နှစ်ကိုယ်တူတိုင်းပြည်
By Natpankalay
536K 39.3K 2.1K
#Both with Zawgyi & Unicode အချစ်က နယ်နမိတ်တစ်ခုဆို ကိုယ်တို့ တည်ဆောက်မှာက နှစ်ကိုယ်တူ တိုင်းပြည်... #Own cre... More
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter -22
Chapter-23
Chapter-24
Chapter -26
Chapter-27
Chapter -28
Chapter-29
Chapter -30 Final
Extra-No Jealousy
Chapter-25
16.3K 1.3K 114
By Natpankalay
“ဘာလာလုပ်တာလဲ??”
မျက်နှာချင်းဆိုင်လှည့်လာသော Krist ၏ မျက်ဝန်းထဲက အေးစက်ခြင်းတစ်ချို့ကို မြင်တော့ Maya အမှန်အတိုင်းဆိုရလျှင် လန့်သွားရပါသည်။ထို အကြည့်..ထို မျက်နှာထားတို့သည် Singto ၏ ကိုယ်ပွားတို့ သက်ရောက်နေသည့်အလား.။
“ရှင်~~ မဟုတ်တာတွေ~--”
ဟင့်အင်း..
## hello##
“သူတို့ကဘယ်သူတွေလဲ.”
“ဘာလုပ်တာလဲ”
“အား!!!!”
“Mae~~”
“ကလေး သဘောပါ.။”
“မသွားနိုင်ဘူး.”
Aim ကပါဝင်ပြောလာသည်.။
“ကလေးရယ်~~”~
“Mae~”
# With Heart
Just a Dreamer.
Unicode
ဆေးရုံကုတင်ပေါ်မှာ ဖျော့တော့စွာဖြင့်သတိမလည်လာသေးသူကို ကြည့်ကာ Maya မျက်ရည်တို့ တဖြောက်ဖြောက်ကျသည်။ သူမ ဖြစ်စေချင်တာ ဒီလိုမဟုတ်ပါ..။ သူမ ဘယ်တုန်းကမှ Sing ကို ထိခိုက်စေချင်တာမဟုတ်.။ခုတော့ဖြင့် >>>
“ဘာလာလုပ်တာလဲ??”
တိုးဖွသော ခြေသံနှင့် အတူ ရောက်လာသူက Krist. ပင်ဖြစ်သည်။ လက်ထဲက ၀ယ်လာသည့် မုန့်တစ်ချိူ့ကို နံရံကပ်ဗီရိုထဲတွင် အရင်ထည့်လိုက်ပြီးမှ သူမ ဘက် မျက်နှာချင်းဆိုင်လာသည်။
“P’Sing ကို လာကြည့်တာလဲ.ရှင့်ကို ခွင့်တောင်းစရာလိုလို့လား.”
“အဟွန်း~~ မျက်ရည်တွေနဲ့ပါလား.။ Sing အတွက် စိတ်မကောင်းလို့လား .။ဒါမှ မဟုတ် ကျွန်တော် မသေသေးတာကို စိတ်မကောင်းလို့လား ??”
Maya ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်.။ Krist က ခနဲ့တဲ့တဲ့ပြုံးကာ လက်ကိုင်ပ၀ါအဖြူလေးဖြင့် Sing ၏ နဖူးစပ်နားလေးတွေကို အသာသုတ်ပေးနေသည်။
“ရှင် က ဘာကိုပြောချင်တာလဲ??”
“ပွဲတုန်းက အပြင်မှာ Sing စောင့်နေတယ်ဆိုပြီး ကျွန်တော့်ကို မြှားခေါ်ခဲ့တဲ့ စားပွဲထိုးကို Aim က မိထားပြီးပြီ.”
“အဲ့ဒါ တို့နဲ့ဘာဆိုင်လဲ.”
Krist က Sing ကို အာရုံစိုက်နေသည်မို့ သူမဘက် မျက်နှာချင်းမဆိုင်လာခြင်းက နည်းနည်းစိတ်သက်သာရာ ရာစေသည်။
“အဲ့တစ်ယောက်ကို မင်း ဘဏ်ကနေငွေလွှဲပေးတဲ့ကိစ္စက အစ သိပြီးသားပါ.။ငြင်းနေလည်း လေကုန်မှာမို့.။ခုထိ ဘာမှ ပြန်မလုပ်သေးတာ သည်းခံနေတယ်လို့တော့ မထင်လေနဲ့ Maya.”
မျက်နှာချင်းဆိုင်လှည့်လာသော Krist ၏ မျက်ဝန်းထဲက အေးစက်ခြင်းတစ်ချိူ့ကို မြင်တော့ Maya အမှန်အတိုင်းဆိုရလျှင် လန့်သွားရပါသည်။ထို အကြည့်..ထို မျက်နှာထားတိုိ့သည် Singto ၏ ကိုယ်ပွားတို့ သက်ရောက်နေသည့်အလား.။
“ရှင်~~ မဟုတ်တာတွေ~--”
“Sing သတိပြန်မရလာသေးလို့ ဘာကိုမှ အာ၇ုံမစိုက်ချင်ဘူး.။ဒါကြောင့် မင်းလွတ်လွတ်လပ်လပ်နေပါ။ ပြီးတော့ Nuyen ကို လုပ်ကြံခိုင်းတဲ့ လူတွေကိုလည်း ကျွန်တော်တို့ ခြေရာခံမိနေပြီ.မို့ အနှေးနဲ့အမြန် အဆုံးသတ်ရလိမ့်မယ်.။ မင်း ကိုတော့ Sing သတိရလာတဲ့အခါမှ Sing က ဆုံးဖြတ်ပေးလိမ့်မယ်။ ပြီးတော့ မကြိုးစားလေနဲ့ Maya . ကျွန်တော် Sing ကို ဘယ်တုန်းကမှ လက်လွှတ်ပေးဖို့ မစဉ်းစားခဲ့ဖူးဘူး.။”
Maya ခံပြင်းစိတ် ၊ ကြောက်လန့်စိတ်တို့ရောပြွန်းလျက် ခပ်ဟဟအသာရယ်လိုက်သည်။
ဟင့်အင်း..
Singto Prachaya က သူမ အပိုင်…
“ရှင့်ကိုကယ်လိုက်ရုံနဲ့ Sing က ချစ်နေတယ်လို့ စိတ်ကူးမယဉ်နဲ့ Krist.။ တို့က သူနဲ့ နှစ်တွေ အများကြီး သံယောဇဉ်တည်ဆောက်ထားတာ.။ ဖြစ်ချင်းဖြစ် သူက တို့အပေါ်ပဲ သံယောဇဉ်ရှိမှာ.”
သူမ၏ အပြောကို Krist က ပြုံးလျက်ကြည့်သည်။
“တစ်ဖက်သတ်သံယောဇဉ်တွေက ဖန်သားနန်းတော်ပဲ အမိ.။အချိန်မရွေးပြိုကျပျက်စီးမှာပဲ.။ အဟား~~~ ကိုယ့်ယောကျာ်းကို သူစိမ်းမိန်းမတွေနဲ့ ပြိုင်ပြောရတာနည်းနည်းတော့ အောက်တယ်.။ ရှက်တတ်ရင် လဲသေလို့ရပေမယ့် မရှက်တတ်တဲ့ သူတွေကြောင့် ကျွန်တော်က ရှက်လာမိတယ်။ကဲ--- ပြန်လို့ရပြီ.။ ခဏနေ Sing သတိရလာရင် မင်းကို မမြင်ချင်မှာစိုးတယ်။”
“တောက် !!!! ရှင် --မမောက်မာနဲ့”
“မတတ်နိုင်ဘူး. ကျွန်တော်က မွေးကတည်း ကအဲ့တိုင်းပဲ.~ ”
Krist ကိုယှဉ်ပြိုင်မပြောနိုင်ပါသော Maya သည် အခန်းထဲမှ ဒေါသတကြီးဖြင့် ပြန်ထွက်သွားသည်။ သူမ ပြန်ထွက်သွားသည်ကို စူးစူးစိုက်စိုက်ကြည့်နေသည့် သူ့  မျက်နှာထားက တည်နေသည်။
သူမ လုပ်ကြံစေခဲ့တာ သူကိုယ်တိုင်ဖြစ်ခဲ့ရင်တောင် ဒီလောက်တုန့်ပြန်စိတ်ဆိုးမိမည် မဟုတ်ပါ.။
အခု ထိခိုက်ခံစားရသူက Sing..
မည်မျှ မသက်ဆိုင်ပါဘဲနှင့် Krist အတွက်ကာကွယ်ပေးခဲ့တဲ့ သူ.။ ရက်အနည်းငယ်ရှိနေပေမယ့် ခုထိသတိမရလာသေးတဲ့သူ.။
ချစ်တယ်~~ ဆိုသည့် စကားပြန်ကြားယောင်တော့ ဘယ်ဘက်ရင်အုံက ခပ်နွေးနွေးခုန်သည်.။
ပန်းရင့်ရောင်နယ်မြေထဲသို့ Krist ၏ခြေလှမ်းတို့ စရုံမက ဘဲ ခြေကျွံနေခဲ့ပြီတောင် ထင်ပါသည်။
ထိုစဉ် အသံတိုးထားသည်မို့ ခပ်သဲ့သဲ့မြည်လာသောဖုန်းကို အမြန်ကိုင်လိုက်သည်။
## hello##
** Krist.~~~ ခု စံအိမ်ကိုချက်ချင်းလာခဲ့ပေးပါ.။ ဒေါ်လေး Plon ပြဿနာတက်နေပြီ မြန်မြန် Krist ***
အလောတကြီးဖုန်းချသွားသည့် Aim ကြောင့် Krist လည်း ဘာမှ မစဉ်းစားနေတော့ဘဲ အခန်းအပြင်ဘက်က ကိုယ်ရံတော် နှစ်ယောက်ကို သေချာစောင့်ကြည့်ဖို့မှာကြားကာ ချက်ချင်းထွက်လာခဲ့လိုက်သည်။
ခြံဝင်းထဲတိုက်ရိုက်ဝင်လာပြီးနောက် အိမ်အ၀င်ဝဆင်ဝင်အောက်တွင် မူမမှန်သည်က စတွေ့သည်။ Aim သည် တံခါးဝတွင် ရပ်နေကာ ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။ တံခါးဝတွင်တော့ မျက်နှာထားမာမာဖြင့် အစောင့်နှစ်ယောက်က စောင့်နေသည်.။ထိုသူတွေကို Krist တစ်ခါမှ မမြင်ဖူးပါ.။
“Krist~ သူတို့က အိမ်ထဲ ပေးမ၀င်ဘူး.။ ဒေါ်လေး Plon အထဲမှာ အသံတွေလည်းကြားရတယ်.။ဘာတွေဖြစ်နေပြီလဲမသိဘူး.”
“သူတို့ကဘယ်သူတွေလဲ.”
“လေးလေး Rom ရဲ့လူတွေ .။ဒီလူကြီး ဘာတွေကြံနေတာလဲ မသိဘူး ။ရုတ်တရက်ကြီး.။အ်ိမ်တော် ကိစ္စဆိုတော့ ကျွန်တော်လည်းဘာဖြစ်မှန်းမသိတာနဲ့ Krist ဆီဖုန်းဆက်လိုက်တာ.။အထဲဝင်ရအောင်ဗျာ..။”
Krist နှင့် အတူ ခပ်မြန်မြန်အထဲဝင်တော့ ထိုလူနှစ်ယောက် ကာဆီး၏။
“ဘာလုပ်တာလဲ”
“Boss က ပြောထားတယ်.။ မိသားစုကိစ္စရှိလို့ စံအိမ်က လူမဟုတ်ရင်ပေးမ၀င်နဲ့တဲ့”
“အေး~~ ငါက စံအိမ်ကလူပဲ.။ Singto Prachaya ရဲ့ယောကျာ်း.။ ၀င်လို့ရပြီလား ။”
ထိုနှစ်ယောက်သား အနည်းငယ် ဇဝေဇ၀ါဖြစ်သွားပုံရသည်။ သို့ပေမယ့် တစ်ယောက် မျက်နှာပြန်တင်းကာ -
“ခဏလေး.။ Boss ကိုအကြောင်းကြားရဦး--”
“ပါးစပ်ပိတ်ထားစမ်း။!!! စံအိမ်ရဲ့အရှင်သခင်က ဘယ်သူဆိုတာမသိလို့လား ။”
အခြေအနေက မင်္သကာစရာကောင်းသည့်အတွက် Plon အတွက်စိတ်ပူရသည့်ထဲ တားဆီးနေတော့ Krsit စိတ်မရှည်တော့.။ အနားက ပန်းခုံသဖွယ်စီထားသည့် ကျွန်းသား သစ်သားချောင်းတစ်ခုကို ခပ်မြန်မြန်ကောက်ယူလိုက်သည်။
“ဖယ်တော့.ငါသိပ်စကားမပြောချင်တော့ဘူး.။ မဟုတ်ရင် မင်းတို့ခေါင်းတွေ ကွဲအောင်လုပ်လိုက်မယ်.။မယုံမရှိနဲ့နော်.”
သစ်သားချောင်းကိုချိန်ရွယ်လျက် ခပ်စိမ်းစိမ်းအကြည့်တို့ဖြင့် krist ၏ အရှိန်အ၀ါတစ်မျိူးကြောင့် တွန့်ဆုတ်နေသလို ဖြစ်နေသည့် နှစ်ယောက်ကိုတွန်းထိုးကာ အိမ်ထဲ ၀င်လာခဲ့သည်။ Aim သည် ပါးစပ်အဟောင်းသားဖြင့် Krist ၏ မိုက်တိမိုက်ကန်းပုံစံကို ငေးနေပြီးမှ နောက်က ခပ်သွက်သွက်လိုက်ဝင်၏။
မြင်လိုက်ရသည့်မြင်ကွင်း က မသက်သာ.။ Plon သည်ကြမ်းပေါ် ထိုင်လျက်လဲကျနေပုံပေါ်လျက် Rom သည် အပေါ်စီးကနေ လက်လှမ်းရွယ်နေသည်။ Krist စိတ်ထဲ ဒေါသတို့ ထောင်းခနဲ ထွက်သွားကာကိုင်ထားသည့် သစ်သားချောင်းဖြင့် ထိုလက်ကို ပစ်ပေါက်ပစ်လိုက်သည်။
“အား!!!!”
Rom ၏ အသံနက်ကြီးနှင့်အတူ သူ့ဘေးနားက ကတော် Rom.. နှင့် Nick တို့ကပါ လားရာကိုကြည့်လိုက်တော့ အံ့သြသွားကြသည်။ Rom သည် တဆတ်ဆတ်တုန်ခါနာနေသော လက်ကိုတစ်ဖက်ကကိုင်လျက် Krist ကို မီးဝင်းဝင်းတောက် မျက်လုံးများဖြင့် ကြည့်သည်။
စံအိမ်က လူမဟုတ်ရင်ပေးမ၀င်နဲ့ဆိုသော စကားသည် Krist အတွက်အကျူံးဝင်မှန်း သူ သတိတစ်ချက်လွတ်သွားခဲ့သည်။ပြီးတော့ သူထင်သည်က krist သည် ဆေးရုံတွင် Singto အနား၌ ရှိနေမည် ဟုထင်ထားခဲ့တာ။
“Mae~~”
Krist နှင့် Aim သည် Plon ကို အပြေးသွားထူလိုက်ကြသည်။ Plon က မျက်ရည်လွှမ်းသော မျက်လုံးများဖြင့် ပြုံးပြလာသည်။
“ဒါ ငါတို့မိသားစုကိစ္စ Krist ။ ၀င်မပါပါနဲ့.”
“သခင်မကို ဒီလိုလက်လွတ်စပယ်လုပ်ထားပြီးမှ မိသားစု ကိစ္စတဲ့လား ??”
Rom နှင့် Krist သည်အကြည့်ချင်းစစ်ခင်းနေကြသည်။
“သူက Mae ဆီက ပိုင်ဆိုင်မှု လွှဲပြောင်းစာချူပ်ကို အတင်းတောင်းနေတာလေ.။ အိမ်မှာလည်းဖြစ် ဘယ်သူမှလည်းမလာနိုင်တော့ ဒင်းက စိတ်ကြိုက်လုပ်ချင်နေတာ.။ တကယ်ပဲ မြွေပွေးခါးပိုက် ပိုက်ထားမိတာ.”
“ခင်ဗျားတို့က ဒီလောက်ချမ်းသာနေတာ.။ဘာလို့ ကျူပ်တို့ကို အစွန်အဖျားလေးပဲ ပေးသလဲ.။ကျူပ်တို့ကိုပေးတဲ့ ပိုက်ဆံက ခင်ဗျားတို့ရဲ့ ၀င်ငွေတစ်စတောင်မရှိဘူးမလား.အားလုံးကို လက်ဝါးကြီးအုပ်ချင်နေတာလေ.။”
“စည်းလွတ်ဝါးလွတ်မပြောနဲ့ .။ငါတို့ပိုင်ဆိုင်သမျှက ကြိုးစားရလာတာတွေပဲ.ငါတို့အဖေက သေချာကြိုးစားခဲ့လို့လေ.။ မင်း အပြစ်တင်ချင်ရင် လောင်းကစားသိပ်မက်တဲ့ မင်းတိုိ့အဖေကိုပဲ အပြစ်တင်.။ ခုနေ အိမ်ပေါ်ခေါ်ပြီး တူတူတန်တန်ထားပေးထားတာတောင် လွန်လှပြီမလား.။ ကျေးစွပ်တဲ့လူမျိူးတွေ.!!!! ”
“ကျုပ်အဖေကိုဘာမှ ပြောစရာမလိုဘူး.!!!”
ရှေ့ကိုဒေါသတကြီးတိုးလာသော Rom ၏ ရှေ့တွင် Krist က Mae ကိုကာလျက်ပိတ်ရပ်လိုက်သည်။ထိပ်တိုက်ဖြစ်သည့်ပုံစံ အနေအထားမို့ Nick ကပါ အနားရောက်လာတော့ Aim က Nick ရှေ့က ဆီးတားထားသည်။
“Sing မရှိတဲ့ ဒီအချိန်ကို တော်တော်လေးစောင့်ခဲ့ရမှာပဲနော် Mr.Rom.”
မှန်သောစကားမို့ Rom ပြန်မပြော.။ ကြုံတောင့်ကြုံခဲ ဒီအခြေအနေကိုမှ သခင်မကလည်း တင်းခံနေသလို Krist  နှင့် Aim ကလည်းမည်သို့ရောက်လာမည်မှန်းမသိ.။ မဟုတ်လျှင် ခြံဝန်းကျယ်ကြီးထဲမှ ဤသုံးထပ်အိမ်တွင်ဖြစ်ပျက်နေသမျှကို မည်သူမှ လွယ်လွယ်မသိနိုင်ပါ.။  အသာတကြည်လက်မှတ်ထိုးမပေးဘူးလို့တော့ မှန်းထားပြီးသားပင်ဖြစ်သည်။ သို့သော် တိုက်အိမ်ကြီး၏ တစ်နေရာတွင် ၀ှက်ထားကာ Singto သတိရမလာခင် ဖြည်းဖြည်းချင်း ခြိမ်းခြောက်ဖို့ စီစဉ်ထားခဲ့သမျှသည် ခဲလေသမျှသဲရေကျရလေပြီ.။
“မင်း အသာဖယ်နေလိုက်ပါ.။ မဟုတ်လည်း Singto နဲ့မင်းက တကယ့်အိမ်ထောင်ဖက်တွေမှ မဟုတ်တာ..။ မသိချင်ယောင်ဆောင်နေလိုက်.။”
“သနားစရာပဲ ခင်ဗျားက..။ Sing မရှိတာနဲ့ ခင်ဗျားအားလုံးစိတ်ကြိုက်ကိုင်တွယ်လို့ရပြီထင်နေလား။ သူ မရှိပေမယ့်  ကျွန်တော်ရှိတယ်။ သူနဲ့ပတ်သက်သမျှ ကျွန်တော်နဲ့သက်ဆိုင်တာချည်းပဲ.။ ပြီးတော့တကယ် အိမ်ထောင်ဖက် မဟုတ်ဘူးလို့ ဘယ်သူပြောလဲ ?? အဟွန်း ~~တူတူနေမှ အိမ်ထောက်ဖက်အရာမြောက်တယ် ထင်နေတဲ့  ခင်ဗျားအတွက် ရှင်းပြလည်းနားလည်မှာ မဟုတ်ပါဘူးလေ.။”
ရှည်လျားသည့် စကားအဆုံးသတ်က Rom ကိုလှောင်ပြောင်သည့်စကားမို့ မျက်နှာနီရဲကာ ဒေါသထပိုးတိုးသွားသည်။ သို့သော် Kristက ဂရုမစိုက်ဘဲ Plon ဘက်အသာစောင်းငဲ့ကာ--
“ကျွန်တော် ဆုံးဖြတ်ခွင့်ရှိလား Mae ???”
“ကလေး သဘောပါ.။”
Krist ပြုံးလျက်  Rom တို့သားအမိသုံးယောက်လုံးကို ဝေ့ကြည့်လိုက်သည်။
“ထွက်သွား!!! ခင်ဗျားတို့အားလုံး စံအိမ်ကနေ အထုတ်ဆွဲပြီး ထွက်သွား!!! ခင်ဗျားတို့ထိပါးခဲ့တာ ကျွန်တော်တို့ရဲ့ သခင်မ.။ ဘယ်တော့မှ စံအိမ်ကိုခြေမချနဲ့.။”
“မင်း~~~ မင်း နဲ့ ဘာမှ မဆိုင်ဘူး.”
Nick ၏ တုန်လှုပ်စွာအော်ဟစ်သံက ထွက်ပေါ်လာသည်။ ကတော် Rom သည်လည်းခြောက်ခြားလျက် Rom ၏ လက်တစ်ဖက်ကို ကိုင်ဆုပ်သည်။
“မသွားနိုင်ဘူး.”
“သဘောပဲ.။ ကျွန်တော်က သစ်သားချောင်းနဲ့ပဲ လှမ်းပစ်တတ်တာ မဟုတ်ဘူး ။ မြှားလည်း ရင်ဝစိုက်အောင် ထိအောင်ပစ်တ်တယ်.။ မလုပ်ရဲတာ ဘာမှ မရှိဘူးး.”
Krist ဆိုသော သူသည် Sing ထက်စကားရေးကြွယ်လျက် ပိုပြီးမထီမဲ့မြင်နိုင်လွန်းသည်။
“မသွားဘူးဆိုရင်. ခုပဲ ကျွန်တော်တို့စခန်းမှူးကို ဖုန်းဆက်မှာပါ.။ ”
Aim ကပါဝင်ပြောလာသည်.။
ထို့နောက် အကြံကြီးရွယ်သူသည် တောက် တခတ်ခတ်ဖြင့် စံအိမ်ထဲမှ ထွက်ခွာသွားရသည်။
“ကလေးရယ်~~”~
“Mae~”
Singto ထိခိုက်တုန်းကတောင် မျက်ရည်အများကြီးမကျခဲ့သော Plon သည် krist ကိုဖက်လျက် ငိုကြွေးလေသည်။ သူ အသာပြန်လည်ဖက်တွယ်ထားပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် တောင်းပန်ပါတယ်--”
တစ်ချိန်လုံး လျစ်လျူရှုခဲ့သည့်  ကလေးငယ်သည် သူမတို့အတွက် မားမားမတ်မတ်ရပ်တည်ပေးခဲ့သည်။ ကာကွယ်ပေးခဲ့သည်.။ စောစော မသိခဲ့ရခြင်းအတွက် အားနာစိတ် ၀မ်းနည်းစိတ်တို့ဖြင့် ပြည့်နှက်နေမိလေ၏။
“မငိုပါနဲ့ Mae ရဲ့.။ ဘာမှမဖြစ်ပါဘူး.။ Sing လည်း သတိရလာတော့မှာ ကျွန်တော်ယုံတယ်.”
Aim သည်ဘေးနားတွင်ရပ်ကာ ပြုံးကြည့်နေသည်။ အစကတည်းက Singto လက်ထပ်မည်မှာ ယောကျာ်းလေး တစ်ယောက်လို့ သိရပြီး အံ့သြသွားမိပေမယ့် Krist ကိုမြင်လိုက်ချိန်ကတည်းက နတ်ဖက်သည့် စုံတွဲလို့ သူ တထစ်ချ ယုံကြည်ခဲ့တာ.။
Sing အဲ့အိမ်ကိုရောက်သွားတာက စပြီး ကံကြမ္မာ က ဖူးစာဖက်ကို ရေးခြယ်ပေးခဲ့သည်ထင်ပါရဲ့.။
# With Heart
Just a Dreamer.
( Sing သတိမရသေးဘူး သနားပါတယ်)
Continue Reading
You'll Also Like
90.9K 12.1K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
37.1K 5.5K 37
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
91.6K 4.3K 8
Yaoi fan fiction SeBaek(EXO's Sehun & EXO's Baekhyun) >> I'll tell you how much I love you...one day <<
109K 18.6K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...