ထိုစဉ်......
" ခင်ဗျားကဘယ်သူလဲ......"
ဝေ့ရင်း.....ဟုတ်ပေသည်....။ ဝေ့ရင်းက
ကမိမိ၏လည်ပင်းသို့ အနောက်မှနေ၍...ဓားဖြင့်ချိန်ရွယ်ထားသောကြောင့်......ရှောင်းဝေနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် ခြေကိုလှည့်ရွှေ့လိုက်သည်နှင့် ဝေ့ရင်စ ၏့......ဓားသွားက ပို၍နီးကပ်လာကာ....
ပြတ်သားသောနေသော ဝေ့ရင်း၏ အကြည့်များကို လန်ကျန့်တည်ငြိမ်စွာ....ရင်ဆိုင်လိုက်၏.....။
ဘာမျှပြန်မဖြေ.....။
ဓားသွားတစ်ခုက ဝေ့ရင်း၏လည်ပင်းကို ချိန်ရွယ်လိုက်သည်......။
ချန်းလုံ ရောက်လာ၍ မိမိအသက်ကိုစိတ်ချရပြီဖြစ်သော်လဲ.....ဝေရင်း၏အသက်ကို စိတ်မချသောကြောင့်
" ဒါပေမဲ့....."
" ချန်းလုံ မ၀ံ့ရဲပါဘူး....."
ချန်းလုံက ဓားကိုရုပ်သိမ်းလိုက်သော်လဲ....ဝေ့ရင်း၏ဓားသွားက မိမိ၏လည်ပင်းပေါ်တွင်ရှိနေဆဲ....။
" ရေ့င်း...... မင်းရဲ့အသားအရေဟာ သာမန်အရပ်သားယောက်ျားလေးတွေထက် ပိုပြီးနုဖတ်နေတယ်......အရပ်ကလဲ သူတို့လောက်မထွားကျိုင်းဘူး ......အသံကလဲ သူတို့လောက် အသံလုံးမကြီးဘူး.......အထူးခြားဆုံးက မင်းရဲ့ မျက်လုံးတွေ.....မင်းက ယောက်ျားလေးရော ဟုတ်ရဲ့လား..."
ဝေ့ရင်း...မခံချင်ဆုံးက မိန်းကလေးနှင့် တူသည် ဆိုသည့်အချက် ။
" ကျုပ်ကယောက်ျားလေး စစ်တယ် ခင်ဗျားကသာ ယောက်ျား မစစ်တာ "
" တူတယ် တူတယ် "
.လန်ကျန့်၏လက်ဆွဲမီးအိမ်၏ မီးရောင်အောက်တွင်..ဝေ့ရင်း၏ ပါးပြင်တို့သည်
ရှောင်းဝေ ဒေါသထွက်နေသည့်ပုံက
ရှောင်းဝေက ဆက်၍
လန်ဝမ့်ကျီ....."
" ဒါလုပ်ကြံတာပဲ .....ဝေ့ရင်း....မင်းငါ့ကိုကူညီပါ...."
" မကူညီဘူးဆိုရင်ရော....."
ဝေ့ရင်း၏ လက်ထဲမှ ဓားက မချသေး...။
" ဘာအတွက်လဲ..."
".........."
လန်ကျန့်ဘာမှမပြောဘဲ ဝေ့ရင်း၏ ဓားသွားမှ အသာရှောင်ထွက်ခဲ့လေသည်......။
ဝေ့ရင်းထံမှ ဒေါသသံကိုကြားလိုက်ရလျှင် မကြားချင်ဆုံးစကား......အမုန်းဆုံးစကားကိုပြောရန် ကြို၍ သက်ပြင်းချမိလိုက်သည်.....။
" အာဏာ........"
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
" ဘာ.....ညီ၂ သေဒဏ်ပေးခံရမယ် "
" ဟုတ်ပါတယ် အိမ်ရှေ့စံ...."
" အမိန့်ရှိပါ ...."
" ဝေ့ရင်း ဆိုတဲ့တစ်ယောက်ပါလား အိမ်ရှေ့မင်း "
အိမ်တွင် ရှိနေသော်လဲ မိုးလင်းသည်မှ တစ်နေ့လုံး ဝေ့ရင်းကို မတွေ့ရသေးသဖြင့်....အိမ်တစ်ခုလုံးတွင် ရှာသည်.....။
" ဦးလေး ...ဝေ့ရင်း ဘယ်မှာရှိလဲ သိနိုင်မလား...."
" ဝေ့ရင်း ဒီနေ့တစ်နေ့လုံး....အိမ်ကနေဘယ်မှမသွားသေးပါဘူး....."
" ဟမ်......"
" ဝေ့ရင်း ဘာစားပြီးပြီလဲ ဦးလေး...."
" ရပါတယ် သခင်လေး...."
" ကျွန်တော့်ကို သခင်လေးလို့မခေါ်ပါနဲ့.....အခုကစပြီး...တူတပည့်လို့ပဲခေါ်ပါ....ခိုင်းစရာရှိလဲ အားမနာဘဲခိုင်းပါ....ရှောင်းဝေကို ကျွန်တော်ဆရာတင်ဖို့ ဦးလေးဆီမှာ ခွင့်တောင်းပါတယ်...."
" ဝေ့ရင်းအတွက် ထမင်းခူးလိုက်ပါဦးမယ် ..."
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
" အဖေ....ကျုပ်....ဘာမှမ
" ဒေါက် ဒေါက် ဒေါက်....."
ရုတ်တရက် လန်ကျန့်ကိုမြင်လိုက်ရသောကြောင့်....မကြည်မလင်ဖြစ်နေသောမျက်နှာထားမှ ဒေါသထွက်နေသည့် နဂါးပေါက်လေးအသွင် ချက်ချင်းပြောင်းသွားလေသည်...။
" ခင်ဗျားနဲ့မဆိုင်ဘူး..."
ဝေ့ရင်း မျက်နှာကို ပို၍တင်းမာလိုက်ပြီး လန်ကျန့်ကို မျက်နှာလွှဲပစ်၍ ကျောပေးလိုက်၏....။
" မလုပ်နိုင်ဘူး..."
" ခေါ်နိုင်ပါတယ်....."
ဝေ့ရင်း၏ အသံမှာ တင်းမာနေဆဲ.....
"ဆရာ့သဘောပါ....."
" ဟုတ်ကဲ့....."
လန်ကျန့်က ရှောင်းအော်၏ အမိန့်  အတိုင်း
♕ ♕ ♕ ♕ ♕
နဂိုကထဲက အရင်အိမ်ရှေ့မင်းသားကို ကြည့်၍မရဟု ပြောဖူးသည်မို့.....။
" ဘယ်လိုလဲ မောနေပြီလား....."
" ရပါတယ်....."
ဝေ့ရင်း၏ အရင်ပုံစံတက်တက်ကြွကြွလေးကို ပြန်မြင်ရသဖြင့် မောပန်းနေသည့်ကြားမှ.....နှစ်သက်စွာပြုံးမိလိုက်သည်.....။
ကျွန်တော့် အိမ်ရှေ့စံ - ( ၄ )
ညမိုးချုပ်သည်နှင့်.....လီရှင်းဂနာမငြိမ်ဖြစ်နေမိသည်...။ မိမိပေးပို့လိုက်သောခိုမှ စာ....ချန်းလုံဆီကိုရောက်ပါရဲ့လား......။
ဒီအချိန်ဆိုလျှင်.....ချန်းလုံဟာလျံ့ခြိုရွာကိုရောက်နေရတော့မှာ.....။ အခုရောက်ရှိနေသည့်နေရာက.....ရွာအနောက်ဖက်ကြာကန်မှာ.....။ ဦးလေးချန်ဇီနှင့် ေ၀့ရင်း အိပ်ပျော်သည့်အချိန်မှ တိတ်တဆိတ်ထွက်လာခြင်းဖြစ်သည်.....။
ကြာကန်ကြီးဆီကို ချန်းလုံရောက်လာရတော့မှာ.....။
ထိုစဉ်......
" ခင်ဗျားကဘယ်သူလဲ......"
ေ၀့ရင်း.....ဟုတ်ပေသည်....။ ေ၀့ရင်းက
ကမိမိ၏လည်ပင်းသို့ အနောက်မှနေ၍...ဓားဖြင့်ချိန်ရွယ်ထားသောကြောင့်......ရှောင်းေ၀နှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် ခြေကိုလှည့်ရွှေ့လိုက်သည်နှင့် ေ၀့ရင်စ ၏့......ဓားသွားက ပို၍နီးကပ်လာကာ....
" ခင်ဗျားဘယ်သူလဲလို့ မေးနေတယ်လေ....."
ပြတ်သားသောနေသော ေ၀့ရင်း၏ အကြည့်များကို လန်ကျန့်တည်ငြိမ်စွာ....ရင်ဆိုင်လိုက်၏.....။
ဘာမျှပြန်မဖြေ.....။
" အတင့်ရဲလိုက်တဲ့ တောသား မင်းရဲ့ဓားကိုချက်ချင်းဖယ်လိုက်စမ်း...."
ဓားသွားတစ်ခုက ေ၀့ရင်း၏လည်ပင်းကို ချိန်ရွယ်လိုက်သည်......။
ချန်းလုံ ရောက်လာ၍ မိမိအသက်ကိုစိတ်ချရပြီဖြစ်သော်လဲ.....ေ၀ရင်း၏အသက်ကို စိတ်မချသောကြောင့်
....မည်သူမျှမထိခိုက်သေးခင်....လန်ကျန့်က..
" ချန်းလုံ.....ဓားကိုပြန်သိမ်းလိုက်ပါ....."
" ဒါပေမဲ့....."
" အတင့်ရဲ့နေတာလား ချန်းလုံ....."
" ချန်းလုံ မဝံ့ရဲပါဘူး....."
ချန်းလုံက ဓားကိုရုပ်သိမ်းလိုက်သော်လဲ....ေ၀့ရင်း၏ဓားသွားက မိမိ၏လည်ပင်းပေါ်တွင်ရှိနေဆဲ....။
" လန်ကျန့်ခင်ဗျားက.....ဘယ်သူလဲ...."
" ေ့ရင်း...... မင်းရဲ့အသားအရေဟာ သာမန်အရပ်သားယောကျ်ားလေးတွေထက် ပိုပြီးနုဖတ်နေတယ်......အရပ်ကလဲ သူတို့လောက်မထွားကျိုင်းဘူး ......အသံကလဲ သူတို့လောက် အသံလုံးမကြီးဘူး.......အထူးခြားဆုံးက မင်းရဲ့ မျက်လုံးတွေ.....မင်းက ယောကျ်ားလေးရော ဟုတ်ရဲ့လား..."
ေ၀့ရင်း...မခံချင်ဆုံးက မိန်းကလေးနှင့် တူသည် ဆိုသည့်အချက် ။
တစ်သက်လုံး...ကျားကျားယားယားနေကာမှ......ဘာလို့သူက အဲ့လိုထင်နေရတာလဲ......။
" ကျုပ်ကယောကျ်ားလေး စစ်တယ် ခင်ဗျားကသာ ယောက်ျား မစစ်တာ "
မိမိအား ကက်ကက်လန် ရန်တွေ့နေသော
ထိုအမူအယာလေးကို နှစ်သက်စွာကြည့်နေပြီးမှ.....
" မင်းရဲ့ လည်ပင်းက ငါတို့နဲ့မှမတူပဲ "
" တူတယ် တူတယ် "
.လန်ကျန့်၏လက်ဆွဲမီးအိမ်၏ မီးရောင်အောက်တွင်..ေ၀့ရင်း၏ ပါးပြင်တို့သည်
ဒေါသနှင့်ရော၍ ထူးထူးခြားခြားနီရဲ၍နေ၏.....။ အရင်က ပြတ်သားတင်းမာသောမျက်နှာလေး ထက် ဒေါသထွက်နေသော ပုံစံလေးကို ပိုနှစ်သက်မိသည်....။ မိန်းကလေးနှင့် ခွဲမရအောင် ချောမောပြေပြစ်လွန်းသော ကောင်ငယ်လေးကို
ဘာရယ်မဟုတ် ရန်စနေမိသည့်အဖြစ်....။
ရှောင်းေ၀ ဒေါသထွက်နေသည့်ပုံက
အူအသည်းများထဲအထိ နေရခက်စေပြီး
နီရဲနေသည့်ပါးလေးကို အတင်း ညှစ်ဖောက်လိုက်ချင်၏...။
ရှောင်းေ၀က ဆက်၍
" ခင်ဗျားအပိုတွေပြောမနေနဲ့... ....ခင်ဗျားဘယ်သူလဲသာဖြေ....."
" အင်း.....ငါက အိမ်ရှေ့မင်းသား
လန်၀မ့်ကျီ....."
" ဘာ....ဒါဆို ..... အိမ်ရှေ့မင်းသား အိမ်တော်မီးလောင်တာက...."
" ဒါလုပ်ကြံတာပဲ .....ေ၀့ရင်း....မင်းငါ့ကိုကူညီပါ...."
" မကူညီဘူးဆိုရင်ရော....."
ေ၀့ရင်း၏ လက်ထဲမှ ဓားက မချသေး...။
" ငါတောင်းဆိုနေတာ မဟုတ်ဘူး အမိန့်ပေးနေတာ..."
" ဘာအတွက်လဲ..."
".........."
လန်ကျန့်ဘာမှမပြောဘဲ ေ၀့ရင်း၏ ဓားသွားမှ အသာရှောင်ထွက်ခဲ့လေသည်......။
မလှမ်းမကမ်းသို့အရောက်တွင်....
" ဘာအတွက်လဲလို့မေးနေတယ်လေ....."
ေ၀့ရင်းထံမှ ဒေါသသံကိုကြားလိုက်ရလျှင် မကြားချင်ဆုံးစကား......အမုန်းဆုံးစကားကိုပြောရန် ကြို၍ သက်ပြင်းချမိလိုက်သည်.....။
" အာဏာ........"
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
" ဘာ.....ညီ၂ သေဒဏ်ပေးခံရမယ် "
" ဟုတ်ပါတယ် အိမ်ရှေ့စံ...."
" ဘယ်သူ့လက်ချက်လဲ ဆိုတာ သိပြီးပြီလား......"
" ချန်းလုံကတော့ မင်းသား၃ လို့ပဲထင်ပါတယ်......အိမ်ရှေ့မင်း မေတ္တာတောင်ကြားကိုရောက်ပြီးကထဲက....မင်းသား၃ က မင်းသား၂ ကို သေရည်တွေအလွန်အကြူးတိုက်တယ်....သောက်စားပျော်ပါးတတ်အောင်သင်တယ်....."
" ငါသိပြီ......ညီ၂ဟာ မတရားခံနေရတာပဲ.....ညီ၃ ပြောသလို.....ငါကအင်အားနည်းနေလို့......ဘယ်သူ့ကိုမှ မကာကွယ်နိင်ဘူးဆိုရင် ငါ့ကိုယ်ငါအပြစ်တင်မိလိမ့်မယ်..... ချန်းလုံ...."
" အမိန့်ရှိပါ ...."
" ငါ့ကို တိုက်ခိုက်ရေးကျွမ်းကျင်ဖို့ ဆရာတစ်ယောက်ကိုခေါ်ရမယ်...."
" တိုင်းပြည်က အတော်ဆုံးဆရာတစ်ယောက်ကို လျှို့၀ှက်စွာ ခေါ်လာခဲ့ပါမယ် "
" နေပါစေ ဆရာကဒီမှာရှိပြီးသား....."
" ေ၀့ရင်း ဆိုတဲ့တစ်ယောက်ပါလား အိမ်ရှေ့မင်း "
" မင်းသိနေတာပဲ....သူ့ကိုဆရာတင်မယ်....."
ချန်းလုံ မျက်နှာပျက်ယွင်းစွားဖြင့်....
"အိမ်ရှေ့မင်း ဒါက မသင့်တော်ပါဘူး....."
" သင့်တော်မတော်ဆိုတာကို....မင်းမှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူး ဒါအမိန့်ပဲ....မင်းကငါ့ဆုံးဖြတ်ချက်တွေကို ၀င်ရောက်စွက်ဖက်ချင်နေတာလား "
" မဝံ့ရဲပါဘူး...အိမ်ရှေ့မင်း...."
" ...မင်း အိမ်တော်ကိုပြန်ပြီး နန်းတွင်းအခြေအနေတွေကို အစီအရင်ခံပါ....."
" ချန်းလုံကို ခွင့်ပြုပါဦိး ....အိမ်ရှေ့မင်း....."
လီရှင်းအား ဦးညွှတ်၍ ဂါရ၀ပြုကာ
လျံ့ခြိုရွာမှထွက်ခွာ၍ အိမ်တော်သို့ပြန်လေပြီ...။
ဦးလေး ချန်ဇီ ကိုလဲ အဖြစ်မှန်အားလုံးကိုရှင်းပြ၍ လျှို့၀ှက်နေထိုင်ရန် ခွင့်တောင်းခဲ့သည်....။
ဦးလေးက မိမိအား ရိုသေကြောက်ရွံ့စွာ ဆက်ဆံနေသဖြင့်...ပုံမှန်ဆက်ဆံရန် ပြောပြထားရသည်...။
အိမ်တွင် ရှိနေသော်လဲ မိုးလင်းသည်မှ တစ်နေ့လုံး ေ၀့ရင်းကို မတွေ့ရသေးသဖြင့်....အိမ်တစ်ခုလုံးတွင် ရှာသည်.....။
အခါတိုင်းကဲ့သို့ ရွာထဲရှိကလေးများနှင့် ဆော့ကစားနေပြန်ပြီထင်၏....။ ထို့ကြောင့်......ရွာထဲတွင် ရှာကြည့်ရဦးမယ်.....။ ရှောင်းအော် သွားတတ်သည့်နေရာများကို ဦးလေးကိုမေးကြည့်လိုက်သည်....။
" ဦးလေး ...ေ၀့ရင်း ဘယ်မှာရှိလဲ သိနိုင်မလား...."
" ေ၀့ရင်း ဒီနေ့တစ်နေ့လုံး....အိမ်ကနေဘယ်မှမသွားသေးပါဘူး....."
" ဟမ်......"
" မနက်ကထဲကဘာဖြစ်နေလဲ မသိပါဘူး.သခင်လေးရယ်.....အခါတိုင်းမဖြစ်ဖူးပါဘူး.....ဒီနေ့မှ...."
မနေ့ညက အဖြစ်အပျက်ကို.....မိမိသာသိသည်မို့....ဘာမှမပြောပဲ နှုတ်ဆိတ်နေလိုက်၏.....။
ညက စကားပြောသည်ကို စိတ်ဆိုးနေဟန်ရှိသည်။
" ေ၀့ရင်း ဘာစားပြီးပြီလဲ ဦးလေး...."
" မစားရသေးပါဘူး....အခု ပြင်ဆင်နေတာပါ....."
" ကောင်းပါပြီ.....ဦးလေး ..ကျွန်တော်ပဲ ထမင်းသွားပို့လိုက်ပါမယ်......"
" ရပါတယ် သခင်လေး...."
" ကျွန်တော့်ကို သခင်လေးလို့မခေါ်ပါနဲ့.....အခုကစပြီး...တူတပည့်လို့ပဲခေါ်ပါ....ခိုင်းစရာရှိလဲ အားမနာဘဲခိုင်းပါ....ရှောင်းေ၀ကို ကျွန်တော်ဆရာတင်ဖို့ ဦးလေးဆီမှာ ခွင့်တောင်းပါတယ်...."
" အာ.....ဟုတ်ကဲ့ ဟုတ်ကဲ့....လက်ခံပါတယ် လက်ခံပါတယ်...."
" ေ၀့ရင်းအတွက် ထမင်းခူးလိုက်ပါဦးမယ် ..."
ဦးလေးမှာ မိမိအားကြောင်အမ်းအမ်းနှင့်ကြည့်နေလေတော့သည်.....။
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
မင်းတုံးခံကာ ပိတ်ထားသော အခန်းတံခါးကို အသာခေါက်လိုက်သည် ။
" အဖေ....ကျုပ်....ဘာမှမ
လုပ်ချင်ဘူးလို့ပြောထားတယ်နော်....."
" ဒေါက် ဒေါက် ဒေါက် ဒေါက်...."
" အဖေ.....ဘာမှမစားချင်ဘူး....နောက်တစ်ခါခေါက်နေရင် ကျုပ်ကိုယ်တိုင်ထွက်လာပြီး အဲ့ထမင်းတွေလွှင့်ပစ်မှာနော်....."
လန်ကျန့် တံခါးကိုဆက်ကာခေါက်လိုက်၏.....။
" ဒေါက် ဒေါက် ဒေါက်....."
အထဲမှ ဘာသံမှမကြားရ....။ ခဏကြာတော့ခြေသံကြမ်းကြမ်းကို ကြားလိုက်ရတော့.....ရှောင်းအော် တံခါးလာဖွင့်ပေးနေပြီ......။
" အဖေ.....ကျုပ်ထမင်းမစားဘူးလို့ပြော......."
ရုတ်တရက် လန်ကျန့်ကိုမြင်လိုက်ရသောကြောင့့်....မကြည်မလင်ဖြစ်နေသောမျက်နှာထားမှ ဒေါသထွက်နေသည့် နဂါးပေါက်လေးအသွင် ချက်ချင်းပြောင်းသွားလေသည်...။
" ငါ့ကို စိတ်တိုနေတယ်ဆိုရင်တောင်မှ ထမင်းစားမှပေါ့.....ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့.....".
" ခင်ဗျားနဲ့မဆိုင်ဘူး..."
ေ၀့ရင်း မျက်နှာကို ပို၍တင်းမာလိုက်ပြီး လန်ကျန့်ကို မျက်နှာလွှဲပစ်၍ ကျောပေးလိုက်၏....။
" အရင်ကတော့ မဆိုင်ပါဘူး အခုတော့ဆိုင်လာပြီ မင်းငါ့ရဲ့ ဆရာဖြစ်ပေးပါ....."
" မလုပ်နိုင်ဘူး..."
" ငါတောင်းဆိုပါတယ်.....မင်းတစ်ယောက်ထဲက ငါ့ကိုကူညီနိုင်မှာ.....မင်းကိုငါ့ဆရာတွေအတိုင်း....ရိုသေမှာပါ...."
" ကောင်းပြီလေ.....ဆရာလို့ခေါ်နိုင်ရဲ့လား "
" ခေါ်နိုင်ပါတယ်....."
" တပည့်လို့ရော ခေါ်ခံမှာလား "
ေ၀့ရင်း၏ အသံမှာ တင်းမာနေဆဲ.....
"ဆရာ့သဘောပါ....."
ထိုအခါမှ......နဂါးပေါက်စလေး နဂိုမူလ ကြည်လင်တောက်ပနေသော မျက်နှာထားလေးအသွင်ပြောင်းသွားကာ....မိမိဖက်သို့ ချာခနဲ လှည့်လာပြီး...
" ကောင်းပြီ......တပည့်လေး....ထမင်းတွေကို ပြန်ယူသွားလိုက် "
" ဟုတ်ကဲ့....."
လန်ကျန့်က ရှောင်းအော်၏ အမိန် ့ အတိုငး်
ထမင်းများကို အိမ်အနောက်သို့ပြန်ယူသွားခဲ့သည်.....။
♕ ♕ ♕ ♕ ♕
သာယာသော မနက်ခင်းမှသည်....မိမိအတွက်ကြမ်းတမ်းသောလေ့ကျင့်မှုများနှင့် စတင်ခဲ့ရသည်...။
အခြားမင်းသားများကဲ့သို့ စစချင်းဓားကိုင်ကာ မသင်ရ...။ မိမိကိုင်နေရသည်က ပေါက်ဆိန်တစ်လက်....။ မိမိရှေ့တွင်ပုံလျက်သားရှိနေသော ထင်းပုံကြီးနှင့်.....မိမိကိုမျက်ခြေမပျက်စောင့်ကြည့်နေသော....ေ၀့ရင်း..။
အနုပညာများ.......ကဗျာများ ရေးသားခဲ့ပါသော လက်သည် ယခုအခါ...အရပ်သူအရပ်သားများကဲ့သို့ ထင်းပေါက်နေရလေပြီ.....။
ယခုနည်းသည် တော်၀င်ဓားရေးဆရာတို့အဖို့ မှန်ချင်မှမှန်လိမ့်မည်....။ သို့သော် ေ၀့ရင်း အတွက်တော့...လေ့ကျင့်ခြင်းတစ်မျိုးဖြစ်ပေသည်....။
ချွေးများကနဖူးတွင် ယီးလေးခိုပြီး စီးကျသွား၏...။ နေပူပူအောက်တွင်.....ထင်းပေါက်နေရသော အိမ်ရှေ့စံ.....။ေ၀့ရင်းက မိမိကိုကြည့်ကာ..ကျေနပ်နေပုံရ၏....။
နဂိုကထဲက အရင်အိမ်ရှေ့မင်းသားကို ကြည့့်၍မရဟု ပြောဖူးသည်မို့.....။
" ဘယ်လိုလဲ မောနေပြီလား....."
" ရပါတယ်....."
" ကောင်းပြီလေ ဒီထင်းတွေ အကုန်ပေါက်ပြီးရင် လာပြောလာ ကျုပ် ရွာထဲသွားမယ်...."
ေ၀့ရင်း၏ အရင်ပုံစံတက်တက်ကြွကြွလေးကို ပြန်မြင်ရသဖြင့် မောပန်းနေသည့်ကြားမှ.....နှစ်သက်စွာပြုံးမိလိုက်သည်.....။
သစ်ကိုင်းခြောက်များကို ခြံခတ်ထားသော
အိမ်၀င်းထဲမှ ထွက်၍ ရွာထဲသို့ ပြေးလွှားသွားသော ကလေးစိတ်မပျောက်သေးသည့်
အနှီကောင်လေးသည် ချစ်စဖွယ်အပြုံးကို
ဆောင်၏...။ တစ်ခါတစ်ရံ ခက်ထန်နေတတ်သော်လဲ ထိုခက်ထန်မှုသည် မိမိအတွက်
လေပြေလေညှင်းမျှသာဖြစ်လေ၏...။