သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၆)
(Season - 1, Episode - 6)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
၂၄. ၈.၂၀၁၆ ဗုဒ္ဓဟူးနေ့......။
ဒီနေ့အိပ်ယာကထကတည်းက မိုးခါး စိတ်
တွေအရမ်းလေးလံနေသည်။..။
အိပ်ပျော်နေဆဲဖြစ်တဲ့ပူတူး ကိုတစ်ချက် နမ်းလိုက်ပြီး မနက်စာပြင်နေလိုက်သည်။.....။
ဘယ်တော့မှ မနက်စောစောမထတတ်တဲ့
အမေက သူနိုးကတည်းက အပြင်ကိုသုတ်သုတ်
ပြာပြာထွက်သွားသည်။...။
ရေနွေးတစ်အိုးတည်ပြီး ထမင်းတစ်အိုးကြော်
ကာ ပူတူးကိုနှိုးလိုက်ပါသည်။.....။
မျက်နှာတွေဘာတွေသစ်ပေး ၊ အ၀တ်အစားလဲ
ပေးပြီးတဲ့အထိ အမေကပြန်မလာသဖြင့် မိုးခါး တွေး
ရကြပ်သွားသည်။
"...ကိုကို......ကိုကို..."
"....ဟင်...ပူတူး...ပြောလေ...ဘာလဲ....."
"...ဒီနေ့..အရီးတို့လာခေါ်မှာ....ပူတူးကိုအကျီ
လှလှလေးဝတ်ပေး....ဒေါက်ဖိနပ်စီးပေး..."
အသံသေးသေးလေးနဲ့ပြောနေသော ညီမငယ်
ကို မိုးခါး အသည်းယားလာသဖြင့် ပါးအို့အို့လေး
အားလိမ်ဆွဲလိုက်သည်။.....။
"...အင်းပါ...ဟုတ်ပါပြီ...ကိုကို.လဲပေးမှာပေါ့
...မွ....ချစ်စရာကောင်းလိုက်တာ.."
ခဏနေတော့ ပူတူးကိုအရီးတို့အိမ်က မြင်း
လှည်းတစ်စီးဖြင့်လာခေါ်သွားသည်။.....။မိုးခါး
လည်း အကျီချွတ်ကာ ပုဆိုးတိုတိုတစ်ထည်ဖြင့်
ရေချိုးနေလိုက်၏။....။
အိပ်ယာထကတည်းက ငြီးစီစီဖြစ်နေကာစိတ်
လေးနေတာမို့ ခေါင်းပါရေလောင်းပြီး ရှန်ပူနဲ့အမြှပ်
ထွက်အောင်လျှော်ပစ်လိုက်သည်။
ရေချိုးရင်းနဲ့ပဲ.... သွန်း ကအတွေးထဲ
ရောက်လာသည်။....။
ပူပူနွေးနွေးရည်းစားလေး....။ သူငယ်ချင်းလို
တစ်မျိုး..၊ ညီအစ်ကိုလိုတစ်ဖုံ ၊ ချစ်သူလိုတစ်သွယ်
သူ့အပေါ် အနိုင်ယူတတ်တဲ့ သူ။
ခေတ်စကားနဲ့ပြောရရင် သူ့ရဲ့ Uke လေး....။
စိတ်အလွန်ကောက်တတ် တဲ့ ကောက်စိန်လေး..။
မိုးခါး နှုတ်ခမ်းတွေ ပြုံးယောင်သမ်းလာသည်။
ကိုယ့်ကိုယ်ကို Gay တစ်ယောက်လို့ သတ်မှတ်
ပြီးတဲ့နောက် ယောင်္ကျားတစ်ယောက်အပေါ်
ပထမဆုံး ရင်ခုန်ဖူးတာ သွန်း တစ်ဦးသာရှိသည်။
တမာပင်ပေါလှသော အညာဒေသမို့ လေ
တစ်ချက် ဝှေ့ လိုက်တိုင်း ဖြူလွှလွှတမာပန်းလေး
တွေက တဖြုတ်ဖြုတ်ကြွေကျလာ၏။....။
"...သြော်...ဒီနေ့တမာပန်းတွေအရမ်းကြွေနေ
ပါလား....ဘာဖြစ်လို့ပါလိမ့်......."
ခေါင်းပေါ်ကျလာသော ပန်းအကြွေတွေကို လက်
နဲ့လှမ်းဖမ်းဆုပ်နေမိပါသည်။...............။
ရေတစ်ခွက်ပြီးတစ်ခွက်........။
ပြီးတော့....
ပန်းပွင့်တွေ တပွင့်ပြီးတစ်ပွင့်............။
"....အိမ်ရှင်တို့ . ......အိမ်ရှင်တို့........"
မိုးခါး သေချာနားစွင့်လိုက်တော့ ခေါ်သံ
တစ်ခုကြားလိုက်ရသည်။ပုဆိုးကိုမြန်မြန် လဲပြီး အိမ်ရှေ့ကိုထွက်လာခဲ့တော့ သူတစ်ခါမှမမြင်ဖူးတဲ့
အသက်နှစ်ဆယ့်ငါးနှစ်ခန့် လူရွယ်တစ်ယောက်ကို တွေ့လိုက်ရပါသည်။
"...ဟိုဘာကိစ္စများလဲ..မသိဘူး...."
".....ဒေါ်...ဒေါ်မေသင်း..ရှိလား..ညီ....."
ထိုလူရဲ့မျက်လုံးတွေက..အပေါ်ပိုင်းဗလာ
ဖြစ်နေတဲ့ မိုးခါး ရဲ့ခန္ဓာကိုယ်ပေါ်မှာ အစုံအဆန်
ပြေးလွှားနေကြသည်။
မိုးခါး ထိုသူကိုကြည့်ပြီး မနှစ်မြို့သလိုလိုဖြစ်လာတာမို့ နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်ရင်း
"..အမေမရှိပါဘူးဗျ.....ညနေလောက်မှလာ
ခဲ့ပါလား....."
ဟုပိတ်ပြောလိုက်သည်...။ဒါပေမဲ့
ထိုသူကတဖြည်းဖြည်းရှေ့တိုးလာသည်။ မိုးခါး
လက်သီးကိုဆုပ်ရင်း နောက်သို့ ဆုတ်သည်။....။
အဲဒီအချိန်မှာပဲ..
မိုးခါး ရဲ့နှာခေါင်းဝသို့ ရနံ့တစ်မျိုး ရလာခြင်း
နဲ့အတူ မြင်နေရသောမြင်ကွင်းတွေသည် ချာချာ
လည်သွားတော့၏။..။ သတိလွတ်သွားကာ
ခေါင်းထဲမိုက်ခနဲဖြစ်သွားမှုနဲ့အတူ သူ့ခန္ဓာကိုယ်
သည် ထိုလူ၏ ဖမ်းချုပ် ခြင်းကိုခံလိုက်ရသည်....။
မိုးခါး နောက်ဆုံးသတိရမိသည်မှာ စူဋ္ဌာမဏိ
ဘုရားမှာသူချိန်းထား လို့စောင့်နေမယ့် သွန်း ရဲ့
ပုံသဏ္ဌန်ဖြစ်ပါသည်။....။
အဲဒီမနက်ကတမာတွေ တဖြုတ်ဖြုတ်ကြွေခဲ့
သည်။.......။
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
မပူမအေးတစ်မျိုးကြီးဖြစ်နေသော ရာသီဥတုကြောင့် သွန်း ချွေးတွေရွဲနစ်ကာ အိပ်ယာမှ လန့်နိုးလာခဲ့သည်။....။
ရင်ထဲတစ်လှပ်လှပ်ဖြစ်နေသေး၍ ရေအေးအေးတစ်ခွက် ကိုလျင်မြန်စွာသောက်ချလိုက်ရသည်။....။
မိုးခါး ကိုဖုန်းခေါ်ကြည့်တော့..စက်ပိတ်ထားသည်ဟုဖြေသဖြင့် သွန်း စိတ်ညစ်သွားပါသည်။......။
အနည်းငယ်လန်းသွားအောင် ရေချိုးခန်း
ထဲနာရီဝက်လောက်စိမ်ပြီးချိုးပစ်လိုက်သည်။
ဘောင်းဘီတိုတစ်ထည်ကောက်ဝတ်ပြီး....
ဟိုတယ်အောက်ဆင်းလာတော့ မာမီနဲ့တွေ့
သည်....။
မာမီ ကပေါ်တီကိုနားက ဒန်းလေးပေါ်ထိုင်ပြီး ကောင်းကင်ကိုမော့ကြည့်နေပါသည်။......။
ဒီနေ့ထူးထူးခြားခြား နေမင်းကြီးကနေရှိန်
သိပ်မပြင်းဘဲ မပူမအေးလေးဖြစ်နေသည်။
မာမီကသူ့ကိုမြင်တော့ အိတ်လေးတစ်အိတ်လှမ်းပေးပါသည်။.....။
"...မနက်ကမာမီ.ငြိမ်းချမ်းကိုလေဆိပ်လိုက်ပို့
တုန်းကပေးသွားတာ..........."
"....သြော်.....ဓာတ်ပုံတွေပါလား.."
မာမီလည်း သူ့ဖုန်းသူပွတ်နေတာနဲ့ သွန်းအပေါ်ပဲ
ပြန်တက်ခဲ့လိုက်သည်။.......။ဓာတ်ပုံတွေက သူနဲ့
မိုးခါး ရဲ့ဓာတ်ပုံတွေဖြစ်သည်။....။ကိုငြိမ်းချမ်းက
အလုပ်များတဲ့ကြားထဲကနေကူးပေးသွားသဖြင့်
ကျေးဇူးတင်သလို ၀မ်းလည်းသာမိသည်။.....။
ကုတင်ပေါ်အသာလှဲရင်း..ဓာတ်ပုံတွေကိုထုတ်ကြည့်မိသည်။........။ သွန်းက အရပ်ပုသည်။..။
မိုးခါး မဆိုစလောက်လေး ရှည်သည်။...။
ပုဆိုးနဲ့အရမ်းလိုက်တဲ့ မိုးခါး ပုံစံက ဓာတ်ပုံထဲ
မှာတောင် အတော်ချောလေသည်။....။
"....ဟော...ဒါ..သရပါတံခါးတုန်းကပုံပဲ....."
ကိုငြိမ်းချမ်း နဲ့ သရပါတံခါး ကိုရောက်တုန်း
က ရိုက်ဖြစ်ခဲ့တဲ့ပုံလေးကို တွေ့တော့ သွန်း သဘော
ကျသွားသည်။....။ အကြည့်ချင်းဆုံ pose ..။
နောက်မှ မိုးခါး နဲ့အတူတူဘူးသီးကြော်ဆိုင်
လေးကို ထပ်သွားရမည်။......။
ဓာတ်ပုံလေးတွေကြည့်လို့ဝတော့မှ သွန်း
အ၀တ်အစားလဲကာ အောက်သို့ထပ်ဆင်းလာခဲ့
သည်။.....။
ဒီညနေ စူဠာမဏိဘုရားကို မိုးခါး ကထပ်
သွားချင်တယ်လို့ပြောထားသဖြင့် သွန်း အူမြူးနေ
ပါသည်။.....။
ရေမွှေးလေးဘာလေးတောင်ဆွတ်ပြီး သီချင်း
လေးတောင်ခပ်တိုးတိုးညည်းမိသေးသည်။......။
စက်ဘီးနဲ့မသွားချင်တာမို့ Driver ခေါ်ကာ
ကားနဲ့ပဲထွက်လာခဲ့လိုက်သည်။....။ မိုးခါး ကို
ဖုန်းတစ်ခါထပ်ခေါ်တော့ မကိုင်။. ထို့ကြောင့်ဆက်
မခေါ်တော့ဘဲ လမ်းဘေးဝဲယာကိုသာငေးနေလိုက်
သည်။
"....ငါ...ဘုရားကစောင့်နေမယ်နော်..သွန်း..
ဂရုစိုက်လာခဲ့နော်...နေပူတယ်...ဦးထုပ်
လေးဘာလေးဆောင်းခဲ့........"
လို့မှာထားသောကြောင့် သွန်း ဦးထုပ်လေး
ကိုလက်မှာဆုပ်ကိုင်ထားသည်။....။
နေပူတာများ။...။ပူပါစေ။....။မာမီပြောတဲ့
အတိုင်း နေရောင်အောက်မှာ သူ့ကိုစောင့်နေမယ့်
မိုးခါး ရဲ့ ပုံကိုမြင်ယောင်ရင်း...ကျလိကျလိဖြစ်နေ
သည်မဟုတ်လော......။
ဟိုတစ်ခါကတော့ဂူထဲမှာသေချာမနမ်းဖြစ်လိုက်။....။
ဒီတစ်ခါဆိုရင်....ဟိ......။
သွန်း ကိုယ့်အတွေးနဲ့ကိုယ်ကလယ်ဆီယမ်
ကွေကာသောက် ရင်း သဘောတွေကျနေပါသည်။
အမေကလည်း ကြည်ဖြူထားတဲ့ သူတို့နှစ်ယောက်
ရဲ့ ရှေ့ဆက်မယ့်ခရီးက ကြည်နူးဖွယ်အပြည့်။..။
"...ရပြီ..ရပြီ...ဒီနားလေးမှာရပ်ပေး......."
ဘုရားသို့ရောက်ပြီမို့ သွန်း ကကားတံခါး ကို
ဖြည်းညင်းစွာဖွင့်ကာ ဆင်းလိုက်သည်။......။
မျက်စိကချက်ချင်းဘုရားဆီရောက်သွားသည်။
မိုးခါး ကိုမတွေ့ရသေးတာမို့ အနည်းငယ်အလိုမကျ
ဖြစ်သွားပေမဲ့ နာရီကိုကြည့်မိ၏။
"..ဆယ့်ငါးမိနစ်ကျော်သွားပြီ....."
လေးနာရီခွဲချိန်းထားသူကိုဆယ့်ငါးမိနစ်လောက်
စောင့်လိုက်ရလို့ဘာမှမဖြစ်။....။ သွန်း ဘုရားပေါ်
မှာ အရိပ်ကောင်းမယ့်နေရာလေးရွေးပြီး ထိုင်စောင့်
နေလိုက်ပါသည်။....။
စေတီတော်ရဲ့စိန်ဖူးတော်ကိုမျှော်ကြည့်ပြီးလက်
အုပ်ချီလိုက်မိသည်။......။ ထမင်းကိုစောင့်က
အကျက်နှေးဆိုတဲ့စကားအတိုင်းပင်။ သူကပဲတွေ့
ချင်လွန်းနေသလား...။ မိုးခါး ကပဲနောက်ကျလွန်း
သလားမပြောတတ်ပေ။ စောင့်ရတာကြာလွန်းသည်။
"....ကြာလိုက်တာ..မိုးခါး..ရယ်....."
လို့ တစ်ချက်ရေရွတ်ပြီး ညောင်းလာ၍ငုတ်
တုတ်လေးထိုင်ချလိုက်ပါသည်။....။
ငါးမိနစ်ကိုတောင် ငါးနာရီလောက်ကြာတယ်လို့် 
ထင်နေတဲ့ စိတ်ကိုလည်း စိတ်ရှည်ရှည်ဆွဲဆန့်ရင်း
ဘုရားဖူးဧည့်သည်တွေ ကိုငေးနေတုန်းမှာပဲ ခပ်မတ်မတ်လျှောက်လာသောမိုးခါးကိုတွေ့လိုက်ရသဖြင့်
လှိုက်ခနဲဝမ်းသာသွားရသည်
"......မိုးခါး..ငါ..ဒီမှာ...."
ပုဆိုးအပြာကွက်လေးနဲ့မိုးခါး က လက်ပြ ပြီး
အော်ခေါ်နေသော သွန်း ကိုမြင်သွားဟန်တူသည်။
သွက်သွက်လေးပြေးလာသည်...။
သွန်း ကခုန်ဆွခုန်ဆွဖြစ်နေ၏။ မိုးခါး က အနားရောက်တော့ သွန်း ရဲ့ပုခုံးကိုကိုင်ကာ
"....သြော်..သွန်းရယ်..နေပူလို့ဦးထုပ်ဆောင်း
ခိုင်းတာကို...မဆောင်းပဲ..ငုတ်တုတ်ထိုင်
နေရသလား.........."
ဟုကြင်နာစွာပြောလေသည်။....။ မိုးခါး ရဲ့အသံက တစ်မျိုးဖြစ်နေသည်။
"....မင်းကနောက်ကျနေတာကိုး..ဒါနဲ့...အသံ
ကဘယ်လိုဖြစ်နေတာလဲ...တစ်မျိုးကြီးပဲ "
သွန်း မေးလိုက်တော့ မိုးခါး မျက်နှာပျက်
သွားသည်။....။
"...ဘာ..ဘာမှမဖြစ်ပါဘူး...ရေချိုးများသွားလို့
နှာစီးနေတာ......."
"....ဖျားရောဖျားနေသေးလားဟင်....."
မိုးခါး က ခေါင်းခါပြပြီး သွန်း ကိုဆွဲဖက်လိုက်
သည်။.....။
လူရှင်းနေတာမို့တော်သေးသည်။.........။
သွန်း တစ်ချက်ပြုံးလိုက်ပြီး..နာရီကိုကြည့်တော့ ငါး
နာရီကွက်တိ...။ မိုးခါး ကလူချင်းပြန်ခွာ ကာ တစ်ခုခုကိုသတိရသွားဟန်ဖြင့်
"..အောက်မှာ..သွန်း ကိုပေးစရာကျန်ခဲ့တယ်..
ဆင်းယူလိုက်ဦးမယ်...ဒီနားကစောင့်နေနော်
ပြီးတော့...သွန်း ကိုပြောစရာရှိတယ်...."
"...ငါပါလိုက်ခဲ့မယ်လေ......."
"...နီးနီးလေးပဲသွန်းရဲ့....ဒီနားကစောင့်နေ
နော်....ပြန်လာမယ်............."
သွန်း ဘာမှမပြောလိုက်နိုင်ခင်မှာပဲ မိုးခါး က
ူံပုခုံးကို ပုတ်ကာ ထွက်သွားပြီဖြစ်ပါသည်။....။
ဟူး......။ သွန်း...လက်လေးပိုက်ကာစောင့်
နေလိုက်၏။...။ စောင့်ရတာသိပ်စိတ်တော့မရှည်။
ဒါပေမဲ့....ဒီနေ့ မိုးခါး ပုံစံက သိပ်အဆင်ပြေပုံမရ
လို့ သူပြောတဲ့အတိုင်းပဲနေခဲ့လိုက်သည်။.....။
ဘုရား တောင်ဘက်ကိုထွက်သွားသည့် မိုးခါး
ရဲ့ကျောကိုငေးရင်း နာရီကိုကြည့်မိသည်၊.....။
၅ နာရီ ၃ မိနစ်....။ပတ်ဝန်းကျင်တွင်
လေတွေတဖြည်းဖြည်းတိုက်လာသလိုခံစားလိုက်
ရသည်။ကောင်းကင်ကညိုမှိုင်းနေသည်။
စိတ်ကူးယဉ်ထားသော နေရောင်က မျှော်မှန်း
ထားတဲ့အတိုင်း မဖြစ်လာ....။နေမင်းကြီးက ဒီနေ့
မှ အ၀င်မြန်နေသည်။.....။
အဲဒီအချိန်မှာပဲ..အုတ်တစ်ချပ် သူ့ခြေမပေါ်
ဒုံးခနဲပြုတ်ကျလာသည်။....။သွန်း ထိတ်လန့်သွား
ပြီး ခုန်လိုက်စဉ်မှာပဲ အလွန်ကျယ်လောင်သောအသံ
ကြီးတစ်ခုထွက်လာပါသည်။.....။
တစ်ခုခုအကြီးအကျယ်ပြိုတဲ့အသံကြီးမျိုး......။
"....ဒုံး....ဒုံး.....ဝေါ............."
"....ဟဲ့ကောင်လေး....ဘာရပ်လုပ်နေတာလဲ.
ဘုရားပြိုကျနေတာမသိဘူးလား......"
"....ဟဲ့..ငလျင်လှုပ်တာဟဲ့...မြန်မြန်ဆင်းကြ.."
သွန်း ခြေချထားသော မြေကြီးသည်ကြောက်စရာကောင်းလောက်အောင်တုန်ဟီးလာသည်
"...မိုးခါး.....မိုးခါး....မင်းဘယ်မှာလဲ."
သွန်းအသိစိတ်လွတ်နေသူတစ်ဦးလို ...မိုးခါး
ထွက်သွားရာဘက်သို့ပြေးပေမဲ့ တ၀ုန်းဝုန်းပြိုကျလာသောစေတီတော်ကြီးက သူ့ကိုဆက်သွားလို့မရ
အောင်ကာဆီးထားသည်။....။
ဟင် .......။ သွန်း ကိုယ့်မျက်စိကိုယ်ပင်မယုံနိုင်။
စေတီတော်ရဲ့ အုတ်ချပ်အဟောင်းတွေကတစ်အိအိပြိုဆင်းနေသည်။.......။
သူ့ခြေထောက်ကိုတောင် လာမှန်နေပြီ။.....။
ဘုရားဖူးအချို့က သူ့လက်ကိုဆောင့်ဆွဲပြီးပြေး
ကြ၏။သွန်း အခုထိဘာဖြစ်နေမှန်းမသိသေး....။
ငလျင်တဲ့လား....။ မျက်စိရှေ့မှာတင် အရာအား
လုံးခုနကနဲ့မတူတော့......။ မိုးခါး ဘယ်မှာလဲ...။
ပတ်ဝန်းကျင်တစ်ခုလုံးမည်းမှောင်နေပြီ.........။
ဒါအိပ်မက်မဟုတ်ကြောင်း ကမ္ဘာပျက်မတတ်
ဆူညံနေသည့် အော်ဟစ်သံများ ၊ နှစ်ပေါင်းများစွာ
က ခန့်ညားထည်ဝါစွာစံပယ်ခဲ့သော စေတီပုထိုး
တော်တို့၏ မြေခသံများ က သက်သေခံနေသည်။
လူတစ်ယောက်က စေတီတော်ရဲ့ ထိပ်ပိုင်းကိုလက်
ညိုးထိုးကာ အော်ဟစ်လိုက်သည်။
".....စိန်ဖူးတော်မြေခပြီ........"
စူဠာမဏိစေတီတော်ရဲ့.. တောင်ဘက်တစ်ခြမ်းလုံးပြိုသွားရုံသာမကစိန်ဖူးတော်ကြီးပါ ၀ုန်း ခနဲ မြေခ
သွားတာကိုတုန်လှုပ်ဖွယ်တွေ့မြင်လိုက်ရပါသည်။..။
ခပ်လှမ်းလှမ်းက ပြသာဒ်ကြီးဘုရား အနီးအနား
ပတ်ဝန်းကျင်မှာပါ အော်ဟစ်သံများဆူညံနေသည်။
ဖုန်တွေအလိမ့်လိမ့်နဲ့ ကြောက်မက်ဖွယ်တုန်ဟီး
နေသော ငလျင်ဆိုတဲ့အရာကြီးကို နဖူးတွေ့ဒူးတွေ့
ကြုံလိုက်ရပြီ။.....။
သွန်း ချက်ချင်း မူးဝေလာသည်...။လက်ထဲတွင်
ဦးထုပ်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားဆဲ....။
မိုးခါး ရဲ့နွမ်းလျလျမျက်နှာကိုတစ်လှည့် ၊ နှလုံးကို
ဆုပ်ကိုင်ညှစ်လိုက်သကဲ့သို့ စေတီတွေမြေခသံက
တစ်လှည့်မြင်ယောင်ရင်း နားထဲတွင်ဆူဝေနေသည်။
ခန္ဓာကိုယ်တစ်ခုလုံး သည် အဆမတန်တုန်ဟီးနေ
သော မြေပေါ်တွင်ကြာရှည်ရပ်တည်ခြင်းငှါမစွမ်း
သာ။ ခွေခနဲ လဲကျသွားတော့သည်။.......။
ဘုရား..။ဘုရား......။ဒါဘယ်လိုကံဆိုးမှုမျိုး
ပါလဲ....။ဖုန်တွေ သဲတွေနဲ့ မုန်တိုင်းကြီးတစ်ခုအ
လား။ ပြေးလွှားသံ ၊အော်သံဟစ်သံများဖြင့်ပြင်းထန်
လှသော မြေငလျင်သည် မြန်မာတို့၏နှလုံးသည်း
ပွတ် ပုဂံမြေကို တစ်စစီချေမွဖျက်ဆီးနေပြီ......။
မျက်စိတစ်မှိတ်အတွင်းမှာပင် သင်္ခါရသဘောကို
အားလုံးလက်တွေ့မြင်တွေ့လိုက်ကြရသည်။
စိန်ဖူးတော်တစ်ဆူပြီးတစ်ဆူမြေခ တိုင်းရင်ထဲကနှလုံးသားကိုသွေးတစ်စက်စက်ကျအောင်ဖျစ်ညှစ်လိုက်သလိုအားလုံးခံစားရသည်။...။
လျှပ်တစ်ပြက်အတွင်းမှာပင် နေ
ရောင်အောက်မှာခန့်ညားထည်ဝါခဲ့သော အဖိုးတန်
စေတီပုထိုးတော်များ အုတ်ပုံဘ၀ရောက်ကြရရှာပြီ။
ဒီငလျင်ဆိုးကြီးဟာ ပုဂံတင်သာမဟုတ်။ ပုဂံအနီး
အနားတစ်ဝိုက်ကမြို့တွေ ၊ ရွာတွေကိုပါ လှုတ်ခတ်
လိမ့်မည်သေချာသည်။....။
ထိုနေ့ကနေမသာခဲ့ပါ။
ထိုနေ့က..ဘာဆိုဘာမှ.....ဆုပ်ကိုင်၍မရခဲ့ပါ။
အရာအားလုံး ပျောက်ကွယ်ပျက်စီးခဲ့သည်။....။
သေနတ်သံတစ်ချက်မဖောက်။ ကျည်ဆန်တွေပန်း
လိုမဝေ။ ဒါပေမဲ့....ဤပထ၀ီမြေကြီးတစ်ချက်အလှုပ်မှာ အရာအားလုံးသေဆုံးသည်။...။
နှလုံးသားတွေမြေခသည်။...။
ဖုန်လုံးကြီးတွေကြောင့်အသက်ရှူမရ ၊ အမြင်အာရုံတွေေ၀၀ါးနေပေမဲ့ အားလုံးရဲ့ မျက်ဝန်းတွေဟာ တစ်စစီပဲ့ကြွေနေသော စေတီတော်တွေကိုယူကျုံးမရငေးနေကြသည်။
အုတ်တစ်ချပ်။
မျက်ရည်တစ်စက်..။
.....................။
......................။
ဤအဖြစ်ဆိုးသည် သွန်း နဲ့ မိုးခါး တို့နှစ်ယောက်ကို
ဝေးကွာစေခဲ့သလို မိုးခါး ရဲ့ အမှောင်ဆုံးလမ်းကို
စတင်လျှောက်လှမ်းသော ပြေးလမ်းအစလည်းဖြစ်ခဲ့လေသည်။
✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿
ဆက်ရန်