.
ပုပ္လွၽင္ေပၚ ဟုတ္လွၽင္ေက်ာ္ ဟူေသာစကားလိုပင္ ေမေမ၏သတင္းေတြကလည္း ၾကာၾကာသိုဝွက္မေနႏိုင္ ။ တစ္ေယာက္စ ႏွစ္ေယာက္စကေန တစ္ရပ္ကြက္လံုး တစ္ၿမိဳ႕လံုး သိေနၾကသည္အထိ ။
ဘြားႏွင့္ဘကလည္း ႐ွက္လြန္း၍ ေခါင္းမေဖာ္ႏိုင္ ။
ဆက္ ဆက္ေရာဘာထူးလဲ ။ သူငယ္ခ်င္းေတြ ဆရာမေတြၾကား မ်က္ႏွာငယ္ရသည္ ။ ေဖေဖမ႐ွိေတာ့သည္ကို အေၾကာင္းျပဳ၍ ႏွိမ္ခ်င္ေနၾကသည့္အခ်ိဳ႕ေသာလူေတြက ေမေမ၏အေၾကာင္းကိုၾကားလိုက္ရေသာအခါ ဆက္သည္ သူတို႔၏ အပယ္ခံ ။
ေက်ာင္းတြင္ သူငယ္ခ်င္းအားလံုးေ႐ွ႕ ဆရာမကေပၚတင္ေမးသည္ ။ သမီးေမေမအိမ္ေထာင္သစ္ထူမွာ တကယ္လားတဲ့ ။ တစ္တန္းလံုးရဲ႕မ်က္လံုးေတြက သူမဆီမွာ ။ ဆက္ လိမ္ညာေျပာရတာကိုမုန္းသည္ ။ သူမကို သနားသလိုမ်က္လံုးေတြနဲ႔ၾကည့္တာကို မုန္းသည္ ။ ပိုဆိုးတာက သူမမေျဖတတ္ေသာ ေမးခြန္းေတြကို သူမမုန္းသည္ ။ ေခြၽးထြက္ကာ တစ္ကိုယ္လံုးပူျပင္းေနေအာင္ စဥ္းစားမွ ထြက္လာေသာအေျဖေတြကိုမုန္းသည္ ။
ေနာက္ၿပီး သမာသမတ္မ႐ွိေသာ ဆရာေတြကိုမုန္းသည္ ။ ေက်ာင္းတြင္ မည္မွၽပင္ စာေတာ္ေနေစကာမူ က်ဴ႐ွင္တြင္ေတာ့ ဆက္၏အဆင့္ေတြက အျမဲတစ္ဆယ္ေက်ာ္ ။ အမွတ္ေတြကို႐ွာၾကံေလွၽာ့သည္ ။ သူမ်ားေတြမွန္ေနေပမယ့္ ဆက္ကိုအမွားေပးသည္ ။
ေနာက္ဆံုး ဆရာမျဖစ္သူက အလြန္မုန္းေနသည္ထင္ ။ က်ဴ႐ွင္အခန္းထဲမွာ သူမကိုဖြင့္ေျပာလာသည္ ။ စာေတာ္တယ္ဆိုၿပီး ေျမာက္ႂကြမေနနဲ႔... နင့္အေမလိုဘဲ နင္လဲလာမွာဘဲ တဲ့ ။
မုန္းသည္ ။
ေသမတတ္မုန္းသည္ ။
အားလံုးကို မုန္းသည္ ။
ထိုကဲ့သို႔ေသာ အမုန္းေတြကဆက္အတြက္အားေဆးတစ္ခြက္ျဖစ္လာသည္ ။ ဖိအားေတြ တြန္းအားေတြ သိပ္ကိုမ်ားလာသည္ ။ နာၾကည္းခ်က္ေတြ ၊ မုန္းတီးမႈေတြ ျပည့္လွၽံလာသည္ ။ သို႔ေသာ္ ထိုအရာေတြကို ဆက္ ဘဝတိုးတက္ေရးအတြက္ေကာင္းေကာင္းႀကီးအသံုးခ်ခဲ့သည္ ။
သူမ လုပ္ႏိုင္သြားၿပီ...။
မွန္သည္ ။ သူမလုပ္ႏိုင္ခဲ့ၿပီ...။
အရာအားလံုး ႐ွင္းလင္းေနသည္ ။ သူမေခါင္းထဲတြင္ စာအုပ္ေတြသာ႐ွိသည္ ။
တကၠသိုလ္၏ပထမေန႔...
သူမ်ားေတြအတြက္ ရင္ခုန္ေနသလားေတာ့မသိ ။
သူမအတြက္ကေတာ့ ေအးေအးေဆးေဆးပင္ ။
ယခင္ ပတၱျမားဆက္ ေတာ့မဟုတ္ေတာ့ ။
႐ွင္းလင္းခဲ့ေသာမ်က္ႏွာေလးမွာ မ်က္မွန္အဝိုင္းေလးက ေနရာယူလာသည္ ။ ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးေတြက ရင္ဘတ္ေပၚထိ ဝဲက်ေန၏ ။ ထဘီမဝတ္ခဲ့ဖူးေသာ ဆက္သည္ ယခုေတာ့ ျမန္မာဆန္ဆန္ကေလးႏွင့္ မိန္းမေခ်ာေလးျဖစ္လာ၏ ။
သို႔ေသာ္ စိတ္ခံစားမႈမွာမူ အျမင္ႏွင့္ တက္တက္စင္။ ေအးသည္ ။ တစ္နည္းေျပာရလွၽင္ ေခ်သည္ ။ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္တတ္ေသာသူမ ။
ေဆးတကၠသိုလ္ ၁ ရန္ကုန္ ။ ဟူေသာ ေက်ာင္းဝိုင္းႀကီးအတြင္းသို႔ ေျခခ်ခဲ့သည္ ။ သူမဆရာဝန္တစ္ဦး ျဖစ္လာေတာ့မည္ ။
" ခ်မ္း... ''
လမ္းေလွၽာက္ေနရင္း သူမႏႈတ္ခမ္းကေန အမည္နာမတစ္ခုကို တီးတိုးရြတ္ဆိုမိ၏ ။ ရင္းႏွီးခဲ့ေသာ ေနာက္ေက်ာျပင္တစ္ခု၏ နိဒါန္းလား ။
တစ္ခုေျပာခ်င္တာက ကိုယ္ကေလ ညေစာေစာအိပ္တတ္တဲ့အက်င့္႐ွိတယ္ ။ ႐ွစ္နာရီ ကိုးနာရီေလာက္ဆိုရင္ အသိမ႐ွိေတာ့ဘူး 😁 ။
မနက္မိုးလင္းလို႔ လိုင္းေလးမ်ားဖြင့္လိုက္ရင္ ကိုယ္ဖတ္ေနတဲ့ fic တစ္ခုခုမ်ား update တက္ရင္ သိပ္ေပ်ာ္တာ ။ အဲ့ဒါေၾကာင့္ ဒီစာပုဒ္ကေလးကို ေမွၽာ္ေနတဲ့သူ တစ္ေယာက္ကေလး႐ွိရင္ေတာင္ သူေပ်ာ္ေစခ်င္တဲ့ ဆႏၵနဲ႔ စာေရးပါတယ္ခင္ဗ်ာ ။
ၿပီးေတာ့ ေဆးပညာနယ္ပယ္ဆိုတာ ကိုယ္နဲ႔လံုးလံုးမသက္ဆိုင္တဲ့ နယ္ပယ္တစ္ခုပါ 😅။
ေ႐ွ႕ဆက္ေရးရမွာေတြက တစ္ေန႔တစ္ေန႔ ဝါယာႀကိဳးေတြ ၊ မီးသီးေတြနဲ႔ တိုင္ပတ္ေနရတဲ့ EP သမားတစ္ေယာက္အတြက္က သိပ္ကိုခက္ခဲပါတယ္... ။ အဲ့ဒါေၾကာင့္ ကြၽမ္းက်င္တဲ့သူမ်ား႐ွိရင္ ကူညီေပးပါလို႔ေတာင္းဆိုပါရေစ ။
ကူညီမယ့္သူကို ေစာင့္ေနပါတယ္ေနာ္...😅😘
.
ပုပ်လျှင်ပေါ် ဟုတ်လျှင်ကျော် ဟူသောစကားလိုပင် မေမေ၏သတင်းတွေကလည်း ကြာကြာသိုဝှက်မနေနိုင် ။ တစ်ယောက်စ နှစ်ယောက်စကနေ တစ်ရပ်ကွက်လုံး တစ်မြို့လုံး သိနေကြသည်အထိ ။
ဘွားနှင့်ဘကလည်း ရှက်လွန်း၍ ခေါင်းမဖော်နိုင် ။
ဆက် ဆက်ရောဘာထူးလဲ ။ သူငယ်ချင်းတွေ ဆရာမတွေကြား မျက်နှာငယ်ရသည် ။ ဖေဖေမရှိတော့သည်ကို အကြောင်းပြု၍ နှိမ်ချင်နေကြသည့်အချို့သောလူတွေက မေမေ၏အကြောင်းကိုကြားလိုက်ရသောအခါ ဆက်သည် သူတို့၏ အပယ်ခံ ။
ကျောင်းတွင် သူငယ်ချင်းအားလုံးရှေ့ ဆရာမကပေါ်တင်မေးသည် ။ သမီးမေမေအိမ်ထောင်သစ်ထူမှာ တကယ်လားတဲ့ ။ တစ်တန်းလုံးရဲ့မျက်လုံးတွေက သူမဆီမှာ ။ ဆက် လိမ်ညာပြောရတာကိုမုန်းသည် ။ သူမကို သနားသလိုမျက်လုံးတွေနဲ့ကြည့်တာကို မုန်းသည် ။ ပိုဆိုးတာက သူမမဖြေတတ်သော မေးခွန်းတွေကို သူမမုန်းသည် ။ ချွေးထွက်ကာ တစ်ကိုယ်လုံးပူပြင်းနေအောင် စဉ်းစားမှ ထွက်လာသောအဖြေတွေကိုမုန်းသည် ။
နောက်ပြီး သမာသမတ်မရှိသော ဆရာတွေကိုမုန်းသည် ။ ကျောင်းတွင် မည်မျှပင် စာတော်နေစေကာမူ ကျူရှင်တွင်တော့ ဆက်၏အဆင့်တွေက အမြဲတစ်ဆယ်ကျော် ။ အမှတ်တွေကိုရှာကြံလျှော့သည် ။ သူများတွေမှန်နေပေမယ့် ဆက်ကိုအမှားပေးသည် ။
နောက်ဆုံး ဆရာမဖြစ်သူက အလွန်မုန်းနေသည်ထင် ။ ကျူရှင်အခန်းထဲမှာ သူမကိုဖွင့်ပြောလာသည် ။ စာတော်တယ်ဆိုပြီး မြောက်ကြွမနေနဲ့... နင့်အမေလိုဘဲ နင်လဲလာမှာဘဲ တဲ့ ။
မုန်းသည် ။
သေမတတ်မုန်းသည် ။
အားလုံးကို မုန်းသည် ။
ထိုကဲ့သို့သော အမုန်းတွေကဆက်အတွက်အားဆေးတစ်ခွက်ဖြစ်လာသည် ။ ဖိအားတွေ တွန်းအားတွေ သိပ်ကိုများလာသည် ။ နာကြည်းချက်တွေ ၊ မုန်းတီးမှုတွေ ပြည့်လျှံလာသည် ။ သို့သော် ထိုအရာတွေကို ဆက် ဘဝတိုးတက်ရေးအတွက်ကောင်းကောင်းကြီးအသုံးချခဲ့သည် ။
သူမ လုပ်နိုင်သွားပြီ...။
မှန်သည် ။ သူမလုပ်နိုင်ခဲ့ပြီ...။
အရာအားလုံး ရှင်းလင်းနေသည် ။ သူမခေါင်းထဲတွင် စာအုပ်တွေသာရှိသည် ။
တက္ကသိုလ်၏ပထမနေ့...
သူများတွေအတွက် ရင်ခုန်နေသလားတော့မသိ ။
သူမအတွက်ကတော့ အေးအေးဆေးဆေးပင် ။
ယခင် ပတ္တမြားဆက် တော့မဟုတ်တော့ ။
ရှင်းလင်းခဲ့သောမျက်နှာလေးမှာ မျက်မှန်အဝိုင်းလေးက နေရာယူလာသည် ။ ဆံနွယ်ပျော့ပျော့လေးတွေက ရင်ဘတ်ပေါ်ထိ ဝဲကျနေ၏ ။ ထဘီမဝတ်ခဲ့ဖူးသော ဆက်သည် ယခုတော့ မြန်မာဆန်ဆန်ကလေးနှင့် မိန်းမချောလေးဖြစ်လာ၏ ။
သို့သော် စိတ်ခံစားမှုမှာမူ အမြင်နှင့် တက်တက်စင်။ အေးသည် ။ တစ်နည်းပြောရလျှင် ချေသည် ။ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သောသူမ ။
ဆေးတက္ကသိုလ် ၁ ရန်ကုန် ။ ဟူသော ကျောင်းဝိုင်းကြီးအတွင်းသို့ ခြေချခဲ့သည် ။ သူမဆရာဝန်တစ်ဦး ဖြစ်လာတော့မည် ။
" ချမ်း... ''
လမ်းလျှောက်နေရင်း သူမနှုတ်ခမ်းကနေ အမည်နာမတစ်ခုကို တီးတိုးရွတ်ဆိုမိ၏ ။ ရင်းနှီးခဲ့သော နောက်ကျောပြင်တစ်ခု၏ နိဒါန်းလား ။
တစ်ခုပြောချင်တာက ကိုယ်ကလေ ညစောစောအိပ်တတ်တဲ့အကျင့်ရှိတယ် ။ ရှစ်နာရီ ကိုးနာရီလောက်ဆိုရင် အသိမရှိတော့ဘူး 😁 ။
မနက်မိုးလင်းလို့ လိုင်းလေးများဖွင့်လိုက်ရင် ကိုယ်ဖတ်နေတဲ့ fic တစ်ခုခုများ update တက်ရင် သိပ်ပျော်တာ ။ အဲ့ဒါကြောင့် ဒီစာပုဒ်ကလေးကို မျှော်နေတဲ့သူ တစ်ယောက်ကလေးရှိရင်တောင် သူပျော်စေချင်တဲ့ ဆန္ဒနဲ့ စာရေးပါတယ်ခင်ဗျာ ။
ပြီးတော့ ဆေးပညာနယ်ပယ်ဆိုတာ ကိုယ်နဲ့လုံးလုံးမသက်ဆိုင်တဲ့ နယ်ပယ်တစ်ခုပါ 😅။
ရှေ့ဆက်ရေးရမှာတွေက တစ်နေ့တစ်နေ့ ဝါယာကြိုးတွေ ၊ မီးသီးတွေနဲ့ တိုင်ပတ်နေရတဲ့ EP သမားတစ်ယောက်အတွက်က သိပ်ကိုခက်ခဲပါတယ်... ။ အဲ့ဒါကြောင့် ကျွမ်းကျင်တဲ့သူများရှိရင် ကူညီပေးပါလို့တောင်းဆိုပါရစေ ။
ကူညီမယ့်သူကို စောင့်နေပါတယ်နော်...😅😘