ကျောင်းတတ်ချိန်
**************************
Mingyu's pov
"Hyung ! "
"ဘာလဲ Mingyu "
"ချစ်တယ် ။"
"Mingyu yahh! !!! "
"အရမ်းချစ်တယ် "
"………"
"………… "
"WON ! အရမ်းချစ်တယ် "
"Nae Hyung !!!!!!!"
"ကျွီ ……………… "
"ဒုန်းးးးးးးးးး "
*******************************
Unicode
ကျောင်းတတ်ချိန်
ကျောင်းသွားတဲ့လမ်း က အရင်နေ့တွေနဲ့မတူ ချိုမြလွန်းနေတယ် လို့ Mingyu တွေးနေမိတယ် အန်တီ Jeon တို့ ပြန်မလာသေးလို့ Wonwoo တစ်ယောက် Kim မိသားစုအိမ်မှာပဲဆက်နေနေရတာမို့ ကျောင်းသွားတော့လဲ အတူတူ သွားဖို့ဖြစ်လာတယ် ။ Mingyu ပျော်တာထက် ပိုပြီး စိတ်လှုပ်ရှားကြည်နူးမိနေတာ က Jeon Wonwoo ကဘေးနားမှာ အတူတူ လျှောက်လာတာမို့လို့ပဲ ။ Wonwoo ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး သူလမ်းလျှောက်လာတယ်။
ကျောင်းတံခါးဝမှာစကားပြောရင်းစောင့်နေတဲ့ Yerin နဲ့ တခြားသူငယ်ချင်းတွေကိုမြင်တော့ Wonwoo လက်ကအလိုလို ဖြုတ်မိရက်သားဖြစ်သွားတယ် ။ Mingyu စိတ်ထဲဝမ်းနည်းသွားပေမဲ့ ဘာမှမဖြစ်သလိုပဲနေလိုက်ပြီး Wonwoo စိတ်တိုင်းကျဖြစ်ခွင့်ပေးလိုက်မိတယ်။ အတူတူတွဲလျှောက်ရာကနေ ခပ်သွက်သွက် Yerin တို့ဆီ လျှောက်သွားတဲ့ Wonwoo ကို သူငေးစိုက်ကြည့်နေရုံမှအပ ဘာမှမတတ်နိုင်ဘူးလေ ။ သူသိပ်ချစ်မိတာကိုး အရွဲ့တိုက်ချင်စိတ် မခံချင်စိတ်တွေထက် Wonwoo စိတ်ချမ်းသာဖို့ ဆိုတာကိုသူပိုအလေးပေးတတ်လာတယ် ။ Mingyu လဲ သူတို့ကိုအသာအယာပြုံးပြနှုတ်ဆက်ပြီး cafeteria ရှိရာကိုထွက်လာလိုက်တယ် ။ Mingyu မျက်လုံးကိုဖတ်နိုင်တာ Lee Jihoon.
"Wonwoo ! မင်းနဲ့ Mingyu အဆင်ပြေသွားပြီမဟုတ်လား "
"What??? "တညီတညာတည်း ကျန်တဲ့သုံးယောက်အော်မိသွားတယ် ။
"Jihoon yah ! နင်ဘယ်လိုလုပ်သိတာလဲ ????? "
Yerin ရဲ့အမေးစကားကို Jihoon ကအသာအယာပြုံးပြီး ဖြေးဖြေးချင်း ပြန်ပြောလိုက်တာက
"Mingyu မျက်လုံး ထဲမှာ ဒေါသစိတ် ဝမ်းနည်းစိတ် နာကျင်စိတ်အဲ့အရိပ်တွေ တစ်ခုမှမရှိတော့ဘူး ။ အထူးသဖြင့် Wonwoo ကိုစိတ်မချသလိုကြည့်သွားတယ် ။ ငါတို့သိမှာစိုးလို့ Wonwoo က မသိချင်ယောင်ဆောင်တာကိုလဲ သူခွင့်လွှတ်နားလည်ပေးတဲ့ မျက်လုံးတွေကိုဖတ်လိုက်ရတယ် ။ "
"Wooow Wooow Bravo Leejihoon shi!!! တကယ်တွေးတတ်တယ် လုံးဝမိုက်တယ်"
Soonyoung နဲ့ Junhui ကချီးကျူးလိုက်ပေမဲ့ Yerin တစ်ယောက်တွေတွေလေးငေးနေမိတယ် ။ အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုက သူမစိတ်ထဲမှာရောက်နေပြန်တယ်။ Wonwoo ကိုစိတ်ချမ်းသာစေချင်တယ်။ Wonwoo က သူမကိုမလိုလားတော့မှာလဲကြောက်တယ် အရှင်းဆုံးပြောရရင် Jeon Wonwoo ရဲ့ ဘဝမှာ သူမထက် ပိုပြီး သံယောဇဉ်တွယ်ရမဲ့လူ မရှိစေချင်ဘူး ။ သူမအတ္တနဲ့ ချစ်ခြင်းတရားလွန်ဆွဲနေတာကိုသိပေမဲ့ ထိန်းချုပ်ဖို့ခက်နေပြန်တယ်။
"မဟုတ်ပါဘူး ။ ငါက အခုလောလောဆယ် သူ့အိမ်မှာနေတာ ။ မေမေတို့ပြန်လာမှအိမ်ပြန်ရမှာမို့ သူနဲ့ အဆင်ပြေနေတာပါ "
အမှန်တိုင်းဝန်မခံချင်တာကြောင့် Wonwoo ရှက်ရှက်နဲ့ ငြင်းလိုက်တယ် ။ စိတ်ထဲမှာ Mingyuကိုအားနာမိပေမဲ့ သူအမှန်တိုင်းဖွင့်ပြောဖို့ ခက်ခဲနေပြန်တယ် ။
Canteen ကိုရောက်တော့ Pinky ရဲ့ဘေးမှာစိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတဲ့ Mingyuကို တွေ့လိုက်ရတယ် ။ မတတ်သာလို့ စိတ်တင်းပြီးနေနေရတယ်ဆိုတာ Mingyu ရဲ့မျက်နှာမှာအထင်းသားပေါ်နေတယ် ။ လူများလာပြီဆိုတာနဲ့ အကဲပိုတတ်တဲ့ထိုမိန်းကလေးရဲ့ အပြုအမူတွေကြောင့် Mingyu ကိုပိုပြီးစိတ်ဆင်းရဲစေပြန်တယ် ။ Wonwoo လဲသက်ပြင်းချပြီး Canteen ကိုမဝင်ပဲ ပြန်လှည့်ထွက်ပြီး အတန်းဘက်ကိုတစိုက်မတ်မတ်လျှောက်ထွက်လာခဲ့တယ် ။
**************************
အိမ်ပြန်ချိန်တွေအတူလျှောက်လည်
Mingyu's pov
ကျောင်းဆင်းချိန် ရောက်တာနဲ့ Wonwoo ရဲ့ အရိပ်လေးကို ရှာဖွေပြီးတဲ့နောက် အတူတူယှဉ်လျှောက်ပြီး ထွက်လာမိတယ် ။ နေရောင်ခြည်ထိုးလို့ ကျနေတဲ့အရိပ်ကလေးကတောင်ဆွဲဆောင်နိုင်တဲ့ သူချစ်ရတဲ့ သူ့ hyung ကို Mingyu ငေးစိုက်ကြည့်နေရင်း ချစ်ခြင်းတွေတိုးပွားလာာ သူသိနေတယ်။
"Hyung ! "
"ဘာလဲ Mingyu "
"ချစ်တယ် ။"
"Mingyu yahh! !!! "
"အရမ်းချစ်တယ် "
"………"
"ဘဝတစ်ခုလုံးထက်ပိုချစ်တယ် "
"………… "
"WON ! အရမ်းချစ်တယ် "
ဘာမှပြန်မပြောပဲ ပါးပြင်တွေနီလာတဲ့အထိအရှက်ကြီး ရှက်နေတဲ့ သူချစ်ရတဲ့ Wonwoo ကိုပြုံးပြီး ငေးစိုက်ကြည့်နေရတဲ့ ကြည်နူးမှုကို သူဘာနဲ့မှမလဲနိုင်ဘူး။
"Mingyu yah ! လျှောက်လည်ကြမယ်"
"Nae Hyung !!!!!!!"
Jeon Wonwoo ရဲ့လက်ကို ခိုင်ခိုင်တွဲရင်း လူတွေကြားထဲကနေဖြတ်ပြေး ပြီး သူတို့ ရဲ့ပျော်စရာအချိန်တွေကို ကုန်ဆုံးစေခဲ့တယ်။ Wonwoo ရဲ့ရယ်သံဟာ နားထဲမှာဆည်းလည်းသံလို ပဲဲ ။ အဲ့အသံတွေကို အချိန်ပြည့်ကြားနေချင်မိတယ် ။ Wonwoo Hyung ကိုစလိုက် ပြေးလိုက် လုပ်လို့စိတ်ဆိူးပြီးထွက်သွားတာလေးကို သူ အူယားနေမိတယ် ။ Wonoo အရှိန်မထိန်းနိုငိပဲလမ်းပေါ်အရောက် ကားတစ်စီးနဲ့အရှိန် ပြင်းပြင်းနဲ့ ဝင်လာတော့ သူချစ်တဲ့ သူထိခိုက်နာကျင်မှာစိုးလို့ အတင်းဝင်တွန်းထုတ်ပြီးသူရှောင်လိုက်ချိန်
"ကျွီ ……………… "
"ဒုန်းးးးးးးးးး "
ပြင်းထန်တဲ့နာကျင်မှုတစ်ခုက သူ့ကိုထိခိုက်မိပြီး မြေပြင်ပေါ်လဲအကျ Wonwoo တစ်ယောက်အန္တရာယ် ကင်းပြီး သူ့ကိုကြောင်ကြည့်နေတာကြောင့် သူစိတ်ချလိုက်ပြီး လောကကြီးနဲ့ခေတ္တခန အတက်အသွယ်ပျက်သွားးးးးး ခဲ့…………………………………………………………………………
*******************************
Au : Hey !I'm back ! So? Mingyu ကိုအသက်ဆက်ရှင်ပေးရမလား ?