"Limသခင်လေးလေယာဉ်လက်မှတ်ကော ဗီဇာကော ရလာပါပြီ..."
အချိန်၃ရက်ခန့်စောင့်ဆိုင်းပြီးနောက်Matlock သို့သွားရန်ဗီဇာရရှိပြီဖြစ်သည်....လူမသိသူမသိအောင်သိုသိုသိပ်သိပ်သွားမည်ဖြစ်၍လေယာဉ်လက်မှတ်ကိုပင်ဈေးအသင့်တင့်လက်မှတ်သာ ဝယ်ထားသည်..သူတစ်ယောက်တည်းသာ သွားမည်ဖြစ်၏...သို့သော်သူနှင့်အရိပ်ပမာဖြစ်နေသော Fengကတော့သူ့နှင့်လက်တစ်ကမ်းတွင်ပါလာမည်လေ....
"မနက်ဖြန်မနက်၄နာရီလေယာဉ်ပဲ..."
"ဟုတ်ပါတယ်Lim သခင်လေး.."
"မင်းလည်းဒီနေ့ နားလိုက်ပေါ့...မနက်ဖြန်ခရီးထွက်ရမှာပဲ..ငါကတော့ အမကို ကြိုတင်ပြောလိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ Lim သခင်လေးကောင်းသောညပါ.."
အပြင်သို့ထွက်သွားသည့်Feng ကိုငေးကြည့်နေရင်း Lim Yaung နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်...
"Feng...တစ်နေ့တော့ ငါ့ရှေ့မှာ မင်းရဲ့မျက်နှာဖုံးကို ချွတ်ပြရလိမ့်မယ်..."
တင်းကြပ်နေသည့်ဝတ်ရုံခါးစည်းကြိုးကို အတော်အသင့်ဖြေလျော့ပြီးနောက်ခုံပေါ်တင်ထားသည့်ဝိုင်ခွက်ကို တစ်ငုံမျှမော့သောက်လိုက်ပြီး သူ၏ အမဖြစ်သူ Chan Yan ကို ဖုန်းဆက်လိုက်သည်...
"Hello...အစ်မChan Yan ...ကျွန်တော်မနက်ဖြန်မနက်Matlock ကို ထွက်လာမယ်.."
"ကောင်းတာပေါ့...ဒါနဲ့လေ ဟိုမိန်းကလေးက အိမ်မှာလာမနေဘူးတဲ့..ငါ့အကြံတစ်ခုတော့ လွင့်ပစ်လိုက်ရပြီ.."
"ကျွန်တော်လာတဲ့အထိစောင့်နေပါ...အခုတော့ ခဏလေး အချိုသတ်ထားလိုက်လေ.."
"အေးပါ..ငါ့ယောက်ျားပြန်လာနေပြီ...နင့်ကို ငါလာမကြိုတော့ဘူးနော်..ငါတို့အ်ိမ်ကိုသာတခါတည်း တန်းလာလိုက်..ဒါပဲနော်"
ဖုန်းလိုင်းပြတ်တောက်သွားပြီးနောက်Lim Yaung သူ၏ ဆံပင်များကို လက်ဖြင့်သပ်ချလိုက်သည်..ဖွင့်ထားသောပြတင်းပေါက်မှဆောင်းလေအေးများဝင်လာသည်....သူ၏ အခန်းရှေ့တွင်စိုက်ထားသော ခရမ်းရောင်ဖယောင်းပန်းခင်းကလေတိုက်တိုင်း ယိမ်းထိုးလှုပ်ရှားနေသည်...သူ၏ အတွေးထဲပေါ်လာသော တစ်စုံတစ်ယောက်ကြောင့်ပြုံးလိုက်မိသည်
"ဟတ်ချိုးး...ငါဘာလို့ နှာတွေစေးတာပါလိ်မ့်.."
Sofaပေါ် လဲလျောင်းကာ စာအုပ်ဖတ်နေရင်း ခုံပေါ်ရှိ တစ်သျှူးဘူးကို လှမ်းယူလိုက်သည်...အိမ်တော်ထိန်း Fridi ကတော့ Coffeeနွေးနွေးတစ်ခွက်ကို လာချပေးသွားသည်...
"Lady Lorem...နှာတွေစေးနေတာလား.."
"အင်း ငါလည်းအအေးမိအောင်မနေထားပါဘူး.."
"တယောက်ယောက်က lady loremကို သတိရနေလို့နေမှာပေါ့..."
အိမ်တော်ထိန်းစကားကြောင့်Venessa ရင်ထဲနွေးထွေးသွားသလိုခံစားလိုက်ရသည်...သူ့ကို ဘယ်သူကများ သတ်ိရနေမည်နည်းဟုတွေးတောနေလိုက်မိသည်...
"lady lorem ခုနက လာပို့တဲ့စာပါ..."
ကမ်းပေးနေသည့်စာအိတ်အပေါ်မှ ချိတ်ပိတ်ထားသည့်တံဆိပ်ကြောင့်Castorဆီက စာမှန်းတပ်အပ်သိလိုက်ရသည်..စာကို တစ်ခဏကြာဖွင့်ဖတ်ပြ်ီးနောက်အရင်စာများကဲ့သို့ မီးပုံထဲမထည့်ဘဲသေချာခေါက်သိမ်းလိုက်သည်....
"Fridi...ငါ့ကို လုပ်ကြံတဲ့တစ်ဖွဲ့ကို သိရပြီ...Long ဂိုဏ်းကတဲ့.."
"Lady Lorem...တခါဖော်ခဲ့တဲ့ အမှု.."
"ဟုတ်တယ်...ငါလုပ်လိုက်လို့ သူတို့ခွက်ဆွဲရမလိုဖြစ်သွားတယ်တော့ကြားတယ်ရယ်..."
ဂုဏ်ယူသည့်မျက်နှာထားဖြင့်ပြောနေသည့်Venessaကို အိမ်တော်ထိန်းမအံသြဘဲမနေနိုင်...အင်းလေ အာရှတိုက်ရဲ့ နာမည်ကြီးဂိုဏ်းကိုပို့မည့်ရှေးဟောင်းပစ္စည်းများကို ရဲလက်အပ်လိုက်သောကြောင့်ဟိုဘက်ဂိုဏ်းခမျာ ခွက်ဆွဲကိန်းဖြစ်သွားရသည်လေ..US$5000000 တန်ဖိုးရှိရှေးဟောင်းပစ္စည်းများကိုငွေလက်ငင်းပေးချေထားသောကြောင့်ပိုက်ဆံလည်းဆုံး ပစ္စည်းလည်းဆုံးခဲ့ရသော Long ဂိုဏ်းအကြာင်းတွေးမိတိုင်း စိတ်ထဲ သနားသလိုခံစားလိုက်ရသည်.....
"ငါတော်တယ်မလား...ဟင်းဟင်း ငါလေ ငါ အတော်ဆုံး စုံတောက်Venessaလေ!"
"အတော်ကောင်းလို့ လူ၁၂ယောက်လောက်ဝိုင်းရိုက်တာ ခံရတော့မလို့လေ Lady Lorem..."
မျက်နှာကိုဆူပုတ်သွားကာ စာအုပ်ကို ပြန်ဖတ်နေလိုက်သည့်Venessa....အမှန်တရားပြောနေသောကြောင့်သာ ဘာမှပြန်မလုပ်လိုက်ပေ....စာအုပ်ကိုသာကောက်ယူကာ စာရွက်များကို ခပ်ကြမ်းကြမ်းဖိလှန်နေလိုက်တော့သည်...
🌸🌸🌸Midnight Flower 🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ဟယ်ငါ့မောင်လေး Lim Yaung အခုမှ လာတော့တယ်..."
Lous နှင့်Chan Yanတို့၏ အိမ်သို့ Lim Yaungရောက်လာလေပြီ...လက်ဆောင်ပစ္စည်းများတနင့်တပိုးသယ်လာပြီး မပြောမဆိုရောက်လာသည့်ယောက်ဖဖြစ်သူကို Lous တစ်ယောက်အားနာနေမိသည်...
"အိမ်လာလည်တာပဲ..ဘာလို့ လက်ဆောင်တွေအပင်ပန်းခံပြီးယူလာရတာလဲကွာ..."
"တခါတလေမှတွေ့ရတဲ့ သူတွေပဲ...အမှတ်တရပါ ..Mr.Lous..အစ်မChan Yan ကို ဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ်.."
Mr.Lous အတွက်ဆေးတံတစ်ချောင်းနှင့်တရုတ်ရိုးရာ တန်ဖိုးကြီးဆန်အရက်အပြင်သူ၏ အစ်မဖြစ်သူ Chan Yan အတွက်ကျောက်စိမ်းလက်ကောက်နှင့်နက်ပြာရောင်ပိုးဂါဝန်ကို လက်ဆောင်အဖြစ်ပေးလိုက်သည်....ထို့ပြင်အမျိုးစုံလင်လှသော ရိုးရာမုန့်ဘူးများကလည်း အလျှံအပယ်ပေ...ရုတ်တရပ်Chan Yan ၏ အကြည့်က Lim Yaung ၏လက်ထဲတွင်ကျန်နေသေးသောနောက်ထပ်အထုတ်တစ်ထုတ်ဆီရောက်သွားတော့သည်...
"Lim Yaung...ဟိုအထုတ်က ဘယ်သူ့အတွက်လဲ.."
"Aww..ဒါက Venessa အတွက်လေ..."
ပြုံးရင်း အထုပ်ထဲမှ ဘူးကိုထုတ်ယူပြီး ဖွင့်ပြလိုက်သည်...နူးညံ့လှသော တရုတ်ရုိးရာ ပိုးဝတ်စုံလေးမှာ လှလှပပနေရာယူထားသည်...ခရမ်းရောင်ပိတ်စပေါ်တွင်ထိုးထားသောရောင်စုံ ဖယောင်း ပန်းပွင့်လေးများကြောင့်ပိုမိုလှပနေသယောင်..ခရမ်းရောင်ကျောက်များဖြင့်ပြုလုပ်ထားသည့်ကြယ်သီးလေးများနှင့်မရမ်းရောင်ဇာအနားကွပ်လေးများက ဝတ်စုံ၏ ကျက်သရေကို ပိုမိုဖြည့်တင်းပေးနေသလို
Chan Yanကော Lous ပါ ထိုလက်ဆောင်ကို ကြည့်ပြီး အံ့သြနေမိသည်...
"ဟယ်..Lim Yaung ကရွေးတာတော်လိုက်တာ ညီမလေး Venessa သဘောကျမှာသေချာတယ်...ဟုတ်တယ်မလား Darling......"
"ဟုတ်တာပေါ့..Venessa က ခရမ်းရောင်ကိုအရမ်းသဘောကျတာ.."
"ကျွန်တော်က လက်ဆောင်ပေးချင်ပေးမယ့်Venessa က အတွေ့ခံပါ့မလား မသိ.."
"တစ်ရက်လောက်နေ့လည်စာတူတူစားဖို့ဖြစ်ဖြစ်ပြောလိုက်လေ...အစ်မပြောပေးမယ်...ကဲ Lim yaung လည်း ခရီးပန်းလာမှာ...Mariရေ ပစ္စည်းတွေသူ့နေရာသူထားလိုက်စမ်း..."
"Chan Yan..Limနေမယ့်အခန်းကို လိုက်ပို့ပေးလိုက်ဦးလေ.."
"ဟုတ်သား..လာ အစ်မလိုက်ပြမယ်.."
Chan Yanကော Lim Yaung ပါ အပေါ်ထပ်သို့တက်သွားလိုက်သည်...စံအိမ်၏ အပေါ်ထပ်ရှိ အကောင်းဆုံးအခန်းတစ်ခုတွင်နေနိုင်ရန်စီစဉ်ပေးထားခြင်းဖြစ်သည်...အခန်းတွင်းဝင်ပြီးနောက်Chan Yan မှာ မနေနိုင်စွာမေးလိုက်မိသည်...
"နင်Venessa နဲ့တကယ်တွေ့မှာလား..."
"ဟုတ်တယ်လေ..သူ့ဈာပနမှာ အလှဆင်ဖို့ ကျွန်တော်ပေးတဲ့ အင်္ကျီလေးက အလိုက်ဖက်ဆုံးပါ..."
"နင့်မဟာအကြံတွေကိုငါလိုက်မမှီပါဘူး...အေးပါ..ငါအောက်ဆင်းနှင့်ပြီ..."
တံခါးပိတ်သံနှင့်အတူ တိတ်ဆိတ်သွားသော အခန်းလေးတွင်း Lim Yaung တစ်ယောက်ထို ဂါဝန်ကိုစူးစူးစိုက်စိုက်ကြည့်နေမိသည်....တစ်ယောက်သောသူနှင့်ထိုဝတ်စုံလေးမှာ အလွန်လိုက်ဖက်နေမည်ကိုသူတပ်အပ်သိနေလေသည်....