Love can read your mind * Mea...
By moonminwon
48K 2.8K 67
Jeon Wonwoo : အေးစက်စက်ပုံစံနှင့်ဘာကိုမှဂရုမစိုက်တတ်သူတစ်ယောက် Kim Mingyu : အပြုံချိုချိုနဲ့အကုန်လုံးကိုဖမ်းစ... More
Ep1 :စတင်ခြင်း (စတငျခွငျး)
Ep2: လွဲချော်ခြင်း (လွဲချော်ခြင်း)
Ep 3 : ရှင်းပြရန်ခက်ခဲသော(ရှင်းပြရန်ခက်ခဲသော)
EP 4:ရင်ခုန်ခြင်း(ရင်ခုန်ခြင်း)
Ep5:ပျော်ရွှင်ခြင်း
Sorry
Ep6 : Best Friend
Ep 7 : ဂရုစိုက်ခြင်း
Ep:8 အတိတ်ဆီသို့
Ep 9: အမှောင်ကျခဲ့သောနေ့စွဲများ
Ep10 : စကားလုံးများ
Ep: 11 ဝေးကွာခြင်း
Ep 12: တားဆီးမရတဲ့ချစ်ခြင်း
Ep13: ဟန်ဆောင်အနမ်း
EP14:Far Away
Ep15: Sweet love
Bonus Chapter
EP 17:အချစ်သို့ကျဆုံး
EP 18: ဝမ်းနည်းမျက်ရည်
Ep 19 : လွင့်မြောခြင်း Part 1
ကြေငြာဝင်ပါရစေ
Ep 20 : လွင့်မြောခြင်း (part 2 )
EP21:မြောလွင့်နေဆဲ
ချစ်ခြင်းဖြင့်နွေးထွေးစေသော
** Not an Update**
Sorry
Heyyy!!!
Final
EP16 :Sweet Morning
1.3K 107 1
By moonminwon
(Thank you so much for your reading my bad skill writing. )
Sweet Morning !!
Kim Mingyu!!!!!
"အရမ်းချစ်တယ် Won "
"ချစ်တယ် Gyu "
"ချစ်တယ် Gyu "
"ထပ်ပြောပါဦး Won yah !"
"Won ! Morning kiss ပေးပါ "
"ဟင် "
"ဟာာာ အဲ့နားမဟုတ်ဘူး "
ရုတ်တရက် အခန်းတံခါးဖွင့်သံနဲ့အတူ Mrs.Kim ပေါ်လာလို့ နှစ်ယောက်လုံး ရှက်ကိုးရှက်ကန်းဖြစ်ပြီး အနမ်းတွေပြတ်တောက်သွားတယ် ။
*************************
Unicode
(Thank you so much for your reading my bad skill writing. )
Sweet Morning !!
Wonwoo အိပ်ရာကနိုးထလာချိန်မှာ အနည်းငယ်ထူးဆန်းတဲ့ခံစားမှုကြောင့် စိန်ထဲမှာ တစ်မျိုးဖြစ်နေတယ်။ ရုတ်တရက် သူသတိရမိတာက သူ Mingyu တို့အိမ်မှာပဲ ။ သူအိပ်ရာထမယ် ကြံရွယ်နေတုန်း သူ့ခါးကိုဖက်ထားတဲ့ လေးလံတဲ့လက်တစ်စုံကြောင့် ဘေးကိုကြည့်လိုက်တော့ မနက်ခင်းရဲ့ နေရောင်နဲ့အတူ လှပတဲ့ မျက်နှာလေးတစ်ခုကို တွေ့လိုက်ရတယ်။
Kim Mingyu!!!!!
မနေ့ညကအဖြစ်အပျက်တွေက Wonwoo ခေါင်းထဲမှာအစီအရီပေါ်လာပြီး အနည်းငယ်ရှက်နေမိတာကြောင့် Mingyu မနိုးခင် သူအိပ်ရာကအရင်ထဖို့ စဉ်းစားလိုက်တယ် ။ Wonwoo ဘယ်လိုမှ Mingyu ကိုမျက်နှာချင်းမဆိုင် ရဲသလို စကားလဲမပြောရဲ ။
သူထဖို့ ကြိုးစားလိုက်ပေမဲ့ အားအင်အပြည့်နဲ့ ဖက်ထားတဲ့ Mingyu ကို သူမဖယ်ရှားနိုင်သေးဘူး ။
"ဘယ်လိုလုပ်ရမလဲ သူမနိုးခင် အရင်ထပြီး မသိသလိုနေမှဖြစ်မယ် ။ "
Wonwoo စိတ်ထဲမှာတောင်တိုးတိုးလေးပဲပြောနေမိတယ် ။ အိပ်မောကျနေတဲ့ Mingyu လဲမနိုးအောင် နောက်တစ်ကြိမ် ကြိုးစား ရုန်းလိုက်မိတော့ Mingyu ကပိုပြီးတင်းတင်းကြပ်ကြပ် ဖက်ထားတာကိုခံစားလိုက်ရတယ်။
" Hyung , ဒီနေ့ကျောင်းမသွားရဘူးလေ အခုမှအစောကြီး ရှိသေးတာ ပြန်အိပ် "
ပြောလဲပြော Wonwooကို ဆွဲလှည့်ပြီးရင်ခွင်ထဲ မှာထည့် ဖက်ထားတဲ့ Mingyu ကြောင့် Wonwoo အကြပ်ရိုက်သွားတယ်။ ဘာပြောရမှန်းလဲ မသိတာမို့ သူ့မျက်နှာကို Mingyu ရင်ခွင်ထဲမှာပဲဖွက်ထားမိတယ် ။
"Hyung ! ဘာလို့ အတင်း မျက်နှာကို ဖွက်နေရတာလဲ ? Aigooo ရှက်နေတာပိုချစ်ဖို့ကောင်းလိုက်တာ "
ပြောလဲပြော သူ့မျက်နှာကို အသာအယာ မော့လိုက်တဲ့ Migyu နဲ့ မျက်လုံးခြင်းဆုံတော့ ကြင်ကြင်နာနာစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေက Wonwoo ရဲ့ ရင်ကိုပိုပြီူလှုပ်ခတ်စေခဲ့တယ် ။
"Mingyu yah! မနေ့ညက ဘာမှမဖြစ်ခဲ့ဘူးမလား "
မျက်နှာကြီး နီရဲပြီး မေးနေတဲ့ Wonwoo ကိုကြည့်ရင်း Mingyu အသည်းယားလာသလို စလဲစချင်တာကြောင့်
"ဘာမှမဖြစ်ဘူး ဟုတ်လား ??? Hyung တကယ်မမှတ်မိဘူးလား ??? မနေ့ညက တော်တော်ဆိုးတဲ့ ချစ်သူတစ်ယောက် ကို ကျွန်တော် ရခဲ့တာ "
"Mingyu yah ! မဟုတ်လောက်ပါဘူး "
"ဟာ ဘာလို့မဟုတ်ရမှာလဲ ။ မေမေတို့ကြားမှာတောင်ကြောက်ရတယ် ။ တကယ်ဆိုးတဲ့ Wonwoo Hyung ပါဗျာ "
"Mingyu yah ! မနောက်နဲ့နော် "
ရဲသထက်ရဲလာတဲ့ မျက်နှာလေးကိုကြည့်ရင်း Mingyu ရယ်လိုက်မိတယ်။
"Ahhh  Won yah! စတာပါ သာမန်ထက်ပိုတဲ့ဆက်ဆံရေးမဖြစ်သေးပါဘူးစိတ်ချ ကျွန်တော် University ရောက်မှ တောင်းဆိုမှာ hehehe! "
"Yahh ! Kim Mingyu တော်ပြီမပြောနဲ့တော့ "
စိတ်ဆိုးသွားတဲ့ Wonwoo ကို Mingyu ပိုချစ်ပိုအူယားလာတယ် ။ သူရယ်တာကိုရပ်လိုက်ပြီး ရင်ခွင်ထဲဆွဲသွင်းဖက်လိုက်တယ် ။
"အရမ်းချစ်တယ် Won "
Won ! Mingyu ဘယ်လို ခေါ်လိုက်တယ်။ Won တဲ့လား?? Wonwoo စိတ်ထဲမှာနွေးထွေးသွားပြီး ရင်ခုန်လာသလို သူ့ရင်ခုန်သံကိုညာမရတော့တာမို့
"ချစ်တယ် Gyu "
Gyu !!!!!!! ဘယ်လိုများခေါ်လိုက်တာလဲ ?? အရမ်းပျော်ပြီးအသည်းယားလွန်းလို့ နဖူးလေးကိုဖွဖွလေးနမ်း လိုက်မိတယ် ။
"Won တကယ် တကယ် ကျွန်တော့်ကိုချစ်တယ်ပေါ့နော် ? မမုန်းဘူးပေါ့နော် ? ပျော်လိုက်တာ ။ ထပ်ပြောပါ ကြားချင်လို့ "
"ချစ်တယ် Gyu "
"ထပ်ပြောပါဦး Won yah !"
" ချစ်တယ် ချစ်တယ် ချစ်တယ် Kim Mingyu ကိုအရမ်းချစ်တယ် "
"Yayyyy ! ချစ်လိုက်တာ ဒီစကားသံလေးမကြားရခင် ဘယ်လောက်ထိပူလောင်ခဲ့ရလဲသိလား ? "
"Gyu yah ! မဖြစ်သင့်ဘူးထင်လို့ Hyung ခံစားချက်တွေကို ဖုံးကွယ် ထားလိုက်တာပါ ။ Gyu တစ်ယောက်ထဲကိုပဲ အဲ့လို အချစ်မျိုးနဲ့ချစ်မိခဲ့တာ "
ချစ်ခြင်းရဲ့အငွေ့အသက်လေးတွေက ချစ်သူနှစ်ဦကြားမှာ ပြည့်နှက်နေပြီး စကားတွေဆက်မပြောပဲ ချစ်ရသူကိုရင်ခွင်ထဲမှာဖက်ထားရင်း Mingyuကြည်နူး နေမိတယ် ။
"Won ! Morning kiss ပေးပါ "
"ဟင် "
"Morning kiss လို့ဆိုနေ "
မပေးမချင်း ကလေးတစ်ယောက်လို ပူဆာနေတဲ့ Mingyu ကြောင့် Wonwoo ပြုံးမိရင်း နဖူးလေးကို နမ်းလိုက်တယ် ။
"ဟာာာ အဲ့နားမဟုတ်ဘူး "
တော်တော်ဆိုးတဲ့ ကလေး လို့စိတ်ထဲမှာပြောရင်းပါး ကို ဖွဖွလေးနမ်းလိုက်တယ် ။
"ဟာ အဲ့လိုလဲမဟုတ်သေးဘူး ဒီလို ဒီလို "
ပြောလဲပြော ရုတ်တရက် Wonwoo ရဲ့ နှုတ်ခမ်းပေါ်ကို ချိုမြိန်တဲ့အနမ်းတစ်ခု ကျရောက်လာတယ် ။
"Won မနက်ခင်းတိုင်း ဒီအနမ်းကိုပေးရမယ်။ အတူတူမရှိနေရင် ဖုန်းထဲကနေလအနမ်းပေးရမယ်။ အမြဲထာဝရပေးရမယ် ။ Kim Mingyu တစ်ယောက်ထဲပဲ Jeon Wonwoo ရဲ့အနမ်းကိုပိုင်ဆိုင်ရမယ်။ "
ချစ်ခြင်းတွေနဲ့စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကြောင့် Wonwoo မငြင်းဆန်နိုင်တော့ဘူး ။ သူ့ ရင်ထဲကလဲ ငြင်းဆန်ဖို့ အချက်မပြပဲ လက်ခံဖို့သာအချက်ပြနေတာကြောင့် Wonwoo နှုတ်ခမ်းက အနမ်းတစ်ခုက Mingyu နှုတ်ခမ်းပေါ်ကိုစတင်ကျရောက်လာတယ် ။ ချိုမြိန်လွန်းတဲ့ အနမ်းတွေကိုမရပ်တံ့ နိုင်ပဲ ဆက်လက်စီးဆင်းနေတယ်လ။
"Mingyu yah ! Wonwoo နိုး ပြီ ………………………"
ရုတ်တရက် အခန်းတံခါးဖွင့်သံနဲ့အတူ Mrs.Kim ပေါ်လာလို့ နှစ်ယောက်လုံး ရှက်ကိူးရှက်ကန်းဖြစ်ပြီး အနမ်းတွေပြတ်တောက်သွားတယ် ။
"ဟိုလေ နှောက်ယှက်မိတယ် မထင်နဲ့ သားရေ Wonwoo နိုးရင်မနက်စာ စားရအောင်အောက်ဆင်းခဲ့ "
သူတို့နှစ်ဦးကိုရယ်ကျဲကျဲ နဲ့စနေတဲ့ Mrs.Kimကြောင့်ပိုအနေရခက်ပြီး Wonwo ခေါင်းကိုငုံ့သာထားလိုက်တယ် ။
*************************
AU : နည်းနည်းတိုသွားလို့ Sorry ပါ ။
Continue Reading
You'll Also Like
1M 32.7K 78
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
281K 13.5K 92
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
44.6K 4K 36
Minwon နဲ့အတူစီးမျောကြည့်ရအောင်
41.2K 1.3K 10
Sometimes you love someone you want to keep them by your side all your life but what if someone wants the one you love and you see them happy. What w...