Translator- Jinnie_Grace
Zawgyi Ver:
အခန္းက ေမွာင္မိုက္ေနတာမို႔ ဝင္လာသည့္သူ
မည္သူဆိုတာကို ရန္႐ွီနဥ္ ေသခ်ာမျမင္ရေပ။
သူမလန္႔သြားမိသည္။ သူခိုးမ်ားလား။
ဒါမွမဟုတ္ ဓားျပလား။ေၾကာက္စရာေကာင္းေသာ
အေတြးတို႔က သူမစိတ္အစဥ္ကို ဖံုးလႊမ္းလာသည္။
ခ်က္ခ်င္းပဲ ေခါင္းအံုးကိုယူလိုက္ကာ အခန္းထဲက်ဴးေက်ာ္
လာသူကို ပစ္ေပါက္ ပစ္လိုက္သည္။
သူမပစ္လိုက္သည့္ ေခါင္းအံုးက ထိုသူ၏ေခါင္းကို
အ႐ွိန္ျပင္းျပင္းျဖင့္ ထိမွန္သြားေသာေၾကာင့္ ထိုသူမွာ
ေျမျပင္ေပၚသို႔ ျပဳတ္က်သြားသည္။
သူမ ရန္အိမ္ေတာ္ကို ေရာက္႐ွိလာခဲ့စဥ္ကတည္းက
မင္းသမီးခန္းဟြာ ႏွင့္ ရန္႐ွိိီထ်င္း တို႔ႏွင့္အတူ
အဆင္ေျပေျပလိုက္ေလ်ာညီေထြေနႏိုင္မည္မဟုတ္မွန္း
သူမသိခဲ့သည္။ထို႔ေၾကာင့္ ထိုသားအမိႏွင့္
အေဝးဆံုးအခန္းကို တမင္တကာယူခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္ အခန္းမွာ အေပၚထပ္တြင္ တည္႐ွိေနသည္။
သူမ ျပဳတင္းေပါက္ဆီသို္႔ အျမန္ေျပးသြားလိုက္ကာ
ဝင္လာသည့္သူ ေသမ်ားသြားၿပီလားဟု သြားၾကည့္
လိုက္သည္။
အခန္း၏ ေအာက္ အျပင္ဘက္တြင္ ထိုက်ဴးေက်ာ္လာသူက
ရပ္ေနသည္။သို႔ေသာ္ ထြက္ေတာ့မသြားေသးေပ။
ထိုသူက တစ္စံုတစ္ရာကို ဗလံုးဗေထြးျဖင့္ ခပ္တိုးတိုး
ေရရြတ္လိုက္သည္။
"သခင္မေလး အဆင္ေျပရဲ႕လား?"
အခန္းတံခါး အျပင္ဘက္မွ အေစခံတစ္ေယာက္၏
ေမးျမန္းသံ ထြက္ေပၚလာသည္။
ေနာက္ဆံုးေတာ့ ရန္႐ွီနဥ္တစ္ေယာက္ ထိုက်ဴးေက်ာ္
သည့္သူ ဘာေျပာလဲဆိုတာကို ၾကားလိုက္ရသည္။
"ျခေသၤ့ေလး ငါပါကြ"
ရန္႐ွီနဥ္ ဘာလုပ္ရမွန္းမသိေတာ့ေပ။
ဘုရားသခင္! !
အဲ့ဒီလူရမ္းကားက သူမကို ေအးေအးေဆးေဆးကို
ေနခြင့္မေပးတာပါလား။
သူမ ပထမဆံုးေတြးမိသည္က "သူခိုးဝင္လာပါတယ္"
ဟု ေအာ္လိုက္မည္ေပါ့။ဒါဆိုလ်ွင္ ရန္အိမ္ေတာ္၏
အေစာင့္မ်ားေရာက္လာၾကကာ ထိုလူရမ္းကားကို
ဖမ္း၍ သူ၏အစစ္အမွန္ပံုစံကို ျမင္သြားၾကေပလိမ့္မည္။
သိပ္ကို ယဥ္ေက်းပါသည္၊သိပ္ကိုႏူးညံ့လွပါသည္ဆိုေသာ
ထိုလူရမ္းကားသည္ တကယ္တမ္းတြင္ေတာ့ မိန္းမပ်ိဳေလး
တစ္ဦး၏အခန္းကို ညလယ္တြင္ ခိုးဝင္ေသာ ဓားျပ
တစ္ေယာက္သာ ျဖစ္သြားေပလိမ့္မည္။
"ငါအဆင္ေျပတယ္"
ယန္႐ွီနဥ္က အျပင္ဘက္မွ အေစခံကို ေအာ္ေျပာလိုက္သည္။
"ငါေရေသာက္ေနတာ...မင္းျပန္အိပ္လို႔ရၿပီ"
သို႔ေသာ္ သူမေနာက္ထပ္ေတြးမိသည္က
လူရမ္းကားသည္ ဖမ္းမိခဲ့လ်ွင္ေတာင္
ျပႆနာႀကီးႀကီးမားမား႐ွိမည္မဟုတ္။
ေျခာက္ပစ္ကင္းသဲလဲစင္ လူႀကီးလူေကာင္းေယာင္
ေဆာင္ကာ အေျခအေနကို ႐ွင္းျပေပလိမ့္မည္။
"မနက္ျဖန္အတြက္ ငါအရမ္းစိတ္လႈပ္႐ွားေနလို္႔ပါ။
ၿပီးေတာ့ ငါ့ရဲ႕ျကင္ယာေတာ္ေလာင္းကိုလည္း အရမ္း
ေတြ႔ခ်င္ေနမိတယ္။သူမရဲ႕ အခန္းထဲကိုခိုးဝင္တယ္ဆိုတာ
မသင့္ေလ်ာ္တဲ့ အျပဳအမူမွန္း ငါနားလည္ပါတယ္။
ဒါေပမယ့္ သူမကိုအရမ္းသတ္ိရေနတဲ့ ငါ့စိတ္ကို
လံုးဝထိန္းခ်ဳပ္လို႔မရခဲ့ဘူး။အမတ္ခ်ဳပ္ႀကီးခ်ဳပ္ ရန္
ဒီတစ္ခါေတာ့ ငါ့ကို ခြင့္လႊတ္ေပးပါ။
သူမ ခန္းမွန္းသလိုသာ ျဖစ္ခဲ့မည္ဆိုလ်ွင္
လူရမ္းကား၏ ဂုဏ္သတင္းသည္ က်ဆင္းသြား
လိမ့္မည္မဟုတ္ပဲ သူ႔ၾကင္ယာေတာ္ေလာင္းေလးကို
သိပ္ခ်စ္တာ ဟူေသာ ဂုဏ္ပုဒ္တစ္ခုပင္ပို၍တိုးလာ
ေပလ္ိမ့္မည္။
သူ၏ ကလိမ္ကက်စ္ က်မႈမ်ားက္ုိ သူမေတြးမိလာေလေလ
သူ႔ကို ကုတ္ဖဲ့ပစ္ခ်င္ေလေလ။
သူအ ျပတင္းေပါက္အျပင္ကို အနည္းငယ္ထြက္
ၾကည့္မိေတာ့ သူမအခန္းဆီသိုိ႔ နံရံမွတစ္ဆင့္တက္ရန္
ႀကိဳးပမ္းေနျပန္ေသာ ေဖ့က်င္းကိုေတြ႔လိုက္ရသည္။
သူ႔ပံုစံမွာ မိန္းမပ်ိဳတစ္ေယာက္၏အခန္းကို
တက္ေလ့တက္ထ႐ွိေနသကဲ့သိူ႔ ေပါ့ပါးကြၽမ္းက်င္
ေနေလသည္။
ေဖ့က်င္း၏ ခႏၶာကိုယ္တစ္ဝက္မွာ ျပတင္းေပါက္
မွတစ္ဆင့္ အထဲကိုပင္ဝင္ေနေလၿပီ။သူမ
ျပတင္းေပါက္တစ္ဝက္ကို ခ်က္ခ်ငိးပိတ္လိုက္ကာ
သူ အခန္းထဲဝငိလာမွာကို တားဆီးလိုက္သည္။
"အကိုႀကီး ႐ွင္ကဒီေရာက္ေနတာကိုး"
ရန္႐ွီနဥ္ ေပ်ာ့ေပ်ာင္းစြာသာ ေမးလိုက္သည္။
ေဖ့က်င္း၏ လက္တစ္ဖက္က ျပတင္းေပါက္ကို
ဖြင့္ဖို႔ႀကိဳးစားေနကာ ေနာက္တစ္ဖက္က ရန္႐ွီနဥ္
၏ေခါင္းအံုးကို ကိုင္ထားေလသည္။
"မနက္ျဖန္က ငါတို႔ရဲ႕မဂၤလာပြဲေန႔ေလ"
ေဖ့က်င္းက အလြန္ခ်ိဳသာေသာအသံျဖင့္
ျပန္ေျပာသည္။
"ငါ့ႏွလံုးသားေလးက မင္းကိုလြမ္းေနတာ။
ငါအိပ္ယာေပၚမွာလူးလွိမ့္ၿပီး အိပ္ေပ်ာ္ေအာင္
ႀကိဴးစားေပမယ့္လည္း မရဘူး။မင္းကိုပဲ
ေတြ႔ခ်င္ေနတယ္။"
ရန္႐ွီနဥ္က ေဖ့က်င္းကို ၾကည့္လိုက္သည္။
"ဒါေပမယ့္ မင္းငါ့ကို ေခါင္းအံုးနဲ႔ေတာ့
မိတ္ဆက္မေပးသင့္ပါဘူး။"ေဖ့က်င္းက
ကန္႔ကြက္စကားဆိုသည္။
"ငါ့ႏွဖူးကိုၾကည့္ အခုေယာင္သြားၿပီ။
မနက္ျဖန္က် ငါဘယ္လိုလုပ္ရေတာ့မွာလဲ"
"႐ွင္လုပ္ပံုက ေကာက္ေပါက္ပစ္ခ်င္စရာႀကီးေလ"
"ယန္႐ွီနဥ္က ျပန္ေျပာလိုက္သည္။
"ဒါက သစ္သားေခါင္းအံုးျဖစ္ေနတာကို ႐ွင္ဝမ္းသာ
သင့္တာ။ေက်ာက္စိမ္းေခါင္းအံုးသာျဖစ္ၾကည့္
အဖုေသးေသးေလးနဲ႔ပဲ ၿပီးသြားမယ္ထင္ေနလား"
ေဖ့က်င္းက မ်က္ေမွာင္က်ံဳ႔သည္။
ရန္႐ွီနဥ္ကေတာ့ သူအခန္းထဲဝင္လာမည္ကိုတားဖို႔
ျပဳတင္းေပါက္ကို ကိုင္ထားဆဲ။
"မင္းသာငါ့ကိုဝင္ခြငိ့မေပးဘူးဆိုရင္ ငါထပ္ၿပီး
ေအာက္ကိုျပဳတ္က်ဦးမွာပဲ။အဲ့ဒါေၾကာင့္ ငါ့ခႏၶာကိုယ္
ေအာက္ပိုင္းက်ိုးပဲ့ပ်က္စီးသြားခဲ့႐င္ မင္းရဲ႕ေပ်ာ္ရႊင္ဖြယ္
အနာဂတ္ေလးလည္း ေပ်ာက္ကြယ္သြားလိမ့္မယ္။"
"႐ွင့္ဘာသာ႐ွင္က်က်ေပါ့။ကြၽန္မနဲ႔ဘာဆိုင္လဲ"
သူမ ေနာက္တံခါးတစ္ဖက္ကိုပါ ပိတ္ခ်င္ေနမိသည္။
ျပတင္းေပါက္ကို ကိုင္ထားေသာ ေဖ့က်င္း၏
လက္တို႔ေခ်ာ္ထြက္သြားသျဖင့္ ျပတင္းေပါက္ကို
လက္ႏွစ္ဖက္ျဖင့္ အျမန္ထိန္းလိုက္ရသည္။
ထို႔ေနာက္ ရန္႐ွီနဥ္၏ ရင္ဘတ္ကို ရည္ရြယ္ခ်က္႐ွိ႐ွိျဖင့္
ၾကည့္လိုက္သည္။
"မင္း အတြင္းခံဝတ္မထားဘူးပဲ"
ေဖ့က်င္းက မထိတထိ စသည္။
ရန္႐ွီနဥ္ သူမရင္ဘတ္ကိုသူမ ျပန္ငံု႔ၾကည့္မိသြားသည္။
သူမ၏ အတြင္းဝတ္ရံုမွာ ေလ်ာ့ရဲရဲျဖစ္ေနေသာေၾကာင့္
ရင္ဘတ္၏ တစ္ဝက္နီးပါးကို ျမင္ေနရသည္။
ရာသီဥတုက ပူစပ္စပ္ျဖစ္ေနေသာေၾကာင့္
အတြင္းဝတ္ရံုကို သူမ ေသခ်ာဝတ္မထားမိျခငး္သာ။
သူမ ခ်က္ခ်င္းပဲ အတြင္းဝတ္ရံုကို လက္ႏွစ္ဖက္ျဖင့္
ခ်က္ခ်င္း ဆြဲတင္လိုက္သည္။
ေဖ့က်င္းက သူမ၏ ဖ႐ိုဖရဲျဖစ္ေနေသာ အေျခအေနကို
အခြင့္ေကာင္းယူက ျပတင္းေပါက္ကို ေက်ာ္ခြ၍
အခန္းထဲသို႔ဝင္ကာ အိပ္ယာေပၚတက္လွဲလိုက္သည္။
"အကိုႀကီး...ဒါဘာလုပ္တာလဲ....အိပ္ယာေပၚကဆင္း"
ရန္႐ွီနဥ္ ေျပာလိုက္သည္။
သူမ အိပ္ယာေပၚသို႔တက္ကာ
ေဖ့က်င္းကို ထိုအေပၚမွ ဆြဲခ်ပစ္လိုက္ခ်င္သည္။
သိူ႔ေသာ္ သူက ရယ္ေမာ၍ ေဘးတစ္ဖက္သို္႔
လွိမ့္ပစ္လ္ုိုက္သည္။
"သခင္မေလး....အဆင္ေျပရဲ႕လား?"
ခုနက အေစခံမေလးကပဲ သူမကို
အခန္းတံခါးအျပင္မွေန၍ ေမးလိုက္သည္။
ရန္႐ွီနဥ္ သူမပါးစပ္ကို ပိတ္ထားမိသည္။
သို႔ေသာ္ ေဖ့က်င္းက အိပ္ယာေပၚမွ ထထိုင္ကာ
သူမကိုယ္ေလးကို အိပ္ယာေပၚသို႔ ဆြဲခ်လိုက္သည္။
သူက သူမကို ဖက္ထားလိုက္ကာ
တ႐ိႈက္မက္မက္ေငးၾကည့္လိုက္သည္။
"ငါ မင္းကို အသံထြက္ေအာင္ လုပ္လ္ိုက္လို႔
ရတယ္ေနာ္"
ေဖ့က်င္း၏ေလသံမွာ ႐ွတတျဖင့္ တိုးတိတ္ညင္သာ
ေနကာ ရန္႐ွီနဥ္၏ နားေလး နားသို႔ကပ္၍
ေလျဖင့္တစ္ခ်က္မႈတ္လိုက္သည္။
သူမ မ်က္ႏွာေလး ခရမ္းခ်ဥ္သီးကဲ့သို္႔ရဲမွည့္သြားသည္။
ကံေကာင္းသည္မွာ လကြယ္ညျဖစ္ေနျခင္းပင္။
မဟုတ္လ်ွင္ သူမ၏ မ်က္ႏွာခပ္ရဲရဲကို လူရမ္းကား
ျမင္သြားပါက ေသခ်ာေပါက္ စေနာက္ေပလိမ့္မည္။
႐ုတ္တရက္ႀကီး ေဖ့က်င္း၏ လက္ဝါးျပင္က်ယ္တို္႔က
သူမ၏ ပါးျပင္ကို လာေရာက္ထိကပ္လာသည္။
"မင္း ပါးေတြ ပူေနတယ္"
ေဖ့က်င္းက ခပ္တိုးတိုး ေျပာသည္။
"႐ွက္ေနတာလား?"
႐ွန္႐ွီနဥ္ လက္ကိုဆြဲ၍ ကိုက္ခ်ပစ္လိုက္သည္။
"အ!"
ရုတ္တရက္မို့ ေဖ့က်င္း ထေအာ္မိသြားသည္။
ရန္ရွီနဥ္ရဲ႕ ပါးစပ္က သူ႔လက္ကို လႊတ္မေပးေသးေပ
ထို႔ေၾကာင့္ သူ သူမရဲ႕ တင္ပါးကို ဖိညႇစ္လိုက္သည္။
သို႔ေသာ္ သူမ ခါးနားက လႈပ္ရွားေၾကာတစ္ခုကို
သူ မေတာ္တဆပိတ္မိလ်က္သားျဖစ္သြားခဲ့သည္။
သူ႔ရည္ရြယ္ခ်က္က တင္ပါးကို ညႇစ္လိုက္ရင္
သူ႔ရဲ႕လက္ကိုကိုက္ထားရာကေန လႊတ္ေပးလိမ့္မယ္ေပါ့။
ဒါေပမယ့္ သူေမ်ွာ္လင့္မထားမိသည့္အရာက
သူမရဲ႕တင္က သူေနာက္ဆံုးေတြ႔လိုက္တဲ့အခ်ိန္ကထက္
အေတာ္ေလးႀကီးလာတာပဲ။
(Grace:ေသာက္က်ိဳးနည္း ႏွာဘူးေကာင္ရဲ႕😂)
အေစခံေလးမွာ သူမသခင္မ၏ တံု႔ျပန္မႈကို
မၾကားရေသာေၾကာင့္ တစ္ခုခုမ်ားျဖစ္ေနၿပီလားဟု
စိုးရိမ္သြားေသာေၾကာင့္ တံခါးကို အလ်ွင္အျမန္
တြန္းဖြင့္လိုက္သည္။
ေဖ့က်င္းအလ်င္အျမန္ အိပ္ယာ၏ ကန္႔လန္႔ကာကို
ဆြဲခ်လိုက္သည္။
အခန္းမွာေမွာင္မိုက္ေနေသာေၾကာင့္
ကန္႔လန္႔ကာေနာက္ကြယ္တြင္ ဘာ႐ွိေနမွန္း
သဲသဲကြဲကြဲ မျမင္ရေပ။
"သခင္မေလး အဆင္ေျပရဲ႕လား။
သမင္မေလးအခန္းက ထူးထူးဆန္းဆန္း အသံေတြ
ထြက္ေနလို႔ပါ။"
႐ွန္႐ွီနဥ္ ႐ုတ္တရက္လန္႔သြားသည္ကို
ျပန္ထိန္းလိုက္ကာ သူမေဘးတြင္ပုန္းေနေသာ
ေဖ့က်င္းကို တစ္ခ်က္ၾကည့္လိုက္သည္
"ဘာမွ မဟုတ္ပါဘူး။ငါျခင္ကို ႐ိုက္လိုက္တာ
ဟင္းဟင္း"
ရန္႐ွီနဥ္က ေဖ့က်င္း၏ လက္ေမာင္းကို
ျခင္ကို႐ိုက္သည္ႏွင့္တူေအာင္
ျဖန္းခနဲတစ္ခ်က္႐ိုက္ျပလိုက္သည္။
အေစခံေလးမွာ သူမသခင္မ အဆင္ေျပေၾကာင္း
သိရသျဖင့္ သက္သာရာ ရသြားကာ အခန္းထဲမွ
ထြက္၍ တံခါးကိုျပန္ပိတ္ထားခဲ့ေပးလိုက္သည္။
"မိခါနီးေလးပဲ.."ေဖ့က်င္းဆီမွ အသံထြက္လာေလသည္။
"ငါ့ကို မင္းအိပ္ယာထဲမွာ မိေတာ့မလို႔"
ရန္႐ွီနဥ္က ခပ္ျမဴးျမဴးေလး ရယ္လိုက္သည္။
"အကိုႀကီးက ဘယ္လိုေၾကာက္ရမလဲဆိုတာကို
သိေသးတာပဲ"
"ဒါေပါ့..."ေဖ့က်င္းက ေနာက္လိုက္သည္။
"သူမသာ ငါ့ကို မင္းအိပ္ယာထဲမွာေတြ႔သြားခဲ့ရင္
မနက္ျဖန္က် မဟုတ္ကဟုတ္က သတင္းေတြကုိ
ၿမိဳ႕ထဲမွာ ျဖန္႔လိုက္လိမ့္မယ္။ အပ်ိဳႀကီး နဥ္က
အထီးက်န္ေနတဲ့အတြက္ ေယာက်ာ္းတစ္ေယာက္ကို
ညလယ္ေခါင္ႀကီး သူ႔အိပ္ယာထဲ ဆြဲသြင္းထားပါတယ္ဆိုၿပီး"
"အကိုႀကီး....မသြားေသးဘူးလား"
ရန္႐ွီနဥ္က အံႀကိတ္သံျဖင့္ ေမးလိုက္သည္။
"သြားရေတာ့မွာလား" ေဖ့က်င္းက
ျပန္ေမးလိုက္သည္။
"ဟုတ္တာေပါ့။ ငါသြားသင့္တာေပါ့"
သူက ဖိနပ္ကို ဆင္းခြၽတ္၍ အိပ္ယာေပၚသို္႔
ျပန္တက္၍လွဲလိုက္သည္။
"သြားမွာေလ...မနက္ေရာက္ရင္"
ရန္႐ွီနဥ္ အိပ္ယာေပၚသို႔ မေက်မနပ္ျဖင့္
ထိုင္လိုက္သည္။ေဖ့က်င္းတစ္ေယာက္ကေတာ့ မ်က္လံုးမ်ားကို
မွိတ္ထားကာ သက္ေတာင့္သက္သာပင္ အိပ္ေနေလသည္။
သူမ သူ႔ကို အခန္းထဲမွ ႏွင္ထုတ္လည္း အသံုးဝင္မွာ
မဟုတ္ဘူးဆိုတာ သိသည္။ထို႔အျပင္ ဒီည ဒီမွာပင္
အိပ္မည္ဟု အက်ပ္က ကိုင္ေသးသည္။
ေနာက္ဆံုးေတာ့ သူမလက္ေလ်ာ့လိုက္ကာ
သူႏွင့္ေဝးႏိုင္သမ်ွေဝးေဝးသို႔ တိုး၍သာ အိပ္လိုက္ေတာ့သည္။
ထိုအခ်ိန္တြင္ ေဖ့က်င္းဆီမွ စကားသံထြက္လာသည္။
"မင္းဘာလို႔ ထြက္မေျပးတာလဲ။ငါက မင္းထြက္ေျပးလား
မေျပးလား သိရေအာင္ ဒီေလာက္ေနာက္က်မွ
မင္းဆီကို လာခဲ့တာ။"
ရန္႐ွီနဥ္သူ႔ကို မယံုသကၤာျဖင့္ၾကည့္လိုက္သည္။
သူအမွန္ေတြေျပာေနသလားဆိုတာ သူမ ေသခ်ာမသိ။
သူေျပာသမ်ွ ဆယ္ေၾကာင္းတြင္ ကိုးေၾကာင္းက
အလိမ္အညာေတြခ်ည္းသာ။
"ကြၽန္မကို အမွတ္ရေပးလို႔ နဝမမင္းသားကို
ေက်းဇူးတင္ပါတယ္။"
ရန္႐ွီနဥ္ျပန္ေျပာလိုက္သည္။
"ၾကည့္ရတာ ငါ႐ုန္းမထြက္ႏိုင္ေတာ့ဘူးနဲ႔တူတယ္"
ေဖ့က်င္းက ေျပာရင္းဆိုရင္း သူ၏ အေပၚဝတ္ရံုကို
ခြၽတ္ခ်လိုက္သည္။
"ၿပီးေတာ့ မနက္ျဖန္ညကစၿပီး ငါတို္႔က အတူတူအိပ္ရ
ေတာ့မွာေလ။အဲ့ဒီေတာ့ ေနာက္ညေတြမွာ
က်င့္သားရေအာင္ ဒီညက အေတြ႔အၾကံဳေကာင္းေလး
ျဖစ္မွာပါ။"
(ေဖ့က်င္းတို႔ အခြက္စေျပာင္ပါၿပီ😒)
"ရန္႐ွီိနဥ္ သီးသြားသလိုပင္ ခံစားလိုက္ရသည္။
ေစာင္ကို သူမတစ္ကိုယ္လံုးျမဳပ္ေအာင္
ခပ္လန္႔လန္႔ျဖင့္ ဆြဲျခံဳလိုက္သည္။
သူမ ခႏၶာကိုယ္ကို ဖံုးလိုက္သည္ကို
ေဖ့က်င္းေသခ်ာျမင္လိုက္ရသည္။
"ျခေသၤ့မေလးက စိတ္လႈပ္႐ွားေနတယ္နဲ႔တူတယ္။"
သူျပံဳးလိုက္မိသည္။ ဒီျခေသၤ့ေလးကို စရတာ
ေပ်ာ္ဖို႔ေကာင္းမွာပဲ။
"ျခေသၤ့ေလး ငါ့ကိုလက္ထပ္ဖို႔ စိတ္ကူး႐ွိလား"
ေဖ့က်င္းက ေမးလိုက္သည္။
ရန္႐ွီနဥ္ သူမမ်က္လံုးေတြကို ဖြင့္လိုက္သည္။
သူ႔ေလသံမွာ ေနာက္ေျပာင္လိုဟန္ပါေနေသာ္လည္း
သူ႔မ်က္ဝန္းေတြကေတာ့ ေလးနက္တည္ၾကည္ေနေသာေၾကာင့္
သူမ ပင္ သူ႔မ်က္ဝန္းေတြကို မၾကည့္ဝံ့။
"ကြၽန္မက ဘယ္လိုလုပ္ ၿငင္းလို႔ရမွာလဲ"
ရန္႐ွီနဥ္ေမးလိုက္သည္။သူႏွင့္ ရန္ဖက္မျဖစ္ခ်င္ေသာေၾကာင့္
ေလသံကို ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းသာ ထားကာ
ျပံဳး၍ ဆက္ေျပာလိုက္သည္။
"နဝမ မင္းသားကို လက္ဆက္ရတာဟာ သံုးဘဝစာ
ေကာင္းခ်ီးအေပးခံရမႈပါပဲ"
ေဖ့က်င္းမ်က္ေမွာင္က်ံဳ႕လိုက္သည္။
"မင္းတကယ္ အဲ့လိုခံစားရတာလား?"
"ဒါေပါ့။နဝမ မင္းသားက ထူးခြၽန္ၿပီး ခံ့ညားေခ်ာေမာတဲ့
သူပဲေလ။ၿပီးေတာ့႐ွင့္ကိုလက္ဆက္ခ်င္တဲ့ မိန္းကေလးေတြ
ဘယ္ေလာက္ေတာင္မ်ားလိုက္သလဲ။ကြၽန္မက လွသာလွတာ
အရည္အခ်င္းကမ႐ွိဘူးေလ။ဒါေၾကာင့္ ႐ွင့္ကို
လက္ဆက္ခြင့္ရတဲ့ ကြၽန္မကံၾကမၼာကို ေသခ်ာေပါက္
ေက်းဇူးတင္ရမွာေပါ့"
ရန္႐ွီနဥ္၏ စကားလံုးမ်ားမွာ သိမ္ေမြ႔ကာ
တျခားသူမ်ားအဖို႔ ယံုၾကည္ခ်င္စရာေကာင္းေသာ္လည္း
တကယ္တမ္းတြင္ေတာ့ ေဖ့က်င္းကို ရြဲ႔ေျပာေနျခင္းသာ
ျဖစ္သည္။
ေဖ့က်င္းက ရယ္ေမာလိုက္ကာ
"မင္းက လိမ္ေျပာတဲ့ေနရာမွာ ေတာ္လိုက္တာ"
"ဒါေတြအားလံုး နဝမမင္းသား သင္ေပးခဲ့တာေတြ
ခ်ည္းပါပဲ"
ရန္႐ွီနဥ္လည္း ေျပာ၍ ရယ္လိုက္သည္။
"မင္းတကယ္ပဲ ငါ့ကို လက္ထပ္ခ်င္တာလား။
ေဖ့က်င္းက ေျပာလိုက္သည္။
"ငါကေတာ့ မင္းကိုလက္ထပ္ဖို႔ ဖိအားအေပးခံ
လိုက္ရတာ"
"႐ွင္ ဘာကိုဆိုလိုခ်င္တာလဲ"
ရန္႐ွီနဥ္ ေမးလိုက္သည္။
သူမကို လက္ထပ္ဖို႔ ေဖ့က်င္းတစ္ေယာက္ဖိအား
အေပးခံရလိမ့္မည္ဟု ေမ်ွာ္လင့္္ထားမိေပ။
ေဖ့က်င္းက ရန္႐ွီနဥ္ကိုၾကည့္လိုက္ကာ
ျပံဳးေနသည္ကို ရပ္တန္႔လိုက္သည္။
ထို႔ေနာက္ သက္ျပင္းကိုခ်ကာ သနားစဖြယ္
ေလသံျဖင့္ေျပာလိုက္သည္။
"အိမ္ေ႐ွ႕စံက မင္းရဲ႕ ညီမကိုလက္ဆက္ခ်င္ေနတာ။
ဒါေပမယ့္ မင္းက သူတို္႔အတြက္ အတားအဆီးႀကီး
ျဖစ္ေနတယ္ေလ။အဲ့ဒီေတာ့ ငါ့ကို အနစ္နာခံခိုင္းၾကတယ္။
မင္း တစ္စံုတစ္ေယာက္နဲ႔ လက္ဆက္ရတာက
ငါနဲ႔ပတ္သတ္မႈ႐ွိလာမွာမဟုတ္ဘူးလို႔ပဲ ငါကေတြးထားတာ။
ဒါေပမယ့္ ငါ ေတာင္ပိုင္းကေန ၿမိဳ႕ေတာ္ကို ျပန္ေရာက္တဲ့
အခ်ိန္ မွားသြားတယ္။ငါ ဒီလိုျဖစ္မွာေၾကာက္လို႔
နန္းေတာ္ထဲက အရပ္ေလးမ်က္ႏွာကိုသြားၿပီး
ငါေတာင္းပန္ခဲ့ပါေသးတယ္။တကယ္တမ္းက်ေတာ့
ငါ့အေၾကာက္တရားေတြ တကယ္ျဖစ္လာၿပီး
ေနာက္ဆံုးေတာ့ ငါပဲအနစ္နာခံလိုက္ရတာပါပဲ။
(အေတာ္ေလး နစ္နာသြားပါတယ္ အကိုေရး)
ေဖ့က်င္းက ရန္႐ွီနဥ္၏မ်က္ႏွာကို ေလးေလးနက္နက္
ၾကည့္လိုက္သည္။ထို႔ေနာက္
"မင္းစဥ္းစားၾကည့္ေလ။မင္းက အမတ္ခ်ဳပ္ႀကီးရဲ႕
သမီးျဖစ္ၿပီးေတာ့ မငး္ရဲ႕ညီမကလည္း အနာဂတ္မွာ
အိမ္ေ႐ွ႕စံနဲ႔ လက္ထပ္ရေတာ့မွာ။အဲ့ဒီေတာ့ မင္း
လက္ထပ္မယ့္ တစ္စံုတစ္ေယာက္က အဆင့္အတန္း
ျမင့္ျမင့္ ထဲကပဲ ျဖစ္သင့္တယ္။ ငါ ၿမိဳ႕ေတာ္ကိုျပန္မလာခင္
တုန္းက မင္းနဲ႔သင့္ေတာ္တဲ့သူမ႐ွိခဲ့ေတာ့ မင္းထက္
အဆင့္အတန္းနိမ့္တဲ့သူေတြကိုပဲ မင္းေရြးခ်ယ္လို႔ရမွာ။
ဒါေပမယ့္ အခုငါျပန္လာၿပီဆိုေတာ့ အေျခအေနက
အရင္ကနဲ႔မတူေတာ့ဘူးေလ။လူတိုင္းရဲ႕ မ်က္လံုးေတြက
ငါ့ကိုပဲ ၾကည့္ေနတယ္ဆိုတာ မင္းျမင္တယ္မလား?
ဒီေတာ္ဝင္မ်ိဳးႏြယ္ထဲမွာေတာ့ ငါက အဆင့္ခပ္နိမ့္နိမ့္
မင္းသားတစ္ပါး။မင္းကလည္း အမတ္ခ်ဳပ္ရဲ႕သမီးဆို
ေပမယ့္ ရန္အိမ္ေတာ္ထဲမွာေတာ့ အဆင့္နိမ့္တဲ့ထဲပါတယ္။
ဒီေတာ့ငါတို႔ႏွစ္ေယာက္က ေကာင္းကင္က စံုဖက္ေပးတဲ့
စံုတြဲေတြပဲ။"
ေဖ့က်င္းက ခဏရပ္ကာ သက္ျပင္းကိုခ်သည္။
"ငါမင္းကို လက္ထပ္ဖို္႔ ဖိအားအေပးခံရတာ"
ရန္႐ွီနဥ္ ေဖ့က်င္းကို ေသခ်ာၾကည့္လိုက္သည္။
သူ႔စကားမ်ားအားလံုး ႐ွင္းလင္းစြာ နားထဲဝင္
လာေသာ္လည္း ထိုစကားလံုးမ်ားႏွလံုးသားထဲ
ဝင္လာသည့္အခါတြင္ေတာ့ သူမႏွလံုးသားနာက်င္
သြားသလိုခံစားရသည္။သူမဘယ္သူ႔ကိုလက္ထပ္ရမလဲ
ဆိုတာကို သူမဂ႐ုမစိုက္သလို သူမ၏ခင္ပြန္းေလာင္းကလည္း
သူမကိုလက္ထပ္ခ်င္သည့္ဆႏၵ႐ွိလိမ့္မည္မဟုတ္ဟူ၍
ေတြးမထားမိတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္သည္။
သို႔ေသာ္ သူမ ေမ်ွာ္လင့္မထားမိသည္က သူမအေ႐ွ႕တြင္
ထိုင္ေနသည့္သူ ေျပာသည့္စကားမ်ားပင္ျဖစ္သည္။
"နဝမမင္းသားအတြက္ အေတာ္ခက္ခဲခဲ့မွာပဲ"
ရန္႐ွီနဥ္ေျပာလိုက္သည္။
ထို႔ေနာက္ ေဖ့က်င္းကို ေက်ာေပးလိုက္ကာ
မ်က္လံုးတို္႔ကိုမွိတ္၍ အရာအားလံုးကို လ်စ္လ်ဳ႐ႈထား
လိုက္ေတာ့သည္။
ေဖ့က်င္း အနည္းငယ္စိတ္႐ႈပ္သြားသည္။
သူထင္ထားသည္က ရန္႐ွီနဥ္ေဒါသထြက္ကာ
သူ႔ကို႐ိုက္မည္ေပါ့။သူ၏ က်ိဳးေၾကာင္းဆီေလ်ာ္ေသာ
စကားမ်ားက သူမကိုစိတ္ဆိုးသြားေစလိမ့္မည္ဟု သူ
ေတြးထားခဲ့သည္။ သို႔ေသာ္ သူမ ယခုကဲ့သို႔
ၿငိမ္ေနသည္ကို ျမင္ရေသာအခါတြင္မေတာ့
သူ႔ႏွလံုးသားနာက်င္လာသလိုပင္။
ထို႔ေၾကာင့္ သူအျမန္ပဲ သူမကိုျပန္ေခ်ာ့ရေတာ့သည္။
ဟိုအရင္တုန္းကလို သူမ သူ႔ကို အလြယ္တကူခြင့္လႊတ္ႏိုင္ပါေစ
ေမ်ွာ္လင့္ရင္းနဲ႔ေပါ့။
"ငါက မင္းကို စေနတာပါကြာ"
ေဖ့က်င္း ခ်က္ခ်င္းပဲ ဝန္ခံလိုက္သည္။
"ဒီစကားေတြက တကယ္ေတာ့ အမွန္ေတြမဟုတ္ပါဘူး။
မင္းရဲ႕ညီမနဲ႔ အိမ္ေ႐ွ႕စံရဲ႕ သတင္းကိုၾကားလိုက္တုန္းက
မင္း ေသခ်ာေပါက္တစ္စံုတစ္ေယာက္နဲ႔လက္ဆက္ရေတာ့မယ္
ဆိုတာ ငါသိလိုက္တယ္။အဲ့ဒါေၾကာင့္လည္း ေတာင္ပိုင္းကေန
ၿမိဳ႕ေတာ္ကို ငါအျမန္ျပန္လာခဲ့တာေပါ့။
က်င္း ေတာင္ပိုင္းကို ထားပစ္ခဲ့ဖို႔ဆိုတာ ငါ့အတြက္
ဘယ္ေလာက္ခက္ခဲရလဲဆိုတာ မင္းသိရဲ႕လား။
ေတာင္ပိုင္းသားေတြအတြက္က ငါ့ကိုသြားခြင့္ျပဳလိုက္
ရတာထက္စာရင္ သူတို႔ေသသြားတာက ပိုေကာင္းမယ္လို္႔ကို
ခံယူထားၾကတာ။ငါ အခု မင္းအတြက္နဲ႔ ညလယ္ေခါင္ႀကီး
မွာလည္း နံရံကိုတြယ္တက္ခဲ့ရတယ္။
မင္းကိုေတြ႔ဖို႔ ျမင္းကိုလည္း အျပင္းႏွင္လာခဲ့တယ္။
ငါ့ရဲ႕ျခေသၤ့ေလးကို တစ္ျခားတစ္ေယာက္နဲ႔
လက္ထပ္ဖို႔ ဘယ္လုိလုပ္ခြင့္ျပဳႏိုင္မွာလဲ။
မင္း ဒီလိုအရြယ္ေရာက္လာဖို႔ ငါဘယ္ေလာက္အထိ
ေစာင့္ခဲ့ရတယ္ဆိုတာ ေကာင္းကင္ သိပါတယ္ကြာ။
(Grace: ဂေရ႕တို႔ ဘာသာျပန္ရင္း အသံေပါင္းစံု
ထြက္ေနပါၿပီ😭 ခ်ဳပ္တတ္လိုက္တာဟယ္😭)
ရန္႐ွီနဥ္ ေခါင္းကိုလွည့္လိုက္ၿပီး အံႀကိတ္သံျဖင့္
ေျပာလိုက္သည္။
"အကိုႀကီး...ကြၽန္မလက္ခ်က္နဲ႔ အသက္မထြက္ခ်င္ရင္
အဲ့ဒီေပါက္ကရစကားေတြကို ေတာ္လိုက္ေတာ့"
ရန္႐ွီနဥ္ ထိုတူညီေသာ အလိမ္အညာစကားမ်ားကို
အခါေပါင္းေျမာက္မ်ားစြာ ၾကားခဲ့ဖူးသည္။
သူမတို႔ ဟိုအရင္ ေတြ႔ခဲ့စဥ္တုန္းကလဲ ထိုသို႔ေသာ
စကားခ်ိဳခ်္ိုေလးမ်ားျဖင့္ သူမကိုက်ီစယ္ခဲ့သည္။
ပထမဆံုးအႀကိမ္တုန္းကလို သူေျပာသမ်ွအလိမ္အညာေတြကို
သူမ အလြယ္တကူယံုလိမ့္မည္ဟု သူ ေတြးထားပါက
ယုန္႐ူးမင္းသားတစ္ေယာက္သာ ျဖစ္သြားေပလိမ့္မည္။
ေဖ့က်င္းက သူ႔ေမးေစ့ကိုသူပြတ္လိုက္သည္။
"ဒီစကားေတြက ငါမင္းကို အရင္တုန္းကေျပာဖူးတယ္ထင္တယ္။
ေနာက္တစ္ခါက်ရင္ အျခားစကားလံုးအသစ္ေတြ
စဥ္းစားဖို႔ လိုလာၿပီပဲ။"
"အေခါင္းထဲဝင္ၿပီး သြားသာေသလိုက္"
ရန္႐ွိီနဥ္ျပန္ေျပာလိုက္သည္။
ရန္႐ွီနဥ္ သူမေဒါသေတြကို ထိန္းမထားႏိုင္ေတာ့ပဲ
ေပါက္ကြဲလာေသာေၾကာင့္ ေဖ့က်င္း၏ ေျခေထာက္႐ွိရာသို႔
ကန္ပစ္လိုက္သည္။
ေဖ့က်င္းက ရန္႐ွီနဥ္ကန္သည္ကို အျမန္ေ႐ွာင္လိုက္ၿပီး
သူမကိုယ္ေလးကို သူ႔ရင္ခြင္ထဲသို႔ ဆြဲသြင္းလိုက္သည္။
"ဒီပံုစံေလးကမွ မင္းနဲ႔တူတာ။ ေနာက္က်လို႔႐ွိရင္
အမွန္အတိုင္းပဲ မင္းကိုေျပာပါ့မယ္လို႔ ငါကတိေပးရင္
မင္းယံုေပးမွာလား?"
ရန္႐ွီနဥ္က ေဖ့က်င္းကို သံသယမ်က္ဝန္းမ်ားျဖင့္
ၾကည့္လိုက္သည္။
ေဖ့က်င္း၏ အၾကည့္မ်ားက ရန္႐ွီနဥ္၏ ရင္ဘတ္ေပၚသို႔
ပ်ံဝဲလာသည္။
"အရင္တုန္းက မင္းရင္ဘတ္ကိုငါကိုင္ၾကည့္ခဲ့သလိုမ်ိဳးပဲ။
မင္းငယ္ငယ္တုန္းကနဲ႔ ယွဥ္ရင္ သိပ္ၿပီးႀကီးမလာဘူးပဲ။"
(Grace: ဟဲ့😑😑 ဘယ္လိုေတြေတာင္လား😂)
ရန္႐ွီနဥ္ စိတ္ထဲမွေန၍ ထိုလူရမ္းကားကို ဆဲေရးလိုက္သည္။
တစ္ေယာက္ေယာက္ အဲ့လူကို သတ္သြားၾကစမ္းပါ။
...
စာလံုးေရ-6855
ေနာက္က်သြားလို႔ အႏူးအၫြတ္ေတာင္းပန္ပါတယ္😁
------------------------
Unicode Ver:
အခန်းက မှောင်မိုက်နေတာမို့ ဝင်လာသည့်သူ မည်သူဆိုတာကို ရန်ရှီးနဉ် သေချာမမြင်ရပေ။
သူမလန့်သွားမိသည်။ သူခိုးများလား။
ဒါမှမဟုတ် ဓားပြလား။ကြောက်စရာကောင်းသောအတွေးတို့က သူမစိတ်အစဉ်ကို ဖုံးလွှမ်းလာသည်။ ချက်ချင်းပဲ ခေါင်းအုံးကိုယူလိုက်ကာ အခန်းထဲကျူးကျော်လာသူကို ပစ်ပေါက် ပစ်လိုက်သည်။
သူမပစ်လိုက်သည့် ခေါင်းအုံးက ထိုသူ၏ခေါင်းကို အရှိန်ပြင်းပြင်းဖြင့် ထိမှန်သွားသောကြောင့် ထိုသူမှာ
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူမ ရန်အိမ်တော်ကို ရောက်ရှိလာခဲ့စဉ်ကတည်းက မင်းသမီးခန်းဟွာ နှင့် ရန်ရှီးထင်တို့နှင့်အတူ အဆင်ပြေပြေ လိုက်လျောညီထွေနေနိုင်မည်မဟုတ်မှန်း သူမသိခဲ့သည်။ထို့ကြောင့် ထိုသားအမိနှင့် အဝေးဆုံးအခန်းကို တမင်တကာယူခဲ့ခြင်းဖြစ်သည်။
သို့သော် အခန်းမှာ အပေါ်ထပ်တွင် တည်ရှိနေသည်။ သူမ ပြုတင်းပေါက်ဆီသို့ အမြန်ပြေးသွားလိုက်ကာ
ဝင်လာသည့်သူ သေများသွားပြီလားဟု သွားကြည့်လိုက်သည်။
အခန်း၏ အောက် အပြင်ဘက်တွင် ထိုကျူးကျော်လာသူက ရပ်နေသည်။သို့သော် ထွက်တော့မသွားသေးပေ။
ထိုသူက တစ်စုံတစ်ရာကို ဗလုံးဗထွေးဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"သခင်မလေး အဆင်ပြေရဲ့လား"
အခန်းတံခါး အပြင်ဘက်မှ အစေခံတစ်ယောက်၏ မေးမြန်းသံ ထွက်ပေါ်လာသည်။
နောက်ဆုံးတော့ ရန်ရှီးနဉ်တစ်ယောက် ထိုကျူးကျော်သည့်သူ ဘာပြောလဲဆိုတာကို ကြားလိုက်ရသည်။
"ခြင်္သေ့လေး ငါပါကွ"
ရန်ရှီးနဉ် ဘာလုပ်ရမှန်းမသိတော့ပေ။ ဘုရားသခင်! ! အဲ့ဒီလူရမ်းကားက သူမကို အေးအေးဆေးဆေးကို
နေခွင့်မပေးတာပါလား။
သူမ ပထမဆုံးတွေးမိသည်က "သူခိုးဝင်လာပါတယ်" ဟု အော်လိုက်မည်ပေါ့။ ဒါဆိုလျှင် ရန်အိမ်တော်၏
အစောင့်များရောက်လာကြကာ ထိုလူရမ်းကားကို ဖမ်း၍ သူ၏အစစ်အမှန်ပုံစံကို မြင်သွားကြပေလိမ့်မည်။ သိပ်ကိုယဉ်ကျေးပါသည်၊ သိပ်ကိုနူးညံ့လှပါသည်ဆိုသော ထိုလူရမ်းကားသည် တကယ်တမ်းတွင်တော့ မိန်းမပျိုလေးတစ်ဦး၏အခန်းကို ညလယ်တွင် ခိုးဝင်သော ဓားပြတစ်ယောက်သာ ဖြစ်သွားပေလိမ့်မည်။
"ငါအဆင်ပြေတယ်"
ရန်ရှီးနဉ်က အပြင်ဘက်မှ အစေခံကို အော်ပြောလိုက်သည်။
"ငါရေသောက်နေတာ...မင်းပြန်အိပ်လို့ရပြီ"
သို့သော် သူမနောက်ထပ်တွေးမိသည်က လူရမ်းကားသည် ဖမ်းမိခဲ့လျှင်တောင် ပြဿနာကြီးကြီးမားမားရှိမည်မဟုတ်။ ခြောက်ပစ်ကင်းသဲလဲစင် လူကြီးလူကောင်းယောင်
ဆောင်ကာ အခြေအနေကို ရှင်းပြပေလိမ့်မည်။
"မနက်ဖြန်အတွက် ငါအရမ်းစိတ်လှုပ်ရှားနေလို့ပါ၊ ပြီးတော့ ငါ့ရဲ့ကြင်ယာတော်လောင်းကိုလည်း အရမ်း
တွေ့ချင်နေမိတယ်၊ သူမရဲ့ အခန်းထဲကိုခိုးဝင်တယ်ဆိုတာ မသင့်လျော်တဲ့ အပြုအမူမှန်း ငါနားလည်ပါတယ်၊ ဒါပေမယ့် သူမကိုအရမ်းသတိရနေတဲ့ ငါ့စိတ်ကို လုံးဝထိန်းချုပ်လို့မရခဲ့ဘူး၊ အမတ်ချုပ်ကြီးရန် ဒီတစ်ခါတော့ ငါ့ကို ခွင့်လွှတ်ပေးပါ"
သူမ ခန်းမှန်းသလိုသာ ဖြစ်ခဲ့မည်ဆိုလျှင် လူရမ်းကား၏ ဂုဏ်သတင်းသည် ကျဆင်းသွားလိမ့်မည်မဟုတ်ဘဲ သူ့ကြင်ယာတော်လောင်းလေးကို
သိပ်ချစ်တာ ဟူသော ဂုဏ်ပုဒ်တစ်ခုပင်ပို၍တိုးလာပေလိမ့်မည်။ သူ၏ ကလိမ်ကကျစ်ကျမှုများကို သူမတွေးမိလာလေလေ သူ့ကို ကုတ်ဖဲ့ပစ်ချင်လေလေ။
သူမ ပြတင်းပေါက်အပြင်ကို အနည်းငယ်ထွက်ကြည့်မိတော့ သူမအခန်းဆီသို့ နံရံမှတစ်ဆင့်တက်ရန်
ကြိုးပမ်းနေပြန်သော ဖေ့ကျင်းကိုတွေ့လိုက်ရသည်။ သူ့ပုံစံမှာ မိန်းမပျိုတစ်ယောက်၏အခန်းကို
တက်လေ့တက်ထရှိနေသကဲ့သိူ့ ပေါ့ပါးကျွမ်းကျင်နေလေသည်။
ဖေ့ကျင်း၏ ခန္ဓာကိုယ်တစ်ဝက်မှာ ပြတင်းပေါက်မှတစ်ဆင့် အထဲကိုပင်ဝင်နေလေပြီ။ သူမ ပြတင်းပေါက်တစ်ဝက်ကို ချက်ချင်းပိတ်လိုက်ကာ
သူ အခန်းထဲဝင်လာမှာကို တားဆီးလိုက်သည်။
"အကိုကြီး ရှင်ကဒီရောက်နေတာကိုး"
ရန်ရှီးနဉ် ပျော့ပျောင်းစွာသာ မေးလိုက်သည်။
ဖေ့ကျင်း၏ လက်တစ်ဖက်က ပြတင်းပေါက်ကို ဖွင့်ဖို့ကြိုးစားနေကာ နောက်တစ်ဖက်က ရန်ရှီးနဉ်
၏ခေါင်းအုံးကို ကိုင်ထားလေသည်။
"မနက်ဖြန်က ငါတို့ရဲ့မင်္ဂလာပွဲနေ့လေ"
ဖေ့ကျင်းက အလွန်ချိုသာသောအသံဖြင့် ပြန်ပြောသည်။
"ငါ့နှလုံးသားလေးက မင်းကိုလွမ်းနေတာ၊ ငါအိပ်ယာပေါ်မှာလူးလှိမ့်ပြီး အိပ်ပျော်အောင် ကြိုးစားပေမယ့်လည်း မရဘူး၊ မင်းကိုပဲ တွေ့ချင်နေတယ်"
ရန်ရှီးနဉ်က ဖေ့ကျင်းကို ကြည့်လိုက်သည်။
"ဒါပေမယ့် မင်း ငါ့ကို ခေါင်းအုံးနဲ့တော့ မိတ်ဆက်မပေးသင့်ပါဘူး။"
ဖေ့ကျင်းက ကန့်ကွက်စကားဆိုသည်။
"ငါ့နဖူးကိုကြည့် အခုယောင်သွားပြီ၊ မနက်ဖြန်ကျ ငါဘယ်လိုလုပ်ရတော့မှာလဲ"
"ရှင်လုပ်ပုံက ကောက်ပေါက်ပစ်ချင်စရာကြီးလေ"
ရန်ရှီးနဉ်က ပြန်ပြောလိုက်သည်။
"ဒါက သစ်သားခေါင်းအုံးဖြစ်နေတာကို ရှင်ဝမ်းသာသင့်တာ၊ ကျောက်စိမ်းခေါင်းအုံးသာဖြစ်ကြည့် အဖုသေးသေးလေးနဲ့ပဲ ပြီးသွားမယ်ထင်နေလား"
ဖေ့ကျင်းက မျက်မှောင်ကျုံ့သည်။
ရန်ရှီးနဉ်ကတော့ သူအခန်းထဲဝင်လာမည်ကိုတားဖို့ ပြတင်းပေါက်ကို ကိုင်ထားဆဲ။
"မင်းသာ ငါ့ကို ဝင်ခွင့်မပေးဘူးဆိုရင် ငါထပ်ပြီး အောက်ကိုပြုတ်ကျဦးမှာပဲ၊ အဲ့ဒါကြောင့် ငါ့ခန္ဓာကိုယ် အောက်ပိုင်းကျိုးပဲ့ပျက်စီးသွားခဲ့ရင် မင်းရဲ့ပျော်ရွှင်ဖွယ်အနာဂတ်လေးလည်း ပျောက်ကွယ်သွားလိမ့်မယ်"
"ရှင့်ဘာသာရှင်ကျကျပေါ့၊ ကျွန်မနဲ့ဘာဆိုင်လဲ"
သူမ နောက်တံခါးတစ်ဖက်ကိုပါ ပိတ်ချင်နေမိသည်။
ပြတင်းပေါက်ကို ကိုင်ထားသော ဖေ့ကျင်း၏လက်တို့ ချော်ထွက်သွားသဖြင့် ပြတင်းပေါက်ကို လက်နှစ်ဖက်ဖြင့် အမြန်ထိန်းလိုက်ရသည်။
ထို့နောက် ရန်ရှီးနဉ်၏ ရင်ဘတ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ကြည့်လိုက်သည်။
"မင်း အတွင်းခံဝတ်မထားဘူးပဲ"
ဖေ့ကျင်းက မထိတထိ စသည်။
ရန်ရှီးနဉ် သူမရင်ဘတ်ကိုသူမ ပြန်ငုံ့ကြည့်မိသွားသည်။ သူမ၏ အတွင်းဝတ်ရုံမှာ လျော့ရဲရဲဖြစ်နေသောကြောင့် ရင်ဘတ်၏ တစ်ဝက်နီးပါးကို မြင်နေရသည်။ ရာသီဥတုက ပူစပ်စပ်ဖြစ်နေသောကြောင့်
အတွင်းဝတ်ရုံကို သူမ သေချာဝတ်မထားမိခြင်းသာ။
သူမ ချက်ချင်းပဲ အတွင်းဝတ်ရုံကို လက်နှစ်ဖက်ဖြင့် ချက်ချင်း ဆွဲတင်လိုက်သည်။
ဖေ့ကျင်းက သူမ၏ ဖရိုဖရဲဖြစ်နေသော အခြေအနေကို အခွင့်ကောင်းယူက ပြတင်းပေါက်ကို ကျော်ခွ၍ အခန်းထဲသို့ဝင်ကာ အိပ်ရာပေါ်တက်လှဲလိုက်သည်။
"အကိုကြီး...ဒါဘာလုပ်တာလဲ....အိပ်ရာပေါ်ကဆင်း" ရန်ရှီးနဉ် ပြောလိုက်သည်။
သူမ အိပ်ယာပေါ်သို့တက်ကာ
ဖေ့ကျင်းကို ထိုအပေါ်မှ ဆွဲချပစ်လိုက်ချင်သည်။ သို့သော် သူက ရယ်မော၍ ဘေးတစ်ဖက်သို့ လှိမ့်ပစ်လိုက်သည်။
"သခင်မလေး....အဆင်ပြေရဲ့လား"
ခုနက အစေခံမလေးကပဲ သူမကို
အခန်းတံခါးအပြင်မှနေ၍ မေးလိုက်သည်။
ရန်ရှီးနဉ် သူမပါးစပ်ကို ပိတ်ထားမိသည်။ သို့သော် ဖေ့ကျင်းက အိပ်ရာပေါ်မှ ထထိုင်ကာ သူမကိုယ်လေးကို အိပ်ယာပေါ်သို့ ဆွဲချလိုက်သည်။
သူက သူမကို ဖက်ထားလိုက်ကာ
တရှိုက်မက်မက်ငေးကြည့်လိုက်သည်။
"ငါ မင်းကို အသံထွက်အောင် လုပ်လိုက်လို့ရတယ်နော်"
ဖေ့ကျင်း၏လေသံမှာ ရှတတဖြင့် တိုးတိတ်ညင်သာနေကာ ရန်ရှီးနဉ်၏ နားလေး နားသို့ကပ်၍ လေဖြင့်တစ်ချက်မှုတ်လိုက်သည်။
သူမ မျက်နှာလေး ခရမ်းချဉ်သီးကဲ့သို့်ရဲမှည့်သွားသည်။ ကံကောင်းသည်မှာ လကွယ်ညဖြစ်နေခြင်းပင်။ မဟုတ်လျှင် သူမ၏ မျက်နှာခပ်ရဲရဲကို လူရမ်းကား မြင်သွားပါက သေချာပေါက် စနောက်ပေလိမ့်မည်။
ရုတ်တရက်ကြီး ဖေ့ကျင်း၏ လက်ဝါးပြင်ကျယ်တို့က သူမ၏ ပါးပြင်ကို လာရောက်ထိကပ်လာသည်။
"မင်း ပါးတွေ ပူနေတယ်"
ဖေ့ကျင်းက ခပ်တိုးတိုး ပြောသည်။
"ရှက်နေတာလား?"
ရှန်ရှီးနဉ် လက်ကိုဆွဲ၍ ကိုက်ချပစ်လိုက်သည်။
"အ!"
ရုတ်တရက်မို့ ဖေ့ကျင်း ထအော်မိသွားသည်။
ရန်ရှီးနဉ်ရဲ့ ပါးစပ်က သူ့လက်ကို လွှတ်မပေးသေးပေ။ ထို့ကြောင့် သူ သူမရဲ့ တင်ပါးကို ဖိညှစ်လိုက်သည်။
သို့သော် သူမ ခါးနားက လှုပ်ရှားကြောတစ်ခုကို သူ မတော်တဆပိတ်မိလျက်သားဖြစ်သွားခဲ့သည်။ သူ့ရည်ရွယ်ချက်က တင်ပါးကို ညှစ်လိုက်ရင် သူ့ရဲ့လက်ကိုကိုက်ထားရာကနေ လွှတ်ပေးလိမ့်မယ်ပေါ့။ ဒါပေမယ့် သူမျှော်လင့်မထားမိသည့်အရာက သူမရဲ့တင်က သူနောက်ဆုံးတွေ့လိုက်တဲ့အချိန်ကထက် အတော်လေးကြီးလာတာပဲ။
(Grace:သောက်ကျိုးနည်း နှာဘူးကောင်ရဲ့😂)
အစေခံလေးမှာ သူမသခင်မ၏ တုံ့ပြန်မှုကို မကြားရသောကြောင့် တစ်ခုခုများဖြစ်နေပြီလားဟု
စိုးရိမ်သွားသောကြောင့် တံခါးကို အလျှင်အမြန်တွန်းဖွင့်လိုက်သည်။
ဖေ့ကျင်းအလျင်အမြန် အိပ်ယာ၏ ကန့်လန့်ကာကို ဆွဲချလိုက်သည်။
အခန်းမှာမှောင်မိုက်နေသောကြောင့်
ကန့်လန့်ကာနောက်ကွယ်တွင် ဘာရှိနေမှန်း သဲသဲကွဲကွဲ မမြင်ရပေ။
"သခင်မလေး အဆင်ပြေရဲ့လား၊ သခင်မလေးအခန်းက ထူးထူးဆန်းဆန်း အသံတွေထွက်နေလို့ပါ"
ရှန်ရှီးနဉ် ရုတ်တရက်လန့်သွားသည်ကိုပြန်ထိန်းလိုက်ကာ သူမဘေးတွင်ပုန်းနေသော ဖေ့ကျင်းကို တစ်ချက်ကြည့်လိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ ငါခြင်ကို ရိုက်လိုက်တာ ဟင်းဟင်း"
ရန်ရှီးနဉ်က ဖေ့ကျင်း၏ လက်မောင်းကို ခြင်ကိုရိုက်သည်နှင့်တူအောင်
ဖြန်းခနဲတစ်ချက်ရိုက်ပြလိုက်သည်။
အစေခံလေးမှာ သူမသခင်မ အဆင်ပြေကြောင်း သိရသဖြင့် သက်သာရာ ရသွားကာ အခန်းထဲမှ
ထွက်၍ တံခါးကိုပြန်ပိတ်ထားခဲ့ပေးလိုက်သည်။
"မိခါနီးလေးပဲ.."ဖေ့ကျင်းဆီမှ အသံထွက်လာလေသည်။
"ငါ့ကို မင်းအိပ်ရာထဲမှာ မိတော့မလို့"
ရန်ရှီးနဉ်က ခပ်မြူးမြူးလေး ရယ်လိုက်သည်။
"အကိုကြီးက ဘယ်လိုကြောက်ရမလဲဆိုတာကို သိသေးတာပဲ"
"ဒါပေါ့..."ဖေ့ကျင်းက နောက်လိုက်သည်။
"သူမသာ ငါ့ကို မင်းအိပ်ရာထဲမှာတွေ့သွားခဲ့ရင် မနက်ဖြန်ကျ မဟုတ်ကဟုတ်က သတင်းတွေကို
မြို့ထဲမှာ ဖြန့်လိုက်လိမ့်မယ်၊ အပျိုကြီးနဉ်က အထီးကျန်နေတဲ့အတွက် ယောကျာ်းတစ်ယောက်ကို
ညလယ်ခေါင်ကြီး သူ့အိပ်ရာထဲ ဆွဲသွင်းထားပါတယ်ဆိုပြီး"
"အကိုကြီး....မသွားသေးဘူးလား"
ရန်ရှီနဉ်က အံကြိတ်သံဖြင့် မေးလိုက်သည်။
"သွားရတော့မှာလား" ဖေ့ကျင်းက
ပြန်မေးလိုက်သည်။
"ဟုတ်တာပေါ့။ ငါသွားသင့်တာပေါ့"
သူက ဖိနပ်ကို ဆင်းချွတ်၍ အိပ်ရာပေါ်သို့ ပြန်တက်၍လှဲလိုက်သည်။
"သွားမှာလေ...မနက်ရောက်ရင်"
ရန်ရှီးနဉ် အိပ်ယာပေါ်သို့ မကျေမနပ်ဖြင့် ထိုင်လိုက်သည်။ဖေ့ကျင်းတစ်ယောက်ကတော့ မျက်လုံးများကို
မှိတ်ထားကာ သက်တောင့်သက်သာပင် အိပ်နေလေသည်။
သူမ သူ့ကို အခန်းထဲမှ နှင်ထုတ်လည်း အသုံးဝင်မှာ မဟုတ်ဘူးဆိုတာ သိသည်။ထို့အပြင် ဒီည ဒီမှာပင်
အိပ်မည်ဟု အကျပ်က ကိုင်သေးသည်။ နောက်ဆုံးတော့ သူမလက်လျော့လိုက်ကာ သူနှင့်ဝေးနိုင်သမျှဝေးဝေးသို့ တိုး၍သာ အိပ်လိုက်တော့သည်။
ထိုအချိန်တွင် ဖေ့ကျင်းဆီမှ စကားသံထွက်လာသည်။
"မင်းဘာလို့ ထွက်မပြေးတာလဲ။ငါက မင်းထွက်ပြေးလား မပြေးလား သိရအောင် ဒီလောက်နောက်ကျမှ
မင်းဆီကို လာခဲ့တာ"
ရန်ရှီးနဉ်သူ့ကို မယုံသင်္ကာဖြင့်ကြည့်လိုက်သည်။ သူအမှန်တွေပြောနေသလားဆိုတာ သူမ သေချာမသိ။
သူပြောသမျှ ဆယ်ကြောင်းတွင် ကိုးကြောင်းက အလိမ်အညာတွေချည်းသာ။
"ကျွန်မကို အမှတ်ရပေးလို့ နဝမမင်းသားကို ကျေးဇူးတင်ပါတယ်။"
ရန်ရှီနဉ်ပြန်ပြောလိုက်သည်။
"ကြည့်ရတာ ငါရုန်းမထွက်နိုင်တော့ဘူးနဲ့တူတယ်"
ဖေ့ကျင်းက ပြောရင်းဆိုရင်း သူ၏ အပေါ်ဝတ်ရုံကို ချွတ်ချလိုက်သည်။
"ပြီးတော့ မနက်ဖြန်ညကစပြီး ငါတို့်က အတူတူအိပ်ရတော့မှာလေ၊ အဲ့ဒီတော့ နောက်ညတွေမှာ ကျင့်သားရအောင် ဒီညက အတွေ့အကြုံကောင်းလေးဖြစ်မှာပါ"
(ဖေ့ကျင်းတို့ အခွက်စပြောင်ပါပြီ😒)
ရန်ရှီးနဉ် သီးသွားသလိုပင် ခံစားလိုက်ရသည်။ စောင်ကို သူမတစ်ကိုယ်လုံးမြုပ်အောင် ခပ်လန့်လန့်ဖြင့် ဆွဲခြုံလိုက်သည်။
သူမ ခန္ဓာကိုယ်ကို ဖုံးလိုက်သည်ကို
ဖေ့ကျင်းသေချာမြင်လိုက်ရသည်။
"ခြင်္သေ့လေးက စိတ်လှုပ်ရှားနေတယ်နဲ့တူတယ်"
သူပြုံးလိုက်မိသည်။ ဒီခြင်္သေ့လေးကို စရတာ ပျော်ဖို့ကောင်းမှာပဲ။
"ခြင်္သေ့လေး ငါ့ကိုလက်ထပ်ဖို့ စိတ်ကူးရှိလား"
ဖေ့ကျင်းက မေးလိုက်သည်။
ရန်ရှီးနဉ် သူမမျက်လုံးတွေကို ဖွင့်လိုက်သည်။ သူ့လေသံမှာ နောက်ပြောင်လိုဟန်ပါနေသော်လည်း
သူ့မျက်ဝန်းတွေကတော့ လေးနက်တည်ကြည်နေသောကြောင့် သူမပင် သူ့မျက်ဝန်းတွေကို မကြည့်ဝံ့။
"ကျွန်မက ဘယ်လိုလုပ် ငြင်းလို့ရမှာလဲ"
ရန်ရှီးနဉ် မေးလိုက်သည်။သူနှင့် ရန်ဖက်မဖြစ်ချင်သောကြောင့်
လေသံကို ပျော့ပျော့ပြောင်းပြောင်းသာ ထားကာ ပြုံး၍ ဆက်ပြောလိုက်သည်။
"နဝမ မင်းသားကို လက်ဆက်ရတာဟာ သုံးဘဝစာ ကောင်းချီးအပေးခံရမှုပါပဲ"
ဖေ့ကျင်းမျက်မှောင်ကျုံ့လိုက်သည်။
"မင်းတကယ် အဲ့လိုခံစားရတာလား?"
"ဒါပေါ့။နဝမ မင်းသားက ထူးချွန်ပြီး ခံ့ညားချောမောတဲ့သူပဲလေ၊ ပြီးတော့ရှင့်ကိုလက်ဆက်ချင်တဲ့ မိန်းကလေးတွေ ဘယ်လောက်တောင်များလိုက်သလဲ၊ ကျွန်မက လှသာလှတာ
အရည်အချင်းကမရှိဘူးလေ၊ ဒါကြောင့် ရှင့်ကို လက်ဆက်ခွင့်ရတဲ့ ကျွန်မကံကြမ္မာကို သေချာပေါက်
ကျေးဇူးတင်ရမှာပေါ့"
ရန်ရှီးနဉ်၏ စကားလုံးများမှာ သိမ်မွေ့ကာ တခြားသူများအဖို့ ယုံကြည်ချင်စရာကောင်းသော်လည်း
တကယ်တမ်းတွင်တော့ ဖေ့ကျင်းကို ရွဲ့ပြောနေခြင်းသာ ဖြစ်သည်။
ဖေ့ကျင်းက ရယ်မောလိုက်ကာ
"မင်းက လိမ်ပြောတဲ့နေရာမှာ တော်လိုက်တာ"
"ဒါတွေအားလုံး နဝမမင်းသား သင်ပေးခဲ့တာတွေချည်းပါပဲ"
ရန်ရှီးနဉ်လည်း ပြော၍ ရယ်လိုက်သည်။
"မင်းတကယ်ပဲ ငါ့ကို လက်ထပ်ချင်တာလား" ဖေ့ကျင်းက ပြောလိုက်သည်။
"ငါကတော့ မင်းကိုလက်ထပ်ဖို့ ဖိအားအပေးခံလိုက်ရတာ"
"ရှင် ဘာကိုဆိုလိုချင်တာလဲ"
ရန်ရှီးနဉ် မေးလိုက်သည်။ သူမကို လက်ထပ်ဖို့ ဖေ့ကျင်းတစ်ယောက်ဖိအားအပေးခံရလိမ့်မည်ဟု မျှော်လင့်မထားမိပေ။
ဖေ့ကျင်းက ရန်ရှီးနဉ်ကိုကြည့်လိုက်ကာ ပြုံးနေသည်ကို ရပ်တန့်လိုက်သည်။ ထို့နောက် သက်ပြင်းကိုချကာ သနားစဖွယ် လေသံဖြင့်ပြောလိုက်သည်။
"အိမ်ရှေ့စံက မင်းရဲ့ ညီမကိုလက်ဆက်ချင်နေတာ၊ ဒါပေမယ့် မင်းက သူတို့အတွက် အတားအဆီးကြီးဖြစ်နေတယ်လေ၊ အဲ့ဒီတော့ ငါ့ကို အနစ်နာခံခိုင်းကြတယ်၊ မင်း တစ်စုံတစ်ယောက်နဲ့ လက်ဆက်ရတာက ငါနဲ့ပတ်သတ်မှုရှိလာမှာမဟုတ်ဘူးလို့ပဲ ငါကတွေးထားတာ၊ ဒါပေမယ့် ငါ တောင်ပိုင်းကနေ မြို့တော်ကို ပြန်ရောက်တဲ့အချိန် မှားသွားတယ်၊ ငါ ဒီလိုဖြစ်မှာကြောက်လို့
နန်းတော်ထဲက အရပ်လေးမျက်နှာကိုသွားပြီး ငါတောင်းပန်ခဲ့ပါသေးတယ်၊ တကယ်တမ်းကျတော့
ငါ့အကြောက်တရားတွေ တကယ်ဖြစ်လာပြီး နောက်ဆုံးတော့ ငါပဲအနစ်နာခံလိုက်ရတာပါပဲ" (အတော်လေး နစ်နာသွားပါတယ် အကိုရေး)
ဖေ့ကျင်းက ရန်ရှီးနဉ်၏မျက်နှာကို လေးလေးနက်နက် ကြည့်လိုက်သည်။ ထို့နောက်
"မင်းစဉ်းစားကြည့်လေ၊ မင်းက အမတ်ချုပ်ကြီးရဲ့ သမီးဖြစ်ပြီးတော့ မင်းရဲ့ညီမကလည်း အနာဂတ်မှာ
အိမ်ရှေ့စံနဲ့ လက်ထပ်ရတော့မှာ၊ အဲ့ဒီတော့ မင်းလက်ထပ်မယ့်တစ်စုံတစ်ယောက်က အဆင့်အတန်းမြင့်မြင့်ထဲကပဲ ဖြစ်သင့်တယ်၊ ငါ မြို့တော်ကိုပြန်မလာခင်တုန်းက မင်းနဲ့သင့်တော်တဲ့သူမရှိခဲ့တော့ မင်းထက် အဆင့်အတန်းနိမ့်တဲ့သူတွေကိုပဲ မင်းရွေးချယ်လို့ရမှာ၊
ဒါပေမယ့် အခုငါပြန်လာပြီဆိုတော့ အခြေအနေက အရင်ကနဲ့မတူတော့ဘူးလေ၊ လူတိုင်းရဲ့ မျက်လုံးတွေက
ငါ့ကိုပဲ ကြည့်နေတယ်ဆိုတာ မင်းမြင်တယ်မလား? ဒီတော်ဝင်မျိုးနွယ်ထဲမှာတော့ ငါက အဆင့်ခပ်နိမ့်နိမ့်
မင်းသားတစ်ပါး၊ မင်းကလည်း အမတ်ချုပ်ရဲ့သမီးဆိုပေမယ့် ရန်အိမ်တော်ထဲမှာတော့ အဆင့်နိမ့်တဲ့ထဲပါတယ်၊ ဒီတော့ငါတို့နှစ်ယောက်က ကောင်းကင်က စုံဖက်ပေးတဲ့
စုံတွဲတွေပဲ"
ဖေ့ကျင်းက ခဏရပ်ကာ သက်ပြင်းကိုချသည်။
"ငါမင်းကို လက်ထပ်ဖို့ ဖိအားအပေးခံရတာ"
ရန်ရှီးနဉ် ဖေ့ကျင်းကို သေချာကြည့်လိုက်သည်။ သူ့စကားများအားလုံး ရှင်းလင်းစွာ နားထဲဝင်လာသော်လည်း ထိုစကားလုံးများနှလုံးသားထဲ ဝင်လာသည့်အခါတွင်တော့ သူမနှလုံးသားနာကျင်
သွားသလိုခံစားရသည်။သူမဘယ်သူ့ကိုလက်ထပ်ရမလဲဆိုတာကို သူမဂရုမစိုက်သလို သူမ၏ခင်ပွန်းလောင်းကလည်းသူမကိုလက်ထပ်ချင်သည့်ဆန္ဒရှိလိမ့်မည်မဟုတ်ဟူ၍ တွေးမထားမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် သူမ မျှော်လင့်မထားမိသည်က သူမအရှေ့တွင် ထိုင်နေသည့်သူ ပြောသည့်စကားများပင်ဖြစ်သည်။
"နဝမမင်းသားအတွက် အတော်ခက်ခဲခဲ့မှာပဲ"
ရန်ရှီနဉ်ပြောလိုက်သည်။
ထို့နောက် ဖေ့ကျင်းကို ကျောပေးလိုက်ကာ မျက်လုံးတို့ကိုမှိတ်၍ အရာအားလုံးကို လျစ်လျုရှုထား
လိုက်တော့သည်။
ဖေ့ကျင်း အနည်းငယ်စိတ်ရှုပ်သွားသည်။ သူထင်ထားသည်က ရန်ရှီးနဉ်ဒေါသထွက်ကာ သူ့ကိုရိုက်မည်ပေါ့။သူ၏ ကျိုးကြောင်းဆီလျော်သော
စကားများက သူမကိုစိတ်ဆိုးသွားစေလိမ့်မည်ဟု သူတွေးထားခဲ့သည်။ သို့သော် သူမ ယခုကဲ့သို့ ငြိမ်နေသည်ကို မြင်ရသောအခါတွင်မတော့
သူ့နှလုံးသားနာကျင်လာသလိုပင်။
ထို့ကြောင့် သူအမြန်ပဲ သူမကိုပြန်ချော့ရတော့သည်။ ဟိုအရင်တုန်းကလို သူမ သူ့ကို အလွယ်တကူခွင့်လွှတ်နိုင်ပါစေ မျှော်လင့်ရင်းနဲ့ပေါ့။
"ငါက မင်းကို စနေတာပါကွာ"
ဖေ့ကျင်း ချက်ချင်းပဲ ဝန်ခံလိုက်သည်။
"ဒီစကားတွေက တကယ်တော့ အမှန်တွေမဟုတ်ပါဘူး၊ မင်းရဲ့ညီမနဲ့ အိမ်ရှေ့စံရဲ့ သတင်းကိုကြားလိုက်တုန်းက မင်း သေချာပေါက်တစ်စုံတစ်ယောက်နဲ့လက်ဆက်ရတော့မယ်ဆိုတာ ငါသိလိုက်တယ်၊ အဲ့ဒါကြောင့်လည်း တောင်ပိုင်းကနေ
မြို့တော်ကို ငါအမြန်ပြန်လာခဲ့တာပေါ့၊ ကျင်း တောင်ပိုင်းကို ထားပစ်ခဲ့ဖို့ဆိုတာ ငါ့အတွက် ဘယ်လောက်ခက်ခဲရလဲဆိုတာ မင်းသိရဲ့လား၊ တောင်ပိုင်းသားတွေအတွက်က ငါ့ကိုသွားခွင့်ပြုလိုက်ရတာထက်စာရင် သူတို့သေသွားတာက ပိုကောင်းမယ်လို့ကို ခံယူထားကြတာ၊ ငါ အခု မင်းအတွက်နဲ့ ညလယ်ခေါင်ကြီး
မှာလည်း နံရံကိုတွယ်တက်ခဲ့ရတယ်၊ မင်းကိုတွေ့ဖို့ မြင်းကိုလည်း အပြင်းနှင်လာခဲ့တယ်၊ ငါ့ရဲ့ခြင်္သေ့လေးကို တစ်ခြားတစ်ယောက်နဲ့ လက်ထပ်ဖို့ ဘယ်လိုလုပ်ခွင့်ပြုနိုင်မှာလဲ၊ မင်း ဒီလိုအရွယ်ရောက်လာဖို့ ငါ ဘယ်လောက်အထိ စောင့်ခဲ့ရတယ်ဆိုတာ ကောင်းကင် သိပါတယ်ကွာ" (Grace: ဂရေ့တို့ ဘာသာပြန်ရင်း အသံပေါင်းစုံ
ထွက်နေပါပြီ😭 ချုပ်တတ်လိုက်တာဟယ်😭)
ရန်ရှီးနဉ် ခေါင်းကိုလှည့်လိုက်ပြီး အံကြိတ်သံဖြင့် ပြောလိုက်သည်။
"အကိုကြီး...ကျွန်မလက်ချက်နဲ့ အသက်မထွက်ချင်ရင် အဲ့ဒီပေါက်ကရစကားတွေကို တော်လိုက်တော့"
ရန်ရှီးနဉ် ထိုတူညီသော အလိမ်အညာစကားများကို အခါပေါင်းမြောက်များစွာ ကြားခဲ့ဖူးသည်။ သူမတို့ ဟိုအရင် တွေ့ခဲ့စဉ်တုန်းကလဲ ထိုသို့သော စကားချိုချိုလေးများဖြင့် သူမကိုကျီစယ်ခဲ့သည်။ ပထမဆုံးအကြိမ်တုန်းကလို သူပြောသမျှအလိမ်အညာတွေကို သူမ အလွယ်တကူယုံလိမ့်မည်ဟု သူ တွေးထားပါက ယုန်ရူးမင်းသားတစ်ယောက်သာ ဖြစ်သွားပေလိမ့်မည်။
ဖေ့ကျင်းက သူ့မေးစေ့ကိုသူပွတ်လိုက်သည်။
"ဒီစကားတွေက ငါမင်းကို အရင်တုန်းကပြောဖူးတယ်ထင်တယ်၊
နောက်တစ်ခါကျရင် အခြားစကားလုံးအသစ်တွေ
စဉ်းစားဖို့ လိုလာပြီပဲ"
"အခေါင်းထဲဝင်ပြီး သွားသာသေလိုက်"
ရန်ရှီးနဉ်ပြန်ပြောလိုက်သည်။
ရန်ရှီးနဉ် သူမဒေါသတွေကို ထိန်းမထားနိုင်တော့ပဲ ပေါက်ကွဲလာသောကြောင့် ဖေ့ကျင်း၏ ခြေထောက်ရှိရာသို့ ကန်ပစ်လိုက်သည်။
ဖေ့ကျင်းက ရန်ရှီးနဉ်ကန်သည်ကို အမြန်ရှောင်လိုက်ပြီး သူမကိုယ်လေးကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
"ဒီပုံစံလေးကမှ မင်းနဲ့တူတာ၊ နောက်ကျလို့ရှိရင် အမှန်အတိုင်းပဲ မင်းကိုပြောပါ့မယ်လို့ ငါကတိပေးရင်
မင်းယုံပေးမှာလား"
ရန်ရှီးနဉ်က ဖေ့ကျင်းကို သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ဖေ့ကျင်း၏ အကြည့်များက ရန်ရှီးနဉ်၏ ရင်ဘတ်ပေါ်သို့ ပျံဝဲလာသည်။
"အရင်တုန်းက မင်းရင်ဘတ်ကိုငါကိုင်ကြည့်ခဲ့သလိုမျိုးပဲ၊ မင်းငယ်ငယ်တုန်းကနဲ့ ယှဉ်ရင် သိပ်ပြီးကြီးမလာဘူးပဲ"
(Grace: ဟဲ့😑😑 ဘယ်လိုတွေတောင်လား😂)
ရန်ရှီးနဉ် စိတ်ထဲမှနေ၍ ထိုလူရမ်းကားကို ဆဲရေးလိုက်သည်။ တစ်ယောက်ယောက် အဲ့လူကို သတ်သွားကြစမ်းပါ။
...
စာလုံးရေ-6855
နောက်ကျသွားလို့ အနူးအညွတ်တောင်းပန်ပါတယ်😁