း သူမမျက်လုံးလေးတွေ မှိတ်ကျသွားခဲ့၏ ။ ရင်ခွင်ထဲမှာ မော့ထားသောမျက်နှာလေးက အားပျော့ကာ ပြုတ်ကျသွားသည် ။
" ဆက်.... ''
" သမီးလေး.... ''
စိတ်ပူခြင်းအပြည့်နှင့် ခေါ်သံနှစ်ခုက သူမနောက်ဆုံးကြားလိုက်ရသော အသံတွေဖြစ်မည်ထင်သည် ။
မျက်လုံးတွေမှိတ်ထားတဲ့ အချိန်လေးမှာတော့ မင်းအတွက် ပျော်ရွှင်စရာကမ္ဘာငယ်လေးဖြစ်ပါစေ ကလေးငယ်ရေ...
ကိုယ်ဆုတောင်းပေးလိုက်ပါရဲ့...
🌺🌺
" ဆက် သတိရလာပြီလား.... ''
ပုတ်ခတ်ပုတ်ခတ်လုပ်နေသော သူမမျက်ဝန်းတွေကို မြင်သည်နှင့် ချမ်းအလောတကြီးမေးလိုက်မိသည် ။
" အိမ်မပြန်ဘူးလား ချမ်း... ''
လေသံဖျော့ဖျော့လေးက ပထမဆုံးထွက်လာတဲ့ စကားသံက သူမကိုစိတ်ပူတာတဲ့လား...
ဆက်ရယ်....
" ကလေး... ခေါင်းမူးနေရင် ဆက်အိပ်နေနော်... ကျန်တာဘာမှမတွေးနဲ့... ''
ချမ်း သူမခေါင်းလေးကို ခပ်ဖွဖွပွတ်ကာ ပြောမိသည် ။ သူမကိုယ်တိုင်လည်း မျက်ရည်ကျမလာအောင် မနည်းထိန်းနေရသည်လေ ။
" မေမေက ဆက်ကိုမချစ်ဘူးချမ်း...''
" ဆက်ရယ်.... ''
" ဆက် ပြောခဲ့တဲ့စကားတွေ လုပ်ခဲ့တဲ့အပြစ်တွေကြောင့်... မေမေက ဆက်ကိုမုန်းတယ်... သိပ်ကိုမုန်းတယ်လေ.... ''
မျက်ရည်တို့က စီးကျလာပြန်သည် ။
ချမ်း သူမမျက်ရည်တွေကို အသာအယာသုတ်ပေးနေမိပေမယ့် ကိုယ်တိုင်လည်း မျက်ရည်တွေကျနေမိသည် ။
" မိဘတိုင်းက သားသမီးတိုင်းကို ချစ်ကြတာချည်းပါဘဲ ဆက်ရယ်... ဘယ်မိဘမှ သူတို့သားသမီးကို မုန်းတယ်လို့မရှိပါဘူးဆက်ရယ်... နော်...
အသံတိတ်ရှိုက်ငိုနေရှာသော ကလေးငယ်လေးကို
ဖွဖွလေးဖက်ထားပေးမိသည် ။
သို့သော် အခန်းတံခါးအပြင်ဘက်တွင် ဆန်ပြုတ်ပန်းကန်လေးကိုင်ကာ ရပ်နေသောဒေါ်မိမိတာသည်လည်း အသံတိတ်မျက်ရည်ကျနေပြန်၏ ။
" ဆက်ရယ်...မေမေမုန်းပါဘူးကွယ် သမီးငယ်ရယ်.....''
အင်း... နုနယ်တဲ့နှလုံးသားလေးထဲ ဓားတစ်ချောင်းတော့စိုက်ဝင်သွားပြီထင်ရဲ့...
သိပ်ကိုသနားဖို့ကောင်းတယ်ဆက်ရယ်....