💔 VILLAIN 💔 [SEASON~2]

By XingNge

33.1K 2.4K 175

မင်းက ကိုယ့်အပိုင်ပဲ...Byun Hyun.. Park Yeol ဆိုတဲ့ ကိုယ်က အချစ် အတွက် VILLAIN အဖြစ် ပြန်လာရဦးမှာပဲ..... မင်း... More

Intro💔Z+U
Part~2💔Z+U
Part~3💔Z+U
Part~4💔Z+U
Part~5💔Z+U
Part~6💔Z+U
Part~7 [Final Part]💔Z+U

Part~1💔Z+U

4.7K 325 32
By XingNge

(Zawgyi)



ခပ်ရေးရေးပြုံးလိုက်သည့်အခါ ပါးပြင်ထက် ပေါ်လာသော ပါးချိုင့်နက်လေးက သူ၏ ခန့်ညားမှုကို ထပ်မံပြည့်စုံစေသည်





"PaPa...MaMa..."



















°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°














"HwaLay ရောပဲ.."















°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°

(Unicode)

တောင်ကိုရီးယား နိုင်ငံ Seoul မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ...အရပ်ရှည်ရှည် Smart ကျကျ ကောင်လေးတစ်ယောက် ထွက်လာခဲ့သည်

ဆံပင်ကို သပ်ရပ်စွာ ဖီးသင်ထားပြီး လှန်တင်ထားသည် Shirt အဖြူရောင်အား ဂျင်းပင်န်ဖြင့် တွဲဝတ်ထားသော သူ့ပုံစံလေးက လေဆိပ်ရှိ မိန်းကလေးများ၏ အာရုံကို အတော်လေးဖမ်းစားထားနိုင်၏

ခပ်ရေးရေးပြုံးလိုက်သည့်အခါ ပါးပြင်ထက် ပေါ်လာသော ပါးခိျုင့်နက်လေးက သူ၏ ခန့်ညားမှုကို ထပ်မံပြည့်စုံစေသည်

သူ၏နောက်ထပ် ချစ်စရာကောင်းသည့်အချက်လေးက နားရွက်ကားကားလေးတွေပင်...

ဖခင်ဖြစ်သူရော မိခင်ဖြစ်သူဆီမှရော အမွေရသည့်သည့် အရပ်အမောင်းရယ်ကြောင့် သူ့ပုံစံက အတော်လေးကို ခန့်ညားလှသည်

သူကား...'EXO' Group ၏ CEO Park Kris နဲ့ Zi Tao တို့၏ တစ်ဦးတည်းသော သား Park Yeol ပင်....

ညီငယ်ဆုံးပြီး သုံးနှစ်ကြာမှမွေးလာသည့် သား ဖြစ်သူက ညီငယ်ဖြစ်သူ Park Chan Yeol နှင့်တူလွန်းလှသောကြောင့် မိသားစုဝင်အားလုံးက ညီငယ် ဝင်စားသည်ဟု သတ်မှတ်ကာ Park Yeol ဟုပင် နာမည်ပေးခဲ့သည်

"PaPa...MaMa..."

လာကြိုသော ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူအား မြင်လိုက်ရသောအခါ...ပါးချိုင့်လေးများပေါ်အောင် ပြုံးရင်း..ပြေးသွားသော ကောင်လေး ဖြစ်သူက China ရှိ ဦးလေးဖြစ်သူ YiXing ဆီမှ ပြန်လာခဲ့ခြင်းပါ...

မွေးပြီးလေးနှစ်လောက်အထိ စကားမပြောပဲ ပထမဆုံးပြောသောစကားက BaekHyuneee ဆိုသော စကားကြောင့် မိသားစုအားလုံး အံ့သြခဲ့ရသည်..

တစ်စထက်တစ်စ ပြောပြောလာတဲ့စကားတွေက ChanYeol ၏ ပုံစံတွေ သူနဲ့ BaekHyunနာမည်တွေသာများနေခဲ့၍ အတိတ်ဘဝက အဖြစ်ဆိုးတွေကို မေ့ပျောက်စေရန် ငယ်စဉ်ကတည်းက ဦးလေးဖြစ်သူ YiXing တို့ ဇနီးမောင်နှံထံ Kris ပို့ထားခဲ့သည်မှာ အခု ၁၈ ပြည့်ပြီး၍ သားက တက္ကသိုလ် တက်ရမည့်အရွယ်ပင်ဖြစ်နေခဲ့ပြီ

" Agioo...MaMa သားလေးက လူကြီးဖြစ်နေပြီပဲ...ချောလာလိုက်တာ.."

မိခင်ဖြစ်သူ Tao မှ ပွေ့ဖက်ကာ ပြောတော့ Yeol က ရယ်လေသည်

"PaPa နဲ့တူလို့ သား ကချောတာနော်.."

ဖခင်ဖြစ်သူKris က ဝင်နောက်တော့ သားအမိတွေရယ်ကြသည်

"ပြောပါဦး China မှာ ကောင်မလေးတွေ ဘယ်နှစ်ယောက်ရနေပြီလဲ သားငယ်.."

" မရပါဘူး MaMa ရယ် သားက..အချစ်ကိုပဲ ချစ်တာ.."

သူ့စကားဆုံးတော့ PaPa ရော MaMa ရော မျက်နှာအနည်းငယ်ပျက်သွားသည်

"PaPa...သတိရနေတာ... MaMa ကိုရော.."

ဖခင်ဖြစ်သူရော မိခင်ဖြစ်သူကိုရော သိမ်းကြုံးဖက်လိုက်ရင်း တမ်းတစွာပြောလိုက်မိသည်

အစ်ကိုတစ်ဖြစ်လဲ အဖေ တော်သော PaPa က သူ့အားအရင်ကအကြောင်းတွေကို ပြန်သတိမရစေချင်၍ လေးXing ဆီပို့ထားမှန်းသူသိပါသည်

သို့သော် သိတတ်သည့်အချိန်မှ စ၍ Park Chan Yeol ဟူသော အတိတ်အကြောင်းကို သိနေခဲ့၍ သူသည်ယခုအချိန်ထိ Park Chan Yeol အဖြစ်သာ ကိုယ့်ကိုကိုယ်သတ်မှတ်ထားသည်

ကိုယ်ယုံကြည်တယ်..အချစ်...ကိုယ်တို့ကြားက ချစ်ခြင်းတွေ စစ်မှန်လွန်းလို့ ကိုယ်တို့ကို ကံတရားက အခွင့်အရေးထပ်ပေးခဲ့တယ်ဆိုတာ

အချစ်လည်း ကိုယ့်လိုပဲ တစ်နေရာမှာ ကိုယ့်ကိုရှာဖွေနေမယ်မလား....

ကိုယ်တို့ကြားက ချစ်ခြင်းတွေ နဲ့ သစ္စာတရားတွေကြောင့် ကိုယ်တို့သေချာပေါက် ဆုံစည်းရမှာပါ

ကိုယ့်ကို စောင့်နေပါ အချစ်....

°°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°

"Byun Hyun....သား...မနက်စာစားသွားဦးလေ.."

" မစားတော့ဘူး..omma.ရေ NaYoung နဲ့ ချိန့းထားလို့ သားနောက်ကျနေပြီ..သွားပြီ Omma ချစ်တယ်နော်..မွ..Appa ရောပဲ...မွ.."

လွယ်အိတ် တွေရော နားကျပ်တွေရောဖြင့် ရှုပ်ယှတ်ခတ်နေပြီး လှေကားမှပြေးဆင်းလာကာ ထမင်းစားခန်းထဲမှ အဖေဖြစ်သူနဲ့အမေဖြစ်သူကို ချွဲကာ ထွက်သွားသူက

Doctor Byun Chennie နဲ့ 'Han' Group မှ Han Ywel Hwa..တို့၏ တစ်ဦးတည်းသော သားလေး Byun Hyun ပင်..

" သားငယ်တောင် တက္ကသိုလ် တက်ရတော့မယ်..အချိန်တွေက အကုန်မြန်လိုက်တာ.."

ထွက်သွားသော သားဖြစ်အား ကြည့်ရင်း HwaLay ပြောမိတော့ Dae က သက်ပြင်းချ၏...

" ဘာလိုလိုနဲ့ Baek နဲ့ ChanYeol ဆုံးသွားတာ ၂၁ ရှိသွားခဲ့ပြီနော်.."

"အင်း...သားငယ်ကို ခုချိန်ထိ BaekHyun ဝင်စားတယ်လို့ HwaLay တော့လက်မခံနိုင်သေးဘူး...."

" ကိုယ်လည်း လက်မခံချင်ပေမဲ့ သားက Baek နဲ့အရမ်းတူတယ် အကြိုက်တွေ အမူအကျင့်တွေ အကုန်တူတယ်.."

" omm..သားရဲ့ အချစ်ရေးကို HwaLay တို့ ဘာမှ ဝင်မစွက်ဖက်ရအောင်နော် ကို.."

"အင်း..သားကို ဒုတိယ BaekHyun မဖြစ်စေချင်ဘူး.."

"NaYoung လေးနဲ့အဆင်ပြေနေတဲ့ပုံပဲ "

"အင်း...ခုထိတော့အဲ့လိုမြင်တာပဲ ကိုယ်ကတော့ ချွေးမဖြစ်ဖြစ် သားမက်ဖြစ်ဖြစ် သားသဘောကျတယ်ဆို ကန့်ကွက်ဖို့စိတ်ကူးမရှိဘူး.."

"HwaLay ရောပဲ.."

တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်မိကြသည်

ChanYeol နဲ့ Baek Hyun တို့မရှိတော့သည့်နောက်ပိုင်း နှလုံးရောဂါသည် HwaLay ၏ တာဝန်ခံဆရာဝန်အဖြစ် Dae ဖြစ်သွားခဲ့ရာမှ ချစ်ကြိုးသွယ်ရင်း လက်ထပ်ဖြစ်ခဲ့ကြသည်

သားကို မွေးခဲ့စဉ်က Dae ရော HwaLay ရော အရမ်းအံ့သြခဲ့မိတာ

Baek နဲ့အရမ်းကို တူလွန်းလှသည်..

တဖြေးဖြေးအရွယ်ရောက်လာလေ အမူအကျင့်တွေရောရုပ်ရောပိုတူလာလေမို့ Baek ဝင်စားတယ်လို့ Appa တို့သတ်မှတ်ခဲ့ပြီး Byun Hyun ဟုပင် နာမည်ပေးခဲ့တာ..

ခု ၁၈ နှစ်ဖြစ်နေခဲ့သည်အထိတော့ BaekHyun ဘဝကအကြောင်းတစ်ခွန်းမှ မှတ်မိပုံမပေါ်

နာမည်တူမရှား လူတူမရှား ဆိုသည့်စကားကို လက်ခံရတော့မလို

လူဝင်စားသည်ကို လက်ခံရတော့မလိုနဲ့ Dae တို့မိဘတွေက တွေဝေနေဆဲ

ငယ်စဉ်က PaPa တို့အိမ်မှာ Baek ၏ ဓာတ်ပုံမြင်တုန်းကလည်း သားနဲ့လေးလေးက တော်တော်တူတယ်နော် ဆိုသည်ကလွဲ၍ ဘာမှ ထူစခြားမှ မပြ၍ လူဝင်စားဆိုသည်ကို လက်ခံရခက်ခက်ပင်

အရွယ်ရောက်လာတော့လည်း..Na Young ဆိုသည့် ကောင်မလေးနဲ့ပင် တွဲနေလေပြီ.

တစ်ချိန်က Park Chan Yeol ဆိုသည်ကို သူဘာမှမသိ..

သားက တကယ်ပဲ BaekHyun ဝင်စားတာ မဟုတ်ခဲ့ဘူးဆိုရင် Dae ဝမ်းသာမိမှာအသေအချာပင်

ဇာတ်သိမ်းမကောင်းလှသည့် VILLAIN တွေနဲ့ သားကိုမပါတ်သက်စေချင်ဘူး

အဖြစ်ဆိုးတွေက ခြောက်လှန့်တာမျိုး မခံရစေချင်ဘူး....

°°°°°°°°°°°°°°°°°°°♥°°°°°°°°°°°°°°°°°°°°
တိုသွားတယ် ခုကမိတ်ဆက်လေးပေါ့ နောက်အပိုင်းကျ Yeol နဲ့ Hyun နဲ့ဘယ်လိုတွေ့ကြမလဲ 😍

Continue Reading

You'll Also Like

286K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
52.2M 1.6M 63
[#1 Teen Fiction | #1 in Romance] Bad boy Luke Dawson is stuck living with clumsy nobody Millie Ripley for the summer. When she ran over his most p...
26.4K 894 5
Xiao Zhan ❤️ Wang Yibo