Zawgyii ~
..
..
" Appa... အိမ္ျပန္ၾကမယ္ေလ "
" ေအာ္ အင္း သမီး . "
ေရျပင္ႀကီးကိုေငးၾကည့္ေနရာကေန ေဘာင္းဘီစကို
လာဆြဲတဲ့ သမီးေလးေျကာင့္ ပါးေပၚက မ်က္ရည္စ
တစ္ခ်ိဳ႕ကို ကျပာကယာသုတ္ၿပီး
လွည့္ထြက္လာခဲ့သည္ ။
အႏွစ္ 20 ဆိုတာကလဲခနေလးလုိပါပဲလား......။
" Appa.... ဒီထဲမွာ နဂါး႐ွိတယ္ဆို "
" ေပါက္ကရေတြ ေလ်ွာက္မေျပာရဘူး...သမီး...နဂါး
ဆိုတာ ပံုျပင္ထဲမွာပဲ႐ွိတယ္ "
ဟုတ္တယ္...အားလံုးကပံုျပင္ေတြ.....။
ဘာမွမ႐ွိဘူး.... အကုန္လံုးကတိုက္ဆိုင္မႈေတြ..... ။
အလိမ္အညာေတြ...... ။
" Appa .... ေစာေစာက ဘာလို႔ငိုေနတာလဲ
ဟင္ "
" အာ...မငိုပါဘူး သမီးရဲ႕ မ်က္လံုးထဲ
ဖုန္ဝင္သြားလို႔ "
သမီးရဲ႕လက္ကိုဆြဲၿပီး ဒီေနရာကေန အျမန္ထြက္လာ
ခဲ့ေတာ့တယ္ ။
ေနာက္ဆံုး အေနနဲ႔ ျမစ္ျပင္က်ယ္ႀကီးကိုတစ္ေခါက္
ၾကည့္မိလိုက္ေသးတယ္ ။
အရာရာဟာမေန႔ကလိုပါပဲ....
ဒါေပမဲ့ Hyung မင္းကို မေမ့ေသးဘူး Jiminie..... ။
Hyung ဆီကို မင္းျပန္လာမယ္မလား...... ။
💦💦💦💦💦
" Jimin.... ဘာလုပ္ေနလဲ "
" ဟင္ "
ဝုန္းခနဲ အခန္းတံခါးကို ဆြဲဖြင့္ၿပီး ဝင္လာတဲ့
Min Yoongi ေၾကာင့္Coi ေပးသြားတဲ့
နဂါးစာအုပ္ကိုအေနာက္ဘက္အျမန္ဖြက္ပစ္လိုက္ရ
တယ္ ။
" ဘာေတြလုပ္ေနလို႔ ဒီေလာက္လန္႔သြားရတာလဲ "
နဂါးႀကီးဟာ ကြၽန္ေတာ့္အေနာက္ဘက္ကို စူးစမ္းသလို
ၾကည့္တယ္ ။
" ဟို....Min Yoongi...ကြၽန္ေတာ့္ဆီလာတာ
ဘာကိစၥ႐ွိလို႔လဲ "
" ကိစၥ႐ွိမွ လာရမွာလား....."
Min Yoongi ဟာ ေျပာရင္းက်ြန္ေတာ့္ဆီ
လွမ္းေလ်ွာက္လာတယ္ ။
သူ႔ေျခလွမ္းေတြနဲ႔အညီ ကြၽန္ေတာ့္ ရင္ခုန္သံဟာ
က်ယ္ေလာင္ေနသလုိ အေနာက္ကစာအုပ္ကိုလဲ
ၾကံမိၾကံရာ ေမြ႔ယာေအာက္ ထိုးထည့္လိုက္တယ္ ။
ေတာ္ေသးတယ္ ကြၽန္ေတာ္ ရပ္ေနတဲ့ေနရာက
ကုတင္နားမို႔လို႔ေပါ့ ။
" Jimin....မင္းေနာက္ဘက္က ဘာလဲ "
" ဘာမွမ႐ွိပါဘူး Min Yoongi ရဲ႕ "
" ဟုတ္လို႔လား...."
မ်က္ခံုးေတြကို တြန္႔ခ်ိဳးထားပံုအရ ကြၽန္ေတာ့္စကား
ကိုမယံုဘူးထင္ရဲ႕....။
" ဟုတ္တယ္ဆို... "
ေျပာရင္းဆိုရင္း ကြၽန္ေတာ္ကိုစူးစိုက္ျကည့္ေနတဲ့
Min Yoongi လက္ေမာင္းကိုသြားတြဲၿပီး အာရံုလြဲဲပစ္လိုက္တယ္ ။
" ဟို.... ကြၽန္ေတာ္ ေတာထဲသြားခ်င္လို႔ လိုက္ပို႔
ေပးပါလားဟင္ "
" မသြားရဘူး jimin! ေတာထဲက အနၱရာယ္
သိပ္မ်ားတယ္ "
" လုပ္ပါ Min Yoongi ရယ္....ကြၽန္ေတာ္
ေတာပန္းေလးေတြနဲ႔ အေမႊးဆီ လုပ္ခ်င္လို႔ပါ.... "
" မရဘူးဆို မရဘူး jimin! ဟိုတစ္ခါလို
ျဖစ္ရင္ဘယ္လိုလုပ္မလဲ "
" ဟုိတစ္ခါလို မျဖစ္ပါဘူး....Min Yoongi
လဲအားေနတာပဲဟာ..ကြၽန္ေတာ္နဲ႔အတူတူလိုက္ခဲ့ေပါ့.."
က်ြန္ေတာ့္စကားကိုျကားေတာ့ နဂါးျကီးတစ္ခ်က္ေတြေဝသြားတယ္ ။
ဒါကြၽန္ေတာ့္ကို ေတာထဲသြားခိုင္းသင့္မသင့္ စဥ္းစား
တာျဖစ္မယ္ထင္တယ္ ။
ကြၽန္ေတာ္ျပံဳးလိုက္မိတယ္.....
ေနာက္တစ္ခါ ထပ္ေတာင္းဆိုရင္ နဂါးႀကီး
ခြင့္ျပဳေတာ့မွာက်ိန္းေသေပါက္ပဲ.....။
" ေနာ္.....Min Yoongi... ကြၽန္ေတာ့္ကို
ေတာထဲလိုက္ပို႔ပါေနာ္လို႔.... "
ထိုအခါ....
နဂါးႀကီးဟာ ကြၽန္ေတာ့္အျပဳအမူကို အံ့ျသ
ူသလိုၾကည့္ေနျပန္တယ္ ။
လက္ေမာင္းေတြကို လႈပ္ရမ္းၿပီးကြၽန္ေတာ္ေျပာေတာ့
နဂါးႀကီးရဲ႕ မ်က္ႏွာ အေနအထားနည္းနည္းေလ်ာ့
လာတယ္ ။
ဒါဆို မၾကာေတာ့ဘူး...
ကြၽန္ေတာ့္ကိုေတာထဲသြားခြင့္ျပဳေတာ့မွာ ။
" လုပ္ပါ....လိုက္ပို႔ပါလို႔....Min Yoongi
ေနာ္....ေနာ္...."
" အဟမ္း... ဒါဆို...ငါ... ငါပါလိုက္ခဲ့မယ္...
ငါပါလို႔ သြားခြင့္ရတယ္မွတ္...တစ္ေယာက္တည္းဆို
လံုးဝခြင့္မျပဳဘူး.... "
" ဟုတ္ကဲ့ပါ "
လိုခ်င္တာရသြားေတာ့ ကြၽန္ေတာ့္မ်က္ႏွာကခ်က္ခ်င္းကို
ျပံဳးၿဖီးသြားၿပီးအသံကလဲ တက္ႂကြသြားတယ္ ။
ထိုအခါ.....
နဂါးႀကီးဟာ ကြၽန္ေတာ့္ကိုမ်က္ေမွာင္ကုပ္ၾကည့္တယ္။
" jimin မင္းကေလတစ္ခါ အႏၱရာယ္ ၾကံဳထားတာေတာင္ အမွတ္မထားဘူး... ကဲ လာ...
သြားစရာ႐ွိတာ ျမန္ျမန္သြားမယ္ "
နဂါးႀကီးအသံဟာ တင္းမာေနေပမဲ့လို႔ တကယ္တမ္း
ုကြၽန္ေတာ့္ကို မာန္မဲေနတာမဟုတ္မွန္း ကြၽန္ေတာ္
သိတယ္....။
ေတာထဲ မသြားခိုင္းဘူးဆိုတာကလဲ ကြၽန္ေတာ့္ကို
စိုးရိမ္လို႔မလား ။
ကြၽန္ေတာ္ ေက်ေက်နပ္နပ္ႀကီး ျပံဳးလိုက္မိပါတယ္ေလ။
* ရႊတ္ *
" ဟာ ဘာလုပ္တာလဲ Min Yoongi "
ေနရင္းထိုင္ရင္း ပါးတစ္ဖက္အနမ္းခံလိုက္ရတာေၾကာင့္
Min Yoongi ကိုလွမ္းရန္ေတြ႔လိုက္တယ္ ။
Min Yoongi ဟာကြၽန္ေတာ့္ကုိၾကည့္ၿပီးျပံဳးစစနဲ႔ ။
" ဘာျဖစ္လဲ ငါ့ဘာသာ ငါ့နန္းေဆာင္ထဲကငါ့လူကို
ငါႀကိဳက္သလိုလုပ္တာ "
* ရႊတ္ *
" Yahhh....Min Yoongi "
အနမ္းခံလိုက္ရတဲ့ ပါးႏွစ္ဖက္ကို အုပ္ကိုင္ၿပီး
ေပေစာင္းေစာင္း ၾကည့္လိုက္ေတာ့ နဂါးႀကီးဟာ
လက္ကိုေနာက္ပစ္ၿပီး သူမဟုတ္သလိုမ်က္ႏွာထားနဲ႔ ။
" လာေလ ဘာလုိ႔ဒီေလာက္ေႏွးေကြးေနတာလဲ "
ကြၽန္ေတာ္ေၾကာင္ေငးေနတုန္းမွာပဲ သူက အခန္းျပင္
ေရာက္သြားၿပီ ။
အဲ့ေတာ့ ကြၽန္ေတာ္လဲကပ်ာကယာေျပးလိုက္ရေတာ့တာ
ေပါ့.....။
" ခနေလးေနပါဦး....Min Yoongi ရယ္ ဟူး "
နဂါးႀကီးက အက်င့္တစက္မွမေကာင္း...။
သူလူမဟုတ္တိုင္း ေျခလွမ္းက်ဲေတြနဲ႔ ေ႐ွ႕က သြားေနတာ....။
ေနာက္ကလိုက္ရတဲ့ ကြၽန္ေတာ့္မွာ မေျပးရံု
တမယ္ပဲ...။
" ဟမ့္....ေႏွးလိုက္တာ..... "
စိတ္ပ်က္ေနတဲ့ မ်က္ႏွာထားနဲ႔ ေနာက္ကိုလွည့္ၾကည့္ၿပီး
နဂါးႀကီးက ပြစိပြစိေရရြတ္တယ္ ။
" ေရာ့....ဒါေလးကိုင္ခဲ့...."
လက္ေနာက္ပစ္ထားတဲ့ သူ႔ဆီကို ပန္းခူးဖို႔သယ္လာတဲ့
ျခင္းေတာင္းေလး ထိုးေပးလိုက္ေတာ့ ႏွာေခါင္း႐ႈံ႕တယ္။
" ဒါကဘာလုပ္ဖို႔လဲ jimin "
" ပန္းခူးဖို႔ေလ "
" ဟက္....႐ႈပ္႐ႈပ္ယွက္ယွက္ "
အေျပာဆိုးတဲ့ နဂါးႀကီးဟာ သယ္မေပးတာလဲမဟုတ္
ဘဲနဲ႔ရယ္...။
ဆူပုတ္ပုတ္နဲ႔ ျခင္းေလးတစ္ျခင္းကို ဘယ္လိုသယ္ရမလဲဆိုတာ တစ္ေယာက္တည္းအခက္ေတြ႔ေနေလရဲ႕ ။
တကယ့္ ဂဂ်ီဂေၾကာင္ Min Yoongi ။
" အားး ေမႊးလိုက္တာ "
ပန္းေတြၾကားထဲေရာက္သြားရင္အလိုလို ေပ်ာ္ျမဴး
သြားတဲ့ကြၽန္ေတာ္ရယ္....။
ျခင္းတစ္ျခင္းဆြဲၿပီး မ်က္ေမွာင္ကုပ္ေနတဲ့နဂါးႀကီးရယ္ ။
ျခင္းကိုလက္ေမာင္းမွာခ်ိတ္ထားတဲ့
သူ႔ပံုစံက အျပာေရာင္ ဝတ္ရံုနဲ႔လိုက္ဖက္စြာ ျပတိုက္
ထက္က ပန္းခ်ီကား တစ္ခ်ပ္လို လွပတယ္ ...။
ေတာပန္းေတြက အရမ္းကိုဆြဲေဆာင္လြန္းေတာ့
အခ်ိန္ၾကာတဲ့အထိကို ကြၽန္ေတာ္တို႔ အမ်ားႀကီး
လိုက္ခူး ေနမိတယ္ ။
" မၿပီးေသးဘူးလား Jimin! ငါေညာင္းေနၿပီ "
Min Yoongi ရဲ႕မ်က္ႏွာေတြ႐ႈံ့့႔တြေနၿပီး ပံုစံက
မလႈပ္ခ်င္လႈပ္ခ်င္နဲ႔ ကြၽန္ေတာ္ေနာက္ကလိုက္ေန
တယ္ ။
သနားပါတယ္ ဒီလိုဆိုေတာ့လဲ... ။
ကြၽန္ေတာ္ေတာင္ ေခြၽးထြက္ေနၿပီကို ။
" Min Yoongi ကြၽန္ေတာ့္ကိုအဲ့ျခင္းေပး...
ေညာင္းရင္ခန ဟိုမွာသြားထိုင္ၿပီး အနားယူေန...
ကြၽန္ေတာ္ ပဲဆက္ခူးလိုက္မယ္ "
နဂါးႀကီးလက္ထဲက ျခင္းကိုလႊဲေျပာင္းယူလိုက္တယ္ ။
ဒါေပမဲ့ ျခင္းကလက္ထဲပါမလာဘူး ။
ေမာ့ၾကည့္ေတာ့ Min Yoongi ရဲ႕ အၾကည့္စူးစူး
နဲ႔ဆံုတယ္ ။
" တစ္ေယာက္တည္းမလႊတ္ဘူးလို႔ ေျပာထားတယ္မလား ! လုပ္စရာ႐ွိတာသာအျမန္လုပ္စမ္း "
ေလသံကမာေနေပမဲ့ ကြၽန္ေတာ္ျပံဳးမိတယ္ ။
နဂါႀကီးက ကြၽန္ေတာ့္ကို တကယ္စိတ္မခ်တာပဲ ။
" ဒါဆို ကြၽန္ေတာ္လဲခနနားမယ္...ၿပီးကာမွ ဆက္ခူး
ၾကမယ္ "
ကြၽန္ေတာ့္စကားကိုေထာက္ခံသလို ေခါင္းညိမ့္တယ္ ။
ဒါနဲ႔ပဲ အရိပ္ရတဲ့ သစ္ပင္ေအာက္ ႏွစ္ေယာက္လံုး
ဝင္ထုိင္လိုက္ၾကတယ္ ။
" ပန္းေတြကုိအဲ့ေလာက္သေဘာက်လား Jimin "
" အင္း...သေဘာက်တယ္ သူတို႔ကလွလဲလွ
ေမႊးလဲေမႊးတယ္ေလ...ျမင္လိုက္တာနဲ႔တင္လူကို
စိတ္ၾကည္ႏူးေစတယ္...."
" မင္းေရာပဲ "
"....."
" မင္းေရာပဲ....ျမင္လိုက္တာနဲ႔ ငါ႔စိတ္ကိုျကည္ႏူး
ေစတယ္ "
ကြၽန္ေတာ္ ဘာမွျပန္မေျပာႏုိင္ေလာက္ေအာင္
ဆြံ႕အသြားတယ္ ။
နဂါးႀကီးက ဒီလိုေတြလဲေျပာတတ္တာပဲလား ။
ေဘးခ်င္းကပ္ထိုင္ေနရာကေန သူကတေျဖးေျဖးအနား
တိုးလာတယ္ ။
ကြၽန္ေတာ္ ေၾကာင္ၾကည့္ေနမိတယ္ ။
မဟုတ္ဘူး အမွန္တိုု္င္းဝန္ခံရရင္ သူဘာလုပ္မလဲ
ဆိုတာကို ရင္ဘတ္ႀကီးတစ္ခုလံုးနဲ႔ရင္းၿပီး
ေစာင့္ေနမိတာ ။
" ေခြၽးေတြေတာင္ထြက္ကုန္ၿပီ "
သူ႔ဝတ္ရံုစနဲ႔ ကြၽန္ေတာ့္နဖူးျပင္ကိုလာသုတ္ေပးတဲ့
Min yoongi ရယ္ပါ ။
ကြၽန္ေတာ့္ ပါးျပင္ေတြ ပူတက္လာတယ္ ။
သူနဲ႔အနီးကပ္ဆံုး႐ွိေနသလို ကြၽန္ေတာ့္နဖူးတစ္ဝိုက္က
ေခြၽးေတြကို ေသေသခ်ာခ်ာေလး သုတ္ေပးေနတဲ့
သူဟာ သိပ္ကိုၾကည့္လို႔ေကာင္းတယ္ ။
အနီးကပ္ၾကည့္ေလ သူ႔စက္ဝန္းက ႐ုန္းမထြက္ႏိုင္
ေလပဲ ။
" Hwll.....ငါ့ေခ်ာမွန္းငါသိလို႔ အဲ့ေလာက္
စိုက္ၾကည့္ေနစရာ မလိုပါဘူး "
သူခိုးလူမိသြားသလို ကြၽန္ေတာ္ နားရြက္ဖ်ားေတြ
ရဲတက္သြားတယ္ ။
တဆက္တည္း သူ႔ကိုယ္ကိုပါတြန္းထုတ္လိုက္မိတယ္ ။
ညစ္က်ယ္က်ယ္အျပံဳးနဲ႔ နဂါးႀကီးဟာ ကြၽန္ေတာ့္ကို
စေနာက္ရတာ သိပ္သေဘာက်ပံုပဲ ။
ကြၽန္ေတာ္လဲ ႐ွက္ကိုး႐ွက္ကန္းနဲ႔ သူနဲ႔ေဝးရာ
ဖင္ေရြ႔ထိုင္လိုက္တယ္ ။
" အဲ့တာက ဘာျဖစ္တာလဲ ဒီကိုတိုးစမ္း "
Min Yoongi ဟာ ရယ္က်ဲက်ဲနဲ႔ အတင္းကို
ကြၽန္ေတာ့္လက္ေမာင္းကေနလာဆြဲၿပီး သူ႔အနား
ကပ္ထိုင္ေစတယ္ ။
" ေခြၽးေတြနဲ႔ ပူရတဲ့ၾကားထဲ ေဝးေဝးေနစမ္းပါ
Min Yoongi ရာ "
" အမယ္...မင္းကငါ့ကိုဘယ္တုန္းကျပန္ေျပာရဲ
သြားတာလဲ "
စိတ္ဆိုးတာလဲမဟုတ္ဘဲ တမင္သက္သက္ ကြၽန္ေတာ့္
ကိုလိုက္စေနတာ ။
ကြၽန္ေတာ္စိတ္ဆိုးျပေလ သူကလုိက္စေလပဲ ။
အဲ့တာေၾကာင့္ သူ႔စကားကုိျပန္မေျပာဘဲ မ်က္ႏွာ
လႊဲရင္း မသိခ်င္ေယာင္ေဆာင္ေနလိုက္တယ္ ။
" ဘာလဲ....ငါ့ကိုအဖတ္မလုပ္တာလား "
ကြၽန္ေတာ္လွည့္မၾကည့္ဘူး ။
" ေဟာ...jimin...ငါ့ကိုတကယ္အဖတ္မလုပ္
တာပဲ "
Min Yoongi ဟာတစ္ခါတစ္ခါ သိပ္ကို
စကားမ်ားတယ္ ။
" ေအာ္....မင္းကဒီလိုလား ...ဟင္း....ၿပီးမွ
ငါ့အဆိုးမဆိုနဲ႔ေနာ္ "
" Ahh...huhhhh ..ယားတယ္...
Min Yoongi "
ကြၽန္ေတာ့္ ပါးျပင္ေတြကိုလာေရာက္ထိေတြ႔တဲ့
သူ႔ႏႈတ္ခမ္းေတြ ။
ကြၽန္ေတာ္တြန္းထုတ္ေပမဲ့လဲ သူဟာဂ႐ုမစိုက္ ။
မရပ္မနားကို လာေရာက္ပြတ္သပ္ေနေလတယ္ ။
" မလုပ္နဲ႔ ယားတယ္ဆို...Min Yoonnn
အဲ့တာဘာလုပ္ "
ကြၽန္ေတာ့္စကားမဆံုးလိုက္ပါ ။
သူဟာကြၽန္ေတာ့္ကို ျမက္ခင္းေပၚတြန္းခ်ၿပီး
ကြၽန္ေတာ့္အေပၚက အုပ္မိုးလိုက္တယ္ ။
သူ႔မ်က္ဝန္းေတြက ကြၽန္ေတာ့္ႏႈတ္ခမ္းေတြကိုစိုက္
ၾကည့္ေနသလို ကြၽန္ေတာ္လဲ ဘာစကားမွမေျပာ
ႏိုင္ေလာက္ေအာင္ကို ရင္ထဲမွာဝုန္းဒိုင္းၾကဲေနမိတယ္ ။
ထိုအခိုက္....
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားထဲ ေလေျပေအးေလးက
တိုးကာတိုက္ခိုက္သြားေလေတာ့ Min Yoongi
ရဲ႕အျပာေရာင္ ဆံႏြယ္ေတြ ေဝ့ယမ္းသြားတဲ့အခါ....
ကြၽန္ေတာ့္ အသက္႐ွဴေတြ မမွန္ခ်င္ေတာ့ပါ ။
ႏွစ္ေယာက္စလံုး ဘာစကားမွမေျပာပဲ ထိုအတိုင္း
ေလးပဲ စိုက္ၾကည့္ေနမိၾကတယ္ ။
ကြၽန္ေတာ့္မ်က္ဝန္းေတြကို လာစိုက္ၾကည့္တဲ့
သူ႔မ်က္ဝန္းျပာေတြၾကား ကြၽန္ေတာ္ညိဳ႕ယူခံေနရၿပီ ။
အဲ့ေနာက္ တေျဖးေျဖးတိုးကပ္လာတဲ့ သူ႔မ်က္ႏွာ ။
ေနာက္ဆံုး ကြၽန္ေတာ့္နဖူးျပင္မွာ သူ႔ႏႈတ္ခမ္းပါးတို႔
လာခိုနားတယ္ ။
" အ႐ူးေလး.... ငါ့ကိုျပန္ေျပာရဲတဲ့ အ႐ူးေလး "
Min Yoongi ဟာသူ႔ရဲ႕ႏႈတ္ခမ္းေတြကိုတြန္႔ခ်ိဳး
ၿပီးကြၽန္ေတာ့္ကို က်ီစယ္ေနတယ္ ။
ဘာလို႔မွန္းမသိ ကြၽန္ေတာ္ကိုယ္တိုင္လဲ
မ႐ုန္းဖဲ အ႐ူးေလးဆိုတဲ့ အေခၚအေဝၚကို
သေဘာက်ေနမိတယ္ ။
ဒါကိုအခ်စ္လို႔ေခၚသလား?
သူ႔ကိုခ်စ္မိသြားရင္ သူဘာလုပ္လုပ္ သူဘာေျပာေျပာ
သူဘယ္လိုေနေန သူ႔ကိုျမင္ေနရရံုနဲ႔တင္ သူဆိုတဲ့
ျဖစ္တညိမႈကို အလိုလို သေဘာက်ေနမိတာ ။
" အဟက္..... ထေတာ့ Jimin...စိတ္ကူးက
ေနာက္မွယဥ္ မိုးခ်ဳပ္ရင္ ငါမင္းကိုတစ္ေယာက္တည္း
ေတာထဲမွာထားခဲ့မွာေနာ္ "
Ashii
ကြၽန္ေတာ္ စိတ္ကို Min Yoongi ႀကီး
ခိုးဖတ္ျပန္ၿပီထင့္ ။
ကြၽန္ေတာ့္ကိုယ္ေပၚက ထၿပီး ေဘးနားခ်ထားတဲ့
ျခင္းကိုျပန္ဆြဲကာ ယုတ္မာတဲ့အျပံဳးနဲ႔ ခနဲ႔ေနတယ္ ။
" အဟမ္း..... အဟမ္း.... "
ကိုယ္ဟန္႔ဖို႔တဲ့အေနနဲ႔ မဆိုးတဲ့ေခ်ာင္းကို အတင္း
လုပ္ဆိုးၿပီး ျမက္ခင္းျပင္က ကုန္း႐ုန္းထလိုက္တယ္ ။
Min Yoongi ကေတာ့ ကြၽန္ေတာ္လုပ္သမ်ွကို
မ်က္ေတာင္မခတ္တမ္းလိုက္ၾကည့္ေနတယ္ ။
ကြၽန္ေတာ္လဲ သူ႔ေ႐ွ႕ကေန ေလ်ွာက္သြားလိုက္ေတာ့
တယ္ ။
ေနာက္ပါးက ပ်ံလြင့္ လာတဲ့ နဂါးႀကီးရဲ႕ ခႏိုးခနဲ႔
ရယ္သံႀကီးကေတာထဲမွာ က်ယ္ေလာင္စြာ.......။
ႏွာေခါင္း႐ႈံ႕ရင္း ခူးစရာ႐ွိတဲ့ပန္းေတြကိုသာ
ဆက္ခူးထည့္ေနလိုက္တယ္ ။
Min Yoongi ကိုလံုးဝလွည့္မၾကည့္ေတာ့ဘူး ။
" ဟင္...ခ်ယ္ရီ လား "
ပန္းခူးေနရင္း ခ်ယ္ရီပင္ေတြ႔လိုက္ရတာေၾကာင့္ ဝမ္းသာအားရ နီနီရဲရဲခ်ယ္ရီသီးတစ္လံုးကို ပါးစပ္ထဲေကာက္
ထည့္လိုက္တယ္ ။
အား....ခ်ဥ္လိုက္တာ ။
ကြၽန္ေတာ္အၾကံတစ္ခုရသြားတယ္ ။
" Min Yoongi....အာ "
ပထမေတာ့ နဂါးႀကီးက ေၾကာင္ၾကည့္ေနတယ္။
" အာ...... "
အမူအရာနဲ႔ ပါးစပ္ဟျပမွ သေဘာေပါက္သြားသည္
ထင့္ ။
" ကေလးကလားနဲ႔ မစားခ်င္ပါဘူး "
အိုက္တင္ခံေနတဲ့ နဂါးႀကီးဟာ ႏွာေခါင္း႐ႈံ႕ၿပီး
မသိခ်င္ေယာင္ေဆာင္ေနေလရဲ႕ ။
" တကယ္မစားဖူးလား...ခ်ိဳေနတာပဲကို... "
ဒီဂ်စ္ကန္ကန္ Min Yoongi ကေလ ကြၽန္ေတာ့္
မ်က္လံုးထဲေတာ့ ကေလးဆိုးႀကီးတစ္ေယာက္လိုပဲ ။
" လက္ေညာင္းသြားၿပီ ေစတနာနဲ႔ကို
မစားလဲေန...."
" စားမယ္ ေကြၽး "
ေဟာၾကည့္....အမ်ိဳးမ်ိဳး ။
ကြၽန္ေတာ္မ်က္ေစာင္းထိုးလုိက္ၿပီး ခြံေကြၽးလိုက္တယ္ ။
႐ႈံ႕မဲ့သြားတဲ့ မ်က္ႏွာႀကီးကို ျမင္ရခ်ည္ရဲ႕ဆိုၿပီး
ကြၽန္ေတာ္စိတ္ထဲႀကိတ္ေပ်ာ္ေနမိတယ္ ။
" ခ်ိဳလိုက္တာ... jimin...တကယ္စားေကာင္း
တယ္ "
ကြၽန္ေတာ့္မ်က္ႏွာႀကီးခ်က္ခ်င္းမဲသြားတယ္ ။
ဘယ္လိုျဖစ္လို႔ တစ္ပင္တည္းက သီးတဲ့အသီးခ်င္း
အတူတူေတာင္ ကြၽန္ေတာ့္အသီးက ခ်ဥ္ၿပီး
သူ႔အသီးကခ်ိဳေနတာလဲ ။
မေက်နပ္ဘူး ။
ဆူပုတ္ပုတ္နဲ႔ပဲ ေနာက္တလံုးထပ္ခူးစားလိုက္တယ္ ။
" ထြီ "
က်ြန္ေတာ္က်ေတာ့ ခ်ဥ္စုတ္ေနပါေရာလား....။
ခ်ဥ္လြန္းလို႔ ခ်က္ခ်င္းကိုျပန္ေထြးထုတ္လိုက္ရတယ္ ။
" ဘာလို႔လဲ jimin....ခ်ဥ္လို႔လား "
နဂါးႀကီးက ကြၽန္ေတာ့္ကိုၾကည့္ၿပီး ရယ္တယ္ ။
ကြၽန္ေတာ့္မ်က္ႏွာႀကီး ဆူပုတ္ေနပါၿပီ ။
" ဟုတ္တယ္ ခ်ဥ္စုတ္ေနေရာ... "
"Hahahaha "
နဂါးႀကီးဟာ ကြၽန္ေတာ့္ကိုၾကည့္ၿပီး အားရပါးရ
ေအာ္ရယ္ေနတယ္ ။
" ဘာရယ္တာလဲ... ရယ္စရာပါလို႔လား "
" စိတ္ပုတ္တဲ့လူစားရင္ ခ်ိဳေနတဲ့အသီးေတာင္
ခ်ဥ္တယ္ဆိုတာကို ေတြးၿပီးသေဘာက်လို္႔ပါကြာ
ဟက္ဟက္ "
ကြၽန္ေတာ့္မ်က္ႏွာက ၿပိဳေတာ့မဲ့မိုးလို ။
Min Yoongi အကြက္ထဲကြၽန္ေတာ္လွလွပပႀကီး
မိသြားျပန္ၿပီ ။
Min Yoongi ကအစြမ္းထက္တဲ့နဂါးတစ္ေကာင္
ဆိုတာကို ကြၽန္ေတာ္ေမ့သြားတယ္ ။
" ေတာ္ၿပီ.... ကြၽန္ေတာ္ျပန္ေတာ့မယ္...
ပန္းေတြလဲမခူးေတာ့ဘူး...ေနာက္ ဒီေတာထဲလဲ
ဘယ္ေတာ့မွမလာေတာ့ဘူး "
စိတ္ေပါက္ေပါက္နဲ႔ Min Yoongi လက္ထဲက
ျခင္းကိုဆြဲယူၿပီး လွည့္ထြက္လာခဲ့တယ္ ။
Min Yoongi ကေတာ့ ထံုးစံအတိုင္း ေလွာင္
ရယ္သံႀကီးနဲ႔ ေနာက္ကလိုက္လာေလတယ္ ။
" Yahhh Min Yoongi... ဘာလုပ္တာလဲ
ခ်ေပး....ျပဳတ္က်မယ္ "
ကြၽန္ေတာ့္ေျခေထာက္ေတြဟာ ေလေပၚေျမာက္တက္
သြားၿပီး ကြၽန္ေတာ့္ကိုယ္လံုးက ရင္ခြင္တစ္ခုထဲ
ေရာက္သြားတယ္ ။
ေသခ်ာေပါက္ Min yoongi က ကြၽန္ေတာ္ကို
ေပြ႔ခ်ီလိုက္တာပါပဲ ။
" ၿငိမ္ၿငိမ္ေန jimin...ဒီတိုင္းသာလမ္းေလ်ွာက္
ျပန္ရင္ မိုးခ်ဳပ္မွျပန္ေရာက္လိမ့္မယ္ "
နဂါႀကီးရဲ႕ အမိန္႔သံေအာက္ကြၽန္ေတာ့္စိတ္ေတြက
တြန္းထုတ္ေနေပမဲ့ ဒီအေနအထားနဲ႔ခနခနၾကံဳဖူးေနက် ကိုယ္ခႏၱာက အလိုက္တသိ Min Yoongi
လည္ပင္းေတြကုိတြယ္ခိုထားမိတယ္ ။
အလာတုန္းက ဂ႐ုတစိုက္သယ္လာခဲ့တဲ့ ပန္းျခင္းေလး
ကေတာ့ အခုေတာ့ အထီးက်န္စြာ တစ္ကိုယ္ထဲ
ေလေပၚပ်ံဝဲေနတယ္ ။
ကြၽန္ေတာ္ကေတာ့ Min Yoongi ရဲ႕ရင္ခြင္ၾကား
ထဲခါတိုင္းလုိ မ်က္ႏွာဝွက္ၿပီး သူ႔ကိုယ္သင္းနံ႔ကို
႐ွဴ႐ႈိက္ရင္းေပါ့........ ။
" ငါ့ကိုယ္နံ႕ကို ခိုးမ႐ွဴနဲ႔ေနာ္ jimin...
ငါယားလာရင္ လႊတ္ခ်ပစ္မွာ ဟက္ "
" Min Yoongiiii "
💦💦💦💦💦
ေနာက္ဆံုးစာမ်က္ႏွာကို ဖတ္ၿပီးတဲ့အခ်ိန္မွာ
ကြၽန္ေတာ့္ စိတ္ေတြထူပူလာတယ္ ။
" အဟင့္ အဟင့္ "
ထိန္းထားတဲ့ၾကားက စူးေအာင့္လာတဲ့ ရင္ဘတ္ေၾကာင့္
ဘယ္လိုမွ မတတ္ႏိုင္ဘဲ ကြၽန္ေတာ္ငိုခ်မိေတာ့တယ္ ။
" မငိုပါနဲ႔ Jimin ရယ္! ဒါကံတရားပဲေလ....
ငါတို႔ေျပာင္းလဲပစ္လို႔မရဘူး....ကံၾကမၼာက သတ္မွတ္
ထားၿပီးသား "
Coi သည္လဲ တအင့္အင့္ငိုေနေသာ jimin ကို
ေပြ႔ဖက္ရင္း မ်က္ရည္မ်ားက်မိသည္ ။
ဒီလိုေတြျဖစ္လာဖို႔ ဘယ္သူမွမရည္ရြယ္ခဲ့ပါဘဲ
ကံၾကမၼာက သခင္နဲ့ ဒီေကာင္ေလး
အေပၚ ရက္စက္လြန္းတယ္ ။
" ဟင့္ Coi....ကြၽန္ေတာ့္အတြက္ အခ်ိန္
ဘယ္ေလာက္က်န္ေသးလဲဟင္ "
စီးက်ေနတဲ့ မ်က္ရည္ေတြကို ကြၽနိေတာ္မသုတ္မိ။
စီးပါေစေလ.....
" သခင္အခ်စ္ေတြ နက္႐ႈိင္းလာေလေလ ...
မင္းအတြက္အခ်ိန္က နည္းလာေလေလပဲ "
1.12.18 💦
မနက္ျဖန္ MMA ႐ွိလို႔ ခုထဲကႀကိဳ up
သြားပါတယ္လို႔ 💜
See you next sat 🙈
__________________________________
Unicode ~
..
..
" Appa... အိမ်ပြန်ကြမယ်လေ "
" အော် အင်း သမီး . "
ရေပြင်ကြီးကိုငေးကြည့်နေရာကနေ ဘောင်းဘီစကို
လာဆွဲတဲ့ သမီးလေးကြောင့် ပါးပေါ်က မျက်ရည်စ
တစ်ချို့ကို ကပြာကယာသုတ်ပြီး
လှည့်ထွက်လာခဲ့သည် ။
အနှစ် 20 ဆိုတာကလဲခနလေးလိုပါပဲလား......။
" Appa.... ဒီထဲမှာ နဂါးရှိတယ်ဆို "
" ပေါက်ကရတွေ လျှောက်မပြောရဘူး...သမီး...နဂါး
ဆိုတာ ပုံပြင်ထဲမှာပဲရှိတယ် "
ဟုတ်တယ်...အားလုံးကပုံပြင်တွေ.....။
ဘာမှမရှိဘူး.... အကုန်လုံးကတိုက်ဆိုင်မှုတွေ..... ။
အလိမ်အညာတွေ...... ။
" Appa .... စောစောက ဘာလို့ငိုနေတာလဲ
ဟင် "
" အာ...မငိုပါဘူး သမီးရဲ့ မျက်လုံးထဲ
ဖုန်ဝင်သွားလို့ "
သမီးရဲ့လက်ကိုဆွဲပြီး ဒီနေရာကနေ အမြန်ထွက်လာ
ခဲ့တော့တယ် ။
နောက်ဆုံး အနေနဲ့ မြစ်ပြင်ကျယ်ကြီးကိုတစ်ခေါက်
ကြည့်မိလိုက်သေးတယ် ။
အရာရာဟာမနေ့ကလိုပါပဲ....
ဒါပေမဲ့ Hyung မင်းကို မမေ့သေးဘူး Jiminie..... ။
Hyung ဆီကို မင်းပြန်လာမယ်မလား...... ။
💦💦💦💦💦
" Jimin.... ဘာလုပ်နေလဲ "
" ဟင် "
ဝုန်းခနဲ အခန်းတံခါးကို ဆွဲဖွင့်ပြီး ဝင်လာတဲ့
Min Yoongi ကြောင့်Coi ပေးသွားတဲ့
နဂါးစာအုပ်ကိုအနောက်ဘက်အမြန်ဖွက်ပစ်လိုက်ရ
တယ် ။
" ဘာတွေလုပ်နေလို့ ဒီလောက်လန့်သွားရတာလဲ "
နဂါးကြီးဟာ ကျွန်တော့်အနောက်ဘက်ကို စူးစမ်းသလို
ကြည့်တယ် ။
" ဟို....Min Yoongi...ကျွန်တော့်ဆီလာတာ
ဘာကိစ္စရှိလို့လဲ "
" ကိစ္စရှိမှ လာရမှာလား....."
Min Yoongi ဟာ ပြောရင်းကျွန်တော့်ဆီ
လှမ်းလျှောက်လာတယ် ။
သူ့ခြေလှမ်းတွေနဲ့အညီ ကျွန်တော့် ရင်ခုန်သံဟာ
ကျယ်လောင်နေသလို အနောက်ကစာအုပ်ကိုလဲ
ကြံမိကြံရာ မွေ့ယာအောက် ထိုးထည့်လိုက်တယ် ။
တော်သေးတယ် ကျွန်တော် ရပ်နေတဲ့နေရာက
ကုတင်နားမို့လို့ပေါ့ ။
" Jimin....မင်းနောက်ဘက်က ဘာလဲ "
" ဘာမှမရှိပါဘူး Min Yoongi ရဲ့ "
" ဟုတ်လို့လား...."
မျက်ခုံးတွေကို တွန့်ချိုးထားပုံအရ ကျွန်တော့်စကား
ကိုမယုံဘူးထင်ရဲ့....။
" ဟုတ်တယ်ဆို... "
ပြောရင်းဆိုရင်း ကျွန်တော်ကိုစူးစိုက်ကြည့်နေတဲ့
Min Yoongi လက်မောင်းကိုသွားတွဲပြီး အာရုံလွဲဲပစ်လိုက်တယ် ။
" ဟို.... ကျွန်တော် တောထဲသွားချင်လို့ လိုက်ပို့
ပေးပါလားဟင် "
" မသွားရဘူး jimin! တောထဲက အန္တရာယ်
သိပ်များတယ် "
" လုပ်ပါ Min Yoongi ရယ်....ကျွန်တော်
တောပန်းလေးတွေနဲ့ အမွှေးဆီ လုပ်ချင်လို့ပါ.... "
" မရဘူးဆို မရဘူး jimin! ဟိုတစ်ခါလို
ဖြစ်ရင်ဘယ်လိုလုပ်မလဲ "
" ဟိုတစ်ခါလို မဖြစ်ပါဘူး....Min Yoongi
လဲအားနေတာပဲဟာ..ကျွန်တော်နဲ့အတူတူလိုက်ခဲ့ပေါ့.."
ကျွန်တော့်စကားကိုကြားတော့ နဂါးကြီးတစ်ချက်တွေဝေသွားတယ် ။
ဒါကျွန်တော့်ကို တောထဲသွားခိုင်းသင့်မသင့် စဉ်းစား
တာဖြစ်မယ်ထင်တယ် ။
ကျွန်တော်ပြုံးလိုက်မိတယ်.....
နောက်တစ်ခါ ထပ်တောင်းဆိုရင် နဂါးကြီး
ခွင့်ပြုတော့မှာကျိန်းသေပေါက်ပဲ.....။
" နော်.....Min Yoongi... ကျွန်တော့်ကို
တောထဲလိုက်ပို့ပါနော်လို့.... "
ထိုအခါ....
နဂါးကြီးဟာ ကျွန်တော့်အပြုအမူကို အံ့သြ
ူသလိုကြည့်နေပြန်တယ် ။
လက်မောင်းတွေကို လှုပ်ရမ်းပြီးကျွန်တော်ပြောတော့
နဂါးကြီးရဲ့ မျက်နှာ အနေအထားနည်းနည်းလျော့
လာတယ် ။
ဒါဆို မကြာတော့ဘူး...
ကျွန်တော့်ကိုတောထဲသွားခွင့်ပြုတော့မှာ ။
" လုပ်ပါ....လိုက်ပို့ပါလို့....Min Yoongi
နော်....နော်...."
" အဟမ်း... ဒါဆို...ငါ... ငါပါလိုက်ခဲ့မယ်...
ငါပါလို့ သွားခွင့်ရတယ်မှတ်...တစ်ယောက်တည်းဆို
လုံးဝခွင့်မပြုဘူး.... "
" ဟုတ်ကဲ့ပါ "
လိုချင်တာရသွားတော့ ကျွန်တော့်မျက်နှာကချက်ချင်းကို
ပြုံးဖြီးသွားပြီးအသံကလဲ တက်ကြွသွားတယ် ။
ထိုအခါ.....
နဂါးကြီးဟာ ကျွန်တော့်ကိုမျက်မှောင်ကုပ်ကြည့်တယ်။
" jimin မင်းကလေတစ်ခါ အန္တရာယ် ကြုံထားတာတောင် အမှတ်မထားဘူး... ကဲ လာ...
သွားစရာရှိတာ မြန်မြန်သွားမယ် "
နဂါးကြီးအသံဟာ တင်းမာနေပေမဲ့လို့ တကယ်တမ်း
ုကျွန်တော့်ကို မာန်မဲနေတာမဟုတ်မှန်း ကျွန်တော်
သိတယ်....။
တောထဲ မသွားခိုင်းဘူးဆိုတာကလဲ ကျွန်တော့်ကို
စိုးရိမ်လို့မလား ။
ကျွန်တော် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိပါတယ်လေ။
* ရွှတ် *
" ဟာ ဘာလုပ်တာလဲ Min Yoongi "
နေရင်းထိုင်ရင်း ပါးတစ်ဖက်အနမ်းခံလိုက်ရတာကြောင့်
Min Yoongi ကိုလှမ်းရန်တွေ့လိုက်တယ် ။
Min Yoongi ဟာကျွန်တော့်ကိုကြည့်ပြီးပြုံးစစနဲ့ ။
" ဘာဖြစ်လဲ ငါ့ဘာသာ ငါ့နန်းဆောင်ထဲကငါ့လူကို
ငါကြိုက်သလိုလုပ်တာ "
* ရွှတ် *
" Yahhh....Min Yoongi "
အနမ်းခံလိုက်ရတဲ့ ပါးနှစ်ဖက်ကို အုပ်ကိုင်ပြီး
ပေစောင်းစောင်း ကြည့်လိုက်တော့ နဂါးကြီးဟာ
လက်ကိုနောက်ပစ်ပြီး သူမဟုတ်သလိုမျက်နှာထားနဲ့ ။
" လာလေ ဘာလို့ဒီလောက်နှေးကွေးနေတာလဲ "
ကျွန်တော်ကြောင်ငေးနေတုန်းမှာပဲ သူက အခန်းပြင်
ရောက်သွားပြီ ။
အဲ့တော့ ကျွန်တော်လဲကပျာကယာပြေးလိုက်ရတော့တာ
ပေါ့.....။
" ခနလေးနေပါဦး....Min Yoongi ရယ် ဟူး "
နဂါးကြီးက အကျင့်တစက်မှမကောင်း...။
သူလူမဟုတ်တိုင်း ခြေလှမ်းကျဲတွေနဲ့ ရှေ့က သွားနေတာ....။
နောက်ကလိုက်ရတဲ့ ကျွန်တော့်မှာ မပြေးရုံ
တမယ်ပဲ...။
" ဟမ့်....နှေးလိုက်တာ..... "
စိတ်ပျက်နေတဲ့ မျက်နှာထားနဲ့ နောက်ကိုလှည့်ကြည့်ပြီး
နဂါးကြီးက ပွစိပွစိရေရွတ်တယ် ။
" ရော့....ဒါလေးကိုင်ခဲ့...."
လက်နောက်ပစ်ထားတဲ့ သူ့ဆီကို ပန်းခူးဖို့သယ်လာတဲ့
ခြင်းတောင်းလေး ထိုးပေးလိုက်တော့ နှာခေါင်းရှုံ့တယ်။
" ဒါကဘာလုပ်ဖို့လဲ jimin "
" ပန်းခူးဖို့လေ "
" ဟက်....ရှုပ်ရှုပ်ယှက်ယှက် "
အပြောဆိုးတဲ့ နဂါးကြီးဟာ သယ်မပေးတာလဲမဟုတ်
ဘဲနဲ့ရယ်...။
ဆူပုတ်ပုတ်နဲ့ ခြင်းလေးတစ်ခြင်းကို ဘယ်လိုသယ်ရမလဲဆိုတာ တစ်ယောက်တည်းအခက်တွေ့နေလေရဲ့ ။
တကယ့် ဂဂျီဂကြောင် Min Yoongi ။
" အားး မွှေးလိုက်တာ "
ပန်းတွေကြားထဲရောက်သွားရင်အလိုလို ပျော်မြူး
သွားတဲ့ကျွန်တော်ရယ်....။
ခြင်းတစ်ခြင်းဆွဲပြီး မျက်မှောင်ကုပ်နေတဲ့နဂါးကြီးရယ် ။
ခြင်းကိုလက်မောင်းမှာချိတ်ထားတဲ့
သူ့ပုံစံက အပြာရောင် ဝတ်ရုံနဲ့လိုက်ဖက်စွာ ပြတိုက်
ထက်က ပန်းချီကား တစ်ချပ်လို လှပတယ် ...။
တောပန်းတွေက အရမ်းကိုဆွဲဆောင်လွန်းတော့
အချိန်ကြာတဲ့အထိကို ကျွန်တော်တို့ အများကြီး
လိုက်ခူး နေမိတယ် ။
" မပြီးသေးဘူးလား Jimin! ငါညောင်းနေပြီ "
Min Yoongi ရဲ့မျက်နှာတွေရှုံ့့့တွနေပြီး ပုံစံက
မလှုပ်ချင်လှုပ်ချင်နဲ့ ကျွန်တော်နောက်ကလိုက်နေ
တယ် ။
သနားပါတယ် ဒီလိုဆိုတော့လဲ... ။
ကျွန်တော်တောင် ချွေးထွက်နေပြီကို ။
" Min Yoongi ကျွန်တော့်ကိုအဲ့ခြင်းပေး...
ညောင်းရင်ခန ဟိုမှာသွားထိုင်ပြီး အနားယူနေ...
ကျွန်တော် ပဲဆက်ခူးလိုက်မယ် "
နဂါးကြီးလက်ထဲက ခြင်းကိုလွှဲပြောင်းယူလိုက်တယ် ။
ဒါပေမဲ့ ခြင်းကလက်ထဲပါမလာဘူး ။
မော့ကြည့်တော့ Min Yoongi ရဲ့ အကြည့်စူးစူး
နဲ့ဆုံတယ် ။
" တစ်ယောက်တည်းမလွှတ်ဘူးလို့ ပြောထားတယ်မလား ! လုပ်စရာရှိတာသာအမြန်လုပ်စမ်း "
လေသံကမာနေပေမဲ့ ကျွန်တော်ပြုံးမိတယ် ။
နဂါကြီးက ကျွန်တော့်ကို တကယ်စိတ်မချတာပဲ ။
" ဒါဆို ကျွန်တော်လဲခနနားမယ်...ပြီးကာမှ ဆက်ခူး
ကြမယ် "
ကျွန်တော့်စကားကိုထောက်ခံသလို ခေါင်းညိမ့်တယ် ။
ဒါနဲ့ပဲ အရိပ်ရတဲ့ သစ်ပင်အောက် နှစ်ယောက်လုံး
ဝင်ထိုင်လိုက်ကြတယ် ။
" ပန်းတွေကိုအဲ့လောက်သဘောကျလား Jimin "
" အင်း...သဘောကျတယ် သူတို့ကလှလဲလှ
မွှေးလဲမွှေးတယ်လေ...မြင်လိုက်တာနဲ့တင်လူကို
စိတ်ကြည်နူးစေတယ်...."
" မင်းရောပဲ "
"....."
" မင်းရောပဲ....မြင်လိုက်တာနဲ့ ငါ့စိတ်ကိုကြည်နူး
စေတယ် "
ကျွန်တော် ဘာမှပြန်မပြောနိုင်လောက်အောင်
ဆွံ့အသွားတယ် ။
နဂါးကြီးက ဒီလိုတွေလဲပြောတတ်တာပဲလား ။
ဘေးချင်းကပ်ထိုင်နေရာကနေ သူကတဖြေးဖြေးအနား
တိုးလာတယ် ။
ကျွန်တော် ကြောင်ကြည့်နေမိတယ် ။
မဟုတ်ဘူး အမှန်တို်င်းဝန်ခံရရင် သူဘာလုပ်မလဲ
ဆိုတာကို ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ရင်းပြီး
စောင့်နေမိတာ ။
" ချွေးတွေတောင်ထွက်ကုန်ပြီ "
သူ့ဝတ်ရုံစနဲ့ ကျွန်တော့်နဖူးပြင်ကိုလာသုတ်ပေးတဲ့
Min yoongi ရယ်ပါ ။
ကျွန်တော့် ပါးပြင်တွေ ပူတက်လာတယ် ။
သူနဲ့အနီးကပ်ဆုံးရှိနေသလို ကျွန်တော့်နဖူးတစ်ဝိုက်က
ချွေးတွေကို သေသေချာချာလေး သုတ်ပေးနေတဲ့
သူဟာ သိပ်ကိုကြည့်လို့ကောင်းတယ် ။
အနီးကပ်ကြည့်လေ သူ့စက်ဝန်းက ရုန်းမထွက်နိုင်
လေပဲ ။
" Hwll.....ငါ့ချောမှန်းငါသိလို့ အဲ့လောက်
စိုက်ကြည့်နေစရာ မလိုပါဘူး "
သူခိုးလူမိသွားသလို ကျွန်တော် နားရွက်ဖျားတွေ
ရဲတက်သွားတယ် ။
တဆက်တည်း သူ့ကိုယ်ကိုပါတွန်းထုတ်လိုက်မိတယ် ။
ညစ်ကျယ်ကျယ်အပြုံးနဲ့ နဂါးကြီးဟာ ကျွန်တော့်ကို
စနောက်ရတာ သိပ်သဘောကျပုံပဲ ။
ကျွန်တော်လဲ ရှက်ကိုးရှက်ကန်းနဲ့ သူနဲ့ဝေးရာ
ဖင်ရွေ့ထိုင်လိုက်တယ် ။
" အဲ့တာက ဘာဖြစ်တာလဲ ဒီကိုတိုးစမ်း "
Min Yoongi ဟာ ရယ်ကျဲကျဲနဲ့ အတင်းကို
ကျွန်တော့်လက်မောင်းကနေလာဆွဲပြီး သူ့အနား
ကပ်ထိုင်စေတယ် ။
" ချွေးတွေနဲ့ ပူရတဲ့ကြားထဲ ဝေးဝေးနေစမ်းပါ
Min Yoongi ရာ "
" အမယ်...မင်းကငါ့ကိုဘယ်တုန်းကပြန်ပြောရဲ
သွားတာလဲ "
စိတ်ဆိုးတာလဲမဟုတ်ဘဲ တမင်သက်သက် ကျွန်တော့်
ကိုလိုက်စနေတာ ။
ကျွန်တော်စိတ်ဆိုးပြလေ သူကလိုက်စလေပဲ ။
အဲ့တာကြောင့် သူ့စကားကိုပြန်မပြောဘဲ မျက်နှာ
လွှဲရင်း မသိချင်ယောင်ဆောင်နေလိုက်တယ် ။
" ဘာလဲ....ငါ့ကိုအဖတ်မလုပ်တာလား "
ကျွန်တော်လှည့်မကြည့်ဘူး ။
" ဟော...jimin...ငါ့ကိုတကယ်အဖတ်မလုပ်
တာပဲ "
Min Yoongi ဟာတစ်ခါတစ်ခါ သိပ်ကို
စကားများတယ် ။
" အော်....မင်းကဒီလိုလား ...ဟင်း....ပြီးမှ
ငါ့အဆိုးမဆိုနဲ့နော် "
" Ahh...huhhhh ..ယားတယ်...
Min Yoongi "
ကျွန်တော့် ပါးပြင်တွေကိုလာရောက်ထိတွေ့တဲ့
သူ့နှုတ်ခမ်းတွေ ။
ကျွန်တော်တွန်းထုတ်ပေမဲ့လဲ သူဟာဂရုမစိုက် ။
မရပ်မနားကို လာရောက်ပွတ်သပ်နေလေတယ် ။
" မလုပ်နဲ့ ယားတယ်ဆို...Min Yoonnn
အဲ့တာဘာလုပ် "
ကျွန်တော့်စကားမဆုံးလိုက်ပါ ။
သူဟာကျွန်တော့်ကို မြက်ခင်းပေါ်တွန်းချပြီး
ကျွန်တော့်အပေါ်က အုပ်မိုးလိုက်တယ် ။
သူ့မျက်ဝန်းတွေက ကျွန်တော့်နှုတ်ခမ်းတွေကိုစိုက်
ကြည့်နေသလို ကျွန်တော်လဲ ဘာစကားမှမပြော
နိုင်လောက်အောင်ကို ရင်ထဲမှာဝုန်းဒိုင်းကြဲနေမိတယ် ။
ထိုအခိုက်....
ကျွန်တော်တို့နှစ်ယောက်ကြားထဲ လေပြေအေးလေးက
တိုးကာတိုက်ခိုက်သွားလေတော့ Min Yoongi
ရဲ့အပြာရောင် ဆံနွယ်တွေ ဝေ့ယမ်းသွားတဲ့အခါ....
ကျွန်တော့် အသက်ရှူတွေ မမှန်ချင်တော့ပါ ။
နှစ်ယောက်စလုံး ဘာစကားမှမပြောပဲ ထိုအတိုင်း
လေးပဲ စိုက်ကြည့်နေမိကြတယ် ။
ကျွန်တော့်မျက်ဝန်းတွေကို လာစိုက်ကြည့်တဲ့
သူ့မျက်ဝန်းပြာတွေကြား ကျွန်တော်ညို့ယူခံနေရပြီ ။
အဲ့နောက် တဖြေးဖြေးတိုးကပ်လာတဲ့ သူ့မျက်နှာ ။
နောက်ဆုံး ကျွန်တော့်နဖူးပြင်မှာ သူ့နှုတ်ခမ်းပါးတို့
လာခိုနားတယ် ။
" အရူးလေး.... ငါ့ကိုပြန်ပြောရဲတဲ့ အရူးလေး "
Min Yoongi ဟာသူ့ရဲ့နှုတ်ခမ်းတွေကိုတွန့်ချိုး
ပြီးကျွန်တော့်ကို ကျီစယ်နေတယ် ။
ဘာလို့မှန်းမသိ ကျွန်တော်ကိုယ်တိုင်လဲ
မရုန်းဖဲ အရူးလေးဆိုတဲ့ အခေါ်အဝေါ်ကို
သဘောကျနေမိတယ် ။
ဒါကိုအချစ်လို့ခေါ်သလား?
သူ့ကိုချစ်မိသွားရင် သူဘာလုပ်လုပ် သူဘာပြောပြော
သူဘယ်လိုနေနေ သူ့ကိုမြင်နေရရုံနဲ့တင် သူဆိုတဲ့
ဖြစ်တညိမှုကို အလိုလို သဘောကျနေမိတာ ။
" အဟက်..... ထတော့ Jimin...စိတ်ကူးက
နောက်မှယဉ် မိုးချုပ်ရင် ငါမင်းကိုတစ်ယောက်တည်း
တောထဲမှာထားခဲ့မှာနော် "
Ashii
ကျွန်တော် စိတ်ကို Min Yoongi ကြီး
ခိုးဖတ်ပြန်ပြီထင့် ။
ကျွန်တော့်ကိုယ်ပေါ်က ထပြီး ဘေးနားချထားတဲ့
ခြင်းကိုပြန်ဆွဲကာ ယုတ်မာတဲ့အပြုံးနဲ့ ခနဲ့နေတယ် ။
" အဟမ်း..... အဟမ်း.... "
ကိုယ်ဟန့်ဖို့တဲ့အနေနဲ့ မဆိုးတဲ့ချောင်းကို အတင်း
လုပ်ဆိုးပြီး မြက်ခင်းပြင်က ကုန်းရုန်းထလိုက်တယ် ။
Min Yoongi ကတော့ ကျွန်တော်လုပ်သမျှကို
မျက်တောင်မခတ်တမ်းလိုက်ကြည့်နေတယ် ။
ကျွန်တော်လဲ သူ့ရှေ့ကနေ လျှောက်သွားလိုက်တော့
တယ် ။
နောက်ပါးက ပျံလွင့် လာတဲ့ နဂါးကြီးရဲ့ ခနိုးခနဲ့
ရယ်သံကြီးကတောထဲမှာ ကျယ်လောင်စွာ.......။
နှာခေါင်းရှုံ့ရင်း ခူးစရာရှိတဲ့ပန်းတွေကိုသာ
ဆက်ခူးထည့်နေလိုက်တယ် ။
Min Yoongi ကိုလုံးဝလှည့်မကြည့်တော့ဘူး ။
" ဟင်...ချယ်ရီ လား "
ပန်းခူးနေရင်း ချယ်ရီပင်တွေ့လိုက်ရတာကြောင့် ဝမ်းသာအားရ နီနီရဲရဲချယ်ရီသီးတစ်လုံးကို ပါးစပ်ထဲကောက်
ထည့်လိုက်တယ် ။
အား....ချဉ်လိုက်တာ ။
ကျွန်တော်အကြံတစ်ခုရသွားတယ် ။
" Min Yoongi....အာ "
ပထမတော့ နဂါးကြီးက ကြောင်ကြည့်နေတယ်။
" အာ...... "
အမူအရာနဲ့ ပါးစပ်ဟပြမှ သဘောပေါက်သွားသည်
ထင့် ။
" ကလေးကလားနဲ့ မစားချင်ပါဘူး "
အိုက်တင်ခံနေတဲ့ နဂါးကြီးဟာ နှာခေါင်းရှုံ့ပြီး
မသိချင်ယောင်ဆောင်နေလေရဲ့ ။
" တကယ်မစားဖူးလား...ချိုနေတာပဲကို... "
ဒီဂျစ်ကန်ကန် Min Yoongi ကလေ ကျွန်တော့်
မျက်လုံးထဲတော့ ကလေးဆိုးကြီးတစ်ယောက်လိုပဲ ။
" လက်ညောင်းသွားပြီ စေတနာနဲ့ကို
မစားလဲနေ...."
" စားမယ် ကျွေး "
ဟောကြည့်....အမျိုးမျိုး ။
ကျွန်တော်မျက်စောင်းထိုးလိုက်ပြီး ခွံကျွေးလိုက်တယ် ။
ရှုံ့မဲ့သွားတဲ့ မျက်နှာကြီးကို မြင်ရချည်ရဲ့ဆိုပြီး
ကျွန်တော်စိတ်ထဲကြိတ်ပျော်နေမိတယ် ။
" ချိုလိုက်တာ... jimin...တကယ်စားကောင်း
တယ် "
ကျွန်တော့်မျက်နှာကြီးချက်ချင်းမဲသွားတယ် ။
ဘယ်လိုဖြစ်လို့ တစ်ပင်တည်းက သီးတဲ့အသီးချင်း
အတူတူတောင် ကျွန်တော့်အသီးက ချဉ်ပြီး
သူ့အသီးကချိုနေတာလဲ ။
မကျေနပ်ဘူး ။
ဆူပုတ်ပုတ်နဲ့ပဲ နောက်တလုံးထပ်ခူးစားလိုက်တယ် ။
" ထွီ "
ကျွန်တော်ကျတော့ ချဉ်စုတ်နေပါရောလား....။
ချဉ်လွန်းလို့ ချက်ချင်းကိုပြန်ထွေးထုတ်လိုက်ရတယ် ။
" ဘာလို့လဲ jimin....ချဉ်လို့လား "
နဂါးကြီးက ကျွန်တော့်ကိုကြည့်ပြီး ရယ်တယ် ။
ကျွန်တော့်မျက်နှာကြီး ဆူပုတ်နေပါပြီ ။
" ဟုတ်တယ် ချဉ်စုတ်နေရော... "
"Hahahaha "
နဂါးကြီးဟာ ကျွန်တော့်ကိုကြည့်ပြီး အားရပါးရ
အော်ရယ်နေတယ် ။
" ဘာရယ်တာလဲ... ရယ်စရာပါလို့လား "
" စိတ်ပုတ်တဲ့လူစားရင် ချိုနေတဲ့အသီးတောင်
ချဉ်တယ်ဆိုတာကို တွေးပြီးသဘောကျလို့်ပါကွာ
ဟက်ဟက် "
ကျွန်တော့်မျက်နှာက ပြိုတော့မဲ့မိုးလို ။
Min Yoongi အကွက်ထဲကျွန်တော်လှလှပပကြီး
မိသွားပြန်ပြီ ။
Min Yoongi ကအစွမ်းထက်တဲ့နဂါးတစ်ကောင်
ဆိုတာကို ကျွန်တော်မေ့သွားတယ် ။
" တော်ပြီ.... ကျွန်တော်ပြန်တော့မယ်...
ပန်းတွေလဲမခူးတော့ဘူး...နောက် ဒီတောထဲလဲ
ဘယ်တော့မှမလာတော့ဘူး "
စိတ်ပေါက်ပေါက်နဲ့ Min Yoongi လက်ထဲက
ခြင်းကိုဆွဲယူပြီး လှည့်ထွက်လာခဲ့တယ် ။
Min Yoongi ကတော့ ထုံးစံအတိုင်း လှောင်
ရယ်သံကြီးနဲ့ နောက်ကလိုက်လာလေတယ် ။
" Yahhh Min Yoongi... ဘာလုပ်တာလဲ
ချပေး....ပြုတ်ကျမယ် "
ကျွန်တော့်ခြေထောက်တွေဟာ လေပေါ်မြောက်တက်
သွားပြီး ကျွန်တော့်ကိုယ်လုံးက ရင်ခွင်တစ်ခုထဲ
ရောက်သွားတယ် ။
သေချာပေါက် Min yoongi က ကျွန်တော်ကို
ပွေ့ချီလိုက်တာပါပဲ ။
" ငြိမ်ငြိမ်နေ jimin...ဒီတိုင်းသာလမ်းလျှောက်
ပြန်ရင် မိုးချုပ်မှပြန်ရောက်လိမ့်မယ် "
နဂါကြီးရဲ့ အမိန့်သံအောက်ကျွန်တော့်စိတ်တွေက
တွန်းထုတ်နေပေမဲ့ ဒီအနေအထားနဲ့ခနခနကြုံဖူးနေကျ ကိုယ်ခန္တာက အလိုက်တသိ Min Yoongi
လည်ပင်းတွေကိုတွယ်ခိုထားမိတယ် ။
အလာတုန်းက ဂရုတစိုက်သယ်လာခဲ့တဲ့ ပန်းခြင်းလေး
ကတော့ အခုတော့ အထီးကျန်စွာ တစ်ကိုယ်ထဲ
လေပေါ်ပျံဝဲနေတယ် ။
ကျွန်တော်ကတော့ Min Yoongi ရဲ့ရင်ခွင်ကြား
ထဲခါတိုင်းလို မျက်နှာဝှက်ပြီး သူ့ကိုယ်သင်းနံ့ကို
ရှူရှိုက်ရင်းပေါ့........ ။
" ငါ့ကိုယ်နံ့ကို ခိုးမရှူနဲ့နော် jimin...
ငါယားလာရင် လွှတ်ချပစ်မှာ ဟက် "
" Min Yoongiiii "
💦💦💦💦💦
နောက်ဆုံးစာမျက်နှာကို ဖတ်ပြီးတဲ့အချိန်မှာ
ကျွန်တော့် စိတ်တွေထူပူလာတယ် ။
" အဟင့် အဟင့် "
ထိန်းထားတဲ့ကြားက စူးအောင့်လာတဲ့ ရင်ဘတ်ကြောင့်
ဘယ်လိုမှ မတတ်နိုင်ဘဲ ကျွန်တော်ငိုချမိတော့တယ် ။
" မငိုပါနဲ့ Jimin ရယ်! ဒါကံတရားပဲလေ....
ငါတို့ပြောင်းလဲပစ်လို့မရဘူး....ကံကြမ္မာက သတ်မှတ်
ထားပြီးသား "
Coi သည်လဲ တအင့်အင့်ငိုနေသော jimin ကို
ပွေ့ဖက်ရင်း မျက်ရည်များကျမိသည် ။
ဒီလိုတွေဖြစ်လာဖို့ ဘယ်သူမှမရည်ရွယ်ခဲ့ပါဘဲ
ကံကြမ္မာက သခင်နဲ့ ဒီကောင်လေး
အပေါ် ရက်စက်လွန်းတယ် ။
" ဟင့် Coi....ကျွန်တော့်အတွက် အချိန်
ဘယ်လောက်ကျန်သေးလဲဟင် "
စီးကျနေတဲ့ မျက်ရည်တွေကို ကျွနိတော်မသုတ်မိ။
စီးပါစေလေ.....
" သခင်အချစ်တွေ နက်ရှိုင်းလာလေလေ ...
မင်းအတွက်အချိန်က နည်းလာလေလေပဲ "
1.12.18 💦
မနက်ဖြန် MMA ရှိလို့ ခုထဲကကြို up
သွားပါတယ်လို့ 💜
See you next sat 🙈