α€»α€–α€΄α€…α€„α€Ήα€±α€žα€¬α€α€Ία€…α€Ήα€žα€°

By ByunKhinee614

198K 14.7K 389

ChanYeol BaekHyun Yaoi More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13 (Extra)
α€»α€–α€°α€…α€„α€Ήα€±α€žα€¬α€α€Ία€…α€Ήα€žα€°
About Fic Book

Episode 14 ( Extra )

10K 739 10
By ByunKhinee614

သည်းထဲစွာရွာနေသည့် မိုးရေထဲ ကားကို ဂရုတစိုက်မောင်း ရင်း ChanYeol သက်ပြင်းချ နေမိတာ အခါခါ။ အရှေ့ကိုပင် သည်းသည်းကွဲကွဲ မမြင်ရအောင် ရွာနေသည့် မိုးကိုပဲ အပစ်တင်ရမလား… အလုပ်ကိစ္စ အစည်းအဝေးအပြီး ဂျူနီယာတွေနဲ့ သွားသောက်နေ မိတဲ့ ကိုယ့်ကိုကိုပဲ စိတ်တိုရမလားဆိုတာ တောင်မသိ တော့ပေ။

'BaekHyun ခွဲခန်းထဲဝင်သွားပြီ' ဆိုပြီး ဖုန်းဆက်ပြောလာ တဲ့ အမေ့အသံအဆုံး ခြေမကိုင်မိ လက်မကိုင်မိတွေပါ ဖြစ်မိသည်အထိ။

နံနက်ကဆေးရုံပေါ်မှာ နံနက်စာစားနေတုံး အလုပ်ကိစ္စ အစည်းအဝေးသွားစရာ ရှိတယ်ပြောတော့ ငယ်သွားတဲ့ ကောင်လေးရဲ့မျက်နှာဟာ အတွေးထဲပေါ်ပေါ် လာသည်။ သူ့ကိုမသွားပါနဲ့ လို့လဲ မတားရှာပဲ မျက်နှာ ငယ်ဖြင့်သာ လိုက်ကြည့်နေခဲ့တာလေ။

အဲ့မျက်နှာလေးကို မြင်ယောင်မိတော့ ကားကို အရှိန်ပိုမြှင့်ကာ မိုင်ကုန်မောင်းမိ၏။ မီးပွိုင့် ဘယ်နှစ်ခုတွေ ဖြတ်နေမိလည်း ဆိုတာ အခုချိန် ဂရုမစိုက် နိုင်တော့။

ကားကို ဆေးရုံပါကင်မှာတောင် မထိုးနိုင်ပဲ တွေ့တဲ့ နေရာ ထိုးရပ်ကာ ဝရုန်းသုန်းကား ပြေးလွှားပြီး ခွဲစိတ်ခန်းကို ဦးတည်လိုက်သည်။ လမ်းမှာ တိုးတိုက် မိတဲ့ သူနာပြုတွေ လူနာစောင့်တွေကိုပင် အားနာစကား မဆိုနိုင်တော့သည်ထိ။

ခွဲစိတ်ခန်းရှေ့ကိုရောက်တော့ လူနာစောင့်ခုံမှာ ထိုင်နေတဲ့ ကလေးနှစ်ယောက်နဲ့ အမေဖြစ်သူ။

'Daddy!'

သားနဲ့သမီးကပြေးလာပြီး နှုတ်ဆက်တော့ စိုးရိမ်စိတ်ကို ခဏဘေးချိတ်ကာ ပြန်နှုတ်လိုက်သည်။

'aigoo … ခွေးပေါက်လေးတွေ…'

'Daddy… papa လေ daddy ကိုအရမ်းစိတ်ဆိုး နေတယ်'

ကြိုတင်တွေးထားပြီးသား ကိစ္စဆိုပေမယ့် ကလေးတွေစီ ကကြားလိုက်ရတဲ့အခါ ကြက်သီးမွှေးညင်း တောင်ထသွား သည်။ ကိုယ့်အမှားကို သိတာမို့ တောင်းပန်ဖို့က စိတ်ထဲပြင်ဆင်ထားပြီးသား ဆိုပေမယ့် BaekHyun ကိုတော်တော်လေး အားနာစိတ်က ပိုနေသည်။

ကလေးတွေကိုခေါ်ပြီး အမေ့ဘေးသွားထိုင်တော့ မျက်စောင်း ထိုးပြီး ဘုကြည့်ကြည့် ပြန်တော့ ထိုင်ရတာ တောင်ဖင်မဖြောင့်ပြန်။

'နင်သောက်လာတာလား?'

'junior တွေနဲ့ နည်းနည်းပါ'

'နင်ဦးနှောက်မှကောင်းသေးရဲ့လား Park ChanYeol။ due date ကိုမသိတာလဲမဟုတ်။ ဒီနေ့ ဒီချိန် ခွဲမယ်ဆိုတာ သိသိကြီးနဲ့ နင်ဘာအချိုးချိုး လိုက်တာလဲ'

'လေသံလျှော့ပါဗျာ omma ကလဲ။ junior တွေက မတွေ့တာကြာပြီ ဆိုပြီး အတင်းဆွဲခေါ်လို့ ပါသွားတာပါ'

'သူတို့ခေါ်တိုင်းနင်ပါရမှာလား?! BaekHyun ဘယ်လောက် ဒေါသထွက်သွားလဲ နင်သိလား! ဆေးစမ်းတော့လဲ ထိုးလိုက်ရတဲ့ဆေးတွေ… နင့်ကို တစ်ဖက်ကလဲ သူ့မှာ ဖုန်းတွေ တောက်လျှောက်ဆက် နေရှာတာ။ ဖုန်းတောင်ပေါက်ခွဲ ပစ်လိုက်တာ နင်သိလား!'

'ဟမ်? BaekHyun က? ဖုန်းကို? ပေါက်ခွဲ ပစ်တယ်'

'အေး။ သူ့မှာ နင့်ကိုဒေါသတွေ ထွက်ပြီး သွေးတွေ တိုးနေလို့ မေ့ဆေးပေးမရပဲ ငါတို့မှာ အတင်းစိတ်အေး အောင်လုပ်လိုက်ရတယ် အကောင်ရဲ့!'

'သွားပါပြီကွာ'

စိတ်ပျက်စွာ ဆံပင်တွေကို ဆွဲဖွလိုက်ပြီး ဘယ်နှစ်ကြိမ် မြောက်မှန်းမသိသည့် သက်ပြင်းကို ချလိုက်မိပြန်သည်။

'ဒါနဲ့ noona ကိုလဲမတွေ့ပါလား?'

'ဆေးရုံခန်းထဲမှာ အခန်းကို အလုပ်သမားတွေ နဲ့ သန့်ရှင်း ရေးလုပ်နေတယ်။ BaekHyun က သုံးခါမြောက် ခွဲတာဆိုတော့ အနာကျက်ဖို့ ကြာမယ်ပြောတယ်။ ဆေးရုံမှာလဲ ရက်ကြာကြာ နေရမယ့် ပုံပဲ။ ပြီးတော့ ခွဲထားတဲ့ ဒဏ်ရာက ကြီးလို့ရက်တော်တော် လောက်လဲ သူနာနေမှာ။ အဲ့တာကြောင့် မင်းအစ်မက သက်သောင့် သက်သာ ဖြစ်အောင် ကုတင်တွေရော အခင်းတွေရော သူကိုယ်တိုင် လုပ်နေတယ်'

အကုန်လုံး အသီးသီး တာဝန်ယူလုပ်ကိုင်နေကြ ပေမယ့် တာဝန်အရှိဆုံး သူဖြစ်တဲ့ သူကိုယ်တိုင်က ဘာမှကို ဝင်မလုပ်လိုက်ရပေ။

အခုလောလောဆယ်တော့ BaekHyun နဲ့ ကလေး အဆင်ပြေပါစေလို့ ဆုတောင်းရုံကလွဲပြီး သူလုပ်နိုင်တာ ဘာမှမရှိ။

* ဖြူစင်သောချစ်သူ *

အချိန်တော်ကြာ ခွဲခန်းရှေ့စောင့်အပြီး ဆရာဝန်တစ်ယောက် အနှီးလေးဖြင့် ထုပ်ထားသော ကလေးလေးကို ချီကာ ထွက်လာသည်။

'ဆရာ… ဒါကျွန်မမြေးလေးလား'

'ဟုတ်ပါတယ်။ ည 8:36 မိန်စ်မှာမွေးပြီး 7 ပေါင်နဲ့ 11 အောင်စရှိပါတယ်။ ယောက်ျားလေးပါ'

နီရဲ လုံးတစ်နေတဲ့ ကလေးလေးကို ကြည့်ပြီး ChanYeol ထပ်ပြီး ရင်ခုန်မိပြန်သည်။ ပထမဆုံးမဟုတ်ပေမယ့် သူ့အတွက် ခံစားချက်တွေ မပြောင်းလဲခဲ့ပါဘူး။

'ဆရာ BaekHyun ရော ဘယ်လိုနေလဲ မသိဘူး?'

'အကုန်အဆင်ပြေပါတယ်။ ဒါပေမယ့် လူနာက ရှေ့က ကလေးနှစ်ယောက်တုံးကလဲ ခွဲမွေးတာဆိုတော့ အခုတစ်ခါနဲ့ဆို တစ်နေရာထဲကို သုံးကြိမ်ခွဲ သလိုဖြစ်သွားတယ်။ တော်တော်လေး ဂရုစိုက်ရပါလိမ့်မယ်။ အနာကျက်ဖို့လဲ ကြာလိမ့်မယ်။  သနာပြုတစ်ယောက် တော့ အနီးကပ်ပြုစုဖို့ လိုပါမယ်'

'ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်'

'ခုတော့မေ့ဆေးမပျယ်သေးဘူး။ ဒါပေမယ့် နောက် တစ်နာရီလောက်ဆို သတိရလာမှာပါ'

'ဟုတ်ကဲ့ ဆရာ'

စကားပြောနေတုံး ခွဲခန်းထဲမှ သူနာပြု နှစ်ယောက် တစ်ယောက်က ကုတင်ကိုတွန်းရင်း တစ်ယောက်က drip ချိတ်ထားတဲ့ ဆေးပုလင်းကို ကိုင်ရင်း ထွက်လာသည်။

လည်ပင်းထိ တစ်နေရာမှ မပေါ်အောင် ဂွမ်းဆောင် ထူကို ခြုံထားပြီး ဆံပင်ကိုလဲ ဆရာဝန်တွေ ခွဲစိတ်ခန်းထဲ မှာစောင်းသည့် ခေါင်းစွပ်ဖြင့် စွပ်ထားသည်။ နှာခေါင်းမှာလဲ oxygen ပိုက်ဖြင့်။ ကလေးတွေကလဲ သူတို့ papa ကိုကြည့်ပြီး မျက်ရည်လေး တွေဝဲလို့။

'သတိရလာတာနဲ့ ကျွန်တော်တို့ကို ခေါ်ပါ'

'ဟုတ်ကဲ့'

* ဖြူစင်သောချစ်သူ *

10:30 ကျော်ကျော်လောက်မှ BaekHyun သတိပြန်လည် လာတော့သည်။ ကလေးတွေ ရော Mrs.Park တို့လဲ အခုထိကိုမနားရသေးပေ။ အခုလဲ BaekHyun သတိရလာတော့ Yoora ကဆရာဝန်ခေါ် ChanYeol တို့လဲ ပြာပြာသလဲ ဖြစ်ကုန်ကြသည်။

ခဏနေတော့ ဆရာဝန်တွေရောက်လာပြီး …

'Park BaekHyun ssi~ ကျွန်တော့အသံကို ကြားရလား?'

မျက်စိတွေကိုမှိတ်ထားရင်းနဲ့ပဲ BaekHyun ခေါင်းငြိမ့်ပြသည်။

'မျက်စိဖြေးဖြေးချင်းဖွင့်ပြီး ကျွန်တော် လက်ဘယ်နှစ်ချောင်း ထောင်ထားလဲ ပြောပြပေးပါ'

'လေး…ချောင်း'

'နေရတာရော အဆင်ပြေလား?'

'Dr. ကျွန်တော့် ကလေးရော?'

'ကလေးက ကျန်းကျန်းမာမာရှိပါတယ်'

'ကျွန်တော် တွေ့ချင်တယ်'

'ကျွန်တော်တို့ခေါ်လာပေးပါ့မယ်။ BaekHyun ssi သက်သက်သာသာနေနော်'

ဆရာဝန်တွေပြန်ထွက်သွားမှ မိသားစုဝင်တွေ အနားကပ်လို့ ရတော့သည်။

'BaekHyunee အရမ်းနာနေလား?'

'အခုထိတော့ ဆေးမပျယ်သေးတော့ မနာသေးဘူး အမေ'

'နာလာရင်ပြောနော် သား'

'ဟုတ်…။ အမေတို့ ပြန်ချင်ပြန်တော့လေ။ ပင်ပန်းနေပြီ။သားနဲ့ သမီးလဲ မနက်ဖြန် ကျောင်းရှိတယ် ဆိုတော့ အိပ်ချင်နေလောက်ပြီ'

'အင်းး.. ကလေးတွေကို စိတ်မပူနဲ့နော်။ မနက်ဖြန် သူတို့ကျောင်းဆင်းရင် အမေတို့လာခဲ့မယ်နော်'

'ဟုတ်ကဲ့။ ဂရုစိုက်ပြန်နော်'

ChanYeol အနားမှာရှိပေမယ့် BaekHyun စကားပြော ချင်စိတ်မရှိပါ။ ကလေးတွေကို နှုတ်ဆက်ပြီး ဆေးရုံခန်းထဲ နှစ်ယောက်ထဲ ကျန်သည့် အချိန်ထိ နှုတ်ဆိတ်နေကြစဲ။

'ကလေး… ကိုယ့်ကိုစိတ်ဆိုးနေတယ်မလား'

'စိတ်မဆိုးဘူး ဦး။ ကျွန်တော်စိတ်ပျက်သွားတာ'

'ကိုယ်တောင်းပန်ပါတယ်… ကိုယ်တကယ် အချိန်မှီပြန်လာ…'

'မရှင်းပြလဲ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်က ဦးအတွက် ဘာအရေးပါလို့လဲ.. ကိစ္စမရှိပါဘူး။ ကျွန်တော် စိတ်ထဲမထားတော့ဘူး'

'အဲ့လိုမပြောပါနဲ့ကွာ။ ကိုယ့်အတွက် မင်းကအရေးပါဆုံး သူဆိုတာသိရဲ့နဲ့'

'ဟင့်'

'BaekHyun! ဦးတောင်းပန်ပါတယ်။ သွေးနုနေတဲ့ အချိန်မှာတော့မငို ပါနဲ့ကွာနော်'

'စိတ်တိုတယ်'

'အင်းးပါ ကြိုက်သလောက်တိုနော်။ ဒါပေမယ့် အခုတော့ မငိုပါနဲ့… ကျေးဇူးပြုပြီး'

'ကိုယ့်ကိုကိုယ်စိတ်တိုတာ။ အမြဲ နှစ်ခါမချော့ ရတဲ့ ကိုယ့်ကိုကိုယ်!'

'aigooo ကိုယ့်ကလေးလေးကလဲ … အဲ့တာလေးတွေ ကိုချစ်တာပါဆိုမှ'

BaekHyun မျက်နှာ အနှံ့လိုက်နမ်းနေတဲ့ ChanYeol တစ်ယောက်အခုမှ ပဲအသက်ဝဝရှူနိုင်တော့သည်။

'မငိုနဲ့တော့နော်'

'အင်း~'

'ချစ်လိုက်တာ'

'ကျွန်တော်ရောပဲ'

* ဖြူစင်သောချစ်သူ *

[ 5 years later ]

'papa …'

'ဟင်?'

'မီးမီးရေကူးချင်တယ်'

'daddy ကိုပြော'

'papa တို့လဲတကယ်ပဲ။ ဘာလီရောက်တာတောင် ရေကူးပါမယ်ဆို ဟိုသူ့ပြော ဒီသူပြောနဲ့'

'သမီးမှရေမကူးတတ်တာ…'

'ရေစိမ်မှာပေါ့လို့… နော်နော်… papa ကလဲ'

'ok ok … daddy ကိုသွားခေါ်ဦးမယ် အရှေ့မှာ မောင်လေး တွေကိုခေါ်ပြီး စောင့်နေ'

'yes sir!!'

BaekHyun တို့တည်းတဲ့ ဟိုတယ်ခန်းက private အခန်းလေးပင်။ ကိုယ့်အခန်းရှေ့မှာ ရေကူးကန်ရှိပြီး တခြားသူတွေ လာကူးလို့ မရ။ ဟိုတယ်ခန်းနှင့် တစ်ဆက်တည်းဖြစ်သည်။ ရေကူးရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်တော့ jungle ထဲရောက်နေသလို ထင်မှတ်ရအောင် စိမ်းစိုနေသည့် အပင်တွေက မနည်းမနော။ တကယ့်ကို တောထဲမှာ ရေစိမ်နေရ သလို ခံစားမှုမျိုးဖြစ်သည်။

မိသားစုခန်းမို့ အတွင်းခန်းတစ်ခန်းပါပြီး သူတို့နှစ်ယောက် အိပ်သည်။ သူတို့ အခန်းကနေပဲ လျှော တံခါးဖြင့် ကလေးတွေ အိပ်တဲ့အခန်းကို ဆက်ထားသည်မို့ တကယ့်ကိုအဆင်ပြေလှသည်။

BaekHyun သူတို့အခန်းထဲဝင်သွားတော့ အင်္ကျီကျွတ်ဖြင့် ကုတင်ပေါ်ဖုန်းထိုင်ကြည့်နေတဲ့ ChanYeol ကိုတွေ့လိုက်ရသည်။ ခြေရင်းမှာလဲ TV ကြီးကို မကြည့်ပဲ ဖွင့်ထားသေး၏။

'ကလေးတွေက ရေကူးဖို့ခေါ်နေတယ်'

'ဟုတ်လား…။ သွားလိုက်လေ'

'ဦးကလဲ ကျွန်တော် တစ်ယောက်ထဲ မနိုင်ဘူးလေ'

'ဟုတ်သား…။ ကလေးပဲ ပြင်ဖို့လိုတာ အဲ့တာဆိုလဲ… ဒီမှာ ဦးကအဆင်သင့်ပဲ'

'ဒါဆို ကျွန်တော်ပီးရင် ထွက်လာမယ်။ ဦးသွားနှင့်လိုက်'

'ဟုတ်ပြီ'

BaekHyun ရေမကူးခင် တစ်ကိုယ်လုံးကို သန့်ရှင်းသွားအောင် ရေအရင်ချိုးလိုက်သည်။ ရေကူးဘောင်းဘီတိုဖြင့် T-shirt ခပ်ပါးပါး တစ်ထည်ကို ဝတ်ကာ ထွက်လာတော့ ရေကန်ထဲ ဗြောင်းဆန်အောင် ဆော့နေကြတဲ့ သားအဖတွေကိုကြည့်ရင်း ရယ်လိုက်မိသည်။

'Papa မြန်မြန်လာ!!'

ရေထဲဆင်းလိုက်ပြီးမှ BaekHyun လန့်သွားသည်။ ရေက သူ့ရင်ညွှန့်ကျော်လောက် ရှိသည်လေ။ ကလေးတွေ ဆိုမြုပ်မှာသေချာသည်မို့ စိတ်ပူကာ လိုက်ကြည့်တော့ တစ်ယောက်မှ အသက်ကယ် အကူ ပစ္စည်းတစ်ခုမှ မဝတ်ထားကြ။

သမီးဖြစ်သူက ChanYeol လည်ပင်းကိုဖက်ပြီး ခြေထောက်က ခါးကိုခွထားသည်။ သားဖြစ်သူက ဘေးကနေ လက်မောင်းကို ဖက်ထားပြီး ခါးကိုခြေထောက်ဖြင့် ထပ်ခွထားပြန်၏။ အငယ်ဆုံးလေး ကတော့ ကျောပေါ်မှာ သူ့ daddy ကို တင်းနေအောင်ဖက်ပြီး တခစ်ခစ်ဖြင့် ကြောက်လဲ မကြောက် ပျော်တောင်ပျော်နေသည်။

'သားတို့ အသက်ကယ်အင်္ကျီဝတ်ဦးလေ!!'

'ဟင့်အင်းးး!! မဝတ်ချင်ဘူး!! daddy ရှိတယ်မလိုဘူး'

'ဒါဆို daddy ကိုမလွှတ်လိုက်နဲ့နော်။ ဦး ကလေးတွေကို မလွှတ်လိုက်နဲ့နော်'

'သုံးယောက်လုံး ကိုယ်မထိန်းနိုင်ဘူး။ babe လဲလာဦး'

BaekHyun … ChanYeol တို့ရှိတဲ့ နေရာကိုသွား လိုက်တော့ သားနှစ်ယောက်က သူ့နားကပ်လာသည်။ တစ်ယောက်က လည်ပင်းကိုဖက်ပီး အတင်းတွယ်ချိတ် နောက်တစ်ယောက်က ကျောပိုးထားပြန်သည်။ MiYeol ကတော့ ရေကူးသင်မယ်ဆိုပြီး သူ့ daddy နားကကို မခွာပေ။

တကယ်မနိုင်စိန်လေးတွေ…။

* ဖြူစင်သောချစ်သူ *

ညစာစားပြီး တစ်နေ့ကုန်ဆော့ထားကြတဲ့ အရှိန်ဖြင့် ကလေးတွေ အကုန်အိပ်မောကြနေကြသည်။ ညဝတ်အကျီ င်္လဲဝတ်ကာ ကုတင်ပေါ်လှဲနေတုံး ဝိုင်တစ်ပုလင်း ယူကာ အခန်းပြင်ထွက်ခဲ့ဖို့ ခေါ်နေတဲ့ ChanYeol ကြောင့် BaekHyun ထသွားလိုက်သည်။

ရေကူးကန်နှင့် အခန်းဆက်ထားတဲ့ မှန်တံခါးကို တွန်းဖွင့်လိုက်ကာ ဘေးကိုဝင်ထိုင်လိုက်တော့ အကျီ င်္ချွတ်ကာ ရေထဲ ဆင်းသွားသော ChanYeol ကြောင့် ကြောင်အအပင် ဖြစ်သွားသည်။

'နေ့ခင်းတုံးက ကလေးတွေနဲ့မို့ ကောင်းကောင်း မကူး လိုက်ရဘူး'

BaekHyun ဝိုင်တစ်ဂွတ်သောက်လိုက်ပြီး သူ့အနားကို ပြန်ကူးလာတဲ့ ChanYeol ကိုခွက်တစ်ခွက် လှမ်းကာပေးလိုက်သည်။

ChanYeol က BaekHyun ထိုင်နေသည့် ရေကူးကန်ဘောင်ပေါ် လက်တင်ကာ ဝိုင်ကို အရသာခံပြီး သေချာသောက်နေ၏။

'အခုချိန်ကတကယ့်ကို ကျွန်တော်တို့ဘဝရဲ့ paradise ပဲနော်'

'အင်း…။ အဲ့ထပ်တောင်ပိုဦးမယ်။'

'လူတွေအများကြီးထဲကမှ ဦးရွေးချယ်တဲ့သူက ကျွန်တော် ဖြစ်နေလို့ တကယ် ကျေးဇူးတင်တယ်'

'ဦးလဲတူတူပဲ။ မင်းလေး ချစ်တဲ့သူဖြစ်နေလို့ တကယ် ကျေနပ်ပီး ချစ်ပေးလို့ ကျေးဇူးလဲတင်တယ်'

တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဆုံနေတုန်း BaekHyun လက်ကနေ ရေကန်ထဲက ဆွဲချလိုက်သည်။

'ဟာ … ဦး… စို…'

စကားပင်ပြီးအောင် မပြောလိုက်ရပါပဲ BaekHyun နှုတ်ခမ်းတွေကို ChanYeol အပိုင်သိမ်းလိုက်သည်။

နူညံ့ပါးလွှာတဲ့ နှုတ်ခမ်းလေးကို အမိအရ စုပ်ယူနမ်းရှိုက်ရင်း အချိန်တစ်ခုကို မေ့လင့်ထားခဲ့၏။ BaekHyun လက်တွေက ChanYeol ဂုတ်ကို ဖက်တွယ်ထားပြီး အနမ်းတွေကို အားမရဖြစ်တာ သူ့ခြေထောက်တွေကပါ ChanYeol ခါးကို ချိတ်တွယ်လိုက် ပြီး ပိုမို သိပ်သည်းသည့် အနမ်းအဖြစ် ဖန်တီးစေသည်။

တင်ပါးအောက်မှ BaekHyun ကိုပွေ့ချီကာ ရေကန်ဘောင်ကို ကပ်လိုက်ပြီး အပြီးအသတ်နိုင်သည့် အနမ်းပင်လယ်ထဲ အချိန်ကြာမြင့်စွာ ကူးခတ်နေကြသည်။

ဒီထက်ပိုပြီး ပိုပြီး အနမ်းတွေပေးချင်တယ်…

ဒီထက်ပိုပြီး …

'ဦးး…'

ရင်ဘတ်ကိုတွန်းလိုက်တဲ့ BaekHyun ကြောင့် နမ်းနေတာကို ရပ်လိုက်သော်ငြား ChanYeol ရဲ့ အနမ်းတွေဟာ BaekHyun လည်တိုင်တစ်လျှောက် နမ်းရှုံ့နေ၏။

'အာ့ … ဦးး'

ခပ်ဖွဖွလေးနမ်လိုက် … အသည်းယားစွာ စုပ်ယူလိုက်… သွားဖြင့် တတိတိကိုက်လိုက်ဖြင့် ကျီစယ်နေသည်။

'ဦး…'

'ဟင်?'

'အခန်းထဲသွားမယ်'

ChanYeol သဘောကျစွာပြုံးလိုက်ပြီး BaekHyun ကို ပွေ့ချီကာ သူတို့အခန်းသို့ ဦးတည်လိုက်သည်။

သူတို့ဘဝမှာ ဘာဆိုဘာမှမလိုအပ်တော့ပါဘူး…

အတူရှိနေတဲ့အချိန်တိုင်းဟာ တန်ဖိုးထား ကြည်နူးစရာ paradise တစ်ခုဖြစ်နေလို့~~

ဒီအချိန်လေး…

ဒီအချိန်လေးတိုင်းဟာ ပြည့်စုံနေပြီလေ။










The End
--
တကယ်ပြီးပါပီ။ no more extra ပါ။

ပြီးတော့ ဒီစာအုပ်လေးကို fic book ထုပ်မှာမို့ order လုပ်ချင်တယ်ဆိုရင် message လာပို့ပေးပါ။ မြန်လာလို့ ပို့ရင် ဖတ်လို့မရလို့ myanglish လိုပို့ပေးပါနော်။

thank u all

Continue Reading

You'll Also Like

10.8K 2K 20
ΰΆ’ΰ·“ΰ·€ΰ·’ΰΆ­ΰ·š ΰΆ΄ΰ·Šβ€ΰΆ»ΰ·šΰΆΈΰΆ±ΰ·“ΰΆΊ ΰΆ΄ΰΆ»ΰ·’ΰΆ ΰ·ŠΰΆ‘ΰ·šΰΆ― ΰΆ½ΰ·’ΰΆΊΰ·€ΰ·”ΰΆ±ΰ·šΰΆΈ ΰΆ†ΰΆ―ΰΆ»ΰΆ±ΰ·“ΰΆΊ ΰ·„ΰΆΈΰ·”ΰ·€ΰ·“ΰΆΈΰ·Š ΰΆ‘ΰΆšΰ·ŠΰΆš.... ......❀️
45.9K 6.6K 41
"αž αž„αŸ’αžŸαž˜αŸ‚αž“αž‘αŸ?β€‹αžαŸ’αžšαžΉαž˜αžαŸ‚αž˜αž½αž™αž”αŸ‰αž”αŸ’αžšαž·αž…αž—αŸ’αž“αŸ‚αž€αž™αžΎαž„αž“αžΉαž„αž’αŸ’αžœαžΎαž’αŸ„αž™αž αž„αŸ’αžŸαž˜αž½αž™αž“αŸ„αŸ‡αž”αžΆαž€αŸ‹αžŸαŸ’αž›αžΆαž” αž αžΎαž™αž αž„αŸ’αžŸαžŠαŸαžŸαŸ’αžšαžŸαŸ‹αžŸαŸ’αž’αžΆαžαž“αŸ„αŸ‡αžαŸ’αžšαžΌαžœαžŸαŸ’αžαž·αžαž€αŸ’αž“αž»αž„αž€αž˜αŸ’αž˜αžŸαž·αž‘αŸ’αž’αž™αžΎαž„αž˜αŸ’αž“αžΆαž€αŸ‹αž‚αžαŸ‹"αž‡αž»αž„αž αŸ’αž‚αž»αž€ "αž™αžΎαž„αžŠαžΉαž„αž–αžΈαž’αŸ’αžœαžΈαž‘...
68K 5K 65
αž•αŸ‚αž“αžŠαžΈαž€αŸ’αžšαž‘αžΆαž”αŸ‹αž…αžΆαž€αŸ‹ αž˜αž“αž»αžŸαŸ’αžŸαžŸαŸ’αž’αžΈαžαžΆαŸ†αž„αž–αžΈαž€αŸ†αž›αŸ„αŸ‡αž˜αž€αžŠαž›αŸ‹αž–αŸ„αŸ‡αž˜αŸ‰αžΆαž™αž€αžΌαž“αž”αŸ’αžšαžΆαŸ†αž αžΎαž™ αžšαž€αž”αŸ’αžšαž–αž“αŸ’αž’αž‡αžΆαž”αŸ‹αž›αžΆαž”αŸ‹αž“αž·αž„αž‚αŸαŸ‘αž€αŸαž‚αŸ’αž˜αžΆαž“ αž˜αž·αž“αž˜αŸ‚αž“αž›αŸ‚αž„αž›αŸ‡αž‘αŸ…αž―αžŽαžΆαž‘αŸ αž‚αžΊαž–αž½αž€αž‚αŸαž“αž·αž„αžŸαŸ’αž›αžΆαž”αŸ‹αžŠαŸ„αž™αž‚αŸ’αž˜αžΆαž“αž˜αžΌαž›αž αŸαžαž»αž“αŸ…αžŠαŸ‚αž›...
8.9K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot