ဆက္ေဆးရံုမွာ ႏွစ္ပတ္ေလာက္ေနလိုက္ရသည္ ။
ေဆးရံုတက္ေနတုန္းမွာဘဲ ေဖေဖ၏ကိစၥအားလံုးၿပီးသြားကာ အိမ္မွာလည္း လူတစ္ေယာက္ေလ်ာ့သြားခဲ့သည္ ။
ဆက္ကမၻာမွာ ဆက္တစ္ေယာက္သာ႐ွိသည္ ။
ေမေမေရာ... ဘိုးဘိုး ဘြားဘြားတို႔ေရာ...
ခ်မ္းကိုေရာ....
ဆက္ စိတ္ထဲကထုတ္ထားမိသည္ ။ ခုခ်ိန္မွာ သူ႔အေတြးထဲမွာ ဘာမွမ႐ွိ ။ ဘာကိုမွလည္းမေတြးခ်င္ ။
ရင္ဘတ္ကိုျခစ္ထားတဲ့ဒဏ္ရာကလည္း သိပ္မနက္၍သာေတာ္ေသးသည္။ ၿပီးေတာ့အခု... ေဆးရံုေစာင့္လည္းမ႐ွိ ။
Nurse တစ္ေယာက္ႏွင့္ သူမသာ ေဆးရံုအခန္းထဲမွာ ေငါင္စင္းစင္းေနေနရသည္ ။
" ဆက္... ဒီေန႔ ဆင္းရေတာ့မယ္ေနာ္... ''
တံခါးဖြင့္ၿပီး ဝင္လာေသာ ဆရာဝန္တစ္ေယာက္...
" ဟုတ္တယ္ ကိုကိုသြင္... ခုနကေမေမကေတာ့အိမ္ကထြက္လာၿပီဖုန္းဆက္တာဘဲ... ''
" ရပါတယ္... တကယ္လို႔ အန္တီမလာဘဲ ကိုကိုလိုက္ပို႔မွာေပါ့... ''
ဆရာဝန္ေလးက ေျပာၿပီး ဆက္ကို စမ္းသပ္ကာ ျပန္ထြက္သြားသည္ ။ ဆက္ကေတာ့ အေတြးယဥ္ေၾကာတြင္ ဆက္၍ေျမာေနမိသည္ ။
သြင္ဟန္သာ...
ဆက္ေမေမ၏ သူငယ္ခ်င္းတစ္ေယာက္ရဲ႕သား...
ငယ္ငယ္ကတည္းက ဆက္တို႔အိမ္ကိုအဝင္အထြက္႐ွိခဲ့တာ အခု ဆရာဝန္ေပါက္စျဖစ္သည္ထိ ။
ျမန္မာကားေတြထဲကလိုေျပာရမယ္ဆိုရင္ လူႀကီးခ်င္းသေဘာတူထားတဲ့လူ....
ဒါေပမယ့္ ဆက္ေရာ..သြင္ဟန္သာေရာ... ႏွစ္ေယာက္စလံုးက ေမာင္ႏွမသံေယာဇဥ္သာ႐ွိသည္ ။ဒါဟာ ေနာင္ျဖစ္လာမယ့္ကိစၥေတြမွာ... သူတို႔ႏွစ္ေယာက္အတြက္... ကံေကာင္းျခင္းလား ကံဆိုးျခင္းလား.....
အဝင္ call ေတြထဲမွ ႏွစ္ပတ္ေက်ာ္ၾကာ ကင္းကြာေနေသာ contact ေလးတစ္ခုကို ဆက္ ၾကည့္ေနမိသည္ ။
သိပ္ရက္စက္တယ္ခ်မ္း... ႏွစ္ပတ္ေလာက္ငါ့ဆီကို အဆက္အသြယ္မလုပ္ဘဲ နင္ေနႏိုင္တယ္ဟာ...
ဒဏ္ခတ္ေနတာလားခ်မ္း... ငါေျပာခဲ့တာေတြကိုမေက်နပ္လို႔ ငါ့အတြက္အႀကီးမားဆံုးျပစ္ဒဏ္ကို ခ်မွတ္လိုက္တာလား... ... ... ... ... ...
ႏွစ္ႏွစ္.... ###
ႏွစ္ႏွစ္ဆိုေသာကာလက လွၽင္ျမန္သြာကုန္ဆံုးသြားခဲ့သည္ ။ ဒီႏွစ္ႏွစ္အတြင္းမွာ ဆက္ေသလူတစ္ေယာက္လို႐ွင္သန္ခဲ့သည္ ။
သိသိသာသာေျပာင္းလဲလာတဲ့အခ်က္ေတြက ဆက္ေဒါသထြက္လြယ္လာသည္။ တစ္ခုခုဆိုေျဖ႐ွင္းခ်က္မေပးဘဲ ေ႐ွာင္ထြက္ခ်င္တာကမ်ား၏ ။ ႏွစ္ႏွစ္အတြင္းမွာ သူမရဲ႕သူငယ္ခ်ငး္ေတြဟာ ဖုန္းတစ္လံုး ၊ နားၾကပ္တစ္ခုနဲ႔ေက်ာင္းစာအုပ္ေတြသာျဖစ္ခဲ့၏ ။
စာကိုအေသအလဲႀကိဳးစားသည္ ။ ဘယ္ေနရာကေမးေမး ထံုးလိုေခ် ၊ ေရလိုေႏွာက္... ။ ေနာက္ဆံုး စာမ်က္ႏွာနံပါတ္ကိုပါ အလြတ္ရလာသည္အထိ ႀကိဳးစားခဲ့သည္ ။ ဒါက ေကာင္းေသာေျပာင္းလဲျခင္း...
မေကာင္းေသာ ေျပာင္းလဲျခင္းမ်ားလည္း ႐ွိခဲ့သည္ ။ ပထမတစ္ခုအေနျဖင့္ ဆက္ေဒါသႀကီးလာ၏ ။ တစ္ခုခုဆိုလက္ပါတတ္လာသည္ ။ ၿပီးေတာ့ မခန္႔ေလးစား လုပ္တတ္လာ၏ ။ အရြဲ႔တိုက္တတ္လာသည္ ။ ထီမထင္မ်က္ႏွာထားျဖင့္ ကတ္တပ္တပ္ လုပ္ခ်င္လာသည္ ။
သို႔ေသာ္ ေျမးတစ္ေယာက္တာဝန္...သမီးတစ္ေယာက္တာဝန္ကိုေတာ့ေက်ပြန္ခဲ့သည္ခ်ည္း ။
သူမေက်ပြန္ခဲ့ေသာတာဝန္တစ္ခုက သူငယ္ခ်င္းေကာင္းတာဝန္ျဖစ္ေလသည္ ။ အိမ္ေျပာင္းသြားကတည္းကသူမစီ ဖုန္းတစ္ခါမွမဆက္ေသာ ခ်မ္းကို သူမကိုယ္တိုင္လည္း တစ္ခါမွမဆက္... ။
သူေနသလိုကိုယ္လည္းေနႏိုင္ရမွာေပါ့ ဟူေသာစိတ္ျဖင့္ တင္းခံေနခဲ့သည္ ။ ဆံုးျဖတ္ၿပီးလွၽင္ ဘာမဆိုလုပ္ႏိုင္ရမည္ဟူေသာ အေတြးျဖင့္ ဖုန္း contact ေတြကအစ...အားလံုး ဖ်က္ပစ္ခဲ့၏ ။
သို႔ေသာ္ သူမဖ်က္ပစ္၍မရႏိုင္ေသာ သူမတို႔ႏွစ္ေယာက္၏အမွတ္တရမ်ားစြာက ဒုကၡေပးဆဲပင္...။
ႏွစ္ႏွစ္...
သူမ၏အသံခ်ိဳခ်ိဳေလးကိုမၾကားရသည္မွာ ႏွစ္ႏွစ္႐ွိေနၿပီ ။
အင္း...
တစ္ေန႔ေန႔ေတာ့ျပန္ဆံုေတြ႔ခြင့္ရမွာပါေလ.... ။
Update ၾကာတာေတာင္းပန္ပါတယ္....
😢
တိုသြားမွန္းလည္းသိပါတယ္...
ဒါေလးကို အျမည္းသေဘာေလးဖတ္ေပးၾကပါ...😁
ေနာက္တစ္ခန္းေတာ့မၾကာေတာ့ဘူးထင္ပါတယ္...😁
ထင္တာဘဲ...
🤔
ဆက်ဆေးရုံမှာ နှစ်ပတ်လောက်နေလိုက်ရသည် ။
ဆေးရုံတက်နေတုန်းမှာဘဲ ဖေဖေ၏ကိစ္စအားလုံးပြီးသွားကာ အိမ်မှာလည်း လူတစ်ယောက်လျော့သွားခဲ့သည် ။
ဆက်ကမ္ဘာမှာ ဆက်တစ်ယောက်သာရှိသည် ။
မေမေရော... ဘိုးဘိုး ဘွားဘွားတို့ရော...
ချမ်းကိုရော....
ဆက် စိတ်ထဲကထုတ်ထားမိသည် ။ ခုချိန်မှာ သူ့အတွေးထဲမှာ ဘာမှမရှိ ။ ဘာကိုမှလည်းမတွေးချင် ။
ရင်ဘတ်ကိုခြစ်ထားတဲ့ဒဏ်ရာကလည်း သိပ်မနက်၍သာတော်သေးသည်။ ပြီးတော့အခု... ဆေးရုံစောင့်လည်းမရှိ ။
Nurse တစ်ယောက်နှင့် သူမသာ ဆေးရုံအခန်းထဲမှာ ငေါင်စင်းစင်းနေနေရသည် ။
" ဆက်... ဒီနေ့ ဆင်းရတော့မယ်နော်... ''
တံခါးဖွင့်ပြီး ဝင်လာသော ဆရာဝန်တစ်ယောက်...
" ဟုတ်တယ် ကိုကိုသွင်... ခုနကမေမေကတော့အိမ်ကထွက်လာပြီဖုန်းဆက်တာဘဲ... ''
" ရပါတယ်... တကယ်လို့ အန်တီမလာဘဲ ကိုကိုလိုက်ပို့မှာပေါ့... ''
ဆရာဝန်လေးက ပြောပြီး ဆက်ကို စမ်းသပ်ကာ ပြန်ထွက်သွားသည် ။ ဆက်ကတော့ အတွေးယဉ်ကြောတွင် ဆက်၍မြောနေမိသည် ။
သွင်ဟန်သာ...
ဆက်မေမေ၏ သူငယ်ချင်းတစ်ယောက်ရဲ့သား...
ငယ်ငယ်ကတည်းက ဆက်တို့အိမ်ကိုအဝင်အထွက်ရှိခဲ့တာ အခု ဆရာဝန်ပေါက်စဖြစ်သည်ထိ ။
မြန်မာကားတွေထဲကလိုပြောရမယ်ဆိုရင် လူကြီးချင်းသဘောတူထားတဲ့လူ....
ဒါပေမယ့် ဆက်ရော..သွင်ဟန်သာရော... နှစ်ယောက်စလုံးက မောင်နှမသံယောဇဉ်သာရှိသည် ။ဒါဟာ နောင်ဖြစ်လာမယ့်ကိစ္စတွေမှာ... သူတို့နှစ်ယောက်အတွက်... ကံကောင်းခြင်းလား ကံဆိုးခြင်းလား.....
အဝင် call တွေထဲမှ နှစ်ပတ်ကျော်ကြာ ကင်းကွာနေသော contact လေးတစ်ခုကို ဆက် ကြည့်နေမိသည် ။
သိပ်ရက်စက်တယ်ချမ်း... နှစ်ပတ်လောက်ငါ့ဆီကို အဆက်အသွယ်မလုပ်ဘဲ နင်နေနိုင်တယ်ဟာ...
ဒဏ်ခတ်နေတာလားချမ်း... ငါပြောခဲ့တာတွေကိုမကျေနပ်လို့ ငါ့အတွက်အကြီးမားဆုံးပြစ်ဒဏ်ကို ချမှတ်လိုက်တာလား... ... ... ... ... ...
နှစ်နှစ်.... ###
နှစ်နှစ်ဆိုသောကာလက လျှင်မြန်သွာကုန်ဆုံးသွားခဲ့သည် ။ ဒီနှစ်နှစ်အတွင်းမှာ ဆက်သေလူတစ်ယောက်လိုရှင်သန်ခဲ့သည် ။
သိသိသာသာပြောင်းလဲလာတဲ့အချက်တွေက ဆက်ဒေါသထွက်လွယ်လာသည်။ တစ်ခုခုဆိုဖြေရှင်းချက်မပေးဘဲ ရှောင်ထွက်ချင်တာကများ၏ ။ နှစ်နှစ်အတွင်းမှာ သူမရဲ့သူငယ်ချင်းတွေဟာ ဖုန်းတစ်လုံး ၊ နားကြပ်တစ်ခုနဲ့ကျောင်းစာအုပ်တွေသာဖြစ်ခဲ့၏ ။
စာကိုအသေအလဲကြိုးစားသည် ။ ဘယ်နေရာကမေးမေး ထုံးလိုချေ ၊ ရေလိုနှောက်... ။ နောက်ဆုံး စာမျက်နှာနံပါတ်ကိုပါ အလွတ်ရလာသည်အထိ ကြိုးစားခဲ့သည် ။ ဒါက ကောင်းသောပြောင်းလဲခြင်း...
မကောင်းသော ပြောင်းလဲခြင်းများလည်း ရှိခဲ့သည် ။ ပထမတစ်ခုအနေဖြင့် ဆက်ဒေါသကြီးလာ၏ ။ တစ်ခုခုဆိုလက်ပါတတ်လာသည် ။ ပြီးတော့ မခန့်လေးစား လုပ်တတ်လာ၏ ။ အရွဲ့တိုက်တတ်လာသည် ။ ထီမထင်မျက်နှာထားဖြင့် ကတ်တပ်တပ် လုပ်ချင်လာသည် ။
သို့သော် မြေးတစ်ယောက်တာဝန်...သမီးတစ်ယောက်တာဝန်ကိုတော့ကျေပွန်ခဲ့သည်ချည်း ။
သူမကျေပွန်ခဲ့သောတာဝန်တစ်ခုက သူငယ်ချင်းကောင်းတာဝန်ဖြစ်လေသည် ။ အိမ်ပြောင်းသွားကတည်းကသူမစီ ဖုန်းတစ်ခါမှမဆက်သော ချမ်းကို သူမကိုယ်တိုင်လည်း တစ်ခါမှမဆက်... ။
သူနေသလိုကိုယ်လည်းနေနိုင်ရမှာပေါ့ ဟူသောစိတ်ဖြင့် တင်းခံနေခဲ့သည် ။ ဆုံးဖြတ်ပြီးလျှင် ဘာမဆိုလုပ်နိုင်ရမည်ဟူသော အတွေးဖြင့် ဖုန်း contact တွေကအစ...အားလုံး ဖျက်ပစ်ခဲ့၏ ။
သို့သော် သူမဖျက်ပစ်၍မရနိုင်သော သူမတို့နှစ်ယောက်၏အမှတ်တရများစွာက ဒုက္ခပေးဆဲပင်...။
နှစ်နှစ်...
သူမ၏အသံချိုချိုလေးကိုမကြားရသည်မှာ နှစ်နှစ်ရှိနေပြီ ။
အင်း...
တစ်နေ့နေ့တော့ပြန်ဆုံတွေ့ခွင့်ရမှာပါလေ.... ။
Update ကြာတာတောင်းပန်ပါတယ်....
😢
တိုသွားမှန်းလည်းသိပါတယ်...
ဒါလေးကို အမြည်းသဘောလေးဖတ်ပေးကြပါ...😁
နောက်တစ်ခန်းတော့မကြာတော့ဘူးထင်ပါတယ်...😁
ထင်တာဘဲ...
🤔