( ၉ )
" အိမ္ေ႐ွ႕စံ ခမည္းေတာ္ တ်လီႏိုင္ငံကို မနက္ျဖန္သြားမယ္ "
" ခမည္းေတာ္...တ်လီႏိုင္ငံကို ယံုၾကည္ပါရဲ႕လား"
" တ်လီ ကိုမသြားခင္ အိမ္ေ႐ွ႕စံကို ထီးနန္းလႊဲခဲ့ခ်င္တယ္ ဒီပတၱျမား မ်က္႐ွင္ဓားကို အပ္ႏွင္းခဲ့မယ္ "
ၾကားလိုက္ရေသာစကားေၾကာင့္ ပီတိမ်ားစြာျဖစ္သြားရေသာ္လဲ လက္ေတြ႔မွာကား
" ခမည္းေတာ္ဘုရား မသင့္ေတာ္ပါဘူး ဘုရား ..."
" တ်လီႏိုင္ငံက အေၾကာင္းအရင္းမ႐ွိဘဲ ဒီႏိုင္ငံကိုမဟာမိတ္လာမဖြဲ႔ဘူး က်င့္ယြမ္ ...ငါခ်င္ႏိုင္ငံကို ျပန္မလာႏိုင္တဲ့အခါေရာ ျပန္လာႏိုင္ရင္ေရာ ထီးနန္းကို လႊဲေပးထားခဲ့မွာပဲ "
" ခမည္းေတာ္ဘုရား တ်လီႏိုင္ငံကို လိုက္ခဲ့ခ်င္ပါတယ္ "
" မလိုဘူး ငါစစ္သည္အင္အား အလံုအေလာက္ေခၚသြားမယ္.."
" ခမည္းေတာ္ ဒါက အနၱာရာယ္ႀကီးလွပါတယ္ "
" တိတ္စမ္း က်င့္ယြမ္ ဘုရင့္အမိန္႔ကို ဖီဆန္တာလား "
" မ၀ံ့ရဲပါ အ႐ွင္ဘုရား "
" မနက္ျဖန္ နန္းတြင္းထဲမွာပဲ တိတ္တဆိတ္ ထီးနန္းလြဲအပ္မယ္..."
အ႐ွင္မင္းႀကီးကတည္ၿငိမ္စြာျဖင့္ နန္းေဆာင္ထဲမွ ထြက္သြားေလသည္...။
♕ ♕ ♕ ♕ ♕
" ခ်န္းလံု ေ၀့ရင္းကိုေတြ႔မိေသးလား "
" မေတြ႔မိပါဘူး အ႐ွင္ "
" ဟမ့္....မနက္အေစာႀကီး ဘယ္သြားေနပါလိမ့္...ခ်န္းလံု...ေ၀့ရင္းကို ႐ွာၿပီး ဘယ္မွာ႐ွိလဲ ေျပာလာ "
" ဟုတ္ကဲ့ပါ အ႐ွင္ "
ခ်န္းလံုထြက္သြားသည္ႏွင့္ ညက မိမိတစ္ေယာက္ထဲ လ်ိဳ႕၀ွက္အေဆာင္ထဲတြင္ အိပ္ေပ်ာ္ေနရသည့္အျဖစ္ကို ေတြးမရ...။ အရက္ေတြအမ်ားႀကီးေသာက္ၿပီး ဘာမွမမွတ္မိ...။ တစ္ခါမွမေသာက္ဖူးသူမို႔ အေျခအေနပိုဆိုးေနသည္..။ ေ၀့ရင္းစိတ္ဆိုးေလာက္သည့္အျပဳအမူမ်ား လုပ္မိလိုက္လို႔လား....?
အိမ္ေတာ္ႀကီးထဲတြင္ ေျခာက္ကပ္ကာ သက္႐ွိဟူ၍ မိမိတစ္ေယာက္ထဲ ႐ွိေနသည္လားေအာက္ေမ့ရေလာက္သည္။ မိမိေသဆံုးသည္ဟု သတင္းၾကားၿပီးကထဲက မယ္ေတာ္ဘုရားက အိမ္ေတာ္ ၆ ကို ေသာ့ခတ္ပိတ္ပစ္ခဲ့သည္..။
ခ်န္းလံုကိုလဲ နန္းတြင္းထဲတြင္ ေခၚထားကာ မင္းသား၃ ၏ကိုယ္ရံေတာ္အျဖစ္ ခန္႔အပ္ထားခဲ့ေသာ္လဲ ခ်န္းလံုက လက္မခံဘဲ အတင့္ရဲစြာျငင္းဆန္ခဲ့သည္..။ နန္းတြင္းထဲ႐ွိ အသင့္အတင့္႐ွိေသာ နန္းေဆာင္တြင္ မိဘမ်ားႏွင့္အတူေနထိုင္ေလသည္...။
" အ႐ွင္. သခင္ေလးေ၀့က သူ႔အိပ္ေဆာင္မွာပဲ႐ွိေနပါတယ္ "
" အင္း...သြားေတာ့ နန္းတြင္းထဲကသတင္းထူးရင္ခ်က္ခ်င္းလာေျပာ..."
ခ်န္းလံု၏ တံု႔ျပန္စကားကို ဂ႐ုမစိုက္ေတာ့ပဲ ေ႐ွာင္းေ၀႐ွိရာသို႔သာ ခပ္သုပ္သုပ္ထြက္လာခဲ့ေလသည္..။ ေရကန္စိမ္းစိမ္းကို ျဖတ္၍ ခပ္ခံုးခံုးေဆာက္ထားေသာ တံတားေပၚတြင္ ပန္းႏုေရာင္ျခယ္ မက္မြန္ပြင့္ခ်ပ္မ်ား ၀ဲကာ ေႂကြက်ေနသည္။
ထိုပြင့္ဖတ္မ်ားကိုပင္ ဂ႐ုမစိုက္ေတာ့ပဲ နင္းျဖတ္လာကာ...ေ၀့ရင္း႐ွိရာသို႔သာဦးတည္လာခဲ့သည္။
" ေ၀့ရင္း....ဘာျဖစ္ေနတာလဲ....မနက္စာစားရေအာင္ ထြက္လာခဲ့...."
( ေမးတတ္တယ္ )
" မလာဘူး..."
( စိတ္ဆိုးေနတာပဲ ဘယ္ေလာက္ေျပာေျပာ ထြက္လာမွာမဟုတ္ဘူး အထဲ၀င္သြားလိုက္မယ္...)
စိတ္ထဲတြင္ေတြးသည့္အတိုင္း တံခါးကို ဆြဲဖြင့္လိုက္ေတာ့...ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ ထိတ္လန္႔သြားရသည္..။
" ဟင္..." ( ငိုေနတယ္ ဘာလို႔မ်ားလဲ...)
အာေမဋိတ္ႏွင့္အတူ ခနၶာကိုယ္ကပါ ေခ်ာင္ထဲတြင္ထိုင္ေနေသာ ေ၀႔ရင္းအနားသို႔ အလိုလိုေရာက္လာခဲ့သည္။
" ေ၀့ရင္း....ဘာျဖစ္တာလဲ ဘယ္သူကမင္းကိုငိုေအာင္လုပ္တာလဲ..."
ဒူးေပၚမ်က္ႏွာအပ္ခ်ထားၿပီး ၿငိမ္သက္ေနသည့္ ....ေ၀့ရင္း၏ ပုခံုးကိုကိုင္လိုက္ေတာ့ သူ.. မ်က္ႏွာေမာ့လာသည္..။သူငိုေနသည္မဟုတ္...။နီရဲေနေသာ မ်က္လံုးမ်ား...စူးစူးရဲရဲၾကည့္ေနသည့္ မေက်နပ္ေသးအၾကည့္....သူ... ေဒါသထြက္ေနျခင္း..။ သူ႔နႈတ္ခမ္းေလးကိုလက္ျဖင့္ကာရင္း...
" လူယုတ္မာ....ငါ႔ကိုမထိနဲ႔...."
" ဟင္..."
ၾကားလိုက္ရေသာစကားေၾကာင့္ စဥ္းစားမရျဖစ္သြားသည္..။ ညကအျဖစ္ကို ျပန္စဥ္းစားၾကည့္ေတာ့....ေတာ္ေတာ္ႀကီးမူးေနမွ အနားေရာက္လာတဲ့ေ၀ကိုသတိရမိသည္...။ ထို႔ေနာက္အျဖစ္အပ်က္မ်ားက တရစပ္ေခါင္းထဲေပၚလာခဲ့သည့္ေနာက္..လန္က်န္႔ တစ္ခ်က္ျပံဳးလိုက္ၿပီး..
.
" ဪ.....မင္းကဒါ့ေၾကာင့္စိတ္ဆိုးေနတာလား "
" စိတ္မႏွံ႔တဲ့အ႐ူးေကာင္ ငါ့ကိုကိုက္တယ္ ေခြးႀကီး "
" ဆဲတယ္ေပါ့...ေကာင္းၿပီေလ.....ခုခ်ိန္သာ မင္းကိုခ်ဳပ္ၿပီး နမ္းလိုက္ရင္ ဘာျဖစ္မယ္ထင္လဲ...."
" မင္....ငါ့ကိုအႏိုင္မက်င့္နဲ႔ !!! "
" ေအာ္ငိုမလို႔လား ဟမ္...."
ေခ်ာင္ထဲမွာမို႔ ထြက္ေပါက္မ႐ွိေသာ ႂကြက္ကေလးႏွယ္ ၿငိမ္ကုတ္ေန၏..။
အသည္းယားေစသည့္ အမူအယာေလးေျကာင့့့္လွ်ပ္တပ်က္ နဖူးေလးကို အမိအရနမ္းလိုက္သည္ ။
နႈတ္ခမ္းအား အုပ္ထားသည့္လက္ကိုဖယ္ၿပီး မိမိအား လွမ္း႐ိုက္၏
" မင္း...မင္း "
" ခ်စ္တယ္ ငါ့ၾကင္ယာေတာ္ေလး "
မ်က္ေစြျဖင့္ၾကည့္ကာ ရန္ေတြ႔ေနသည့္ေကာင္ေလး...။
" ေခြးေကာင္ §႐ူးႀကီး ငါကေယာက္်ားေလး
ဘယ္လိုလုပ္ မင္းရဲ႕ၾကင္ယာေတာ္ျဖစ္မလဲ
ငါမင္းရဲ႕ ၾကင္ယာေတာ္မလုပ္....အင့္... "
ကက္ကက္လန္ ရန္ေတြ႔ေနသည့္ နႈတ္ခမ္းက စူေထာ္ကာ ခ်စ္ဖို႔ေကာင္းလြန္းၿပီး ပန္းႏုေရာင္နႈတ္ခမ္းသားက မေနႏိုင္မထိုင္ႏိုင္ေအာင္ ဆြဲေဆာင္လြန္းသည္မို႔....ေ႐ွ႕သို႔တိုးၿပီး သူ႔လည္ဂုတ္အား
ဆြဲယူလိုက္ကာ...နႈတ္ခမ္းပါးေလးအား
စုပ္ယူနမ္းရႈိက္လိုက္သည္...။
ေ၀့ရင္း၏လက္မ်ားက မိမိရင္ဘတ္အား အားကုန္တြန္း၍႐ုန္းကန္ေနေသာ္လဲ ထိုလက္မ်ားအား ခ်ဳပ္ကာ မရပ္မနား နမ္းရႈိက္မိပါ၏ ။
မၾကာပါ..ေ၀့ရင္း၏လက္မ်ားက မိမိပုခံုးအက်ႌစကို ဆုပ္ကိုင္ၿပီး မိမိ၏အနမ္းမ်ားကို အလိုက္သင့္တံု႔ျပန္လာသည္..။
ခ်ိဳျမေသာ နႈတ္ခမ္းသားမွတစ္ဆင့္..
လည္တိုင္ေဖြးေဖြးဆီသို႔ ဦးတည္ကာ....
ဖိနမ္းၿပီးမေနနိုင္စြာ ေ႐ွ႕သြားျဖင့္
အသာကိုက္လိုက္ေတာ့.....
" အ.... လန္က်န့္...မကိုက္နဲ႔ ငါ...မႀကိဳက္ အား..."
သူ႔စကားမဆံုးေသးခင္....လည္တိုင္အား ဖိကိုက္ပစ္လိုက္သည္...။
" အား...ေခြးသူေတာင္းစား... "
ေ၀့ရင္းက မိမိအား ဆဲရင္း မိမိလက္မွလြတ္ေအာင္႐ုန္းကာ...အခန္းျပင္ထြက္ေျပးသြားေလးသည္...။ သူ၏ ေနာက္ဆက္တြဲ ေအာ္သံကား...
" ေခြးေကာင္.. ျမန္ျမန္ထြက္လာခဲ့.....ဟင္းေတြေအးေတာ့မယ္..."
♕ ♕ ♕ ♕ ♕
" ဦးေလး တ်လီႏိုင္ငံကို ကြၽန္ေတာ္တို႔သြားမယ္ "
" ...အဲ့တာ ရန္သူ႔ႏိုင္ငံမဟုတ္လား..."
" ဟုတ္ပါတယ္ ကြၽန္ေတာ့္ခမည္းေတာ္ဘုရားကိုကာကြယ္ဖို႔ပါ..."
" ဂ႐ုစိုက္ၾကပါကြယ္ အကုန္ျပင္ဆင္ခဲ့ၿပီးၿပီလား...."
"ဟုတ္ကဲ့ ျပင္ဆင္ၿပီးပါၿပီ "
" ေအးကြယ္ ဂ႐ုစိုက္ၾကပါ."
" ဟုတ္ကဲ့ သြားခြင့္ျပဳပါဦး "
" အေဖ သြားခြင့္ျပဳပါဦး "
သံုးေယာက္သား အိမ္ထဲမွ လွည့္ထြက္လာခဲ့သည္..
"အိမ္ေ႐ွ႕စံမင္းသား ခဏေလာက္ပါ "
" ဟုတ္ကဲ့ ဦးေလး ေျပာပါ..."
" အိမ္ေ႐ွ႕စံမင္း ေ၀့ရင္းကို အပ္ပါတယ္
လမ္းခရီးမွာ ျပသနာျဖစ္ေစရင္
ဆံုးမေစခ်င္ပါတယ္ ...."
" ဟား ဟား...မပူနဲ႔ ဦးေလး.ေကာင္းေကာင္းဆံုးမလိုက္ပါ့မယ္...".
" အေဖ...ကြၽန္ေတာ္ လိမၼာပါတယ္ဗ်... "
" ခြင့္ျပဳပါဦး ...ဦးေလး "
လန္က်န္႔..ေ၀့ရင္းႏွင့္...ခ်န္းလံု..သံုးေယာက္သားတို႔သည္...တ်လီႏိုင္ငံသို႔ ခရီးဆက္ခဲ့ၾကေလသည္...။
တ်လီႏိုင္ငံထဲကို ေရာက္သည္ႏွင့္ တ်လီႏိုင္ငံသားပီသေအာင္ ျပင္ဆင္ၾကရသည္...။ နန္းတြင္း တံခါးေစာင့္တသံုးဦးအား တိတ္တဆိတ္႐ိုက္ႏွက္၍ အ၀တ္အစားမ်ား ယူ၍ ၀တ္ရသည္..။ တ်လီႏိုင္ငံ နန္းေတာ္အတြင္းသို႔ေရာက္႐ွိေပၿပီ...။
" ေဟ့ မင္းတို႔သံုးေယာက္...ဘယ္သြားမွာလဲ အလုပ္လာလုပ္စမ္း "
အာဏာ႐ွိသူတစ္ဦး၏အသံေၾကာင့္သံုးေယာက္လံုး တံု႔ဆိုင္းသြားၿပီးထိုလူေခၚရာေနာက္သို႔ လိုက္ပါသြားၾကရသည္..။ စားဖိုေဆာင္...။ထိုသို႔ေရာက္ေရာက္ခ်င္း...ထိုလူက...
" မင္းတို႔က အမတ္ႀကီး လႊတ္လိုက္တဲ့လူေတြလား "
" ဟုတ္ပါတယ္ "
" တိတ္တဆိတ္ ေဆာင္ရြက္ပါ...."
လန္က်န့္ လက္ထဲသို႔ေရာက္လာေသာ အထုတ္တစ္ထုတ္..။ ဘာကိုေဆာင္ရြက္ရမည္မွန္း မသိ..။ သို႔ေသာ္အေျခအေနအား စက္စပ္ေတြးေတာရမည္..။
ယခု စားေသာက္ဖြယ္ရာမ်ားသည္ လူမ်ားစြားအတြက္ခ်က္သည္ျဖစ္ရာ...ခ်င္ႏိုင္ငံဧည့္သည္စစ္သည္မ်ားအတြက္ျဖစ္ရမည္...။ လက္ထဲမွအထုတ္ကို ေျဖ၍ အနည္းငယ္ယူကာ...လက္ျဖင့္အသာပြတ္ၾကည့္လိုက္လွ်င္...ထိတ္လန္႔သြားရသည္..။
အျဖဴေရာင္အမႈန္႔မ်ားက မိမိလက္တြင္ေပက်ံေနၾကသည္..။ သူေတာ္စင္အဆိပ္မႈန္႔...နာမည္သာၾကားဖူးေသာ္လဲ အစြမ္းသတၱိကိုေလ့လာဖူးသည္..။ ရက္အနည္းငယ္ၾကာမွ အစြမ္းျပသည့္ေဆး ...။ ခနၶာကိုယ္အတြင္း႐ွိ အေၾကာေပါင္းမ်ားစြာတို႔ကို ျဖည္းျဖည္းခ်င္း ပိတ္ဆို႔သြားေစသည္..။
ေသြးမ်ားက တစ္စတစ္စ ပ်စ္ခဲလာကာ..ေနာက္ဆံုး ေသဆံုးၾကရသည္...။ မည္မွ်အစြမ္းထက္ေသာ သမားေတာ္သည္ပင္ ဤအဆိပ္ကိုမကုသႏိုင္..။ မည္မွ်တန္ခိုးႀကီးမားေသာ သူေတာ္စင္ပင္လ်င္ဤအဆိပ္ကို မၿဖိဳခြင္းႏိုင္ေပ...။
နံေဘးမွ လူအရိပ္အေျခကိုအသာၾကည့္သည္..။ အားလံုးခ်က္ျပဳတ္ၿပီးစီးသည္မို႔...လူနည္းပါးေနေလၿပီ..။
" ေဟ့...ထြက္သြားၾက ...က်န္တာငါတို႔ဆက္လုပ္လိုက္မယ္..."
စားဖိုေဆာင္ထဲ႐ွိ လူမ်ားက လန္က်န့္လက္ထဲမွ အထုပ္ကိုျမင္ၿပီးလွ်င္ လန္က်န့္အား ဦးညႊတ္၍ အသီးသီးထြက္သြားၾကကုန္၏...။ ထိုအခါမွ....
" ခ်န္းလံု ဒီေဆးမႈန္႔ေတြကို အေ၀းတစ္ေနရာမွာ စြန္႔ပစ္ခ်ည္....ေ၀့ရင္း ငါ့ကို ဂ်ံဳမႈန္႔ကူ႐ွာေပး "
" ဟုတ္ကဲ့...".
ခ်န္းလံုက မိမိကမ္းေပးေသာ အဆိပ္ထုတ္ကိုယူ၍ အျပင္သို႔ထြက္သြားသည္..။ အဆိပ္မႈန္႔ႏွင့္တူေသာ ဂ်ံဳမႈန္႔ကို႐ွာေဖြရေတာ့သည္...။ ေနရာအႏွံ႔႐ွာေဖြေသာ္လဲမေတြ႕ရ...။ အဲ့တာက သိပ္အေရးမႀကီး..။ အဆိပ္ကိုထုတ္ထားသည့္အ၀တ္အိတ္ခြံကို ျပလိုက္လွ်င္အဆင္ေျပႏိုင္မည္...။ ခ်င္ႏိုင္ငံစစ္သည္မ်ား႐ွိရာသို႔ သြားရမည္..။
အမတ္ႀကီး၏လူမ်ားကိုလဲ ႐ွာေဖြ၍႐ွင္းပစ္ရေပဦးမည္..။ ထိုစဥ္...ေျခသံတစ္ခ်ိဳ႕က စားဖိုေစာင္ႏွင့္နီးကပ္လာသျဖင့္ တံခါးအနားတြင္ကပ္၍ ႐ွင္းပစ္ရန္ေစာင့္ေနလိုက္သည္...။ ေ႐ွာင္းေ၀သည္လဲ ေခ်ာင္တစ္ေနရာတြင္ပုန္းေနလိုက္သည္..။
" ကြၽီ...."
တံခါးပြင့္သံႏွင့္အတူ...၀င္လာသည့္လူအား...ပါးစပ္ကိုပိတ္၍ လည္ပင္းကိုဆတ္ခနဲလွည့္ခ်ိဳးလိုက္သည္...။ ၀တ္ေကာင္းစားလွႏွင့္လူတစ္ဦး အမတ္ႀကီး၏လူျဖစ္ရမည္..။ ထိုလူအား တရြတ္တိုက္ဆြဲ၍ ေခ်ာင္တစ္ေနရာ၌ဖြက္ထားလိုက္သည္..။
ခ်န္းလံုျပန္လာသည္ႏွင့္ၾကံဳ၍ ခ်င္ႏိုင္ငံ စစ္သည္မ်ားနားေနရာေနရာသို႔ ႐ွာေဖြ၍သြားရမည္..။
ယခုအခ်ိန္တြင္ တ်လီႏိုင္ငံ နန္းတြင္းေနရာမ်ားကို ကြၽမ္းက်င္သူတစ္ဦးကိုအလို႐ွိေပသည္...။
♕ ♕ ♕ ♕ ♕
" ေဖးဟုန္ ဘယ္မွာလဲ နင္တို႔မသိဘူးလား "
" ဟုတ္ပါတယ္ မင္းသမီး ဒီမနက္ပဲသူ႔ကို လႊတ္ေပးလိုက္တာ...အခုခ်င္စစ္သည္ေတာ္ေတြနဲ႔အတူ႐ွိေနမယ္လို႔ထင္ပါတယ္ "
" အင္း...ငါဒီကိုလာတယ္လို႔ ဘယ္သူ႔မွမေျပာနဲ႔..."
" ဟုတ္ကဲ့ပါ မင္းသမီး "
လြဲ႔က်ဴး ႐ွိသမွ်ဣေျနၵေတြကို ခါခ်၍ အရဲစြန္႔ၿပီး ေဖးဟုန္ႏွင့္လာေတြ႔ျခင္းျဖစ္ေလသည္...။ ခ်င္စစ္သည္မ်ား နားခိုရာေနရာ....။ ညေန ေန၀င္ေတာ့မည္..။ သဘက္ခါ...မိုးေသာက္သည္ႏွင့္...ခ်င္ႏိုင္ငံကို ျပန္ႂကြေတာ့မည္မို႔...။ ဒါက ေဖးဟုန္နဲ႔ေတြ႔ရဖို႔ တကယ့္ေနာက္ဆံုးအခ်ိန္...။
အေျပးတစ္ပိုင္းႏွင့္ ခ်င္ႏိုင္ငံစစ္သည္မ်ား နားေနေဆာင္သို႔သြားရာ...လမ္းတစ္၀က္...နန္းေဆာင္ပ်က္ႀကီးနား အေရာက္တြင္....။ ညေန...ေန၀င္႐ိုးရီ.....။
" ရပ္စမ္း...မလႈပ္နဲ႔..."
" ဘယ္သူလဲ...ငါဘယ္သူလဲ မသိဘူးလား "
" မသိဘူး....တိတ္တိတ္ေန ခ်င္ႏိုင္ငံစစိသည္ေတြေနတဲ့ေနရာ လိုက္ျပစမ္း..."
လည္ပင္းကို ဓားႏွင့္ေထာက္ထားရင္း အသံကိုတိုးသည္ထက္တိုးေအာင္ နားအနားကပ္၍ေျပာေနရသည္..။
ခ်န္းလံု လက္လြန္သြားမည္စိုး၍လန္က်န့္ကတားလိုက္ရသည္..။ ထို႔ထက္....လန္က်န့္ ပို၍ဂ႐ုစိုက္မိသည္က...ထိုမိန္းမပ်ိဳ၏ အနီေရာင္. နဖူးစည္း....။ သူသည္ မင္းသမီးျဖစ္ရမည္။
" ခ်လံု ဓားခ်လိုက္ "
" ဟုတ္ကဲ့အ႐ွင္..."
ႏူးညံ့သိမ္ေမြ႔ေနေသာ အသံက..နားထဲသို႔သကာရည္ေလာင္းသကဲ့သို႔ ရင္ကိုေအးျမသြားေစသည္..။ အသံပိုင္႐ွင္အား ေက်ာေပးထားရာမွ မ်က္ႏွာခ်င္းဆိုင္လိုက္သည္..။
" ..မိန္းမပ်ိဳ
ေလး ...က်ဳပ္တို႔ကို ခ်င္ႏိုင္ငံကစစ္သည္ေတာ္ေတြ ေနတဲ့အေဆာင္ကို လိုက္ျပေပးႏိုင္မလား.."
" ရပါတယ္ အေနာက္ကလိုက္ခဲ့ပါ..."
မိန္းမပ်ိဳေလးအား ယံုၾကည္၍ လိုက္လာခဲ့သည္.။ အလိုလိုယံုေနမိတဲ့ စိတ္...။ .
♕ ♕ ♕ ♕
" အ႐ွင္မင္းႀကီး...ခ်င္ႏိုင္ငံကို မလိုက္လာႏိုင္တာ ခြင့့္လြတ္ပါ..."
" မဟုတ္တာ....ဒီတစ္ခါမလာလဲ ေနာက္တစ္ခါေပါ့..."
" ဟုတ္တာေပါ့....ဟားဟားဟား...-
( မပူပါနဲ႔အ႐ွင္ ခ်င္ႏိုင္ငံကို အပိုင္သိမ္းေတာ့မွာ အခုေသာက္တဲ့ေသရည္ထဲမွာ သူေတာ္စင္အဆိပ္ေတြပါတယ္ဆိုတာ မသိဘူးမဟုတ္လား...ဟားဟား...ခ်ိဳၿမိန္စြာ သံုးေဆာင္လိုက္ပါဦး..)
စိတ္ထဲတြင္က်ံဳး၀ါးေနခိုက္....ေသရည္ေသာက္ရာေနရာသို႔.. အေစခံတစ္ဦး ေရာက္လာခဲ့သည္..။ တ်လီနယမ္၏ နား အနားသို႔ကပ္ၿပီး ...တီးတို႔ေျပာေလသည္.. ။
" ဘာ..."
တ်လီနယမ္ ယမ္းပံုမီးက် ေဒါသထြက္သြားသည္ထင္၏...။ မ်က္ႏွာတစ္ခုလံုး နီရဲကာ..ခ်င္ မင္းတရားႀကီး၏ေ႐ွ႕တြင္ ေဒါသျပန္ထိန္းလ်က္....
" ေတာင္းပန္းပါတယ္ အ႐ွင္ ကိစၥတစ္ခုေပၚလာလို႔ "
" ရပါတယ္ က်ဳပ္ရဲ႕နန္းေဆာင္ကို က်ဳပ္ျပန္လိုက္ပါ့မယ္..."
" ေက်းဇူးေတာ္ႀကီးျမတ္လွပါတယ္..."
ေျပာၿပီးသည္ႏွင့္ ေဒါသအဟုန္မျပယ္ေသးေသာ အေနအထားႏွင့္နန္းေဆာင္အျပင္သို႔ထြက္သြားေလသည္..။
" လြဲ႔က်ဴးက ဘယ္ေပ်ာက္သြားမွန္းမသိဘူး ဟုတ္လား မင္းတို႔ကို ေသခ်ာေစာင့္ၾကည့္ခိုင္းထားတယ္မဟုတ္လား"
" ဟုတ္ပါတယ္ မင္းႀကီး မင္းသမီးက ခိုးထြက္သြားတာပါ "
" ေသခ်ာ႐ွာၾက သူ႔ကိုမသကၤာတာၾကာၿပီ အရင္ကဆို ညဘက္ေတြ ခိုးထြက္ၿပီး ဂူအခ်ဳပ္ခန္းကိုသြားတယ္ၾကားတယ္ အခုအဲ့ အက်ဥ္းသားကို လႊတ္ေပးလိုက္ၿပီလား "
" ဟုတ္ကဲ့ မနက္ကပဲ လႊတ္ေပးလိုက္ပါတယ္ "
" ေကာင္းတယ္ အခု မင္းသမီးက ခ်င္ႏိုင္ငံစစ္သည္ေတြနဲ႔ ႐ွိေနေလာက္တယ္ ႐ွာေတြ႔ရင္ နန္းေဆာင္ထဲက တစ္လွမ္းမွမထြက္ေစနဲ႔..."
" ဟုတ္ကဲ့..."
စစ္သည္ႏွစ္ေယာက္ထြက္သြားသည္ႏွင့္ ေဒါသတို႔ေနရာတြင္ မသမာသည့္အျပံဳးက ေနရာယူၾကျပန္သည္..။
♕ ♕ ♕ ♕ ♕
" ေဖးဟုန္...ငါနင့္ကို လိုက္႐ွာေနတာ..".
" မင္းသမီး...ခ်င္ႏိုင္ငံကို ဆက္သခံရတာ..အိမ္ေ႐ွ႕စံရဲ႕.မိဖုရားျဖစ္ရမွာ ႏွစ္သက္ရဲ႕လား "
တိတ္ဆိတ္ေသာ ည....။ လျပည့္၀န္းက အျဖဴေရာင္ပန္းပင္ႀကီးအေပၚသို႔ျဖာက်လ်က္...။ ခ်င္စစ္သည္ေတာ္မ်ား နားေနရာအေဆာင္၏ အေနာက္ဘက္ တစ္ေနရာ...။
ညႏွင့္အတူ...လြဲ႔က်ဳးတိတ္ဆိတ္ေနလ်က္...။
" မင္းသမီး မဟုတ္ဘူး ခ်င္ႏိုင္ငံရဲ႕အနာဂတ္မိဖုရား...
တ်လီႏိုင္ငံကိုလာတာ ေနာက္ဆံုးအႀကိမ္...ကြၽန္ေတာ္မ်ိဳးကိုေတြ႔တာလဲ ေနာက္ဆံုးအႀကိမ္...ဟုတ္ရဲ႕လား "
လြဲ႔က်ဴး ေဖးဟုန္ကိုေက်ာေပးထားရမွ မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး ေဖးဟုန္၏ ေဒါသျပည့္ေနေသာ မ်က္ႏွာကို ေမာ့ၾကည့္လိုက္ရင္း
" တိတ္စမ္း ေဖးဟုန္ ငါနင္နဲ႔အျငင္းအခုန္လုပ္ဖို႔လာတာ မဟုတ္ဘူး ".
" သတ္ဖို႔လား "
" ဘာ..."
လြဲ႔က်ဴးဘာမွျပန္မေျပာႏိုင္ေသးခင္ မိမိလက္အား ဆတ္ခနဲဆြဲကာ ဆံထိုးခြၽန္တစ္ခုကိုလက္ထဲထည့္ေပးၿပီး ေဖးဟုန္၏ရင္၀ဲဘက္ေနရာသို႔ လက္ကိုေနရာထားလိုက္ရင္း....
" ဒီဆံထိုးနဲ႔ ဒီႏွလံုးတည့္တည့္ကိုထိုးသတ္လိုက္...
"
လြဲ႔က်ဴး မ်က္လံုးအ၀ိုင္းသားႏွင့္ ေဖးဟုန္၏မ်က္ႏွာကို ၾကည့္ေနမိသည္...။ ထိုဆံထိုးက အရင္တစ္ခါ ေက်ာက္ဂူအခ်ဳပ္ထဲမွာ က်က်န္ေနခဲ့တာ....။
ထို႔ေနာက္
..ေဖးဟုန္က မိမိအားရင္ခြင္ထဲသို႔ ဆြဲယူလိုက္သည္...။ လက္ထဲတြင္ ဆံထိုးခြၽန္အားလက္ထဲတြင္ ဆုပ္ကိုင္ထားမိသည္..။ ေဖးဟုန္၏ရင္ခြင္ထဲ
တြင္ ေခါင္းေလးနစ္ေနေအာင္ တိုးေ၀ွ႔ရင္း...
" ငါ့ကိုခြင့္လြတ္ပါ ေဖးဟုန္ ငါလုပ္ခဲ့တာ ငါ့တိုင္းျပည္အတြက္ ငါ့ဘ၀တင္မဟုတ္ဘူး ငါ့အသက္ဆိုရင္လဲ ငါစေတးမယ္ နင့္ကိုငါစြန္႔လြတ္တာ ငါ့တိုင္းျပည္ကပိုအေရးႀကီးလို႔...ခ်င္ တိုင္းျပည္နဲ႔လဲ ၿငိမ္းခ်မ္းေရးရမယ္မဟုတ္လား.."
" မင္းသမီးကနယမ္ ေျပာတာေတြယံုလို႔လား "
" မသိဘူး ငါ့တိုင္းျပည္ၿငိမ္းခ်မ္းမယ္ထင္လို႔ ငါလုပ္တာ.."
" အင္း..နယမ္က ခ်င္ႏိုင္ငံကို သိမ္းပိုက္ဖို႔လ်ိဳ႕၀ွက္ၾကံစည္ေနတယ္ဆိုရင္ေရာ..."
ထိုအခါ..လြဲ႔က်ဴးေခါင္းေလး ျပန္ေဖာ္လာသည္။
" အမွန္တရားဘက္ကို ငါလိုက္မွာပဲ..."
" ကြၽန္ေတာ္က အမွန္တရားဆိုရင္ နယမ္ကို ဆန္႔႔က်င္ရဲလား "
" ဟမ္..."
လြဲ႔က်ဴး ေဖးဟုန္၏ရင္ခြင္ထဲမွ ႐ုန္းထြက္လိုက္ၿပီး ေဖးဟုန္ေျပာသမွ် နားေထာင္ေန၏.....။
" နယမ္က ေကာက္က်စ္တယ္...ခ်င္ႏိုင္ငံကို အျပန္လမ္းမွာ တိုက္ခိုက္လိမ့္မယ္..."
" မျဖစ္ႏိုင္ဘူး ...ဘာလို႔ေျပာႏိုင္ေနတာလဲ "
" စစ္ေရးပရိယာယ္ေတြကို ႀကိဳသိေနတာ မင္းသမီးကို ငါးစာခ်ေကြၽးမယ္...တ်လီႏိုင္ငံကို ေရာက္ေအာင္ေခၚတယ္..အျပန္လမ္းမွာ ေသခ်ာေပါက္
တိုက္ခိုက္လိမ့့္မယ္ ဒါစစ္ပရိယာယ္တစ္မ်ိဳးပဲ "
" မဟုတ္ဘူး...."
ေဖးဟုန္၏တစ္ဖက္သက္စြပ္စြဲခ်က္မ်ားကို မယံုၾကည္ႏိုင္..။ ဦးရီးေတာ္က ဒီလိုလုပ္ပါ့မလား..။.
နန္းေဆာင္ကိုျပန္တာပဲေကာင္းမည္...။
" ေဖးဟုန္ ငါျပန္မယ္..."
" ခဏေလး..ေပးစရာ႐ွိတယ္ "
လြဲ႔က်ဴး၏လက္ကို ဆြဲထားၿပီး လက္ထဲသို႔ ခ်ဴေလးတစ္ခုထည့္ေပးလာသည္..။ ခါးတြင္ခ်ိတ္ဆြဲရသည့္ ခ်ဴငယ္ေလးတစ္ခု...။
" အျမဲေဆာင္ထား အနၱရယ္ၾကံဳရင္ ခ်ဴကိုဖိလိုက္...ခ်က္ခ်င္းေရာက္လာခဲ့မယ္...."
" အင္း..."
လြဲ႔က်ဴး ေဖးဟုန္အား ေက်ာခိုင္းၿပီး မိမိနန္းေဆာင္သို႔ျပန္လာခဲ့သည္။
( ၉ )
" အိမ်ရှေ့စံ ခမည်းတော် တျလီနိုင်ငံကို မနက်ဖြန်သွားမယ် "
" ခမည်းတော်...တျလီနိုင်ငံကို ယုံကြည်ပါရဲ့လား"
" တျလီ ကိုမသွားခင် အိမ်ရှေ့စံကို ထီးနန်းလွှဲခဲ့ချင်တယ် ဒီပတ္တမြား မျက်ရှင်ဓားကို အပ်နှင်းခဲ့မယ် "
ကြားလိုက်ရသောစကားကြောင့် ပီတိများစွာဖြစ်သွားရသော်လဲ လက်တွေ့မှာကား
" ခမည်းတော်ဘုရား မသင့်တော်ပါဘူး ဘုရား ..."
" တျလီနိုင်ငံက အကြောင်းအရင်းမရှိဘဲ ဒီနိုင်ငံကိုမဟာမိတ်လာမဖွဲ့ဘူး ကျင့်ယွမ် ...ငါချင်နိုင်ငံကို ပြန်မလာနိုင်တဲ့အခါရော ပြန်လာနိုင်ရင်ရော ထီးနန်းကို လွှဲပေးထားခဲ့မှာပဲ "
" ခမည်းတော်ဘုရား တျလီနိုင်ငံကို လိုက်ခဲ့ချင်ပါတယ် "
" မလိုဘူး ငါစစ်သည်အင်အား အလုံအလောက်ခေါ်သွားမယ်.."
" ခမည်းတော် ဒါက အန္တာရာယ်ကြီးလှပါတယ် "
" တိတ်စမ်း ကျင့်ယွမ် ဘုရင့်အမိန့်ကို ဖီဆန်တာလား "
" မဝံ့ရဲပါ အရှင်ဘုရား "
" မနက်ဖြန် နန်းတွင်းထဲမှာပဲ တိတ်တဆိတ် ထီးနန်းလွဲအပ်မယ်..."
အရှင်မင်းကြီးကတည်ငြိမ်စွာဖြင့် နန်းဆောင်ထဲမှ ထွက်သွားလေသည်...။
♕ ♕ ♕ ♕ ♕
" ချန်းလုံ ေ၀့ရင်းကိုတွေ့မိသေးလား "
" မတွေ့မိပါဘူး အရှင် "
" ဟမ့်....မနက်အစောကြီး ဘယ်သွားနေပါလိမ့်...ချန်းလုံ...ေ၀့ရင်းကို ရှာပြီး ဘယ်မှာရှိလဲ ပြောလာ "
" ဟုတ်ကဲ့ပါ အရှင် "
ချန်းလုံထွက်သွားသည်နှင့် ညက မိမိတစ်ယောက်ထဲ လျို့၀ှက်အဆောင်ထဲတွင် အိပ်ပျော်နေရသည့်အဖြစ်ကို တွေးမရ...။ အရက်တွေအများကြီးသောက်ပြီး ဘာမှမမှတ်မိ...။ တစ်ခါမှမသောက်ဖူးသူမို့ အခြေအနေပိုဆိုးနေသည်..။ ေ၀့ရင်းစိတ်ဆိုးလောက်သည့်အပြုအမူများ လုပ်မိလိုက်လို့လား....?
အိမ်တော်ကြီးထဲတွင် ခြောက်ကပ်ကာ သက်ရှိဟူ၍ မိမိတစ်ယောက်ထဲ ရှိနေသည်လားအောက်မေ့ရလောက်သည်။ မိမိသေဆုံးသည်ဟု သတင်းကြားပြီးကထဲက မယ်တော်ဘုရားက အိမ်တော် ၆ ကို သော့ခတ်ပိတ်ပစ်ခဲ့သည်..။
ချန်းလုံကိုလဲ နန်းတွင်းထဲတွင် ခေါ်ထားကာ မင်းသား၃ ၏ကိုယ်ရံတော်အဖြစ် ခန့်အပ်ထားခဲ့သော်လဲ ချန်းလုံက လက်မခံဘဲ အတင့်ရဲစွာငြင်းဆန်ခဲ့သည်..။ နန်းတွင်းထဲရှိ အသင့်အတင့်ရှိသော နန်းဆောင်တွင် မိဘများနှင့်အတူနေထိုင်လေသည်...။
" အရှင်. သခင်ေလးေ၀့က သူ့အိပ်ဆောင်မှာပဲရှိနေပါတယ် "
" အင်း...သွားတော့ နန်းတွင်းထဲကသတင်းထူးရင်ချက်ချင်းလာပြော..."
ချန်းလုံ၏ တုံ့ပြန်စကားကို ဂရုမစိုက်တော့ပဲ ရှောင်းေ၀ရှိရာသို့သာ ခပ်သုပ်သုပ်ထွက်လာခဲ့လေသည်..။ ရေကန်စိမ်းစိမ်းကို ဖြတ်၍ ခပ်ခုံးခုံးဆောက်ထားသော တံတားပေါ်တွင် ပန်းနုရောင်ခြယ် မက်မွန်ပွင့်ချပ်များ ၀ဲကာ ကြွေကျနေသည်။
ထိုပွင့်ဖတ်များကိုပင် ဂရုမစိုက်တော့ပဲ နင်းဖြတ်လာကာ...ေ၀့ရင်းရှိရာသို့သာဦးတည်လာခဲ့သည်။
" ေ၀့ရင်း....ဘာဖြစ်နေတာလဲ....မနက်စာစားရအောင် ထွက်လာခဲ့...."
( မေးတတ်တယ် )
" မလာဘူး..."
( စိတ်ဆိုးနေတာပဲ ဘယ်လောက်ပြောပြော ထွက်လာမှာမဟုတ်ဘူး အထဲ၀င်သွားလိုက်မယ်...)
စိတ်ထဲတွင်တွေးသည့်အတိုင်း တံခါးကို ဆွဲဖွင့်လိုက်တော့...မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်..။
" ဟင်..." ( ငိုနေတယ် ဘာလို့များလဲ...)
အာမေဋိတ်နှင့်အတူ ခန္ဓာကိုယ်ကပါ ချောင်ထဲတွင်ထိုင်နေသော ေ၀့ရင်းအနားသို့ အလိုလိုရောက်လာခဲ့သည်။
" ေ၀့ရင်း....ဘာဖြစ်တာလဲ ဘယ်သူကမင်းကိုငိုအောင်လုပ်တာလဲ..."
ဒူးပေါ်မျက်နှာအပ်ချထားပြီး ငြိမ်သက်နေသည့် ....ေ၀့ရင်း၏ ပုခုံးကိုကိုင်လိုက်တော့ သူ.. မျက်နှာမော့လာသည်..။သူငိုနေသည်မဟုတ်...။နီရဲနေသော မျက်လုံးများ...စူးစူးရဲရဲကြည့်နေသည့် မကျေနပ်သေးအကြည့်....သူ... ဒေါသထွက်နေခြင်း..။ သူ့နှုတ်ခမ်းလေးကိုလက်ဖြင့်ကာရင်း...
" လူယုတ်မာ....ငါ့ကိုမထိနဲ့...."
" ဟင်..."
ကြားလိုက်ရသောစကားကြောင့် စဉ်းစားမရဖြစ်သွားသည်..။ ညကအဖြစ်ကို ပြန်စဉ်းစားကြည့်တော့....တော်တော်ကြီးမူးနေမှ အနားရောက်လာတဲ့ေ၀ကိုသတိရမိသည်...။ ထို့နောက်အဖြစ်အပျက်များက တရစပ်ခေါင်းထဲပေါ်လာခဲ့သည့်နောက်..လန်ကျန့် တစ်ချက်ပြုံးလိုက်ပြီး..
.
" ဪ.....မင်းကဒါ့ကြောင့်စိတ်ဆိုးနေတာလား "
" စိတ်မနှံ့တဲ့အရူးကောင် ငါ့ကိုကိုက်တယ် ခွေးကြီး "
" ဆဲတယ်ပေါ့...ကောင်းပြီလေ.....ခုချိန်သာ မင်းကိုချုပ်ပြီး နမ်းလိုက်ရင် ဘာဖြစ်မယ်ထင်လဲ...."
" မင်....ငါ့ကိုအနိုင်မကျင့်နဲ့ !!! "
" အော်ငိုမလို့လား ဟမ်...."
ချောင်ထဲမှာမို့ ထွက်ပေါက်မရှိသော ကြွက်ကလေးနှယ် ငြိမ်ကုတ်နေ၏..။
အသည်းယားစေသည့် အမူအယာလေးကြောင့့့်လျှပ်တပျက် နဖူးလေးကို အမိအရနမ်းလိုက်သည် ။
နှုတ်ခမ်းအား အုပ်ထားသည့်လက်ကိုဖယ်ပြီး မိမိအား လှမ်းရိုက်၏
" မင်း...မင်း "
" ချစ်တယ် ငါ့ကြင်ယာတော်လေး "
မျက်စွေဖြင့်ကြည့်ကာ ရန်တွေ့နေသည့်ကောင်လေး...။
" ခွေးကောင် §ရူးကြီး ငါကယောက်ျားလေး
ဘယ်လိုလုပ် မင်းရဲ့ကြင်ယာတော်ဖြစ်မလဲ
ငါမင်းရဲ့ ကြင်ယာတော်မလုပ်....အင့်... "
ကက်ကက်လန် ရန်တွေ့နေသည့် နှုတ်ခမ်းက စူထော်ကာ ချစ်ဖို့ကောင်းလွန်းပြီး ပန်းနုရောင်နှုတ်ခမ်းသားက မနေနိုင်မထိုင်နိုင်အောင် ဆွဲဆောင်လွန်းသည်မို့....ရှေ့သို့တိုးပြီး သူ့လည်ဂုတ်အား
ဆွဲယူလိုက်ကာ...နှုတ်ခမ်းပါးလေးအား
စုပ်ယူနမ်းရှိုက်လိုက်သည်...။
ေ၀့ရင်း၏လက်များက မိမိရင်ဘတ်အား အားကုန်တွန်း၍ရုန်းကန်နေသော်လဲ ထိုလက်များအား ချုပ်ကာ မရပ်မနား နမ်းရှိုက်မိပါ၏ ။
မကြာပါ..ေ၀့ရင်း၏လက်များက မိမိပုခုံးအကျႌစကို ဆုပ်ကိုင်ပြီး မိမိ၏အနမ်းများကို အလိုက်သင့်တုံ့ပြန်လာသည်..။
ချိုမြသော နှုတ်ခမ်းသားမှတစ်ဆင့်..
လည်တိုင်ဖွေးဖွေးဆီသို့ ဦးတည်ကာ....
ဖိနမ်းပြီးမနေနိုင်စွာ ရှေ့သွားဖြင့်
အသာကိုက်လိုက်တော့.....
" အ.... လန်ကျန့်...မကိုက်နဲ့ ငါ...မကြိုက် အား..."
သူ့စကားမဆုံးသေးခင်....လည်တိုင်အား ဖိကိုက်ပစ်လိုက်သည်...။
" အား...ခွေးသူတောင်းစား... "
ေ၀့ရင်းက မိမိအား ဆဲရင်း မိမိလက်မှလွတ်အောင်ရုန်းကာ...အခန်းပြင်ထွက်ပြေးသွားလေးသည်...။ သူ၏ နောက်ဆက်တွဲ အော်သံကား...
" ခွေးကောင်.. မြန်မြန်ထွက်လာခဲ့.....ဟင်းတွေအေးတော့မယ်..."
♕ ♕ ♕ ♕ ♕
" ဦးလေး တျလီနိုင်ငံကို ကျွန်တော်တို့သွားမယ် "
" ...အဲ့တာ ရန်သူ့နိုင်ငံမဟုတ်လား..."
" ဟုတ်ပါတယ် ကျွန်တော့်ခမည်းတော်ဘုရားကိုကာကွယ်ဖို့ပါ..."
" ဂရုစိုက်ကြပါကွယ် အကုန်ပြင်ဆင်ခဲ့ပြီးပြီလား...."
"ဟုတ်ကဲ့ ပြင်ဆင်ပြီးပါပြီ "
" အေးကွယ် ဂရုစိုက်ကြပါ."
" ဟုတ်ကဲ့ သွားခွင့်ပြုပါဦး "
" အဖေ သွားခွင့်ပြုပါဦး "
သုံးယောက်သား အိမ်ထဲမှ လှည့်ထွက်လာခဲ့သည်..
"အိမ်ရှေ့စံမင်းသား ခဏလောက်ပါ "
" ဟုတ်ကဲ့ ဦးလေး ပြောပါ..."
" အိမ်ရှေ့စံမင်း ေ၀့ရင်းကို အပ်ပါတယ်
လမ်းခရီးမှာ ပြသနာဖြစ်စေရင်
ဆုံးမစေချင်ပါတယ် ...."
" ဟား ဟား...မပူနဲ့ ဦးလေး.ကောင်းကောင်းဆုံးမလိုက်ပါ့မယ်...".
" အဖေ...ကျွန်တော် လိမ္မာပါတယ်ဗျ... "
" ခွင့်ပြုပါဦး ...ဦးလေး "
လန်ကျန့်..ေ၀့ရင်းနှင့်...ချန်းလုံ..သုံးယောက်သားတို့သည်...တျလီနိုင်ငံသို့ ခရီးဆက်ခဲ့ကြလေသည်...။
တျလီနိုင်ငံထဲကို ရောက်သည်နှင့် တျလီနိုင်ငံသားပီသအောင် ပြင်ဆင်ကြရသည်...။ နန်းတွင်း တံခါးစောင့်တသုံးဦးအား တိတ်တဆိတ်ရိုက်နှက်၍ အ၀တ်အစားများ ယူ၍ ၀တ်ရသည်..။ တျလီနိုင်ငံ နန်းတော်အတွင်းသို့ရောက်ရှိပေပြီ...။
" ဟေ့ မင်းတို့သုံးယောက်...ဘယ်သွားမှာလဲ အလုပ်လာလုပ်စမ်း "
အာဏာရှိသူတစ်ဦး၏အသံကြောင့်သုံးယောက်လုံး တုံ့ဆိုင်းသွားပြီးထိုလူခေါ်ရာနောက်သို့ လိုက်ပါသွားကြရသည်..။ စားဖိုဆောင်...။ထိုသို့ရောက်ရောက်ချင်း...ထိုလူက...
" မင်းတို့က အမတ်ကြီး လွှတ်လိုက်တဲ့လူတွေလား "
" ဟုတ်ပါတယ် "
" တိတ်တဆိတ် ဆောင်ရွက်ပါ...."
လန်ကျန့် လက်ထဲသို့ရောက်လာသော အထုတ်တစ်ထုတ်..။ ဘာကိုဆောင်ရွက်ရမည်မှန်း မသိ..။ သို့သော်အခြေအနေအား စက်စပ်တွေးတောရမည်..။
ယခု စားသောက်ဖွယ်ရာများသည် လူများစွားအတွက်ချက်သည်ဖြစ်ရာ...ချင်နိုင်ငံဧည့်သည်စစ်သည်များအတွက်ဖြစ်ရမည်...။ လက်ထဲမှအထုတ်ကို ဖြေ၍ အနည်းငယ်ယူကာ...လက်ဖြင့်အသာပွတ်ကြည့်လိုက်လျှင်...ထိတ်လန့်သွားရသည်..။
အဖြူရောင်အမှုန့်များက မိမိလက်တွင်ပေကျံနေကြသည်..။ သူတော်စင်အဆိပ်မှုန့်...နာမည်သာကြားဖူးသော်လဲ အစွမ်းသတ္တိကိုလေ့လာဖူးသည်..။ ရက်အနည်းငယ်ကြာမှ အစွမ်းပြသည့်ဆေး ...။ ခန္ဓာကိုယ်အတွင်းရှိ အကြောပေါင်းများစွာတို့ကို ဖြည်းဖြည်းချင်း ပိတ်ဆို့သွားစေသည်..။
သွေးများက တစ်စတစ်စ ပျစ်ခဲလာကာ..နောက်ဆုံး သေဆုံးကြရသည်...။ မည်မျှအစွမ်းထက်သော သမားတော်သည်ပင် ဤအဆိပ်ကိုမကုသနိုင်..။ မည်မျှတန်ခိုးကြီးမားသော သူတော်စင်ပင်လျင်ဤအဆိပ်ကို မဖြိုခွင်းနိုင်ပေ...။
နံဘေးမှ လူအရိပ်အခြေကိုအသာကြည့်သည်..။ အားလုံးချက်ပြုတ်ပြီးစီးသည်မို့...လူနည်းပါးနေလေပြီ..။
" ဟေ့...ထွက်သွားကြ ...ကျန်တာငါတို့ဆက်လုပ်လိုက်မယ်..."
စားဖိုဆောင်ထဲရှိ လူများက လန်ကျန့်လက်ထဲမှ အထုပ်ကိုမြင်ပြီးလျှင် လန်ကျန့်အား ဦးညွှတ်၍ အသီးသီးထွက်သွားကြကုန်၏...။ ထိုအခါမှ....
" ချန်းလုံ ဒီဆေးမှုန့်တွေကို အေ၀းတစ်နေရာမှာ စွန့်ပစ်ချည်....ေ၀့ရင်း ငါ့ကို ဂျုံမှုန့်ကူရှာပေး "
" ဟုတ်ကဲ့...".
ချန်းလုံက မိမိကမ်းပေးသော အဆိပ်ထုတ်ကိုယူ၍ အပြင်သို့ထွက်သွားသည်..။ အဆိပ်မှုန့်နှင့်တူသော ဂျုံမှုန့်ကိုရှာဖွေရတော့သည်...။ နေရာအနှံ့ရှာဖွေသော်လဲမတွေ့ရ...။ အဲ့တာက သိပ်အရေးမကြီး..။ အဆိပ်ကိုထုတ်ထားသည့်အ၀တ်အိတ်ခွံကို ပြလိုက်လျှင်အဆင်ပြေနိုင်မည်...။ ချင်နိုင်ငံစစ်သည်များရှိရာသို့ သွားရမည်..။
အမတ်ကြီး၏လူများကိုလဲ ရှာဖွေ၍ရှင်းပစ်ရပေဦးမည်..။ ထိုစဉ်...ခြေသံတစ်ချို့က စားဖိုစောင်နှင့်နီးကပ်လာသဖြင့် တံခါးအနားတွင်ကပ်၍ ရှင်းပစ်ရန်စောင့်နေလိုက်သည်...။ ရှောင်းေ၀သည်လဲ ချောင်တစ်နေရာတွင်ပုန်းနေလိုက်သည်..။
" ကျွီ...."
တံခါးပွင့်သံနှင့်အတူ...၀င်လာသည့်လူအား...ပါးစပ်ကိုပိတ်၍ လည်ပင်းကိုဆတ်ခနဲလှည့်ချိုးလိုက်သည်...။ ၀တ်ကောင်းစားလှနှင့်လူတစ်ဦး အမတ်ကြီး၏လူဖြစ်ရမည်..။ ထိုလူအား တရွတ်တိုက်ဆွဲ၍ ချောင်တစ်နေရာ၌ဖွက်ထားလိုက်သည်..။
ချန်းလုံပြန်လာသည်နှင့်ကြုံ၍ ချင်နိုင်ငံ စစ်သည်များနားနေရာနေရာသို့ ရှာဖွေ၍သွားရမည်..။
ယခုအချိန်တွင် တျလီနိုင်ငံ နန်းတွင်းနေရာများကို ကျွမ်းကျင်သူတစ်ဦးကိုအလိုရှိပေသည်...။
♕ ♕ ♕ ♕ ♕
" ဖေးဟုန် ဘယ်မှာလဲ နင်တို့မသိဘူးလား "
" ဟုတ်ပါတယ် မင်းသမီး ဒီမနက်ပဲသူ့ကို လွှတ်ပေးလိုက်တာ...အခုချင်စစ်သည်တော်တွေနဲ့အတူရှိနေမယ်လို့ထင်ပါတယ် "
" အင်း...ငါဒီကိုလာတယ်လို့ ဘယ်သူ့မှမပြောနဲ့..."
" ဟုတ်ကဲ့ပါ မင်းသမီး "
လွဲ့ကျူး ရှိသမျှဣနြေ္ဒတွေကို ခါချ၍ အရဲစွန့်ပြီး ဖေးဟုန်နှင့်လာတွေ့ခြင်းဖြစ်လေသည်...။ ချင်စစ်သည်များ နားခိုရာနေရာ....။ ညနေ နေ၀င်တော့မည်..။ သဘက်ခါ...မိုးသောက်သည်နှင့်...ချင်နိုင်ငံကို ပြန်ကြွတော့မည်မို့...။ ဒါက ဖေးဟုန်နဲ့တွေ့ရဖို့ တကယ့်နောက်ဆုံးအချိန်...။
အပြေးတစ်ပိုင်းနှင့် ချင်နိုင်ငံစစ်သည်များ နားနေဆောင်သို့သွားရာ...လမ်းတစ်၀က်...နန်းဆောင်ပျက်ကြီးနား အရောက်တွင်....။ ညနေ...နေ၀င်ရိုးရီ.....။
" ရပ်စမ်း...မလှုပ်နဲ့..."
" ဘယ်သူလဲ...ငါဘယ်သူလဲ မသိဘူးလား "
" မသိဘူး....တိတ်တိတ်နေ ချင်နိုင်ငံစစိသည်တွေနေတဲ့နေရာ လိုက်ပြစမ်း..."
လည်ပင်းကို ဓားနှင့်ထောက်ထားရင်း အသံကိုတိုးသည်ထက်တိုးအောင် နားအနားကပ်၍ပြောနေရသည်..။
ချန်းလုံ လက်လွန်သွားမည်စိုး၍လန်ကျန့်ကတားလိုက်ရသည်..။ ထို့ထက်....လန်ကျန့် ပို၍ဂရုစိုက်မိသည်က...ထိုမိန်းမပျို၏ အနီရောင်. နဖူးစည်း....။ သူသည် မင်းသမီးဖြစ်ရမည်။
" ချလုံ ဓားချလိုက် "
" ဟုတ်ကဲ့အရှင်..."
နူးညံ့သိမ်မွေ့နေသော အသံက..နားထဲသို့သကာရည်လောင်းသကဲ့သို့ ရင်ကိုအေးမြသွားစေသည်..။ အသံပိုင်ရှင်အား ကျောပေးထားရာမှ မျက်နှာချင်းဆိုင်လိုက်သည်..။
" ..မိန်းမပျို
လေး ...ကျုပ်တို့ကို ချင်နိုင်ငံကစစ်သည်တော်တွေ နေတဲ့အဆောင်ကို လိုက်ပြပေးနိုင်မလား.."
" ရပါတယ် အနောက်ကလိုက်ခဲ့ပါ..."
မိန်းမပျိုလေးအား ယုံကြည်၍ လိုက်လာခဲ့သည်.။ အလိုလိုယုံနေမိတဲ့ စိတ်...။ .
♕ ♕ ♕ ♕
" အရှင်မင်းကြီး...ချင်နိုင်ငံကို မလိုက်လာနိုင်တာ ခွင့့်လွတ်ပါ..."
" မဟုတ်တာ....ဒီတစ်ခါမလာလဲ နောက်တစ်ခါပေါ့..."
" ဟုတ်တာပေါ့....ဟားဟားဟား...-
( မပူပါနဲ့အရှင် ချင်နိုင်ငံကို အပိုင်သိမ်းတော့မှာ အခုသောက်တဲ့သေရည်ထဲမှာ သူတော်စင်အဆိပ်တွေပါတယ်ဆိုတာ မသိဘူးမဟုတ်လား...ဟားဟား...ချိုမြိန်စွာ သုံးဆောင်လိုက်ပါဦး..)
စိတ်ထဲတွင်ကျုံးဝါးနေခိုက်....သေရည်သောက်ရာနေရာသို့.. အစေခံတစ်ဦး ရောက်လာခဲ့သည်..။ တျလီနယမ်၏ နား အနားသို့ကပ်ပြီး ...တီးတို့ပြောလေသည်.. ။
" ဘာ..."
တျလီနယမ် ယမ်းပုံမီးကျ ဒေါသထွက်သွားသည်ထင်၏...။ မျက်နှာတစ်ခုလုံး နီရဲကာ..ချင် မင်းတရားကြီး၏ရှေ့တွင် ဒေါသပြန်ထိန်းလျက်....
" တောင်းပန်းပါတယ် အရှင် ကိစ္စတစ်ခုပေါ်လာလို့ "
" ရပါတယ် ကျုပ်ရဲ့နန်းဆောင်ကို ကျုပ်ပြန်လိုက်ပါ့မယ်..."
" ကျေးဇူးတော်ကြီးမြတ်လှပါတယ်..."
ပြောပြီးသည်နှင့် ဒေါသအဟုန်မပြယ်သေးသော အနေအထားနှင့်နန်းဆောင်အပြင်သို့ထွက်သွားလေသည်..။
" လွဲ့ကျူးက ဘယ်ပျောက်သွားမှန်းမသိဘူး ဟုတ်လား မင်းတို့ကို သေချာစောင့်ကြည့်ခိုင်းထားတယ်မဟုတ်လား"
" ဟုတ်ပါတယ် မင်းကြီး မင်းသမီးက ခိုးထွက်သွားတာပါ "
" သေချာရှာကြ သူ့ကိုမသင်္ကာတာကြာပြီ အရင်ကဆို ညဘက်တွေ ခိုးထွက်ပြီး ဂူအချုပ်ခန်းကိုသွားတယ်ကြားတယ် အခုအဲ့ အကျဉ်းသားကို လွှတ်ပေးလိုက်ပြီလား "
" ဟုတ်ကဲ့ မနက်ကပဲ လွှတ်ပေးလိုက်ပါတယ် "
" ကောင်းတယ် အခု မင်းသမီးက ချင်နိုင်ငံစစ်သည်တွေနဲ့ ရှိနေလောက်တယ် ရှာတွေ့ရင် နန်းဆောင်ထဲက တစ်လှမ်းမှမထွက်စေနဲ့..."
" ဟုတ်ကဲ့..."
စစ်သည်နှစ်ယောက်ထွက်သွားသည်နှင့် ဒေါသတို့နေရာတွင် မသမာသည့်အပြုံးက နေရာယူကြပြန်သည်..။
♕ ♕ ♕ ♕ ♕
" ဖေးဟုန်...ငါနင့်ကို လိုက်ရှာနေတာ..".
" မင်းသမီး...ချင်နိုင်ငံကို ဆက်သခံရတာ..အိမ်ရှေ့စံရဲ့.မိဖုရားဖြစ်ရမှာ နှစ်သက်ရဲ့လား "
တိတ်ဆိတ်သော ည....။ လပြည့်၀န်းက အဖြူရောင်ပန်းပင်ကြီးအပေါ်သို့ဖြာကျလျက်...။ ချင်စစ်သည်တော်များ နားနေရာအဆောင်၏ အနောက်ဘက် တစ်နေရာ...။
ညနှင့်အတူ...လွဲ့ကျုးတိတ်ဆိတ်နေလျက်...။
" မင်းသမီး မဟုတ်ဘူး ချင်နိုင်ငံရဲ့အနာဂတ်မိဖုရား...
တျလီနိုင်ငံကိုလာတာ နောက်ဆုံးအကြိမ်...ကျွန်တော်မျိုးကိုတွေ့တာလဲ နောက်ဆုံးအကြိမ်...ဟုတ်ရဲ့လား "
လွဲ့ကျူး ဖေးဟုန်ကိုကျောပေးထားရမှ မျက်နှာချင်းဆိုင်လိုက်ပြီး ဖေးဟုန်၏ ဒေါသပြည့်နေသော မျက်နှာကို မော့ကြည့်လိုက်ရင်း
" တိတ်စမ်း ဖေးဟုန် ငါနင်နဲ့အငြင်းအခုန်လုပ်ဖို့လာတာ မဟုတ်ဘူး ".
" သတ်ဖို့လား "
" ဘာ..."
လွဲ့ကျူးဘာမှပြန်မပြောနိုင်သေးခင် မိမိလက်အား ဆတ်ခနဲဆွဲကာ ဆံထိုးချွန်တစ်ခုကိုလက်ထဲထည့်ပေးပြီး ဖေးဟုန်၏ရင်၀ဲဘက်နေရာသို့ လက်ကိုနေရာထားလိုက်ရင်း....
" ဒီဆံထိုးနဲ့ ဒီနှလုံးတည့်တည့်ကိုထိုးသတ်လိုက်...
"
လွဲ့ကျူး မျက်လုံးအ၀ိုင်းသားနှင့် ဖေးဟုန်၏မျက်နှာကို ကြည့်နေမိသည်...။ ထိုဆံထိုးက အရင်တစ်ခါ ကျောက်ဂူအချုပ်ထဲမှာ ကျကျန်နေခဲ့တာ....။
ထို့နောက်
..ဖေးဟုန်က မိမိအားရင်ခွင်ထဲသို့ ဆွဲယူလိုက်သည်...။ လက်ထဲတွင် ဆံထိုးချွန်အားလက်ထဲတွင် ဆုပ်ကိုင်ထားမိသည်..။ ဖေးဟုန်၏ရင်ခွင်ထဲ
တွင် ခေါင်းလေးနစ်နေအောင် တိုးေ၀့ှရင်း...
" ငါ့ကိုခွင့်လွတ်ပါ ဖေးဟုန် ငါလုပ်ခဲ့တာ ငါ့တိုင်းပြည်အတွက် ငါ့ဘ၀တင်မဟုတ်ဘူး ငါ့အသက်ဆိုရင်လဲ ငါစတေးမယ် နင့်ကိုငါစွန့်လွတ်တာ ငါ့တိုင်းပြည်ကပိုအရေးကြီးလို့...ချင် တိုင်းပြည်နဲ့လဲ ငြိမ်းချမ်းရေးရမယ်မဟုတ်လား.."
" မင်းသမီးကနယမ် ပြောတာတွေယုံလို့လား "
" မသိဘူး ငါ့တိုင်းပြည်ငြိမ်းချမ်းမယ်ထင်လို့ ငါလုပ်တာ.."
" အင်း..နယမ်က ချင်နိုင်ငံကို သိမ်းပိုက်ဖို့လျို့၀ှက်ကြံစည်နေတယ်ဆိုရင်ရော..."
ထိုအခါ..လွဲ့ကျူးခေါင်းလေး ပြန်ဖော်လာသည်။
" အမှန်တရားဘက်ကို ငါလိုက်မှာပဲ..."
" ကျွန်တော်က အမှန်တရားဆိုရင် နယမ်ကို ဆန့့်ကျင်ရဲလား "
" ဟမ်..."
လွဲ့ကျူး ဖေးဟုန်၏ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး ဖေးဟုန်ပြောသမျှ နားထောင်နေ၏.....။
" နယမ်က ကောက်ကျစ်တယ်...ချင်နိုင်ငံကို အပြန်လမ်းမှာ တိုက်ခိုက်လိမ့်မယ်..."
" မဖြစ်နိုင်ဘူး ...ဘာလို့ပြောနိုင်နေတာလဲ "
" စစ်ရေးပရိယာယ်တွေကို ကြိုသိနေတာ မင်းသမီးကို ငါးစာချကျွေးမယ်...တျလီနိုင်ငံကို ရောက်အောင်ခေါ်တယ်..အပြန်လမ်းမှာ သေချာပေါက်
တိုက်ခိုက်လိမ့့်မယ် ဒါစစ်ပရိယာယ်တစ်မျိုးပဲ "
" မဟုတ်ဘူး...."
ဖေးဟုန်၏တစ်ဖက်သက်စွပ်စွဲချက်များကို မယုံကြည်နိုင်..။ ဦးရီးတော်က ဒီလိုလုပ်ပါ့မလား..။.
နန်းဆောင်ကိုပြန်တာပဲကောင်းမည်...။
" ဖေးဟုန် ငါပြန်မယ်..."
" ခဏလေး..ပေးစရာရှိတယ် "
လွဲ့ကျူး၏လက်ကို ဆွဲထားပြီး လက်ထဲသို့ ချူလေးတစ်ခုထည့်ပေးလာသည်..။ ခါးတွင်ချိတ်ဆွဲရသည့် ချူငယ်လေးတစ်ခု...။
" အမြဲဆောင်ထား အန္တရယ်ကြုံရင် ချူကိုဖိလိုက်...ချက်ချင်းရောက်လာခဲ့မယ်...."
" အင်း..."
လွဲ့ကျူး ဖေးဟုန်အား ကျောခိုင်းပြီး မိမိနန်းဆောင်သို့ပြန်လာခဲ့သည်။