ေက်ာင္းတက္တာ တစ္ပတ္႐ွိသြားၿပီ... ။ ဆက္ႏွင့့္ခ်မ္း အခုခ်ိန္ထိ ျပန္မေတြ႔ျဖစ္ေသး ။ ဆက္ ေနရာတိုင္းကိုသတိထားၾကည့္ေသာ္လည္း အခုထိ တစ္ခါမွမေတြ႔ရေသးတာ အံ့ျသရသည္ ။ သူမကို ေျပာခ်င္သည့္ ေမးခ်င္သည့္ အေၾကာင္းအရာေတြက ေတာင္လိုပံုေန၏ ။
ဒီေန႔ေတာ့ သူမစိတ္ထဲမွာ ေတြ႔ႏိုင္မွာပါဟုထင္ေနမိသည္ ။ မိုးလင္းကတည္းက သူမအေၾကာင္းကေခါင္းထဲကို အရင္ဝင္လာသည္ ။ အိမ္ကလူေတြကိုေတာ့ ခ်မ္းႏွင့္ေတြ႔သည္ကိုေျပာမျပထား ။ ေမေမ့ကိုေတာ့ တမင္မေျပာတာျဖစ္ကာ ဘြားႏွင့့္ဘကိုေတာ့ ခ်မ္းအေျခအေနကဘာမွန္းေသခ်ာမသိရေသး၍ ေျပာမထားျခင္းျဖစ္သည္ ။
ဆက္စိတ္ထဲမွာေတြးထားတာတစ္ခု႐ွိသည္ ။ ခ်မ္းႏွင့္ဒီတစ္ခါ ေတြ႔ရလွၽင္ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို သူမသိခ်င္တာေတြကို ေမးမွျဖစ္မည္ ။ ခ်မ္းသူမကို တကယ္မမွတ္မိတာလား ၊ မမွတ္မိခ်င္ေယာင္ေဆာင္တာလားဆိုတာကို သဲသဲကြဲကြဲသိရမွျဖစ္မည္ ။
ေက်ာင္းသြားခါနီး ဖုန္းႏွင့္နားၾကပ္ကေလးကို လြယ္အိတ္ထဲထည့္ေတာ့ ခ်မ္းႏွင့္ဆင္တူဝယ္ထားေသာ နားၾကပ္ပန္းေရာင္ေလးကို သတိရမိျပန္သည္ ။ အကယ္၍မ်ား ခ်မ္းႏွင့္ေတြ႔ခဲ့လွၽင္ ေထာက္ျပစရာတစ္ခုတိုးေစရန္ ဆက္ ထိုနားၾကပ္ေလးကိုယူသြားမည္ဟု စိတ္ကူးမိလိုက္သည္ ။
သို႔ေသာ္...
" ကြၽတ္... ငါဘယ္နားထားမိပါလိမ့္... ''
သူမအား ခ်မ္းအဆက္အသြယ္မလုပ္ေသာအခ်ိန္ တစ္ႏွစ္ျပည့္သည့္ေန႔က သူမနာၾကည္းစြာျဖင့္ ထိုနားၾကပ္ကေလးကို လံုးဝဆက္မသံုးေတာ့ဖို႔ ဆံုးျဖတ္ခဲ့သည္ ။
" ပံုးတစ္ခုခုထဲကို ထည့္လိုက္တယ္လို႔ေတာ့ ထင္တာပါဘဲ... ''
ဗီဒိုေပၚ ၊ စာအုပ္စင္ေပၚေတြမွာ တင္ထားေသာ ကဒ္ထူပံုးေတြကို ဆက္ ေဝ့ဝဲၾကည့္လိုက္မိသည္ ။
လက္မွာပတ္ထားေသာ နာရီေလးကိုလည္းတစ္ခ်က္ၾကည့္ရေသး၏ ။ ေက်ာင္းေနာက္က်လို႔ကလည္း မျဖစ္ ။ ကိုယ့္ဘာသာကိုယ္ သြားတာဆိုလွၽင္ ကိစၥမ႐ွိေပမယ့္ ဦးတိက်ႀကီးက အခ်ိန္ကိုက္ေရာက္ေရာက္လာတတ္လြန္း၍ ။
ေက်ာင္းပို႔ေပးမယ့္လူက ေစာင့္ေနရလွႇၽင္ နည္းနည္းအားနာစရာေကာင္းသည္မဟုတ္ပါလား ။
" နာရီဝက္ေလာက္မွီပါေသးတယ္... မနက္စာကို သြားခါနီးမွ ပါးစပ္ထဲအကုန္သြပ္သြားေတာ့မယ္ ''
ဆက္ ဝတ္ထားေသာလက္႐ွည္အက်ႌေလးကို တံေတာင္ဆစ္ေလာက္ေရာက္ေအာင္ ေခါက္ထားလိုက္သည္ ။ ေဖြးေနေသာ အသားေပၚမွ ေသြးေၾကာအစိမ္းေလးေတြကို လက္ခနဲျမင္လိုက္ရသည္ ။
ထို႔ေနာက္ လက္တစ္စုပ္စာေလာက္သာ႐ွိေသာ ပစၥည္းေလးကို ပံုးႀကီး ပံုးငယ္ဖြင့္ကာ ႐ွာေနရသည္ ။ နဖူးေျပေျပေလးထက္မွာလည္း ေခြၽးစအခ်ိဳ႕တို႔က ထြက္စျပဳလာသည္ ။
" ဟူး... ေနာက္ဆံုးတစ္ပံုးဘဲက်န္ေတာ့တယ္... နင္သာအဲ့ထဲမွာ႐ွိေနရင္ေတာ့ ငါသိပ္ကံဆိုးသြားၿပီနားၾကပ္စုတ္ရယ္... ''
အျမင္ကတ္ကတ္ျဖင့္ မဆီမဆိုင္ေသာ နားၾကပ္ေလးအားေဒါသထြက္မိျပန္သည္ ။ ပံုးအားပတ္ထားေသာတိပ္အဝါေလးအား ျဖည္းျဖည္းခ်င္းဆြဲခြာလိုက္သည္ႏွင့္ ေပၚလာပါၿပီ... ။ ေခြၽးစက္ႏွင့္ ေဒါသတို႔၏ပိုင္႐ွင္ အျပစ္မဲ့နားၾကပ္ပန္းေရာင္ေလး... ။
နာရီကိုၾကည့္လိုက္ေတာ့ ငါးမိနစ္ေတာင္မလိုေတာ့ ။ ဆက္ပံုးေတြေတာင္ျပန္မသိမ္းႏိုင္ ။ နားၾကပ္ကေလးကို အိတ္ကပ္ေလးထဲထည့္ကာ လြယ္အိတ္ေလးလြယ္ၿပီး ေအာက္ကိုတန္းဆင္းရေတာ့သည္ ။
ဆက္မွာေတာ့ စကားေလးနည္းနည္းေျပာရဖို႔အေရး ႀကိဳးစားလိုက္ရတာခ်မ္းရယ္...
ေက်ာင္းက်ရင္သာ ေတြ႔မွေတြ႔ပါ့မလား....
🌺🌺
ရက္ေတြသာကုန္သြားခဲ့သည္ ။ ဆက္၏ ေမွၽာ္လင့့္ခ်က္ကေလးက ျပည့္ဝမလာ... ။ ေက်ာင္းတစ္ေက်ာင္းထဲမွာ ပညာသင္ေနတာခ်င္းအတူတူေတာင္ တစ္ခါမွမေတြ႔တာ ဆက္သိပ္ကိုအံ့ျသမိသည္ ။ ဒါမွမဟုတ္ ခ်မ္းက တမင္မေတြ႔ေအာင္မ်ား ေ႐ွာင္ေနေရာ့သလား ။
စိတ္ေတြလည္းေလသည္ ။ ဘာဆိုဘာမွလည္းလုပ္ခ်င္စိတ္မ႐ွိ ။ ေမွၽာ္လင့္ခ်က္မဲ့တဲ့ရက္ေတြမ်ားလာေတာ့ လူက အရာရာမွာ ေလးလံထိုင္းမိႈင္းလာသည္ ။ အခ်ိန္တိုင္း ခ်မ္းအေၾကာင္းဘဲေတြးရင္း ပတ္ဝန္းက်င္ကို သတိ္ျပဳမိနိုင္ေအာင္ျဖစ္ေနရသည္ ။ ေနရင္းထိုင္ရင္း စိတ္တိုလာေသာ အႀကိမ္အေရအတြက္က သိပ္ကိုမ်ားလာသည္ ။
အခုလည္း ေက်ာင္းအဆင္း ေတြ႔ေနက်ကားေလးတစ္စီး ရပ္ထားတာမေတြ႔သျဖင့္ ဆက္စိတ္တိုသြားသည္ ။
" ကိုကိုသြင္ကလည္း မအားရင္ မအားဘူး ဖုန္းဆက္တာမဟုတ္ဘူး.... ''
ဆက္ႏႈတ္ခမ္းေလးဆူကာ ေျခေဆာင့္ရင္း ေက်ာင္းေ႐ွ႕က အုတ္ခံုေလးေပၚသာ ထိုင္ေနမိသည္ ။ လာရာလမ္းကိုေငးၾကည့္ရင္း ဘဲႏႈတ္သီးေလးလိုျဖစ္ေနေသာ ေကာင္မေလးကို အုတ္တံတိုင္းအကြယ္ကေန ေငးၾကည့္ေနေသာေကာင္မေလးတစ္ေယာက္... ။
" သိပ္ကိုခ်စ္ဖို႔ေကာင္းတယ္ ဆက္... ''
ခ်မ္း တစ္ကိုယ္တည္းေရရြတ္လိုက္ၿပီး သြားညီညီေလးေတြေပၚလာသည္ထိ ျပံဳးမိသြားသည္ ။ ေျခေဆာင့္ေနေသာ ပံုစံေလးက တကယ္ကိုကေလးေလးႏွင့္တူသည္ ။
ခ်မ္း မ်က္ေတာင္မခတ္တမ္း ေငးေနမိသည္။ ၾကည့္ရတာ အႀကိဳမလာေသး၍ ေစာင့္ေနပံုေပၚသည္ ။
" ဟင္... ''
ခ်မ္း မ်က္ႏွာေပၚက အျပံဳးတို႔ေပ်ာက္ကြယ္သြားသည္ ။ ဆက္ကို အသက္ငါးဆယ္ေလာက္႐ွိမည္ထင္ရေသာ လူႀကီးတစ္ေယာက္က လာၿပီးစကားေျပာေနသည္ ။ သို႔ေသာ္ ေကာင္းေသာစကားေတာ့ျဖစ္ပံုမရ ။ ဆက္မ်က္ႏွာက မာထန္ေနသည္ ။ လက္သီးေတြကိုလည္း က်စ္ေနေအာင္ဆုပ္ထားသည္ကို သူမျမင္ေနရသည္ ။
" ဟင္... ဟိုလူႀကီး... ''
ခ်မ္း ခဏတာ စဥ္းစားၿပီး ထိုလူႀကီးကို မွတ္မိသြားသည္ ။ ထိုလူဟာ... ဆက္ေမေမႏွင့္ေဖာက္ျပန္သည္ဆိုေသာသူ... ။ ေသခ်ာပါသည္ ။ ဆက္သူမကိုျပခဲ့ဖူးေသာ ပံုထဲကအတိုင္း တစ္ပံုစံထဲ ။
ခ်မ္းဘာကိုမွ မစဥ္းစားႏိုင္ေတာ့ ။ ဆက္႐ွိရာကို အျမန္ေလွၽာက္သြားၿပီး လက္သီးဆုပ္ထားေသာ သူမလက္ကေလးကို ဆုပ္ကိုင္လိုက္သည္ ။
ဆက္ကေတာ့ နားမလည္ႏိုင္သလိုမ်က္လံုးဝိုင္းမ်ားျဖင့္ ေငးၾကည့္လာေလရဲ႕... ။
" ဦးေလး ေျပာခ်င္တာ႐ွိရင္ ခ်မ္းကိုေျပာပါ... ဆက္ကိုမေျပာပါနဲ႔.. ခ်မ္းက ပတၱျမားဆက္ရဲ႕အစ္မပါ ''
ထိုလူႀကီးက အသက္မပါေသာမဲ့ျပံဳးႀကီးကို ျပံဳးျပ၏ ။
" ဦးက မိမိေနေကာင္းရဲ႕လား လမ္းျကံုေတြ့လို့ ေမးတာပါ...ဦးသြားမယ္ ကေလးမေတြ .. ''
ေျပာၿပီး ထြက္သြားေသာ ထိုလူႀကီးေနာက္ေက်ာျပင္ကို ခ်မ္းစိုက္ၾကည့္ေနမိသည္ ။ အရင္တုန္းကလို စိတ္ဒဏ္ရာေတြ ဆက္ကိုမရေစခ်င္ေတာ့ပါ... ။
ဆက္ကို လွည့္ၾကည့္လိုက္ေတာ့ မ်က္လံုးဝိုင္းေလးေတြထဲမွာ မ်က္ရည္ၾကည္ေတြအဝိုင္းသားျဖင့္ သူမကိုေငးၾကည့္ေနသည္ ။
ဆက္သူမလက္ကို ဆုပ္ကိုင္ထားေသာ ခ်မ္းလက္ကေလးကို ေသခ်ာစြာကိုင္တြဲထားလိုက္သည္ ။
ထို႔ေနာက္...
" နင္ ငါ့ကိုမွတ္မိတယ္မလား... ခ်မ္း... ''
...
ကျောင်းတက်တာ တစ်ပတ်ရှိသွားပြီ... ။ ဆက်နှင့့်ချမ်း အခုချိန်ထိ ပြန်မတွေ့ဖြစ်သေး ။ ဆက် နေရာတိုင်းကိုသတိထားကြည့်သော်လည်း အခုထိ တစ်ခါမှမတွေ့ရသေးတာ အံ့သြရသည် ။ သူမကို ပြောချင်သည့် မေးချင်သည့် အကြောင်းအရာတွေက တောင်လိုပုံနေ၏ ။
ဒီနေ့တော့ သူမစိတ်ထဲမှာ တွေ့နိုင်မှာပါဟုထင်နေမိသည် ။ မိုးလင်းကတည်းက သူမအကြောင်းကခေါင်းထဲကို အရင်ဝင်လာသည် ။ အိမ်ကလူတွေကိုတော့ ချမ်းနှင့်တွေ့သည်ကိုပြောမပြထား ။ မေမေ့ကိုတော့ တမင်မပြောတာဖြစ်ကာ ဘွားနှင့့်ဘကိုတော့ ချမ်းအခြေအနေကဘာမှန်းသေချာမသိရသေး၍ ပြောမထားခြင်းဖြစ်သည် ။
ဆက်စိတ်ထဲမှာတွေးထားတာတစ်ခုရှိသည် ။ ချမ်းနှင့်ဒီတစ်ခါ တွေ့ရလျှင် ဘယ်လိုအခြေအနေမျိုးမှာမဆို သူမသိချင်တာတွေကို မေးမှဖြစ်မည် ။ ချမ်းသူမကို တကယ်မမှတ်မိတာလား ၊ မမှတ်မိချင်ယောင်ဆောင်တာလားဆိုတာကို သဲသဲကွဲကွဲသိရမှဖြစ်မည် ။
ကျောင်းသွားခါနီး ဖုန်းနှင့်နားကြပ်ကလေးကို လွယ်အိတ်ထဲထည့်တော့ ချမ်းနှင့်ဆင်တူဝယ်ထားသော နားကြပ်ပန်းရောင်လေးကို သတိရမိပြန်သည် ။ အကယ်၍များ ချမ်းနှင့်တွေ့ခဲ့လျှင် ထောက်ပြစရာတစ်ခုတိုးစေရန် ဆက် ထိုနားကြပ်လေးကိုယူသွားမည်ဟု စိတ်ကူးမိလိုက်သည် ။
သို့သော်...
" ကျွတ်... ငါဘယ်နားထားမိပါလိမ့်... ''
သူမအား ချမ်းအဆက်အသွယ်မလုပ်သောအချိန် တစ်နှစ်ပြည့်သည့်နေ့က သူမနာကြည်းစွာဖြင့် ထိုနားကြပ်ကလေးကို လုံးဝဆက်မသုံးတော့ဖို့ ဆုံးဖြတ်ခဲ့သည် ။
" ပုံးတစ်ခုခုထဲကို ထည့်လိုက်တယ်လို့တော့ ထင်တာပါဘဲ... ''
ဗီဒိုပေါ် ၊ စာအုပ်စင်ပေါ်တွေမှာ တင်ထားသော ကဒ်ထူပုံးတွေကို ဆက် ဝေ့ဝဲကြည့်လိုက်မိသည် ။
လက်မှာပတ်ထားသော နာရီလေးကိုလည်းတစ်ချက်ကြည့်ရသေး၏ ။ ကျောင်းနောက်ကျလို့ကလည်း မဖြစ် ။ ကိုယ့်ဘာသာကိုယ် သွားတာဆိုလျှင် ကိစ္စမရှိပေမယ့် ဦးတိကျကြီးက အချိန်ကိုက်ရောက်ရောက်လာတတ်လွန်း၍ ။
ကျောင်းပို့ပေးမယ့်လူက စောင့်နေရလှျှင် နည်းနည်းအားနာစရာကောင်းသည်မဟုတ်ပါလား ။
" နာရီဝက်လောက်မှီပါသေးတယ်... မနက်စာကို သွားခါနီးမှ ပါးစပ်ထဲအကုန်သွပ်သွားတော့မယ် ''
ဆက် ဝတ်ထားသောလက်ရှည်အကျႌလေးကို တံတောင်ဆစ်လောက်ရောက်အောင် ခေါက်ထားလိုက်သည် ။ ဖွေးနေသော အသားပေါ်မှ သွေးကြောအစိမ်းလေးတွေကို လက်ခနဲမြင်လိုက်ရသည် ။
ထို့နောက် လက်တစ်စုပ်စာလောက်သာရှိသော ပစ္စည်းလေးကို ပုံးကြီး ပုံးငယ်ဖွင့်ကာ ရှာနေရသည် ။ နဖူးပြေပြေလေးထက်မှာလည်း ချွေးစအချို့တို့က ထွက်စပြုလာသည် ။
" ဟူး... နောက်ဆုံးတစ်ပုံးဘဲကျန်တော့တယ်... နင်သာအဲ့ထဲမှာရှိနေရင်တော့ ငါသိပ်ကံဆိုးသွားပြီနားကြပ်စုတ်ရယ်... ''
အမြင်ကတ်ကတ်ဖြင့် မဆီမဆိုင်သော နားကြပ်လေးအားဒေါသထွက်မိပြန်သည် ။ ပုံးအားပတ်ထားသောတိပ်အဝါလေးအား ဖြည်းဖြည်းချင်းဆွဲခွာလိုက်သည်နှင့် ပေါ်လာပါပြီ... ။ ချွေးစက်နှင့် ဒေါသတို့၏ပိုင်ရှင် အပြစ်မဲ့နားကြပ်ပန်းရောင်လေး... ။
နာရီကိုကြည့်လိုက်တော့ ငါးမိနစ်တောင်မလိုတော့ ။ ဆက်ပုံးတွေတောင်ပြန်မသိမ်းနိုင် ။ နားကြပ်ကလေးကို အိတ်ကပ်လေးထဲထည့်ကာ လွယ်အိတ်လေးလွယ်ပြီး အောက်ကိုတန်းဆင်းရတော့သည် ။
ဆက်မှာတော့ စကားလေးနည်းနည်းပြောရဖို့အရေး ကြိုးစားလိုက်ရတာချမ်းရယ်...
ကျောင်းကျရင်သာ တွေ့မှတွေ့ပါ့မလား....
🌺🌺
ရက်တွေသာကုန်သွားခဲ့သည် ။ ဆက်၏ မျှော်လင့့်ချက်ကလေးက ပြည့်ဝမလာ... ။ ကျောင်းတစ်ကျောင်းထဲမှာ ပညာသင်နေတာချင်းအတူတူတောင် တစ်ခါမှမတွေ့တာ ဆက်သိပ်ကိုအံ့သြမိသည် ။ ဒါမှမဟုတ် ချမ်းက တမင်မတွေ့အောင်များ ရှောင်နေရော့သလား ။
စိတ်တွေလည်းလေသည် ။ ဘာဆိုဘာမှလည်းလုပ်ချင်စိတ်မရှိ ။ မျှော်လင့်ချက်မဲ့တဲ့ရက်တွေများလာတော့ လူက အရာရာမှာ လေးလံထိုင်းမှိုင်းလာသည် ။ အချိန်တိုင်း ချမ်းအကြောင်းဘဲတွေးရင်း ပတ်ဝန်းကျင်ကို သတိပြုမိနိုင်အောင်ဖြစ်နေရသည် ။ နေရင်းထိုင်ရင်း စိတ်တိုလာသော အကြိမ်အရေအတွက်က သိပ်ကိုများလာသည် ။
အခုလည်း ကျောင်းအဆင်း တွေ့နေကျကားလေးတစ်စီး ရပ်ထားတာမတွေ့သဖြင့် ဆက်စိတ်တိုသွားသည် ။
" ကိုကိုသွင်ကလည်း မအားရင် မအားဘူး ဖုန်းဆက်တာမဟုတ်ဘူး.... ''
ဆက်နှုတ်ခမ်းလေးဆူကာ ခြေဆောင့်ရင်း ကျောင်းရှေ့က အုတ်ခုံလေးပေါ်သာ ထိုင်နေမိသည် ။ လာရာလမ်းကိုငေးကြည့်ရင်း ဘဲနှုတ်သီးလေးလိုဖြစ်နေသော ကောင်မလေးကို အုတ်တံတိုင်းအကွယ်ကနေ ငေးကြည့်နေသောကောင်မလေးတစ်ယောက်... ။
" သိပ်ကိုချစ်ဖို့ကောင်းတယ် ဆက်... ''
ချမ်း တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး သွားညီညီလေးတွေပေါ်လာသည်ထိ ပြုံးမိသွားသည် ။ ခြေဆောင့်နေသော ပုံစံလေးက တကယ်ကိုကလေးလေးနှင့်တူသည် ။
ချမ်း မျက်တောင်မခတ်တမ်း ငေးနေမိသည်။ ကြည့်ရတာ အကြိုမလာသေး၍ စောင့်နေပုံပေါ်သည် ။
" ဟင်... ''
ချမ်း မျက်နှာပေါ်က အပြုံးတို့ပျောက်ကွယ်သွားသည် ။ ဆက်ကို အသက်ငါးဆယ်လောက်ရှိမည်ထင်ရသော လူကြီးတစ်ယောက်က လာပြီးစကားပြောနေသည် ။ သို့သော် ကောင်းသောစကားတော့ဖြစ်ပုံမရ ။ ဆက်မျက်နှာက မာထန်နေသည် ။ လက်သီးတွေကိုလည်း ကျစ်နေအောင်ဆုပ်ထားသည်ကို သူမမြင်နေရသည် ။
" ဟင်... ဟိုလူကြီး... ''
ချမ်း ခဏတာ စဉ်းစားပြီး ထိုလူကြီးကို မှတ်မိသွားသည် ။ ထိုလူဟာ... ဆက်မေမေနှင့်ဖောက်ပြန်သည်ဆိုသောသူ... ။ သေချာပါသည် ။ ဆက်သူမကိုပြခဲ့ဖူးသော ပုံထဲကအတိုင်း တစ်ပုံစံထဲ ။
ချမ်းဘာကိုမှ မစဉ်းစားနိုင်တော့ ။ ဆက်ရှိရာကို အမြန်လျှောက်သွားပြီး လက်သီးဆုပ်ထားသော သူမလက်ကလေးကို ဆုပ်ကိုင်လိုက်သည် ။
ဆက်ကတော့ နားမလည်နိုင်သလိုမျက်လုံးဝိုင်းများဖြင့် ငေးကြည့်လာလေရဲ့... ။
" ဦးလေး ပြောချင်တာရှိရင် ချမ်းကိုပြောပါ... ဆက်ကိုမပြောပါနဲ့.. ချမ်းက ပတ္တမြားဆက်ရဲ့အစ်မပါ ''
ထိုလူကြီးက အသက်မပါသောမဲ့ပြုံးကြီးကို ပြုံးပြ၏ ။
" ဦးက မိမိနေကောင်းရဲ့လား လမ်းကြုံတွေ့လို့ မေးတာပါ...ဦးသွားမယ် ကလေးမတွေ .. ''
ပြောပြီး ထွက်သွားသော ထိုလူကြီးနောက်ကျောပြင်ကို ချမ်းစိုက်ကြည့်နေမိသည် ။ အရင်တုန်းကလို စိတ်ဒဏ်ရာတွေ ဆက်ကိုမရစေချင်တော့ပါ... ။
ဆက်ကို လှည့်ကြည့်လိုက်တော့ မျက်လုံးဝိုင်းလေးတွေထဲမှာ မျက်ရည်ကြည်တွေအဝိုင်းသားဖြင့် သူမကိုငေးကြည့်နေသည် ။
ဆက်သူမလက်ကို ဆုပ်ကိုင်ထားသော ချမ်းလက်ကလေးကို သေချာစွာကိုင်တွဲထားလိုက်သည် ။
ထို့နောက်...
" နင် ငါ့ကိုမှတ်မိတယ်မလား... ချမ်း... ''
...