နှစ်ကိုယ်တူတိုင်းပြည်

By Natpankalay

536K 39.3K 2.1K

#Both with Zawgyi & Unicode အချစ်က နယ်နမိတ်တစ်ခုဆို ကိုယ်တို့ တည်ဆောက်မှာက နှစ်ကိုယ်တူ တိုင်းပြည်... #Own cre... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter -17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter -22
Chapter-23
Chapter-24
Chapter-25
Chapter -26
Chapter-27
Chapter -28
Chapter-29
Chapter -30 Final
Extra-No Jealousy

Chapter -16

15.4K 1.2K 67
By Natpankalay

မ်က္စိေရွ႕က ျမင္ေနရသည့္ ျမင္ကြင္းကိုေတာ့ Maya ေသခ်ာစိုက္ႀကည့္ေနလိုက္သည္.။ Prachaya လုပ္ငန္းစု၏ အေဆာက္အအံုအသစ္ေရွ႕တြင္ ေထာ့နဲ႕ေထာ့နဲ႕ႏွင့္ Nyuen ဆုိသည့္ မိန္းကေလးကုိ Singto က တြဲဖက္လ်က္ ကားေပၚက ဆင္းလာေနသည္.။ ေသခ်ာႀကည့္လိုက္ေတာ့ ကားက Singto ၏ ကားပါလား.။ Maya စိတ္ထဲ ထုိမိန္းကေလးက တြဲသည္ထက္ Singto ခါးကုိမ်ား အမူပိုဖက္ေနသေယာင္ေယာင္.။ maya က လမ္းတစ္ဖက္၏ café ဆိုင္ေလးထဲတြင္ထိုင္ရင္း မွန္ျပတင္းေတြကတစ္ဆင့္ လွမ္းျမင္ေနရျခင္းျဖစ္သည္.။
ဒီျမင္ကြင္းႏွင့္ယွဥ္ေတာ့ မေန႕ညေနက ျမင္ခဲ့ရတာက သူမကုိ ပိုျပီးစိတ္ရႈပ္ေထြးသြားေစသည္.။ ႏွင္းဆီပန္းျခံငယ္ေလးထဲတြင္ Singto သည္ Krist ကုိ ေသခ်ာအနမ္းေပးေနသည္ေလ..။ သူမ တကယ္ကိုပင္ P’Sing ဘယ္တစ္ေယာက္ကို သေဘာက်ေနလဲ မခြဲတတ္ေတာ့ပါ.။ မည္သူ႕ကိုသေဘာက်ပါေစ Maya ဆုိသည့္ သူမကလည္း Singto ကုိ လက္လႊတ္ခံမည္မဟုတ္.။ သုိ႕ေပမယ့္ သူမ၏ အဓိကျပိဳင္ဘက္ကိုေတာ့ျဖင့္သိရန္လုိ္ပါသည္။

“P’Sing ~”

အသံေႀကာင့္လွည့္ႀကည့္လာေသာ Singto ကို ႏွစ္လိုစြာျပံဳးျပလုိက္ေတာ့ သူ က အသာျပန္ျပံဳးျပလာသည္.။ သူ႕ေဘးမွ Nuyenကေတာ့ Maya ကုိ ျမင္သည့္အတြက္စိ္တ္ရႈပ္ေထြးသြားရသည္.။ Maya ေျပာတာေတြသာသံသယ မ၀င္ခဲ့ရင္ Nuyenသာ အဲ့ေန႕ညက ခါတိုင္းလို Singto နဲ႕သာ စကားစျမည္ေျပာျဖစ္ခဲ့ရင္ သူမ Singto ႏွင့္ေ၀းရမည္မဟုတ္.။

“ဆုိ !!! Maya ကိစၥရွိလို႕လား.”

“Maya စကားနည္းနည္းေျပာခ်င္လို႕ပါ.”

“ေနာက္မွ ေျပာလိုက္ေလ.။ခု ကုိယ္ Nuyen ကုိ အထဲပို႕ေပးလိုက္ဦးမယ္။ျပီးရင္လည္း ကိစၥရွိေသးတယ္.”

ေျပာျပီးသည္ႏွင့္ အထဲျပန္လွည့္၀င္ေနေသာ Singto ကို Maya ေနာက္ကေန အျမန္လွမ္းေျပာလိုက္သည္။

“P’Krist နဲ႕ပတ္သက္ျပီး Maya အထူးေျပာစရာရွိေနတယ္.။ရပါတယ္ P’Sing အားမွ-”

Singto ျပန္လွည့္ႀကည့္လာသည္.။ မ်က္ေမွာင္ႀကံဳ႕သြားျပီးမွ ေဘးနားက Aim ဆီအႀကည့္ေရာက္သည္။ Aim က သူ႕အေႀကာင္းသိေနေသာသူငယ္ခ်င္းပီပီ Nuyen ကိုလႊဲေျပာင္းတြဲလုိက္၏။

“Nuyen ကုိ ကြ်န္ေတာ္လုိက္ပို႕ပါ့မယ္ .”

Nuyen သည္၀မ္းနည္းေနေသာ မ်က္ႏွာႏွင့္ Aim ႏွင့္အတူပါသြားရသည္.။ သူမသာ လွ်င္ ေအာင္ႏိုင္သူလုိလို Maya ေလွာင္ျပံဳးျပလိုက္ေသးသည္.။]

“ကဲ ေျပာ-”

“ေရွ႕က café မွာေျပာႀကမယ္ေလ.။တစ္ခုခုေသာက္ရင္း ေနာ္ P’Sing..”

လမ္းမတစ္ဖက္က café ဆိုင္ေလးတြင္ Singto ႏွင့္ Maya အတူ ထိုင္ႀကသည္.။ Americano တစ္ခြက္ကို အသာေမာ့ရင္း သိခ်င္ေနသည္လည္း အရမ္းမေပၚလြင္ေစဘဲ Singto က ခပ္ေအးေအးပင္စကားစသည္.။

“ေျပာပါဦး Krist နဲ႕ပတ္သက္တဲ့ကိစၥဆုိတာ.”

“အမွန္ေတာ့ ခုနက မိန္းကေလးနဲ႕ေတာ့ ပိုသက္ဆုိင္တာေပါ့.။ဒါေပမယ့္ Maya က P’ ကို အရင္သိေစခ်င္လို႕.။ တစ္ေန႕ညက Nuyen ဆုိတဲ့မိန္းကေလးတုိ႕ရဲ႕ decoration ဆုိင္နားကို ညပိုင္း အမွတ္မထင္ဘဲေရာက္ခဲ့တယ္.။ အဲ့နားက သူငယ္ခ်ငး္ဆီသြားရင္းနဲ႕ေလ.။ အဲ့ဆုိင္တံခါးကုိ P’Krist ဖြင့္ျပီး ၀င္သြားတာေတြ႕ခဲ့တယ္.။သူ႕ႀကည့္ရတာ က တစ္ခုခုကုိပုန္းလွ်ိဴးကြယ္ရိႈးနဲ႕”

“အဲ့ဒီေတာ့~”

“Privacy ခ်ိဴးေဖာက္မွန္းေတာ့သိေပမယ့္ အဲ့က ၀န္ထမ္းကို  ပုိက္ဆံေပးျပီး Maya ..CCTV record ယူလာခဲ့တယ္.။အဲ့ဆုိင္က ညပိုင္း လညး္မီးေတြဖြင့္တာဆိုေတာ့ CCTV က နည္းနည္းေတာ့၀ါးေပမယ့္ P’Krit က မွန္းေတာ့ေသခ်ာေပၚတယ္.ဒီမွာ.”

Maya ဖြင့္ျပလာေသာ ဖုန္းထဲက video တစ္ခုတြင္ Krist သည္ ရံုးခန္းထဲတြင္ တစ္ခုခုကို သဲႀကီးမဲႀကီး ရွာေနပံု၇သည္.။ ေျခရာလက္ရာမပ်က္ေစဘဲ ဂရုတစိုက္ရွာေဖြေနပံုလည္းေပၚသည္.။

“ဘာမွန္းမသိတဲ့ကိစၥမုိ႕ အက်ယ္အက်ယ္ေတြျဖစ္ကုန္မွာစုိးတာနဲ႕ Maya က အရင္လာျပလုိက္တာ.။ဟုိ-သူက P’Sing ရဲ႕ တရား၀င္အိမ္ေထာင္ဖက္ မလား.။ဒုကၡမေရာက္ေစခ်င္လို႕ပါ.။”

Singto မ်က္ခံုးတုိ႕တြန္႕ခ်ိဴးလ်က္ ခုနက Nuyen ေျပာခဲ့တာကုိ ျပန္ႀကားေယာင္မိေနသည္.။

** Nuyen ရံုးခန္းထဲက decoration ျပိဳင္ပြဲအတြက္ အခ်က္အလက္ေတြ ေပ်ာက္သြားတယ္ Sing, မေန႕ကမွသတိထားမိတာ ေပ်ာက္တာနည္းနည္းမ်ားႀကာေနျပီလား မသိဘူး. ေသခ်ာစုေဆာင္းထားတာပါ  Sing ရယ္ အဟင့္ ဘယ္လုိျဖစ္ျပီး ***

“ျပီးေတာ့ တစ္မ်ိဴးမထင္ပါနဲ႕ေနာ္ P’.။ Nuyen ေျခေထာက္က သူတုိ႕ဆုိင္ေရွ႕မွာပဲ ကားပြတ္မိတာ မလား.?? တုိက္တုိက္ဆိုင္ဆိုင္ ဒီမနက္ သူတုိ႕ဆုိင္က အျဖတ္ မွာ P’ Krist ရဲ႕ ကား-ဟုိ P’Sing လက္ေဆာင္ေပးထားတဲ့ကားက အဲ့နားေလးတင္မွ ထြက္သြားတာ”

Singto ၏ မ်က္ခံုးတုိ႕ ျပန္မေျပလာေတာ့။ တစ္ခုခုကို စဥ္းစားေနပံုရသည္.။ အခ်ိန္ခဏယူျပီးမွ Singtoက Maya ကုိ ျပံဳးျပလာ၏။

“Maya က ဒီလိုဂရုစိုက္ေပးတာ ကုိယ္ ေက်းဇူးတင္တယ္.။ video ကုိသိမ္းထားခ်င္ရင္လညး္းသိမ္းထားေပါ့.။ကဲ သြားရေအာင္.”

“ဟုိ ဒါဆို ကိစၥ ဘယ္လုိုလုပ္-”

“ကုိယ္ ေျဖရွင္းလိုက္မယ္။ ”

Maya ေက်နပ္စြာ ျပံဳးမိသည္.။ တစ္ဖက္နဲ႕တစ္ဖက္ ရန္ပြားႀကလွ်င္ အက်ိဴးမ်ားမည့္သူက သူမ ပင္မဟုတ္ပါလား.။ ခုေတာ့ P’Krist ကုိ ေစတနာထားသည့္ သေဘာျဖဴအူစင္းေလးပံုစံ ဟန္ေဆာင္ရမွာေပါ့ေလ.။
-
-
-
-
မျဖစ္မေနတက္ရသည့္ ဧည့္ခံပြဲျဖစ္ေသာေႀကာင့္ Singto သည္ Krist ကိုပါေခၚကာ တြဲဖက္တက္ေ၇ာက္ရသည္.။ ညေနတည္း က ေအာင့္ေနေသာ ဗိုက္ေႀကာင့္ Singto ၀ို္င္ေလး အနည္းငယ္ေတာင္မွ် မေသာက္ခဲ့ပါ.။ ကားေမာင္းသည့္သူ ပါသည္ေႀကာင့္ ေနာက္ခန္းတြင္ ႏွစ္ေယာက္သား ၀င္ထိုင္မိစဥ္ အရက္နံ႕ရမိသည္.။ သူ မေသာက္ခဲ့ဘူးဆုိေတာ့ Krist  က ေသာက္ခဲ့တာပဲေနမွာေပါ့.။

“မင္း ~ Nuyen တုိ႕ ဆိုင္ကို ညအခ်ိန္မေတာ္၀င္ခဲ့ဖူးလား.??”

အဆက္အစပ္မရွိသည့္ စကားေႀကာင့္ Krist ေခါင္းေစာင္းႀကည့္မိသည္.။သူ႕ကုိ လိမ္ညာစရာအေႀကာင္းေတာ့ Krist မွာမရွိ.။ 

“အင္း ~”

“ဘာလုိ႕လဲ ??”

“ဒါ ကြ်န္ေတာ့္ကုိယ္ေရးကိုယ္တာပါ.”

ေခါင္းျပန္လွည့္ကာ krist ေရွ႕ကုိပဲျပန္မ်က္ႏွာမူလုိက္သည္.။ Singto သူ႕ကုိႀကည့္ေနတာကို ခံစားမိသည္.။

“Nuyen ရဲ႕ ျပိဳင္ပြဲ၀င္အခ်က္အလက္ေတြ ေပ်ာက္သြားတယ္တဲ့”

“အဟက္ ~~~ ခင္ဗ်ားက ခု ကြ်န္ေတာ့္ကိုသံသယ၀င္ေနတာလား ??”

Singto ဘာမွ ျပန္မေျဖသည္မုိ႕ Krist စိတ္ထဲ တင္းခနဲျဖစ္သြားသည္.။ အင္းေလ--သူနဲ႕ကုိယ္က ဘာဆုိင္လို႕ သူက ကိုယ့္ကုိ ယံုႀကည္မွာတဲ့လဲ ???

“ကြ်န္ေတာ္တုိ႕ Decoration က အစကတည္းက ကြ်န္ေတာ္ နဲ႕ P’Ne -”

P’Ne နာမည္ေလးရြတ္မိရံုမွ်ပင္ Krist ကို ရင္နင့္ေအာင္နာက်င္ေစသည္ေႀကာင့္ အသံကတိမ္၀င္သြားေသးသည္.။

“အတူတူႀကိဳစားခဲ့တာ။ ကုိယ္ပို္င္ဒီဇိုင္းေတြနဲ႕ အျမဲ လူႀကိဳက္မ်ားခဲ့တာပဲ.။ဘာမဟုတ္တဲ့ decoration ေသးေသးေလးကေန facts ေတြ ယူစရာ-အဟြန္း ~~~ ရွင္းရွင္းေျပာရရင္ ခိုးစရာအေႀကာင္းမရွိဘူး”

“အဲ့လို -ရည္၇ြယ္တာ မဟုတ္-”

“မေန႕ကတည္းက ကြ်န္ေတာ္ ႏွင္းဆီပန္းေတြနဲ႕ အလုပ္မ်ားေနတာခင္ဗ်ားလည္းေတြ႕ပါတယ္.။ အဲ့မွာ ခင္ဗ်ားေတာင္ ကြ်န္ေတာ့္ကို-”

Krist ေျပာျပီးမွ ေခါင္းထဲ ဒိန္းခနဲျဖစ္ကာ ပါးစပ္ပိတ္သြားရသည္.။ဘာေႀကာင့္ အစျပန္ေဖာ္မိပါလဲ.??? ဒီတုိင္း မသိသလုိ ေနလုိက္တာ ႏွစ္ေယာက္လံုး သက္ေတာင့္သက္သာရွိေနခဲ့သည္ကို.။ ထုိ အနမ္းႏွင့္ပတ္သက္ျပီး Singto က ဘာမွ မေျပာခဲ့သလို သူ လည္းအစမေဖာ္ခဲ့.။ အမွန္အတို္င္းေျပာရရင္ Singto အတြက္ ဘယ္လုိအနမ္းမွန္းမသိေပမယ့္ သူ႕အတြက္ေတာ့ ဘ၀မွာ ပထမဆံုးျဖစ္သည့္ အနမ္းပင္ျဖစ္သည္.။

“အင္း နမ္းလုိက္မိတယ္.”

ကားေမာင္းသည့္ ဦးေလးက ရုတ္တရက္ ေခ်ာင္းတဟြတ္ဟြတ္ထဆိုးေလေတာ့ ဘာေႀကာင့္ရယ္မသိ Krist မ်က္ႏွာရွိန္းခနဲ ပူတက္သြားရသည္.။ ေျပာေနသည့္ ကိစၥကေန လမ္းေႀကာင္းလည္း လြဲကုန္ပါျပီေလ.။

“ကြ်န္ေတာ္ အဲ့ဆိုင္ထဲ ခိုး၀င္တာ ခင္ဗ်ား ဘယ္လုိသိသလဲ ေတာ့ မသိေပမယ့္ facts ေတြ ယူတယ္မယူဘူး လုိ႕ ကြ်န္ေတာ္ ပ်ာပ်ာသလဲ ရွင္းျပေနမွာမဟုတ္ဘူး.။လူတိုင္းက ကိုယ့္ယံုႀကည္မႈနဲ႕ကိုယ္ပဲ မလား….. ။ ဒါေပမယ့္ အမွန္အတိုင္းေျပာရရင္ ခင္ဗ်ား အဲ့လိုမ်ိဴးသံသယ၀င္ေနတာေတာ့ လက္ထပ္ထားတဲ့ ေယာက်ား္တစ္ေယာက္အေနနဲ႕ ကြ်န္ေတာ္ စိတ္မေကာင္းျဖစ္ခြင့္ေတာ့ရွိတယ္မလား ??”

“ကြ်တ္ ~~~ ကုိယ္ အဲ့လိုေျပာတာမဟုတ္ဘူး-”

“ကြ်ီ ~~”~

ေဆာင့္အုပ္လုိ္က္ေသာ ဘရိတ္ႏွင့္အတူ ကားက တုန္႕ခနဲရပ္သြားရသည္.။ Singto ဗိုက္ေအာင့္ျခင္းသည္ ကားေဆာင့္မႈေႀကာင့္ စူးခနဲခံစားလုိက္ရသည္.။ သူတုိ႕ကားေရွ႕တြင္ မီးေရာင္စူးေနေအာင္ထြန္းထားပါေသာ ကားတစ္စီးကျဖတ္ခနဲ ၀င္ရပ္လာသည္.။

“ဟာ ဘယ္ကေကာင္ေတြလဲကြာ ~~”

ကားေမာင္းသည့္ဦးေလးက ခပ္သြက္သြက္ဆင္းသြားေတာ့ ဟုိဘက္ကား ေပၚက ဆင္းလာသူမ်ားသည္ ေလးေယာက္ခန္႕၇ွိေနသည္.။ ဦးေလးႀကီးကို လက္သီးျဖင့္ပင့္ထုိးလုို္က္တာေတြ႕လိုက္ရ၏။ Singto ေရာ Krist ပါ မတိုင္ပင္ဘဲ ကားေပၚက အျမန္ဆင္းလာႀကသည္.။

“ဘာလဲ မင္းတို႕က-”

“Singto Prachaya ကို ပဲ ခဏေခၚသြားခ်င္တာပါ.။ Mr.Singto ကြ်န္ေတာ္တုိ႕နဲ႕ခဏလိုက္ခဲ့ေပးပါ.။”

“ေတြ႕ခ်င္ရင္ ငါ့ရံုးခန္းကို လာခဲ့ေလ.။လုိက္စရာေတာ့အေႀကာင္းမရွိဘူး”

“’ဒီလုိဆုိ ရင္လည္းသေဘာပဲေလ.။ေကာင္းေကာင္းေျပာမရရင္ရတဲ့နညး္နဲ႕ေခၚသြားရမွာေပါ့.။ ဟိုႏွစ္ေယာက္ကသြားလို႕ရျပီ.မဆိုင္တဲ့လူေတြ ငါတုိ႕လည္းမလုိခ်င္ဘူး.”

ေရွ႕တိုးလာကာ Singto လက္ကုိ လာဆြဲသည့္ တစ္ေယာက္ကို Singto က  ျဖတ္ရိုက္လိုက္ျပီးမွ Singto ကို္ယ္တုိင္ေခြခနဲဒူးညႊတ္သြားရသည္.။

ျပန္ထကာ Singto ကို ရိုက္ရန္ရြယ္ေနသူကို Krist က ခါးလည္ကို ေျခေစာင္းနဲ႕ကန္ထုတ္ပစ္လုိက္သည္.။က်န္တဲ့သံုးေယာက္ ေရွ႕မတိုးလာေသးဘဲ မ်က္ေမွာင္ႀကံဳ႕ႀကည့္ေနႀကသည္.။ေခါင္းေဆာင္ျဖစ္သူက စကားစ၏။

“ဒုကၡမေပးခ်င္လို႕ ျပန္ခို္င္းတာကို ေသေန႕ေစခ်င္တယ္ထင္တယ္.။မထားခဲ့ႏိုင္ဘူးေပါ့ေလ.”

“ဦးေလး ကားေပၚတက္ေန.!!! ”

ကားေမာင္းသူဦးေလးႀကီးက ကားေပၚတက္ကာ ေနာက္ျပန္လွည့္အျမန္ေမာင္းသြားသည္.။  Krist က Singto ေရွ႕တြင္ ကာရပ္ထားလုိက္သည္.။ Singto သည္ ကားေဘာနက္အဖံုးကုိမွီလ်က္ကာပင္ ခါးကုန္းကာဗိုက္ကုိ ကိုင္ထားသည္ကုိ သူ တစ္ခ်က္လွည့္ႀကည့္လိုက္၏။

“မဟုတ္မွ လြဲေရာ သူက ငါ့ ေယာက်ား္ဆိုတာ မသိတာလား .။ ထားခဲ့စရာလား ??မင္းတုိ႕လုိေကာင္ေတြလက္ထဲ ကို Singto ကို ထည့္လုိက္ရမယ္ အဟား…အိမ္မက္မက္မေနနဲ႕.”

တရွိန္ထိုး ေျပး၀င္လာသည့္လက္သီးခ်က္ေတြကို တစ္ပတ္လည္ေရွာင္ကာ Krist သည္ ေျခေထာက္ေတြကုိသာ သိမ္းက်ံဴးကန္သည္.။ ေလးေယာက္တစ္ေယာက္မို႕ သူ လည္း မသက္သာလွ.။ ႏႈတ္ခမ္းေထာင့္ေျခတြင္ တစ္ခ်က္ထိလုိ္က္သလို  ဓားထုတ္လာေသာ တစ္ဖက္လူေႀကာင့္  လက္ဖ်ံတြင္ ရဲခနဲျဖတ္ရွမိသည္.။ Singto ကို ကားထဲ အတင္းဆြဲရန္တစ္ခ်က္ တစ္ခ်က္ႀကံေနသည္ကိုလည္း ကာထားရျပန္သည္.။

“မင္း-ကို ငါတုိ႕သြားခြင့္ေပးေနတယ္ေနာ္. ထားခဲ့လိုက္.~~”

Krist  စိတ္ေဆာင္ေနသည္မို႕ သူတို႕အလြယ္တကူ မႏိုင္ျဖစ္ေနရသည္.။ ႏႈတ္ခမ္းေထာင့္က စီးက်လာေသာ ေသြးစကုိ တစ္ခ်က္သုတ္လိုက္ရင္းမွ Krist က ထြီခနဲေထြးထုတ္လုိက္သည္.။

“ဆုေတာင္း !!”

ျပန္လည္တုိ္္က္ခိုက္မႈ ခဏျပန္စတင္ခိ်န္မွာပင္ ၀င္းခနဲထြက္လာေသာ မီးေရာင္ႏွင့္ အတူ ကားႏွစ္စီးက ထိုးစိုက္လာသည္.။ တစ္စီးမွ ဆင္းလာသူသည္ ကားေမာင္းသူဦးေလးႀကီးျဖစ္ျပီး ေနာက္တစ္စီးမွ  ေျပးဆင္းလာသူမ်ားသည္ Aim ေခါင္းေဆာင္ေသာ ကုိယ္ရံေတာ္မ်ားျဖစ္ႀကသည္.။ Krist မ်က္ႏွာ ၀င္းလက္သြားကာ--

“ထပ္ျပီး ဆုေတာင္းႀကေပေတာ့~~”

ကိုယ္၇ံေတာ္မ်ား က ဆက္လက္တုိ္က္ခုိက္ေနႀကစဥ္ Aim အကူအညီႏွင့္ Singto ကိုတြဲကာ ကားေနာက္ခန္းထဲ ထည့္ရသည္.။ေခြ်းသီးေခြ်းေပါက္တုိ႕ပါ က်လာကာ အသက္ရႈမ၀သလို ျဖစ္ေနေသာ Singtoကုိႀကည့္ျပီး Krist လည္း လန္႕သြားရသည္.။ Aim က Krist ပံုစံကုိလည္းႀကည့္ကာ သူ႕အိတ္ထဲက လက္ကုိင္ပ၀ါႏွင့္ Krist လက္ဖ်ံကုိ ခပ္သြက္သြက္ ခ်ည္ေပးလုိက္သည္.။

“Krist ေဆးရံုကို အျမန္ေခၚသြားလို္က္ပါ.။ Sing အစာအိမ္ေယာင္ျပန္ျပီထင္တယ္. ကြ်န္ေတာ္ ဒီမွာ ကိစၥေတြရွင္းျပီး လိုက္လာခဲ့မယ္”

Aim ၏ စိတ္ပူစြာ အေဆာတလ်င္မွာႀကားမႈျပီးသည့္ေနာက္ ဦးေလးႀကီး သည္ ကားကို အျမန္ေမာင္းထြက္လုိက္သည္.။ ေတာ္ပါေသးသည္.။ ထြက္ေျပးသြားသည္ ထင္ခဲ့တာ.။ ျပန္လာေပးလုိ႕ေတာ္ေသးတာေပါ့.။

“ေက်းဇူးတင္ပါတယ္ ျပန္လာေပးတာ”

“ကြ်န္ေတာ္ လူသြားေခၚတာပါဗ်ာ..ကံေကာင္းခ်င္ေတာ့ ဒီဘက္ကိုပဲ လာေနတဲ့ Mr. Aim တုိ႕ကားနဲ႕ႀကံဳတာ.။အမွန္ဆို ကပ္ရပ္ပဲျဖစ္ရမွာ ။ သူတုိ႕ကားက လမ္းမွာ ခဏထိုးရပ္သြားလုိ႕တဲ့ဗ်..”

ကားကူရွင္ကုိမွီကာ  မသက္မသာျဖစ္ေနသည့္ Singto ၏ ပံုစံေႀကာင့္ Krist သူ႕ကုိယ္ကုိ အသာဆြဲကာ ေခါင္းကို Krist ၏ ပုခံုးထက္မွီထားေစလုိက္သည္.။Krist ဘက္ကုိ ေကြးေကြးေလးေစာင္းလာေသာ သူသည္ ခါးကို ခပ္တင္းတင္းလာဖက္ေသာေႀကာင့္ Krist ေတာင့္ခနဲျဖစ္သြားရသည္.။ ထို႕ေနာက္ မည္သည္ကိုမွွ် မစဥ္းစားမိေတာ့ဘဲ Singto ေခါင္းကို ရင္ခြင္ထဲ ထည့္ကာ ေပြ႕ဖက္ထားမိေတာ့သည္.။

စိတ္ပူသည္.။ တစ္ခုခုျဖစ္သြားမွာ တကယ္ပဲ စိတ္ပူပါသည္.။

နာက်င္မႈေတြ သက္သာပါေစေလ…။

ကုိယ္တုိင္က တစ္ကုိယ္လံုး နာက်င္ေနေသာ္လည္း သူ သက္သာဖို႕သာ ပိုေတြးမိသည္.။

မည္သည့္အေရာင္မွ မျခယ္ခင္ကတည္းက သံေယာဇဥ္ႏုႏုသည္  ေလေျပညွင္းတစ္ခုလို ရင္ထဲ သြဲ႕သြဲ႕ေလးတုိက္ခတ္၀င္ေရာက္လာေလသည္.။

## With heart
Just a Dreamer.

( ဒန္ တန္႕ တန္႕  ကာကြယ္တတ္သူေလးပါေနာ္ )

Unicode

မျက်စိရှေ့က မြင်နေရသည့် မြင်ကွင်းကိုတော့ Maya သေချာစိုက်ကြည့်နေလိုက်သည်.။ Prachaya လုပ်ငန်းစု၏ အဆောက်အအုံအသစ်ရှေ့တွင် ထော့နဲ့ထော့နဲ့နှင့် Nyuen ဆိုသည့် မိန်းကလေးကို Singto က တွဲဖက်လျက် ကားပေါ်က ဆင်းလာနေသည်.။ သေချာကြည့်လိုက်တော့ ကားက Singto ၏ ကားပါလား.။ Maya စိတ်ထဲ ထိုမိန်းကလေးက တွဲသည်ထက် Singto ခါးကိုများ အမူပိုဖက်နေသယောင်ယောင်.။ maya က လမ်းတစ်ဖက်၏ café ဆိုင်လေးထဲတွင်ထိုင်ရင်း မှန်ပြတင်းတွေကတစ်ဆင့် လှမ်းမြင်နေရခြင်းဖြစ်သည်.။
ဒီမြင်ကွင်းနှင့်ယှဉ်တော့ မနေ့ညနေက မြင်ခဲ့ရတာက သူမကို ပိုပြီးစိတ်ရှုပ်ထွေးသွားစေသည်.။ နှင်းဆီပန်းခြံငယ်လေးထဲတွင် Singto သည် Krist ကို သေချာအနမ်းပေးနေသည်လေ..။ သူမ တကယ်ကိုပင် P’Sing ဘယ်တစ်ယောက်ကို သဘောကျနေလဲ မခွဲတတ်တော့ပါ.။ မည်သူ့ကိုသဘောကျပါစေ Maya ဆိုသည့် သူမကလည်း Singto ကို လက်လွှတ်ခံမည်မဟုတ်.။ သို့ပေမယ့် သူမ၏ အဓိကပြိုင်ဘက်ကိုတော့ဖြင့်သိရန်လိုပါသည်။

“P’Sing ~”

အသံကြောင့်လှည့်ကြည့်လာသော Singto ကို နှစ်လိုစွာပြုံးပြလိုက်တော့ သူ က အသာပြန်ပြုံးပြလာသည်.။ သူ့ဘေးမှ Nuyenကတော့ Maya ကို မြင်သည့်အတွက်စ်ိတ်ရှုပ်ထွေးသွားရသည်.။ Maya ပြောတာတွေသာသံသယ မ၀င်ခဲ့ရင် Nuyenသာ အဲ့နေ့ညက ခါတိုင်းလို Singto နဲ့သာ စကားစမြည်ပြောဖြစ်ခဲ့ရင် သူမ Singto နှင့်ဝေးရမည်မဟုတ်.။

“ဆို !!! Maya ကိစ္စရှိလို့လား.”

“Maya စကားနည်းနည်းပြောချင်လို့ပါ.”

“နောက်မှ ပြောလိုက်လေ.။ခု ကိုယ် Nuyen ကို အထဲပို့ပေးလိုက်ဦးမယ်။ပြီးရင်လည်း ကိစ္စရှိသေးတယ်.”

ပြောပြီးသည်နှင့် အထဲပြန်လှည့်ဝင်နေသော Singto ကို Maya နောက်ကနေ အမြန်လှမ်းပြောလိုက်သည်။

“P’Krist နဲ့ပတ်သက်ပြီး Maya အထူးပြောစရာရှိနေတယ်.။ရပါတယ် P’Sing အားမှ-”

Singto ပြန်လှည့်ကြည့်လာသည်.။ မျက်မှောင်ကြုံ့သွားပြီးမှ ဘေးနားက Aim ဆီအကြည့်ရောက်သည်။ Aim က သူ့အကြောင်းသိနေသောသူငယ်ချင်းပီပီ Nuyen ကိုလွှဲပြောင်းတွဲလိုက်၏။

“Nuyen ကို ကျွန်တော်လိုက်ပို့ပါ့မယ် .”

Nuyen သည်ဝမ်းနည်းနေသော မျက်နှာနှင့် Aim နှင့်အတူပါသွားရသည်.။ သူမသာ လျှင် အောင်နိုင်သူလိုလို Maya လှောင်ပြုံးပြလိုက်သေးသည်.။]

“ကဲ ပြော-”

“ရှေ့က café မှာပြောကြမယ်လေ.။တစ်ခုခုသောက်ရင်း နော် P’Sing..”

လမ်းမတစ်ဖက်က café ဆိုင်လေးတွင် Singto နှင့် Maya အတူ ထိုင်ကြသည်.။ Americano တစ်ခွက်ကို အသာမော့ရင်း သိချင်နေသည်လည်း အရမ်းမပေါ်လွင်စေဘဲ Singto က ခပ်အေးအေးပင်စကားစသည်.။

“ပြောပါဦး Krist နဲ့ပတ်သက်တဲ့ကိစ္စဆိုတာ.”

“အမှန်တော့ ခုနက မိန်းကလေးနဲ့တော့ ပိုသက်ဆိုင်တာပေါ့.။ဒါပေမယ့် Maya က P’ ကို အရင်သိစေချင်လို့.။ တစ်နေ့ညက Nuyen ဆိုတဲ့မိန်းကလေးတို့ရဲ့ decoration ဆိုင်နားကို ညပိုင်း အမှတ်မထင်ဘဲရောက်ခဲ့တယ်.။ အဲ့နားက သူငယ်ချင်းဆီသွားရင်းနဲ့လေ.။ အဲ့ဆိုင်တံခါးကို P’Krist ဖွင့်ပြီး ၀င်သွားတာတွေ့ခဲ့တယ်.။သူ့ကြည့်ရတာ က တစ်ခုခုကိုပုန်းလျှိူးကွယ်ရှိုးနဲ့”

“အဲ့ဒီတော့~”

“Privacy ချိူးဖောက်မှန်းတော့သိပေမယ့် အဲ့က ၀န်ထမ်းကို  ပိုက်ဆံပေးပြီး Maya ..CCTV record ယူလာခဲ့တယ်.။အဲ့ဆိုင်က ညပိုင်း လည်းမီးတွေဖွင့်တာဆိုတော့ CCTV က နည်းနည်းတော့ဝါးပေမယ့် P’Krit က မှန်းတော့သေချာပေါ်တယ်.ဒီမှာ.”

Maya ဖွင့်ပြလာသော ဖုန်းထဲက video တစ်ခုတွင် Krist သည် ရုံးခန်းထဲတွင် တစ်ခုခုကို သဲကြီးမဲကြီး ရှာနေပုံ၇သည်.။ ခြေရာလက်ရာမပျက်စေဘဲ ဂရုတစိုက်ရှာဖွေနေပုံလည်းပေါ်သည်.။

“ဘာမှန်းမသိတဲ့ကိစ္စမို့ အကျယ်အကျယ်တွေဖြစ်ကုန်မှာစိုးတာနဲ့ Maya က အရင်လာပြလိုက်တာ.။ဟို-သူက P’Sing ရဲ့ တရားဝင်အိမ်ထောင်ဖက် မလား.။ဒုက္ခမရောက်စေချင်လို့ပါ.။”

Singto မျက်ခုံးတို့တွန့်ချိူးလျက် ခုနက Nuyen ပြောခဲ့တာကို ပြန်ကြားယောင်မိနေသည်.။

** Nuyen ရုံးခန်းထဲက decoration ပြိုင်ပွဲအတွက် အချက်အလက်တွေ ပျောက်သွားတယ် Sing, မနေ့ကမှသတိထားမိတာ ပျောက်တာနည်းနည်းများကြာနေပြီလား မသိဘူး. သေချာစုဆောင်းထားတာပါ  Sing ရယ် အဟင့် ဘယ်လိုဖြစ်ပြီး ***

“ပြီးတော့ တစ်မျိူးမထင်ပါနဲ့နော် P’.။ Nuyen ခြေထောက်က သူတို့ဆိုင်ရှေ့မှာပဲ ကားပွတ်မိတာ မလား.?? တိုက်တိုက်ဆိုင်ဆိုင် ဒီမနက် သူတို့ဆိုင်က အဖြတ် မှာ P’ Krist ရဲ့ ကား-ဟို P’Sing လက်ဆောင်ပေးထားတဲ့ကားက အဲ့နားလေးတင်မှ ထွက်သွားတာ”

Singto ၏ မျက်ခုံးတို့ ပြန်မပြေလာတော့။ တစ်ခုခုကို စဉ်းစားနေပုံရသည်.။ အချိန်ခဏယူပြီးမှ Singtoက Maya ကို ပြုံးပြလာ၏။

“Maya က ဒီလိုဂရုစိုက်ပေးတာ ကိုယ် ကျေးဇူးတင်တယ်.။ video ကိုသိမ်းထားချင်ရင်လည်းးသိမ်းထားပေါ့.။ကဲ သွားရအောင်.”

“ဟို ဒါဆို ကိစ္စ ဘယ်လိုလုပ်-”

“ကိုယ် ဖြေရှင်းလိုက်မယ်။ ”

Maya ကျေနပ်စွာ ပြုံးမိသည်.။ တစ်ဖက်နဲ့တစ်ဖက် ရန်ပွားကြလျှင် အကျိူးများမည့်သူက သူမ ပင်မဟုတ်ပါလား.။ ခုတော့ P’Krist ကို စေတနာထားသည့် သဘောဖြူအူစင်းလေးပုံစံ ဟန်ဆောင်ရမှာပေါ့လေ.။
-
-
-
-
မဖြစ်မနေတက်ရသည့် ဧည့်ခံပွဲဖြစ်သောကြောင့် Singto သည် Krist ကိုပါခေါ်ကာ တွဲဖက်တက်ေ၇ာက်ရသည်.။ ညနေတည်း က အောင့်နေသော ဗိုက်ကြောင့် Singto ၀ိုင်လေး အနည်းငယ်တောင်မျှ မသောက်ခဲ့ပါ.။ ကားမောင်းသည့်သူ ပါသည်ကြောင့် နောက်ခန်းတွင် နှစ်ယောက်သား ၀င်ထိုင်မိစဉ် အရက်နံ့ရမိသည်.။ သူ မသောက်ခဲ့ဘူးဆိုတော့ Krist  က သောက်ခဲ့တာပဲနေမှာပေါ့.။

“မင်း ~ Nuyen တို့ ဆိုင်ကို ညအချိန်မတော်ဝင်ခဲ့ဖူးလား.??”

အဆက်အစပ်မရှိသည့် စကားကြောင့် Krist ခေါင်းစောင်းကြည့်မိသည်.။သူ့ကို လိမ်ညာစရာအကြောင်းတော့ Krist မှာမရှိ.။ 

“အင်း ~”

“ဘာလို့လဲ ??”

“ဒါ ကျွန်တော့်ကိုယ်ရေးကိုယ်တာပါ.”

ခေါင်းပြန်လှည့်ကာ krist ရှေ့ကိုပဲပြန်မျက်နှာမူလိုက်သည်.။ Singto သူ့ကိုကြည့်နေတာကို ခံစားမိသည်.။

“Nuyen ရဲ့ ပြိုင်ပွဲဝင်အချက်အလက်တွေ ပျောက်သွားတယ်တဲ့”

“အဟက် ~~~ ခင်ဗျားက ခု ကျွန်တော့်ကိုသံသယ၀င်နေတာလား ??”

Singto ဘာမှ ပြန်မဖြေသည်မို့ Krist စိတ်ထဲ တင်းခနဲဖြစ်သွားသည်.။ အင်းလေ--သူနဲ့ကိုယ်က ဘာဆိုင်လို့ သူက ကိုယ့်ကို ယုံကြည်မှာတဲ့လဲ ???

“ကျွန်တော်တို့ Decoration က အစကတည်းက ကျွန်တော် နဲ့ P’Ne -”

P’Ne နာမည်လေးရွတ်မိရုံမျှပင် Krist ကို ရင်နင့်အောင်နာကျင်စေသည်ကြောင့် အသံကတိမ်ဝင်သွားသေးသည်.။

“အတူတူကြိုစားခဲ့တာ။ ကိုယ်ပိုင်ဒီဇိုင်းတွေနဲ့ အမြဲ လူကြိုက်များခဲ့တာပဲ.။ဘာမဟုတ်တဲ့ decoration သေးသေးလေးကနေ facts တွေ ယူစရာ-အဟွန်း ~~~ ရှင်းရှင်းပြောရရင် ခိုးစရာအကြောင်းမရှိဘူး”

“အဲ့လို -ရည်၇ွယ်တာ မဟုတ်-”

“မနေ့ကတည်းက ကျွန်တော် နှင်းဆီပန်းတွေနဲ့ အလုပ်များနေတာခင်ဗျားလည်းတွေ့ပါတယ်.။ အဲ့မှာ ခင်ဗျားတောင် ကျွန်တော့်ကို-”

Krist ပြောပြီးမှ ခေါင်းထဲ ဒိန်းခနဲဖြစ်ကာ ပါးစပ်ပိတ်သွားရသည်.။ဘာကြောင့် အစပြန်ဖော်မိပါလဲ.??? ဒီတိုင်း မသိသလို နေလိုက်တာ နှစ်ယောက်လုံး သက်တောင့်သက်သာရှိနေခဲ့သည်ကို.။ ထို အနမ်းနှင့်ပတ်သက်ပြီး Singto က ဘာမှ မပြောခဲ့သလို သူ လည်းအစမဖော်ခဲ့.။ အမှန်အတိုင်းပြောရရင် Singto အတွက် ဘယ်လိုအနမ်းမှန်းမသိပေမယ့် သူ့အတွက်တော့ ဘ၀မှာ ပထမဆုံးဖြစ်သည့် အနမ်းပင်ဖြစ်သည်.။

“အင်း နမ်းလိုက်မိတယ်.”

ကားမောင်းသည့် ဦးလေးက ရုတ်တရက် ချောင်းတဟွတ်ဟွတ်ထဆိုးလေတော့ ဘာကြောင့်ရယ်မသိ Krist မျက်နှာရှိန်းခနဲ ပူတက်သွားရသည်.။ ပြောနေသည့် ကိစ္စကနေ လမ်းကြောင်းလည်း လွဲကုန်ပါပြီလေ.။

“ကျွန်တော် အဲ့ဆိုင်ထဲ ခိုးဝင်တာ ခင်ဗျား ဘယ်လိုသိသလဲ တော့ မသိပေမယ့် facts တွေ ယူတယ်မယူဘူး လို့ ကျွန်တော် ပျာပျာသလဲ ရှင်းပြနေမှာမဟုတ်ဘူး.။လူတိုင်းက ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပဲ မလား….. ။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် ခင်ဗျား အဲ့လိုမျိူးသံသယ၀င်နေတာတော့ လက်ထပ်ထားတဲ့ ယောကျာ်းတစ်ယောက်အနေနဲ့ ကျွန်တော် စိတ်မကောင်းဖြစ်ခွင့်တော့ရှိတယ်မလား ??”

“ကျွတ် ~~~ ကိုယ် အဲ့လိုပြောတာမဟုတ်ဘူး-”

“ကျွီ ~~”~

ဆောင့်အုပ်လိုက်သော ဘရိတ်နှင့်အတူ ကားက တုန့်ခနဲရပ်သွားရသည်.။ Singto ဗိုက်အောင့်ခြင်းသည် ကားဆောင့်မှုကြောင့် စူးခနဲခံစားလိုက်ရသည်.။ သူတို့ကားရှေ့တွင် မီးရောင်စူးနေအောင်ထွန်းထားပါသော ကားတစ်စီးကဖြတ်ခနဲ ၀င်ရပ်လာသည်.။

“ဟာ ဘယ်ကကောင်တွေလဲကွာ ~~”

ကားမောင်းသည့်ဦးလေးက ခပ်သွက်သွက်ဆင်းသွားတော့ ဟိုဘက်ကား ပေါ်က ဆင်းလာသူများသည် လေးယောက်ခန့်၇ှိနေသည်.။ ဦးလေးကြီးကို လက်သီးဖြင့်ပင့်ထိုးလို်က်တာတွေ့လိုက်ရ၏။ Singto ရော Krist ပါ မတိုင်ပင်ဘဲ ကားပေါ်က အမြန်ဆင်းလာကြသည်.။

“ဘာလဲ မင်းတို့က-”

“Singto Prachaya ကို ပဲ ခဏခေါ်သွားချင်တာပါ.။ Mr.Singto ကျွန်တော်တို့နဲ့ခဏလိုက်ခဲ့ပေးပါ.။”

“တွေ့ချင်ရင် ငါ့ရုံးခန်းကို လာခဲ့လေ.။လိုက်စရာတော့အကြောင်းမရှိဘူး”

“’ဒီလိုဆို ရင်လည်းသဘောပဲလေ.။ကောင်းကောင်းပြောမရရင်ရတဲ့နည်းနဲ့ခေါ်သွားရမှာပေါ့.။ ဟိုနှစ်ယောက်ကသွားလို့ရပြီ.မဆိုင်တဲ့လူတွေ ငါတို့လည်းမလိုချင်ဘူး.”

ရှေ့တိုးလာကာ Singto လက်ကို လာဆွဲသည့် တစ်ယောက်ကို Singto က  ဖြတ်ရိုက်လိုက်ပြီးမှ Singto ကိုယ်တိုင်ခွေခနဲဒူးညွှတ်သွားရသည်.။

ပြန်ထကာ Singto ကို ရိုက်ရန်ရွယ်နေသူကို Krist က ခါးလည်ကို ခြေစောင်းနဲ့ကန်ထုတ်ပစ်လိုက်သည်.။ကျန်တဲ့သုံးယောက် ရှေ့မတိုးလာသေးဘဲ မျက်မှောင်ကြုံ့ကြည့်နေကြသည်.။ခေါင်းဆောင်ဖြစ်သူက စကားစ၏။

“ဒုက္ခမပေးချင်လို့ ပြန်ခိုင်းတာကို သေနေ့စေချင်တယ်ထင်တယ်.။မထားခဲ့နိုင်ဘူးပေါ့လေ.”

“ဦးလေး ကားပေါ်တက်နေ.!!! ”

ကားမောင်းသူဦးလေးကြီးက ကားပေါ်တက်ကာ နောက်ပြန်လှည့်အမြန်မောင်းသွားသည်.။  Krist က Singto ရှေ့တွင် ကာရပ်ထားလိုက်သည်.။ Singto သည် ကားဘောနက်အဖုံးကိုမှီလျက်ကာပင် ခါးကုန်းကာဗိုက်ကို ကိုင်ထားသည်ကို သူ တစ်ချက်လှည့်ကြည့်လိုက်၏။

“မဟုတ်မှ လွဲရော သူက ငါ့ ယောကျာ်းဆိုတာ မသိတာလား .။ ထားခဲ့စရာလား ??မင်းတို့လိုကောင်တွေလက်ထဲ ကို Singto ကို ထည့်လိုက်ရမယ် အဟား…အိမ်မက်မက်မနေနဲ့.”

တရှိန်ထိုး ပြေးဝင်လာသည့်လက်သီးချက်တွေကို တစ်ပတ်လည်ရှောင်ကာ Krist သည် ခြေထောက်တွေကိုသာ သိမ်းကျူံးကန်သည်.။ လေးယောက်တစ်ယောက်မို့ သူ လည်း မသက်သာလှ.။ နှုတ်ခမ်းထောင့်ခြေတွင် တစ်ချက်ထိလိုက်သလို  ဓားထုတ်လာသော တစ်ဖက်လူကြောင့်  လက်ဖျံတွင် ရဲခနဲဖြတ်ရှမိသည်.။ Singto ကို ကားထဲ အတင်းဆွဲရန်တစ်ချက် တစ်ချက်ကြံနေသည်ကိုလည်း ကာထားရပြန်သည်.။

“မင်း-ကို ငါတို့သွားခွင့်ပေးနေတယ်နော်. ထားခဲ့လိုက်.~~”

Krist  စိတ်ဆောင်နေသည်မို့ သူတို့အလွယ်တကူ မနိုင်ဖြစ်နေရသည်.။ နှုတ်ခမ်းထောင့်က စီးကျလာသော သွေးစကို တစ်ချက်သုတ်လိုက်ရင်းမှ Krist က ထွီခနဲထွေးထုတ်လိုက်သည်.။

“ဆုတောင်း !!”

ပြန်လည်တို်က်ခိုက်မှု ခဏပြန်စတင်ချိန်မှာပင် ၀င်းခနဲထွက်လာသော မီးရောင်နှင့် အတူ ကားနှစ်စီးက ထိုးစိုက်လာသည်.။ တစ်စီးမှ ဆင်းလာသူသည် ကားမောင်းသူဦးလေးကြီးဖြစ်ပြီး နောက်တစ်စီးမှ  ပြေးဆင်းလာသူများသည် Aim ခေါင်းဆောင်သော ကိုယ်ရံတော်များဖြစ်ကြသည်.။ Krist မျက်နှာ ၀င်းလက်သွားကာ--

“ထပ်ပြီး ဆုတောင်းကြပေတော့~~”

ကိုယ်၇ံတော်များ က ဆက်လက်တိုက်ခိုက်နေကြစဉ် Aim အကူအညီနှင့် Singto ကိုတွဲကာ ကားနောက်ခန်းထဲ ထည့်ရသည်.။ချွေးသီးချွေးပေါက်တို့ပါ ကျလာကာ အသက်ရှုမ၀သလို ဖြစ်နေသော Singtoကိုကြည့်ပြီး Krist လည်း လန့်သွားရသည်.။ Aim က Krist ပုံစံကိုလည်းကြည့်ကာ သူ့အိတ်ထဲက လက်ကိုင်ပ၀ါနှင့် Krist လက်ဖျံကို ခပ်သွက်သွက် ချည်ပေးလိုက်သည်.။

“Krist ဆေးရုံကို အမြန်ခေါ်သွားလိုက်ပါ.။ Sing အစာအိမ်ယောင်ပြန်ပြီထင်တယ်. ကျွန်တော် ဒီမှာ ကိစ္စတွေရှင်းပြီး လိုက်လာခဲ့မယ်”

Aim ၏ စိတ်ပူစွာ အဆောတလျင်မှာကြားမှုပြီးသည့်နောက် ဦးလေးကြီး သည် ကားကို အမြန်မောင်းထွက်လိုက်သည်.။ တော်ပါသေးသည်.။ ထွက်ပြေးသွားသည် ထင်ခဲ့တာ.။ ပြန်လာပေးလို့တော်သေးတာပေါ့.။

“ကျေးဇူးတင်ပါတယ် ပြန်လာပေးတာ”

“ကျွန်တော် လူသွားခေါ်တာပါဗျာ..ကံကောင်းချင်တော့ ဒီဘက်ကိုပဲ လာနေတဲ့ Mr. Aim တို့ကားနဲ့ကြုံတာ.။အမှန်ဆို ကပ်ရပ်ပဲဖြစ်ရမှာ ။ သူတို့ကားက လမ်းမှာ ခဏထိုးရပ်သွားလို့တဲ့ဗျ..”

ကားကူရှင်ကိုမှီကာ  မသက်မသာဖြစ်နေသည့် Singto ၏ ပုံစံကြောင့် Krist သူ့ကိုယ်ကို အသာဆွဲကာ ခေါင်းကို Krist ၏ ပုခုံးထက်မှီထားစေလိုက်သည်.။Krist ဘက်ကို ကွေးကွေးလေးစောင်းလာသော သူသည် ခါးကို ခပ်တင်းတင်းလာဖက်သောကြောင့် Krist တောင့်ခနဲဖြစ်သွားရသည်.။ ထို့နောက် မည်သည်ကိုမျှ မစဉ်းစားမိတော့ဘဲ Singto ခေါင်းကို ရင်ခွင်ထဲ ထည့်ကာ ပွေ့ဖက်ထားမိတော့သည်.။

စိတ်ပူသည်.။ တစ်ခုခုဖြစ်သွားမှာ တကယ်ပဲ စိတ်ပူပါသည်.။

နာကျင်မှုတွေ သက်သာပါစေလေ…။

ကိုယ်တိုင်က တစ်ကိုယ်လုံး နာကျင်နေသော်လည်း သူ သက်သာဖို့သာ ပိုတွေးမိသည်.။

မည်သည့်အရောင်မှ မခြယ်ခင်ကတည်းက သံယောဇဉ်နုနုသည်  လေပြေညှင်းတစ်ခုလို ရင်ထဲ သွဲ့သွဲ့လေးတိုက်ခတ်ဝင်ရောက်လာလေသည်.။

## With heart
Just a Dreamer.

( ဒန် တန့် တန့်  ကာကွယ်တတ်သူလေးပါနော် )

Continue Reading

You'll Also Like

220K 18.4K 60
Start Date-1/12/2021 End Date-4/4/2022 Rebirthေလးပါ 1900ေခတ္ပိုင္းကို စိတ္ကူးယဥ္ေရးဖြဲ႔ထားတာပါ ေနရာေဒသ အသံုးအေဆာင္ အသံုးအႏႈန္းမ်ားသည္ ယဥ္ေလးရဲ႕စိတ္ကူ...
64K 8.7K 34
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
47.3K 2.6K 13
(Unicode + Zawgyi) Memories of each couple in Myanmar Spring Revolution.
Dream Heart By Burma LGBT

Mystery / Thriller

14.7K 575 9
Dream Heart ....? ဟုတ္ပါသည္။ Dream Heart ပါ။ Dream Heart ဟုဆိုလိုက္ရံုႏွင့္ မသိသူက ခပ္ရွားရွားပင္။ အကယ္၍သင္သည္ ျမန္မာႏိုင္ငံသားတစ္ေယာက္ဆိုပါက ႏိုင...