မယ္ေတာ္ဖုရားႀကီးမွာ မင္းသား၃ အလင္းမဲ့ဂူမွာ ခ်ဳပ္ခံထားရတဲ့ အေၾကာင္းကိုၾကားၿပီး ေဒါသထြက္ေနရသည္...။ အ႐ွင္မင္းႀကီးၿပီးရင္ ဒုတိယအာဏာအ႐ွိဆံုးက မယ္ေတာ္ႀကီးျဖစ္သည္..။ အခု လန္၀မ့္က်ီသာ တစ္ခုခုျဖစ္သြားရင္ က်င့္ယြမ္ကို ျပန္နန္းတင္လို႔ရၿပီ....။
နန္းတင္ပြဲ၌ အမတ္ႀကီးစန္းက ပတၱျမားဓားကို လန္၀မ့္က်ီအား ေပးအပ္၏..။
ဘုရင္လန္၀မ့္က်ီ ပလႅင္ေပၚတြင္ ေနရာတက် ထိုင္ေနသည္...။ ခန္႔ညားထည္၀ါမႈတို႔ ျပည့္ႏွက္ေနသည့္ မ်က္ႏွာ၌ ယံုၾကည္မႈတို႔က ဖံုးလႊမ္းေနေသး၏...။ ဘုရင္ ဆိုသည့္ဂုဏ္ပုဒ္သည္ သူ႔အတြက္သီးသန္႔ ႐ွိေနသကဲ့သို႔ ခန္႔ညားလိုက္ပါဘိျခင္း....။
အျဖဴေရာင္ ၀တ္ရံုကို လိုက္ဖက္စြာ၀တ္ရံုထားၿပီး
ဦးေခါင္းထက္မွ ဦးေသွ်ာင္သည္ကား...ဆိုဖြယ္ရာမ႐ွိ....။ ( ေယာင္ပု မဟုတ္ )
အမတ္ႀကီး စန္းက ပုလဲနက္ရတနာအား....ယူေဆာင္ ဆက္သေလသည္....။
နက္ေစြးေစြး အေရာင္႐ွိေသာ လက္သီးဆုပ္အရြယ္႐ွိပုလဲနက္ကို အထိန္ေတာ္ႀကီးမွတစ္ဆင့္ မင္းႀကီးထံဆက္သ၏...။ ႐ွင္းယြမ္သည္ မတ္တပ္ရပ္လိုက္၏..။ တ်လီႏိုင္ငံ၏ အဖိုးတန္ရတနာသည္ကားမိမိလက္ထဲသို႔ ေရာက္႐ွိလာခဲ့ၿပီးသည့္ေနာက္.....။
အျဖဴေရာင္အလင္းတန္းမ်ား....ေနရာအႏွံ႔ျပန္ၾကဲလ်က္စူး႐ွ႐ွ ေနေရာင္ကို ျမင္လိုက္ရသကဲ့သို႔ လူအားလံုးထိတ္လန္႔အံ့ျသကာ လက္ဖ၀ါးျဖင့္ မ်က္လံုးမ်ားကို ကာလိုက္ၾကသည္...။ ခဏအၾကာမွ...
အလင္းမ်ား မွိန္သြားသည့္ေနာက္ လန္က်န့္သည္ကား....
နာမက်န္းသူပမာ ေဖ်ာ့ေတာ့စြာျဖင့္ ပလႅင္ေဘးတြင္
လဲေနေလေတာ့၏...။
နန္းတက္ပြဲကား သို႔ႏွင့္ ၿပီးဆံုးခဲ့ပါ၏..။
ထိုအခ်င္းအရာကို ျမင္၍ ၀မ္းသာေနသူမွာ မယ္ေတာ္ဘုရားႀကီးမွတစ္ပါး အျခားမ႐ွိ...။ ဂြမ္းဆီထိေနေသာ
မ်က္ႏွာျဖင့္ နန္းေဆာင္သို႔ ျပန္ႂကြအၿပီး ရံေရြေတာ္အား
မိန္႔လိုက္သည္။..
" အခြင့္ေကာင္းယူၿပီး သတ္ပစ္..."
♕ ♕ ♕ ♕ ♕
ေခါင္းထဲ႐ွိအေတြးမ်ားစြာတို႔က စိတ္ကိုေယာက္ယက္ခတ္ေစ၏...။ မတည္ၿငိမ္ေသာ စိတ္တို႔ ဦးတည္ရာသည္...
ဘုရင္ လန္၀မ့္က်ီ...။
ခ်က္ခ်င္းသမားေတာ္ေခၚကာ
ကုသေပးေန၏...။ ယခုအျဖစ္သည္ကား သမားေတာ္ႏွင့္ လားလားမွ်မဆိုင္...။
တ်လီႏိုင္ငံ အမတ္ႀကီး၏အေကာက္ၾကံမႈကို မည္သူမွမသိၾက...။
" လြဲ႔က်ဴး..."
ေခၚသံသည္...အခန္း၀ဆီမွ ....
" ေဖးဟုန္....မင္းႀကီးက သက္သာရဲ႕လား "
" သက္သာပါတယ္ ..."
လြဲ႔က်ဴး သက္ျပင္းေငြ႔ေငြ႔ခ်မိသည္။
တ်လီနိဳင္ငံ အမတ္ႀကီးသည္ လြဲ႔က်ဴးထင္တာထက္ ပို၍ ေကာက္က်စ္ေနလိမ့္မည္ဟု ထင္မထားခဲ့...။
ကိုယ္တိုင္က တ်လီႏိုင္ငံသားေပမို႔.ေနာက္ဆက္တြဲတြင္ စစ္ျဖစ္ပြားမည္ကို..စိုးထိတ္ေနရသည္...။
အမတ္ႀကီးက ဒီစစ္ပြဲျဖစ္လာဖို႔ လြဲ႔က်ဴးကို ဓားစာခံလုပ္ခဲ့ေလသလား....။
♕ ♕ ♕ ♕ ♕
သူသူငွါငွါပါးစပ္ဖ်ားတြင္ ေရပန္းစားေနေသာ လန္က်န္႔အေၾကာင္းကို အထူးစိတ္၀င္စားေနသူမွာ မယ္ေတာ္ဘုရားႀကီးပင္ျဖစ္ေလသည္...။
" တ်လီႏိုင္ငံက ခ်င္ႏိုင္ငံလက္ေအာက္ခံျဖစ္လာမယ္ ဆိုရင္ အဟင္းဟင္း...
က်င့္ယြမ္ကို ျပန္ၿပီးနန္းတင္ႏိုင္တဲ့အခါ ပိုအင္အားႀကီးမွာပဲ...အား...ဘယ္ေလာက္ေတာင္ ကံဆိုးလိုက္တဲ့ လန္က်န့္လဲ
ပလႅင္ေပၚမွာ ခဏပဲထိုင္လိုက္ရတယ္...."
မယ္ေတာ္ဘုရားႀကီး၏ အျပံဳးတို႔သည္ ေလာဘရမၼက္ဖံုးေနေတာ့သည္...။
♕ ♕ ♕ ♕ ♕
မိဖုရားတင္ေျမႇာက္ပြဲကား အထမေျမႇာက္လိုက္....
လက္ထက္ပြဲေန႔...ထီးနန္းတင္ေျမႇာက္သည့္ေနမွ
ဘာျဖစ္မွန္းမသိ..မူးလဲခဲ့သည့္အျဖစ္...။
သာမာန္အ၀တ္အစားႏွင့္သာ ႐ိုး႐ွင္းစြာလွပေနေသာ
ေ၀့ရင္းကား....နာမက်န္းေသာ မိမိအား...
ေစာင့္ေ႐ွာက္ေပးေန၏...။ တဘက္ကို ေရေႏြးေႏြးျဖင့္
စိမ္ကာ....နဖူးျပင္ေပၚတင္ကာထားေပး၏..။လူကသတိရေနေသာ္လဲ အဖ်ား၀င္ကာ အပူမက်ေသး....။
" ေ၀့ရင္း......"
ခပ္တိုးတိုးေခၚသံႏွင့္အတူ....သူ႔လက္ဖ၀ါးက.
ေ၀့ရင္း၏ လက္ႏုႏုကို အုပ္မိုးလိုက္ရင္း
မ်က္ခြံတို႔အဖြင့္၌ ေက်ာက္္စိမ္းဖန္႔ေရာင္
မ်က္၀န္းတို႔က ...ျဖည္းညႇင္းစြာ ေပၚလာခဲ့သည္..။
ျဖဴေရာ္ေနသည့္ နႈတ္ခမ္းသားတို႔ ပြင့္အာလာၿပီး..
" ငါ့ကို ...ထူေပး....."
အင္အားမ႐ွိသူပမာ....စကားလံုးတို႔က တစ္လံုးခ်င္း..
" အင္း..."
ေ႐ွာင္းေ၀...႐ွင္းယြမ္၏ပုခံုးကိုကိုင္ကာ ထူလိုက္သည္...။
ထိုခဏ...စိမ္းဖန္႔ဖန္႔..မ်က္၀န္းတို႔၌ ပူေလာင္ျခင္းတို႔ ျပည့္ႏွက္ေနရင္း.....မိမိကိုယ္အား....သူ႔ရင္ခြင္ထဲသိမ္း၀ွက္ထားလိုက္သည္....။ မိမိတြန္းဖယ္လိုက္ရင္းေမးမိလိုက္သည္...။
" ဘာျဖစ္လို႔လဲ အ႐ွင္...."
႐ွင္းယြမ္ဟုမေခၚေတာ့ဘဲ အ႐ွင္ဟု ေခၚလိုက္မိသည္...။ သူဟာ ဘုရင္တစ္ပါး...ႏိုင္ငံ့သခင္တစ္ေယာက္ဆိုလဲမမွား...။ အရင္ကလို အာဏာမ႐ွိတဲ့ အိမ္ေ႐ွ႕စံမဟုတ္ေတာ့တာ...။
" လန္က်န္႔ လို႔ မေခၚေတာ့ဘူးလား.."
" အ႐ွင္က ဘုရင္တစ္ပါးျဖစ္ေနၿပီေလ...ဘာလို႔ ႐ိုင္း႐ိုင္းစိုင္းစိုင္း ေခၚေ၀ၚေနရမွာလဲ "
" လန္က်န္႔ လို႔ ေခၚခြင့္ျပဳတယ္ လန္က်န့္ လို႔ပဲေခၚပါ"
" ကြၽန္ေတာ္မ်ိဳး မေခၚခ်င္ဘူး အ႐ွင္..ကြၽန္ေတာ္မ်ိဳးတို႔ဟာ မျဖစ္သင့္ပါဘူး ... အ႐ွင္ သတိထားပါ
ကြၽန္ေတာ္မ်ိဳးဟာ မိန္းကေလးတစ္ေယာက္မဟုတ္ဘူး "
ရဲရဲ၀ံ့၀ံ့ ေလွ်ာက္တင္လိုက္ေသာ စကား၏အက်ိဳးဆက္ကို ေ၀့ရင္း မသိသေလသေလာ..။ ျငႇဳိးငယ္ေနေသာ မ်က္ႏွာထားက လန္က်န့္ ၏ရင္ကို ပူေလာင္သည္ထက္ ေလာင္ကြၽမ္းေစပါ၏...။ ဘယ္သူကမ်ား ဘာေျပာလိုက္သလဲ...။
စူးရဲေသာ လန္က်န့္ ၏မ်က္လံုးမ်ားကို ေ႐ွာင္းေ၀မ်က္ႏွာလြဲထား၏..။ အတင့္ရဲလိုက္တာ...။
ေနမေကာင္းေနတဲ့လူ ျဖစ္ေနေပမဲ့
ေ႐ွာင္းေ၀သူ႔ကို ဥပကၡာျပဳတာကိုေတာ့ မခံႏိုင္..။
" ငါ့ကိုၾကည့္စမ္း ေ၀့ရင္း.... "
ေ၀့ရင္း မ်က္ႏွာလြဲထားရာမွ မတ္တပ္ထရန္ျပင္လိုက္စဥ္ လက္ကိုအမိအရဖမ္းဆုပ္ရင္း...ရင္ခြင္ထဲဆြဲသြင္းထားလိုက္သည္...။
" ဘယ္သူဘာေျပာေျပာ မင္းကငါ့ရဲ႕ တစ္ဦးတည္းေသာ ၾကင္ယာေတာ္ပဲ "
ေ၀့ရင္း...အသက္ရႈထုတ္ရာမွထြက္လာေသာ ေလပူတို႔သည္ မိမိလည္ပင္းသို႔ တိုက္႐ိုက္က်ေရာက္ေနၾက၏...။
...ေ၀့ရင္း ကို ေပ်ာက္ကြယ္သြားမည္
စိုးသည္အလား.....ေပြ႔ဖက္ထားမိသည္ ....။
"ခ်စ္တယ္...ေ၀့ရင္း...ငါ့ကို...
....ငါ့ကိုထားမသြားပါနဲ႔...."
ေ၀့ရင္း ေခတၱမွ် တိတ္ဆိတ္ေန၏။ ၿပီးမွ....
" ကြၽန္ေတာ္ခ်စ္ေနမိတဲ့လူက ၾကင္ယာေတာ္႐ွိေနၿပီးသား ဘုရင္တစ္ပါးျဖစ္ေနလို႔ ကြၽန္ေတာ္ေၾကာက္တယ္..."
တိုးဖြလြန္းေသာ္လဲ အတိုင္းသားၾကားလိုက္ရပါသည္..။ ပတ္၀န္းက်င္ကိုရင္ဆိုင္ရမွာ ေၾကာက္ေနသည့္ ကေလး...။ အ႐ွင္ ဆိုတဲ့အသံုးအနႈန္းမွာ သိမ္ငယ္ေနတဲ့ ေ၀ရဲ႕ မ်က္ႏွာ...။
" အခု ငါကဘုရင္ျဖစ္ေနၿပီေလ ဘာေတြကိုေတြးေၾကာက္ေနတာလဲ...စိတ္မပူနဲ႔ မင္းကေယာက်္ားျဖစ္ေနလဲ မင္းကိုပဲ မိဖုရားတင္မယ္ "
မိမိပုခံုးေပၚ ေ၀့ရင္းမ်က္ႏွာအပ္ထားရင္းႏွင့္ပင္ ေခါင္းၿငိမ့္ျပ၏...။ ထို႔ေနာက္ ေ၀့ရင္း ကို ရင္ခြင္ထဲမွ ဆြဲထုတ္လိုက္ရင္းမ်က္ရည္စတို႔ က်န္ေနေသာ သူ႔မ်က္၀န္းအား
ရင္ထဲ ျမတ္ႏိုးစြာျဖင့္ ၾကည့္လိုက္သည္..။ ..ဖ်တ္ခနဲ ..ေ၀႕ရင္း၏ ပါးျပင္ေပၚနႈတ္ခမ္းရာမွတ္အသားျပဳလိုက္သည္...။ ေ၀့ရင္း ႐ွက္သြားဟန္ျဖင့္ပုခံုးကို လွမ္းကာ လက္သီးျဖင့္ထိုး၏..။
" ေခြးေကာင္ "
ထိုဆဲသံသည္ အရင္ကထက္ႏူးညံ့ေန၏...။
ထိုစဥ္....အျပင္မွ...အေႁခြအရံတစ္ေယာက္အသံျပဳလာ၏...။
" မင္းႀကီး...မိဖုရားႀကီးႂကြလာေၾကာင္းပါ..."
လန္က်န့္က ေ၀့ရင္းအားေခါင္းညိမ့္ျပလိုက္သည္ႏွင့္ေ၀့ရင္း ကိုယ္တိုင္ တံခါးကိုသြားဖြင့္ေပး၏...။
မိဖုရားႀကီးသည္ မိမိအားျမင္သည္ႏွင့္ စူးနင့္စြာၾကည့္ၿပီးလွ်င္ လန္က်န့္၏အနားသို႔သြား၏..။
အလိုမက်ေသာ မိဖုရားႀကီး၏အၾကည့္သည္ ေ၀့ရင္းအား မႏွစ္သက္သည္ကို ယြမ္သိလိုက္သည္။လန္က်န့္၏ေဘးတြင္ မိဖုရားႀကီး႐ွိေနသည့့္အခိုက္ ေ၀့ရရင္း ႐ွိေနရန္မသင့္ဟု ေတြးကာ....
အခန္းျပင္သို႔ထြက္လာခဲ့ပါ၏...။
" တကယ္ေတာ့ မင္းနဲ႔ေ၀းရမွာကို ကြၽန္ေတာ္ေသမေလာက္ ေၾကာက္ေနမိၿပီ လန္၀မ့္က်ီ.. "
♕ ♕ ♕
ေဖြးဆြတ္ေနေသာ မ်က္ႏွာေခ်မႈန္တို႔ ကပ္ေသာ
မ်က္ႏွာသည္ ႏုနယ္ငယ္ရြယ္မႈကိုပို၍ ေပၚလြင္ေစသည္ ...။ ဆံပင္စကို ႏွစ္ဖက္ခြဲထံုးကာ ေအာက္သို႔ခ်ထား
ေသာ ဆံႏြယ္တို႔ုက ႐ွည္လ်ားေျဖာင့္စင္းေန၏...။
ညဥ့္နက္ေတာ၏ နတ္ေဆးဆရာမ....။
ခ်င္ႏိုင္ငံ ဘုရင့္နန္းေဆာင္တြင္ အျပံဳးခ်ိဳခ်ိဳျဖင့္
ေစတနာပိုခ်င္ေယာင္ေဆာင္ေနေသာ
ႏုႏုငယ္ငယ္ ေဆးဆရာမေလးသည္ကား...ဇရာခ်ဳပ္၍
ပါးေရနားေရတြံ႔ကာေနေသာ ခနၶာအား ဖံုးကာ
ဟန္ေဆာင္ထားသည့္ စုန္းမျဖစ္ေလသည္...။
လန္က်န့္ သည္ တစ္ေန႔တစ္ျခား အင္အား
ဆုတ္ယုတ္လာ၏...။ မည္သည့္ေဆးမွ်မစြမ္း..။
တိုင္းျပည္တြင္ ေၾကညာေမာင္းခတ္သည္ကာ..
မည္သည့္ေဆးဆရာမဆို ဘုရင္ႀကီးအား
ကုေပးႏိုင္လွ်င္ ဆုလဘ္ေတာ္မ်ားစြာ
ခ်ီးျမႇင့္မည္..ဟူ၍....။
သူျပဳေသာ အဆိပ္....သူပင္ ျပန္ေျဖႏိုင္လိမ့္မည္..။အမတ္ႀကီး၏ အမိန္႔အရ....မင္းသားအား
အေ၀းမွ ျပဳစားခဲ့၏..။ ပုလဲနက္ကို ထိမိသျဖင့္
ေမ့လဲသြားရံုမွ် ဘာမွမထူးျခားႏိုင္...။ ေနာက္ဆက္တြဲ
ဖ်ားနာ၍ အိပ္ရာထဲလဲေနရျခင္းသည္...မိမိ၏
အစြမ္းပင္ျဖစ္ေလသည္. ။
ယခု တိုက္ေနေသာေဆးရည္တို႔သည္....မိမိေျပာသမွ်
နာခံေစေသာ ေဆးရည္...။ ဖ်ားနာျခင္းအား ေပ်ာက္ကင္းေစရန္...ျပဳစားထားျခင္းကို တစ္ေန႔နည္းနည္းစီ နႈတ္ယူ
ေနသျဖင့္ တစ္ေန႔တစ္ျခား ထူထူေထာင္ေထာင္ျဖစ္လာခဲ့သည္...။
ရက္အနည္းငယ္ၾကာၿပီးသည့္ေနာက္....
နာမက်န္းျခင္းမွာ..ကင္းစင္သြားခဲ့ရၿပီ....။
😘😘 စာတိုသြားရင္ ေတာင္းပန္ပါတယ္ ေနာ္ ျပန္ျပင္ၿပီးေရးထားရတာမို႔လို႔
ဖတ္ရတာမေကာင္းရင္လဲ သည္းခံၿပီးဖတ္ေပးၾကပါဦးေနာ္ 😘😘
မယ်တော်ဖုရားကြီးမှာ မင်းသား၃ အလင်းမဲ့ဂူမှာ ချုပ်ခံထားရတဲ့ အကြောင်းကိုကြားပြီး ဒေါသထွက်နေရသည်...။ အရှင်မင်းကြီးပြီးရင် ဒုတိယအာဏာအရှိဆုံးက မယ်တော်ကြီးဖြစ်သည်..။ အခု လန်၀မ့်ကျီသာ တစ်ခုခုဖြစ်သွားရင် ကျင့်ယွမ်ကို ပြန်နန်းတင်လို့ရပြီ....။
နန်းတင်ပွဲ၌ အမတ်ကြီးစန်းက ပတ္တမြားဓားကို လန်၀မ့်ကျီအား ပေးအပ်၏..။
ဘုရင်လန်၀မ့်ကျီ ပလ္လင်ပေါ်တွင် နေရာတကျ ထိုင်ေနသည်...။ ခန့်ညားထည်ဝါမှုတို့ ပြည့်နှက်နေသည့် မျက်နှာ၌ ယုံကြည်မှုတို့က ဖုံးလွှမ်းနေသေး၏...။ ဘုရင် ဆိုသည့်ဂုဏ်ပုဒ်သည် သူ့အတွက်သီးသန့် ရှိနေသကဲ့သို့ ခန့်ညားလိုက်ပါဘိခြင်း....။
အဖြူရောင် ၀တ်ရုံကို လိုက်ဖက်စွာ၀တ်ရုံထားပြီး
ဦးခေါင်းထက်မှ ဦးသျှောင်သည်ကား...ဆိုဖွယ်ရာမရှိ....။ ( ယောင်ပု မဟုတ် )
အမတ်ကြီး စန်းက ပုလဲနက်ရတနာအား....ယူဆောင် ဆက်သလေသည်....။
နက်စွေးစွေး အရောင်ရှိသော လက်သီးဆုပ်အရွယ်ရှိပုလဲနက်ကို အထိန်တော်ကြီးမှတစ်ဆင့် မင်းကြီးထံဆက်သ၏...။ ရှင်းယွမ်သည် မတ်တပ်ရပ်လိုက်၏..။ တျလီနိုင်ငံ၏ အဖိုးတန်ရတနာသည်ကားမိမိလက်ထဲသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်.....။
အဖြူရောင်အလင်းတန်းများ....နေရာအနှံ့ပြန်ကြဲလျက်စူးရှရှ နေရောင်ကို မြင်လိုက်ရသကဲ့သို့ လူအားလုံးထိတ်လန့်အံ့သြကာ လက်ဖဝါးဖြင့် မျက်လုံးများကို ကာလိုက်ကြသည်...။ ခဏအကြာမှ...
အလင်းများ မှိန်သွားသည့်နောက် လန်ကျန့်သည်ကား....
နာမကျန်းသူပမာ ဖျော့တော့စွာဖြင့် ပလ္လင်ဘေးတွင်
လဲနေလေတော့၏...။
နန်းတက်ပွဲကား သို့နှင့် ပြီးဆုံးခဲ့ပါ၏..။
ထိုအချင်းအရာကို မြင်၍ ၀မ်းသာနေသူမှာ မယ်တော်ဘုရားကြီးမှတစ်ပါး အခြားမရှိ...။ ဂွမ်းဆီထိနေသော
မျက်နှာဖြင့် နန်းဆောင်သို့ ပြန်ကြွအပြီး ရံရွေတော်အား
မိန့်လိုက်သည်။..
" အခွင့်ကောင်းယူပြီး သတ်ပစ်..."
♕ ♕ ♕ ♕ ♕
ခေါင်းထဲရှိအတွေးများစွာတို့က စိတ်ကိုယောက်ယက်ခတ်စေ၏...။ မတည်ငြိမ်သော စိတ်တို့ ဦးတည်ရာသည်...
ဘုရင် လန်၀မ့်ကျီ...။
ချက်ချင်းသမားတော်ခေါ်ကာ
ကုသပေးနေ၏...။ ယခုအဖြစ်သည်ကား သမားတော်နှင့် လားလားမျှမဆိုင်...။
တျလီနိုင်ငံ အမတ်ကြီး၏အကောက်ကြံမှုကို မည်သူမှမသိကြ...။
" လွဲ့ကျူး..."
ခေါ်သံသည်...အခန်း၀ဆီမှ ....
" ဖေးဟုန်....မင်းကြီးက သက်သာရဲ့လား "
" သက်သာပါတယ် ..."
လွဲ့ကျူး သက်ပြင်းငွေ့ငွေ့ချမိသည်။
တျလီနိုင်ငံ အမတ်ကြီးသည် လွဲ့ကျူးထင်တာထက် ပို၍ ကောက်ကျစ်နေလိမ့်မည်ဟု ထင်မထားခဲ့...။
ကိုယ်တိုင်က တျလီနိုင်ငံသားပေမို့.နောက်ဆက်တွဲတွင် စစ်ဖြစ်ပွားမည်ကို..စိုးထိတ်နေရသည်...။
အမတ်ကြီးက ဒီစစ်ပွဲဖြစ်လာဖို့ လွဲ့ကျူးကို ဓားစာခံလုပ်ခဲ့လေသလား....။
♕ ♕ ♕ ♕ ♕
သူသူငှါငှါပါးစပ်ဖျားတွင် ရေပန်းစားနေသော လန်ကျန့်အကြောင်းကို အထူးစိတ်၀င်စားနေသူမှာ မယ်တော်ဘုရားကြီးပင်ဖြစ်လေသည်...။
" တျလီနိုင်ငံက ချင်နိုင်ငံလက်အောက်ခံဖြစ်လာမယ် ဆိုရင် အဟင်းဟင်း...
ကျင့်ယွမ်ကို ပြန်ပြီးနန်းတင်နိုင်တဲ့အခါ ပိုအင်အားကြီးမှာပဲ...အား...ဘယ်လောက်တောင် ကံဆိုးလိုက်တဲ့ လန်ကျန့်လဲ
ပလ္လင်ပေါ်မှာ ခဏပဲထိုင်လိုက်ရတယ်...."
မယ်တော်ဘုရားကြီး၏ အပြုံးတို့သည် လောဘရမ္မက်ဖုံးနေတော့သည်...။
♕ ♕ ♕ ♕ ♕
မိဖုရားတင်မြှောက်ပွဲကား အထမမြှောက်လိုက်....
လက်ထက်ပွဲနေ့...ထီးနန်းတင်မြှောက်သည့်နေမှ
ဘာဖြစ်မှန်းမသိ..မူးလဲခဲ့သည့်အဖြစ်...။
သာမာန်အ၀တ်အစားနှင့်သာ ရိုးရှင်းစွာလှပနေသော
ေ၀့ရင်းကား....နာမကျန်းသော မိမိအား...
စောင့်ရှောက်ပေးနေ၏...။ တဘက်ကို ရေနွေးနွေးဖြင့်
စိမ်ကာ....နဖူးပြင်ပေါ်တင်ကာထားပေး၏..။လူကသတိရနေသော်လဲ အဖျား၀င်ကာ အပူမကျသေး....။
" ေ၀့ရင်း......"
ခပ်တိုးတိုးခေါ်သံနှင့်အတူ....သူ့လက်ဖဝါးက.
ေ၀့ရင်း၏ လက်နုနုကို အုပ်မိုးလိုက်ရင်း
မျက်ခွံတို့အဖွင့်၌ ကျောက််စိမ်းဖန့်ရောင်
မျက်၀န်းတို့က ...ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်..။
ဖြူရော်နေသည့် နှုတ်ခမ်းသားတို့ ပွင့်အာလာပြီး..
" ငါ့ကို ...ထူပေး....."
အင်အားမရှိသူပမာ....စကားလုံးတို့က တစ်လုံးချင်း..
" အင်း..."
ရှောင်းေ၀...ရှင်းယွမ်၏ပုခုံးကိုကိုင်ကာ ထူလိုက်သည်...။
ထိုခဏ...စိမ်းဖန့်ဖန့်..မျက်၀န်းတို့၌ ပူလောင်ခြင်းတို့ ပြည့်နှက်နေရင်း.....မိမိကိုယ်အား....သူ့ရင်ခွင်ထဲသိမ်း၀ှက်ထားလိုက်သည်....။ မိမိတွန်းဖယ်လိုက်ရင်းမေးမိလိုက်သည်...။
" ဘာဖြစ်လို့လဲ အရှင်...."
ရှင်းယွမ်ဟုမခေါ်တော့ဘဲ အရှင်ဟု ခေါ်လိုက်မိသည်...။ သူဟာ ဘုရင်တစ်ပါး...နိုင်ငံ့သခင်တစ်ယောက်ဆိုလဲမမှား...။ အရင်ကလို အာဏာမရှိတဲ့ အိမ်ရှေ့စံမဟုတ်တော့တာ...။
" လန်ကျန့် လို့ မခေါ်တော့ဘူးလား.."
" အရှင်က ဘုရင်တစ်ပါးဖြစ်နေပြီလေ...ဘာလို့ ရိုင်းရိုင်းစိုင်းစိုင်း ခေါ်ေဝါ်နေရမှာလဲ "
" လန်ကျန့် လို့ ခေါ်ခွင့်ပြုတယ် လန်ကျန့် လို့ပဲခေါ်ပါ"
" ကျွန်တော်မျိုး မခေါ်ချင်ဘူး အရှင်..ကျွန်တော်မျိုးတို့ဟာ မဖြစ်သင့်ပါဘူး ... အရှင် သတိထားပါ
ကျွန်တော်မျိုးဟာ မိန်းကလေးတစ်ယောက်မဟုတ်ဘူး "
ရဲရဲဝံ့ဝံ့ လျှောက်တင်လိုက်သော စကား၏အကျိုးဆက်ကို ေ၀့ရင်း မသိသလေသလော..။ ငြှိုးငယ်နေသော မျက်နှာထားက လန်ကျန့် ၏ရင်ကို ပူလောင်သည်ထက် လောင်ကျွမ်းစေပါ၏...။ ဘယ်သူကများ ဘာပြောလိုက်သလဲ...။
စူးရဲသော လန်ကျန့် ၏မျက်လုံးများကို ရှောင်းေ၀မျက်နှာလွဲထား၏..။ အတင့်ရဲလိုက်တာ...။
နေမကောင်းနေတဲ့လူ ဖြစ်နေပေမဲ့
ရှောင်းေ၀သူ့ကို ဥပက္ခာပြုတာကိုတော့ မခံနိုင်..။
" ငါ့ကိုကြည့်စမ်း ေ၀့ရင်း.... "
ေ၀့ရင်း မျက်နှာလွဲထားရာမှ မတ်တပ်ထရန်ပြင်လိုက်စဉ် လက်ကိုအမိအရဖမ်းဆုပ်ရင်း...ရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်...။
" ဘယ်သူဘာပြောပြော မင်းကငါ့ရဲ့ တစ်ဦးတည်းသော ကြင်ယာတော်ပဲ "
ေ၀့ရင်း...အသက်ရှုထုတ်ရာမှထွက်လာသော လေပူတို့သည် မိမိလည်ပင်းသို့ တိုက်ရိုက်ကျရောက်နေကြ၏...။
...ေ၀့ရင်း ကို ပျောက်ကွယ်သွားမည်
စိုးသည်အလား.....ပွေ့ဖက်ထားမိသည် ....။
"ချစ်တယ်...ေ၀့ရင်း...ငါ့ကို...
....ငါ့ကိုထားမသွားပါနဲ့...."
ေ၀့ရင်း ခေတ္တမျှ တိတ်ဆိတ်နေ၏။ ပြီးမှ....
" ကျွန်တော်ချစ်နေမိတဲ့လူက ကြင်ယာတော်ရှိနေပြီးသား ဘုရင်တစ်ပါးဖြစ်နေလို့ ကျွန်တော်ကြောက်တယ်..."
တိုးဖွလွန်းသော်လဲ အတိုင်းသားကြားလိုက်ရပါသည်..။ ပတ်၀န်းကျင်ကိုရင်ဆိုင်ရမှာ ကြောက်နေသည့် ကလေး...။ အရှင် ဆိုတဲ့အသုံးအနှုန်းမှာ သိမ်ငယ်နေတဲ့ ေ၀ရဲ့ မျက်နှာ...။
" အခု ငါကဘုရင်ဖြစ်နေပြီလေ ဘာတွေကိုတွေးကြောက်နေတာလဲ...စိတ်မပူနဲ့ မင်းကယောကျ်ားဖြစ်နေလဲ မင်းကိုပဲ မိဖုရားတင်မယ် "
မိမိပုခုံးပေါ် ေ၀့ရင်းမျက်နှာအပ်ထားရင်းနှင့်ပင် ခေါင်းငြိမ့်ပြ၏...။ ထို့နောက် ေ၀့ရင်း ကို ရင်ခွင်ထဲမှ ဆွဲထုတ်လိုက်ရင်းမျက်ရည်စတို့ ကျန်နေသော သူ့မျက်၀န်းအား
ရင်ထဲ မြတ်နိုးစွာဖြင့် ကြည့်လိုက်သည်..။ ..ဖျတ်ခနဲ ..ေ၀့ရင်း၏ ပါးပြင်ပေါ်နှုတ်ခမ်းရာမှတ်အသားပြုလိုက်သည်...။ ေ၀့ရင်း ရှက်သွားဟန်ဖြင့်ပုခုံးကို လှမ်းကာ လက်သီးဖြင့်ထိုး၏..။
" ခွေးကောင် "
ထိုဆဲသံသည် အရင်ကထက်နူးညံ့နေ၏...။
ထိုစဉ်....အပြင်မှ...အခြွေအရံတစ်ယောက်အသံပြုလာ၏...။
" မင်းကြီး...မိဖုရားကြီးကြွလာကြောင်းပါ..."
လန်ကျန့်က ေ၀့ရင်းအားခေါင်းညိမ့်ပြလိုက်သည်နှင့်ေ၀့ရင်း ကိုယ်တိုင် တံခါးကိုသွားဖွင့်ပေး၏...။
မိဖုရားကြီးသည် မိမိအားမြင်သည်နှင့် စူးနင့်စွာကြည့်ပြီးလျှင် လန်ကျန့်၏အနားသို့သွား၏..။
အလိုမကျသော မိဖုရားကြီး၏အကြည့်သည် ေ၀့ရင်းအား မနှစ်သက်သည်ကို ယွမ်သိလိုက်သည်။လန်ကျန့်၏ဘေးတွင် မိဖုရားကြီးရှိနေသည့့်အခိုက် ေ၀့ရရင်း ရှိနေရန်မသင့်ဟု တွေးကာ....
အခန်းပြင်သို့ထွက်လာခဲ့ပါ၏...။
" တကယ်တော့ မင်းနဲ့ေ၀းရမှာကို ကျွန်တော်သေမလောက် ကြောက်နေမိပြီ လန်၀မ့်ကျီ.. "
♕ ♕ ♕
ဖွေးဆွတ်နေသော မျက်နှာချေမှုန်တို့ ကပ်သော
မျက်နှာသည် နုနယ်ငယ်ရွယ်မှုကိုပို၍ ပေါ်လွင်စေသည် ...။ ဆံပင်စကို နှစ်ဖက်ခွဲထုံးကာ အောက်သို့ချထား
သော ဆံနွယ်တို့က ရှည်လျားဖြောင့်စင်းနေ၏...။
ညဉ့်နက်တော၏ နတ်ဆေးဆရာမ....။
ချင်နိုင်ငံ ဘုရင့်နန်းဆောင်တွင် အပြုံးချိုချိုဖြင့်
စေတနာပိုချင်ယောင်ဆောင်နေသော
နုနုငယ်ငယ် ဆေးဆရာမလေးသည်ကား...ဇရာချုပ်၍
ပါးရေနားရေတွံ့ကာနေသော ခန္ဓာအား ဖုံးကာ
ဟန်ဆောင်ထားသည့် စုန်းမဖြစ်လေသည်...။
လန်ကျန့် သည် တစ်နေ့တစ်ခြား အင်အား
ဆုတ်ယုတ်လာ၏...။ မည်သည့်ဆေးမျှမစွမ်း..။
တိုင်းပြည်တွင် ကြေညာမောင်းခတ်သည်ကာ..
မည်သည့်ဆေးဆရာမဆို ဘုရင်ကြီးအား
ကုပေးနိုင်လျှင် ဆုလဘ်တော်များစွာ
ချီးမြှင့်မည်..ဟူ၍....။
သူပြုသော အဆိပ်....သူပင် ပြန်ဖြေနိုင်လိမ့်မည်..။အမတ်ကြီး၏ အမိန့်အရ....မင်းသားအား
အေ၀းမှ ပြုစားခဲ့၏..။ ပုလဲနက်ကို ထိမိသဖြင့်
မေ့လဲသွားရုံမျှ ဘာမှမထူးခြားနိုင်...။ နောက်ဆက်တွဲ
ဖျားနာ၍ အိပ်ရာထဲလဲနေရခြင်းသည်...မိမိ၏
အစွမ်းပင်ဖြစ်လေသည်. ။
ယခု တိုက်နေသောဆေးရည်တို့သည်....မိမိပြောသမျှ
နာခံစေသော ဆေးရည်...။ ဖျားနာခြင်းအား ပျောက်ကင်းစေရန်...ပြုစားထားခြင်းကို တစ်နေ့နည်းနည်းစီ နှုတ်ယူ
နေသဖြင့် တစ်နေ့တစ်ခြား ထူထူထောင်ထောင်ဖြစ်လာခဲ့သည်...။
ရက်အနည်းငယ်ကြာပြီးသည့်နောက်....
နာမကျန်းခြင်းမှာ..ကင်းစင်သွားခဲ့ရပြီ....။
😘😘 စာတိုသွားရင် တောင်းပန်ပါတယ် နော် ပြန်ပြင်ပြီးရေးထားရတာမို့လို့
ဖတ်ရတာမကောင်းရင်လဲ သည်းခံပြီးဖတ်ပေးကြပါဦးနော် 😘😘