Don't Say Sorry

By user61560342

8.6K 589 68

မ​တောင်းပန်​ပါနဲ့ ခင်​များဘာမှမမှားခဲ့တာမို့...... ဘာဖြစ်​ဖြစ်​နားလည်​​ပေးနိုင်​တာမို့....... ကျွန်​​တော့်​ရ... More

Don't say sorry-1
Don't say sorry-2
Don't say sorry-3
Don't say sorry-4
Don't say sorry-5
Don't say sorry-6
Don't say sorry-7
Don't say sorry-8
Don't say sorry-9
Don't say sorry-10
Don't say sorry-12

Don't say sorry-11

529 50 3
By user61560342

"Hyung အပြန်​ကျ သားအတွက်​ လိုတာ​တွေဝယ်​ခဲ့အုန်း​နော်​"

"Hyung ​နောက်​ကျမ​နေနဲ့​နော်​"

"Hyung ကျွန်​​တော်​ မှာတာ​တွေ မ​မေ့နဲ့​နော်​"

"ဟွန်း​လေး​ရေ မ​မောဘူးလား၊ ဟွန်း​လေး မှာတာ​တွေ Hyung အကုန်​မှတ်​မိတယ်​၊ ​မေ့လည်းမ​မေ့ဘူး၊ ​နောက်​လည်းမကျဘူး ဟုတ်​ပြီလား"

"မွ......Appa သွား​တော့မယ်​"

"Hyung က​​လေးပါး​တွေကို Hyung လက်​ကြမ်းကြီးနဲ့မဆွဲနဲ့​လေ"

အော်​ ကျွန်​​တော့်​လက်​က လက်​ကြမ်းကြီး​တွေ​ပေါ့၊ တစ်​ချိန်​တုန်းက​တော့ ဒီလက်​​တွေကို မြတ်​နိုးလွန်းလို့ပါ​ဆိုပြီး ခဏခဏနမ်းတာ ဘယ်​သူပါလိမ့်​.....

"Hyung အဲ့လိုမျက်​​မှောင်​ကြီးကြုတ်​ပြီး ကြည့်​မ​နေနဲ့၊ အဘိုးကြီးနဲ့တူတယ်​"

"ဟွန်း​လေး......"

"ခိ....ခိ...."

"Hyung ကိုအလုပ်​သွားခါနီး အား​ဆေး​လေး​ကော မ​ပေးချင်​ဘူးလား"

သူ့မျက်​နှာနား တဖြည်းဖြည်းကပ်​လာ​သော Hyung မျက်​နှာ......

"Hyung....Hyung....ကျွန်​​တော်​.....အဲ့....အဲ့အတွက်​အဆင်​သင့်​မဖြစ်​​သေးဘူး"

က​လေးကိုချီပြီး ​အ​ပေါ်တက်​​ပြေးသွားပါ​သော ဟွန်း​လေး....

အင်း​ပေါ့.....သူလည်း ဘယ်​အဆင်​သင့်​ဖြစ်​ပါဦးမလဲ၊ ဒီ​လောက်​ ကိစ္စ​တွေ အများကြီးကြုံခဲ့ရတာကို.....

ဘာပဲဖစ်​ဖြစ်​ ဒီအ​ခြေ​အ​နေထိ ဖြစ်​လာတာကိုပဲ ​ကျေးဇူးတင်​လို့မဆုံး.....

************************************

"ချန်း​ညောလ်​ ပါးစပ်​​လေးဘာ​လေးစိအုန်း၊ သွား​တွေ​လေဖြတ်​​တော့မယ်​"

"..........."

"ချန်း​ညောလ်​........."

"ဟင်​.....အင်း...ဘာလဲ"

ကောင်းတယ်​.....​တော်​​တော်​​ကို​ကောင်း၊ ဒီကသာ အာ​ပေါက်​မတတ်​​ပြော​နေတာ သူကကြား​တောင်​မကြားဘူး....

"ဘာမှမဟုတ်​ဘူး.....မင်းပါ​စပ်​ကိုစိအုန်းလို့၊ ကြာရင်​ သွား​တွေ ​လေဖြတ်​​တော့မယ်​လို့"

"..........."

"ဘာလဲ ဒီ​လောက်​​တောင်​​ပျော်​​နေတာ၊ ဆယ်​ဟွန်းနဲ့အဆင်​​ပြေလာလို့လား"

".........."

"Wow .....တကယ်​ကြီးလား၊ ဝမ်းသာတယ်​ သားကြီးရာ"

ring...ring....

"ဘာ.......ငါအခုလာခဲ့မယ်​"

"ချန်း​ညောလ်​ ငါ့ဦး​လေး ​ဆေးရုံတက်​ရလို့တဲ့ အာ့ငါသွားလိုက်​ဦးမယ်​"

"ရတယ်​...သွား...သွား...ဒါေ​တွက ထားခဲ့လိုက်​ ငါလုပ်​လိုက်​မယ်​"

"Omm....​ကျေးဇူးပါကွာ"

Xing သူ့အလုပ်​​တွေကို ချန်း​ယောလ်​နဲ့ထားခဲ့ကာ ​ဆေးရုံကို အ​ပြေးသွားမိသည်​။ တွယ်​တာစရာမရှိတဲ့သူ့ဘဝမှာ ဦး​လေးက တစ်​ခုတည်း​သော တွယ်​တာရာပဲ​လေ။

"ဆရာမ_______ လူနာ ဘယ်​အခန်းမှာလဲမသိဘူး"

"ဟုတ်​ အခန်းနံပါတ်​ _____ မှာပါ"

"​ဒေါက်​....​ဒေါက်​"

"အ"

ကိုယ်​ကအဝင်​ သူကအထွက်​နဲ့ ဝင်​တိုက်​မိတာနာတာ....

"ဘယ်​လိုဖြစ်​​နေတာလဲ၊ လူနာခန်းထဲကို ​ဖြေး​ဖြေးသာသာ ဝင်​ပါလား"

"........"

Yixing ဘာမှ​တောင်​ ပြန်​​ပြောချိန်​မရလိုက်​ သူ့အား​ဟောက်​သွားကာ အခန်းပြင်​သို့ထွက်​သွား​သော ဖြူ စုတ်​စုတ်​နဲ့ ဆရာဝန်​.....

သူကပဲ ​ဟောက်​ရတယ်​ရှိ​သေးတယ်​၊ အဲ့လိုအ​ပေါက်​ဆိုးလို့ ပုလုံး​နေတာ​နေမှာ.....

သူ့အား ​ဟောက်​သွား​သော ဆရာဝန်​အား ​မေတ္တာပို့ပီးသကာလ အခန်းထဲဝင်​လာ​တော့.....

"Samchon ဘယ်​လိုဖြစ်​တာလဲဗျာ"

"​ဖြေး​ဖြေးလာပါ Yixing ရယ်​၊ ဘာမှမဖြစ်​ပါဘူး ဒီလိုပါပဲ လူကြီးဆို​တော့၊ စိတ်​ပူမ​နေပါနဲ့"

"မပူ​လို့ရမလားဗျ ကျွန်​​တော့်​မှာ Samchon တစ်​​ယောက်​ထဲရှိ​တော့တာကို၊ Pa တို့ Ma တို့လို ကျွန်​​တော့်​ကိုထားခဲ့ရင်​....."

"သားရယ်​...Samchon က သားနဲ့အကြာကြီးအတူ​နေမှာ"

"ဒါနဲ့ ခုနက ဆရာဝန်​က အလုပ်​သင်​လား၊ လူကို ​အော်​​ငေါက်​သွားလိုက်​တာ"

"ဘယ့်​နှယ်​အလုပ်​သင်​တုန်း....အဲ့ဒါ တာဝန်​ခံဆရာဝန်​၊ ပြီး​တော့ သူက သ​ဘော​ကောင်းပါတယ်​"

"အဲ့ဒါ....တာဝန်​ခံဆရာဝန်​..."

"အင်း​လေ...."

ဘုရား...ဘုရား...အဲ့ပုလုံးက​လေ....တာဝန်​ခံဆရာဝန်​တဲ့......

"လူနာရှင်​ရှိပါသလား"

"ကျွန်​​တော်​က လူနာရှင်​ပါ"

"​အော်​ ဟုတ်​ကဲ့၊ လူနာက ည​နေ​လောက်​ဆိုရင်​ ​ဆေးရုံက ဆင်းလို့ရပါပြီ၊ လူကြီးဆို​တော့ ဂရု​တော့စိုက်​​ပေးပါ"

**********************************

"ဟွန်း​လေ ....."

"Hyung ​တောင်​ပြန်​လာပြီ"

"သား​ရော"

"သားက အိပ်​​နေတယ်​၊ Hyung ​ရေအရင်​ချိုးမလား"

"Omm အာ့ဆို ​Hyung ​ရေချိုးလိုက်​ဦးမယ်​"

"..........."

"အာ သား​တောင်​နိုးလာပြီလား၊ လာပါဦး Appa ဆီကို"

"အာ.....အာ....၊ Aigoo ချစ်​ဖို့​ကောင်းလိုက်​တာ"

"Hyung သားကို​ပေး ထမင်းစား​တော့"

"ဟွန်းက​ရော....."

"ကျွန်​​တော်​က က​လေးထိန်းရင်းစားလို့ ဖြစ်​တယ်​"

"........"

"Hyung သားက​လေ Hyung နဲ့အရမ်းတူတယ်​​နော်​"

"........"

"မျက်​လုံး​လေး​တွေကလည်း ကြယ်​​လေး​တွေကျ​နေတာပဲ၊ တလက်​လက်​နဲ့၊ ပါးချိုင့်​​လေးလည်း ပါ​သေးတယ်​"

"ဟွန်းနဲ့လည်း တူတယ်​ သိလား"

"ဟမ်​......"

"နှုတ်​ခမ်းပါးပါး​လေးရယ်​ မျက်​ခွံမို့မို့​လေး​တွေက ဟွန်းနဲ့တူတာ သိလား"

"Noona သာရှိရင်​ အရမ်း​ပျော်​မှာ​နော်​၊ ခုဆို Hyung နဲ့ သာယာတဲ့ မိသားစု​လေးကို ပိုင်​ဆိုင်​​နေမှာ"

"ဟွန်း​လေး.....Hyung ကိုကြည့်​"

"......."

"Hyung အတွက်​​လေ ဟွန်း​လေးနဲ့ အတူရှိ​နေရတဲ့ အခိုက်​အတန့်​ထက်​ပိုပြီး ကြည်​နူးစရာဆိုတာမရှိဘူး"

"........"

"ဟွန်း​လေးသာ မရှိရင်​ Hyung အတွက်​ ​ပျော်​ရွှင်​မှုဆိုတာလည်း ရှိလာမှာမဟုတ်​ဘူး၊ အဲဒါ​ကြောင့်​ မဟုတ်​တာ​တွေ မ​တွေးဘဲ Hyung ကိုဘဲ ကြည့်​ပြီး ​​ရှေ့ဆက်​​လျှောက်​လာ​ပေးပါ"

"Hyung......"

ညရဲ့ ​လ​ရောင်​​အောက်​က ထပ်​တူကျ​နေတဲ့ ​ကောင်​​လေးနှစ်​​ယောက်​ရဲ့ နှုတ်​ခမ်းသားနှစ်​စုံ၊ ​ကောင်​​လေးတစ်​​ယောက်​ရဲ့ ရင်​ခွင်​ထဲမှာ ​ထွေး​ပွေ့ထားတဲ့ က​လေးငယ်​​လေးမှာလည်း နားလည်​သည့်​အလား ဆိတ်​ဆိတ်​ငြိမ်​လျက်​......

***********************************
25.10.2018
#1492#

အဟီး...ပြန်​လာပါပြီလို့😁😁

Continue Reading

You'll Also Like

162K 4.7K 64
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
120K 4.2K 95
'How I obsessively adore you' ˏˋ°•*⁀➷ started➛30/03/2024 finished➛ ˏˋ°•*⁀➷ cover by me x
188K 8.6K 30
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
663K 24.2K 99
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...