အမုန်းအဆုံးသတ်
Por PyarrYee143
795K 44.3K 1.6K
အချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမ... Más
character 1(Zawgyi/Unicode)
character.2(Zawgyi/Unicode)
1.​နွေဦးမိုးရဲ့ကမ္ဘာ(Zawgyi/Unicode)
2.မုန်းခန့်​ထည်​ရဲ့ ကမ္ဘာ(Zawgyi/Unicode)
"3"(Zawgyi/Unicode)
"4"(Zawgyi/Unicode)
"5"(Zawgyi/Unicode)
"6"(Zawgyi/Unicode)
"7"(Zawgyi/Unicode)
" 8" (Zawgyi/Unicode)
not update
" 9"(Zawgyi/Unicode)
"10"(Zawgyi/Unicode)
" 11"
"12"
"13"
" 14"
"15"
"16"
"17"
"18"
"19"
"20"
"21"
"22"
pls
"23"
"24"
"25"
"26"
"27"
" 28 "
"29"
" 30 "
" 31-1"
"31-2"
"32"
"33"
"34-1 "
"34-2"
"35"
"36"
" 37"
"39"
"40"
"41"
"42"
"43"
"44"
"45"
"46"
"47"
"48"
"49"
"50"
"51"
"52"
တောင်းပန်​ခြင်း 🙏🙏
"53" Final (Zawgyi/Unicode)
Extra .part 1(U&Z )
Extra. part 2(U&Z)
Advertisement 😁
Extra .part.3(U&Z)
တမ်းခြင်း.
Valentine💖(U&Z)
အသက်​သွင်းခြင်း
💦💦💦Thingyan Extra 💦💦(U&Z)
နှစ်​သစ်​ လက်​​ဆောင်​ (U&Z)
Justin ရဲ့ဇွဲအတွက်​ အချစ်​ပြခန်း (U&Z)
Happy Ending (U&Z)
" 38 "
10.2K 593 22
Por PyarrYee143
ပုတ်​ချလိုက်​၏။
သူက ဘာလာလုပ်​တာလဲ ?
" ထွက်​သွား "
ဘာလို့ ​ရောက်​လာတာလဲ ?
" ခင်​ဗျား ထွက်​ သွား "
ဆွဲချုပ်​ လိုက်​၏။
မပီတပီဖြစ်​ ​နေ​သေး၏။ အာ လုပ်​သံ  အများစု ပါ
ချင်​​နေခဲ့တာပါ "
ဘူး "
သည်​။
စိတ်​ကို ရွံ လာ မိတယ်​ ။
" Baby "
" ခင်​ဗျား မိန်းမ ​ရော "
ပြန်​သည်​ ။
အချိန်​ ​ပေးပါ Babyရာ "
တာပဲ "
မည်​နည်း ။
နေ​လေသည်​ ။
***************************
ပြန်​ခဲ့ရသည်​။
တောင်းပန်​ချင်​တယ်
ပိုကြီးစိုး​နေ၏။
အချိန်​ ဖြုန်း ​နေ မိသည်​ ။ ဖြစ်​ခဲ့တဲ့ အခြင်း အရာ
နားမလည်​ ​တော့​ချေ။
ဝန်​ခံရမည်​ ။
တည်​ငြိမ်​လာ ​နေ​ပေပြီ ။ အမှားအမှန်​လုပ်​သင့်
တည်းသာ။
သေးတယ်​ "
လိုပဲ ဟဲ့ "
လဲ မ​ပြော တတ်​ ။
လို့ရလား "
" ဟမ်​ နင်​က ငါနဲ့ "
စိတ်​ပူ လို့ "
" ဟင်း ...."
ကိုလာခဲ့ "
လေကို ရှူ ထုတ်​မိသည်​ ။
*************************
" ဟင်​ ခင်​ဗျား "
ဒေါသပါ ထွက်​လာ ​စေသည်​။
ဒီလူ မပြန်​ ​သေးပါလား ။
မေ့သွားပြီလား "
ပြန်​သည်​ ။
မုန်းလိုက်​တာ Justin
သွား "
ရောက်​ ခဲ့၏။
" ဟာ လွှတ်​စမ်း "
ပြီးမှ လွှတ်​​ပေးမယ်​ "
၏။
" ဖယ်​ "
me pls "
*************************
၏။
" ငါ ဘာဖြစ်​လို့လဲ "
" အင်း ငါ..."
လွတ်​လွတ်​လပ်​လပ်
လောက်​​ကောင်းလိုက်​သလဲ "
" အဟင်း "
မုန်း အသံထွက်​ရယ်​မိ၏။ ဒီအရူးမ​လေးဟာ ​လေ
" ကဲ ​ပြော ပါဦး နင့်​ကိစ္စ"
" ဟို​နေ့က နင်​ ​ပြော တဲ့ ဟာ ..."
ထောက်​​ပေး၏။
"What !!"
****************************
Unicode
" Baby အရမ်းပိန်​သွားတယ်​"
ဇွဲ တမန်​သူ့ပါးအား ကိုင်​ထားတဲ့ လက်​ကို
ပုတ်​ချလိုက်​၏။
သူက ဘာလာလုပ်​တာလဲ ?
အခုချိန်​မှ ဘာလာပြန်​လုပ်​တာလဲ ?
တံခါး ကို​ဆောင့်​ပိတ်​ဖို့ ပြင်​လိုက်​ပေမဲ့ ထိုလူက
ကိုယ်​တစ်​ပိုင်း ကို အလျင်​အမြန်​ဝင်​လိုက်​ကာ
သူ့ကိုယ်​နဲ့ ခံထား​လေ၏။သန်​မာ​တောင့်​တင်းလှတဲ့
ကိုယ်​ကို တွန်းဖယ်​ဖို့ မဖြစ်​နိုင်​လေ​တော့
" ထွက်​သွား "
​ဒေါ သတကြီး​အော်​ထုတ်​နေတဲ့ ဇွဲတမန်​ကို
အ​ရေးမစိုက်​။အ​ရှေ့ကိုသာ ပိုတိုး လာ တာ မို့
ဇွဲတမန်​သူ့ကို​ဆောင့်​တွန်း​လိုက်​၏။
သူက အခုချိန်​မှ အားလုံး တည်​ငြိမ်​သွားတဲ့ အချိန်​မှ
ဘာလို့​ရောက်​လာတာလဲ ?
" ခင်​ဗျား ထွက်​သွား "
့်​အိမ်​ပြင်​ကို တွန်းထုတ်​နေတဲ့
ဇွဲတမန်​ကို ထိုလူက ဖမ်းဆွဲလိုက်​ပြီး လက်​တွေကို
ဆွဲချုပ်​လိုက်​၏။
" Baby calm down !I' ll explain you "
" ငါ့ကို babyလို့ မ​ခေါ်နဲ့ "
" ok ok ကိုယ်​ရှင်းပြတာ နား​ထောင်​ပေးပါ please "
မြန်​မာလို​ပြော​နေ​သော အသံ သည်​ဝဲ​နေပြီး
မပီတပီဖြစ်​နေ​သေး၏။ အာ လုပ်​သံ  အများစု ပါ
​နေ​ပေမဲ့ မြန်​မာ လို​တော့​ရေ​ရေလည်​လည်​ပြော နိုင်​
​နေ​သော ထိုသူ သည်​ဇွဲတမန်ရဲ့ လက်​နှစ်​ဖက်​ကို
ချုပ်​ထား​နေရာ မှ မလွှတ်​ပေး​သေးဘဲ
မြန်​မာ စကား ကို တစ်​လုံးချင်းစီ​ပြော ပြ​နေ၏။
" ကိုယ်​ပြန်​လာ​တော့ မင်းကို လာရှာ​သေးတယ်​
​လေ မှတ်​မိလား ညမိုးချုပ်​
မင်းဆိုင်​မှာ မင်း ကို မန်​နေဂျာ က တစ်​ဆင့်​
​ခေါ်ခိုင်းခဲ့တာ but မင်း​ရောက်​မလာခဲ့ဘူး
ကိုယ်​မင်းဆိုင်​မှာ​သောင်းကျန်းခဲ့​သေးတယ်​
အဲ့ဒါ မင်း ကို​တွေ့ ချင်​လို့ မင်း အဲ့ဒီညက​ရောက်​
မလာဘူး.​နောက်​နေ့ထိ ကိုယ်​စောင့်​တယ်​နောက်​တစ်​နေ့
​တွေ​ရောပဲ မင်း မရှိ ဘူး ကိုယ်​မင်းကို အရမ်း​တွေ့ 
ချင်​နေခဲ့တာပါ "
စကားကို အဆက်​အစပ်​ရှိ​အောင်​အစီအစဉ်​တကျ
ျဖြစ်​အောင်​ကြိုးစားပြီး​ပြော​ပေး​နေရှာ၏။
မိခင်​ဘာသာ စကား မဟုတ်​သည့်​တိုင်​အောင်​။
" မင်း​ဆေးရုံမှာ သွား​စောင့်​နေတယ်​လို့​ပြောကြ
တယ်​ကိုယ်​ဆက်​တိုက်​စောင့်​နေ​ပေမဲ့ မင်း မ​ရောက်​ခဲ့
ဘူး "
​နွေဦး ကို​ဆေးရုံမှာ သွား​စောင့်​နေတုန်းက ဖြစ်​နိုင်
သည်​။ ဆက်​တိုက်​ပဲ​မျှော်​စင်​ကျွန်း​ဖျော်​ဖြေ ပွဲမှာ
တုန်းက မန်​နေဂျာက အ​လောတကြီး ပဲ
လူတစ်​ယောက်​သောင်းကျန်း​နေတယ်​ဆိုတာ ကို
ဖုန်းဆက်​လာခဲ့ တာ မှတ်​မိလိုက်​၏။
" ဘာပဲဖြစ်​ဖြစ်​"
ဇွဲတမန်​ထိုသူ့ လက်​မှ အားနဲ့ရုန်းထွက်​လိုက်​သည်​။
ချုပ်​ထားတဲ့ အားနဲ့ ရုန်းထွက်​လိုက်​တဲ့ အား က
တွန်းကန်​ပြီး ဇွဲတမန်​ကြမ်း ပြင်​ပေါ် ဖင်​ထိုင်​ကျသွား
သည်​။
" မင်း​နေရာ မင်းပြန်​သွား​တော့ Justin ဒီမှာ ဘယ်​သူ
မှမင်းကို အလို မရှိ​တော့ဘူး "
ထိုင်​နေ ရက်​အတိုင်း ပဲ မလှုပ်​မယှက်​ပြော​နေတဲ့
ဇွဲတမန်​က မျက်​နှာ​ကို​မော့ မလာခဲ့​တော့ ။
ဒီလူကို မြင်​တိုင်း ကမ္ဘာ ပျက်​သလို တုန်​လှုပ်​နေရတဲ့
ကိုယ့်​ကိုယ်​ကို​တောင်​မုန်းလာတယ်​။
အရင်​က​ရော အခုထိ​ရော မ​ပြောင်းလဲ နိုင်​သေးတဲ့
စိတ်​ကို ရွံ လာ မိတယ်​။
" Baby "
" ငါ့ ကို မ​ခေါ်နဲ့လို့​ပြောထားတယ်​"
" ကိုယ်​ဟိုကို ပြန်​သွားခဲ့တာ ကိုယ့်​Dady
ကျန်းမာ​ရေး​ကြောင့်​ဆိုတာ Babyကို​မ​ပြောခဲ့ရ​ပေမဲ့
Baby နားလည်​မယ်​ထင်​ခဲ့ လို့"
" ခင်​ဗျား မိန်းမ​ရော "
အ​ခြေ အ​နေက ရုတ်​ချည်း တိတ်​ဆိတ်​သွား
ပြန်​သည်​။
" အဲ့ဒီအ​ကြောင်း ကို ရှင်း ပြချင်​တယ်​ခဏ​လေး ပဲ
အချိန်​ပေးပါ Babyရာ "
" ဟွန့်​ခင်​ဗျား ဆီကအဲ့ဒီအတွက်​ငြင်း ဆန်​မှု တစ်​ခု
ုကို​တိတ်​တဆိတ်​မျှော်​လင့်​နေမိ​သေးတာ
ကျု ပ်​ထပ်​မှားပြန်​တာပဲ ခင်​ဗျား ကိုလက်​မထပ်​ခဲ့ဘူး
လို့ ငြင်းချက်​ထုတ်​စေချင်​နေတာ ကျုပ်​ထပ်​မိုက်​မဲ ခဲ့
တာပဲ "
ထိုင်​လျက်​လဲကျ​နေရာမှ ထလာကာ Justin
ကို​စောင်းငဲ့ ၍ပင်​မကြည့်​တော့ဘဲ အိပ်​ခန်းထဲ
ဝင်​ခဲ့၏။ တံခါး lock ချသံတစ်​ချက်​သာ ကြားလိုက်​ရ
ပြီး အရာအားလုံးတိတ်​ဆိတ်​သွားပြန်​၏။
Lockချထားတဲ့တံခါးချပ်​ရဲ့ နောက်​ကွယ်​မှာ​တော့
အသံမထွက်​အောင်​လက်​ကို ကိုက်​ကာ
ငို​ကြွေး​နေသူ တစ်​ယောက်​ကို​တော့ ဘယ်​သူသိနို​င်​ပါ
မည်​နည်း ။
ထို့အတူ ထိုတံခါးချပ်​ရဲ့ အ​ရှေ့မှာ​တော့
ဒူး​ထောက်​တောင်းပန်​နေသူ တစ်​ယောက်​
က​တော့ အခန်းထဲက​ကောင်​လေး အပြင်​ပြန်​
မထွက်​လာ သ၍ ထို​နေရာမှာသာ ငြိမ်​သက်​
​နေ​လေသည်​။
ကွဲ​ကြေ​နေတဲ့ နှလုံးသား နှစ်​စုံက​တော့ ထပ်​တူ ကျစွာ
တံခါးတစ်​ချပ်​စီခြား လျက်​တည်​ရှိ​နေ​လေ သည်​။
***************************
ကျွန်​တော်​နွေဦး ကို တိုက်​ခန်း မှာ မ​တွေ့ 
ခဲ့ ရ ၍​နွေဦး တို့အိမ်​လိုက်​သွားချင်​သော်​လည်း
တကယ်​တမ်း​တော့ မသွားရဲခဲ့ပါ ။
သူ့မိသားစုက ကျွန်​တော့်​ကို မျက်​မုန်း ကျိုး တဲ့
အကြည့်​နဲ့ ကြည့်​မှာ ကို​ကြောက်​နေခဲ့သည်​။
သူရှိ​နေနိုင်​မည့်​ပတ်​ဝန်းကျင်​ကို သွားကြည့်​ချင်​လှ
​ပေမဲ့ ရှိမှာ မ​သေချာ ၍ ဒီအတိုင်းသာ အ​ဆောင်​ကို
ပြန်​ခဲ့ရသည်​။
​တောင်းပန်​ချင်​တယ်​
ကိုယ်​မရည်​ရွယ်​ခဲ့ပါဘူး ဆိုတာ​ပြောပြပြီး သူ့ဆီက
​ကောင်း​ကောင်းဆိုးဆိုး ဘယ်​လိုတံ့ုပြန်​မှု
ပဲဖြစ်​ဖြစ်​ခံယူဖို့​မျှော်​လင့်​ခဲ့သည်​။
အခု စိတ်​ထဲမှာ သဲ နဲ့ လမ်းခွဲ ခဲ့တာထက်​နွေဦး
အ​ပေါ် မတရား လုပ်​မိ သည့်​အပြစ်​တင်​စိတ်​က
ပိုကြီးစိုး​နေ၏။
သို့​ပေမဲ့ အခု ထိ သဲဆီလည်းမသွားဖြစ်​သလို
​နွေဦး ဆီလည်း သွား မကြည့်​ရဲ၍
အ​ဆောင်​မှာ​နေ​နေတာ သုံးရက်​လောက်​ရှိပြီ ။
​ဆေးရုံက​နေခွင့်​ယူ ထားပြီး အ​ဆောင်​မှာပဲ
အချိန်​ဖြုန်း​နေ မိသည်​။ ဖြစ်​ခဲ့တဲ့ အခြင်း အရာ
များ ကို အပြန်​ပြန်​အလှန်​လှန်​စဉ်းစား​နေခဲ့မိတာ
​နေထွက်​သည်​မှ​နေဝင်​သည်​အထိ ။
တစ်​နေ့ညကကျွန်​တော့်​အပြု အမူ​တွေက လွန်​ကျွံသွား
မှန်း သိ တယ်​။ အဲ့ဒီညက မှတ်​ဥာဏ်​များသည်​
ဖြူ နုတဲ့ တန်​ဖိုးထားရာ ပန်း​လေးတစ်​ပွင့်​ကို
မနမ်းရှိုက်​ဘဲ ဆွတ်​ယူ​ခြွေမွ​ခဲ့ မိသည်​ဆို​သော
အ​တွေး ကို ဝင်​စေသည်​မှာမိမိကိုယ်​ကိုပင်​
နားမလည်​တော့​ချေ။
အထပ်​ထပ်​အခါခါ မလိုချင်​သော အ​ဖြေကို​ရှောင်​ကွင်း
ပြီးစဉ်းစား​နေ​ပေမဲ့ ထပ်​တူကျ​နေတဲ့ အ​ဖြေ က
တစ်​ခုတည်းသာ ထွက်​နေသည်​။
​နွေဦးသည်​ကိုယ်​မြတ်​နိုးရာ ပန်း က​လေးလား?
ရူး​ကြောင်​ကြောင်​နိုင်​လှသည်​။
လက်​မခံ ချင်​သော ဒသနအပိုင်းအစ အချို့ ကို
လက်​ခံရ​တော့မည်​မို့​ခြောက်​ခြား တုန်​လှုပ်​မိသည်​။
ကိုယ်​သူ့အ​ပေါ် မလုပ်​သင့်​တာ လုပ်​ခဲ့မိ တယ်​။
အဲ့ဒီအပြစ်​ကို​ပြန်​ဖာ​ထေးဖို့ သူ့ကို​တောင်းပန်​ချင်​တယ်​။
သူလက်​မခံလာရင်​တောင်​အပြစ်​ကြွေးတစ်​ခုကို ဆပ်​ဖို့
ဘာပဲလုပ်​ပေးရလုပ်​ပေးရ ။
သို့​ပေမဲ့ ကိုယ်​နှစ်​ခြိုက်​စွာ စားသုံးခဲ့မိတဲ့ ပွဲ​တော်​အတွက်​
​ပေး​ချေရမဲ့ အခွန်​ခ က ကိုယ့်​နှလုံးသားတဲ့ လား ။
ထိုပွဲ​တော်​အုပ်​ကို​တော့ မည်​သည့်​တစ်​ဦးတစ်​ယောက်​
မျှ တိုက်​တွန်းမှု ပ​ရောဂ မပါပဲ ကိုယ်​သာယာ စွာ
သုံး​ဆောင်​ခဲ့မိသည်​ကို​တော့ မဝန်​ခံချင်​ပေမဲ့
ဝန်​ခံရမည်​။
တစ်​ညတာ အချိန်​စက်​ဝန်းအ​ကြောင်း​
တွေး​တောမိလိုက်​သည်​နှင့်​
ပူရှိန်းလာသည့်​ပါးနှစ်​ဖက်​က
ရွံမုန်းမှုတစ်​စိုးတစိ မျှမပါတဲ့ ရှက်​သွေးဖြာ မှုရဲ့
သက်​သေ။ တထစ်​ထစ်​တိုးလာတဲ့ နှလုံး​သွေး
တိုးသံတို့က ရင်​ခုန်​လှုပ်​ရှားမှု ရဲ့ ချမပြချင်​သော
အမှန်​တရား​တွေ ဖြစ်​ခဲ့၏။
သုံးရက်​ကြာ​လောက်​အခန်းထဲမှာ​နေ့​နေ့ညညစဉ်းစား
ပြီးသွားတဲ့ အခါ မှာ ဦး​နှောက်​က အနည်းငယ်​
တည်​ငြိမ်​လာ​နေ​ပေပြီ ။ အမှားအမှန်​လုပ်​သင့်​
လုပ်​ထိုက်​တာ ကို ချင့်​ချိန်​လာနိုင်​ပြီ။
မတည်​ငြိမ်​နိုင်​ခဲ့​သေးတာ ကိုယ့်​နှလုံးသား​ပေတည်း။
ဘာလို့ လည်း ဆို တာ ငြင်းချက်​ထုတ်​မိသမျှ ကိုယ်​
ကိုယ်​တိုင်​သာ ပင်​ပန်းလာရသည်​။ ကြာ​တော့
ဝန်​ခံချင်​တဲ့စိတ်​က ပမာဏ ပိုများလာ သည်​။
ဟုတ်​တယ်​။ ဘာမှ မ​တွေးဘဲနဲ့ စိတ်ရဲ့ အလိုတိုင်းသာ
လိုက်​လျော ညီ​ထွေ​နေရင်​ဝန်​ခံပါတယ်​။
ကျွန်​တော်​သူ့ကို တိမ်းညွတ်​မိခဲ့ ပြီ။
တတူတူဝင်​နေခဲ့​သော ဖုန်း သံသည်​တိတ်​သွားလိုက်​
ပြန်​လာလိုက်​နှင့်​လုံးလည်​ချာလည်​လိုက်​နေသည်​မှာ
နှစ်​ရက်​မျှ​လောက်​ပင်​ကြာမြင့်​တော့မည်​။
မကိုင်​ပဲ ထားခဲ့သမျှ ဝင်​နေခဲ့​သော missed call
နဲ့ messageများက​မြောက်​မြားစွာ ။
သို့​သော်​ဖုန်း​ခေါ်ဆို​နေသူ က တစ်​ဦးတစ်​ယောက်​
တည်းသာ။
ထပ်​ဝင်​လာ​သော ဖုန်း ကို missed call
မဖြစ်​သွား​စေရန်​ကောက်​ကိုင်​ကာ အစိမ်း​ရောင်​
ကို နှိပ်​လိုက်​၏။ နှိပ်​ပြီးပြီးချင်း ထွက်​လာ တဲ့
မိန်းက​လေးတစ်​ယောက်​အသံက စူးကနဲ ထွက်​လာ
သည်​မို့ ဖုန်းကိုနားမှ အမြန်​ခွာ လိုက်​ရသည်​။
" ဟဲ့ မုန်းစုတ်​နင်​ဘယ်​ရောက်​နေတာလဲ
ငါ့မှာ​တော့ စိတ်​ပူလိုက်​ရတာ ဒီ​လောက်​ဖုန်း​တွေ​ခေါ်
​နေတာ မကိုင်​ရ​အောင်​နင်​က နားကန်​နေသလားဟဲ့"
လမ်းခွဲစကားဆိုပြီးမှပဲ
အုတ်​သဲ​ကျောက်​ရဲ့​လေသံအမှန်​တွေ ထွက်​လာ​
​တော့တယ်​။ ဒါ သူငယ်​ချင်းဘဝ တုန်းက သူမ​ဒေါသ
ထွက်​ရင်​ကြား​နေကြ​လေသံ​တွေ ။
"​ဖြေး​ဖြေး​အော်​ပါ သဲ မမ ရာ ငါ နား​ကောင်း
​သေးတယ်​"
"​အေး ငါက​သေများသွားပြီလားလို့ ငါတို့​နောက်​ဆုံး
​တွေ့ တဲ့​နေ့ကတည်း က နင့်​နဲ့အဆက်​အသွယ်​
မရ​တော့တာ ငါဘယ်​လောက်​စိတ်​ပူ​နေသလဲ
သိလား အစုတ်​ပလုတ်​ရဲ့ ငါ့​ကြောင့်​နင်​စိတ်​ထိခိုက်​ပြီး
တခြား​လျှောက်​လုပ်​နေမှာ စိုးရတာနဲ့ အရူးတစ်​ပိုင်း
လိုပဲ ဟဲ့ "
​အော်​သူမ က ဒီအ​တောတွင်း သူမကို
မဆက်​သွယ်​လာလို့ စိတ်​ပူ​နေတာကိုး ..
ကျွန်​တော်​သူမကို မဆက်​သွယ်​လာတာ
သူမ​ကြောင့်​ခံစား​နေရတာ မဟုတ်​ဘူးပဲ
တခြား​သော သူ အတွက်​ဆိုတာ ကို
သိရင်​ဘယ်​လောက်​တရားကျ​နေမည်​
လဲ မ​ပြော တတ်​။
" ကိုယ်​သဲ နဲ့ တိုင်​ပင်​စရာ ရှိ လို့ တစ်​နေရာ မှာ​တွေ့ 
လို့ရလား "
" ဟမ်​နင်​က ငါနဲ့ "
ကျွန်​တော့​ပြောတာကို သူမက တအံ့ တသြနဲ့
ဖြစ်​နေသည်​။ အင်း​ပေါ့ ချစ်​သူဘဝ တုန်းက​တောင်​
သူ့အ​ကြောင်း ကိုယ့်​အ​ကြောင်း တိုင်​ပင်​ဖြစ်​ကြတာ
မှ မဟုတ်​တာ ။ ယခုမှ အထူးတလည်​ဆို​တော့
သူမလည်း အံ့သြ​ပေလိမ့်​မည်​။
"​အော်​နင့်​ကို​မေးရဦးမယ်​ဟို​နေ့က နင်​barမှာ
သွား​သောက်​တဲ့​နေ့က​နွေဦး ကို ငါအကူ အညီ​တောင်း
လိုက်​တယ်​နင့်​ကို သွား​ခေါ်​ပေးဖို့ နင်​အဲ့ဒီ​နေ့က
​နွေဦးနဲ့​တွေ့ ဖြစ်​သေးလား ဇွဲတမန်​ဆိုတဲ့လူုကြီး
ငါ့ကို ဖုန်းပြန်​ဆက်​လာလို့​နွေဦး အဲ့ဒီညက
ပြန်​မ​ရောက်​လာ ဘူးတဲ့ ငါ အကူ အညီ​တောင်း
လိုက်​တဲ့ ကိစ္စမှာ​နွေဦး တစ်​ခုခု ဖြစ်​သွားမှာ
စိတ်​ပူ လို့ "
" ဟင်း ...."
" ဟဲ့ ဘာဖြစ်​တာလဲ နင်​က သက်​ပြင်းအရှည်​ကြီးချလို့ "
ကျွန်​တော်​သက်​ပြင်းချသံ ကို သဲ ကြားပြီး
ပြန်​မေး​နေ၏။ သူမ တစ်​နေ့က အ​ကြောင်း ပြန်​အစ
​ဖော်​၍ ရင်​မောလာရပြန်​သည်​။​မေ့​ဖျောက်​ဖို့ လည်း
မဖြစ်​နိုင်​တဲ့ အ​ကြောင်းအရာ မဟုတ်​လား။
အယုံကြည်​ရဆုံး သူနဲ့ ရင်​နှီး ရ​သောသူ က
သူမလတစ်​ယောက်​သာ ရှိ​တော့သည်​မို့
ဘာပဲ ဖြစ်​ဖြစ်​သူမကို သာ တိုင်​ပင်​ရ​တော့မည်​။
ခုမှလမ်းခွဲ ထားတဲ့ ချစ်​သူ နဲ့ ပုံမှန်​မဟုတ်​တဲ့
အ​ကြောင်းအရာ ကို​ပြောရမှာ အနည်းငယ်​တော့
ကို့ယို့ကားယား.နိုင်​လှသည်​။
" အဲ့ဒီ အ​ကြောင်း​ပြော ပြဖို့ ဟာ သဲ အားရင်​
တစ်​ချက်​လောက်​တွေ့ ရ​အောင်​"
" အင်း​တွေ့ ကြတာ​ပေါ့ ည​နေ ကျရင်​×××××ဆိုင်​
ကိုလာခဲ့ "
သဲနဲ့ ချိန်း ဆို ပြီးဖုန်း ကျသွား တာနဲ့ ဟူး ကနဲ
​လေကို ရှူ ထုတ်​မိသည်​။
ဖြစ်​လာမဲ့ အရာမှန်​သမျှ ကံကြမ္မာ ကိုသာ ပုံချထားရင်း..
*************************
" ဟင်​ခင်​ဗျား "
ဇွဲ တမန်​မိုး အ​တော်​လင်း မှ နိုးလာ.ခဲ့ သည်​။
အရင်​က​နွေဦးရှိတုန်း က အ​စောကြီး ထတတ်​တဲ့
​နွေဦး က မနက်​စာ​တွေ ကြို ပြင်​ပေးထားတတ်​သည်​။
ယခု တစ်​ယောက်​တည်းရှိ​တော့ တဲ့ အချိန်​မှာ
စားစရာ ဆိုတာ နထ္ထိ ဖြစ်​နေလိမ့်​မည်​။
ညက ငိုထား တဲ့ အရှိန်​နဲ့ မို့အစ်​နေတဲ့ မျက်​လုံး.
များ က​ဖောင်းကြွ​နေပြီး ဆာ​လောင်​လာတဲ့ ဗိုက်​က
လည်း အချက်​ပြ​နေပြီမို့ အခန်းတံခါးကို
ဆွဲဖွင့်​ကာ မီးဖိုခန်းကို ဝင်​ခဲ့၏။
မီးဖိုခန်း မှာ မြင်​လိုက်​ရတဲ့ မြင်​ကွင်းက
အံသြ မင်​တပ်​မိ​စေသလို တစ်​ဆက်​တည်း
​ဒေါသပါ ထွက်​လာ​စေသည်​။
ဒီလူ မပြန်​သေးပါလား ။
" ခင်​ဗျား ဘာလို့ မပြန်​သေးတာလဲ ဒီမှာ ခင်​ဗျား
ကို ဘယ်​သူမှ အလို မရှိဘူးလို့​ပြော ခဲ့တာ
​မေ့သွားပြီလား "
ဇွဲတမန်​ဒေါ သထွက်​ထွက်​နဲ့ ကြုံး​အော်​မိသည်​။
" Baby ကြိုက်​တာ လုပ်​ထား​ပေးတယ်​
လာစားလိုက်​နော်​I haven't forget your
Favourite breakfast yet "
မြန်​မာ စကားကို အင်္ဂလိပ်​လို ညှပ်​ပြော​နေတဲ့
ဂျာမန်​နိုင်​ငံသား Justin သည်​ဇွဲတမန်​
​အော်​ထုတ်​နေသည်​က သူ့ကို မဟုတ်​သည့်​
အလား အပြုံးဖွဖွ ကို နှုတ်​ခမ်းထက်​ဆင်​ထား
ပြန်​သည်​။
မုန်းလိုက်​တာ Justin
အဲ့ဒီ အပြုံး မျိုး နဲ့ ကျုပ်​ကိုရုန်းမရ​အောင်​
နွံ နစ်​စေခဲ့တဲ့ ခင်​ဗျား က ဒီလို အပြစ်​ကင်းချင်​
​ယောင်​ဆောင်​တဲ့ အပြှူံးမျိုး ကို ထပ်​ပြုံး​နေပြန်​ပြီ ။
" မစား ဘူး ကျု ပ်​အိမ်​က ထွက်​သွား ခင်​ဗျား
သွား "
ဝုန်းဒိုင်း ကြဲ​နေတဲ့ ဇွဲတမန်​ကြောင့်​စားပွဲ တစ်​ခု
လုံးက ပန်းကန်​တွေက ကွဲ​ကြေ ခြင်းသို့
​ရောက်​ခဲ့၏။
" Baby ကိုယ်​ရှင်း ပြ ပါရ​စေ Baby ထင်​တာ​တွေ
လွဲ​နေတယ်​ဆိုတာ ကိုယ်​ပြော ပြပါရ​စေ "
အတင်း အနား ကပ်​လာ တဲ့ Justinက
သူ့​ရှေ့  မှာ ရှိတဲ့ ဖန်​ကွဲ စ​တွေကို ဂရု မစိုက်​အား
ဇွဲတမန်​စိတ်​ပြေ ရန်​သာ စိုင်း​ပြင်း​နေ၏။
Justin​ခြေ ဖဝါး များတွင်​ဖန်​ကွဲစများ စိုက်​
​နေသည်​ကို ကြည့်​ကာ ဇွဲတမန်​ရဲ့ ရုန်းကန်​
​နေမှုက​ခတ္တ ရပ်​တန့်​သွားသည်​။
ဒါကို အခွင့်​ကောင်းယူကာ Justin က
ဇွဲတမန်​ကို ဆွဲချုပ်​လိုက်​၏။
" ဟာ လွှတ်​စမ်း "
" No ,baby ကို ယ်​ပြော ပြတာ နား​ထောင်​
ပြီးမှ လွှတ်​ပေးမယ်​"
ဇွဲတမန်​ကသာမာ န်​ယောကျာ်း လိုပဲ သန်​မာ
​ပေမဲ့ gym မကစားတတ်​တဲ့ ကိုယ်​ခန္ဓာ က
ဂျုံ နဲ့​ပေါင်​မုန့်​စားပြီး နဂို ခန္ဓာကိုယ်​တောင့်​တင်းတဲ့
လူမျိုး ခြား တစ်​ယောက်​ကို​တော့ မယှဉ်​နိုင်​
ခဲ့​ချေ ။ ထို့​ကြောင့်​ထိုသူ ချုပ်​ထား သမျှ ဖိလှိမ့်​ခံ​နေရ
၏။
" ကိုယ့်Dady ကျန်​မာ​ရေး​ကြောင့်​ကိုယ်​ပြန်​
သွားခဲ့​တော့ သူတို့က ဟို မှာWeeding အတွက်​
အတွက်​အားလုံး စီစဉ်​ပြီး​နေပြီBaby
မင်းတို့စကားနဲ့ ဘယ်​လို​ပြော ရမလဲ
ဟိုဟာ​ချောင်​ပိတ်​ရိုက်​ခံ ထိတယ်​ဆိုတာလား
ဟုတ်​တယ်​ကိုယ်​အဲ့လို ဖြစ်​သွားတာ
ကိုယ့်​Dady က သူ့​ရောဂါ ကို အ​ကြောင်းပြ
ပြီး အရာအားလုံးကို စီစဉ်​ခဲ့တာ မို့
သူ့စိတ်​တိုင်းကျဖြစ်​သွား ခဲ့ရတယ်​"
" ဖယ်​"
အတင်းရုန်းကန်​နေတဲ့ ဇွဲတမန်​ကိုလက်​က​နေ
ဖမ်းချုပ်​ကာ​နောက်​ပြန်​သိုင်းဖက်​ထားလိုက်​၏။
ဇွဲတမန်​ရဲ့​နောက်​ကျော ပြင်​ကို မျက်​နှာ အပ်​ကာ
တစ်​လုံးချင်းစီကို အစီအစဉ်​ကျ​အောင်​
ကြိုးစားပြီး စာလုံး​ရွေး ကာ​ပြောပြ​ပေး​နေ၏။
" ကိုယ်​နောက်​ဆုံး မှာ လက်​ထပ်​ခဲ့ရတယ်​။
Baby သိမှာပါ ကိုယ့်​Dadyက သံရုံး က အရာရှိ
တစ်​ယောက်​ဆိုတာ အဲ့​တော့ အရာရှိရဲ့သား
မင်္ဂလာ​ဆောင်​က သတင်းစာ​တွေထဲ ပါလာ
နိုင်​တယ်​လေ ။ အဲ့ဒါကို Babyသိသွားမယ်​
ဆိုတာ ကို ကိုယ်​လည်း သိ​နေတယ်​"
Justin က​မောသွားဟန်​ဖြင့်​သက်​ပြင်းတစ်​ချက်​
ရှိုက်​လိုက်​၏။ ဇွဲတမန်​က​တော့ ညက​ရော မနက်​
က​ပါ အစာမစားထားတဲ့ အတွက်​ကြောင့်​ရော
ငို ထားတဲ့အတွက်​ပါ​ခြေ ကုန်​လက်​ပန်းကျ ကာ
ထပ်​ပြီး​တော့ မရုန်း ကန်​လာ​တော့​ချေ။
" ကိုယ်​သူနဲ့ လက်​ထပ်​တာ တစ်​လ ပဲ
ပြီး​တော့ ကိုယ်​ကွာရှင်းခွင့်​တောင်းခဲ့တယ်​
ဒါဟာ စီးပွား​ရေးအရ လက်​ထပ်​ခဲ့ရတယ်​ဆိုတာ
သူ​ရော ကိုယ်​ရော သိ​နေခဲ့ လို့ သူမက ကွာရှင်း
ခွင့်​ကို လက်​ခံခဲ့တယ်​အခု ကိုယ်​သူမနဲ့
ကွာရှင်းလာခဲ့ ပြီးပြီ Baby ဆီကို အပြီးတိုင်​
ပြန်​လာ တာ Baby Don't push  away
me pls "
​ပြောရင်းငံ့ု ကျလာတဲ့ နှုတ်​ခမ်ပါးသည်​
ဇွဲတမန်​ရဲ့​ကျော ပြင်​ဝယ်​အသာဖိကပ်​လို့
မနှင်​ပါနဲ့ဆို​သော စကား ကို ထပ်​တလဲလဲ​တောင်းဆို​နေခဲ့၏။.
*************************
အ​ရှေ့မှာ ရှိ​နေ​တဲ့​ကော်​ဖီခွက်​တွေ​အေးစက်​
လာတာ​တောင်​သတိမထား မိ​လောက်​အောင်​
သဲ က မုန်း ကို စိုက်​ကြည့်​နေ၏။
မ​တွေ့ရတဲ့ သုံး​လေးရက်​အတွင်း
​ပြောင်းလဲ သွားတဲ့ရုပ်​အ​ခြေ အ​နေကို ကြည့်​ကာ
သဲတစ်​ယောက်​ရင်​ဘတ်​တွေ ဖိ​နေရ၏။
​မေးစိ က​ရေး​ရေး​လေးထွက်​လာတဲ့ မုတ်​ဆိတ်​
အချို့ ကို ရိတ်​သင်​ဖို့ သတိမရ​တော့​လောက်​အောင်​
ဘာ​သောက​တွေများ ဖိစီး.​နေရတာလဲ ။
ဒါ က သူမနဲ့ လမ်းခွဲ ခဲ့ရလို့ ဖြစ်​လာ တဲ့
ရုပ်​လက္ခဏာ မဟုတ်​နိုင်​ဘူးဆိုတာ သူမ အတပ်​သိ
၏။
" မုန်းရယ်​နင့်​ရုပ်​နင်​ပြန်​ကြည့်​ဦး ဘာဖြစ်​နေတာလဲ"
" ငါ ဘာဖြစ်​လို့လဲ "
မလုံမလဲနဲ့​မေး​စေ့က အ​မွှေးတစ်​ချို့ ကို ပွတ်​ချ
ဆံပင်​တွေကို ဖိချလိုက်​လုပ်​နေတဲ့ မုန်း ကို
ကြည့်​ရတာ စိတ်​မသက်​သာ လှ ။
" ကဲ ပါ ဆိုလို ရင်း ကို​ပြော ရ​အောင်​
နင်​ငါနဲ့ တိုင်​ပင်​စရာ ရှိလို့ ဆို တာ"
" အင်း ငါ..."
"​နေဦး နင်​နဲ့ငါနဲ့ က တကယ်​လမ်းခွဲ ခဲ့ပြီးပြီ​နော်​
နင်​လက်​ခံတယ်​မဟုတ်​လား ဒီလို​မေးရတာ
ကသိက​အောက်​ဖြစ်​ပေမဲ့ အခုငါ အရမ်း​ပျော်​နေ
တယ်​သိလားsingleဆိုတဲ့အရသာကို
လွတ်​လွတ်​လပ်​လပ်​
ခံစား လို့ရ​နေတာ အချုပ်​အ​နှောင်​မရှိ​တော့ ဘယ်​
​လောက်​ကောင်းလိုက်​သလဲ "
" အရူး မ​လေး ကိုယ့်​ဆန္ဒကို မ​မေး​သေးဘဲနဲ့
ချက်​ချင်း singleလုပ်​ပလိုက်​တာ ပဲလား "
" နင်​က သ​ဘော မတူ ဘူး​ပေါ့ ငါဝမ်းနည်းမှာ​နော်​
ငါ့ ကို လာ မချုပ်​နဲ့​တော့ ဟ"
" အဟင်း "
မုန်း အသံထွက်​ရယ်​မိ၏။ ဒီအရူးမ​လေးဟာ​လေ
" ကဲ​ပြော ပါဦး နင့်​ကိစ္စ"
" ဟို​နေ့က နင်​ပြော တဲ့ ဟာ ..."
​ပြော ရင်းရပ်​သွားပြန်​တဲ့ မုန်း ကို သဲက စကား​
​ထောက်​ပေး၏။
" ငါ​ပြောတဲ့ဟာ ဘာဖြစ်​လဲ ဆက်​ပြော "
" ငါ ..ငါ့ နှလုံးသား အချစ်​ရှိရာ ပျံသန်း​နေ ပြီထင်​တယ်​"
"What !!"
****************************
Seguir leyendo
También te gustarán
443K 38.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
63.6K 9.5K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
232K 12.7K 34
ခင်မင်မှုထက်ပိုသော ချစ်ခြင်းတို့အကြောင်း
298K 15K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...