ပျောက်ကွယ်ခဲ့သော... Z+U

By cinns28

191K 12K 736

အချစ်က ချိုမြိန်တယ် ချမ်းရဲ့... More

????အပိုင္​း ၁????
???? အပိုင္​း ၂ ????
🌺အပိုင္​း ၃🌺
🌺 အပိုင္​း ၄ 🌺
🌺 အပိုင္​း ၅ 🌺
🌺 အပိုင္​း ၆ 🌺
🌺 အပိုင္​း ၇ 🌺
🌺 အပိုင္​း ၈ 🌺
🌺အပိုင္​း ၉🌺
🌺 အပိုင္​း ၁၀ 🌺
🌺 အပိုင္​း ၁၁ 🌺
🌺 အပိုင္​း ၁၂ 🌺
🌺 အပိုင္​း ၁၄ 🌺
🌺 အပိုင္​း ၁၅ 🌺
🌺 အပိုင္​း ၁၆ 🌺
🌺 အပိုင္​း ၁၇ 🌺
🌺 အပိုင္​း ၁၈ 🌺
🌺 အပိုင္​း ၁၉ 🌺
🌺 အပိုင္​း ၂၀🌺
🌺 အပိုင္​း ၂၁ 🌺
🌺 အပိုင္​း ၂၂ 🌺
🌺 အပိုင္​း ၂၃ 🌺
🌺 အပိုင္​း ၂၄ 🌺
🌺 အပိုင္​း ၂၅ 🌺
🌺 အပိုင္​း ၂၆ 🌺
🌺 အပိုင္​း ၂၇ 🌺
🌺 ဇာတ္​သိမ္​းပိုင္​း ၁ 🌺
🌺 ဇာတ္​သိမ္​းပိုင္​း ၂ 🌺
🌺 ဇာတ္​သိမ္​းပိုင္​း ၃ 🌺
🌺 ဇာတ္​သိမ္​းပိုင္​း ၄ 🌺
🌺 ဇာတ္​သိမ္​းပိုင္​း ၅ 🌺
​ေစရာ...

🌺 အပိုင္​း ၁၃ 🌺

5.3K 360 26
By cinns28


















​ေပ်ာက္​ကြယ္​ခဲ့​ေသာ.... အပိုင္​း ၁၃ 🌺

" နင္​ ငါ့ကိုမွတ္​မိတယ္​မလား... ခ်မ္​း... ''

သူမလက္​ကို အားကိုးသလိုခပ္​တင္​းတင္​းဆုပ္​ကိုင္​ရင္​း ​ေမွၽာ္​လင္​့ခ်က္​ျပည္​့​ေသာမ်က္​ဝန္​းမ်ားျဖင္​့
​ေငး​ေမာၾကည္​့​ေန​ေသာ တစ္​ခ်ိန္​ကသူမ၏ က​ေလးငယ္​ ။

ဆက္​မ်က္​ဝန္​းက မ်က္​ရည္​စတစ္​စက္​ ပါးမို႔မို႔​ေလးထက္​ကိုလိမ္​့ဆင္​းက်လာျပန္​​ေတာ့ ႏွလံုးသား၏ အလိုဆႏၵအရ ခ်မ္​းလက္​က​ေလးတစ္​ဖက္​ ​ေျမာက္​တက္​သြားကာ မ်က္​ရည္​စက္​က​ေလးကိုၾကင္​နာစြာ သုတ္​​ေပးမိသည္​ ။

သို႔​ေသာ္​ ခ်က္​ခ်င္​းဘဲ ​ေနာက္​ျပန္​ဆုတ္​ကာသူမကိုင္​ဆြဲထား​ေသာ လက္​ကိုပါျဖဳတ္​ခ်လိုက္​သည္​ ။

" အျမင္​မ​ေတာ္​လို႔ ဝင္​ကူညီတာ ပတၱျမားဆက္​...
ငါတို႔ၾကားမွာ ဘာအကန္​႔မွမ႐ွိဘူး... နင္​မဟုတ္​ဘဲ တစ္​ျခားတစ္​​ေယာက္​ဆိုလဲ ​ေသခ်ာ​ေပါက္​ငါကူညီမွာ... ​ေက်းဇူးတင္​စရာမလိုသလို ဝင္​​ေႏွာင့္​့ယွက္​သလိုျဖစ္​သြားရင္​လည္​း တစ္​ခါထဲ​ေတာင္​းပန္​ခဲ့ပါတယ္​ ... ​ေနာက္​ထပ္​မ​ေတြ႔ဘဲ ​ေနရ​ေအာင္​ ''

ရက္​စက္​​ေသာစကားမ်ားကို တစ္​​ေယာက္​ထဲ​ေျပာသြားခဲ့သည္​ ။ ထို႔​ေနာက္​​ေက်ာခိုင္​းသြားခဲ့၏ ။
ဆက္​ရင္​ဘတ္​ထဲမွာ ျပည္​့က်ပ္​​ေန​ေသာ အစိုင္​အခဲမ်ားက​ေတာ့ side effect အျဖစ္​က်န္​႐ွိ​ေနခဲ့သည္​ ။

ဟိုအရင္​လို ဆက္​လို႔ ႏူးညံ့စြာ​ေခၚဖို႔​ေဝးစြ ။
ပတၱျမားဆက္​ဟူ​ေသာ နာမည္​႐ွည္​ကို တစ္​စတစ္​ဆံုး​ေခၚကာ နင္​​ေတြ ငါ​ေတြသံုးႏႈန္​းသြားခဲ့သည္​ ။
ခံရခက္​ဆံုးတစ္​ခုက သူမလက္​ကိုဆြဲထား​ေသာ ဆက္​၏လက္​မ်ားကိုအညႇာအတာမဲ့စြာ ျဖဳတ္​ခ်သြားသည္​ ။ ​ေမွၽာ္​လင္​့ခ်က္​မ်ားသည္​လည္​း ထိုလက္​က​ေလးကို ျပဳတ္​က်သြားသည္​ကိုသူမ မသိခဲ့ ။

​ေနာက္​ကို တစ္​ခ်က္​​ေတာင္​ျပန္​လွည္​့မၾကည္​့ဘဲ ဆက္​တိုက္​​ေရြ႕လ်ား​ေန​ေသာ ​ေက်ာျပင္​​ေသး​ေသး​ေလးကို ဆက္​လိုက္​ၾကည္​့​ေနမိသည္​ ။ အျမင္​အာရံု​ေတြဝါးလာသည္​အထိ ​ေဝ့တက္​လာ​ေသာ မ်က္​ရည္​​ေတြကို မ်က္​​ေတာင္​​ေလး​ေတြ ပုတ္​ခတ္​ပုတ္​ခတ္​လုပ္​ရင္​း ​ေလ်ာ့နည္​းသြား​ေအာင္​လုပ္​​ေနမိ၏ ။
ျမင္​​ေနရသမွၽ​ေသာ သူမႏွင္​့ပတ္​သတ္​​ေသာ အရာအားလံုးကိုျမတ္​ႏိုးသည္​ ။ ထြက္​ခြာသြား​ေသာ​ေက်ာျပင္​​ေသး​ေသး​ေလး ျမင္​ကြင္​းထဲမွ​ေပ်ာက္​ကြယ္​သြားသည္​အထိ ဆက္​အျမင္​အာရံု​ေတြ ​ေဝဝါး၍မရ​ေသး ။ သူမဆိုသည္​့အသိက ​ေနာက္​​ေက်ာေလးဘဲျမင္​ရရင္​​ေတာင္​ ​ေပ်ာ္​ရႊင္​​ေန​ေစ၏ ။

က်ိီခနဲ ကားရပ္​သံၾကားလိုက္​ရၿပီ​ေနာက္​ ​ေငးၾကည္​့​ေန​ေသာ ​ေက်ာျပင္​​ေသး​ေသး​ေလး​ေနရာမွာ ၿပိဳင္​ကားအနက္​​ေလးက အစားထိုးဝင္​​ေရာက္​လာ၏ ။ Driver seat မွ ကိုကိုသြင္​ဆင္​းလာကာ သူမဆီသို႔ အ​ေလာတႀကီး​ေလွၽာက္​လာၿပီး ကားတံခါး​ေလးကို အ​ေျပး​ေလးလာဖြင္​့၏ ။

" sorry ပါဆက္​ရယ္​... ကိုကို​ေဆးရံုက ကိစၥ​ေတြမျပတ္​လို႔ ​ေနာက္​က်သြားတယ္​... အၾကာႀကီး​ေစာင္​့လိုက္​ရလား... ''

ဘယ္​အခ်ိန္​ၾကည္​့ၾကည္​့ သပ္​ရပ္​စြာ​ေခ်ာ​ေမာ​ေန​ေသာ ကိုကိုသြင္​့ကိုျမင္​​ေတာ့ ဆက္​ရင္​​ေလးမိျပန္​၏ ။ အကယ္​၍ ကိုကိုသြင္​သာ ခ်မ္​းကိုႀကိဳက္​သည္​ဟုဆိုလာလွၽင္​ အဘက္​ဘက္​ျပည္​့စံုလွ​ေသာသူႏွင္​့ ယွဥ္​ရသည္​မို႔ ဆက္​ကအလိုလို​ေနာက္​မွာက်န္​ခဲ့မွာပင္​... ။

သို႔​ေသာ္​လည္​း အရင္​ကသံ​ေယာဇဥ္​​ေလး ႐ွိ​ေသးသည္​မို႔ နည္​းနည္​း​ေလာက္​မ်ား အ​ေလးသာသြား​ေလမလား... ။

" ရပါတယ္​ကိုကုိသြင္​... ​ေနာက္​က်​ေပမယ္​့ ဆက္​အတြက္​​ေကာင္​းတာ​ေလး​ေတြျဖစ္​သြားပါတယ္​.. ​ေနာက္​က်လို႔ ​ေက်းဇူး​ေတာင္​တင္​ရဦးမယ္​... ''

အငိုမ်က္​လံုးကို အျပံဳးမ်က္​ႏွာႏွင္​့ဖံုးကာ သူမ​ေျပာလိုက္​ၿပီး ကားထဲကိုဝင္​ထိုင္​လိုက္​သည္​ ။

​ေနာက္​​ေက်ာပိုင္​႐ွင္​​ေလးကို​ေတာ့ မ​ေတြ႔ရ​ေတာ့ ။
သို႔​ေသာ္​ ဆက္​မ​ေတြ႔ရ​ေတာ့​ေသာ ထို​ေနာက္​​ေက်ာပိုင္​႐ွင္​သည္​ ဆက္​တို႔ကား​ေလးကို အကြယ္​တစ္​​ေနရာက ​ေခ်ာင္​းၾကည္​့​ေန​ေလသည္​ ။

ခ်မ္​းျမျမကို အသံမထြက္​​ေအာင္​ႀကိတ္​ငိုရင္​း သူမ​ေလးကိုလုပ္​ခဲ့မိတာ​ေတြအတြက္​ ဝမ္​းနည္​း​ေနမိသည္​ ။

​ေတာင္​းပန္​ပါတယ္​... ​ေတာင္​းပန္​ပါတယ္​ဆက္​ရယ္​..... ခ်မ္​းလုပ္​သမွၽအရာ​ေတြအားလံုးဟာ ဆက္​​ေကာင္​းဖို႔အတြက္​ပါဘဲက​ေလးရယ္​.....

ခ်မ္​းကိုအထင္​မလြဲ​ေစခ်င္​ဘူး.....

🌺 တစ္​ခါတစ္​​ေလ ​ေလာကႀကီးမွာ... ကိ္​ုယ္​ခ်စ္​တဲ့သူ​ေတြအတြက္​ အနစ္​နာခံရတာ​ေတြ႐ွိတယ္​ ကေလးငယ္​... က​ေလးငယ္​တစ္​​ေန႔ အမွန္​တရား​ေတြကို သိလာတဲ့အခ်ိန္​.... သိပ္​မခံစားရ​ေစဖို႔အတြက္​... ကိုယ္​ရည္​ရြယ္​ပါတယ္​
က​ေလးငယ္​...... 🌺

🌺🌺

ပတၱျမားဆက္​တစ္​​ေယာက္​ အိမ္​​ေရာက္​လို႔ ​ေရခ်ိဳး ၊ထမင္​းစားၿပီးတာနဲ႔ ဂဏာမၿငိမ္​ျဖစ္​​ေနမိသည္​ ။
အခန္​းငယ္​​ေလးထဲမွာ ​ေခါက္​တုန္​႔​ေခါက္​ျပန္​​ေလွၽာက္​​ေန​ေသာ အကြာအ​ေဝးကို တြက္​ၾကည့္​့မည္​ဆိုလွၽင္​ ၄ ၊ ၅ ဖာလံု​ေလာက္​​ေတာ့႐ွိမည္​ထင္​၏ ။

စိတ္​​ေတြတည္​ၿငိမ္​သြား​ေအာင္​ သူမအႀကိဳက္​ဆံုး BTS ၏ Fake Love သီခ်င္​း​ေလးကို ဖြင္​့ထားလိုက္​သည္​ ။ သီခ်င္​းသံ​ေလးက​ေတာ့ ၿငိမ္​့ၿငိမ္​့​ေလးထြက္​လာပါ၏ ။

" ည​ေနက အ​ေျခအ​ေနကဘာလဲ...
ခ်မ္​းျမျမကိုကို ဘယ္​လိုနားလည္​ရမလဲ... ''

အိပ္​ရာထက္​မွာ ကန္​႔လန္​႔ျဖတ္​လွဲခ်မိရင္​း အ​ေတြး​ေတြးက ​ေတာင္​​ေရာက္​​ေျမာက္​​ေရာက္​ျဖစ္​​ေနျပန္​၏ ။ ​ေသခ်ာတာတစ္​ခုက ခ်မ္​းသည္​ ပထမရက္​တုန္​းက သူမကိုတမင္​မသိခ်င္​​ေယာင္​​ေဆာင္​တာျဖစ္​မည္​ ။

ဒီ​ေန႔မွာ လာကူညီခဲ့တာကိုၾကည္​့လွၽင္​ ဆက္​ကိုမုန္​းလို႔ မသိခ်င္​​ေယာင္​​ေဆာင္​တာ​ေတာ့ မဟုတ္​ဘူးမလား ။ ဒါဆိုဘာလို႔လဲ... ။ ဒါ​ေပမယ္​့ ​ေနာက္​ထပ္​ မ​ေတြ႔ဘဲ​ေနမယ္​လို႔လဲ ​ေျပာသြား​ေသးတယ္​​ေလ ။

" ဟာကြာ.... ဘယ္​လိုလဲ........... ''

အ​ေတြးမ်ားကိုစိတ္​ညစ္​စြာ ​ေက်ာခိုင္​းရန္​ႀကိဳးစားရင္​း သူမ​ေခါင္​းကဆံပင္​​ေတြကိုဖြ​ေနမိသည္​ ။ လက္​ႏွစ္​ဖက္​ကို ပါးႏွစ္​ဖက္​မွာကပ္​ရင္​း...

" ခ်မ္​းျမျမကိုအ​ေၾကာင္​း မ​ေတြးနဲ႔...  ခ်မ္​းျမျမကို အ​ေၾကာင္​းမ​ေတြးနဲ႔... အား...... သူကဘာလို႔ငါ့ကိုဒီလို​ေတြလုပ္​တာလဲ........
I'm so sick of this fake love.... fake love...... I'm so sorry but it's fake love fake love...... ....... ''

သီခ်င္​း​ေတြအက်ယ္​ႀကီး​ေအာ္​ဆို​ေန​ေသာ္​လည္​း ​ေခါင္​းထဲတြင္​ ခ်မ္​း၏အသံ ၊ ပံုရိပ္​တို႔ကသာႀကီးစိုး​ေနျပန္​သည္​ ။

" မတတ္​ႏိုင္​ဘူး... ငါတကယ္​ကို ႐ွင္​း႐ွင္​းလင္​းလင္​းသိမွျဖစ္​မယ္​ ခ်မ္​း ''

ကုတင္​​ေပၚက​ေန ​ေငါက္​ကနဲထထိုင္​ကာ ဟိုယခင္​က သူမ၏မွတ္​စုစာအုပ္​​ေလး​ေတြကို ျပန္​႐ွာ​ေနမိသည္​ ။

" ငါ​ေတာင္​ ဖုန္​းနံပါတ္​မ​ေျပာင္​းတာ... ခ်မ္​းလည္​းမ​ေျပာင္​းပစ္​ပါ​ေစနဲ႔လို႔ ဆု​ေတာင္​းရမယ္​ ''

ဆယ္​မိနစ္​ခန္​႔ ​ေမႊ​ေႏွာက္​ၿပီး စာအုပ္​စင္​​ေအာက္​ဆံုးထပ္​က စာအုပ္​တစ္​အုပ္​ကို ဆက္​ထုတ္​လာသည္​။ စာအုပ္​မ်က္​ႏွာဖံုး​ေပၚက ဖုန္​​ေတြကို ​ေလျဖင္​့မႈတ္​ထုတ္​လိုက္​သည္​ ။ ​ေလးငါးမ်က္​ႏွာ​ေလာက္​ လွန္​​ေလွာၿပီး​ေနာက္​ သူမလက္​​ေရးဝိုင္​းဝိုင္​း​ေလးမ်ားျဖင္​့ ​ေရးမွတ္​ထား​ေသာ ဆက္​၏ဖုန္​းနံပါတ္​က​ေလး​ေပၚလာသည္​ ။

ဆက္​ခ်က္​ခ်င္​းပင္​ ဖြင္​့ထား​ေသာသီခ်င္​းကိုပိတ္​ၿပီး​ေနာက္​ screen ​ေပၚမွာ သူမလက္​​ေခ်ာင္​း​ေတြကို​ေျပးလႊားလိုက္​သည္​ ။ call ခလုတ္​​ေလးကိုႏွိပ္​ၿပီး​ေနာက္​ သူမ ဖုန္​း​ေလးကိုနားျဖင္​့ကပ္​လိုက္​သည္​ ။ ကိုင္​ပါ​ေစဟုလည္​း ဆု​ေတာင္​း​ေနမိသည္​ ။

တစ္​ဖက္​တြင္​လည္​း ခ်မ္​းစာၾကည္​့​ေနရင္​း ဖုန္​းမည္​လာ၍ Caller ID ကိုၾကည္​့လိုက္​သည္​ ။

SEK ဟူ​ေသာ နာမည္​​ေလးကိုျမင္​ၿပီး​ေနာက္​ သူမရင္​ခုန္​သြားမိသည္​ ။

ႏွလံုးသားႏွင္​့ဦး​ေႏွာက္​တို႔၏ လြန္​ဆြဲပြဲ....

သူမကိုင္​လိုက္​သင္​့သလား..........




































ပျောက်ကွယ်ခဲ့သော.... အပိုင်း ၁၃ 🌺

" နင် ငါ့ကိုမှတ်မိတယ်မလား... ချမ်း... ''

သူမလက်ကို အားကိုးသလိုခပ်တင်းတင်းဆုပ်ကိုင်ရင်း မျှော်လင့်ချက်ပြည့်သောမျက်ဝန်းများဖြင့်
ငေးမောကြည့်နေသော တစ်ချိန်ကသူမ၏ ကလေးငယ် ။

ဆက်မျက်ဝန်းက မျက်ရည်စတစ်စက် ပါးမို့မို့လေးထက်ကိုလိမ့်ဆင်းကျလာပြန်တော့ နှလုံးသား၏ အလိုဆန္ဒအရ ချမ်းလက်ကလေးတစ်ဖက် မြောက်တက်သွားကာ မျက်ရည်စက်ကလေးကိုကြင်နာစွာ သုတ်ပေးမိသည် ။

သို့သော် ချက်ချင်းဘဲ နောက်ပြန်ဆုတ်ကာသူမကိုင်ဆွဲထားသော လက်ကိုပါဖြုတ်ချလိုက်သည် ။

" အမြင်မတော်လို့ ဝင်ကူညီတာ ပတ္တမြားဆက်...
ငါတို့ကြားမှာ ဘာအကန့်မှမရှိဘူး... နင်မဟုတ်ဘဲ တစ်ခြားတစ်ယောက်ဆိုလဲ သေချာပေါက်ငါကူညီမှာ... ကျေးဇူးတင်စရာမလိုသလို ဝင်နှောင့့်ယှက်သလိုဖြစ်သွားရင်လည်း တစ်ခါထဲတောင်းပန်ခဲ့ပါတယ် ... နောက်ထပ်မတွေ့ဘဲ နေရအောင် ''

ရက်စက်သောစကားများကို တစ်ယောက်ထဲပြောသွားခဲ့သည် ။ ထို့နောက်ကျောခိုင်းသွားခဲ့၏ ။
ဆက်ရင်ဘတ်ထဲမှာ ပြည့်ကျပ်နေသော အစိုင်အခဲများကတော့ side effect အဖြစ်ကျန်ရှိနေခဲ့သည် ။

ဟိုအရင်လို ဆက်လို့ နူးညံ့စွာခေါ်ဖို့ဝေးစွ ။
ပတ္တမြားဆက်ဟူသော နာမည်ရှည်ကို တစ်စတစ်ဆုံးခေါ်ကာ နင်တွေ ငါတွေသုံးနှုန်းသွားခဲ့သည် ။
ခံရခက်ဆုံးတစ်ခုက သူမလက်ကိုဆွဲထားသော ဆက်၏လက်များကိုအညှာအတာမဲ့စွာ ဖြုတ်ချသွားသည် ။ မျှော်လင့်ချက်များသည်လည်း ထိုလက်ကလေးကို ပြုတ်ကျသွားသည်ကိုသူမ မသိခဲ့ ။

နောက်ကို တစ်ချက်တောင်ပြန်လှည့်မကြည့်ဘဲ ဆက်တိုက်ရွေ့လျားနေသော ကျောပြင်သေးသေးလေးကို ဆက်လိုက်ကြည့်နေမိသည် ။ အမြင်အာရုံတွေဝါးလာသည်အထိ ဝေ့တက်လာသော မျက်ရည်တွေကို မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း လျော့နည်းသွားအောင်လုပ်နေမိ၏ ။
မြင်နေရသမျှသော သူမနှင့်ပတ်သတ်သော အရာအားလုံးကိုမြတ်နိုးသည် ။ ထွက်ခွာသွားသောကျောပြင်သေးသေးလေး မြင်ကွင်းထဲမှပျောက်ကွယ်သွားသည်အထိ ဆက်အမြင်အာရုံတွေ ဝေဝါး၍မရသေး ။ သူမဆိုသည့်အသိက နောက်ကျောလေးဘဲမြင်ရရင်တောင် ပျော်ရွှင်နေစေ၏ ။

ကျီခနဲ ကားရပ်သံကြားလိုက်ရပြီနောက် ငေးကြည့်နေသော ကျောပြင်သေးသေးလေးနေရာမှာ ပြိုင်ကားအနက်လေးက အစားထိုးဝင်ရောက်လာ၏ ။ Driver seat မှ ကိုကိုသွင်ဆင်းလာကာ သူမဆီသို့ အလောတကြီးလျှောက်လာပြီး ကားတံခါးလေးကို အပြေးလေးလာဖွင့်၏ ။

" sorry ပါဆက်ရယ်... ကိုကိုဆေးရုံက ကိစ္စတွေမပြတ်လို့ နောက်ကျသွားတယ်... အကြာကြီးစောင့်လိုက်ရလား... ''

ဘယ်အချိန်ကြည့်ကြည့် သပ်ရပ်စွာချောမောနေသော ကိုကိုသွင့်ကိုမြင်တော့ ဆက်ရင်လေးမိပြန်၏ ။ အကယ်၍ ကိုကိုသွင်သာ ချမ်းကိုကြိုက်သည်ဟုဆိုလာလျှင် အဘက်ဘက်ပြည့်စုံလှသောသူနှင့် ယှဉ်ရသည်မို့ ဆက်ကအလိုလိုနောက်မှာကျန်ခဲ့မှာပင်... ။

သို့သော်လည်း အရင်ကသံယောဇဉ်လေး ရှိသေးသည်မို့ နည်းနည်းလောက်များ အလေးသာသွားလေမလား... ။

" ရပါတယ်ကိုကိုသွင်... နောက်ကျပေမယ့် ဆက်အတွက်ကောင်းတာလေးတွေဖြစ်သွားပါတယ်.. နောက်ကျလို့ ကျေးဇူးတောင်တင်ရဦးမယ်... ''

အငိုမျက်လုံးကို အပြုံးမျက်နှာနှင့်ဖုံးကာ သူမပြောလိုက်ပြီး ကားထဲကိုဝင်ထိုင်လိုက်သည် ။

နောက်ကျောပိုင်ရှင်လေးကိုတော့ မတွေ့ရတော့ ။
သို့သော် ဆက်မတွေ့ရတော့သော ထိုနောက်ကျောပိုင်ရှင်သည် ဆက်တို့ကားလေးကို အကွယ်တစ်နေရာက ချောင်းကြည့်နေလေသည် ။

ချမ်းမြမြကို အသံမထွက်အောင်ကြိတ်ငိုရင်း သူမလေးကိုလုပ်ခဲ့မိတာတွေအတွက် ဝမ်းနည်းနေမိသည် ။

တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဆက်ရယ်..... ချမ်းလုပ်သမျှအရာတွေအားလုံးဟာ ဆက်ကောင်းဖို့အတွက်ပါဘဲကလေးရယ်.....

ချမ်းကိုအထင်မလွဲစေချင်ဘူး.....

🌺 တစ်ခါတစ်လေ လောကကြီးမှာ... ကိုယ်ချစ်တဲ့သူတွေအတွက် အနစ်နာခံရတာတွေရှိတယ် ကလေးငယ်... ကလေးငယ်တစ်နေ့ အမှန်တရားတွေကို သိလာတဲ့အချိန်.... သိပ်မခံစားရစေဖို့အတွက်... ကိုယ်ရည်ရွယ်ပါတယ်
ကလေးငယ်...... 🌺

🌺🌺

ပတ္တမြားဆက်တစ်ယောက် အိမ်ရောက်လို့ ရေချိုး ၊ထမင်းစားပြီးတာနဲ့ ဂဏာမငြိမ်ဖြစ်နေမိသည် ။
အခန်းငယ်လေးထဲမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေသော အကွာအဝေးကို တွက်ကြည့့်မည်ဆိုလျှင် ၄ ၊ ၅ ဖာလုံလောက်တော့ရှိမည်ထင်၏ ။

စိတ်တွေတည်ငြိမ်သွားအောင် သူမအကြိုက်ဆုံး BTS ၏ Fake Love သီချင်းလေးကို ဖွင့်ထားလိုက်သည် ။ သီချင်းသံလေးကတော့ ငြိမ့်ငြိမ့်လေးထွက်လာပါ၏ ။

" ညနေက အခြေအနေကဘာလဲ...
ချမ်းမြမြကိုကို ဘယ်လိုနားလည်ရမလဲ... ''

အိပ်ရာထက်မှာ ကန့်လန့်ဖြတ်လှဲချမိရင်း အတွေးတွေးက တောင်ရောက်မြောက်ရောက်ဖြစ်နေပြန်၏ ။ သေချာတာတစ်ခုက ချမ်းသည် ပထမရက်တုန်းက သူမကိုတမင်မသိချင်ယောင်ဆောင်တာဖြစ်မည် ။

ဒီနေ့မှာ လာကူညီခဲ့တာကိုကြည့်လျှင် ဆက်ကိုမုန်းလို့ မသိချင်ယောင်ဆောင်တာတော့ မဟုတ်ဘူးမလား ။ ဒါဆိုဘာလို့လဲ... ။ ဒါပေမယ့် နောက်ထပ် မတွေ့ဘဲနေမယ်လို့လဲ ပြောသွားသေးတယ်လေ ။

" ဟာကွာ.... ဘယ်လိုလဲ........... ''

အတွေးများကိုစိတ်ညစ်စွာ ကျောခိုင်းရန်ကြိုးစားရင်း သူမခေါင်းကဆံပင်တွေကိုဖွနေမိသည် ။ လက်နှစ်ဖက်ကို ပါးနှစ်ဖက်မှာကပ်ရင်း...

" ချမ်းမြမြကိုအကြောင်း မတွေးနဲ့...  ချမ်းမြမြကို အကြောင်းမတွေးနဲ့... အား...... သူကဘာလို့ငါ့ကိုဒီလိုတွေလုပ်တာလဲ........
I'm so sick of this fake love.... fake love...... I'm so sorry but it's fake love fake love...... ....... ''

သီချင်းတွေအကျယ်ကြီးအော်ဆိုနေသော်လည်း ခေါင်းထဲတွင် ချမ်း၏အသံ ၊ ပုံရိပ်တို့ကသာကြီးစိုးနေပြန်သည် ။

" မတတ်နိုင်ဘူး... ငါတကယ်ကို ရှင်းရှင်းလင်းလင်းသိမှဖြစ်မယ် ချမ်း ''

ကုတင်ပေါ်ကနေ ငေါက်ကနဲထထိုင်ကာ ဟိုယခင်က သူမ၏မှတ်စုစာအုပ်လေးတွေကို ပြန်ရှာနေမိသည် ။

" ငါတောင် ဖုန်းနံပါတ်မပြောင်းတာ... ချမ်းလည်းမပြောင်းပစ်ပါစေနဲ့လို့ ဆုတောင်းရမယ် ''

ဆယ်မိနစ်ခန့် မွှေနှောက်ပြီး စာအုပ်စင်အောက်ဆုံးထပ်က စာအုပ်တစ်အုပ်ကို ဆက်ထုတ်လာသည်။ စာအုပ်မျက်နှာဖုံးပေါ်က ဖုန်တွေကို လေဖြင့်မှုတ်ထုတ်လိုက်သည် ။ လေးငါးမျက်နှာလောက် လှန်လှောပြီးနောက် သူမလက်ရေးဝိုင်းဝိုင်းလေးများဖြင့် ရေးမှတ်ထားသော ဆက်၏ဖုန်းနံပါတ်ကလေးပေါ်လာသည် ။

ဆက်ချက်ချင်းပင် ဖွင့်ထားသောသီချင်းကိုပိတ်ပြီးနောက် screen ပေါ်မှာ သူမလက်ချောင်းတွေကိုပြေးလွှားလိုက်သည် ။ call ခလုတ်လေးကိုနှိပ်ပြီးနောက် သူမ ဖုန်းလေးကိုနားဖြင့်ကပ်လိုက်သည် ။ ကိုင်ပါစေဟုလည်း ဆုတောင်းနေမိသည် ။

တစ်ဖက်တွင်လည်း ချမ်းစာကြည့်နေရင်း ဖုန်းမည်လာ၍ Caller ID ကိုကြည့်လိုက်သည် ။

SEK ဟူသော နာမည်လေးကိုမြင်ပြီးနောက် သူမရင်ခုန်သွားမိသည် ။

နှလုံးသားနှင့်ဦးနှောက်တို့၏ လွန်ဆွဲပွဲ....

သူမကိုင်လိုက်သင့်သလား..........




















Continue Reading

You'll Also Like

23.7K 1.7K 42
အန်တီယိမ်းရဲ့အချစ်တွေကိုသိချင်ရင် ဖတ်ကြည့်
25.1K 1.9K 23
"တမာရဲ့ကမ္ဘာ" ကဆရာမနဲ့ခပ်ဆိုးဆိုးကျောင်းသူလေးကြားမှာ ဖြစ်တည်လာမယ့် GL အချစ်ဇာတ်လမ်းလေးပါ။ (၂၀၁၀-၂၀၁၁) ခုနှစ်တွေဆီကိုဦးတည်ရေးထားတာမို့ ခံစားအားပေးကြပါ...
36.8K 3.2K 28
ဘဝမှာ လိုအင်ရယ်လို့ များများစားစားမရှိတဲ့မိန်းမတစ်ယောက်ပဲ။ အဖြစ်ချင်ဆုံးဆိုလို့ ခြံဝန်းကျယ်ကျယ်ထဲမှာ ပန်းပင်လေးတွေ ပျိုးထားချင်တာနဲ့ အစ်မရဲ့ဆံနွယ်ထက်...
470K 40.2K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ