ညသန်းခေါင်ကျော် 12 နာရီးထိုးတဲ့အထိ လူသတ်ကားကြည့်နေကြသောကောင်လေးနဲ့ကောင်မလေး....
Jk : ကလေး... မအိပ်သေးဘူးလား
Tae : မအိပ်သေးဘူး ကိုကိုအိပ်ချင်သွားအိပ်လေ
Jk : ရပါတယ် ကိုလည်းကလေးအိပ်မှပဲအိပ်တော့မယ် ။
Tae : အရမ်းအိပ်ချင်ရင်သွားအိပ်ပါ Taeကတစ်ယောက်တည်းနေနေကြ... စိတ်မပူနဲ့ သွားအိပ် ။
သူမပြောပုံဆိုပုံက အမြဲတမ်းတစ်ယောက်တည်းအထီးကျန်စွာ နေရတာကိုနေသားကျနေသလိုပဲ ။
Jk : မသွားဘူး ကလေးအိပ်မှအိပ်မယ် ဒါပဲ ထပ်မပြောနဲ့....
Tae : ဒါဆိုလည်း Taeအခုအိပ်တော့မယ် TV ပိတ်ပီးလာခဲ့မယ် တတ်နှင့်...
Jk : ကိုပိတ်ခဲ့လိုက်မယ် ကလေးအရင်တတ်နှင့်...
Tae : ဟုတ်ပါပီ
ကျတော် TV ပိတ်ပီး အခန်းထဲရောက်တော့..... သူမက ကောင်းကင်ကိုကြည့်ပီး တစ်ခုခုကိုလွမ်းနေသလိုမျိုးဆွေးနေတယ် ။ ကျနော်အနောက်မှာရောက်နေမှန်းသိလိုထင်တယ် သူမဘက်ကစကားစပြောလာတယ် ။
Tae : ဒီနေ့ည ဒီအချိန် Taeကြောင့် ommaအသက်ဆုံးရှုံးခဲ့တယ်.... Tae ommaအပေါ်အရုပ်တစ်ရုပ်မဝယ်ပေးလို့ ဆိုးခဲ့တယ် ။
သူမကျနော်ကိုပြောနေသောအသံတွေက ငိုသံစွတ်နေတယ် သူမကျောပြင်ကို ကျနော့်ရင်ခွင်ဖြင့်ထိကပ်ရင်း တင်းကျပ်စွာဖတ်လိုက်တယ် ။
Jk : ကလေးနာကျင်ရတဲ့ အရင်ကအကြောင်းတွေမတွေးနဲ့တော့... ကလေးပဲပင်ပန်းလိမ့်မယ် ။
ကျနော်ပြောသမျှကိုနာခံနေသလို သူမဘက်ကဘာစကားမှမတုံ့ပြန်ပဲ ငြိမ်နေလေတယ် ။
Jk : အိပ်ရအောင် ကိုအရမ်းအိပ်ချင်နေပီ ။
Tae : omm
ကုတင်ပေါ်ရောက်တော့ သူမခါးမှတင်းကျပ်စွာဖတ်ကာ ရင်ခွင်ထဲထည့်ထားလိုက်သည် ။ သူမကတော့အငြိမ်မနေဘဲ ကျနော်ရင်ခွင်ထဲကထွက်ခွင့်တောင်းနေသလို ရုန်းကန်နေတယ် ။
Jk : ကလေးဘာလို့ငြိမ်ငြိမ်မနေတာလဲ ကိုဖတ်ထားတာမကြိုက်လို့လား
Tae : အဲ့လိုမဟုတ်ပါဘူး Taeနဲ့ကိုကို မင်္ဂလာဆောင်ပီးကတည်းက အခုလိုဖတ်ပီးမအိပ်ဖူးဘူးလေ ရုတ်တရက်ဆိုတော့ Taeအတွက် နေရတာတစ်မျိုးကြီးဖြစ်နေလို့......
Jk : တစ်မျိုးမဖြစ်အောင် နေ့တိုင်းဖတ်အိပ်မယ်လေ အခုကတည်းကပေါ့ ok.... ကိုအရမ်းအိပ်ချင်နေပီ စကားတွေထပ်မပြောနဲ့တော့... အိပ်လို့မရရင် ကလေးကိုအပြစ်ပေးမိမယ် ။
Tae : ဘယ်လိုအပြစ်ပေးမှာလဲ ။
Jk : ကလေးကသိချင်တယ်ပေါ့
Tae : နည်းနည်းပါ
Jk : ဒီလိုအပြစ်ပေးမှာ 😚
Tae ရဲ့နှုတ်ခမ်းပါးလေးကို ပြွစ်ခနဲမြည်အောင်အနမ်းပေးလိုက်တယ် ။ Tae ကတော့ကြောင်တောင်တောင်ဖြင့် မျက်လုံးပွင့်ပီးသေနေသလို....
Tae : ကိုကိုအပြစ်ပေးတာကလဲ.....
Jk : ဘာလို့လဲ ထပ်လိုချင်လို့လား
Tae : arnyi Taeအိပ်တော့မယ်
Tae, Jk ရင်ခွင်ထဲကိုအတင်းတိုးကာ ဝင်နေတော့သည် Jk ကတော့ Taeရှက်နေသောမျက်နှာလေးကိုမြင်ယောင်ပီး Taeခေါင်းလေးကိုအနမ်းပေးကာ......
Jk : Goodnight ပါကလေးလေး... အိမ်မက်ထဲမှာကိုနဲ့ထပ်တွေ့ကြမယ် ။
Tae : ကိုကိုရောပဲ.....
တိုးတိုးလေးသာကြားရသောအသံဖြင့် ပြန်ဖြေလာသောသူမကိုအသဲယားက ခပ်တင်းတင်းဖတ်ပီး အိမ်မက်ကမ္ဘာဆီသို့......
ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ကိုကလေးကိုအရမ်းချစ်မိနေမှာသေချာတယ် ကလေး.....
..........................................................
ယနေ့မနက်ခင်းဟာ သာမန်မနက်ခင်းတွေနဲ့မတူဘဲ မိုးဖွဲဖွဲလေးရွာကာ ထူးခြားလျှက်ရှိသည် ။
Jk : ဘာထိုင်လုပ်နေတာလဲ ကလေး...
ကျနော်အိပ်နေသောဘေးတွင် ခေါင်းအုံးကျောမှီပီးထိုင်ကာ စာအုပ်တစ်အုပ်ဖြင့် အလုပ်ရှုပ်နေသော ကလေးကိုအသံချိုချိုဖြင့်မေးလိုက်တယ် ။
Tae : ကိုကိုအိပ်နေတဲ့ပုံဆွဲနေတာလေ
သူမအပြုံးလေးဖြင့်ကျနော့်ကိုပြန်ဖြေတယ်။
Jk : ဒါဆိုနိုးနေတာကြာပီပေါ့
Tae : omm နည်းနည်းတော့ကြာပီ
Jk : ကလေးဆွဲထားတဲ့ပုံပြပါလား
Tae : ကြည့်လေ ရော့...
Jk : wow ကလေးကတကယ်ပန်းချီဆရာမအတိုင်းပဲ တော်လိုက်တာ...
Tae : Tae ommaကပန်းချီဆရာမလေ ommaဆီကအကုန်သင်ယူထားတာ... ommaကပန်းချီဆွဲတာအရမ်းတော်တယ် ကိုကိုရဲ့....
Jk : ဟုတ်လား ဒါနဲ့ ကလေးommaက Hotel ပိုင်ရှင်မဟုတ်ဘူးလား
Tae : Hotel ပိုင်ရှင်မဖြစ်ခင် ပန်းချီဆရာမလေ Hotel နဲ့ Supermarket အားလုံးက ommaရဲ့အကိုပိုင်တာ.... လေးလေးကနှလုံးရောဂါနဲ့ဆုံးသွားတော့ ommaကိုအကုန်လွှဲပေးခဲ့တာ...
Jk : ကလေးရဲ့ဦးလေးကလူပျိုကြီးလား
Tae : ဟုတ်တယ် အဲ့တာနဲ့ommaက လေးလေးရဲ့အလုပ်တွေကိုဦးစီးပီးလုပ်ရတော့ ပန်းချီအလုပ်ကိုစွန့်လွှတ်လိုက်တာ.... ommaဦးစီးတဲ့အချိန်ကစပီး Hotelနဲ့Supermarketက အရင်ကထက်ပိုအောင်မြင်လာခဲ့တယ်လေ ။
Jk : ဒါဆိုကလေးommaပိုင်တဲ့ လန်ဒန်ကစပျစ်ခြံရော....
Tae : အဲ့စပျစ်ခြံက ommaအရမ်းကြိုက်လွန်းလို့ဝယ်ခဲ့တာလေ အဲ့ခြံလေးက လေကောင်းလေသန့်လည်းရတယ် ပန်းချီဆွဲလို့လည်းအရမ်းကောင်းတယ် ကိုကိုအဲ့ခြံမရောက်ဖူးဘူးမလား
Jk : omm မရောက်ဖူးဘူး
Tae : နောက်ဆိုTaeလိုက်ပို့ပေးမယ်လေ
Jk : ဟုတ်ပါပီ ကလေးရယ် အခုတော့ထရအောင် ကိုဗိုက်ဆာနေပီ
Tae : Tae မနက်စာသွားပြင်လိုက်အုံးမယ်
Jk : မပြင်နဲ့တော့ အပြင်မှာထွက်စားကြမယ်
Tae : အဲ့တာဆိုလည်း တစ်ခါတည်းမနက်စာစားပီးပြန်ကြမယ်လေ အပြင်မှထွက်စားပီး ဒီကိုပြန်လာရင် ကိုကိုအလုပ်ရှုပ်နေအုံးမယ် ။
Jk : ကလေးသဘော....
Tae : ကိုကိုဗိုက်အရမ်းမဆာသေးဘူးမလား Taeရေချိုးချင်လို့...
Jk : မြန်မြန်ချိုး မိုးအေးတယ်
Tae : ဟုတ်ကဲ့ကိုကို.....
Taeရေချိုးပီးထွက်လာတော့......
Tae : ကိုကိုလည်းရေချိုးလိုက်လေ Tae ရေနွေးစပ်ပေးထားတယ် ။
Jk : ကို့ကလေးလေးက အလိုက်သိတတ်လိုက်တာ.... ကျေးဇူးပဲကလေး...
Tae : Taeတို့ကြားမှာကျေးဇူးတွေမလိုပါဘူး ကိုကိုရယ်....
Jk : ဟုတ်ပါပီဗျာ....
...............................................
ဘူဆန်မှဆိုလ်းသို့ပြန်သော အမြန်လမ်းလေးတွင် မိုးဖွဲဖွဲလေးကြား ပြိုင်ကားအနက်လေးတစ်စီး မောင်းနှင်လို့လာတယ် ။
Jk : ကလေး... မိုးရွာနေတယ်လေ မှန်ပြန်တင်လိုက်.....
Tae : Tae မိုးရေနဲ့ခဏဆော့ချင်လို့ပါ ပီးရင်ပြန်တင်မယ်လေ ခဏလေးပဲနော်ကိုကို...
Jk : မိုးမိရင်ဖျားမယ်လေ ကလေးရဲ့.... အခုမိုးကဆောင်းဝင်ခါနီးရွာတဲ့မိုး.... အအေးမိလိမ့်မယ် ကို့စကားနားထောင်ပါကလေးရယ်.... ကလေးနေမကောင်းဖြစ်မှာစိုးလို့ပြောတာပါ ။
Tae : ဟုတ်ပါပီ
Jk : စိတ်ဆိုးသွားတာပါ
Tae : မဆိုးပါဘူး ပျော်သွားတာပါ ကိုကိုTaeကိုစိတ်ပူပေးလို့ပျော်သွားတာ....
Jk : ပျော်တာကလည်း ရုပ်တည်ကြီးနဲ့....
Tae : ရုပ်တည်ကြီးနဲ့မပျော်ရဘူးလို့ ဘယ်သူအမိန့်ထုတ်ထားလို့လဲ တော်ပီစကားမပြောနဲ့တော့ ကားမောင်းတာအာရုံစိုက်.....
Jk : ကိုကားမောင်းကျွမ်းပါတယ် မျက်လုံးမှိတ်ပီးတောင်မောင်းလို့ရတယ် ။
Tae : ဘယ်လောက်ပဲကားမောင်းကျွမ်းကျွမ်း ဂရုစိုက်မောင်းတာအကောင်းဆုံးပဲကို....
Tae omma လည်းကားမောင်းကျွမ်းတာပဲ ဒါပေမယ့်......
အသံတိမ်ဝင်သွားသောသူမကြောင့် မကြာခင်ငိုတော့မယ်ဆိုတာသိနေပီ ။
Jk : ဝမ်းနည်းစရာတွေမတွေးနဲ့တော့ကလေး ကိုဂရုစိုက်မောင်းမယ်နော် မငိုနဲ့တော့... မျက်ရည်ကလည်းလွယ်လိုက်တာ Kim Tae Hee မှဟုတ်ရဲ့လား ။
Tae : ကိုကိုနော်.....
Jk : စတာပါ မငိုနဲ့တော့ တိတ်တိတ်....
Tae ခေါင်းလေးကိုပွတ်သပ်ပီး ပြောလိုက်တယ် ။
Tae : လက်နှစ်ဖက်နဲ့မောင်း....
Jk : ဟုတ်ပါပီ
....................................................
ခြံထဲကိုပြိုင်ကားလေးဝင်လာတဲ့အခါ အိမ်တော်ထိန်းနဲ့maidတွေအားလုံးထွက်လာကြတယ် ။
အိမ်တော်ထိန်း : နှစ်ယောက်ကဘယ်လိုဖြစ်ပီး အတူတူပြန်လာတာလဲ
Jk : ကျနော်ကလေးဆီလိုက်သွားတာလေ arjimaကိုမပြောခဲ့မိဘူး တောင်းပန်ပါတယ်နော်
Maids : ကလေးတဲ့....
အိမ်တော်ထိန်း : aww ရပါတယ် ညစာစားတော့မလား ။
Tae : Taeတို့လမ်းမှာစားခဲ့တယ်
အိမ်တော်ထိန်း : အဲ့တာဆိုလည်း နားလိုက်တော့လေ
Jk : ဟုတ်ကဲ့
Jk ရေချိုးပီးတော့.....
📲 from အပုကောင်...
Tae : ကိုကို...
Jk : ဟင်....
Tae : ဖုန်းလာနေတယ် အပုကောင်ဆိုပဲ....
Jk : aww jimin ဆီကပါ
Tae : omm...
Jk အင်္ကျီတောင်မဝတ်ဘဲသပတ်ဖြင့် ဝရန်တာဘက်ကိုထွက်သွားတယ် ။
Jk : ပြော အပုကောင်
Jimin : ဘာအပုကောင်လဲ မင်းမိန်းမထက်တော့အရပ်ရှည်တယ်ဟဲ့
Jk : ဟားးး ငါ့မိန်းမထက်မရှည်ရင်လည်း မင်းလူမလုပ်နေနဲ့တော့....
Jimin : မင်းနော်....
Jk : ကဲ ကဲ တော်တော့... ဖုန်းဆက်တဲ့ကိစ္စကိုပြော...
Jimin : Kstar club ကိုလာခဲ့ပါလား ငါတစ်ယောက်တည်းသောက်နေရတာပျင်းလို့ ပြောစရာတွေလည်းရှိတယ်
Jk : ငါအခုမှ busan ကပြန်ရောက်တာကွ အရမ်းပင်ပန်းနေပီ မလာတော့ဘူး ။
Jimin : မင်းကလည်းကွာ လာခဲ့ပါ ငါ့မှာမင်းတစ်ယောက်ပဲရှိတာလေဟာ Hoseok ကလည်းသူ့ဆော်နဲ့ ဟိုအချေကောင်ကလည်းအဖတ်လုပ်တာမဟုတ်ဘူး မင်းကလွဲပီးမရှိပါဘူးကွာ လာခဲ့ပါနော်
Jk : အေးပါကွာ လာခဲ့မယ် လာခဲ့မယ်
Jimin : gomawor kookie saranghaeyo...
Jk : စောင်ပိုတွေ...
Tae : အင်္ကျီမဝတ်ဘဲနဲ့ ဘာလို့အပြင်ထွက်ပီးဖုန်းပြောနေတာလဲ လေစိမ်းတိုက်ပီးဖျားနေအုံးမယ်
Jk : မဖျားပါဘူး ကိုကကိုယ်ခံအားကောင်းတယ် ။
Tae : ပြောလိုက်ရင် ကိုယ်ခံအားကောင်းတယ်ဆိုတာကြီးပဲ
Jk : ကလေးကမယုံလို့လား
Tae : ယုံပါတယ် ဒါနဲ့ Jimin oppa ကဘာလို့ဖုန်းဆက်တာလဲ ။
Jk : ကို့ကိုclubလာခဲ့ပါဆိုပီး ဖုန်းဆက်တာ သူ့တစ်ယောက်တည်းမို့လို့တဲ့...
Tae : aww အဲ့တာဆိုသွားလေ အရမ်းညဥ့်မနက်စေနဲ့
Jk : omm ကလေးအိပ်နှင့်နော် ကို့ကိုစောင့်မနေနဲ့
Tae : စောင့်နေမှာပဲ ကိုကိုလာမှအိပ်မယ် ။
Jk : အိပ်နှင့်ပါ jiminကအရက်သောက်ရင် အရှိန်လွန်တတ်တယ် ။
Tae : ကိုကိုသာအရှိန်မလွန်စေနဲ့ ထိန်းပီးသောက်... အပြန်ကားမမောင်းနိုင်ပဲနေမယ်
Jk : ဟုတ်ပါပီ ကိုစောစောပြန်ခဲ့မယ်နော်
Tae : omm
....................................................
📲📲📲📲
Taehyung : ဘာလဲကွာ ဒီအချိန်ကြီးဘာလို့ဖုန်းဆက်တာလဲ
Boy : သူဌေးကိုသတင်းလှမ်းပို့တာပါ
TH : ဘာသတင်းလဲ
Boy : သူဌေးစောင့်ကြည့်ခိုင်းထားတဲ့ကောင်လေးက အခုယောကျာ်းတစ်ယောက်နဲ့ club မှာအရက်သောက်နေပါတယ်
TH : ဘာပြောတယ် ယောကျာ်းတစ်ယောက်နဲ့ဟုတ်လား
Boy : ဟုတ်ပါတယ် သူဌေး
TH : ဘယ်clubလဲ
Boy : Kstar club မှာပါ သူဌေး
TH : ငါအခုချက်ချင်းလာခဲ့မယ် ဆက်စောင့်ကြည့်ထား.....
ကားသော့ကိုယူကာ ဓာတ်လှေကားကတောင်မဆင်းတော့ပဲ အရေးပေါ်လှေကားမှပြေးဆင်းသွားတယ် ပြိုင်ကားအပြာလေးကိုအရှိန်တင်မောင်း၍ Kstar club ဆီသို့.....
TH : ဘယ်မှာလဲ ငါ့baby....
Boy : ဟိုဘက်ထောင့်ဆုံးနားကဝိုင်းမှာပါ
TH : omm မင်းတို့ပြန်လို့ရပီ
Boy : ဟုတ်ကဲ့ပါ သူဌေး....
TH : baby နဲ့အတူရှိနေတာက.....??
အရက်မူးနေတာတောင် တစ်ခွက်ပီးတစ်ခွက်ဆက်သောက်နေသောကောင်လေးကြောင့် Jkစိတ်ညစ်နေရတယ်
Jimin : ငါ့စိတ်ကိုတစ်ယောက်ယောက် စိုးမိုးနေပီထင်တယ်
Jk : မင်းဒီစကားပြောတာ 101ခေါက်ရှိနေပီ
Jimin : ဟုတ်ရား ငါတောင်မမှတ်ထားမိဘူး
Jk : တော်တော့jimin... မင်းသောက်တာအရမ်းများနေပီ
Jimin : မတော်နိုင်သေးဘူး အခုမှသောက်လို့ကောင်းတုန်းရှိသေးတယ်
Jk : ဟူးးး လာမိတာမှားပီထင်ပါတယ်
TH : Jung kook hyung....
Jk : aww Tae hyung ပဲ clubလာတာလား
TH : nae ဒါနဲ့ဟိုဘက်ကတစ်ယောက်က....
Jk : ဒါကhyungသူငယ်ချင်းလေ park jimin တဲ့
TH : babyနဲ့hyungကသူငယ်ချင်းတွေလား
Jk : ဟမ် baby ??? ဘယ်သူ့ကိုပြောတာလဲ
TH : ဘယ်သူရှိရမှာလဲ hyungဘေးနားကကောင်လေးက ကျွန်တော်ကြိုက်တယ်ပြောပြောနေတဲ့ ကျွန်တော့်babyလေးလေ....
Jk : jiminက မင်းကြိုက်နေတဲ့ကောင်လေးလား
TH : ဟုတ်တယ်hyung....
Jimin : နားညည်းလိုက်တာကွာ အိပ်နေတာကိုဘေးနားမှာပွစိပွစိနဲ့ အလိုက်ကန်းဆိုးကိုမသိဘူး
အရက်သောက်ထားလို့နီရဲနေသော နှုတ်ခမ်းလေးကိုဆူကာ မျက်လုံးမှိတ်ပီး ရန်တွေ့နေလေတယ် ။
Jk : မင်းရဲ့babyကိုလည်းကြည့်ဦး ငါ့ကိုခေါ်ပီးနှိမ့်ဆက်နေတယ်
TH : ကျေးဇူးပါ hyungရယ် ကျွန်တော့်လူတွေဖုန်းဆက်တော့ babyတစ်ခြားယောကျာ်းတစ်ယောက်နဲ့ clubရောက်နေတယ်ဆိုပီး စိတ်ပူလိုက်ရတာ... hyungဖြစ်နေလို့တော်သေးတယ် ။
Jk : အေးပါကွာ
TH : Jiminကိုကျွန်တော်ပဲလိုက်ပို့ပေးလိုက်မယ်
Jk : မင်းသူ့အိမ်သိလို့လား
TH : ကိုယ်ကြိုက်နေတဲ့လူအိမ်တော့သိတာပေါ့ hyungရာ....
Jk : ဟားးး အေးပါ ကားကိုဂရုစိုက်မောင်းနော်
TH : nae hyung
.....................................................
ကျောပြင်ပေါ်နွေးထွေးတဲ့ခံစားမှုနှင့်အတူ ခါးပေါ်ရစ်သိုင်းကာခပ်တင်းတင်းဖတ်ထားသောလက်တစ်စုံကြောင့် အိပ်ယာမှနိုးထလာတယ် ။
Tae : ကိုကိုတောင်ပြန်ရောက်နေပီပဲ
လေသံလေးဖြင့်အနောက်မှာအိပ်ပျော်နေသောလူသားဘက်ကိုလှည့်ကာဆိုလိုက်တယ် အိပ်ပျော်နေသောJkရင်ခွင်ထဲတိုးဝင်ကာ ခါးကိုတင်းကျပ်စွာထားလိုက်တယ် ။
Jk : နိုးနေပီလား ကောင်မလေး....
Tae : ဟင် ကိုကိုကနိုးနေတာလား
Jk : ကိုကမနိုးပါဘူး အိပ်ပျော်နေတာ.... ရင်ခွင်ထဲအတင်းတိုးဝင်နေတဲ့ကောင်မလေးကြောင့်နိုးသွားတာ...
Tae : sorryနော် Taeကြောင့်နိုးသွားတယ်
Jk : ရပါတယ်ဗျာ ညကကိုပြန်လာမှအိပ်မယ်ပြောပီး ဘာလို့အရင်အိပ်ပျော်သွားတာလဲ
Tae : heee... Taeကိုယ်တိုင်တောင် ဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး
Jk : ဖြစ်ရမယ် အခုတော့ခဏပြန်အိပ်ရအောင် ကိုညက၁နာရီမှပြန်ရောက်တာ...
Tae : ပြောတော့ စောစောပြန်လာမယ်ပြောပီး...
Jk : ကိုလည်းစောစောပြန်လာမလို့ပဲလေ အပုကောင်ရစ်နေတာနဲ့နောက်ကျသွားတာ...
Tae : ဟုတ်ပါပီ 45မိနစ်ထက်အိပ်လို့ရတယ် 7နာရီထမယ်နော် ။
Jk : omm
#At 8:00 A.M
Taehyung : hyungရေ... Jung kook hyung
Tae : မျောက်စုတ်အသံပဲ စောစောစီးစီးဘာလာလုပ်တာလဲမသိဘူး
Jk : အော်သံကြားလိုက်တယ် ဘာဖြစ်တာလဲ
Tae : Taehyungပါ ကိုကို့ကိုခေါ်နေတာ.. hyungရေ hyungရေနဲ့...
Jk : ဟုတ်လား ဘာဖြစ်လာတာလဲမသိဘူး
Tae : ကိုကိုအဝတ်စားဝတ်ပီးမှ ဆင်းလာခဲ့လေ Taeအရင်ဆင်းနှင့်လိုက်မယ်
Jk : omm
Tae : ရေကိုပြောင်အောင်သုတ်ပီးမှ အင်္ကျီဝတ်နော်
Jk : ဟုတ်ကဲ့ပါခင်ဗျာ
TH : hyungရေ ဆင်းလာပါဦး
အိမ်တော်ထိန်း : Tae hyung လေး ဘာပြသာနာဖြစ်လာလို့လဲ
TH : ပြသာနာကအကြီးကြီးပဲ arjimaရေ...
Tae : မနက်စောစောစီးစီး ဘာတွေပြသာနာရှာလာပြန်ပီလဲ kim Taehyung
TH : noona... hyungရော
Tae : ရေချိုးပီးအဝတ်စားလှဲနေတယ် ဘာဖြစ်လာလို့ တစ်hyungတည်း hyungနေရတာလဲ
TH : noona မသိပါဘူး hyungကိုအကူညီတောင်းစရာရှိလို့လာတာ....
Jk : hyungကို ဘာလို့အသဲအသန်ခေါ်နေတာလဲTaehyung...
TH : hyung... Jiminအိမ်လိုက်ခဲ့ပါအုံးဗျာ မနေ့ကလိုက်ပို့တဲ့ကိစ္စကြောင့် ကျနော့်ကိုအထင်လွဲနေတယ်
Jk : ဟုတ်လား hyungကားနဲ့လိုက်ခဲ့မယ် Taehyungအရင်သွားနှင့်....
TH : ဆက်ဆက်လိုက်ခဲ့နော် ကျနော်ပြန်နှင့်ပီ
Jk : အေးပါ
Tae : Taehyungက ဘာလို့jiminအိမ်ကိုအတင်းလိုက်ခိုင်းနေရတာလဲ မနေ့ကဘာဖြစ်လာလို့လဲကိုကို....
Jk : ဘာမှမဖြစ်ပါဘူး ကိုကjiminကိုအိမ်ပြန်ပို့ခိုင်းလိုက်တာပါ နောက်ပီးTaehyungက jiminကိုကြိုက်နေတာလေ
Tae & အိမ်တော်ထိန်း : ဟမ်
Tae : Taehyungက jiminကိုကြိုက်နေတာဟုတ်လားကိုကို...
Jk : omm ကိုjiminအိမ်သွားလိုက်အုံးမယ် သူ့အိမ်ကနေအလုပ်တစ်ခါတည်းတန်းသွားလိုက်တော့မယ်
Tae : ......
Jk : ဟိတ် ကိုပြောတာကြားရဲ့လား
Tae : aww omm ကြားပါတယ်
Jk : အရမ်းလည်းထူးဆန်းမနေပါနဲ့ အခုခေတ်မှာ boy to boy ကြိုက်တဲ့လူတွေအများကြီးရှိတယ်
Tae : Taeသိပါတယ် ရုတ်တရက်ဆိုတော့ နည်းနည်းကြောင်သွားတာပါ Taehyungအရင်တုန်းကမိန်းခလေးတွေပဲတွဲလာခဲ့တာလေ အခုမှယောကျာ်းလေးဖြစ်တဲ့jiminကိုကြိုက်တယ်ဆိုတော့ အံဩသွားလို့ပါ
Jk : 😁 ကိုသွားတော့မယ်နော်
Tae : ကားကိုသတိထားမောင်းနော်
Jk : omm
***************************
TBC 💓