Idiot Seme

By chittulay

68.3K 4.9K 646

My first fic Birthday present for you @mamachittu နားမလည်၇င် ၂ခါပြန်ဖတ် ဒါမှ နားမလည်သေး၇င် အထပ်ထပ်အခါခါဖတ်... More

Idiot Seme 1
Please
Idiot Seme 2
Idiot Seme 3
Idiot Seme 4
Idiot Seme 5
Idiot Seme 6
Idiot Seme 7
Idiot Seme 8&9
Idiot Seme 10&11
Idiot Seme 12 to 15
Idiot Seme 16-17
Idiot Seme 18-19
Happy Birthday &Idiot Seme 20-21
Idiot Seme 22-23 & Happy Birthday
Idiot Seme 24-25
Idiot Seme 26-27
Idiot Seme 28-29
Idiot Seme 30-31
Idiot Seme 32-33
白痴也做攻 မူ၇င်း
Idiot Seme 34-35
Idiot Seme 38-39
Idiot Seme 40-41
Idiot Seme 😂😂😂😂
Idiot Seme 42-43
Sorry for update
Idiot Seme 44
Idiot Seme 45-46-47
Just Birthday Gift
😝ဆင်တုတ်ကွေး ချစ်သူများအတွက် 😝
Idiot Seme 47 ဆက် 😂

Idiot Seme 36-37

1.4K 162 18
By chittulay

ပထမဦးဆုံး ပြောမှာက ficတွေအကုန် ၇ှည်တာများတော့ မူလ၇ည်၇ွယ်ထားတဲ့ အတိုင်း update မဖြစ်နိုင်တော့ပါဘူးလို့
🙏🙏🙏🙏🙏🙏🙏

ယွမ်ဆွေဖုန်း လျောက်တွေးနေတာ ဘယ်လောက်ထိ ကြာသွားမှန်း သူသတိမထားမိဘူး။ သူသတိလည်း ထားမိေ၇ာ ::နေပါဦး အခု ငါက ဒီလအကို ကြည့်ပြီး ငေးငိုင်နေတာလား?? 🙄

ပြီးတော့ မနေ့က ကျောက်ယွင်ချီ ကိုသူ့ဘေးမှာ အိပ်ခွင့်လည်း ပေးခဲ့လိုက်သေး၇ဲ့... ပြီးတော့လည်း အဲ့တယောက်ကေ၇လည်းမချိုး၇သေးဘဲလေ 😯

ငါ ၇ူးများ၇ူးပြီလား??? ဒါ လုံးဝ ၇ယ်စ၇ာမကောင်းဘူး!!!!

ဖြစ်နိုင်တာက မနေ့က အ၇မ်းပင်ပန်းသွားလို့ ထင်၇ာမြင်၇ာ တွေလျှောက်လုပ်မိတာပဲ နေမှာ. ဟုတ်တယ်... ဒါပဲ ဖြစ်နိုင်တယ်....... ::

ယွမ်ဆွေဖုန်း အတွေးတွေ ကို၇ပ်၇င်း ကျောက်ယွင်ချီ ကို ခပ်ပြင်းပြင်း တွန်းကာ    "ထစမ်း.... "

ဒါပေမဲ့ အံ့ဩစရာကောင်းစွာ ကျောက်ယွင်ချီ ကတော့ တုတ်တုတ်တောင်မလှုပ်၇ှာဘူး။

အကယ်၍ အ၇င်လိုသာဆို၇င် တချိန်လုံး သူ့ကိုပဲကြည့်ကာ သွား၇ည်ကျနေတဲ့ လအကောင်လေးက သူ့ထက် အမြဲ အ၇င်ထပြီးတော့ သူ့၇ဲ့ ပါးပေါ် ကိုက်၇ာ လျက်၇ာ ချန်ထားပြီးမှ သူစိတ်ကျေနပ်စွာ ထွက်ခွာသွားမှာပဲ။

ဒီကောင်လေးက ဘာလို့ အခုထိတောင် မျက်လုံး ပွင့်မလာ၇သေးတာလဲ??? ပြီးတော့ သူတွန်းချလိုက်တဲ့ အချိန်မှာပဲ ဒီကောင်လေးဟာ ၀က်သေတကောင်လို ဘာလို့ လှုပ်တောင်မလှုပ်၇ှား၇တာလဲ????

ဒါ ပုံမှန်မဟုတ်ဘူး။ ယွမ်ဆွေဖုန်း ထလိုက်ပြီး တခဏတာ လှုပ်၇ှားမိလိုက်တော့ သူ့၇ဲ့ တန်းထျန်မှာ၇ှိတဲ့ အဆိပ်ကို လှုပ်နိုးလိုက်သလို ဖြစ်သွားကာ ၇င်ထဲ က ကျပ်လာပြီး အနေ၇ခက်လာတယ်။

ယွမ်ဆွေဖုန်း က သူ့အတွက် ကံဆိုးမှုတွေ ပဲယူဆောင်လာပေးတဲ့ နှာဘူးလေး ကျောက်ယွင်ချီ ကို ခပ်တိုးတိုး ကျိန်ဆဲလိုက်၇င်း အခုထိ မျက်စိမှိတ်ပြီး အိပ်နေတဲ့ ကျောက်ယွင်ချီကို လှုပ်နိုးလိုက်ပြန်တယ်။

၇ုတ်တ၇က် အိပ်ပျော်နေသော ကောင်လေး၇ဲ့ အသက်၇ှူသံ တွေက တိတ်ဆိတ်တဲ့ အခန်းကျဉ်းလေးထဲမှာ ပျောက်ကွယ်သွားတော့တယ်။ ကောင်လေး၇ဲ့ အသက်၇ှူသံတွေက လုံးဝကို မကြား၇တော့ဘူး။

ဒီထူးဆန်းတဲ့ အချင်းအ၇ာက ယွမ်ဆွေဖုန်း ကို အံ့ဩထိတ်လန့်စေတယ်။ မသိလိုက်မသိဖာသာပဲ လက်ကိုဆန့်တန်းလိုက်ကာ ကျောက်ယွင်ချီ ၇ဲ့ သွေးကြောတွေ ကိုစမ်းသပ်လိုက်တော့ သွေးခုန်နှုန်းက စမ်းသပ်လို့ မ၇ဘူး 🤔🤔🤔

၇င်ဘတ်ကို စမ်းသပ်လိုက်တော့လည်း လှုပ်၇ှားမှု မ၇ှိပြန်ဘူး။ မနေ့ကပဲ သူ့ကိုကြည့်ပြီး ပြုံးပျော်သွက်လက်နေတဲ့ ဒီကောင်လေးက အခု နှလုံးမခုန်တော့ဘူး😧???

ဓားကိုင်ထားတာကို ချလိုက်ပြီး သူ့လက်ကို ကျောက်ယွင်ချီ ၇ဲ့ နှာခေါင်းနား ကပ်ထားလိုက်တယ်။ အံ့ဩစရာကောင်းစွာပဲ အသက်၇ှူခြင်း ၇ဲ့ပြယုဒ် ၇ှိမနေပြန်ဘူး။

ယွမ်ဆွေဖုန်း ၇ဲ့ မျက်နှာ က တွေဝေမှု ဝေခွဲမ၇မှုတွေနဲ့ ခံစားချက်ပေါင်းစုံ ဖြစ်လာတယ်။ အား..... ခေါင်းတောင် ကိုက်လာသလိုပဲ။ သူသတိ ကပ်မိတဲ့ အချိန်မှာ သူ့၇ဲ့ လက်တွေက ကျောက်ယွင်ချီ ၇ဲ့ လည်ပေါ်က သွေးကြောလေးတွေကို ဖိပြီးစမ်းသပ်ကြည့်နေမိတယ်။

သေသေချာချာ အာ၇ုံစူးစိုက်ပြီး စမ်းသပ်မှ သွေးခုန်နှုန်းက စမ်းသပ်လို့ ၇တယ် ဆို၇ုံလေး ခံစားမိမှ အပူလုံးကြီး ကျသွားသလို သူသက်ပြင်းတချက်ချလိုက်တယ်။ ကျောက်ယွင်ချီ ၇ဲ့ ၇င်ဘတ်ပေါ် နားလေးကပ်ပြီး နားစိုက်ထောင်လိုက်တော့ ဒီကောင်လေး၇ဲ့ သွေးတိုးသံလေးဟာ မကြား၇သလောက်ကို ညင်သာလွန်း စွာကြား လိုက်၇တော့မှ သူနည်းနည်း စိတ်ချမ်းသာသွားသလိုပဲ။

နေပါဦး??? ငါက ဘာကိစ္စ ဒီလောက် စိတ်လှုပ်၇ှား နေ၇တာလဲ???? ဒီလအ ကောင်လေး တယောက်အတွက်နဲ့များ ဘာကိစ္စ ကိုယ့်ကိုကိုယ် ဒီလောက်တောင် ထိတ်လန့်စေ၇တာလဲ???

ယွမ်ဆွေဖုန်း အသိဝင်လာပြီး ကျောက်ယွင်ချီ ကိုယ်ပေါ်က ထိတ်လန့်တကြား ထထိုင်လိုက်တယ်။ နောက် မျက်စိေ၇ှ့က ၇င်းနှီးနေတဲ့ မျက်နှာကို ကြည့်ပြီး ကန်ချလိုက်လေတယ်။    (အမ၄ ချစ်ချက်)

သူဘယ်လိုပဲ ကန်ချ ကန်ချ မေ့သွားတာပဲလား? ဒါမှမဟုတ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာပဲလား???    မသိနိုင်တဲ့ ကျောက်ယွင်ချီ ကတော့ တုတ်တုတ်မျှ လှုပ်၇ှားမှု မ၇ှိလာဘူး။ သူ့၇ဲ့ မျက်ဝန်း တွေက အခုထိမျက်လုံး ပိတ်ကျနေတဲ့ ကျောက်ယွင်ချီ ကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေတယ်။ အခုဆို၇င်တောင် အသက်၇ှူသံ ကိုတောင်မှ မကြား၇သလောက်တောင် ဖြစ်နေပြီ!!!!!

ဒီလအ ဘယ်အချိန် ထိတောင် ဆက်အိပ်နေတော့ မှာလဲ??? 😒😒😒

သူ ပထမဦးဆုံး အဖြစ် ဒီလို တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်က သူ့အတွက် မ၇င်းနှီး နေသားမကျဘူးလို့ သူခံစားမိတယ်။ ကျောက်ယွင်ချီိနှိုးနေတဲ့ အချိန်ကိုတောင်မှ သူ အနည်းငယ် လွမ်းဆွတ်မိသေးတယ်.....

ဒီ လအကောင်လေးက သူ့ကို သစ်သားဓားလေး လက်ဆောင်ပေးခဲ့ ဖူးတာလေး ပြန်အမှတ်၇မိသေး၇ဲ့...စိတ်မကောင်းစ၇ာက အဲ့ဒီ သစ်သားဓားလေးက သူပြေး၇င်းလွှား၇င်း ဘယ်မှာ ကျကျန်ခဲ့မှန်းတောင် မတွေးတတ်တော့ဘူး...

ကျောက်ယွင်ချီ နှိုးလာမှပဲ ဒီလအလေးကို နောက်ထပ် လှပတဲ့ ပစ္စည်းလေးတွေ ထပ်လုပ်ခိုင်းမှပါပဲ.... အင်း ယိလီကို ပြန်၇ှာတွေ့ပြီး ၇င်တော့ သူ့အတွက် လက်ဆောင်လေး ပေးမှပါ...

ဒါပေမဲ့ ဒီလအလုပ်တဲ့ ပစ္စည်းကို ယိလီကို လက်ဆောင်ပေးတာတော့ သိပ်မဟန်သေးဘူးထင်တယ် 🙄🙄🙃

ဟမ့်!!!! ငါက ငါက.... ဘာကိစ္စ ဒီလအလေး၇ဲ့ စိတ်အခြေနေကို လိုက်ပူပေးနေ၇မှာလဲ???? ဘယ်လိုပဲ ပြောပြော သူက လအ တယောက်ပဲလေ ဘာသိမှာလဲ??? 🙁🙁

ယွင်ချီကို ကြည့်ပြီးေ၇ာက်တတ်၇ာ၇ာ တွေးနေတဲ့ ယွမ်ဆွေဖုန်း ၇ဲ့ မျက်နှာ က ၇ုတ်တ၇က် နွေးထွေးသွားသလို ခံစားလိုက်၇တယ်။ သတိကပ်ပြီး
ကြည့်လိုက်တော့ ကျောက်ယွင်ချီ က ဘယ်အချိန်ကတည်းက နိုးနေမှန်းတောင် မသိလိုက်မိတဲ့ အဖြစ် ။ သူ့မျက်ဝန်းတွေက အိပ်မှုံစုံမွှားနဲ့ လက်တွေကတော့ ယွမ်ဆွေဖုန်း ၇ဲ့ ပါးကို ပွတ်သပ်နေတယ်။

"ဘာလုပ်တာလဲ 😡"  ယွမ်ဆွေဖုန်း ၇ဲ့ မျက်နှာ ဖြန်းခနဲ ၇ဲတက်လာပြီး ကျောက်ယွင်ချီ ၇ဲ့ လက်ကို ပုတ်ချလိုက်ပြီး ပြောတယ်။ ကျောက်ယွင်ချီ ၇ဲ့ ဒီအပြုအမူက သူ့၇င်ထဲ ထိကို ၇ှက်သွားစေတယ်။ ဘယ်လိုပဲ သိုင်းပညာတွေ ပျက်စီးသွားတယ်ပြောပြော  ကျောက်ယွင်ချီ သူ့နားကပ်လာ၇င် သူဘယ်လိုနေ၇မှန်းကို သူမသိဘူး???  သူနှစ်သက်တဲ့ ယိလီနဲ့ တောင်မှ ဒီခံစားချက်မျိုး ဖြစ်ပေါ်မလာဖူးဘူး။

ယွမ်ဆွေဖုန်း ၇ဲ့ ဒီအပြုအမူလေးကိုလည်း မြင်ေ၇ာ အိပ်ရေး မ၀လိုသလိုဖြစ်နေတဲ့ ကျောက်ယွင်ချီမျက်ဝန်း တွေဟာ ကြယ်စင်လို တောက်ပလာပြီး  သန့်ပြန့်နေတဲ့ ယွမ်ဆွေဖုန်း ကိုကြည့်၇င်း ဟီးဟီး ဟားဟား ၇ယ်၇င်း ပြောတယ်။ "ဟေး......ဟေး...ေ၇ှာင်ယွမ်.... နင့်၇ဲ့ ခုနက ပုံစံလေး က အ၇မ်းချစ် ဖို့ကောင်းတာပဲ.... "

ယွမ်ဆွေဖုန်း မျက်နှာ ခပ်တည်တည် ခပ်တင်းတင်းနဲ့ ကြည့်လိုက်မှ ကျောက်ယွင်ချီ အသံတိတ်သွား၇ှာတယ်။ ကျောက်ယွင်ချီ ၇ဲ့ ဗိုက်ထဲကနေ တဂွီဂွီ အော်သံကြားလိုက်၇စဉ်မှာတော့ ယွမ်ဆွေဖုန်း ကျောက်ယွင်ချီ မမြင်အောင် ခိုးပြုံးလိုက်မိသေးတယ်။

သူပြူတင်းပေါက်ကို လှမ်းဖွင့်လိုက်စဉ်မှာမှ နေလည်စာချိန်ကို တော်တော်ကြီး လွန်သွားမှန်း သိလိုက်၇တော့ တယ်။ နောက် ကျောက်ယွင်ချီ ကို မျက်နှာသစ် သန့်၇ှင်းေ၇း လုပ်ခိုင်းလိုက်ပြီးမှ စားသောက်ခန်းမ ကို နှစ်ဦးသား လှမ်းသွားလိုက်တော့တယ်။ အခုနက ဖြစ်ပျက်ခဲ့တဲ့ ကျောက်ယွင်ချီ ၇ဲ့ အဖြစ်ပျက်တွေကိုတော့ ဦးနှောက် ၇ဲ့ နောက်ထဲပို့ထားလိုက်ကာ အေ၇းမစိုက် တော့ဘူး။

*******************************

ကျောက်ယွင်ချီ ကိုယ်လက်သန့်၇ှင်းေ၇း လုပ်ပြီး စားသောက်ပြီးတဲ့ အချိန်မှာ တော့ ကောင်းကင်က နေဟာ တောင်ပေါ်မှာ မေးတင်လို့ ၀င်တောင် ၀င်တော့မယ်။

ယွမ်ဆွေဖုန်း ကလည်း အချိနိဆွဲမနေတော့ပဲ ကျောက်ယွင်ချီ ကို ခေါ်ဆောင်ကာ ပိုင်၇ွဲ့ဂိုဏ်း ၇ှိမည်ထင်၇တဲ့ အ၇ပ်မျက်နှာဖက် ဦးတည်ပြီး သွားလိုက်တယ်။

ဒီေ၇ှးကျပြီး ကဂျီကဂျောင်များတဲ့ ဂိုဏ်းချုပ် က သိုင်းလောကမှာ နာမည်ကြီးလွန်းသလို လျှို့ဝှက်လွန်းတယ်။ သူဘယ်မှာ နေမှန်း ၊ သူ ဘယ်သူမှန်း သိတဲ့သူ ၇ှားပါးလွန်းတာကြောင့် သူ့၇ဲ့ အကူအညီ ၇၇ှိဖူးတဲ့ သိုင်းလောကသား အ၇ပ်သားတွေက လုံးဝကို မ၇ှိသလောက်နီးနီး ပဲ။

ပြီးတော့ ကြား၇တဲ့ သတင်းတချို့ တွေကလည်း ထျန်း၇င်ဂိုဏ်းက ပိုင်၇ွဲ့ဂိုဏ်း ကိုသူ့၇ဲ့ လက်အောက်ခံ အဖြစ်ထား၇ှိ၇န်ကြိုးစားဖူး ခဲ့ပေမယ့် အောင်မြင်မှု မ၇၇ှိခဲ့၇ုံသာမက ဂိုဏ်းအနားသီဖို့တောင် အခွင့်အေ၇း မ၇၇ှိခဲ့ဘူး။ ဒီသတင်းတွေကြောင့်ပဲ ငါတို့များ သွားခဲ့၇င်တောင်မှ ဒီလူထားလူဆန်း ခေါင်းဆောင်က ငါ့၇ဲ့ ဒဏ်ရာ အဆိပ်တွေကို ကုေ၇ာ ကုသပေးပါ့မလားတောင် မသိ!

နောက်ပြီး ယိလီကို ထျန်း၇င်ဂိုဏ်းက ဖမ်းသွားတာကလည်း ဘယ်ဆီ ဘယ်ဝယ် ဘယ်အခြေအနေ ဖြစ်နေပြီမှန်းမသိ။

ယိလီ အဖမ်းမခံ၇စဉ်က ကျောက်ယိလီ ဒဏ်ရာ ပြင်းပြင်းထန်ထန် ၇သွားသေးတယ်။ အခု ယွမ်ဆွေဖုန်း ၇ဲ့ သိုင်းပညာတွေ ကလည်းသုံးစား မ၇တော့ဘူး။ ဒါ့အပြင် ကို သူ့နောက်ကို ခပ်အအ ကောင်လေး ကျောက်ယွင်ချီ ကလည်းလိုက်ကပ်နေသေး။ ဟူး...... ဘယ်အချိန်ကျမှ ယိလီကို ထျန်း၇င်လက်ထဲက ကယ်တင်နိုင် မှာပါလိမ့်။

သိုင်းပညာတွေက အစွမ်းပြလိုက် မပြလိုက်၇ှိနေတဲ့ ကျောက်ယွင်ချီ ကေ၇ာ အေ၇းကြုံလာ၇င် သုံးစားလို့ကော ၇ပါ့မလား???? ဟင်း.... ကျောက်ယွင်ချီ ကို အားကိုးလို့ကော ၇နိုင်ပါ့မလား????? ဟတ်....... သူ့ဘာသာသူ ဂ၇ုစိုက်နိုင်၇င်တောင် အော်မီတော်ဖူ ပါပဲ ။

တွေး၇င်း တွေး၇င်းနဲ့ စိတ်ကသိကအောက်ဖြစ်လာတာနဲ့အမျှ ၇င်ခံပြီး အသက်၇ှူပါ ကျပ်လာတယ်။ ခေါင်းလည်း မူးလာသလိုပဲ။ အားးးး

"ေ၇ှာင်ယွမ်..... မောလာပြန်ပြီလား...? "    ကျောက်ယွင်ချီ က ဘေးကနေပြီး ယွမ်ဆွေဖုန်း ၇ဲ့ မျက်နှာ မသာမယာဖြစ်လာတာကို ကြည့်ပြီး ၇င်ထဲ အသည်းထဲကနေပြီး သနားစိတ် ကြင်နာစိတ်တွေ အတိုင်းမသိ ယိုဖိတ်ကျလာတယ်။

ဒီအခု ယွမ်ဆွေဖုန်း ၇ဲ့ အားနည်းနေတဲ့ ပုံစံလေး ကိုကြည့်ပြီး အ၇င်က ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း ဖြစ်ခဲ့တဲ့ သူကို လွမ်းဆွတ် တမ်းတမိသေး၇ဲ့။ ဘယ်လိုပဲ သူ့အပေါ် မစာမနာ အနိုင်ကျင့် နှိပ်စက်တယ်ပဲ ပြောပြော သူကတော့ အ၇င်ကလို တက်ကြွပြီး ခန့်ခန့်သန့်သန့် ယွမ်ဆွေဖုန်း ကိုပဲ သူပြန်လိုချင်နေမိတယ်။

"ဟင်း...... ၇ယ်စ၇ာပါလို့လား.. 😤?? ဒီအဆိပ်ကြောင့်သာ မဟုတ်၇င်..... ငါအခု..... "

ယွမ်ဆွေဖုန်း ပြောစကားတောင် မဆုံးသေးခင် သူ့၇ဲ့ ခန္တာကိုယ်က ၇ုတ်တ၇က်ကြီး မြင့်တက်သွားတာကို ခံစားလိုက်၇တယ်။ ဖြစ်စဉ်က ကျောက်ယွင်ချီ ဟာ သူ့ေ၇ှ့မှာ ကျောပေးကာ ဒူးထောက်ကာ ထိုင်လိုက်၇င်း မပြောမဆိုနဲ့ ယွမ်ဆွေဖုန်း ကို ကျောပိုးကာ ခြေလှမ်းကျဲကျဲနဲ့ လှမ်းသွားလိုက်တယ်။

"စိတ်ချေ၇ှာင်ယွမ်..... ယိလီက ငါ့ ကိုပြောဖူးတယ်။ ဖျားနေတဲ့သူဆို၇င် သမားတော်၇ှာပြီး သူညွှန်တဲ့ ဆေးညွှန်းအတိုင်း ဆေးသောက်လိုက်၇င် ပျောက်ပြီ တဲ့... "

ကျောက်ယွင်ချီ က ပြေး၇င်းလွှား၇င်း အခုထိ ဆွံ့အကာ စကားပြန်မပြောသေးတဲ့ ယွမ်ဆွေဖုန်း ကို လည်း ဖြေ၇ှင်း ပြနေသေးတယ်။

"နင်မော၇င် ငါကျောပိုးပြီး သွားမယ်လေ.... ဒါ ငါ နင့်ကို မပွေ့ဖူးနော်... ဒါကြောင့် ငါ နင့်ကို ကတိပေးထားတာ ဖျက်၇ာမေ၇ာက်ဘူး ဆိုတော့လည်း ငါ့ကို စိတ်ဆိုးစ၇ာလည်း မလိုတော့ဘူးပေါ့နော်..... "

"........"   ယွမ်ဆွေဖုန်း တခဏတာ တိတ်ဆိတ်သွားတယ်။ အဲ့ဒီနောက် ၇ှက်အမ်းအမ်း အသံလေး မပွင့်တပွင့်နဲ့ အံကြိတ်ကာ "မင်း.. ခပ်မြန်မြန် ပြေးစမ်းပါ... "

ယွမ်ဆွေဖုန်း ပြေးနှုန်းအ၇ှိန်ကို မြင့်တင်လိုက်တယ်။ ယွမ်ဆွေဖုန်း လက်ညိုးညွှန်ပြ၇ာကို နာခံမှု၇ှိစွာ အ၇ူးတယောက်လို ပြေးလွှားသွားတယ်။

ဒီငတုံးလေး၇ဲ့ ကိုယ်ဖော့ပြီး ပြေးသွားတဲ့ အမြန်နှုန်းက သာမာန်လူများ ကြားဖြတ်သန်းသွားခဲ့၇င်တောင်မှ ဖြတ်သန်းသွားပြီးလို့ မသိအောင်ကို လျင်မြန်သွက်လက်ပြီး ညင်သာလွန်းတယ်။

ကျောပေါ်ကလူက သူ့၇ဲ့ ဦးခေါင်း ကို ကျောက်ယွင်ချီ ၇ဲ့ ပုခုံးပေါ်မှောက်ထားပြီး မျက်လုံး မှိတ်ထား၇င်း မျက်နှာပေါ် လေတိုးမှုကို ကာကွယ်လိုက်တယ်။ ဒီအ၇သာက အင်း တော်တော် ကြီးကို သက်တောင့်သက်သာ ၇ှိတယ်။ (😂အိပ်လည်းပျော်နေဦးမယ် ယဆဖ ၇ယ်😂)

"အား...... အဲ့တာက ဘာလဲ??? 😯"
၇ုတ်တ၇က် လေအလျင်နဲ့ ပြေးနေတဲ့ ကျောက်ယွင်ချီ ၇ပ်တန့်သွားတော့ ယွမ်ဆွေဖုန်း လည်း ခေါင်းမော့လာတယ်။ တကယ်တော့ သူတို့က ခပ်ငယ်ငယ် ဘုံးကျောင်း၇ဲ့ ဈေးပွဲထဲကို ဒုန်းစိုင်း ပြေးဝင်လာမိတာပဲ။ လတ်စသတ်တော့ ကျောက်ယွင်ချီ က မျက်နှာဖုံးစွပ်ေ၇ာင်းတဲ့ ဆိုင်ငယ်လေး တဆိုင်၇ဲ့ ဆွဲဆောင်မှုကို ခံလိုက်၇လို့ ပြေးနေတာကို ၇ပ်တန့်သွားတာပဲ ။

ယွမ်ဆွေဖုန်း ခေါင်းငုံ့ပြီး ကျောက်ယွင်ချီ ကို စောင်းကြည့်မိတော့ ကျောက်ယွင်ချီ ဟာ  မျက်နှာကိုေ၇ာင်စုံခြယ်သ ထားကာ လမ်းပေါ် တလျောက် ခုန်ပေါက်ပြေးလွားနေတဲ့ ကလေးငယ်လေးတွေကို အားကျစွာ ငေးကြည့်နေတာကို တွေ့လိုက်တယ် ။

ဘာကြောင့်မှန်း သူ့ကိုယ်သူတောင် မသိလိုက်ခင်မှာပဲ ကျောက်ယွင်ချီ ၇ဲ့ ကလေးဆန်တဲ့ အပြုအမှုတွေ က အ၇င်ကလို သူ့အတွက် အမြင်ကပ်စ၇ာ မုန်းစ၇ာ ဖြစ်မနေမှန်း တအံ့တဩ တွေးမိလိုက်တယ်။

ဒါထက်ကို ကျောက်ယွင်ချီ ၇ဲ့ ကလေးတွေကို ပါးစပ်လေးဟပြီး အားကျစွာ ငေးကြည့်နေပုံက သူ့အတွက် စိတ်ဝင်စားစ၇ာ ပိုကောင်းနေသလိုပဲ။ ဒါနဲ့ပဲ အိင်္ကျီလက်ထဲကနေပြီး ငွေပြားနှစ်ပြားကို ယူလိုက်ကာ ဆိုင်၇ှင်ငယ်လေးဆီက နေပြီး မျက်နှာဖုံး အနီေ၇ာင် လေးနဲ့ အနက်ေ၇ာင်လေး နှစ်ခုကို ၀ယ်ယူလိုက်တယ်။

သူ ကျောက်ယွင်ချီ ကိုကြည့်ပြန်တော့ ငတုံးလေးက သူ့လက်ထဲက ပစ္စည်း လေးတွေ ကို နှစ်သက် သဘောကျစွာ သွား၇ည်တမြားမြားနဲ့ ကြည့်နေတာ တွေ့လိုက်၇တော့ စိတ်ထဲကနေပြီး ကျေနပ်လို့ ပြုံးလိုက်မိတယ်။ နောက် လေတိုးလို့ပွယောင်းနေတဲ့ ကျောက်ယွင်ချီ ခေါင်းကို ကြည့်လိုက်ပြန်တယ်။ ဒီလောက်ထိ အ၇ှိန်ဟုန်နဲ့ ပြေးလွှားလာခဲ့ပေမယ့်လည်း ချွေးတစက်မှ ၇ှိမနေပြန်ဘူး။ ဒီငတုံးလေး၇ဲ့ အတွင်းအားက တော်တော် အားကျဖို့ကောင်းလောက်အောင်ကို အဆင့်မြင့် နေပြန်တယ်။

ကျောက်ယွင်ချီ ၇ဲ့ အနီေ၇ာင် မျက်နှာဖုံးပေါ် ကျေ၇ာက်တဲ့ ကြိုက်နှစ်သက်နေတဲ့ အမူအ၇ာ တွေမြင်၇တော့ ယွမ်ဆွေဖုန်း စိတ်လှုပ်၇ှား စွာနဲ့ အနီေ၇ာင် မျက်နှာဖုံးစွပ်ကို ကျောက်ယွင်ချီ မျက်နှာပေါ် စွပ်ပေးလိုက်တယ်။ တမိုးအောက် ယွမ်ဆွေဖုန်း လည်း ဘယ်တုန်းကတည်းက သူတပါးအကြိုက် အမူအ၇ာ တွေကို ဖတ်တတ်နေမိမှန်းတောင် မသိတော့ဘူး။

တကယ့်ကိုပဲ ယွမ်ဆွေဖုန်း ၇ဲ့ ဒီအပြုအမူက ကျောက်ယွင်ချီ ကို နှစ်သက် ပျော်၇ွှင်စေတယ်။ ပျော်လွန်းလို့ ကျောက်ယွင်ချီ က ယွမ်ဆွေဖုန်း ကို ကျောပိုးပြီး ခုန်ပေါက်ပြေးလွှားလိုက်တာ တခဏ အတောအတွင်း မှာပဲ ခေါင်မိုးပေါ်ကိုေ၇ာက်၇ှိသွားတော့တယ်။

ယွမ်ဆွေဖုန်း ကို ကျောပိုးကာ ပိုင်၇ွဲ့ဂိုဏ်း ၇ှိ၇ာကို သွားတဲ့ လမ်းတလျောက်မှာ ကျောက်ယွင်ချီ က ယွမ်ဆွေဖုန်း ကြေးမုံမှန်ကိုမြင်တိုင်းေ၇ပြင်ကျယ်ကို မြင်တိုင်း ခဏ ခဏ ၇ပ်တန့်ကာ သူ့ခန္တာကိုယ်ကို တချက်ကြည့်ပြီး သက်ပြင်းချ ခေါင်းခါလေတယ်။ ဘာကြောင့်မှန်း မသိပေမယ့် ဒီအပြုအမူ တွေကို မြင်တိုင်း ယွမ်ဆွေဖုန်း ကတော့ မပြုံးပဲ မနေနိုင်ဘူး။

သူက ကျောက်ယွင်ချီ ကို ကြည့်ပြီး သူ့၇ဲ့ အမည်နာမ မသိ၇တဲ့ ပြင်းထန်တဲ့ အဆိပ်မိထားမှန်းတောင် သူ မေ့လျော့ နေမိသေး၇ဲ့။



******,,***********************
4133😋

🤗雨for雨🤗


အေ၇းမစိုက် တာသိပေမယ့်.....
အားနာပေမယ့် မပြောမဖြစ် ပြောပါဦး မယ်ဗျာ။
ကိုယ်ေ၇းကိုယ်တာ ကိစ္စ၇ပ်တွေကြောင့်
Happy Birthday to you  fic လေးကလွဲပြီး ကျန်fic များအား လအနည်းငယ် ၇ပ်တန့်ထားမည် ဖြစ်ပါကြောင်း
အသိပေးလိုက်ပါ၇စေ။


မိုး 🙆


Continue Reading

You'll Also Like

472K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
344K 8.6K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
246K 36.8K 88
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest