ႏွလံုးသားႏွင့္ဦးေႏွာက္တို႔၏ လြန္ဆြဲပြဲ....
သူမကိုင္လိုက္သင့္သလား..........
အေၾကာင္းအရာမ်ိဳးစံုကို အခ်ိန္ခဏေလးအတြင္း ေတာ္ေတာ္ေလးႏွံ႕စပ္ေအာင္စဥ္းစားလိုက္ရသည္ ။ ေနာက္ဆံုးထြက္လာေသာ အေျဖက သူမသည္ အျပစ္မဲ့ေသာကေလးငယ္ ပတၱျမားဆက္အား လစ္လ်ဴမ႐ွဳႏိုင္ပါ ။
ဖုန္းျမည္သံေလးဆံုးခါနီးက်မွ သူမကိုင္လိုက္ႏိုင္သည္ ။
" ဟဲလို... ''
" ဟဲလို... ဒါ ခ်မ္းျမျမကိုရဲ႕ဖုန္းလားမသိဘူး...''
သူမစိတ္ထင္ေနလို႔ဘဲလားမသိ ။ ဖုန္းထဲတြင္ၾကားရေသာ သူမ၏အသံစူးစူးေလးက အနည္းငယ္တုန္ရီေနသေယာင္ ။
" ဟုတ္ပါတယ္... ခ်မ္းျမျမကိုပါ... ''
" ခ်မ္း... ဆက္ပါ... ပတၱျမားဆက္ပါခ်မ္း... ''
" ငါတို႔ေျပာစရာမ႐ွိဘူးထင္တယ္ ဆက္.. ညေနကအၿပီးေျပာၿပီးသားေလ... ''
" ဒါေပမယ့္ အေၾကာင္းျပခ်က္ေလးေတာ့ေပးသင့္တယ္ ခ်မ္း...ဆက္ကဘာမွမသိဘဲ ဒီတိုင္းႀကီးသာၿငိမ္ေနရရင္ ဒီစိတ္နဲ႔႐ူးႏိုင္တယ္... ''
" ႐ူးရေလာက္သည္ထိ ငါကအေရးမပါဘူး ပတၱျမားဆက္... ေနာက္ထပ္မဆက္ပါနဲ႔ေတာ့... တစ္ခုဘဲေျပာမယ္ဆက္... ပတ္ဝန္းက်င္မွာ အစစ္ေတြေရာ ၊ အတုေတြေရာ အမ်ားႀကီး႐ွိတယ္... တခ်ိဳ႕အတုေတြက အစစ္ထက္ပိုေကာင္းတာ႐ွိမယ္... ဒါေပမယ့္ ႏွစ္ခုလံုးကိုတန္ဖိုးထားပါ ဆက္... ႐ွိသမွၽလူအကုန္လံုးက ဆက္အတြက္အသက္႐ွင္ေနၾကတာခ်ည္းဘဲ... ''
" ဘာေတြေျပာေနတာလဲ ခ်မ္း... ေျပာမယ္ဆိုလဲနားလည္ေအာင္ေျပာဟာ... ငါၾကားထဲကေန ႐ူးေတာ့မယ္လို႔... ''
" ဖုန္းခ်လိုက္ေတာ့မယ္... ေနာက္ေတာ့ ငါေျပာသမွၽကို နားလည္လာမွာပါ ဆက္... ''
" ဟာကြာ... ေနဦး........
ေျပာေနရင္းပင္ ဖုန္းကက်သြားသည္ ။ ဆက္ စိတ္ညစ္ညစ္ျဖင့္ ဆံပင္ေတြကိုဆြဲဖြမိသည္ ။ ဘာလို႔ သူတစ္ေယာက္ဘဲဘာကိုမွမသိရတာလဲ ။ ဘာလို႔ လူရာမဝင္သလိုခံစားေနရတာလဲ ။ ဝမ္းနည္းတာထက္ စိတ္မြန္းက်ပ္မႈက ပိုေနသည္ ။
ႊနွစ္ေယာက္လံုး အသက္ ၇၀ ေက်ာ္ေနၿပီျဖစ္ေသာ အဘိုးႏွင့္အဘြားကိုလည္း အပူကပ္၍မေမးခ်င္ ။
ဒီအသက္အရြယ္ကိုေရာက္လွၽင္ေတာ့ ေအးခ်မ္းသင့္ၿပီထင္သည္ ။ ေမေမ့ကိုေမးလွၽင္လည္း ဘာတစ္ခုမွသိရမွာမဟုတ္ ။ သူမစိတ္ဆင္းရဲရမည့္အေၾကာင္းမ်ားျဖစ္ေနလွၽင္ ပိုၿပီးေတာ့ေတာင္ေျပာမွာမဟုတ္ေပ ။
ဘာေတြဘယ္လိုပင္ျဖစ္ေနေစကာမူ ေမေမသည္သူမကိုခ်စ္၏ ။ သူမထိခိုက္မည့္အရာဆို ဘာကိုမွထပ္မလုပ္ေတာ့ ။ ေဖေဖဆံုးၿပီးကတည္းက ဟိုလူႀကီးႏွင့္အဆက္အသြယ္ခ်က္ခ်င္းျဖတ္ပစ္ကာ ဆက္အတြက္သာ ႐ွင္သန္ခဲ့၏ ။ ဒီအရာေတြကို ေထာက္ျခင္းအားျဖင့္ ဆက္ေမေမ့ကို နာၾကည္းမေနဘဲ သားအမိႏွစ္ေယာက္ စည္းစည္းလံုးလံုးေနသင့္သည္မွာ မွန္ေသာ္လည္း အခုေတာ့ ဆက္တို႔ႏွစ္ေယာက္က သူတစ္လူငါတစ္မင္း ျဖစ္ေနၾကသည္ ။
ဒီအခ်ိန္ ဆက္ေဘးမွာ... ေဖေဖသာ႐ွိရင္....
ေဖေဖသာ႐ွိရင္....
ဆက္ကုတင္ေဘးမွာတင္ထားေသာ ေဖေဖ့ဓာတ္ပံုေလးကို ယူၾကည့္လိုက္သည္ ။ မ်က္လံုး ၊ ႏွာေခါင္း ၊ ႏႈတ္ခမ္း... အားလံုးအလြတ္ရေနၿပီးျဖစ္ေသာ္လည္း တစ္ခုခ်င္းစီကို ထပ္မံမွတ္သားေနမိသည္ ။ မ်က္ႏွာအစိတ္အပိုင္းတစ္ခုခ်င္းစီကို လက္ေခ်ာင္းေလးမ်ားျဖင့္ ခပ္ဖြဖြတို႔ထိေနရင္း အရင္က ေဖေဖ၏အျပံဳးေတြကိုျပန္ျမင္ေယာင္မိသည္ ။
ေဖေဖသည္ သိပ္ကိုေပ်ာ္တတ္ေသာလူသားတစ္ေယာက္ျဖစ္ခဲ့၏ ။ အလုပ္ခြင္က သူငယ္ခ်င္းအားလံုးၾကားတြင္လည္း ဆက္ဆံေရးအဆင္ေျပသည္ဟူေသာ စကားမ်ားကိုပိုင္ဆိုင္ရခဲ့၏ ။ ထို႔ျပင္ မိသားစုကိုလည္း သိပ္ခ်စ္သည္ ။ တစ္ဦးထဲေသာသမီး ဆက္အေပၚ စည္းကမ္းႀကီးခဲ့ေသာ္လည္း ငံုထားမတတ္ခ်စ္ခဲ့သည္ကို ဆက္သိသည္ ။
ေဖေဖ၏အသံေတြ... အေျပာအဆို... အမူအရာ... အရယ္အျပံဳးေတြကိုျပန္ျမင္ေယာင္မိေတာ့... ရင္ဘတ္ထဲမွာ ေအာင့္တက္လာကာ မ်က္ရည္တို႔က မဖိတ္ေခၚဘဲေရာက္႐ွိလာျပန္သည္ ။
ေဖေဖ့ဓာတ္ပံုေလးကို ရင္ဘတ္ထဲမွာပိုက္ရင္း ဆက္တ႐ွံဳ႕႐ွံဳ႕ငိုေႂကြးေနမိသည္ ။ တုန္ရီေနေသာ ခႏၶာကိုယ္ေလးက ဆက္ဘယ္ေလာက္ေတာင္ ဝမ္းနည္းေနလဲသိသာေစ၏ ။
ဆက္သိပ္လြမ္းတယ္ေဖေဖ...ဆက္နားမွာ ေဖေဖသာ႐ွိေနေပးရင္... ဒီလိုအေျခအေနေတြျဖစ္လာမွာမဟုတ္ဘူးထင္တယ္... ဆက္ ဒီထက္ပိုၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနလို႔ ရခဲ့မယ္ထင္တယ္...
သိပ္ကိုလြမ္းပါတယ္ေဖေဖရယ္....
🌺🌺
ခ်မ္းဖုန္းခ်ၿပီးကတည္းက ငူငိုင္ၿပီးထိုင္ေနမိသည္ ။
ဆက္သိထားေသာ တစ္ခ်ိဳ႕ေသာအမွန္တရားေတြက ဆက္အတြက္ သိပ္ကိုရက္စက္ေနမည္ထင္သည္ ။
ထိုအမွန္တရားအားလံုးကလည္း သူမသိပ္ခ်စ္သည္ဟုဆိုေသာ သူမ၏ဖခင္ထံမွအရင္းတည္လာသည္ဆိုလွႇၽင္....
ခ်မ္းအာရံုေတြက သူမတို႔နယ္ၿမိဳ႕ေလးဆီကို ေျပာင္းခဲ့ေသာအခ်ိန္ကာလတစ္ခုကို ျပန္သတိရလာသည္ ။
ထိုအခ်ိန္က ခ်မ္းတို႔အိမ္ကထြက္လာၿပီး လမ္းထိပ္တြင္ေဖေဖက ေရဘူးႏွင့္မုန္႔မ်ားဆင္းဝယ္ေနစဥ္ ေဆးရံုကားတစ္စီး တရၾကမ္းေမာင္းသြားသည္ကို ေတြ႔လိုက္ရသည္ ။
ေနာက္က ဆက္တို႔အိမ္ကကားေလးလဲ လိုက္သြားသည္ကိုေတြ႔ရေသာေၾကာင့္ ခ်မ္းစိတ္ထဲထင့့္သြားမိသည္ ။ နာေရးျဖစ္ေနေသာအိမ္သည္ ကားျဖင့္အေရးတႀကီးသြားရမည့္ေနရာ မ႐ွိဟုထင္သည္ ။
ေမေမ့ကိုေျပာျပေတာ့ ေမေမက ဆက္တို႔အိမ္ကိုဖုန္းဆက္သည္ ။ သိလိုက္ရေသာအေၾကာင္းအရာက ဆက္ suiside လုပ္သလိုလိုႏွင့္ ေသြးထြက္လြန္ၿပီးေမ့လဲသြားေသာေၾကာင့္ ေဆးရံုပို႔ရသည္တဲ့ ။
ဆက္ကို ခ်စ္ခင္ရင္းစြဲ႐ွိေသာ ခ်မ္းတို႔မိသားစုသည္ ေဆးရံုႀကီးကိုခ်က္ခ်င္းလိုက္သြားခဲ့သည္ ။ သို႔ေသာ္ ေရာက္ေရာက္ခ်င္း ပြက္ေလာ႐ိုက္ေနသည္က ဆက္အတြက္ ေသြးအလံုအေလာက္မ႐ွိဟုဆိုသည္ ။
" ေဖေဖလည္း B ေသြး... ေမေမလည္း B ေသြးဆိုေတာ့ ဆက္လည္း Bပါဘဲ... ေသခ်ာပါတယ္...
ေသြးေဖာက္စစ္ေနရင္နာဦးမွာ... '' ဟု ဆက္က ရယ္က်ဲက်ဲျဖင့္ ခဏခဏေျပာေလ့႐ွိခဲ့သည္ ။
သို႔ေသာ္ အခု... သူမအေမတစ္ေယာက္လံုး ေဘးမွာ႐ွိရက္နဲ႔ ေသြးမတူလို႔ ေသြး႐ွာေနတယ္ဟူေသာ အသံေတြၾကားေနရသည္ ။
ခ်မ္းအပါအဝင္ ေဖေဖႏွင့္ေမေမလည္း ေသြးလွဴ၍ရႏိုင္ေစရန္ စစ္ေဆးခဲ့ၾကသည္ ။ သို႔ေသာ္ တစ္ေယာက္မွမတူ...။ O ေသြးပိုင္႐ွင္ ဆက္အတြက္ ေသြးက ႐ွားပါးေနခဲ့သည္ ။
ေဖေဖႏွင့္ေမေမက ဆက္တို႔မိသားစုကို အားေပးစကားေျပာၾကားေနေသာ္လည္း ခ်မ္းေခါင္းထဲမွာ အေတြးေတြခ်ာခ်ာလည္ေနသည္ ။
ဆက္ေဖေဖေဆးရံုတက္ေနတုန္းက လူနာမွတ္တမ္းကိုသူမၾကည့္ဖူးသည္ ။ B ေသြးဟုအတိအက် ေရးထားသည္သာ...
ဒါဆိုရင္ ျဖစ္ႏိုင္တာက...
ဆက္သည္ သူမဖခင္၏ သမီးအရင္းမဟုတ္ႏိုင္ ။
သူမတို႔မေမြးဖြားမီကာလတြင္ လူႀကီးေတြဘယ္လို႐ႈပ္ခဲ့ၾကသနည္း ။
ခ်မ္း ေဆးရံုကသာ ျပန္လာခဲ့ေသာ္လည္း စိတ္ေတြကေတာ့႐ႈပ္ေထြးဆဲပင္... ။
ဆက္သာ သတိရလာရင္....
သူမႏွင့္ စကားဆက္မိလွၽင္...
ေဆးရံုကအေၾကာင္းအရာေတြကို ေမးလွၽင္ မည္သို႔ေျဖရမည္နည္း ။
အမွန္အတိုင္းေျဖလွၽင္လည္း သူမ၏ကေလးငယ္ ဆက္သည္ သူမသိပ္ခ်စ္ေသာလူသားတစ္ေယာက္အတြက္ ခံစားသြားရေတာ့မည္မွာမလြဲ ။ ထို႔ျပင္ ဖခင္အရင္းကို႐ွာမည္ဆိုပါကလည္း မလိုလားအပ္သည့္ ေနာက္ဆက္တြဲျပႆနာမ်ားစြာကေပၚေပါက္လာမည္ျဖစ္သည္ ။
သူမဆံုးျဖတ္ခ်က္တစ္ခုခ်လိုက္သည္...။
ဆက္၏ ဘဝအတြက္သူမ ဆက္ကိုမသိခ်င္ေယာင္ေဆာင္ေနရေတာ့မည္ ။
သို႔ေသာ္ အခုခ်ိန္တြင္ေတာ့ ႏွလံုးသားသည္ ဦးေႏွာက္၏ေစခိုင္းမႈအတုိုင္း... ေကာင္းစြာအလုပ္မလုပ္ပါေခ်....။
ခ်မ္းပင့္သက္တစ္႐ိႈက္ကို ေလးပင္စြာခ်လိုက္မိသည္ ။
နာရီေလးကိုလွမ္းၾကည့္မိေတာ့ ညဆယ့္တစ္နာရီပင္ခြဲေလၿပီ ။
စာၾကည့္လည္း မရေတာ့မည့္အတူတူ... သူမအိပ္ရာဝင္ခဲ့သည္ ။ သို႔ေသာ္ ဖုန္းသံကမည္လာျပန္သည္ ။
ဆက္ထံမွ အဝင္ဖုန္း...
ဒီအခ်ိန္ႀကီးကိုဘာမ်ားျဖစ္သလဲ ဟူေသာစိုးရိမ္စိတ္ကအရင္ဝင္၏ ။ သူမ အလ်င္အျမန္ပင္ ဖုန္းကိုကိုင္လိုက္မိသည္ ။
" ဟဲလို.... ''
'' ခ်မ္း..... ငါ့ကိုေဖေဖ့လိုမ်ိဳး ထပ္ၿပီးထားမသြားပါနဲ႔..... ငါေတာင္းပန္ပါတယ္ခ်မ္းရယ္.......နင္ကပါထားသြားရင္ ငါတကယ္အသက္႐ွင္ႏိုင္မွာမဟုတ္ဘူး... ထပ္ၿပီးေတာ့ မေတြ႔ဘဲေနမယ္ဆိုတဲ့စကားႀကီးကို မေျပာပါနဲ႔ဟာ.... ေတာင္းပန္ပါတယ္ခ်မ္းရယ္... ''
ေျပာၿပီးတာႏွင့္ ဖုန္းခ်သြားသည္ ။ ဆက္အသံက ငိုေနမွန္းသိသာသည္ ။ ဘာေတြျဖစ္ေနတာလဲကေလးရယ္....။
စိတ္ပူလြန္းလို႔႐ူးေတာ့မယ္.... ။ စိတ္႐ွိတိုင္းသာဆိုလွၽင္ ခ်မ္းသူမကို ဖက္ထားေပးခ်င္သည္.။ မ်က္ရည္ေတြသုတ္ေပးခ်င္သည္ ။ ႏွစ္သိမ့္ေပးခ်င္၏ ။ သို႔ေသာ္... မျဖစ္ႏိုင္ေသာအခါ.... ။
ဖခင္ကို သိပ္ခ်စ္ေသာကေလးတစ္ေယာက္သည္ ဖခင္ေၾကာင့္ခံစားရမည္ကို သိ႐ွိေနေသာအခါ.....။
ထိုညသည္ သူမတို႔ႏွစ္ေယာက္လံုးအတြက္...
မ်က္ရည္မ်ားႏွင့္အိပ္စက္ရေသာ ညျဖစ္ခဲ့ရသည္။
နှလုံးသားနှင့်ဦးနှောက်တို့၏ လွန်ဆွဲပွဲ....
သူမကိုင်လိုက်သင့်သလား..........
အကြောင်းအရာမျိုးစုံကို အချိန်ခဏလေးအတွင်း တော်တော်လေးနှံ့စပ်အောင်စဉ်းစားလိုက်ရသည် ။ နောက်ဆုံးထွက်လာသော အဖြေက သူမသည် အပြစ်မဲ့သောကလေးငယ် ပတ္တမြားဆက်အား လစ်လျူမရှုနိုင်ပါ ။
ဖုန်းမြည်သံလေးဆုံးခါနီးကျမှ သူမကိုင်လိုက်နိုင်သည် ။
" ဟဲလို... ''
" ဟဲလို... ဒါ ချမ်းမြမြကိုရဲ့ဖုန်းလားမသိဘူး...''
သူမစိတ်ထင်နေလို့ဘဲလားမသိ ။ ဖုန်းထဲတွင်ကြားရသော သူမ၏အသံစူးစူးလေးက အနည်းငယ်တုန်ရီနေသယောင် ။
" ဟုတ်ပါတယ်... ချမ်းမြမြကိုပါ... ''
" ချမ်း... ဆက်ပါ... ပတ္တမြားဆက်ပါချမ်း... ''
" ငါတို့ပြောစရာမရှိဘူးထင်တယ် ဆက်.. ညနေကအပြီးပြောပြီးသားလေ... ''
" ဒါပေမယ့် အကြောင်းပြချက်လေးတော့ပေးသင့်တယ် ချမ်း...ဆက်ကဘာမှမသိဘဲ ဒီတိုင်းကြီးသာငြိမ်နေရရင် ဒီစိတ်နဲ့ရူးနိုင်တယ်... ''
" ရူးရလောက်သည်ထိ ငါကအရေးမပါဘူး ပတ္တမြားဆက်... နောက်ထပ်မဆက်ပါနဲ့တော့... တစ်ခုဘဲပြောမယ်ဆက်... ပတ်ဝန်းကျင်မှာ အစစ်တွေရော ၊ အတုတွေရော အများကြီးရှိတယ်... တချို့အတုတွေက အစစ်ထက်ပိုကောင်းတာရှိမယ်... ဒါပေမယ့် နှစ်ခုလုံးကိုတန်ဖိုးထားပါ ဆက်... ရှိသမျှလူအကုန်လုံးက ဆက်အတွက်အသက်ရှင်နေကြတာချည်းဘဲ... ''
" ဘာတွေပြောနေတာလဲ ချမ်း... ပြောမယ်ဆိုလဲနားလည်အောင်ပြောဟာ... ငါကြားထဲကနေ ရူးတော့မယ်လို့... ''
" ဖုန်းချလိုက်တော့မယ်... နောက်တော့ ငါပြောသမျှကို နားလည်လာမှာပါ ဆက်... ''
" ဟာကွာ... နေဦး........
ပြောနေရင်းပင် ဖုန်းကကျသွားသည် ။ ဆက် စိတ်ညစ်ညစ်ဖြင့် ဆံပင်တွေကိုဆွဲဖွမိသည် ။ ဘာလို့ သူတစ်ယောက်ဘဲဘာကိုမှမသိရတာလဲ ။ ဘာလို့ လူရာမဝင်သလိုခံစားနေရတာလဲ ။ ဝမ်းနည်းတာထက် စိတ်မွန်းကျပ်မှုက ပိုနေသည် ။
ွှနှစ်ယောက်လုံး အသက် ၇၀ ကျော်နေပြီဖြစ်သော အဘိုးနှင့်အဘွားကိုလည်း အပူကပ်၍မမေးချင် ။
ဒီအသက်အရွယ်ကိုရောက်လျှင်တော့ အေးချမ်းသင့်ပြီထင်သည် ။ မေမေ့ကိုမေးလျှင်လည်း ဘာတစ်ခုမှသိရမှာမဟုတ် ။ သူမစိတ်ဆင်းရဲရမည့်အကြောင်းများဖြစ်နေလျှင် ပိုပြီးတော့တောင်ပြောမှာမဟုတ်ပေ ။
ဘာတွေဘယ်လိုပင်ဖြစ်နေစေကာမူ မေမေသည်သူမကိုချစ်၏ ။ သူမထိခိုက်မည့်အရာဆို ဘာကိုမှထပ်မလုပ်တော့ ။ ဖေဖေဆုံးပြီးကတည်းက ဟိုလူကြီးနှင့်အဆက်အသွယ်ချက်ချင်းဖြတ်ပစ်ကာ ဆက်အတွက်သာ ရှင်သန်ခဲ့၏ ။ ဒီအရာတွေကို ထောက်ခြင်းအားဖြင့် ဆက်မေမေ့ကို နာကြည်းမနေဘဲ သားအမိနှစ်ယောက် စည်းစည်းလုံးလုံးနေသင့်သည်မှာ မှန်သော်လည်း အခုတော့ ဆက်တို့နှစ်ယောက်က သူတစ်လူငါတစ်မင်း ဖြစ်နေကြသည် ။
ဒီအချိန် ဆက်ဘေးမှာ... ဖေဖေသာရှိရင်....
ဖေဖေသာရှိရင်....
ဆက်ကုတင်ဘေးမှာတင်ထားသော ဖေဖေ့ဓာတ်ပုံလေးကို ယူကြည့်လိုက်သည် ။ မျက်လုံး ၊ နှာခေါင်း ၊ နှုတ်ခမ်း... အားလုံးအလွတ်ရနေပြီးဖြစ်သော်လည်း တစ်ခုချင်းစီကို ထပ်မံမှတ်သားနေမိသည် ။ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို လက်ချောင်းလေးများဖြင့် ခပ်ဖွဖွတို့ထိနေရင်း အရင်က ဖေဖေ၏အပြုံးတွေကိုပြန်မြင်ယောင်မိသည် ။
ဖေဖေသည် သိပ်ကိုပျော်တတ်သောလူသားတစ်ယောက်ဖြစ်ခဲ့၏ ။ အလုပ်ခွင်က သူငယ်ချင်းအားလုံးကြားတွင်လည်း ဆက်ဆံရေးအဆင်ပြေသည်ဟူသော စကားများကိုပိုင်ဆိုင်ရခဲ့၏ ။ ထို့ပြင် မိသားစုကိုလည်း သိပ်ချစ်သည် ။ တစ်ဦးထဲသောသမီး ဆက်အပေါ် စည်းကမ်းကြီးခဲ့သော်လည်း ငုံထားမတတ်ချစ်ခဲ့သည်ကို ဆက်သိသည် ။
ဖေဖေ၏အသံတွေ... အပြောအဆို... အမူအရာ... အရယ်အပြုံးတွေကိုပြန်မြင်ယောင်မိတော့... ရင်ဘတ်ထဲမှာ အောင့်တက်လာကာ မျက်ရည်တို့က မဖိတ်ခေါ်ဘဲရောက်ရှိလာပြန်သည် ။
ဖေဖေ့ဓာတ်ပုံလေးကို ရင်ဘတ်ထဲမှာပိုက်ရင်း ဆက်တရှုံ့ရှုံ့ငိုကြွေးနေမိသည် ။ တုန်ရီနေသော ခန္ဓာကိုယ်လေးက ဆက်ဘယ်လောက်တောင် ဝမ်းနည်းနေလဲသိသာစေ၏ ။
ဆက်သိပ်လွမ်းတယ်ဖေဖေ...ဆက်နားမှာ ဖေဖေသာရှိနေပေးရင်... ဒီလိုအခြေအနေတွေဖြစ်လာမှာမဟုတ်ဘူးထင်တယ်... ဆက် ဒီထက်ပိုပြီး ပျော်ပျော်ရွှင်ရွှင်နေလို့ ရခဲ့မယ်ထင်တယ်...
သိပ်ကိုလွမ်းပါတယ်ဖေဖေရယ်....
🌺🌺
ချမ်းဖုန်းချပြီးကတည်းက ငူငိုင်ပြီးထိုင်နေမိသည် ။
ဆက်သိထားသော တစ်ချို့သောအမှန်တရားတွေက ဆက်အတွက် သိပ်ကိုရက်စက်နေမည်ထင်သည် ။
ထိုအမှန်တရားအားလုံးကလည်း သူမသိပ်ချစ်သည်ဟုဆိုသော သူမ၏ဖခင်ထံမှအရင်းတည်လာသည်ဆိုလှျှင်....
ချမ်းအာရုံတွေက သူမတို့နယ်မြို့လေးဆီကို ပြောင်းခဲ့သောအချိန်ကာလတစ်ခုကို ပြန်သတိရလာသည် ။
ထိုအချိန်က ချမ်းတို့အိမ်ကထွက်လာပြီး လမ်းထိပ်တွင်ဖေဖေက ရေဘူးနှင့်မုန့်များဆင်းဝယ်နေစဉ် ဆေးရုံကားတစ်စီး တရကြမ်းမောင်းသွားသည်ကို တွေ့လိုက်ရသည် ။
နောက်က ဆက်တို့အိမ်ကကားလေးလဲ လိုက်သွားသည်ကိုတွေ့ရသောကြောင့် ချမ်းစိတ်ထဲထင့့်သွားမိသည် ။ နာရေးဖြစ်နေသောအိမ်သည် ကားဖြင့်အရေးတကြီးသွားရမည့်နေရာ မရှိဟုထင်သည် ။
မေမေ့ကိုပြောပြတော့ မေမေက ဆက်တို့အိမ်ကိုဖုန်းဆက်သည် ။ သိလိုက်ရသောအကြောင်းအရာက ဆက် suiside လုပ်သလိုလိုနှင့် သွေးထွက်လွန်ပြီးမေ့လဲသွားသောကြောင့် ဆေးရုံပို့ရသည်တဲ့ ။
ဆက်ကို ချစ်ခင်ရင်းစွဲရှိသော ချမ်းတို့မိသားစုသည် ဆေးရုံကြီးကိုချက်ချင်းလိုက်သွားခဲ့သည် ။ သို့သော် ရောက်ရောက်ချင်း ပွက်လောရိုက်နေသည်က ဆက်အတွက် သွေးအလုံအလောက်မရှိဟုဆိုသည် ။
" ဖေဖေလည်း B သွေး... မေမေလည်း B သွေးဆိုတော့ ဆက်လည်း Bပါဘဲ... သေချာပါတယ်...
သွေးဖောက်စစ်နေရင်နာဦးမှာ... '' ဟု ဆက်က ရယ်ကျဲကျဲဖြင့် ခဏခဏပြောလေ့ရှိခဲ့သည် ။
သို့သော် အခု... သူမအမေတစ်ယောက်လုံး ဘေးမှာရှိရက်နဲ့ သွေးမတူလို့ သွေးရှာနေတယ်ဟူသော အသံတွေကြားနေရသည် ။
ချမ်းအပါအဝင် ဖေဖေနှင့်မေမေလည်း သွေးလှူ၍ရနိုင်စေရန် စစ်ဆေးခဲ့ကြသည် ။ သို့သော် တစ်ယောက်မှမတူ...။ O သွေးပိုင်ရှင် ဆက်အတွက် သွေးက ရှားပါးနေခဲ့သည် ။
ဖေဖေနှင့်မေမေက ဆက်တို့မိသားစုကို အားပေးစကားပြောကြားနေသော်လည်း ချမ်းခေါင်းထဲမှာ အတွေးတွေချာချာလည်နေသည် ။
ဆက်ဖေဖေဆေးရုံတက်နေတုန်းက လူနာမှတ်တမ်းကိုသူမကြည့်ဖူးသည် ။ B သွေးဟုအတိအကျ ရေးထားသည်သာ...
ဒါဆိုရင် ဖြစ်နိုင်တာက...
ဆက်သည် သူမဖခင်၏ သမီးအရင်းမဟုတ်နိုင် ။
သူမတို့မမွေးဖွားမီကာလတွင် လူကြီးတွေဘယ်လိုရှုပ်ခဲ့ကြသနည်း ။
ချမ်း ဆေးရုံကသာ ပြန်လာခဲ့သော်လည်း စိတ်တွေကတော့ရှုပ်ထွေးဆဲပင်... ။
ဆက်သာ သတိရလာရင်....
သူမနှင့် စကားဆက်မိလျှင်...
ဆေးရုံကအကြောင်းအရာတွေကို မေးလျှင် မည်သို့ဖြေရမည်နည်း ။
အမှန်အတိုင်းဖြေလျှင်လည်း သူမ၏ကလေးငယ် ဆက်သည် သူမသိပ်ချစ်သောလူသားတစ်ယောက်အတွက် ခံစားသွားရတော့မည်မှာမလွဲ ။ ထို့ပြင် ဖခင်အရင်းကိုရှာမည်ဆိုပါကလည်း မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာများစွာကပေါ်ပေါက်လာမည်ဖြစ်သည် ။
သူမဆုံးဖြတ်ချက်တစ်ခုချလိုက်သည်...။
ဆက်၏ ဘဝအတွက်သူမ ဆက်ကိုမသိချင်ယောင်ဆောင်နေရတော့မည် ။
သို့သော် အခုချိန်တွင်တော့ နှလုံးသားသည် ဦးနှောက်၏စေခိုင်းမှုအတိုင်း... ကောင်းစွာအလုပ်မလုပ်ပါချေ....။
ချမ်းပင့်သက်တစ်ရှိုက်ကို လေးပင်စွာချလိုက်မိသည် ။
နာရီလေးကိုလှမ်းကြည့်မိတော့ ညဆယ့်တစ်နာရီပင်ခွဲလေပြီ ။
စာကြည့်လည်း မရတော့မည့်အတူတူ... သူမအိပ်ရာဝင်ခဲ့သည် ။ သို့သော် ဖုန်းသံကမည်လာပြန်သည် ။
ဆက်ထံမှ အဝင်ဖုန်း...
ဒီအချိန်ကြီးကိုဘာများဖြစ်သလဲ ဟူသောစိုးရိမ်စိတ်ကအရင်ဝင်၏ ။ သူမ အလျင်အမြန်ပင် ဖုန်းကိုကိုင်လိုက်မိသည် ။
" ဟဲလို.... ''
'' ချမ်း..... ငါ့ကိုဖေဖေ့လိုမျိုး ထပ်ပြီးထားမသွားပါနဲ့..... ငါတောင်းပန်ပါတယ်ချမ်းရယ်.......နင်ကပါထားသွားရင် ငါတကယ်အသက်ရှင်နိုင်မှာမဟုတ်ဘူး... ထပ်ပြီးတော့ မတွေ့ဘဲနေမယ်ဆိုတဲ့စကားကြီးကို မပြောပါနဲ့ဟာ.... တောင်းပန်ပါတယ်ချမ်းရယ်... ''
ပြောပြီးတာနှင့် ဖုန်းချသွားသည် ။ ဆက်အသံက ငိုနေမှန်းသိသာသည် ။ ဘာတွေဖြစ်နေတာလဲကလေးရယ်....။
စိတ်ပူလွန်းလို့ရူးတော့မယ်.... ။ စိတ်ရှိတိုင်းသာဆိုလျှင် ချမ်းသူမကို ဖက်ထားပေးချင်သည်.။ မျက်ရည်တွေသုတ်ပေးချင်သည် ။ နှစ်သိမ့်ပေးချင်၏ ။ သို့သော်... မဖြစ်နိုင်သောအခါ.... ။
ဖခင်ကို သိပ်ချစ်သောကလေးတစ်ယောက်သည် ဖခင်ကြောင့်ခံစားရမည်ကို သိရှိနေသောအခါ.....။
ထိုညသည် သူမတို့နှစ်ယောက်လုံးအတွက်...
မျက်ရည်များနှင့်အိပ်စက်ရသော ညဖြစ်ခဲ့ရသည်။