နှစ်ကိုယ်တူတိုင်းပြည်

By Natpankalay

546K 39.7K 2.1K

#Both with Zawgyi & Unicode အချစ်က နယ်နမိတ်တစ်ခုဆို ကိုယ်တို့ တည်ဆောက်မှာက နှစ်ကိုယ်တူ တိုင်းပြည်... #Own cre... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter-18
Chapter-19
Chapter-20
Chapter -22
Chapter-23
Chapter-24
Chapter-25
Chapter -26
Chapter-27
Chapter -28
Chapter-29
Chapter -30 Final
Extra-No Jealousy

Chapter-21

16.6K 1.3K 97
By Natpankalay


“ေတာ္ေသးတာေပါ့ သမီးရယ္..တစ္ခုခုဆို Mae ကရင္က်ိဴးရမွာ. Mae ရဲ႕သမီးေလး..”

ထံုးစံအတိုင္းပင္ Mrs.Yann သည္ အမူပိုစြာ ငိုပြဲဆင္သည္.။ ျဖစ္ႏိုင္သည္က Singto ရွိေနသည္မုိ႕ ပုိကဲေနျခင္း.။ Nuyen ကေတာ့ ကုတင္မွာ ေခါင္းျမင့္ျမင့္ေလး ေထာင္လ်က္ အသာလွဲေနသည္.။

တာ၀န္က်ဆရာ၀န္ျဖစ္ေနေသာေႀကာင့္ ေဆးပုလင္းေတြ လူနာအေျခအေနေတြ စစ္ရန္ Yaya ေရာက္ေနျခင္းျဖစ္သည္.။ကုတင္ေဘးနားတြင္ထိုင္ကာ တရစပ္ေျပာေနသည့္ အႏွီအမ်ိဴးသမီးေႀကာင့္ ေဆးပိုက္ကေလးခ်ိန္ျပီး ျပန္ပဲထြက္ရမလုိ လူနာကုိပဲ ဆက္လက္စစ္ေဆးရေတာ့မလို အသာရပ္ေနမိသည္.။

“ဘာမွ မျဖစ္ပါဘူး အန္တီ .။ အေပၚယံရွပ္ထိသြားတာပါ.။ ေသြးလန္႕ျပီးေတာ့သာေမ့သြားတာ.”

မစုိးရိမ္ရရွိမလားဆုိကာ ေအာ္ဟစ္လိုက္ခ်င္ေသာ္လည္း ေဒါက္တာ yaya သည္ Prachaya စံအိမ္၏ မငး္သမီးငယ္ေလးျဖစ္ျပီး Singto ၏ အခ်စ္ရဆံုးေသာ ညီမဟုသိထားရသည့္အတြက္ Mrs.Yann မခ်ိတင္ကဲသာ ျပံဳးျပလိုုက္ရသည္.။

“သမီးကို အန္တီက စိတ္ပူလို႕ပါကြယ္. ဟုိ Sing က ရွိလက္စနဲ႕ ခဏႀကည့္ေပးပါဦးေနာ္ အန္တီ အိမ္ခဏျပန္လိုက္ခ်င္လို႕ေလ.”

“သြားပါ အန္တီ ။ကြ်န္ေတာ္လည္း Nuyen နဲ႕စကားနည္းနည္းေျပာလုိက္ပါဦးမယ္.”

မည္သည့္စကားကိုဆိုမည္မသိေသာ္လည္း Mrs.Yann မ်က္ႏွာ၀င္းပသြားသည္.။သူမသည္ အခ်ိန္တို္င္းပင္ Nuyen လိုခ်င္တာထက္ပို၍ Singto ကုိ Nuyen ႏွင့္ နီးစပ္ေစခ်င္သူ..။ သူမထြက္သြားျပီးေနာက္ ေဆးရံုခန္းတြင္ ယခုမွ လူနာကုိ လုိအပ္သည္မ်ား စစ္ေဆးရေလေသာ Yaya ႏွင့္ ကုတင္ေပၚကေန ညွိဳးငယ္ေသာမ်က္ႏွာထားျဖင့္ Singto ကုိေငးႀကည့္ေနေသာ Nuyen..။ Singto က ကုတင္နားထိလာကာ ထိုင္ခံုတြင္ ထိုင္လိုက္သည္.။

“ဘယ္လုိျဖစ္ခဲ့တာလဲ.ကုိယ္ေမးႀကည့္ခ်င္တယ္.။အဲ့မွာ Krist နဲ႕အတူေတြ႕ခဲ့တာမလား..”

မိန္းကေလးပီပီသိခ်င္စိတ္ျဖင့္ yaya သည္ Krist ဟူေသာနာမည္ေႀကာင့္ စားပြဲေပၚက ေရႊ႕စရာမရွိေသာ ပစၥည္းအေႀကာင္းရွာ ေရႊ႕ကာ မသိမသာနားေထာင္ေနလိုက္သည္.။ P’Sing ကလည္း သူမကို ထြက္သြားေပးဖို႕မေျပာဘူးေလ.။

“Nuyen က ဂိုေထာင္သြားတာပါ.။အဲ့ဒါကို ဘယ္ကသူေတြမွန္းမသိ ေရာက္လာျပီ အဟင့္ . Nuyen ကို သတ္ဖို႕..ဟင့္~~ ျပီးေတာ့ ဒီဇိုင္းကိုခုိးတာလည္း Krist ခိုင္းတာဆုိျပီး… Nuyen ကုိပါ မတရားႀကံစည္~~”

မ်က္ရည္ေတြကေတာ့ တမင္ဟန္လုပ္သည္မဟုတ္ပါ.။ ထုိအခိ်န္က ကမၻာပ်က္သကဲ့သို႕ တကယ္ေႀကာက္ခဲ့တာျဖစ္သည္.။ Singto က စိတ္၀င္တစားနားေထာင္ေနရင္းမွ စကားျပန္စလာသည္.။

“krist က ဘာလာလုပ္တာလဲ အဲ့ဒီကုိ ။ ကုိယ္ျမင္ေတာ့ သူက ေဘးမွာဒီတိုင္းရပ္ေနျပီး  မင္းက ဓားဒဏ္ရာနဲ႕လဲက်ေနျပီေလ.။ဓားက ဘယ္သူထုိးတာလဲ.”

ဇာတ္၀င္ခန္းေကာင္းေကာင္းတစ္ခုကိုႀကည့္ေနရသကဲ့သို႕ အနားမွ yaya သည္လည္း သူတုိ႕ဘက္လွည့္ကာသိသိသာသာပင္ နားေထာင္ေနမိလိုက္ေတာ့သည္.။

“ဓား--ဓားက--”

Nuyen သည္ အေျဖမရသလို မ်က္လံုးေလးေတြက ေတာင္စဥ္ေရမရေျပးလႊားေနသည္.။ သက္ျပင္းတစ္ခ်က္ရိႈက္လို္က္ျပီးမွ မ်က္လံုးစံုမွီတ္ကာ အေျဖစကားတစ္ခြန္းကုိဆုိလိုက္ပါသည္.။

“Krist ဓားနဲ႕ထုိးခဲ့တာ~ ”

Yaya ပါးစပ္အေဟာင္းသားပြင့္သြားရသည္.။ P’Sing ကုိႀကည့္လိုက္ေတာ့ မပ်က္မယြင္းမ်က္ႏွာထားႏွင့္ မွန္းမရေသာ ေရာင္စဥ္ေျပေျပေလးသာ မ်က္ႏွာေပၚျဖတ္ေျပးသြားသည္.။

“Krist ကေလ Nuyen တုိ႕ကို ဘာလို႕အဲ့ေလာက္မုန္းေနလဲ မသိေတာ့ဘူး ဟင့္~ ”

ဒီတစ္ခါ မ်က္ရည္ကေတာ့ ဟန္ေဆာင္သည္မွာေသခ်ာပါသည္.။မသိေတာ့ပါ..။ Sing ကုိျပန္ရယူဖုိ႕ နည္းလမ္းတစ္ခုခုအျဖစ္ သက္ေ၇ာက္ေစမည္လား ေမွွ်ာ္မွန္းကာ မုသားစကားတစ္ခြန္းဆိုမိပါသည္.။

“အင္း ~ ကိုယ္သိျပီ..။ ဒါဆို နားလိုက္ဦးေနာ္ ။ Special Nurse တစ္ေယာက္လႊတ္ေပးလိုက္ပါ yaya..”

“ဟင္ ေႀသာ္ ဟုတ္--ဟုတ္-- P’Sing..”

Singto ထို္င္ေနရာမွ အသာထကာ တံခါး၀ဆီဦးတည္လိုက္သည္.။သို႕ေပမယ့္ ကုတင္ေျခရင္းနားအေရာက္ ေျခလွမ္းရပ္ကာ Nuyen ကို ေစာင္းငဲ့ႀကည့္လိုက္သည္.။

“Krist လက္ဖ်ံရုိးအက္သြားခဲ့တယ္.။ မင္းကို သတ္ဖုိ႕ႀကံခဲ့တဲ့သူေတြက သူ ခိုင္းခဲ့တာဆုိရင္ သူ႕လက္ထိခိုက္တဲ့ကိစၥက မင္းရိုက္လိုက္တာလား.”

ရုတ္တရက္ တုန္႕ျပန္လာမႈကို Nuyen ဘာျပန္ေျပာရမွန္းမသိ.။ ယခု Singto က သူမ ေျပာသည္ကို မယံုႀကည္သည့္အလား အလာျဖစ္ေနသည္လား ???

“ကုိယ္ မင္းကိုျဖဴစင္ရုိးသားတဲ့ မိန္းကေလးအေနနဲ႕သိပ္ကုိသေဘာက်ခဲ့တာ Nuyen.။ ဒါေပမယ့္ ခု မင္းအေ၇ာင္ေတြစြန္းေနျပီ.။ကုိ္ယ္ တကယ္စိတ္မေကာင္းဘူး.”

“ကို~~ ဘာ-ဘာကိုဆုိလို?”

“ကုိယ့္ေယာက်ာ္း က မင္းကို ကယ္တင္ေပးခဲ့တာမလား ??”

“သူ--သူကအဲ့တုိင္းပဲ ေျပာ~ တာလား ”

ထိုအသံုးအႏႈန္းကို Singto တမင္ပင္သံုးလိုက္ေလသလား မသိေသာ္လည္း သူကုိယ္တိုင္ စည္းအထပ္ထပ္ျခားပစ္လုိက္သလို ခံစားရသည္ေႀကာင့္ Nuyen မ်က္ရည္ေတြ ျပိဳက်လာရသည္.။

ထပ္မံပါးစပ္အေဟာင္းသားပြင့္ရသူကေတာ့ yaya ပင္ျဖစ္သည္.။ေယာက်ာ္းရဲ႕ ရည္စားေဟာင္းကို အထိခိုက္ခံျပီး Krist က ကာကြယ္ခဲ့တယ္လား???

“သူ ကိုယ့္ကို ဘာမွ မရွင္းျပခဲ့ဘူး.။အထင္လြဲစရာအေျခအေနနဲ႕တဲ့တုိးႀကံဳခဲ့တာေတာင္ သူ မလုပ္ပါဘူးလို႕ တစ္ခြန္းမဟခဲ့ဘူး.။ ဒါေပမယ့္ ကိုယ္သိေနတယ္. သူမုိ႕လို႕ သူမုိ႕လို႕ မင္းကုိ ကယ္တင္ေပးခဲ့တာပါ.။ စိတ္ထားျဖဴစင္တဲ့မိန္းကေလးတစ္ေယာက္အေနနဲ႕ပဲ ေနပါ Nuyen။ ကိုယ္ မင္းကို အဲ့လိုပဲ အျမဲျမင္ခ်င္ပါတယ္.”

အခန္းထဲက ထြက္လာေလေတာ့ Nuyen ၏ ငိုရိႈက္သံ က ေနာက္ပါးဆီက ကပ္ပါလာခဲ့ေသးသည္.။ Singto သက္ျပင္းေမာ တစ္ခုခ်ကာ VVIP အခန္းဆီက တစ္ေယာက္ေသာသူရွိရာဆီ လွမ္းလာခဲ့လိုက္သည္.။

အခန္းတံခါးကို အသာဖြင့္ျပီး ၀င္လာေတာ့ ကုတင္ေပၚတြင္ စားပြဲခံုထုတ္လ်က္ ထို္င္ေနေသာ Krist .။ပုခံုးတြင္ စလြယ္သို္င္းထားေသာ ပတ္တီးစျဖဴက ညာလက္တြင္ အဆံုးသတ္သည္.။ ဘယ္လက္က တူတစ္စံုကိုကိုင္ထားကာ ႏႈတ္ခမ္းထက္စတြင္ အနညး္ငယ္ေပပြေနေသာ ေခါက္ဆြဲႏွစ္ေတြရွိေန၏။ စားပြဲငယ္ကိုႀကည့္လိုက္ေတာ့ အႏွစ္မ်ားမ်ားႏွင့္ ပဲေခါက္ဆြဲ တစ္ပြဲ..။ သိ္ပ္မႀကာေသးေသာ အတူေနကာလအတြင္းသတိထားမိ သည္က Krist သည္ ကိုးရီးယားအစားအေသာက္ေတြ ႀကိဳက္ႏွစ္သက္ေလ့ရွီသည္.။

Krist ကုတင္ေဘးကထိုင္ခံုတြင္ေတာ့ Nadech က မႏို္င္သည့္ပံုစံျဖင့္ ထိုင္ႀကည့္ေနရာမွ Singto ကုိျမင္ေတာ့ ၀မ္းသာအားရ ထလာသည္.။

“P”Sing လာတာအေတာ္ပဲဗ်ာ..။ ဒီမွာ P’Krist က ပဲေခါက္ဆြဲစားခ်င္တယ္ဆုိလို႕ ေဆးရံုနဲ႕အေ၀းႀကီးကေန ေကာင္ေလးတစ္ေယာက္ကုိသြား၀ယ္ခို္င္းထားရတာ.။သူ ညာလက္မသံုးႏီုင္ေတာ့ ကြ်န္ေတာ္ ေကြ်းေပးပါမယ္ဆိုတာကိုဗ်ာ..အတင္းျငင္းေနတယ္.မရမက စားေနတာကုိသာႀကည့္ပါေတာ့”

“မင္းက ဘယ္လုိေကြ်းေပးမွာလဲ ??”

“အမ္~~ ဟို ခြံ႕ေကြ်းေပးမလို႕ေလ..။သူ႕ဘယ္လက္နဲ႕အဆင္မေျပ-”

“လုိလုိ႕လား ??”

ဆိုေတာ့က Nadech မည္သို႕ေျပာရမည္နည္း.။ ဘယ္လက္ႏွင့္စားရအဆင္မေျပလို႕ ခြံ႕ေကြ်းေပးမယ္ေျပာတာ မလိုဘဲ ရွိမလား.။ဟုိမွာ  တကယ္စားရအဆင္မေျပျဖစ္ေနတာ သူလည္းျမင္ရဲ႕သားႏွင့္.။စိတ္ေပါက္ေပါက္ႏွင့္ ဘုသာေတာပစ္လိုက္ခ်င္ေတာ့သည္.။

“မလိုပါဘူး P’Sing.. ။ P’Sing ပဲႀကည့္သာလုပ္ေတာ့ဗ်ာ..တကယ္ပဲ သူ႕ေယာက်ာ္း ခြံ႕ေကြ်းမယ္ေျပာတာ အသားပဲ့ပါသြားတာက်လို႕”

ေျပာလည္းေျပာခ်င္ က်ယ္က်ယ္လည္းမေျပာရဲႏွင့္ Nadech တစ္ေယာက္ပြစိပြစိေရ၇ြတ္ကာ အခန္းထဲမွထြက္ခြာသြားသည္.။ Krist သည္လည္း ႏႈတ္ခမ္းထက္ေပတလူးခါလ်က္ သူတို႕စကားေျပာတာကို အသာႀကည့္ေနသည္.။

“အဟြန္း~~”

Singto သေဘာက်စြာရယ္ရင္း ကုတင္ေဘးစြန္းေလးမွာ အသာ၀င္ထိုင္လိုက္သည္.။ Krsit က မ်က္ေမွာင္ႀကံဳ႕ႀကည့့္သည္။

“ဘာရယ္တာလဲ.??”

အျမဲတေစ သန္႕ျပန္ေခ်ာ့ေမြ႕ကာ ခပ္ေခ်ေခ်စတို္င္ႏွင့္သာ ေတြ႕ရတတ္ေသာ Krist ကို ယခုကဲ့သုိ႕ အစာ စားတတ္ကာစ ကေလးငယ္တစ္ေယာက္လို ေပပြေနတာျမင္ရေတာ့ မရယ္ခ်င္ရွိမလားေလ.။သို႕ေပမယ့္ Singto မ်က္ႏွာပိုးသတ္လုိက္ပါသည္.။ ပန္းကန္ကိုႀကည့္လိုက္ေတာ့ တစ္၀က္မက်ိဴးေသး.။

“Nadech ကခြံ႕ေကြ်းေပးမယ္ဆိုတာကို ဘာလို႕အတင္းျငင္းေနတာလဲ”

“ကုိယ့္ဘာသာရေအာင္စားႏိုင္ပါတယ္.။ျပီးေတာ့ yaya က ဘာလို႕မွန္းမသိ နဂိုတည္းကမွ ဟုိေကာင္ေလး ကြ်န္ေတာ့္နားကပ္ရင္ မႀကည္တာ ခြံ႕ေကြ်းေနတာသာျမင္ရင္ ..အင္း--Nadech Kugimiya ေျဖရွင္းရခက္ေတာ့မယ္ အဟားးး  ”

သူ႕ဘာသာေျပာေနရင္း သတိလြတ္ကာ လွစ္ခနဲရယ္လုိက္သည္ထင္.။ပါးခ်ိဴင့္ငယ္ကထင္းခနဲေပၚလာေတာ့ အလိုအေလ်ာက္ဆုိသလို Singto ႏႈတ္ခမ္းတို႕ကလည္း ထုိပါးခ်ိဴင့္ထက္ ဆင္းသက္ျပီးသား..။

Krist ခမ်ာ ရယ္လ်က္သားကေန ေႀကာင္အမ္းအမ္းျဖစ္သြားရသည္.။

“ခင္--ခင္ဗ်ား ႏႈတ္ခမ္းမွာ ပဲအႏွစ္ေတြေပ--”

“ေဆာရီး..။ ကို္ယ္လည္း မင္း ပါးခ်ိဴင့္ကုိျမင္ရင္ခ်က္ခ်င္းကို နမ္းခ်င္တာ ထိန္းမရဘူး.”

ေအးေဆးသက္သာပင္ သူ႕ႏႈတ္ခမ္းထက္မွေပေနေသာ အႏွစ္တစ္ခ်ိဴ႕ကို လက္ျဖင့္အသာတို႕လ်က္ ပါးစပ္ထဲထည့္လုိက္သည္ ကိုျမင္ေတာ့ အဘယ္ေႀကာင့္ရယ္မသိ Krist မ်က္ႏွာရွိန္းခနဲ ပူတက္သြားရသည္.။

“ေပး!!! ကုိယ္ ေကြ်းေပးမယ္..။ကုိယ္ကေတာ့ဘယ္သူျမင္တာကိုမွ ဂရုမစိုက္တတ္ဘူး.”

Krist လက္ထဲမွ တူကိုအသာဆြဲယူကာ ပနး္ကန္ထဲ အရင္ထည့္လုိက္သည္.။ေဘးစားပြဲေပၚက တစ္သွ်ဴးအစိုကို ထုတ္လုိက္ျပီး Krist ႏႈတ္ခမ္းႏွင့္ ပါးတစ္၀ိုက္ကို အရင္ သန္႕စင္ေပးလုိက္သည္.။ Krist သည္ ဘာမွမေျပာေတာ့ဘဲ မ်က္ႏွာေလးေမာ့ကာ အသာျငိမ္ေနသည္.။

“ဒါနဲ႕ လက္ပဲ နည္းနည္းထိခိုက္တာေလ..။အိမ္ျပန္ပါမယ္ဆုိ ဘာလို႕ေဆးရံုလာတင္ထားတာလဲ.။ ”

“အရုိးအက္သြားတာ.ဆိုေတာ့ ဘာပဲျဖစ္ျဖစ္ စိတ္ခ်ရေအာင္လို႕ပါ.။ခဏေန ျပန္ႀကမယ္.”

“ခင္ဗ်ားက ကြ်န္ေတာ့္ အုပ္ထိန္းသူလား.”

“ကိုယ္က မင္းေယာက်ာ္းေလ..”

သူ ခြံ႕ေကြ်းေနတာကိုအသာစားရင္း Krist ျငိမ္ေနရျပန္ေတာ့သည္.။ယခင္က krist တစ္ခ်ိန္လံုး ေျပာေနသည့္ ေယာက်ား္ ဆုိသည့္ ထိုစကားလံုးက ဘယ္အခ်ိန္ကတည္းက သူက ႏႈတ္က်ိဴးသြားပါလိမ့္ ???

“Nuyen ဒီေဆးရံုမွာပဲ မလား .။သက္သာလား ”

“အင္း သက္သာပါတယ္..။ ဒါနဲ႕ Krist ကုိယ့္ကုိ ျဖစ္ပ်က္ခဲ့သမွွ်ရဲ႕နည္းနည္းေလာက္ပဲျဖစ္ျဖစ္ေျပာျပခ်င္လား .။ကိုယ္ မင္းကို မယံုလို႕မဟုတ္ဘူးဆုိတာေတာ့ မင္းသိေနပါျပီ.။”

ကုန္စျပဳေနျပီျဖစ္သည့္ ပန္းကန္ကုိ ေဘးစားပြဲေပၚအသာတင္လိုက္ရင္း က Singto သည္ မ်က္လံုးခ်င္းဆိုင္ ေသခ်ာ ႀကည့္လာသည္.။

ရွင္းျပေျဖရွင္းျခင္းကို မျပဳခ်င္ခဲ့ပါေသာ Krist သည္ ပထမဆံုးအႀကိမ္အေနျဖင့္ ႀကံဳခဲ့ရသမွွ်ကို စီကံုးကာ ႀကိဳးသီခ်င္မိသည္.။ 

ေလးနက္ညွိဳ႕ရီေနေသာ ထိုမ်က္၀န္းတုိ႕ထက္ အရာရာကို ဖြင့္ေျပာခ်င္ေလာက္ေအာင္ စိတ္တုိ႕ညံ့သက္ေနခဲ့မိသည္.။

ကုိယ့္ကိုအေႀကာင္းျပခ်က္မရွိယံုႀကည္ေပးတဲ့သူကုိ ကေလးငယ္တစ္ေယာက္လို တို္္င္တန္းေျပာျပခ်င္သည့္စိတ္ကေလးကလည္း တိုးထြက္လာမိသည္.။

ႏူးညံ့စြာေျပာင္းလဲတတ္ျခင္းတို႕ထဲတြင္ သူ႕အေပၚထားသည့္ Krist ၏ သေဘာထားသည္လည္း ပန္းရင့္ေရာင္နယ္ေျမထဲ ေျခလွမ္းစေနျပီ ထင္ပ..။

# With heart
Just A dreamer

Unicode

“တော်သေးတာပေါ့ သမီးရယ်..တစ်ခုခုဆို Mae ကရင်ကျိူးရမှာ. Mae ရဲ့သမီးလေး..”

ထုံးစံအတိုင်းပင် Mrs.Yann သည် အမူပိုစွာ ငိုပွဲဆင်သည်.။ ဖြစ်နိုင်သည်က Singto ရှိနေသည်မို့ ပိုကဲနေခြင်း.။ Nuyen ကတော့ ကုတင်မှာ ခေါင်းမြင့်မြင့်လေး ထောင်လျက် အသာလှဲနေသည်.။

တာဝန်ကျဆရာဝန်ဖြစ်နေသောကြောင့် ဆေးပုလင်းတွေ လူနာအခြေအနေတွေ စစ်ရန် Yaya ရောက်နေခြင်းဖြစ်သည်.။ကုတင်ဘေးနားတွင်ထိုင်ကာ တရစပ်ပြောနေသည့် အနှီအမျိူးသမီးကြောင့် ဆေးပိုက်ကလေးချိန်ပြီး ပြန်ပဲထွက်ရမလို လူနာကိုပဲ ဆက်လက်စစ်ဆေးရတော့မလို အသာရပ်နေမိသည်.။

“ဘာမှ မဖြစ်ပါဘူး အန်တီ .။ အပေါ်ယံရှပ်ထိသွားတာပါ.။ သွေးလန့်ပြီးတော့သာမေ့သွားတာ.”

မစိုးရိမ်ရရှိမလားဆိုကာ အော်ဟစ်လိုက်ချင်သော်လည်း ဒေါက်တာ yaya သည် Prachaya စံအိမ်၏ မင်းသမီးငယ်လေးဖြစ်ပြီး Singto ၏ အချစ်ရဆုံးသော ညီမဟုသိထားရသည့်အတွက် Mrs.Yann မချိတင်ကဲသာ ပြုံးပြလိုက်ရသည်.။

“သမီးကို အန်တီက စိတ်ပူလို့ပါကွယ်. ဟို Sing က ရှိလက်စနဲ့ ခဏကြည့်ပေးပါဦးနော် အန်တီ အိမ်ခဏပြန်လိုက်ချင်လို့လေ.”

“သွားပါ အန်တီ ။ကျွန်တော်လည်း Nuyen နဲ့စကားနည်းနည်းပြောလိုက်ပါဦးမယ်.”

မည်သည့်စကားကိုဆိုမည်မသိသော်လည်း Mrs.Yann မျက်နှာဝင်းပသွားသည်.။သူမသည် အချိန်တိုင်းပင် Nuyen လိုချင်တာထက်ပို၍ Singto ကို Nuyen နှင့် နီးစပ်စေချင်သူ..။ သူမထွက်သွားပြီးနောက် ဆေးရုံခန်းတွင် ယခုမှ လူနာကို လိုအပ်သည်များ စစ်ဆေးရလေသော Yaya နှင့် ကုတင်ပေါ်ကနေ ညှိုးငယ်သောမျက်နှာထားဖြင့် Singto ကိုငေးကြည့်နေသော Nuyen..။ Singto က ကုတင်နားထိလာကာ ထိုင်ခုံတွင် ထိုင်လိုက်သည်.။

“ဘယ်လိုဖြစ်ခဲ့တာလဲ.ကိုယ်မေးကြည့်ချင်တယ်.။အဲ့မှာ Krist နဲ့အတူတွေ့ခဲ့တာမလား..”

မိန်းကလေးပီပီသိချင်စိတ်ဖြင့် yaya သည် Krist ဟူသောနာမည်ကြောင့် စားပွဲပေါ်က ရွှေ့စရာမရှိသော ပစ္စည်းအကြောင်းရှာ ရွှေ့ကာ မသိမသာနားထောင်နေလိုက်သည်.။ P’Sing ကလည်း သူမကို ထွက်သွားပေးဖို့မပြောဘူးလေ.။

“Nuyen က ဂိုထောင်သွားတာပါ.။အဲ့ဒါကို ဘယ်ကသူတွေမှန်းမသိ ရောက်လာပြီ အဟင့် . Nuyen ကို သတ်ဖို့..ဟင့်~~ ပြီးတော့ ဒီဇိုင်းကိုခိုးတာလည်း Krist ခိုင်းတာဆိုပြီး… Nuyen ကိုပါ မတရားကြံစည်~~”

မျက်ရည်တွေကတော့ တမင်ဟန်လုပ်သည်မဟုတ်ပါ.။ ထိုအချိန်က ကမ္ဘာပျက်သကဲ့သို့ တကယ်ကြောက်ခဲ့တာဖြစ်သည်.။ Singto က စိတ်ဝင်တစားနားထောင်နေရင်းမှ စကားပြန်စလာသည်.။

“krist က ဘာလာလုပ်တာလဲ အဲ့ဒီကို ။ ကိုယ်မြင်တော့ သူက ဘေးမှာဒီတိုင်းရပ်နေပြီး  မင်းက ဓားဒဏ်ရာနဲ့လဲကျနေပြီလေ.။ဓားက ဘယ်သူထိုးတာလဲ.”

ဇာတ်ဝင်ခန်းကောင်းကောင်းတစ်ခုကိုကြည့်နေရသကဲ့သို့ အနားမှ yaya သည်လည်း သူတို့ဘက်လှည့်ကာသိသိသာသာပင် နားထောင်နေမိလိုက်တော့သည်.။

“ဓား--ဓားက--”

Nuyen သည် အဖြေမရသလို မျက်လုံးလေးတွေက တောင်စဉ်ရေမရပြေးလွှားနေသည်.။ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးမှ မျက်လုံးစုံမှီတ်ကာ အဖြေစကားတစ်ခွန်းကိုဆိုလိုက်ပါသည်.။

“Krist ဓားနဲ့ထိုးခဲ့တာ~ ”

Yaya ပါးစပ်အဟောင်းသားပွင့်သွားရသည်.။ P’Sing ကိုကြည့်လိုက်တော့ မပျက်မယွင်းမျက်နှာထားနှင့် မှန်းမရသော ရောင်စဉ်ပြေပြေလေးသာ မျက်နှာပေါ်ဖြတ်ပြေးသွားသည်.။

“Krist ကလေ Nuyen တို့ကို ဘာလို့အဲ့လောက်မုန်းနေလဲ မသိတော့ဘူး ဟင့်~ ”

ဒီတစ်ခါ မျက်ရည်ကတော့ ဟန်ဆောင်သည်မှာသေချာပါသည်.။မသိတော့ပါ..။ Sing ကိုပြန်ရယူဖို့ နည်းလမ်းတစ်ခုခုအဖြစ် သက်ေ၇ာက်စေမည်လား မျှော်မှန်းကာ မုသားစကားတစ်ခွန်းဆိုမိပါသည်.။

“အင်း ~ ကိုယ်သိပြီ..။ ဒါဆို နားလိုက်ဦးနော် ။ Special Nurse တစ်ယောက်လွှတ်ပေးလိုက်ပါ yaya..”

“ဟင် သြော် ဟုတ်--ဟုတ်-- P’Sing..”

Singto ထိုင်နေရာမှ အသာထကာ တံခါးဝဆီဦးတည်လိုက်သည်.။သို့ပေမယ့် ကုတင်ခြေရင်းနားအရောက် ခြေလှမ်းရပ်ကာ Nuyen ကို စောင်းငဲ့ကြည့်လိုက်သည်.။

“Krist လက်ဖျံရိုးအက်သွားခဲ့တယ်.။ မင်းကို သတ်ဖို့ကြံခဲ့တဲ့သူတွေက သူ ခိုင်းခဲ့တာဆိုရင် သူ့လက်ထိခိုက်တဲ့ကိစ္စက မင်းရိုက်လိုက်တာလား.”

ရုတ်တရက် တုန့်ပြန်လာမှုကို Nuyen ဘာပြန်ပြောရမှန်းမသိ.။ ယခု Singto က သူမ ပြောသည်ကို မယုံကြည်သည့်အလား အလာဖြစ်နေသည်လား ???

“ကိုယ် မင်းကိုဖြူစင်ရိုးသားတဲ့ မိန်းကလေးအနေနဲ့သိပ်ကိုသဘောကျခဲ့တာ Nuyen.။ ဒါပေမယ့် ခု မင်းအေ၇ာင်တွေစွန်းနေပြီ.။ကိုယ် တကယ်စိတ်မကောင်းဘူး.”

“ကို~~ ဘာ-ဘာကိုဆိုလို?”

“ကိုယ့်ယောကျာ်း က မင်းကို ကယ်တင်ပေးခဲ့တာမလား ??”

“သူ--သူကအဲ့တိုင်းပဲ ပြော~ တာလား ”

ထိုအသုံးအနှုန်းကို Singto တမင်ပင်သုံးလိုက်လေသလား မသိသော်လည်း သူကိုယ်တိုင် စည်းအထပ်ထပ်ခြားပစ်လိုက်သလို ခံစားရသည်ကြောင့် Nuyen မျက်ရည်တွေ ပြိုကျလာရသည်.။

ထပ်မံပါးစပ်အဟောင်းသားပွင့်ရသူကတော့ yaya ပင်ဖြစ်သည်.။ယောကျာ်းရဲ့ ရည်စားဟောင်းကို အထိခိုက်ခံပြီး Krist က ကာကွယ်ခဲ့တယ်လား???

“သူ ကိုယ့်ကို ဘာမှ မရှင်းပြခဲ့ဘူး.။အထင်လွဲစရာအခြေအနေနဲ့တဲ့တိုးကြုံခဲ့တာတောင် သူ မလုပ်ပါဘူးလို့ တစ်ခွန်းမဟခဲ့ဘူး.။ ဒါပေမယ့် ကိုယ်သိနေတယ်. သူမို့လို့ သူမို့လို့ မင်းကို ကယ်တင်ပေးခဲ့တာပါ.။ စိတ်ထားဖြူစင်တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ပဲ နေပါ Nuyen။ ကိုယ် မင်းကို အဲ့လိုပဲ အမြဲမြင်ချင်ပါတယ်.”

အခန်းထဲက ထွက်လာလေတော့ Nuyen ၏ ငိုရှိုက်သံ က နောက်ပါးဆီက ကပ်ပါလာခဲ့သေးသည်.။ Singto သက်ပြင်းမော တစ်ခုချကာ VVIP အခန်းဆီက တစ်ယောက်သောသူရှိရာဆီ လှမ်းလာခဲ့လိုက်သည်.။

အခန်းတံခါးကို အသာဖွင့်ပြီး ၀င်လာတော့ ကုတင်ပေါ်တွင် စားပွဲခုံထုတ်လျက် ထိုင်နေသော Krist .။ပုခုံးတွင် စလွယ်သိုင်းထားသော ပတ်တီးစဖြူက ညာလက်တွင် အဆုံးသတ်သည်.။ ဘယ်လက်က တူတစ်စုံကိုကိုင်ထားကာ နှုတ်ခမ်းထက်စတွင် အနည်းငယ်ပေပွနေသော ခေါက်ဆွဲနှစ်တွေရှိနေ၏။ စားပွဲငယ်ကိုကြည့်လိုက်တော့ အနှစ်များများနှင့် ပဲခေါက်ဆွဲ တစ်ပွဲ..။ သ်ိပ်မကြာသေးသော အတူနေကာလအတွင်းသတိထားမိ သည်က Krist သည် ကိုးရီးယားအစားအသောက်တွေ ကြိုက်နှစ်သက်လေ့ရှီသည်.။

Krist ကုတင်ဘေးကထိုင်ခုံတွင်တော့ Nadech က မနိုင်သည့်ပုံစံဖြင့် ထိုင်ကြည့်နေရာမှ Singto ကိုမြင်တော့ ၀မ်းသာအားရ ထလာသည်.။

“P”Sing လာတာအတော်ပဲဗျာ..။ ဒီမှာ P’Krist က ပဲခေါက်ဆွဲစားချင်တယ်ဆိုလို့ ဆေးရုံနဲ့အဝေးကြီးကနေ ကောင်လေးတစ်ယောက်ကိုသွားဝယ်ခိုင်းထားရတာ.။သူ ညာလက်မသုံးနီုင်တော့ ကျွန်တော် ကျွေးပေးပါမယ်ဆိုတာကိုဗျာ..အတင်းငြင်းနေတယ်.မရမက စားနေတာကိုသာကြည့်ပါတော့”

“မင်းက ဘယ်လိုကျွေးပေးမှာလဲ ??”

“အမ်~~ ဟို ခွံ့ကျွေးပေးမလို့လေ..။သူ့ဘယ်လက်နဲ့အဆင်မပြေ-”

“လိုလို့လား ??”

ဆိုတော့က Nadech မည်သို့ပြောရမည်နည်း.။ ဘယ်လက်နှင့်စားရအဆင်မပြေလို့ ခွံ့ကျွေးပေးမယ်ပြောတာ မလိုဘဲ ရှိမလား.။ဟိုမှာ  တကယ်စားရအဆင်မပြေဖြစ်နေတာ သူလည်းမြင်ရဲ့သားနှင့်.။စိတ်ပေါက်ပေါက်နှင့် ဘုသာတောပစ်လိုက်ချင်တော့သည်.။

“မလိုပါဘူး P’Sing.. ။ P’Sing ပဲကြည့်သာလုပ်တော့ဗျာ..တကယ်ပဲ သူ့ယောကျာ်း ခွံ့ကျွေးမယ်ပြောတာ အသားပဲ့ပါသွားတာကျလို့”

ပြောလည်းပြောချင် ကျယ်ကျယ်လည်းမပြောရဲနှင့် Nadech တစ်ယောက်ပွစိပွစိရေ၇ွတ်ကာ အခန်းထဲမှထွက်ခွာသွားသည်.။ Krist သည်လည်း နှုတ်ခမ်းထက်ပေတလူးခါလျက် သူတို့စကားပြောတာကို အသာကြည့်နေသည်.။

“အဟွန်း~~”

Singto သဘောကျစွာရယ်ရင်း ကုတင်ဘေးစွန်းလေးမှာ အသာဝင်ထိုင်လိုက်သည်.။ Krsit က မျက်မှောင်ကြုံ့ကြည့်သည်။

“ဘာရယ်တာလဲ.??”

အမြဲတစေ သန့်ပြန်ချော့မွေ့ကာ ခပ်ချေချေစတိုင်နှင့်သာ တွေ့ရတတ်သော Krist ကို ယခုကဲ့သို့ အစာ စားတတ်ကာစ ကလေးငယ်တစ်ယောက်လို ပေပွနေတာမြင်ရတော့ မရယ်ချင်ရှိမလားလေ.။သို့ပေမယ့် Singto မျက်နှာပိုးသတ်လိုက်ပါသည်.။ ပန်းကန်ကိုကြည့်လိုက်တော့ တစ်ဝက်မကျိူးသေး.။

“Nadech ကခွံ့ကျွေးပေးမယ်ဆိုတာကို ဘာလို့အတင်းငြင်းနေတာလဲ”

“ကိုယ့်ဘာသာရအောင်စားနိုင်ပါတယ်.။ပြီးတော့ yaya က ဘာလို့မှန်းမသိ နဂိုတည်းကမှ ဟိုကောင်လေး ကျွန်တော့်နားကပ်ရင် မကြည်တာ ခွံ့ကျွေးနေတာသာမြင်ရင် ..အင်း--Nadech Kugimiya ဖြေရှင်းရခက်တော့မယ် အဟားးး  ”

သူ့ဘာသာပြောနေရင်း သတိလွတ်ကာ လှစ်ခနဲရယ်လိုက်သည်ထင်.။ပါးချိူင့်ငယ်ကထင်းခနဲပေါ်လာတော့ အလိုအလျောက်ဆိုသလို Singto နှုတ်ခမ်းတို့ကလည်း ထိုပါးချိူင့်ထက် ဆင်းသက်ပြီးသား..။

Krist ခမျာ ရယ်လျက်သားကနေ ကြောင်အမ်းအမ်းဖြစ်သွားရသည်.။

“ခင်--ခင်ဗျား နှုတ်ခမ်းမှာ ပဲအနှစ်တွေပေ--”

“ဆောရီး..။ ကိုယ်လည်း မင်း ပါးချိူင့်ကိုမြင်ရင်ချက်ချင်းကို နမ်းချင်တာ ထိန်းမရဘူး.”

အေးဆေးသက်သာပင် သူ့နှုတ်ခမ်းထက်မှပေနေသော အနှစ်တစ်ချိူ့ကို လက်ဖြင့်အသာတို့လျက် ပါးစပ်ထဲထည့်လိုက်သည် ကိုမြင်တော့ အဘယ်ကြောင့်ရယ်မသိ Krist မျက်နှာရှိန်းခနဲ ပူတက်သွားရသည်.။

“ပေး!!! ကိုယ် ကျွေးပေးမယ်..။ကိုယ်ကတော့ဘယ်သူမြင်တာကိုမှ ဂရုမစိုက်တတ်ဘူး.”

Krist လက်ထဲမှ တူကိုအသာဆွဲယူကာ ပန်းကန်ထဲ အရင်ထည့်လိုက်သည်.။ဘေးစားပွဲပေါ်က တစ်သျှူးအစိုကို ထုတ်လိုက်ပြီး Krist နှုတ်ခမ်းနှင့် ပါးတစ်ဝိုက်ကို အရင် သန့်စင်ပေးလိုက်သည်.။ Krist သည် ဘာမှမပြောတော့ဘဲ မျက်နှာလေးမော့ကာ အသာငြိမ်နေသည်.။

“ဒါနဲ့ လက်ပဲ နည်းနည်းထိခိုက်တာလေ..။အိမ်ပြန်ပါမယ်ဆို ဘာလို့ဆေးရုံလာတင်ထားတာလဲ.။ ”

“အရိုးအက်သွားတာ.ဆိုတော့ ဘာပဲဖြစ်ဖြစ် စိတ်ချရအောင်လို့ပါ.။ခဏနေ ပြန်ကြမယ်.”

“ခင်ဗျားက ကျွန်တော့် အုပ်ထိန်းသူလား.”

“ကိုယ်က မင်းယောကျာ်းလေ..”

သူ ခွံ့ကျွေးနေတာကိုအသာစားရင်း Krist ငြိမ်နေရပြန်တော့သည်.။ယခင်က krist တစ်ချိန်လုံး ပြောနေသည့် ယောကျာ်း ဆိုသည့် ထိုစကားလုံးက ဘယ်အချိန်ကတည်းက သူက နှုတ်ကျိူးသွားပါလိမ့် ???

“Nuyen ဒီဆေးရုံမှာပဲ မလား .။သက်သာလား ”

“အင်း သက်သာပါတယ်..။ ဒါနဲ့ Krist ကိုယ့်ကို ဖြစ်ပျက်ခဲ့သမျှရဲ့နည်းနည်းလောက်ပဲဖြစ်ဖြစ်ပြောပြချင်လား .။ကိုယ် မင်းကို မယုံလို့မဟုတ်ဘူးဆိုတာတော့ မင်းသိနေပါပြီ.။”

ကုန်စပြုနေပြီဖြစ်သည့် ပန်းကန်ကို ဘေးစားပွဲပေါ်အသာတင်လိုက်ရင်း က Singto သည် မျက်လုံးချင်းဆိုင် သေချာ ကြည့်လာသည်.။

ရှင်းပြဖြေရှင်းခြင်းကို မပြုချင်ခဲ့ပါသော Krist သည် ပထမဆုံးအကြိမ်အနေဖြင့် ကြုံခဲ့ရသမျှကို စီကုံးကာ ကြိုးသီချင်မိသည်.။ 

လေးနက်ညှို့ရီနေသော ထိုမျက်ဝန်းတို့ထက် အရာရာကို ဖွင့်ပြောချင်လောက်အောင် စိတ်တို့ညံ့သက်နေခဲ့မိသည်.။

ကိုယ့်ကိုအကြောင်းပြချက်မရှိယုံကြည်ပေးတဲ့သူကို ကလေးငယ်တစ်ယောက်လို တို်င်တန်းပြောပြချင်သည့်စိတ်ကလေးကလည်း တိုးထွက်လာမိသည်.။

နူးညံ့စွာပြောင်းလဲတတ်ခြင်းတို့ထဲတွင် သူ့အပေါ်ထားသည့် Krist ၏ သဘောထားသည်လည်း ပန်းရင့်ရောင်နယ်မြေထဲ ခြေလှမ်းစနေပြီ ထင်ပ..။

# With heart
Just A dreamer

Continue Reading

You'll Also Like

2.3K 46 9
ဇာတ်လမ်းသည် Bl အမျိုးစားတစ်ခု ဖြစ်တယ်, ပထမဆုံး ဇာတ်လမ်း ဝတ္ထု ဖြစ်လို့ကြိုးစားပီရေးထားခြင်းဖြစ်ပါတယ် အားပေးကျပါ🤗❤ မတူညီသောမျိုးနွယ်နှစ်ခုရဲ့ ချစ်ခြင...
1.7M 105K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
24.8K 3.6K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
10.3K 851 27
မ်က္စိမျမင္သူ ေကာင္ေလးတစ္ေယာက္ကုိ ျမင္ျမင္ခ်င္း သနားဂ႐ုဏာသက္ကာ ေမတၱာသက္ဝင္ခဲ့သူ........ သနားလုိ႔ ခ်စ္ခဲ့တာမွန္ေပမယ့္ သူ႔ကုိစဲြလမ္းခဲ့တာကေတာ့ သနားစိတ...