" ၀င်ခဲ့ပါ မင်းသမီး "
" ကျေးဇူးပါပဲ အရှင် "
ကို တည်ခင်းထား၏...။
" မှန်ပါ မင်းကြီး "
" မှန်လှပါ အရှင်မြတ် "
လွဲ့ကျူးသည်အားသည့်အချိန်များတွင် ချင်တိုင်းပြည်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဖတ်လေ့ရှိသည့်အပြင် ဗဟုသုတရစရာ စာပေများ ဆေးကျမ်းများ ခက်ခဲနက်နဲသည့် ရှေးဦးသင်္ကေတစာပေများကိုပါ ခက်ခက်ခဲခဲလေ့လာသင်ယူ၍ ဖတ်လေ့ရှာသည်။
" မင်းသမီးဟာ ဥာဏ်ပညာထက်မြတ်ပြီး လိမ္မာရေးခြားရှိတယ် ပါးနပ်တယ် ဒါကြောင့် မင်းသမီးဟာ အိမ်ရှေ့စံရဲ့ မိဖုရားတစ်ပါးပဲဖြစ်သင့်ပါတယ် "
♕ ♕ ♕ ♕ ♕
" ....ကျွီ.."
ညဥ့်နက်သန်းခေါင်ရောက်သည်အထိ လျှို့ဝှက်အဆောင်ထဲမှ ထွက်မလာသေးသဖြင့် ဝေ့ရင်း ထိုအဆောင်ထဲသို့ ၀င်လာလိုက်သည်။ ဤကဲ့သို့ ငြိမ်သက်စွာ ထိုင်နေသည်မှာ ချန်းလုံထွက်သွားပြီးကထဲကဖြစ်လိမ့်မည်။
" သခင်လေး ဝေ့.."
" အင်း ပြောလေ လန်ကျန့် "
" ဟမ်.....မင်းမူးနေပြီလေ ....."
"ငါမမူးဘူး ငါု့ကုချင်တီးသံက အရမ်းသာယာတာ...မင်းနားထောင်မိရင် ငါ့ကိုရပ်ခိုင်းတော့မှာမဟုတ်ဘူး....."
" ငါ...မမူးဘူး "
" ဝေ.....ဘာလို့ ကုချင်တွေအများကြီးဖြစ်နေတာလ မင်းပုံစံတူတွေလုပ်ထားတာလား "
" ငါ မမူးဘူး ..."
" ဂလောက်....လောက်..."
" အာ.....ကုချင်ကလဲ ထွက်ပြေးနေပြန်ပြီ...ငါက ငါ့သခင်လေးကို နားထောင်ခိုင်းမလို့ပါဆို...."
" ဟမ်...."
" ဝေ့ သခင်လေး....ငါ့ကိုကုချင်ရှာပေး....မင်းကိုငါ့သံစဉ်တွေနားထောင်ခိုင်းရဦးမယ်....."
" မရှာဘူး...."
" ဝေ့သခင်လေး....ဘာဖြစ်လို့ မင်းကအများကြီးဖြစ်နေတာလဲ အမြွှာရှိတာလား "
ဝေ့ရင်း သည်းခံပြီး အိမ်ရှေ့စံဘေးတွင်ထိုင်နေရသည်..။
" ဝေ့သခင်လေး...ငါ့ဘ၀မှာ...ဘယ်သူ့ကိုမှ ငါ့သံစဉ်တွေ နားမထောင်ခိုင်းခဲ့ဘူး....အေ့..."
" ဟင်....ဘယ်သူ့ကိုမှလား....."
" အင်း....."
" အိမ်တော် ၆ က အေးချမ်းတယ် နန်းတော်နဲ့ အဝေးကြီးလဲမဟုတ်ဘူး ဒါကြောင့်ငါ ဒီမှာပဲအနေများတာပေါ့ အိမ်တော်၆က မယ်တော်ဘုရားက ငါ့အတွက်သီးသန့်ဆောက်ပေးထားတဲ့အိမ်တော်လေ.."
" ဪ....."
" ဪ...."
" ဝေ့ သ ခင် လေး ....."
" ဘယ်တုန်းကလဲ "
" အခု....."
" ဘယ်တုန်းကအခုလဲ "
" အခု...."
လန်ကျန့်ခေါင်းကို...ဝေ့ရင်း၏ ပုခုံးပေါ်မှ ပြန်ဖယ်လိုက်ပြီး ဝေ့ရင်းနှင့်မျက်နှာချင်းဆိုင်လိုက်သည်....။ ခပ်တည်တည်ကြီးကြည့်နေသောကြောင့် ဝေ့ရင်း ထိတ်လန့်နေမိသည်...။ မှိန်ပြပြမီးရောင်အောက်တွင် လန်ကျန့်၏ အကြည့်များက ကြက်သီးထဖွယ်ကောင်းနေသည်။
ဝေ့ရင်း၏ စကားမဆုံးသေးခင်. .
" ဒါကတော့ မဖြစ်..... အ "
စကားမဆုံးသေးခင် အင်္ကျီကအဝေးရောက်သွားပြီ.....ရှုးရှုးရှားရှား မောဟိုက်နေသည့်အသံကား အနမ်းများကြား လူးလွန့်နေ၏...။
ကိုက်လိုက်၏...။
" ငါ မင်းကို လိုချင်တယ် "
" ဘာ......မင်း.... အား....."
" အား....ခွေးကောင်ကြီး..... "
နောက်ဆုံးလန်ကျန့်၏ ကိုယ်ကို တွန်းချကာ အင်္ကျီပြန်ဝတ်ပြီး မိမိအိပ်ဆောင်ဆီသို့ ပြန်လာခဲ့ပါ၏..။
♕ ♕ ♕ ♕ ♕ ♕
" ဘာလို့လဲ..."
" မှန်လှပါ အရှင် "
ညနေစောင်းပြီး အမှောင်ပျိုးသည်နှင့် ဘုရင်မင်းကြီး၏နန်းဆောင်ကိုသွားရန် အခြွေအရံများက ချင်နိုင်ငံ၏ အဆင်တန်ဆာများစွာတို့ကို ဆင်ယင်ပေး၏...။
အနီရောင်၀တ်ရုံကြီးကို၀တ်ဆင်ရ၏...။ အစိမ်းရောင် တောက်နေသည့် ကျောက်စိမ်းဆံထိုးကို ဆံထုံး၏အလယ်တည့်တည့်တွင်ထိုးစိုက်က နံဘေးမှ ပတ္တမြားငယ်လေးများကို ၀န်းရံစီခြယ်၏...။ နန်းဆောင်ထဲရှိ ေ၀ဆာစွာပွင့်နေသော မက်မွန်ပွင့်ကလေးများထက် ပို၍ သာလွန်စွာ နူးည့ံလှပနေ၏....။
အားလုံးပြင်ဆင်၍ပြီးချိန်တွင် ညမိုးချုပ်နေလေပြီ....။
ထို့ကြောင့် ချက်ချင်းပင် ဘုရင်မင်းကြီး၏နန်းဆောင်သို့ အခြွေအရံများနှင့်တစ်ကွ သွားလေသည်။ နေရာတိုင်းတွင် အစောင့်ရဲမက်များကို ခပ်စိတ်စိတ်ချထားလေသည်...။ နန်းဆောင်သို့ရောက်သော် ....
" အရှင်မင်းမြတ် ကျွန်တော်မျိုးမ လွဲ့ကျူး ခစားရောက်ရှိလာပါပြီ "
" ၀င်ခဲ့ပါ မင်းသမီး "
ခမ်းနားစွာတည်ဆောက်ထားသော နန်းဆောင်တံခါးကို ကိုယ်တိုင်ဖွင့်၍ ၀င်လိုက်လျင်....ထိန်ညီးနေသော မီးရောင်များဖြင့် လှပစွာရှိနေသော နန်းဆောင်ကိုတွေ့မြင်လိုက်ရ၏...။
လှပသော မီးအိမ်များကို သတိလက်လွတ်ဖြင့် ရင်သက်ရှုမောငေးကြည့်နေပြီးမှ....ဘုရင်မြင်းကြီးအားစိုးထိတ်စွာ ဦးညွှတ်ပြီးလျှင်...
" လွဲ့ကျူး သေသင့်တဲ့ပစ်ဒဏ်ကိုကျူးလွန်မိပါတယ် အရှင်မင်းကြီး "
" မလိုပါဘူး မင်းသမီး လွပ်လပ်စွာပြောဆိုပါ ထိုင်ပါ '"
" ကျေးဇူးပါပဲ အရှင် "
မင်းသမီးကကြီးမားသော စားပွဲခုံကြီးတွင်၀င်ထိုင်၏။ စားပွဲပေါ်တွင် သီးနှံများစွာတို့
ကို တည်ခင်းထား၏...။
ပန်းသီး.စပျစ်သီး လိမေ္မာ်သီး စသဖြင့် တည်ခင်းထား၏...။ ထို့နောက် မင်းကြီးက သေရည်ကရားအိုးငယ်လေးကို ကိုင်မြောက်ကာ ကျောက်စိမ်းခွက်ဖြင့် သေရည်ကိုငဲ့၏...။
" ကျုပ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံပါ မင်းသမီး "
" မှန်ပါ မင်းကြီး "
မင်းကြီးကမ်းပေးသော ခွက်ကိုလှမ်းယူလိုက်ရင်း သေရည်ကိုသောက်မည်အပြုတွင် သေရည်အားသေချာကြည့်မိလိုက်၏...။ သာမန်သေရည်တို့သည် မည်မျှလောက်ပင် အဖိုးတန်ဖြစ်နေသော်လဲ တစ်ဖြည်းဖြည်းကြည်လောင်သွားခြင်းမရှိ...။
သေရည်များ၏ သဘာ၀ အနည်းငယ်နောက်ကျိကျိ ရှိတတ်ကြသည်...။သို့သော် ယခုသေရည်မှာမူ...ခွက်ထဲတွင်ပင် တဖြည်းဖြည်းကြည်လာ၏. .။
ဒါ...အဆိပ်သေရည်အမျိုးအစားဖြစ်ပေသည်...။ ကျောက်စိမ်း၏အေးမြမှုနှင့်ထိတွေ့ပါက အဆိပ်အဖြစ်သို့ပြောင်းသွားနိုင်သော ကျောက်စိမ်းမရဏ သေရည် ....။ ထိုသေရည်အား ကြားဖူးသူကတော်တော်ရှား၍ တော်တော်လဲ ရှေးကျနေပေပြီ...။
လွဲ့ကျူးသေရည်ခွက်အား မသောက်ပဲ ပြန်ချထားလိုက်သည်။ ဤသည်ကို မင်းကြီးက...
" သေရည်ကို မသောက်ပါလား မင်းသမီး ဘာဖြစ်လို့ပါလဲ "
" အရှင်မင်း ကျောက်စိမ်းမရဏသေရည်ကို ကျွန်တော်မျိုးမ မသောက်ဝံ့ပါ "
" ဟား ဟား ဟား မင်းသမီး အသိပညာကြွယ်၀လှပါတယ် ဒီ မရဏသေရည်ကိုသိတဲ့လူရှားသလို ရှားပါးသေရည်လဲဖြစ်တယ် ဒီသေရည်ရှိတယ်ဆိုတာကို မင်းသမီးသိတာနဲ့တင် အသိပညာကြွယ်၀လှတာကို ကိုယ်တော်ချီးမွမ်းပါတယ် "
" မြှောက်ပင့်လွန်းနေပါပြီ အရှင် "
မင်းကြီးက လွဲ့ကျုးအားသဘောကျစွာဖြင့် အပြင်မှ အထိန်းတော်အားလှမ်းခေါ်လိုက်သည်။
" အထိန်းတော်ကြီး မက်မွန်၀ိုင် ယူလာခဲ့ပါ "
" မှန်လှပါ အရှင်မြတ် "
နန်းဆောင်အပြင်မှ အထိန်းတော်က ခဏကြာသည်နှင့် ပန်းနုရောင် ကျောက်အိုးလေးကိုယူလာခဲ့သည်။
မက်မွန်၀ိုင်သည် ချင် လူမျိုးတို့ တန်ဖိုးထားရသည့် သေရည်ဖြစ်သည်..။ ထူးမြတ်လေးစားအပ်သော ပုဂိ္ဂုလ်တို့ကိုသာလျှင် မက်မွန်၀ိုင် တိုက်လေ့ရှိသည်ဟု စာထဲတွင်လေ့လာဖူးသည်..။
လွဲ့ကျူးသည်အားသည့်အချိန်များတွင် ချင်တိုင်းပြည်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဖတ်လေ့ရှိသည့်အပြင် ဗဟုသုတရစရာ စာပေများ ဆေးကျမ်းများ ခက်ခဲနက်နဲသည့် ရှေးဦးသငေ်္ကတစာပေများကိုပါ ခက်ခက်ခဲခဲလေ့လာသင်ယူ၍ ဖတ်လေ့ရှာသည်။
အားသည့်အချိန်တိုင်း စာအုပ်စာပေများနှင့်သာ အချိန်ကုန်လေ့ရှိပေသည်...။ မင်းကြီးက အနီရောင်၀ိုင်ရည်များကို အခြားခွက်အတွင်းထည့်ပေး၍ မိမိအားတည်ခင်းလေသောကြောင့် မိမိအားအထူးအမြတ်ပုဂိ္ဂုလ်အဖြစ် အလေးပေးသည်ကို ကျေးဇူးတင်မိရလေသည်..။
" အရှင်မင်းမြတ်ရဲ့ အလေးထားမှုကို ကျူးအော် ၀မ်းမြောက်ဂုဏ်ယူမိပါတယ် "
" ဟားဟား ကောင်းပြီ...လာ သောက်လိုက်ရအောင် "
မင်းကြီးရော လွဲ့ကျူးပါ သေရည်ခွက်ကို မော့ချလိုက်၏...။ ထို့နောက် မင်းကြီးက .
" မင်းသမီး...ကိုယ်တော်ဟာ အသက်အရွယ်ကြီးရင့်နေ..ကိုယ်တော့်ရဲ့ကျန်ရှိနေတဲ့အချိန်တွေမှာ မိဖုရားကြီး နဲ့ပဲအချိန်တွေကုန်ဆုံးချင်တယ်....အတူရှိနေချင်တယ် နောက်ထပ်မိဖုရားတွေလဲ မလိုတော့ပါဘူး...."
" အရှင်မင်းကြီး ဆိုလိုတာက အိမ်ရှေ့စံမင်းကို ထီးနန်းလွဲပေးဖို့ ဆုံးဖြတ်ထားတဲ့ သဘောပါလား အရှင် "
" မင်းသမီးဟာ ဉာဏ်ပညာထက်မြတ်ပြီး လိမ္မာရေးခြားရှိတယ် ပါးနပ်တယ် ဒါကြောင့် မင်းသမီးဟာ အိမ်ရှေ့စံရဲ့ မိဖုရားတစ်ပါးပဲဖြစ်သင့်ပါတယ် "
လွဲ့ကျူးက မတ်တပ်ရပ်၍ လက်နှစ်ဖက်ကိုယှက်ကာ ဂါရ၀ပြုလိုက်၏....။
" ကျူးအော် မခံယူဝံ့ပါ အရှင်မင်းမြတ် "
" မင်းသမီးကို ကိုယ့်တော့်ရဲ့ သမီးလေးတစ်ယောက်လိုပဲ သဘောထားပါတယ်ကွယ်. "
မင်းကြီးကပါ မတ်တပ်ရပ်ပြီး လွဲ့ကျူး၏လက်နှစ်ဖက်ကို ဖြုတ်စေခြင်းငှါ လက်ဖျံကိုအသာကိုင်လိုက်ပြီး
" မင်းသမီးကို မြင်မြင်ခြင်းပဲ အရင်အိမ်ရှေ့မင်းသား လီရှင်းကို သတိရမိလိုက်တယ် လန်ကျန့်ဟာလဲ မင်းသမီးလိုစာပေတွေနှစ်သက်တယ် မြတ်နိုးတယ် အနုပညာတွေကို ခံမင်တယ်....အိမ်း. ..ကိုယ်တော်သာ မေတ္တာတောင်ကြားကိုသွားခွင့်မပြုခဲ့ရင် အခုလိုဖြစ်လာမှာမဟုတ်ဘူး..."
မင်းကြီးက ညည်းညူရင်း မျက်နှာအောက်ငုံ့နေ၏...။ လွဲ့ကျူး မိမိဘ၀တွင်တစ်ခါမျှ မတွေ့ရှိ မသိရှိ မရရှိခဲ့ဖူးသော မိဘမေတ္တာ...ဖခင်မေတ္တာကို လက်တွေ့သိရှိလိုက်ရသဖြင့် ရင်ထဲတွင်ကြည်နူး၀မ်းသာစိတ်တို့ဖြစ်ပေါ်လာရသည်..။
လွဲ့ကျုး လူမှန်းသိတတ်စ ဘ၀ကပင် မိခင်မရှိ ဖခင်မရှိ ကြီးပြင်းခဲ့ရသည်။ သွေးသားရင်းချာများမှာ ဦးရီးတော် တျလီ နယမ် နှင့်အခြား နယ်စားမြို့စားမင်းများဖြစ်ကြသော ဦးရီးတော်များသာရှိပေသည်။
အခြား ၀မ်းကွဲမောင်နှမများကလဲ မိမိအားချစ်ခင်ကြသည်..။မောင်နှမအရင်းများကဲ့သို့ ချစ်ခင်ကြပေသည်။ မွေးပေါက်ဖော်မရှိသော မိမိဘ၀သည် အားငယ်စရာမရှိခဲ့...။ မိမိ၏ ခမည်းတော်နှင့်မယ်တော်တို့အား ပန်းချီရုပ်လွှာထဲတွင်သာ တွေ့ဖူး မြင်ဖူးလေသည်။
♕ ♕ ♕ ♕ ♕
လက်ဆွဲမီးအိမ်လေးတစ်လုံးက စားပွဲပေါ်တွင်ငြိမ်သက်စွာဖြင့်မီးစာတို့ကို လောင်မြိုက်နေ၏...။ မိမိ၏ရင်ထဲတွင်လဲ အပူမီးတို့ကလဲ အတိုင်းမသိလောင်မြိုက်နေပေပြီ...။
မည်သူမျှရှိမနေသော အခန်းငယ်လေးတွင်တိတ်ဆိတ်စွာထိုင်နေသော လန်ကျန့်..။ သေရည်အိုးမြောက်များစွာတို့က စားပွဲပေါ်တွင်ပြန့်ကျဲ၍နေ၏။
" ....ကျွီ.."
ညဉ့်နက်သန်းခေါင်ရောက်သည်အထိ လျှို့၀ှက်အဆောင်ထဲမှ ထွက်မလာသေးသဖြင့် ေ၀့ရင်း ထိုအဆောင်ထဲသို့ ၀င်လာလိုက်သည်။ ဤကဲ့သို့ ငြိမ်သက်စွာ ထိုင်နေသည်မှာ ချန်းလုံထွက်သွားပြီးကထဲကဖြစ်လိမ့့်မည်။
ချန်းလုံက ပြောစရာရှိသည့်စကားပြောပြီး ဘုရင်ကြီးက မင်းသား၂ အား ရှာရန်တာ၀န်ပေးထားသောကြောင့် ညနေကထဲက ထွက်သွားပြီဖြစ်သည်..။ ထို့နောက် ချန်းလုံးက လက်ထဲတွင် သေရည်အိုးများစွာကိုသယ်လျက် နောက်တစ်ခေါက်ပြန်ရောက်လာပြီး မိမိကို လန်ကျန့်အား စောင့်ရှောက်ပေးရန် တောင်းဆိုသွားခဲ့သည်...။
လန်ကျန့်မှာ ယခင်က သေရည်အန့ံပင်မခံနိုင်ကြောင်းလဲ ပြောသွားခဲ့သေးသည်...။ လန်ကျန့် ကအရက်မသောက်ဖူးပဲ သောက်မတဲ့လား....။ ရှောင်းေ၀ စိုးထိတ်စွာဖြင့် အဆောင်ထဲသို့၀င်သွားပြီး ငြိမ်သက်စွာထိုင်နေသော လန်ကျန် ့အား ခေါ်ကြည့်လိုက်သည်..။
" လန်ကျန့် လန်ကျန့်...မင်းရရဲ့လား "
ဘာမျှမတုံ့ပြန်သဖြင့် ပို၍ စိုးရိမ်သွားရသည်..။ သေရည်မသောက်ဖူးဘဲနဲ့ ဒီလောက်အများကြီး သောက်ပစ်လိုက်ရသလား...။
လန်ကျန့် ဘေးတွင်၀င်ထိုင်လိုက်ရင်း သေရည်ပုလင်းများကိုရှင်းလင်းလိုက်သည်...။ လန်ကျန့် မျက်နှာကိုကြည့်လိုက်တော့..ပါးပြင်ပေါ်တွင် မျက်ရည်များက တစ်လှိမ့်လှိမ့်စီးဆင်းနေကြပြီး လန်ကျန့်ကတော့ ခံစားချက်မဲ့နေသူပမာ...။
" လန်ကျန့်....မင်း အဆင်ပြေရဲ့လား.."
ဘာမှပြန်မပြောဘဲ...ခဏကြာမှ.....
" သခင်လေး ေ၀့.."
ခေါ်သည့်နာမ်စား တစ်မျိုးပြောင်းသွားပြန်ပြီ...။ ရီေ၀နေသည့်မျက်၀န်းများမှာ သေရည်ကြောင့်လား မျက်ရည်ကြောင့်လား နီရဲနေ၏...။
" အင်း ပြောလေ လန်ကျန့် "
" ငါမင်းကို.....ကုချင်ပြရမလား "
" ဟမ်.....မင်းမူးနေပြီလေ ....."
"ငါမမူးဘူး ငါ့ုကုချင်တီးသံက အရမ်းသာယာတာ...မင်းနားထောင်မိရင် ငါ့ကိုရပ်ခိုင်းတော့မှာမဟုတ်ဘူး....."
" သိပါတယ် နောက်နေ့မှ အခု အိပ်လိုက်တော့...".
" ငါ...မမူးဘူး "
လန်ကျန့်က နားမထောင်ဘဲ စားပွဲပေါ်တွင်တင်ထားသော ကုချင်ကို လှမ်းယူနေ၏...။ သို့သော်လက်က တစ်ခြားနေရာသို့သာ ရောက်နေသည်..။
" ေ၀.....ဘာလို့ ကုချင်ေတွအများကြီးဖြစ်နေတာလ မင်းပုံစံတူတွေလုပ်ထားတာလား "
" ခင်ဗျားမူးနေပြီလို့ပြောသားပဲ အခုပုလွေတွေအများကြီး မြင်နေရပြီ အဲ့တာ မူးနေတာ..."
" ငါ မမူးဘူး ..."
လန်ကျန့်က လက်မခံသေးဘဲ ကုချင်ကို အမိအရယူသော်လဲ မူးနေသောကြောင့် ဘာမှလုပ်မရ...။
" ဂလောက်....လောက်..."
ကုချင်ကို သေချာကိုင်ထားသော်လည်း အောက်သို့လွတ်ကျသွားသည်ကို မကျေမနပ်ဖြင့်
" အာ.....ကုချင်ကလဲ ထွက်ပြေးနေပြန်ပြီ...ငါက ငါ့သခင်ေလးကို နားထောင်ခိုင်းမလို့ပါဆို...."
" ဟမ်...."
ေ၀့ရင်း ခေါင်းထဲရှိန်းခနဲဖြစ်သွား၏...။ ဘယ်သူက ဘယ်သူ့ရဲ့ကလေးလေးလဲ...။ မူးမူးရူးရူးနဲ့ ပြောချင်တာပြောနေတယ်...။
" ေ၀့ သခင်လေး....ငါ့ကိုကုချင်ရှာပေး....မင်းကိုငါ့သံစဉ်တွေနားထောင်ခိုင်းရဦးမယ်....."
" မရှာဘူး...."
" ေ၀့သခင်လေး....ဘာဖြစ်လို့ မင်းကအများကြီးဖြစ်နေတာလဲ အမြွှာရှိတာလား "
( ဒီအရူးအိမ်ရှေ့စံ....ငါ့စိတ်နဲ့တွေ့တော့မယ် အခုအခြေအနေက ပုလွေကိုတောင် ကိုင်နိုင်တော့တာမဟုတ်ဘူး .ပစ်ထားခဲ့ရင်လဲ ငါ့အပြစ်ဖြစ်ဦးမယ်...သည်းခံ..သည်းခံ....)စိတ်ထဲတွင် ပြောနေရင်း
ေ၀့ရင်း သည်းခံပြီး အိမ်ရှေ့စံဘေးတွင်ထိုင်နေရသည်..။
အခုက မိမိမှာ အိမ်ရှေ့စံ၏ကိုယ်ရံတော်ဖြစ်နေသောကြောင့်....
" ေ၀့သခင်လေး...ငါ့ဘ၀မှာ...ဘယ်သူ့ကိုမှ ငါ့သံစဉ်တွေ နားမထောင်ခိုင်းခဲ့ဘူး....အေ့..."
စကားပြောရင်း ကြို့ကထိုးနေသေးသည်...။ ရှောင်းေ၀ အံ့သြရသည်...။ လန်ကျန့်က မင်းသားပဲလေ အခြွေအရံတွေရှိမှာပေါ့ မင်းကြီးနဲ့ မိဖုရားလဲရှိတာပဲမဟုတ်လား။
" ဟင်....ဘယ်သူ့ကိုမှလား....."
" အင်း.....ဘယ်သူမှ ငါ့အနားမှာမရှိကြဘူး...."
" အမြဲ တစ်ယောက်ထဲနေရတာလား "
" အင်း....ငါက နန်းတော်ထဲမှာ နေတာရှားတယ် မင်းသား၂ နဲ့ မင်းသား၃ လို တိုင်းပြည်ရေးတွေလဲ စိတ်မ၀င်စားဘူး.....အေးအေးဆေးဆေးပဲနေတတ်တယ် ဘာဖြစ်ဖြစ် ဘယ်သူ့ကိုမှမပြောဘဲ ပြသနာဖြစ်ရင်လဲ တစ်ယောက်ထဲဖြေရှင်းတတ်တယ်....ငါကပြသနာဖြစ်တာရှားပါတယ်..."
" အင်း....."
" အိမ်တော် ၆ က အေးချမ်းတယ် နန်းတော်နဲ့ အေ၀းကြီးလဲမဟုတ်ဘူး ဒါကြောင့်ငါ ဒီမှာပဲအနေများတာပေါ့ အိမ်တော်၆က မယ်တော်ဘုရားက ငါ့အတွက်သီးသန့်ဆောက်ပေးထားတဲ့အိမ်တော်လေ.."
" ဪ....."
"..ဒီမှာနေပါများတော့ ဘယ်သူမှ...ငါ့ကိုလွမ်းလို့လာမတွေ့ကြဘူး ...ငါကလွမ်းလို့ နန်းတော်ထဲသွားရင်လဲ ခမည်းတော်ဘုရားနဲ့ မယ်တော်က ညီတော်နှစ်ပါးနဲ့အတူ ပျော်ရွှင်နေကြတယ်...တစ်ခါတစ်လေ တိုင်းပြည့်အရေးတွေနဲ့ အလုပ်ရှုပ်နေတော့..ငါနန်းတော်ထဲကို မလာဖြစ်တာများတယ်....."
" ဪ...."
ဒီလိုကျပြန်တော့လဲ လန်ကျန့်၏ဘ၀က သနားစရာကောင်းနေပြန်သည်...။
" ေ၀့ သ ခင် လေး ....."
လေးလေးပင်ပင်ခေါ်သံနှင့်အတူ...မိမိ၏ပုခုံးပေါ်သို့ ခေါင်းကိုမှီ၍ လာသည်..။ မိမိဘာမှပြန်မပြော...။
" မင်းက ငါ့ကိုပထမဆုံးဂရုစိုက်တဲ့သူပဲ...ငါဘာဖြစ်ဖြစ် မင်းကိုပြောပြလို့ရလား....."
" ဟမ်.....ဘာလို့ပြောပြမှာလဲ ဘာမှလဲမဆိုင်ဘဲနဲ့ "
" အခု ဆိုင်သွားပြီလေ.မင်းက ငါ့အပိုင်.."
" ဘယ်တုန်းကလဲ "
" အခု....."
" ဘယ်တုန်းကအခုလဲ "
ေ၀့ရင်း တစ်အံ့တသြဖြင့် မိမိပုခုံးပေါ်မှ လန်ကျန့်ကို မျက်မှောင်ကျုံ့ပြီးကြည့်နေလိုက်သည်...။ လန်ကျန့်ကတော့...ပခုံးပေါ်မှီ၍ မျက်လုံးကိုမှိတ်ထားဆဲ....။
" အခု...."
လန်ကျန့်ခေါင်းကို...ေ၀့ရင်း၏ ပုခုံးပေါ်မှ ပြန်ဖယ်လိုက်ပြီး ေ၀့ရင်းနှင့်မျက်နှာချင်းဆိုင်လိုက်သည်....။ ခပ်တည်တည်ကြီးကြည့်နေသောကြောင့် ေ၀့ရင်း ထိတ်လန့်နေမိသည်...။ မှိန်ပြပြမီးရောင်အောက်တွင် လန်ကျန့်၏ အကြည့့်များက ကြက်သီးထဖွယ်ကောင်းနေသည်။
" မင်း ဘာ လုပ်မလို့လဲ မင်း....."
ေ၀့ရင်း၏ စကားမဆုံးသေးခင်. .
လန်ကျန့်က နူးညံ့သော အထိအတွေ့ကို မက်မောစွာဖြင့် တစ်ရှိုက်မက်မက် ရယူလိုက်သည်။
မိမိရုန်းကန်နေသော်လဲ အချည်းနှီးသာချည်း...။
ပူနွေးသော နှုတ်ခမ်းများက အတင်းအဓ္ဓမ....။
ထိုမျှမက....လက်ကအငြိမ်မနေ.....သူဖြေနေသည်က ရာရာစစ မိမိရဲ့ ခါးချည်ကြိုး.....။
" ဒါကတော့ မဖြစ်..... အ "
စကားမဆုံးသေးခင် အကျႌကအေ၀းရောက်သွားပြီ.....ရှုးရှုးရှားရှား မောဟိုက်နေသည့်အသံကား အနမ်းများကြား လူးလွန့်နေ၏...။
လည်တိုင်များကို ခပ်ဖွဖွနမ်းနေရာမှ ဘာစိတ်ပေါက်သည်မသိ နေရခက်အောင် လည်ပင်းကို
ကိုက်လိုက်၏...။
ထို တစ်နေရာထဲမဟုတ်....လည်တိုင်မှတစ်ဆင့်
ပုခုံးသားများကိုပါ ကျူးကျော်နေပြန်သည်...။
ယောင်ယမ်း၍ သူ့ကျောပြင်ကို ဖိကာကုတ်မိလိုက်သည်...။
" အား ....လန် လန်ကျန့် မကိုက်နဲ့ ..အ.. "
အသိစိတ်မဲ့နေသောသူအား မည်သို့ပြောပြော
နား၀င်မည်မထင်။ လန်ကျန့်က မိမိကို တွန်းလှဲကာ
ပက်လက်အနေအထားဖြစ်စေသည်....။
ထို့နောက် သူက သူ့၀တ်ရုံကို တစ်လွှာချင်း ချွတ်နေပြန်ပါ၏...။
ရင်ဘတ်တစ်ခုလုံး ကဆုန်ပေါက်နေပြီး နှလုံးသားတစ်ခုလုံး အပြင်သို့ ပေါက်ထွက်လာမတတ် ။ ကြားရသောစကားကြောင့် မျက်တောင်ပင် မခတ်မိတော့ဘဲ ကြက်သေသေသွားသည်။
" ငါ မင်းကို လိုချင်တယ် "
" ဘာ......မင်း.... အား....."
စကားမဆုံးသေးခင် ရင်ဘတ်ကို ကိုက်ချလိုက်သဖြင့် နာကျဉ်စွာ အော်မိလိုက်သည်။
လူကို စားစရာထင်နေရော့သလား စိတ်ရှိလက်ရှိ ကိုက်နေတာ.....။ မိမိ၏ ၀မ်းဗိုက်ကိုပါ အလွတ်မပေး တစ်နေရာချင်းစီ နမ်းလိုက် ကိုက်လိုက်လုပ်နေသဖြင့် ဒီထက်ပိုပြီး အကိုက်မခံနိုင်တော့...။
" အား....ခွေးကောင်ကြီး..... "
တကယ် နာကျဉ်ရသဖြင့် ကျိန်ဆဲမိလိုက်ပါ၏။
မင်းက မူးလာရင် ဒီလိုပဲ ခွေးစိတ်ပေါက်တတ်တာလား.....။
နောက်ဆုံးလန်ကျန့်၏ ကိုယ်ကို တွန်းချကာ အကျႌပြန်၀တ်ပြီး မိမိအိပ်ဆောင်ဆီသို့ ပြန်လာခဲ့ပါ၏..။
ဒီထက်သာ အကိုက်ခံနေရရင် တကယ် အရိုးပဲကျန်ရလိမ့်မည်....။
♕ ♕ ♕ ♕ ♕ ♕
" စစ်သူကြီး မင်းသား၂ ကိုရှာမတွေ့သေးဘူးလား "
ဒေါသထွက်နေသော အသံကြောင့် စစ်သူကြီး ပြန်မဖြေရဲ။ မင်းသား၂ က လူသတ်ကွင်းမှာ ပျောက်ချင်းမလှပျောက်သွားခဲ့တာ...။ ပြန်မဖြေပြန်လျှင်လဲ ပို၍ စိတ်ဆိုးနေပေဦးမည်။
" မှန်ပါတယ် အိမ်ရှေ့မင်း ရှာမတွေ့သေးပါဘူး "
" မင်းတို့တွေအသုံးကိုမကျကြဘူး ဟွန်း "
" တစ်ပြည်လုံးကို တပ်ဖြန့်ပြီးရှာ နေကြပါတယ် အိမ်ရှေ့မင်း ဒါပေမဲ့...."
" ဒါသွေးရိုးသားရိုး မဖြစ်နိုင်ဘူး မင်းသား၂ ပျောက်ပြီးနောက်တစ်နေ့မှာ တျလီနိုင်ငံက လက်ဆောင်ပဏ္ဏာတွေနဲ့ မဟာမိတ်လာဖွဲ့တယ် ဟွန်း မင်းသမီးတောင်ပါလိုက်သေးတယ်...ဒါကို ကျုပ်တို့ယုံမယ်များထင်နေလား "
" ကျွန်တော်မျိုးအထင်ပြောရရင် မင်းသား၂ ဟာ တျလီနိုင်ငံမှာ ရှိလိမ့်မယ်ထင်တယ်...."
" ဘာလို့လဲ..."
" မင်းသား၂ နဲ့အတူတူ အမည်မသိနန်းတွင်းသူတစ်ယောက် ပျောက်သွားလို့ပါ "
" အမည်မသိ နန်းတွင်းသူ ဟုတ်လား "
" ဟုတ်ပါတယ် အဲ့နန်းတွင်းသူရဲ့နာမည်ကို အတိအကျမသိရပါဘူး အချက်အပြုတ်တော်လို့ဆိုပြီး နန်းတွင်ထဲကို ဘယ်ကရောက်လာမှန်းမသိဘဲ စားဖိုဆောင်မှာ နန်းတွင်းသူအဖြစ်ခန့်ထားလိုက်တာပါ...".
" ဘာ ဘာပြောတယ် စစ်သူကြီး ဘယ်သူမှန်းမသိ ဘယ်ကမှန်းမသိဘဲ နန်းတွင်းသူခန့်လိုက်ရသလား မင်းတို့ နန်းတွင်းထဲကို လမ်းဘေးခွေးသွင်းချင်တိုင်းသွင်း ရသလား အဲ့နန်းတွင်သူကိုခန့်လိုက်တဲ့လူတွေ အကုန်ဖမ်းခေါ်လာခဲ့..."
" မှန်လှပါ အရှင် "
စစ်သူကြီးက ရေးကြီးသုတ်ပျာဖြင့်ထွက်သွားလေသည်။ ပျောက်ဆုံးသွားသော နန်းတွင်းသူသည် တျလီနိုင်ငံ၏ သူလျှိုလဲဖြစ်ချင် ဖြစ်လိမ့်မည်..။
မင်းသား၂ ၏ လျို့၀ှက် လူယုံတော်လဲ ဖြစ်ချင်ဖြစ်နေလိမ့်မယ်..။ အဲ့နန်းတွင်းသူက စားဖိုဆောင်ကဆိုတော့မင်းသား၂ကအဲ့သူလျှိုက
အမိန့်ပေးပြီး ငါ့စားတော်တည်တဲ့ ဟင်းလျာတွေထဲ အဆိပ်တွေများ ခတ်ခဲ့မလား...။
မဖြစ်ဘူး သမားတော်ခေါ်မှဖြစ်မယ်...ငါသေလို့မရသေးဘူး ..။ ငါ ချင်နိုင်ငံကြီးကို အုပ်ချုပ်ရဦးမှာ ...။ မယ်တော်ဘုရား...မယ်တော်ဘုရားဆီအရင်သွားရမယ်...။