Baby Piggy (Completed)
By BibiUChuu
37.8K 3K 391
Panwink Boy×Boy Wanna One More
2
Introduce
1
3
4
5
6
7
8
9
10
11
12(part-1)
12(part-2)
12(part-3)
13
14(part-1)
14(part-2)
အသိ​ပေးခြင်း
15
16
17
18(part-1)
18(part-2)
19
21(part-1)
21(part-2)
22(Holloween Special)
23
24
25(Final)
Extra-1
Extra-2
Extra-3
20
627 72 12
By BibiUChuu
     JinYoungနဲ့DaeHwiတို့ ည​နေစာချက်​ဖို့ ပြင်​ဆင်​​နေတုန်း KuanLinနဲ့ JiHoonတို့ မီးဖို​ချောင်​ထဲ ဝင်​လာကြတယ်​..
"ဟာ..​..​ဟေ့..​ဟေ့ Bae JinYoung
မင်းလက်​ထဲက စပျစ်​ဝိုင်​နဲ့ အမှဲသားနှပ်​ကင်​ ချက်​မယ်​လို့​တော့ မ​ပြောနဲ့​နော်​"
"အင်း...မင်း​ပြောသလိုချက်​မလို့ပဲ​"
       KuanLinက JinYoungလက်​ထဲက နှစ်​ချို့စပျစ်​ဝိုင်​ကိုကြည့်​ပြီး အလန့်​တကြား​ပြော​တော့ JinYoungက ခပ်​တည်​တည်​ပဲ ဝိုင်​ပုလင်းအား ​မြှောက်​ပြရင်း ပြန်​​ဖြေလာတာ​ကြောင့်​ KuanLinက ​အော်​ဟစ်​​ပြောလာတယ်​...
"အဲ့ဒါ 15နှစ်​ရှိပြီဖြစ်​တဲ့ ဝိုင်​အ​ကောင်းစား​နော်​...
သူတို့​တွေက အသက်​ပြည့်​​သေးတာမဟုတ်​ဘူး
မူးကုန်​မယ်​"
      KuanLinရဲ့ စိုးရိမ်​တကြီး တားမြစ်​သံအား DaeHwiနဲ့JiHoonက ပြန်​​ပြောလာတယ်​...
"မမူးပါဘူး....အဲ့​လောက်​နဲ့​တော့"
     ထိုက​လေးနှစ်​​ယောက်​အ​ဖြေကို JinYoungကပါ ပုခုံးတွန့်​ပြပြီး ​ပြောလာတယ်​..
"​တွေ့လား?..သူတို့က​တောင်​​ပြော​နေပြီ
ဘာမှမဖြစ်​ဘူးတဲ့..."
      ဒါကိုမြင်​​တော့...KuanLinက ဝမ်းနည်းစွာ ​အော်​ဟစ်​​နေသလို ဟိုက​လေးနှစ်​​ယောက်​က​တော့ အရသာရှိမှာပဲဟု တတွတ်​တွတ်​​ပြော​နေကြတယ်​...
      ထိုဝိုင်​ပုလင်း ပိုင်​ရှင်​က KuanLinဟာပါ...
သူ့fan​တွေပို့လိုက်​တာ​လေ....KuanLin ထိုအပန်း​ဖြေအိမ်​ကို ​ရောက်​​နေတာ ဘယ်​က​နေဘယ်​လို သတင်းရလဲမသိ...
လက်​​ဆောင်​​တွေကို အဲ့ကိုပို့ကြတာ​ပေါ့....
      KuanLin နှ​မြောတသနဲ့ ဝိုင်​ပုလင်းခွံအလွတ်​​လေးကို ​ငေး​နေတုန်း ရွာဘက်​က ပြန်​လာတဲ့ ဆရာဝန်​နှစ်​​ယောက်​ ဝင်​လာပြီး...
SeongWuက လက်​ထဲက ဂင်​မ်​ချီဘူးကြီးအား စားပွဲ​ပေါ်တင်​ကာ Danielက ခြင်း​လေးထဲ အစီအရီထည့်​ကာ ​ပေးလိုက်​​သော မက်​​ကောလီ(ဆန်​အရက်​)​တွေကို ​မြှောက်​ပြရင်း...
KuanLinအား ​ပြောလိုက်​တယ်​....
"KuanLinရယ်​...
ဒီမှာမက်​​ကောလီ​တွေရှိတယ်​​လေ....
အမဲသားကင်​နဲ့ လိုက်​မှာ​ပါ...
သူတို့လည်း ​သောက်​လို့ရတယ်​​လေ...
ပြီး​တော့ အမဲသားထဲ ဝိုင်​ထည့်​ချက်​ရင်​ မမူးပါဘူးဗျ"
        Danielအ​ပြော​ကြောင့်​ အားလုံးက ရယ်​​နေသလို KuanLinက​တော့ စူပုတ်​လျက်​ JinYoungအား လည်​ပင်းလိုက်​ညှစ်​​နေ​တော့တယ်​......
JinYoung 6​ယောက်​လုံးစာအတွက်​ ဟင်းပွဲ​တွေ ပြင်​ဆင်​ပြီး စားပွဲမှာ ဟင်းပွဲ​တွေ ​နေရာချ​နေတယ်​..
       ပြီး​တော့ အဓိက ဟင်းလျာဖြစ်​တဲ့ ဂဏန်းကင်​နဲ့ ပုစွန်​လုံးဟင်​ကိုလည်း ပန်းကန်​ပြားခပ်​ကြီးကြီးနဲ့ထည့်​ကာ စားပွဲအလယ်​မှာ ချပြီး​တော့ ဧည့်​ခန်းမှာ စားရန်​​စောင့်​​နေတဲ့ အုပ်​စုကို သွား​ခေါ်လိုက်​တယ်​....
"​ဟေ့.....စားဖို့ အဆင်​သင့်​ဖြစ်​ပြီ
လာခဲ့ကြ​တော့..!"
      စကားများ​နေတဲ့ အုပ်​စုလည်း JinYoungဘက်​ လှည့်​ကြည့်​လာပြီး ဝရုန်းသုန်းကားနဲ့ ထလာပြီး ​ရောက်​လာကြတယ်​....
      စားပွဲကို​ရောက်​​တော့ အားလုံးက ဟင်းလျာ​တွေကို မြင်​ပြီး တဝါးဝါးနဲ့ ဖြစ်​​နေကြတယ်​....
"JinYoungက​တော့...တကယ့်​ကို​တော်​တဲ့
စားဖိုမှူးပဲ"
      JiHoonက လက်​မ​လေးနှစ်​ဖက်​​ထောင်​ပြီး ​ပြောလာ​တော့ DaeHwiက JinYoungခါးကို ဖက်​လျက်​ မျက်​နှာကို​မော်​ကာ...
"​တွေ့လား...ငါ့ကိုကိုက အရမ်းကို​တော်​တာ"
"အင်းပါ...အဟွီရယ်​"
      JiHoonက ​နောက်​​တောက်​​တောက်​​လေသံဖြင့်​ ပြန်​​ပြော​တော့ DaeHwiက နှုတ်​ခမ်း​ထော်​လျက်
ပြန်​​ပြောတယ်​....
"ဟွန့်​...ပက်​ပုကများ..''
       အထက်​တန်းပြီး​တော့မယ့်​ ​ကောင်​​လေးနှစ်​​ယောက်​က က​လေး​တွေကို နှုတ်​ခမ်းတ​ထော်​​ထော်​နှင့်​ ရန်​​တွေ့​နေသဖြင့်​ အကြီး​တွေက ကြည့်​ကာ ရယ်​လျက်​ SeongWuက 
"စားကြမယ်​​လေကွာ...
တော်​ကြာ ဟင်း​တွေ ​အေးကုန်​​တော့မယ်​"
"ဟုတ်​တယ်​...မြန်​မြန်​စားကြတာ​ပေါ့"
       JinYoungကပါ ​ထောက်​ခံသလို ​ပြောလာပြီး အားလုံးလည်း စားစရာဆီသို့သာ အာရုံ​ရောက်​​တော့တယ်​....
        အားလုံး စား​သောက်​ပြီးကျ​တော့ ညဝတ်​အင်္ကျီ​တွေ လဲဝတ်​ပြီး ဧည့်​ခန်းထဲ ပြန်​ဝင်​လာ​တော့ စားပွဲ​ပေါ်မှာ မက်​​ကောလီ​တွေနှင့်​အတူ ​ရေဘဝဲအစပ်​​ကြော်​နဲ့ ကြက်​​ခြေ​ထောက်​အစပ်​ကို ပြင်​ဆင်​ထားတယ်​... ဒါကလည်း JinYoungလက်​ရာပဲ​ပေါ့....
      သူတို့အားလုံး ဧည့်​ခန်းထဲဝင်​လာပြီး Sofaမှာ မထိုင်​​တော့ဘဲ Sofa​တွေကို အ​နောက်​သို့ ဆုတ်​ကာ ​အောက်​မှာသာ ထိုင်​လိုက်​ကြပြီး ဖန်​ခွက်​ထဲသို့ ဆန်​အရက်​ကိုထည့်​ပြီး ခွက်​​တွေကို ​မြှောက်​လိုက်​ကာ
ကမ်း​ပေ့လုပ်​ပြီး ​သောက်​လိုက်​ကြတယ်​...
6ပုလင်း​လောက်​ကုန်​​နေပြီး DaeHwi,JiHoonနဲ့ SeongWuတို့က​တော့ အ​တော်​မူး​နေပြီ.....
        Daniel,JinYoungနဲ့ KuanLinက​တော့ သိပ်​မမူး​သေးဘူး....
      အဲ့မှာ...ပြသနာက စပြီ​လေ...
Uke​တွေ မူးပြီး ရစ်​​လေပြီ....
SeongWuတစ်​​ယောက်​ မူးမူးနဲ့ Danielအား လက်​ညိုး​ငေါက်​​ငေါက်​ထိုးကာ...
"ငါ့ကို...ငါ့အိမ်​လာပြီး အသားယူပြီး နမ်းတဲ့အ​ကောင်​..
ဒီ​နေ့ငါ မင်းကို ပြန်​နမ်းရမှ ​ကျေနပ်​မယ်​...
ပြီးရင်​​လေ...မင်းကို အဟွာလုပ်​ပြီး အပိုင်​သိမ်းပစ်​မယ်
ဟွင်း...ဟွင်း"
        စစချင်း...စကားကြား​တော့ Daniel ပြုံးလိုက်​မိ​သော်​ငြား အ​နောက်​က စကားကိုကြား​တော့ သူ့မှာ ​ကြောက်​လန့်​တကြား SeongWuပါးစပ်​ကို လိုက်​ပိတ်​ရ​​တော့တယ်​....
      ဒါ​တောင်​ဝူးဝူးဝါးဝါး​အော်​ဟစ်​ပြီး KuanLinနဲ့ JinYoungဘက်​လှည့်​ကာ Danielသူ့ကို နမ်းပြီး ဖက်​အိပ်​ခဲ့သည်​ကို ငိုယိုကာ တိုင်​တန်း ​အော်​ဟစ်​​နေတယ်​.....
      JinYoungနဲ့ KuanLinလည်း တစ်​ဟားဟားရယ်​လျက်​ Danielကို ​ပြောလိုက်​တယ်
"အကို​ရေ....အကို့လူကို အခန်းထဲ ​ခေါ်သွားပြီး သိပ်​လိုက်​​တော့...ဒီ​ကောင်​ကမူးရင်​ ပွဲကြမ်းတယ်​ဗျ...
ဟား...ဟား"
       JinYoungက ရယ်​လျက်​​ပြော​တော့ KuanLinကပါ လိုက်​ရယ်​တယ်​....
        တစ်​ပူငြိမ်းသွား​ပေမယ့်​....
နှစ်​ပူကျန်​​နေ​သေးသည်​​လေ...
      Lee DaeHwiရယ်​​ပေါ့....
မူးပြီး စားပွဲ​ပေါ် လှဲအိပ်​​နေရာမှ ​ငေါက်​ခနဲ နိုးလာပြီး
JinYongနား​ပြေးလာကာ လက်​သီးနဲ့ ဆွဲထိုးမယ်​ တကဲကဲလုပ်​နေ​လေတယ်​...
      JinYoungလည်း အလန့်​တကြား ရုန်းပြီး DaeHwiရဲ့ လက်​​သေး​သေး​လေး နှစ်​ဖက်​ကို ချုပ်​ပြီး ဖက်​လိုက်​တယ်​....
        တစ်​ခန​တော့ ငြိမ်​သွား​ပေမယ့်​ ရုတ်​တရက်​ကြီး JinYoungရင်​ခွင်​ထဲ အန်​ချပါ​လေ​ရော....
       အဲ့တာနဲ့ပဲ သူ့ရဲ့အမူးသမား​လေးအား ချီကာ သန့်​စင်​ခန်းထဲ​ခေါ်သွားပြီး အန်​ခိုင်းလိုက်​ရတယ်​....
       အဲ....​လော​လောဆယ်​​တော့...ငြိမ်​ချက်​သား ​ကောင်း​နေသည့်​ JiHoon​လေး....
       JiHoon...ကြက်​​ခြေ​ထောက်​အား ကိုက်​​နေရင်း ဆန်​အရက်​​မော့​သောက်​​နေ​သည့်​ KuanLinက လည်​ပင်းအ​ကြော​လေး​တွေ စိမ်းစိမ်းထ​နေသည်​ကို မြင်​​တော့ ကြက်​​​ခြေ​ထောက်​ကို ပစ်​ချပြီး KuanLin​ပေါ်တက်​ခွကာ လည်​ပင်းကို သိုင်းဖက်​လျက်​ ထိုအ​ကြောစိမ်းစိမ်းထ​နေ​သည့်​ ညှပ်​ရိုးနားအား ကိုက်​လိုက်​ပြီး..​ပြောလာသည်​က...
"ကိုယ်​နဲ့ အိပ်​ရ​အောင်​....အချစ်​က​လေး"တဲ့​လေ..
Upတယ်​😉😊
နောက်​အပိုင်း PanWinkကို
ဘာလုပ်​လိုက်​ရမလဲ😜
ပြောကြည့်​😉
Continue Reading
You'll Also Like
143K 4.4K 21
Jiang cheng and Lan xichen get stuck in a cave looking for Jin ling. they were stuck in there for days no one knows what they were up to.... (Read to...
366K 32K 91
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
1M 33.1K 78
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
9.4M 278K 200
Seventeen Imagines for all 13 members •S.Coups •Jeonghan •Joshua •Jun •Hoshi •Wonwoo •Woozi •DK •Mingyu •The8 •Seungkwan •Hansol •Dino Book backgroun...