မငိုပါနဲ့ Babe,ဒီတစ်ခါ ထပ်ထွက်သွားတော့ပါဘူး...
'ဘာလို့ အဲ့လောက်တောင် နေနိုင်ရတာလဲ'သူ့ကို မနာအောင် ထုရိုက်ရင် Jenက ပြောလာတယ်။
'Babeကို အမြဲတမ်း စောင့်ကြည့်နေတာ...မနေနိုင်ခဲ့ပါဘူး...'
'၃နှစ်အတွင်း မဆက်သွယ်ဘူးလို့ ကတိပေးခဲ့လို့ babeဆီကို ကိုယ်တိုင်မလာနိုင်ခဲ့ပေမယ့် စာမေးပွဲအောင်တော့ ဖုန်းဆက်ခဲ့တာလည်း ဒီလူပါ...Ireneနာမည်နဲ့ ပန်းစည်းပို့ခဲ့တာလည်း ဒီလူပါ'
'အခုတော့ babeကို စိတ်ချလက်ချ ဒီလူ့လက်ထဲ ထည့်လိုက်နိုင်ဖို့ အဖိုးကို သက်သေပြနိုင်ပြီ'
သူ့ကို ရိုက်နေတဲ့ Jenလက်ကလေးကိုဆွဲပြီး ရင်ခွင်ထဲ ထည့်လိုက်တယ်။
'ဒါဆို Ireneရဲ့ partnerဆိုတာ...'
'ဟုတ်တယ် Ireneရဲ့ partnerဆိုတာ babeရဲ့ Kim Jisooပဲ'
Jennieတစ်ယောက် Jisooရင်ခွင်ထဲကနေ ထွက်လိုက်တယ်။ အဲ့ဒီနောက် သူ့ဖုန်းထဲက ပုံတွေကို ထုတ်ပြပြီး ....
'ဒါနဲ့ ဒီပုံတွေကို ကြည့်ပါဦး Kim Jisooရှင့်။ ရှင်က ဒီကို ပစ်ထားခဲ့ပြီး Ireneနဲ့ ပျော်ပါးနေခဲ့တာပေါ့'
နှုတ်ခမ်းပါးလေးနဲ့ ရန်တွေ့နေတဲ့ သူ့ကလေးက သိပ်ချစ်ဖို့ကောင်းတာပဲ။ ပုံတွေ ကလေးထဲကို ဘယ်လိုရောက်နေမှန်း မသိပေမယ့် သူ့ကလေး သဝန်တိုနေတာ အူယားစရာသိပ်ကောင်းတယ်။
'သဝန်တိုနေတာတောင် ဘာလို့ သိပ်ချစ်ဖို့ကောင်းနေရတာလဲ babe'
သူမေးတာကို မဖြေဘဲ လှည့်ထွက်သွားတာ...
ကလေးက မသိဘဲ တကယ်ကို သဝန်တိုနေခဲ့တာပဲ။
လှည့်ထွက်သွားတဲ့ Jenကို သူ့ရဲ့နောက်နေ ဆွဲဖက်ထားလိုက်တယ်။
'လာမဖက်နဲ့ သွား...ခုမှ'
'Babeနဲ့ အဝေးမှာ ကြိုးစားပြီး အောင်မြင်မှ ပြန်လာမယ် ဆုံးဖြတ်ခဲ့ပေမယ့် တကယ်ဝေးခဲ့တော့ ဒီလူပြိုလဲခဲ့ရတာပဲ။ အဲ့ဒီအချိန်မှာ Ireneက ရင်ဖွင့်သမျှ နားထောင်ပြီး အားပေးခဲ့တာ'
'နောက်တော့ babeကို လွမ်းတိုင်းရေးတဲ့စာတွေကို Ireneက ဖတ်မိပြီး သူက ထုတ်ဝေသူအနေနဲ့ထုတ်လိုက်တဲ့ စာအုပ်က မထင်မှတ်ဘဲ အောင်မြင်သွားတယ်...အဲ့တာကြောင့် ကျာင်းသားဘဝမှာပဲ စီးပွားရေးစလုပ်နိုင်ခဲ့ကြတာ'
'နားထောင်နေရဲ့လား babe'
နောက်ကျောကနေ ဖက်ပြီး ပြောပြနေရတာမို့ နားထောင်နေရဲ့လား သူသေချာမသိပါ။
'ခြေသံကြားတယ် လူကို လွှတ်လိုက်တော့ Kim Jisoo shi'
ဟုတ်ပါရဲ့...ဧည့်ခန်းထဲကို Ireneဝင်လာတာပါလား။
နားပါးတဲ့ ကိုယ့်ကလေး...
.
.
.
Ji Jiဘယ်လိုပဲ ရှင်းပြထားပေမယ့် Ireneကိုမြင်တော့ သူ့နှလုံးအိမ်တစ်ခုလုံး နာကျင်စိတ်နဲ့ ဝမ်းသာရပါတယ်။ ဝမ်းသာရတယ်ဆိုတာ သူအထင်လွဲနေသလို မဟုတ်လို့ဖြစ်ပြီး နာကျင်ရတာကိုတော့ သူရှင်းမပြတတ်ပေ။မနာလိုတာလို့ပဲ ပြောရမလား။ JiJiဘေးမှာ တစ်လျှောက်လုံးရှိနေခဲ့တဲ့သူမို့...
'ဟာ...'
ဧည့်ခန်းထဲကို ဝင်ဝင်ခြင်း Jennieကို လှမ်းဖက်လိုက်တဲ့ Ireneကြောင့် Jisooမျက်လုံးပြူးရသည်။
'Hey Unnie...She is mine. Don't touch her'
ပြောပြောဆိုဆိုနဲ့ သူ့ရဲ့NiNiကို ပြန်ဆွဲထားလိုက်ရသည်။
'Ireneလို့ ခေါ်ပါတယ် babe...အဖိုးက အလုပ်ကိစ္စဆွေးနွေးဖို့ Lewisနဲ့တူတူ ပြန်သွားပြီ...ဒီနေ့တော့ ဒီမှာပဲ နားလိုက်တော့လေနော်။ ဒီခြံထဲမှာ babeသဘောကျမယ့်အရာတွေချည်းပဲရှိတာ'
'Nae..'
'ဒီမှာ Miss Jennie Kim..ဒီခြံက Kim Jisooတစ်ဦးတည်းပိုင်ဆိုတာ သိစေချင်ပြီး...Miss Ireneကိုတော့ Jennieက Kim Jisooအပိုင်ဆိုတာ သိစေချင်ပါတယ်။ ကျေးဇူးပြုပြီး Jennieကို babeလို့မခေါ်ပါနဲ့လား'
'ပြန်တွေ့ပြီဆိုတော့ ဒီလိုပြောပြီပေါ့။ တငိုငို တရီရီနဲ့ ဆိုးလာသမျှ နားထောင်ပေးတဲ့ မျက်နှာထောက်ဦး။ သဝန်တိုနေတဲ့ရုပ်ကလည်း ဆိုးလိုက်တာ'
ကြားထဲကနေ Jennieရီလိုက်မိတယ်။
'မပြန်ခင်လေးတော့ စကားခဏပြောပါရစေဦး။ တော့်ကလေးကို ခိုးမသွားပါဘူး...အဲ့လောက်တိုမနေနဲ့။'
'သောက်နေကျ စတော်ဘယ်ရီနို့ဘူးလေးကို စိတ်အေးအေးနဲ့သောက်ပြီး စောင့်နှင့်'
ပြောပြောဆိုဆိုနဲ့ JiJiသောက်ဖို့ စတော်ဘယ်ရီနို့ဘူးကို Ireneဖောက်ပေးလိုက်တယ်။
အရမ်းရင်းနှီးတဲ့အနေအထားမှာပါလား သူ့ရဲ့ JiJiနဲ့ Ireneက...
'အပြင်ထွက်စကားပြောရအောင်'
'ဘယ်အပြင်ထွက်မှာလဲ' JiJiက စကားဝင်ထောက်သည်။
'နှစ်ယောက်တည်း ပြောချင်လို့လေ။ အပြင်မထွက်ရဘူးဆို Jisooshiက အပြင်ထွက်ပေး'
'၁၀မိနစ်ပဲ ရမယ်Jisoo မကျေမနပ်နဲ့ပြောပြီး အပြင်ထွက်သွားတယ်။
.
.
.
'Jen..'
'Nae'
'ခုက ပထမဆုံးတွေ့ဖူးကြတာနော်'
'ဟုတ်ကဲ့'
'လူချင်းမတွေ့ဖူးပေမယ့် နာမည်နဲ့ အသံကိုတော့ ရင်းနှီးနေမယ်ထင်တယ်'
'ဖုန်းမကြာခဏပြောဖြစ်နေတာဆိုတော့ Unnie Ireneကို သေချာသိပါတယ်'
'အရင်ဆုံးတောင်ပန်ပါရစေ...ဓာတ်ပုံတွေတွေ့ပြီး စိတ်ညစ်နေတယ်ဆိုတာ သိခဲ့တာတောင် ဖြေရှင်းဖို့ မကြိုးစားခဲ့လို့...'
'ဘာကိုပြောချင်တာလဲ Unnie'
'Jenဆီကို ပုံတွေရောက်သွားတယ်လို့ သတင်းကြားခဲ့ပေမယ့် Unnieက သိရက်နဲ့ မဖြေရှင်းပြခဲ့ဘူး။ အဖိုးနဲ့တိုင်ပင်ပြီး Jenသန်မာလာပါစေတော့ဆိုပြီး လွှတ်ထားခဲ့ပေးမိလိုက်တာ။ အဲ့အချိန် Jisooနဲ့ ပတ်သတ်ပြီး Unnieကြောင့် ကလေးကို စိတ်ဒဏ်ရာ ရစေခဲ့လို့ တောင်းပန်ပါတယ်'
'ခု Jenနားလည်ပါပြီ...JiJiကို စောင့်ရှောက်ပေးလို့ Jen ကျေးဇူးတင်ရမှာပါ'
'ဟင့်အင်း Jisooကို မစောင့်ရှောက်ခဲ့ရပါဘူး။ တူတူတိုင်တိုင်ပင်ပင်ပဲ ရှိခဲ့ကြတာ'
'Nae'
'Jenအကြောင်းတွေ အမြဲပြောပြခဲ့တာ...Jisooကို မနာလိုရသေးတယ် Jenလို ချစ်ဖို့ကောင်းတဲ့ကလေးကို ပိုင်ဆိုင်ထားရလို့'
'ကျေးဇူးတင်ပါတယ် Unnie'
'Jen...လောကမှာ မရှိဘဲနဲ့ ရှိချင်ယောင်ဆောင်နေတဲ့အရာတွေအများကြီးပဲ။ ဥပမာ သေခြင်းတရားလို အရာမျိုးပေါ့...ခု unnieကလည်း ဖြေရှင်းချက်ပေးပြီးပြီဆိုတော့ တစ်ယောက်တည်း အထင်လွဲပြီး မသိခြင်းနဲ့ ထွက်ပြေးမနေနဲ့တော့ကလေး....ရတုန်း ထပ်ထွက်မပြေးတော့အောင် ဆုပ်ကိုင်ထားလိုက်...Jisooက ထိုက်တန်တဲ့သူပါ'
သူ့လက်တွေကို ဆုပ်ကိုင်စကားပြောပြီးတော့ ကြည့်နေတဲ့ အကြည့်တွေရဲ့ အဓိပ္ပာယ်ကို Jennieနားလည်ပါတယ်။
.
.
.
အဲ့ဒီနောက် သူတို့၃ယောက် ထမင်းတူတူစားကြပြီး Ireneက ပြန်သွားတယ်။
'ဒီညတော့ ဒီမှာပဲ နားလိုက်တော့နော် Unnieက ပြန်မှာဆိုတော့'
'Nae..'
'ဂရုစိုက်ပြီးပြန်နော်'
Ireneရဲ့ ကားလေးမောင်းထွက်သွားတော့ JiJiက သူ့လက်ကို လှမ်းဆွဲလာပြီး...
'ခြံထဲ မကြည့်ရသေးဘူးမလား'
'အင်း...လိုက်ပြပေးမှာလား'
'သေချာတာပေါ့ လိုက်ပြပေးမှာ'
ခြံထဲပတ်ပြတော့ Jennieတစ်ယောက်တစ်ကယ်ပျော်နေခဲ့တာ။
'ညနေခင်းပန်းလေးတွေကို ကြည့်ရတာ အိပ်ပျော်နေတဲ့ ကလေးလေးတွေလိုပဲ'
တစ်ယောက်တည်း စကားတွေပြောနေရင်းကနေ ...
'JiJiက tulipပန်းတွေကိုရော သဘောကျတာလား'
'သဘာဝတရားကို ပိုသဘောကျတာ'
'ဘယ်လို...'
'သဘာဝတရားကို ပိုသဘောကျတာလို့...ဥပမာ အခု JiJiရှေ့မှာရပ်နေတဲ့ babeလို သဘာဝတရားမျိုးပေါ့'
'အာ....'
Jennieရှက်သွားပြီး အာမေဋိတ်သံ ထွက်သွားမိသည်။
အဲ့တာကို JiJiက ပြုံးသည်။
လေအဝှေ့မှာ tulip 🌷 ပန်းတွေရဲ့ ခပ်သင်းသင်းရနံ့တွေ ပါလာသည်။
ညနေခင်း နေဝင်ဆည်းဆာက စိတ်ကို ကြည်စယ်သည်။
ရာသီဥတု ခပ်အေးအေးမှာ နှလုံးသားကတော့ နှစ်ယောက်အတူ ရှိနေခြင်းကြောင့် နွေးထွေးနေပါ၏။
အဲ့ဒီနောက် တိတ်ဆိတ်ခြင်းကို ဖြိုခွဲသည့် JiJiရဲ့ အသံသေးသေးလေးထွက်လာသည်။
ရေမှုန်ရေစက်တွေလောက်ထိ သေးမွှားလှသော အသံမျိုးဖြင့်...
'တစ်ဘဝလုံး တူတူရှိနေရအောင်...'
'Babeရဲ့ ဘယ်ဘက်မျက်ခုံးပေါ်က မှဲ့လေးရဲ့ နေရာကို ဝင်ယူချင်တယ်'
'အတူတူ ဖြတ်သန်းရအောင် babe'
JiJiက သူ့အတွက် တိတ်တဆိတ်ပျော်ရွှင်နေခြင်းမှာ ပါဝင်နေသော အကြီးမားဆုံးအစိတ်အပိုင်းဖြစ်ပါသည်။
လိုရင်းကို မရောက်ဘဲ ဝေ့လည်ကြောင်ပတ်ပြောနေပြန်သော သူ့ရဲ့ Ji Ji...
လေသံတိုးတိုးဖြင့်ပြောပြီး မော့မလာတော့သော သူ့ရဲ့ JiJiကို အူယားရပါသည်။
အပိုင်ရနေပြီးသားအရာကိုတောင် ပိုင်သည် မပိုင်သည် သေချာမသိသော သူ့ရဲ့ အရူးလေးJiJi...
JiJiအမေးကို ပြန်မဖြေဘဲ JiJiကိုသာ သူစိုက်ကြည့်နေလိုက်သည်။
သူမ၏ သေးသွယ်သော လက်မောင်းလေးများကို ကိုင်ကာ ဘဝလမ်းမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ပါသည်။
အဲ့ဒီနောက်....
JiJiရဲ့ မျက်တောင်ကော့ကော့လေးများကို ငေးကြည့်မိသည်။
ပျော့ပျောင်းရှည်သွယ်သော လက်ချောင်းနုနုလေးများကို ငေးကြည့်မိသည်။
ပြည့်ဖောင်းချိုမြသော ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေးများကို ငေးကြည့်မိသည်။
တကယ်တော့ JiJiမေးခွန်းက ဖြေစရာမလိုသော မေးခွန်းဖြစ်နေပါရက် အဲ့လောက်ထိ ရိုးသားနေရလား JiJi...
နောက်ဆုံးတော့ သူစိုက်ကြည့်နေသည်ကို သူ့ရဲ့ ခပ်တုံးတုံးJiJiလေး သိသွားသည်ထင်...ပြန်၍မော့ကြည့်လာသည်။
JiJiဆီက တုန့်ပြန်လာသော အကြည့်တစ်ချက်သည်ပင် သူ့အတွက် တေးသီချင်းတစ်ပုဒ်ဖြစ်ပါ၏။
နောက်ဆုံးတော့ သူကပဲ တည့်မေးလိုက်ရပါတော့သည်။
'Will you marry me, JiJi'
'ဟင်...'
Babeစကားကြောင့် သူအံ့သြသွားသည်။ ရုတ်တရက် တည့်ပြောချလိုက်သည်မို့ အသက်ရှူရန်ပင် မေ့သွားသလား အောက်မေ့ရသည်။သူပြောနေသည့် စကားကို ဖောက်ပြီး ပြောလာသော သူ့ရဲ့Babe..
ဘာပဲပြောပြော သူ့ရင်ခွင် တစ်ခုလုံး နှင်းတို့ဖြင့် အေးမြသွားသလို ခံစားလိုက်ရပါ၏။
Babeပြောလိုက်တဲ့ Will you marry meဆိုတာ စကားလုံး၎လုံးမျှသာဖြစ်ပြီး ကြာချိန်ဟာလည်း စက္ကန့်ပိုင်းလောက်မျှသာ...
ထိုမှပါပဲ။
ဒါပေမယ့် နှလုံးသားတစ်ခုလုံးကိုတော့ ကောင်းကောင်းပစ်ချနိုင်ခဲ့တယ်။
သူပြောရမယ့် စကားကို babeက ပြောခဲ့သည်မို့ သူက ကျန်တဲ့လက်တွေ့ဆန်တဲ့အပိုင်းကို လုပ်ပြဖို့ပဲကျန်တော့သည်။
Babeအတွက်ရည်စူးပြီးဝယ်ထားခဲ့တဲ့ လက်စွပ်ဘူးလေးကို ဖွင့်ပြလိုက်ရင်း...
'Unnieကို လက်ထပ်နိုင်မလား'
'အွန်း အစောကတည်းက အဲ့လိုမေးရမှာ။ ခုတော့ ကလေးက စပြောပြီးမှ JiJiဆီက ထွက်လာတယ်'
ပြောရင်း သူ့လက်လေးကို ထိုးပေးလာတယ်။ လက်စွပ်စွပ်ပေးဖို့ပေါ့။
'လက်စွပ်လေးနဲ့အတော်ပဲ လှလိုက်တာ'
သူ့လက်ကိုကြည့်ပြီး သူ့ဟာသူတွေ သဘောကျနေရင်းကနေ အဲ့လက်တွေက JiJiပါးပေါ်ကို ရောက်သွားတယ်။
အဲ့ဒီပါးလေးတွေကို လွမ်းနေခဲ့ရတာ သိရဲ့လား JiJi...
'လက်ထပ်ပါဆိုတာကို ဖြေဦးလေ babe'
'ဖြေဖို့လိုသေးလို့လား JiJiရယ်'
JiJiရဲ့ ပါးပြင်နဲ့ မေးရိုးအစပ်နားကို ဖြတ်ခနဲ သူလှမ်းနမ်းလိုက်တယ်။
Jennieမျက်လုံးမှိတ်ပေးလိုက်တော့ သူ့နှုတ်ခမ်းဆီက နွေးထွေးမှုကို ခံစားသိလိုက်သည်။
သူ့လက်မောင်းနှစ်ဖက်ကို JiJiက ဆုပ်ကိုင်ထားတော့ အလိုက်သင့် သူJiJiခါးကို ဖက်လိုက်မိသွားတယ်။
JiJi...
ခုချိန်ကနေစပြီး ထပ်ထွက်သွားခွင့် မပေးတော့ဘူး။
JiJiရဲ့ အချစ်ကို သူယုံသည်။
JiJiရဲ့ နှလုံးသားကို လေးစားသည်။
JiJiရင်ထဲမှာ အဲ့လောက်ထိ နက်နက်ရှိုင်းရှိုင်း မတွယ်တာဘဲ လက်ထပ်ဖို့ထိ ဆုံးဖြတ်မှာ မဟုတ်မှန်း နားလည်ထားသောကြောင့် ဖြစ်ပါ၏။
လက်ထပ်ဖို့ အဆုံးစွန်ထိ ရွေးချယ်ပြီးသည့်နောက်မှာတော့ ကျန်တာတွေ ဘာမှ မလိုတော့ပါ။
အချစ်ဆိုသောအရာ တစ်ခုတည်းသာ လိုအပ်တော့သည်။
JiJiက သူ့ကို ချစ်သည်။
သူကလည်း ...JiJiကို အသက်တမျှ ချစ်၏။
လိုအပ်သည် အားလုံးမှာ ထိုမျှလောက်သာ....
တစ်စုံတစ်ယောက်
ဘေးမှာ ထာဝရရှိနေတော့မည်ဟူသောအသိနှင့်
ပျော်ရွှင်ခြင်းသည်
အရာအားလုံးကို သိမ်းပိုက်သွား၏။
နှလုံးသားထဲမှ
ခပ်စူးစူးနှင့် နာကျင်ပျော်ရွှင်ခြင်းမှာ
ဘယ်လိုသော အရာဖြစ်မည်နည်း။
သူ့အတွက်တော့
အဲ့ဒီအရာကို
'အချစ်'လို့ အဓိပ္ပာယ် ဖွင့်ဆိုပါမည်။
ဘယ်လိုအရာတွေ ကြုံလာလာ
လက်တွဲမဖြုတ်ဘဲ
ရှေ့ကို ဆက်သွားမည့်...
ပေပေတေတေ သူ့နှလုံးသားလေး၏
ချစ်ခြင်းမေတ္တာသာ ဖြစ်သည်။
~~~~~~~~~~~~~~ပြီးပါပြီ~~~~~~~~~~~~~
အဆုံးထိ ဖတ်ပေးခဲ့ကြလို့ ကျေးဇူးအများကြီးတင်ပါတယ်နော်🎈🎈🎈