နှစ်ကိုယ်တူတိုင်းပြည်
By Natpankalay
536K 39.3K 2.1K
#Both with Zawgyi & Unicode အချစ်က နယ်နမိတ်တစ်ခုဆို ကိုယ်တို့ တည်ဆောက်မှာက နှစ်ကိုယ်တူ တိုင်းပြည်... #Own cre... More
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter -16
Chapter -17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter -22
Chapter-23
Chapter-24
Chapter-25
Chapter -26
Chapter-27
Chapter -28
Chapter-29
Chapter -30 Final
Extra-No Jealousy
Chapter-15
15.1K 1.3K 68
By Natpankalay
“Oh~~”
“Krist.~~”
ပုံမှန်အတိုင်းလှည့်ကြည့်လာသော မျက်ဝန်းတို့က Nick ကိုမြင်လျှင် မျက်ခုံးတို့တွန့်ချိုးသွားရသည်.။
“ခွပ် ~~~~”
“ဒါက ဘာဖြစ်နေကြတာလဲ.”
“အဟက် ~~~ မိန်းမလိုကောင်.~~”
“ဗျာ--ဟို ကျွန်တော်က ”
“ဘာလို့တားမှာလဲ ??”
## With heart
Just a dreamer
( yay… First kiss ကွ 😁😁
Unicode
“ဟမ်..ဒါ ဟိုတစ်ခေါက် ကလပ်မှာတွေ့တဲ့ Krist ဆိုတာများလား.”
မဂ္ဂဇင်း စာစောင်အင်တာဗျူးတွေထဲတွင်  Prchaya စံအိမ်၏ မင်္ဂလာပွဲသည် ယခုမှ Singto Prachaya ကို media များတွင် မြင်ခွင့်ရကြသလို အိမ်ထောင်ဖက်ကလည်း အမျိူးသား ဖြစ်နေသည့်အတွက် ခေတ်စားနေဆဲဖြစ်သည်.။  Nick တစ်ယောက်သာ သူငယ်ချင်းတွေ နှင့် တောလိုက်ထွက်သွားသည့်အတွက် ခုမှသိရခြင်း..။
“P’ Nick က အဲ့တစ်ယောက်ကိုသိလို့လား.??”
Yaya က ဆေးစာအုပ်ထူထူလေးကိုင်ကာ စာကြည့်နေရင်းမှ Nick ၏ ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် ပြန်မေးလိုက်မိသည်.။
“ကလပ်မှာတုန်းကတည်းကလေ..ငါက သူ့ကို ခဏခေါ်သွားမလို့ကို P’Sing ရောက်လာလို့ ဒီတိုင်းထားလိုက်ရတာ.”
“ပွေတဲာ့ ရှုပ်တာလေးလည်း လျှော့ဦး..။ဘယ်နှယ့် ယောကျာ်းလေးကို--”
ပြောသာပြောမိတာပါ.။ Krist Perawat က ယောကျာ်းဆန်ဆန်ချောသလို ကလေးလို ချစ်စရာကောင်းသည့် ပါးချိူင့်ငယ်ကိုလည်း အမှတ်တမဲ့ သူ ပြုံးတာမြင်လိုက်၇လို့ သတိထားမိတာ.။ဒါကလည်း P’Sing သူ့ကို ကားလက်ဆောင်ပေးတုန်းက ဘယ်သူမှ မမြင်ဘူးထင်ပြီး ပြုံးလိုက်လေသလားတော့ မသိ.။
“ဘာပဲဖြစ်ဖြစ်နော်.ခု သူက P’Sing ရဲ့ သက်ဆိုင်သူနော်.. P’Nick ပြဿနာတော့မရှာနဲ့။”
“မနေ့က Mae ပြောတော့ ချစ်လို့ယူထားရတာ မဟုတ်ဘူးဆို.။ဒါဆို P’Sing က Krist ဘာဖြစ်ဖြစ် သတိထားစရာလား..။ငါ့ ဘာသာ လုပ်ချင်လုပ်မယ်..နင်က အငယ်.ငါ့ကို ဆရာမလုပ်နဲ့ yaya…”
ပြောချင်ရာပြောပြီး Nick က ဧည့်ခန်းထဲက အရင်ထလာခဲ့လိုက်သည်.။  စွဲလန်းနေတာမျိူးတော့ မဟုတ်ပေမယ့် တကယ်ပဲ Krist က သဘောကျစရာကောင်းလှသည်.။ Nick တစ်ယောက်က မိန်းကလေးတွေ သာမက ယောကျာ်းလေးတွေလည်း စုံနေအောင်တွဲဖူးပေမယ့် ယောက်ျားလေးထဲမှာ သူ မြင်မြင်ချင်း သဘောကျမိတာတော့ Krist တစ်ယောက်ထဲ ရှိသည်.။ ဒါပေမယ့်  သူတစ်ပါးက ခု Singto ၏ ခင်ပွန်း..။ ကိစ္စတော့မရှိပါဘူးလေ.. Singto က Krist ကို မှ မကြိုက်တာ.။
“Oh~~”
ခြံထဲတွင် Krist သည် နှင်းဆီရောင်စုံပန်းခြံနားတွင် ရှိနေသည်.။ဒူးထက်ဘောင်းဘီအဖြူရောင်အတို.. အင်္ကျီ ပြာနုနုက သူ့ကို နုပျိူလွင်ကာ ပေါ့ပေါ့ပါးပါးအသွင်ဖြစ်စေပြီး နှင်းဆီ ရောင်စုံတွေကို တစ်ခုချင်း အကဲစစ်နေလေ၏။
သို့ပေမယ့် လွဲနေသည်က တစ်ခု။
ဒူးလောက်ရှိမည့် ခြံစည်းရိုးငယ်တို့နှင့်ကာရံထားသော ထိုနှင်းဆီခြံသည် Singto ၏ နှင်းဆီခြံဖြစ်ပြီး ဥယျာဉ်မှူး ဦးလေး ကြီးမှ လွဲ၍ မည်သူမှ မ၀င်ခိုင်းလောက်ရအောင်ထိ ထိုနှင်းဆီတို့အပေါ် Singto သည် အကဲဆတ်လှသည်.။ ဖခင်ဖြစ်သူ ၏ တစ်ခုတည်းသော အမွေဖြစ်သူ နှင်းဆီမျိူးတို့ကို Singto က ယုယကြင်နာလှ၏။
သို့ပေမယ့် Nick သည် သတိမထားမိခင်မှာပင် ထိုခြံလေးထဲ ၀င်လာခဲ့မိသည်.။
“Krist.~~”
ပုံမှန်အတိုင်းလှည့်ကြည့်လာသော မျက်ဝန်းတို့က Nick ကိုမြင်လျှင် မျက်ခုံးတို့တွန့်ချိူးသွားရသည်.။
“ကြည့်ရတာ မင်းလည်း ကိုယ့်ကိုမှတ်မိတယ်ထင်တယ်.။ဘယ်လိုလဲ အဲ့တုန်းက ကိုယ်က Prachaya အိမ်တော်က လိုက်ခဲ့ပါဆိုတော့ မလိုက်ဘူး.ခုတော့ P’Sing ရဲ့ယောကျာ်းတဲ့လား..။ ဒါကလည်း မင်း က အကွက်ချကြံခဲ့တာဆို။ ကိုယ့်ဆီသာလိုက်လာခဲ့ရင် အဲ့လိုလုပ်စရာမလိုဘူးလေ..ကိုယ်လည်း အတည်ယူနိုင်ပါတယ် မင်းကို”
Nick ၏ တရစပ်စကားတို့အဆုံးတွင် Krist သည် နှုတ်ခမ်းစွန်းတို့ ကွေးညွှတ်ကာ မဲ့ပြုံးတစ်ခုပေါ်ထွက်လာသည်.။လက် က နှင်းဆီတို့၏ ရိုးတံကို တစ်ခုချင်းကိုင်လျက်.။
“မင်း နဲ့ Sing က နှိုင်းစရာလိုလို့လား.??”
ပါးစပ်ပေါက်ပိတ်သွားရချေပြီ.။ ဒါ မည်သို့သော သွယ်ဝိုက်စော်ကားမှုမျိူးလဲ.။ Nick သည် တိုးထွက်လာသော ဒေါသတို့နှင့်အတူ Krist ၏ လက်တစ်ဖက်ကိုဆောင့်ဆွဲလိုက်သည်.။
“ငါက ဘာဖြစ်နေလို့လဲ.. ဟမ်..သူ့ထက်စာရင် ငါက မင်းကို ပိုပြီးပျော်စရာဖန်တီးပေးနိုင်သေးတယ်”
“ခွပ် ~~~~”
မေးရိုးကို အရှိန်ပြင်းပြင်း ဆောင့်ထိုးလိုက်သည်မို့ Nick သည် မြေပေါ်သို့ လဲကျသွားရသည်.။
“ရူးကြောင်ကြောင်နဲ့ ငါ့ကို မိန်းကလေးလို့ အမြင်မှားမနေနဲ့.။မင်းလက်ထဲက မလှုပ်ရဲ မရွံ့ရဲ ဖြစ်နေရအောင် ငါက မိန်းကလေးမဟုတ်ဘူး.။ နောက်တစ်ခါ ငါ့လက်ကို စိတ်တိုင်းကျ လာဆွဲဖို့မစဉ်းစားနဲ့.။မင်း မျက်နှာ ဒီထက် စုတ်သွားမယ်.”
“ဒါက ဘာဖြစ်နေကြတာလဲ.”
ရုတ်တရက်ထွက်လာသော Singto ၏ အသံကြောင့် Krist တော့မသိ.။ Nick က တုန်သွားရသည်.။လဲကျနေရာမှ မထမိသေး.။
“ဟို ကျွန်တော်က ပန်းရုံထဲ မ ၀င် ဖို့ ပြောတာပါ..အဲ့ဒါကို Krist က-ကျွန်တော့်ကို ရန်ရှာတာ”
“အဟက် ~~~ မိန်းမလိုကောင်.~~”
Krist ၏ ခပ်လှောင်လှောင်စကားသံကြောင့် Nick မျက်နှာ မည်းခနဲဖြစ်သွားသည်.။ Singto ကတော့ လက်က ကုတ်အင်္ကျီကို ကိုင်ထားကာ ဘာမှမပြောဘဲ Nick ကိုကြည့်သည်.။ Nick က မြေပြင်ပေါ်မှ ကုန်းရုန်းထလိုက်သည်.။
“ဒါက P’Sing ရဲ့ နှင်းဆီခြံမို့ ဘယ်သူမှ ၀င်ခွင့်မ ရှိဘူးလို့ ပြောတာကို သူက လက်မခံဘူး”
“မင်း ကရော ဘာလို့ ဒီထဲရောက်နေတာလဲ..အပြင်ကနေ ပြောလည်းရတယ်မလား.ဘာလဲ ခြံစည်းရိုးက သိပ်မြင့်နေလို့လား”
“ဗျာ--ဟို ကျွန်တော်က ”
Nick ဘာပြန်ပြောရမှန်းမသိ.။ စကားလုံးကိုိအပြေးအလွှားစဉ်းစားနေမိသည်.။
“အဲ့ဒါ မစဉ်းစားလိုက်မိဘူး.။ P’Sing စိတ်ဆိုးမှာစိုးလို့ သူ့ကို တားချင်နေတာနဲ့.”
“ဘာလို့တားမှာလဲ ??”
ခပ်အေးအေးပဲထွက်လာသည့် Singto စကားကြောင့် Nick ကြောင်အအဖြစ်သွားရသည်.။  Krist ကတော့ လက်ပိုက်ပြီး ခပ်တည်တည်ကြည့်နေသည်.။
“ဒါ-ဒါက P”Sing  ဘယ်သူကိုမှ မ၀င်ခိုင်းဘူး မလား ။ အဲ့ဒါကြောင့်-”
“ဘယ်သူ့ကိုမှ လို့ပြောတာလေ. Krist ကို မ၀င်စေနဲ့လို့ပြောမိလို့လား ??”
ဒီတစ်ခါတော့ Krist ပါ အံ့သြပြီး သူ့ကိုကြည့်လိုက်မိသည်.။ကပ်သီးကပ်သပ်။  ဒါ ဘယ်သူမှ မ၀င်ရသည့် နှင်းဆီခြံမှန်း ဥယျာဉ်မှူးဦးလေးကြီး ပြောလို့ သူသိပါသည်.။ တားမရဘဲ ၀င်လာတော့လည်း ဦးလေးကြီးက မျက်နှာအပျက်ပျက်နဲ့ ပြန်ထွက်သွားခဲ့သည်.။ ခဏလေး..နှင်းဆီပန်းစုံတို့ကို decoration တွင်သုံးရန် ခဏလေးပဲ လေ့လာချင်၍ ၀င်လာခဲ့တာပါ.။ Singto မရောက်ခင် ပြန်ထွက်လိုက်မည်ဟုစိတ်ကူးခြင်းဖြစ်သည်.။ကြောက်လို့တော့ မဟုတ်ပေမယ့် သူက မ၀င်ရ ဆိုသည်ကို ကိုယ်က ၀င်တော့ မကောင်းဘူးမလား ???
“ကိုယ့် ယောကျာ်းလေ.. သူ ၀င်ပါစေ. မင်းသာ နောက်ခါ ခြေမလှမ်းစေနဲ့.။နောက်ပြီး Krist လို့ခေါ်တာ ကိုယ် နည်းနည်းနားထောက်တယ်.။ ကိုယ်နဲ့ ရွယ်တူဆိုတော့ P’Krist လို့ခေါ်.။ ကဲ--သွားလို့ရပြီ.”
Nick သည် မရှုနိုင် မကယ်နီုင်မျက်နှာဖြင့် မေးရိုးတစ်ခြမ်းယောင်တက်လာကာ ခပ်သွက်သွက်ထွက်သွားလေသည်.။ Krist သာ တအံ့တသြဖြင့် ကျန်ခဲ့သည်.။
“မင်း က ဘာလို့ခွင့်မတောင်းတာလဲ.”
Singto က ပြောရင်းဖြင့် အနားကိုဖြည်းဖြည်းချင်း ကပ်လာလေတော့ ဘာကြောင့်မှန်းမသိ..Krist စိုးထိတ်ကာ နောက်ဖြည်းဖြည်းချင်း ဆုတ်မိသည်.။
“အင်း--- ၀င်ရုံတင်အားမရလို့ အပွင့်တောင်ခူးလိုက်သေးတယ်ပေါ့.”
ခုမှ Krist လက်ကိုယောင်ယမ်းပြီး ငုံ့ကြည့်လိုက်မိသည်.။ လက်ထဲတွင် အနီရင့်ရင့် နှင်းဆီတစ်ပွင့်ကို ရိုးတံကနေ သူ ကိုင်ထားမိလေ၏။ ခုနက ရိုးတံလေး ကိုင်ကြည့်နေတုန်း Nick က ဆောင့်ဆွဲလိုက်တော့ ပါလာတာဖြစ်ရမည်၊
“ဟာ ကျွန်တော်တမင်ခူးတာ မဟုတ်ဘူး ခုနက- ခင်ဗျားက ဘာလို့ အတင်းရှေ့တိုးလာတာလဲ”
Krist ၏ နောက်ကျောသည် ခြံထဲက သစ်သားတိုင်လေးတွင် ကပ်နေပါပြီ.။ထပ်ဆုပ်စရာလည်းမ၇ှိတော့.။ သူ့ကို ခပ်ပြုံးပြုံးဖြင့်ကြည့်နေသော Singto့ ကိုကြည့်ပြီး သံသယဖြစ်သွားရသည်.။
“နေပါဦး ညနေစောင်းကာစဘဲရှိသေးတယ် ခင်ဗျားက မူးနေတာလား.”
Singto က ပြန်မဖြေ..။ သူ့မျက်လုံးသည် Krist ၏ နှုတ်ခမ်းဆီသို့အကြည့်ရောက်နေသည်.။သူ့အမြင်တွင် ထိုနှုတ်ခမ်းလေးက နီနီရဲရဲနှင်းဆီဖူးလို့ ထင်မြင်နေမိသည်.။ အင်း ---တကယ်ပဲ မွှေးကြူချင်စမ်းပါဘိ..။
“ခင်-ခင်ဗျားက ဘယ်ကို ကြည့်နေတာလဲ။”
မည်သည်မျှ မကြောက်ပါဘူးဆိုသည့် Krist ခမျာ စကားတောင်ထစ်လာသည်.။ တဖြည်းဖြည်း နီးကပ်လာသော Singto မျက်နှာကို ရှောင်လဲ မရှောင်မိ.ဘဲ ပြန်ကြည့်နေမိသည်.။ ဘာကြောင့်၇ယ်မသိ. ရင်ထဲတွင်လည်း တဒိန်းဒိန်းနှင့် ခေါင်းတွေပါ မူးလာရ၏။
“ဖယ်~~ဖယ် ဒီမှာ ခင်ဗျား နှင်းဆီ ပန်း-ကို-”
စကားတို့တိတ်သွားရသလို Krist မျက်လုံးများပြူးကျယ်ကာ လက်ထဲက နှင်းဆီတစ်ပွင့် မြေသို့သက်ဆင်းသွားသည်.။ Singto သည် Krist ပါးနှစ်ဖက်ကို အုပ်ကိုင်ကာ  နှုတ်ခမ်းထက်ကို အနမ်းခြွေလာ၏.။ နူးညံ့သော ထိတွေ့မှုမှတစ်ဆင့် နက်ရှိုင်းသော ထိတွေ့မှုကို ဦးဆောင်နေသည်.။  Krist မရုန်းမိဘဲ ခြေထောက်တွေ မခိုင်ဖြစ်လာလေတော့ ဒင်းက ခါးကို ပွေ့ဖက်လာ၏။ ၀ုန်းဒိုင်းကြဲနေသော ရင်ခုန်သံနှင့်အတူ Krist မျက်လုံးတွေသာ မှိတ်ထားလိုက်မိတော့သည်.။
နှင်းဆီခြံငယ်ထဲ Singto တစ်ယောက် Krist ဆိုသော နှင်းဆီဖူးကို အပီအပြင် နမ်းကြူနေလေရဲ့..။
## With heart
Just a dreamer
( yay… First kiss ကွ 😁😁
Continue Reading
You'll Also Like
141K 16.4K 39
Story Name - Lights In My Nightmares Written by choyee6 Own Creation I own the photo please do not use without my permission Start date - 30 Aug 202...
56.7K 4.1K 8
zaw gyi version Shuu~~~ခင်ဗျားတို့ကို ကျွန်တော့်ရဲ့ချစ်ရသူ ပိစိလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဖတ်ပေးကြမယ် ဟုတ်? အခုမှ fic စရေးမှာဆိုတော့ အားပေးကြပါခင်ဗျ...
91.4K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
73.4K 9.9K 9
ချန်းယောလ် - ဘတ်ဟျွန်းနီး