Deep Inside My Heart ✅

_KimAlice_ tarafından

24.6K 3K 484

Main Cast - Kim Seokjin X OC Genre - Mystery , Drama { Zaw Gyi + Unicode } -Written in Burmese- Daha Fazla

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Coming Soon
Part 19
Part 20
Part 21
Part 22
FINAL

Part 8

870 145 10
_KimAlice_ tarafından

(Zaw Gyi)

" ကို..ဒါဘယ္ေနရာလဲ! "

" ကိုယ့္တိုက္ခန္းေလ.."

" ဘယ္လို! "

" မနက္က ကိုယ္တို႔ Bar သြားရင္းနဲ႔ေလ..Yuri ေသာက္တာ မ်ားသြားတယ္ထင္တယ္..
အရမ္းမူးၿပီး အိပ္ေပ်ာ္သြားေတာ့ တိုက္ခန္းကိုပဲေခၚလာလိုက္တာ..
အခု ဘယ္လိုေနလဲ ေခါင္းေတြဘာေတြမူးေနေသးလား.."

မျဖစ္ႏိုင္တာ..Yuri က ဒါမ်ိဳးေတြအၿမဲေသာက္ေနက်ပါ..။
ေတာ္ရံုဆို မမူးတတ္ဘူး..။

ုေလာေလာဆယ္ေတာ့ သူမ ဒီေနရာမွာ ဘယ္လိုမွဆက္ေနခ်င္စိတ္မရွိေပ။ ဆက္မေနရဲတာဆိုပိုမွန္လိမ့္မည္။

ဟုတ္တယ္..အခုခ်က္ခ်င္းျပန္ရမယ္..။

" Yuri သက္သာသြားပါၿပီ..
ေခါင္းလည္းမမူးေတာ့ဘူး..ဒါဆို Yuri ျပန္ေတာ့မယ္.."

ေျပာၿပီး ကုတင္ေပၚမွ ဆင္းမည္အလုပ္..။

" ေနပါဦး Yuri ရဲ႕..အေအးေသာက္သြားပါဦး.."

" ဟင့္အင္း..မေသာက္ေတာ့ဘူး ကို "

" ဘာလို႔လဲ..ေနပါဦးကြာ..
ကို႔အိမ္အသစ္ကို နည္းနည္းပါးပါးၾကည့္မသြားေတာ့ဘူးလား.."

" Yuri ေမ့ေနတာ..ဒီေန႔အလုပ္ကိစၥ ခ်ိန္းထားတာရွိေသးတယ္ အဲ့ဒါသြားရမွာမို႔.."

" ေအာ္..ၿပီးေရာေလ..ဒါဆို ကိုယ္ေအာက္ထိလိုက္ပို႔ေပးမယ္ လာ.."

သူ႔ကို ေခါင္းၿငိမ့္ျပလိုက္ၿပီး အခန္းထဲမွအျမန္ဆံုးထြက္လိုက္မိသည္။

🍀🍀🍀

တင္...

ဓာတ္ေလွကားတံခါးပြင့္ေတာ့ ႏွစ္ေယာက္လံုးအျပင္ထြက္လိုက္ၾကၿပီး Yuri သူ႔ဘက္လွည့္ၿပီး ခပ္သြက္သြက္နႈတ္ဆက္လိုက္သည္။

" ဒါဆို Yuri သြားေတာ့မယ္ ကို.."

" Taxi လိုက္ငွားေပးရဦးမလား.."

" ရတယ္! သြားၿပီေနာ္.."

သူမက သူ႔ကို စကားစ ျဖတ္ၿပီး လွည့္အထြက္..
တစ္ဖက္မ်က္ႏွာခ်င္းဆိုင္မွ ေျပးဝင္လာေသာ မိန္းကေလးတစ္ဦးႏွင့္ ႐ုတ္တရက္ ဝင္တိုက္မိေလသည္။

" အ! "

တစ္ဖက္ကလည္း အရွိန္ျဖင့္ေျပးလာတာေၾကာင့္ ဝင္တိုက္မိတဲ့ တစ္ေယာက္ေရာ သူမပါ ႏွစ္ေယာက္လံုး ေနာက္ျပန္ထိုင္လ်က္ လဲက်သြားမိသည္။
ကိုယ့္ရဲ႕နာက်င္မႈကိုသာ အာရံုစိုက္ေနမိတာေၾကာင့္ ထိုမိန္းကေလးကို ေသခ်ာမၾကည့္မိေပ။

" Yuri ရရဲ႕လား.."

Seokjin က သူမရွိရာသို႔ေျပးလာၿပီး စိုးရိမ္တႀကီးႏွင့္ေမးလာ၏။ သူ႔ကို ေခါင္းအသာၿငိမ့္ျပၿပီး ႀကိဳးစား၍မတ္တပ္ရပ္လိုက္၏။

" ေတာင္းပန္ပါတယ္..မျမင္လိုက္မိလို႔ "

မ်က္ႏွာခ်င္းဆိုင္ရွိ မိန္းကေလးဆီမွ ထြက္ေပၚလာေသာ ေအးတိေအးစက္ အသံ။ သူမႏွင့္ အလြန္တရာမွရင္းႏွီးခဲ့ဖူးသည့္ ထိုအသံေၾကာင့္ ရင္ထဲဒိန္းခနဲျဖစ္သြားရ၏။ ထင္ထားသည့္အတိုင္း မျဖစ္ပါေစနဲ႔ဟုဆုေတာင္းကာ ထိုမိန္းကေလးအား မဝံ့မရဲ ၾကည့္လိုက္မိေတာ့ သူမ ဆုေတာင္းမျပည့္ခဲ့ေပ။
ေၾကာက္ေၾကာက္လန္႔လန္႔ႏွင့္ အာေခါင္ျခစ္ေအာ္ဟစ္လိုက္မိ၏။

" အားးး..."

သူမ...!
သူမ မေသပါလား..။ ဒါမွမဟုတ္ သရဲမ်ားလား။

ဘာကိုမွမစဥ္းစားႏိုင္ေတာ့ဘဲ စိတ္အာရံုတစ္ခုလံုးေထြျပားသြားၿပီး ထိုေနရာမွာတင္ သူမ၏ကမာၻမွာ အေမွာင္အတိက်သြားေလေတာ့သည္။

" Yuri...Yuri ! "

🍀🍀🍀

" Yuri...ႏိုးလာၿပီလား
သက္သာရဲ႕လား.."

သူမ၏မ်က္ဝန္းမ်ား တစ္ျဖည္းျဖည္းခ်င္း ပြင့္လာတာ ျမင္ေတာ့မွ သူစိတ္ေအးသြားရသည္။
သူမ ႐ုတ္တရက္ႀကီး ေမ့လဲသြားေတာ့ တကယ္စိတ္ပူသြားခဲ့တာ...။

" အခု အဆင္ေျပရဲ႕လား..
Yuri ေမ့လဲသြားေတာ့ ကိုယ္ေလ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္သြားတာ..
ေဒါက္တာ့ကို အျမန္ဖုန္းဆက္ေခၚရတယ္..
ေဒါက္တာကေတာ့ စိတ္ဖိစီးမႈေတြမ်ားလြန္းလို႔ျဖစ္တာပါတဲ့..
စိတ္ပူစရာမရွိဘူးလို႔ေျပာတယ္.."

" အင္း..ရပါတယ္ ကို..စိတ္မပူနဲ႔ေတာ့..
Yuri သက္သာေနပါၿပီ..ျပန္ေတာ့မယ္ အခု! "

သက္သာေနၿပီသာေျပာတယ္။
သူမကိုၾကည့္ရတာ အေတာ့္ကိုအားနည္းေနသည့္ပံုစံ။
ၿပီးေတာ့....တစ္စံုတစ္ခုကို ေၾကာက္လန္႔ေနသည္မွာ သူမ မ်က္ႏွာထက္၌အတိုင္းသား ေပၚလြင္ေနေပသည္။

" အင္းပါ..ကိုယ္မင္းရဲ႕ Driver ကို ိုဖုန္းဆက္ေခၚေပးမယ္..Taxi နဲ႔မျပန္နဲ႔ေတာ့ စိတ္မခ်လို႔.."

အခုခ်ိန္မွာေတာ့ သူမအား ဘာကိုမွသြားမေမးခ်င္ေသးေပ။
သူမသာ ဆိုးဆိုးရြားရြားတစ္ခုခုထပ္ျဖစ္ခဲ့လွ်င္ သူ႔ကိုယ္သူ အျပစ္တင္လို႔ဆံုးမွာမဟုတ္။

Yuri ရယ္..ကိုယ့္ကို မေျပာျပႏိုင္ဘဲ ဘာေတြကိုမ်ား ဒီေလာက္ေတာင္ ဖံုးကြယ္ထားရတာလဲ...။

🍀🍀🍀

တစ္ေနကုန္ စာထိုင္ေရးေနရင္း နာရီေတာင္မၾကည့္မိ။
ေန႔လည္ တစ္နာရီပင္ေက်ာ္ေနေလၿပီ။

ဒါေၾကာင့္မို႔ ဗိုက္ထဲက တဂြီဂြီနဲ႔ ပြဲၾကမ္းေနတာကိုး..။

တစ္ခုခုေတာ့စားမွျဖစ္ေတာ့မည္ ျဖစ္သျဖင့္ မီးဖိုေခ်ာင္ထဲဝင္ၿပီး ရွာေဖြေရးလုပ္လိုက္သည့္သကာလ ထြက္လာသည္က ေခါက္ဆြဲျပဳတ္တစ္ထုပ္သာ။

မတတ္ႏိုင္ေပ။ ေနာက္ေန႔မွ ေစ်းထြက္ဝယ္ရဦးမည္။

ေလာေလာဆယ္ေတာ့ စားစရာဟူ၍ ေခါက္ဆြဲျပဳတ္တစ္ထုပ္သာ ရွိသည္မို႔ ေန႔လည္စာအတြက္ Kim Seokjin တို႔
ထိုအရာျဖင့္ပင္ ဗိုက္ျဖည့္ရေပဦးမည္...။

ေရေႏြးအိုးတည္ၿပီး ေစာင့္ေနတုန္း စိတ္တို႔က သူမဆီေရာက္သြားရျပန္၏။
Yuri အဆင္မွေျပရဲ႕လား..။

မနက္က႐ုတ္တရက္ျဖစ္ပ်က္သြားခဲ့ေသာ အေၾကာင္းအရာတို႔သည္ သူ႔စိတ္ထဲ မရွင္းမလင္းႏွင့္ ရွိေနေလ၏။

Yuri နဲ႔ဝင္တိုက္မိခဲ့တဲ့ ေဘးခန္းက ထိုမိန္းကေလး..
Kang SoAh..။
သူမနဲ႔ Yuri နဲ႔က ရင္းႏွီးၾကတာလား။
ထိုမိန္းကေလးကို ျမင္ေတာ့ ျဖစ္သြားခဲ့သည့္ Yuri ၏မ်က္ႏွာကို သူအခုခ်ိန္ထိ အဓိပၸာယ္ေဖာ္လို႔မရေသး။
သူ႔ကိုနႈတ္ဆက္ေနသည့္အခ်ိန္အထိ အေကာင္းႀကီးရွိေနခဲ့သည့္ သူမက ႐ုတ္တရက္ႀကီးေမ့လဲသြားခဲ့တာ ထိုမိန္းကေလးေၾကာင့္မ်ားလား..။
ဒါဆို သူမတို႔ႏွစ္ေယာက္က ဘယ္လိုေတြပတ္သက္ေနတာပါလိမ့္။

ဟုတ္ပါတယ္..သူ႔မွာ နားမလည္ႏိုင္စြာျဖင့္ ေမးခြန္းေတြအမ်ားႀကီးရွိေနခဲ့ေပမယ့္ Yuri က်န္းမာေရးကို စိုးရိမ္တာေၾကာင့္ မနက္က ဘာကိုမွမေမးဘဲ မသိခ်င္ေယာင္ေဆာင္ေနခဲ့လိုက္တာ...။

သိပ္မၾကာခင္မွာ ကိုယ္အားလံုးကို ရွင္းရွင္းလင္းလင္းသိေအာင္လုပ္သြားမွာ Yuri..။

To be continued......🍀

စာေမးပြဲကို ေအာင္ျမင္စြာေျဖဆိုၿပီး ျပန္လာပါၿပီလို႔ 😗
ေမ့ေနၾကၿပီထင္တယ္..😢

( 22.10.18 )
#Kim_Alice
______________________________
(Unicode)

" ကို..ဒါဘယ်နေရာလဲ! "

" ကိုယ့်တိုက်ခန်းလေ.."

" ဘယ်လို! "

" မနက်က ကိုယ်တို့ Bar သွားရင်းနဲ့လေ..Yuri သောက်တာ များသွားတယ်ထင်တယ်..
အရမ်းမူးပြီး အိပ်ပျော်သွားတော့ တိုက်ခန်းကိုပဲခေါ်လာလိုက်တာ..
အခု ဘယ်လိုနေလဲ ခေါင်းတွေဘာတွေမူးနေသေးလား.."

မဖြစ်နိုင်တာ..Yuri က ဒါမျိုးတွေအမြဲသောက်နေကျပါ..။
တော်ရုံဆို မမူးတတ်ဘူး..။

ုလောလောဆယ်တော့ သူမ ဒီနေရာမှာ ဘယ်လိုမှဆက်နေချင်စိတ်မရှိပေ။ ဆက်မနေရဲတာဆိုပိုမှန်လိမ့်မည်။

ဟုတ်တယ်..အခုချက်ချင်းပြန်ရမယ်..။

" Yuri သက်သာသွားပါပြီ..
ခေါင်းလည်းမမူးတော့ဘူး..ဒါဆို Yuri ပြန်တော့မယ်.."

ပြောပြီး ကုတင်ပေါ်မှ ဆင်းမည်အလုပ်..။

" နေပါဦး Yuri ရဲ့..အအေးသောက်သွားပါဦး.."

" ဟင့်အင်း..မသောက်တော့ဘူး ကို "

" ဘာလို့လဲ..နေပါဦးကွာ..
ကို့အိမ်အသစ်ကို နည်းနည်းပါးပါးကြည့်မသွားတော့ဘူးလား.."

" Yuri မေ့နေတာ..ဒီနေ့အလုပ်ကိစ္စ ချိန်းထားတာရှိသေးတယ် အဲ့ဒါသွားရမှာမို့.."

" အော်..ပြီးရောလေ..ဒါဆို ကိုယ်အောက်ထိလိုက်ပို့ပေးမယ် လာ.."

သူ့ကို ခေါင်းငြိမ့်ပြလိုက်ပြီး အခန်းထဲမှအမြန်ဆုံးထွက်လိုက်မိသည်။

🍀🍀🍀

တင်...

ဓာတ်လှေကားတံခါးပွင့်တော့ နှစ်ယောက်လုံးအပြင်ထွက်လိုက်ကြပြီး Yuri သူ့ဘက်လှည့်ပြီး ခပ်သွက်သွက်နှုတ်ဆက်လိုက်သည်။

" ဒါဆို Yuri သွားတော့မယ် ကို.."

" Taxi လိုက်ငှားပေးရဦးမလား.."

" ရတယ်! သွားပြီနော်.."

သူမက သူ့ကို စကားစ ဖြတ်ပြီး လှည့်အထွက်..
တစ်ဖက်မျက်နှာချင်းဆိုင်မှ ပြေးဝင်လာသော မိန်းကလေးတစ်ဦးနှင့် ရုတ်တရက် ဝင်တိုက်မိလေသည်။

" အ! "

တစ်ဖက်ကလည်း အရှိန်ဖြင့်ပြေးလာတာကြောင့် ဝင်တိုက်မိတဲ့ တစ်ယောက်ရော သူမပါ နှစ်ယောက်လုံး နောက်ပြန်ထိုင်လျက် လဲကျသွားမိသည်။
ကိုယ့်ရဲ့နာကျင်မှုကိုသာ အာရုံစိုက်နေမိတာကြောင့် ထိုမိန်းကလေးကို သေချာမကြည့်မိပေ။

" Yuri ရရဲ့လား.."

Seokjin က သူမရှိရာသို့ပြေးလာပြီး စိုးရိမ်တကြီးနှင့်မေးလာ၏။ သူ့ကို ခေါင်းအသာငြိမ့်ပြပြီး ကြိုးစား၍မတ်တပ်ရပ်လိုက်၏။

" တောင်းပန်ပါတယ်..မမြင်လိုက်မိလို့ "

မျက်နှာချင်းဆိုင်ရှိ မိန်းကလေးဆီမှ ထွက်ပေါ်လာသော အေးတိအေးစက် အသံ။ သူမနှင့် အလွန်တရာမှရင်းနှီးခဲ့ဖူးသည့် ထိုအသံကြောင့် ရင်ထဲဒိန်းခနဲဖြစ်သွားရ၏။ ထင်ထားသည့်အတိုင်း မဖြစ်ပါစေနဲ့ဟုဆုတောင်းကာ ထိုမိန်းကလေးအား မဝံ့မရဲ ကြည့်လိုက်မိတော့ သူမ ဆုတောင်းမပြည့်ခဲ့ပေ။
ကြောက်ကြောက်လန့်လန့်နှင့် အာခေါင်ခြစ်အော်ဟစ်လိုက်မိ၏။

" အားးး..."

သူမ...!
သူမ မသေပါလား..။ ဒါမှမဟုတ် သရဲများလား။

ဘာကိုမှမစဉ်းစားနိုင်တော့ဘဲ စိတ်အာရုံတစ်ခုလုံးထွေပြားသွားပြီး ထိုနေရာမှာတင် သူမ၏ကမ္ဘာမှာ အမှောင်အတိကျသွားလေတော့သည်။

" Yuri...Yuri ! "

🍀🍀🍀

" Yuri...နိုးလာပြီလား
သက်သာရဲ့လား.."

သူမ၏မျက်ဝန်းများ တစ်ဖြည်းဖြည်းချင်း ပွင့်လာတာ မြင်တော့မှ သူစိတ်အေးသွားရသည်။
သူမ ရုတ်တရက်ကြီး မေ့လဲသွားတော့ တကယ်စိတ်ပူသွားခဲ့တာ...။

" အခု အဆင်ပြေရဲ့လား..
Yuri မေ့လဲသွားတော့ ကိုယ်လေ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားတာ..
ဒေါက်တာ့ကို အမြန်ဖုန်းဆက်ခေါ်ရတယ်..
ဒေါက်တာကတော့ စိတ်ဖိစီးမှုတွေများလွန်းလို့ဖြစ်တာပါတဲ့..
စိတ်ပူစရာမရှိဘူးလို့ပြောတယ်.."

" အင်း..ရပါတယ် ကို..စိတ်မပူနဲ့တော့..
Yuri သက်သာနေပါပြီ..ပြန်တော့မယ် အခု! "

သက်သာနေပြီသာပြောတယ်။
သူမကိုကြည့်ရတာ အတော့်ကိုအားနည်းနေသည့်ပုံစံ။
ပြီးတော့....တစ်စုံတစ်ခုကို ကြောက်လန့်နေသည်မှာ သူမ မျက်နှာထက်၌အတိုင်းသား ပေါ်လွင်နေပေသည်။

" အင်းပါ..ကိုယ်မင်းရဲ့ Driver ကိုဖုန်းဆက်ခေါ်ပေးမယ်..Taxi နဲ့မပြန်နဲ့တော့ စိတ်မချလို့.."

အခုချိန်မှာတော့ သူမအား ဘာကိုမှသွားမမေးချင်သေးပေ။
သူမသာ ဆိုးဆိုးရွားရွားတစ်ခုခုထပ်ဖြစ်ခဲ့လျှင် သူ့ကိုယ်သူ အပြစ်တင်လို့ဆုံးမှာမဟုတ်။

Yuri ရယ်..ကိုယ့်ကို မပြောပြနိုင်ဘဲ ဘာတွေကိုများ ဒီလောက်တောင် ဖုံးကွယ်ထားရတာလဲ...။

🍀🍀🍀

တစ်နေကုန် စာထိုင်ရေးနေရင်း နာရီတောင်မကြည့်မိ။
နေ့လည် တစ်နာရီပင်ကျော်နေလေပြီ။

ဒါကြောင့်မို့ ဗိုက်ထဲက တဂွီဂွီနဲ့ ပွဲကြမ်းနေတာကိုး..။

တစ်ခုခုတော့စားမှဖြစ်တော့မည် ဖြစ်သဖြင့် မီးဖိုချောင်ထဲဝင်ပြီး ရှာဖွေရေးလုပ်လိုက်သည့်သကာလ ထွက်လာသည်က ခေါက်ဆွဲပြုတ်တစ်ထုပ်သာ။

မတတ်နိုင်ပေ။ နောက်နေ့မှ ဈေးထွက်ဝယ်ရဦးမည်။

လောလောဆယ်တော့ စားစရာဟူ၍ ခေါက်ဆွဲပြုတ်တစ်ထုပ်သာ ရှိသည်မို့ နေ့လည်စာအတွက် Kim Seokjin တို့
ထိုအရာဖြင့်ပင် ဗိုက်ဖြည့်ရပေဦးမည်...။

ရေနွေးအိုးတည်ပြီး စောင့်နေတုန်း စိတ်တို့က သူမဆီရောက်သွားရပြန်၏။
Yuri အဆင်မှပြေရဲ့လား..။

မနက်ကရုတ်တရက်ဖြစ်ပျက်သွားခဲ့သော အကြောင်းအရာတို့သည် သူ့စိတ်ထဲ မရှင်းမလင်းနှင့် ရှိနေလေ၏။

Yuri နဲ့ဝင်တိုက်မိခဲ့တဲ့ ဘေးခန်းက ထိုမိန်းကလေး..
Kang SoAh..။
သူမနဲ့ Yuri နဲ့က ရင်းနှီးကြတာလား။
ထိုမိန်းကလေးကို မြင်တော့ ဖြစ်သွားခဲ့သည့် Yuri ၏မျက်နှာကို သူအခုချိန်ထိ အဓိပ္ပာယ်ဖော်လို့မရသေး။
သူ့ကိုနှုတ်ဆက်နေသည့်အချိန်အထိ အကောင်းကြီးရှိနေခဲ့သည့် သူမက ရုတ်တရက်ကြီးမေ့လဲသွားခဲ့တာ ထိုမိန်းကလေးကြောင့်များလား..။
ဒါဆို သူမတို့နှစ်ယောက်က ဘယ်လိုတွေပတ်သက်နေတာပါလိမ့်။

ဟုတ်ပါတယ်..သူ့မှာ နားမလည်နိုင်စွာဖြင့် မေးခွန်းတွေအများကြီးရှိနေခဲ့ပေမယ့် Yuri ကျန်းမာရေးကို စိုးရိမ်တာကြောင့် မနက်က ဘာကိုမှမမေးဘဲ မသိချင်ယောင်ဆောင်နေခဲ့လိုက်တာ...။

သိပ်မကြာခင်မှာ ကိုယ်အားလုံးကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်သွားမှာ Yuri..။

To be continued......🍀

စာမေးပွဲကို အောင်မြင်စွာဖြေဆိုပြီး ပြန်လာပါပြီလို့ 😗
မေ့နေကြပြီထင်တယ်..😢

( 22.10.18 )
#Kim_Alice

Okumaya devam et

Bunları da Beğeneceksin

346K 21.8K 44
ទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
28.8K 3.2K 13
Casts- Jung Hoseok X oc We may hate each other but somehow we fell in love....💜
132K 14.8K 35
If u like to be alone or love someone in pain, just enjoy it!!! 💙
105K 8.6K 15
The Destiny Chose Us ❤