ကိုကိုရယ် ညီညီရယ် ဂစ်တာတစ်လက်...

By Memo227

1.5K 129 6

ဘာရယ္​မဟုတ္​ အဖီးလ္​ တစ္​လိုင္​း ဖီးလ္​ၾကည္​့သည္​။😘 Unicode ပြန်ထည့်ထားတယ်နော်။ 23 of Dec 2018 - 25 of Dec 2... More

ညီညီရဲ့ကိုကို
Memorable
VVIP
Answer Me
The End

Guitor တစ်လက်နဲ့ သီချင်းတစ်ပုဒ်

265 22 0
By Memo227

Unicode

ကြယ်ရောင်တွေ စုံတဲ့ညဘက်မှာ
ဂစ်တာသံလေး ကြားဖူးတယ် ♬ ♬ ♬
. . .
. . . ပိုပိုဟေသာရဲ့ Star Online ဆိုတဲ့သီချင်းလေးကို ကြားမိတော့ ညီညီ ကိုယ့်ကို ဂစ်တာတီးပြီး သီချင်းဆိုပြခဲ့တာတွေကို သတိရမိပြန်ရော။ ကိုယ့်လို သံပုံးခေါက်သံနဲ့ မဟုတ်ပဲ ဂစ်တာသံလွင်လွင်လေးမှာ ညီညီရဲ့ ခပ်သြသြနဲ့ ရှတတအသံလေးက ကိုယ့်အတွက်တော့ သံလိုက်တစ်ခုလိုပဲ အမြဲဆွဲငင်နေတယ်။ တစ်ခါတစ်လေ ဘယ်သူ့အတွက်ရည်ရွယ်မှန်းမသိတဲ့ ညီညီရဲ့ အချစ်သီချင်းတွေက ကိုယ့်အတွက်တော့ အမြဲတမ်းရင်ခုန်စရာ ဖြစ်နေတတ်တာ ညီညီမသိဘူးလား။ မဟုတ်သေးဘူး။ မသိချင်ယောင်ဆောင်ခဲ့တာမလား။ ညီညီဟာ လူတွေကို ရင်မောအောင် လုပ်တဲ့နေရာမှာ ပါရမီပါပုံရတယ်။ ကိုကို့မှာတော့ ညီညီကြောင့် ရင်မောရတာ ခနခနပဲ။ ညဘက်တွေမှာ Chat box ကနေ စကားပြောမိတိုင်း ကိုယ် ညီညီကို ကြောက်ကြောက်လာတယ်။ ဘာလို့လဲ သိလား။ ညီညီက အစွယ်မပါပေမယ့် စကားလုံးတွေနဲ့ မြူစွယ်တတ်တဲ့ ကဝေလေးမို့လေ။ ညဥ့်နက်ထိ Active ဖြစ်နေတဲ့ ကိုယ့် account ကိုတွေ့တိုင်း ဒီချိန်ထိ မအိပ်သေးဘဲ ဘယ်သူတွေနဲ့ ကြူနေလဲဆိုပြီး အမြဲစစ်လားဆေးလား မေးတတ်တယ်။ ကိုယ့်မှာ ကြူစရာလူ မရှိတဲ့အကြောင်းကိုယ်က ပြောတော့ ဟုတ်လို့လားဆိုတဲ့ မယုံသင်္ကာစကားလုံးကြီးက ရောက်လာပြန်ရော။ ဒါနဲ့ကိုယ်က 'ပြောစရာဆိုလို့ ညီညီပဲရှိတာပါဗျာ လို့ပြောလိုက်တော့မှ ကျေနပ်သွားပုံနဲ့ 'ပီးရောလေ ဆိုတဲ့ ခပ်ဂျစ်ဂျစ်စကားလုံးလေး ပြန်ရောက်လာတယ်။ ကိုယ့်ကို ပြုစားတဲ့နေရာမှာ အရမ်းတော်တဲ့ ညီညီက တတိတိနဲ့ ချွေတာပေါ့။ ကိုယ်ကအိပ်မပျော်ဘူးပြောရင် ဖုန်းထဲကနေ ဂစ်တာတီးပြီး သီချင်းဆိုပြရမလားဆိုတာမျိုး ... ဆိုပြတဲ့သီချင်းကလည်း ကိုယ်အမြဲနားထောင်တတ်တဲ့သီချင်း ဖြစ်နေတာမျိုးပေါ့။ သီချင်းဆုံးသွားတဲ့အခါတိုင်းလည်း ချီးကျူးခံချင်တဲ့ လေသံနဲ့ ကောင်းလား ဆိုပြီးမေးတတ်သေးတာ ကိုယ့်ရဲ့ ချွဲပိုလေး ညီညီပါပဲ။

လေလှိုင်းပေါ်မှာ စကားလုံးတွေနဲ့ ချွဲရတာ အားမရတဲ့ ညီညီဟာ လူချင်းတွေ့ချိန်မှာပါ အမူအရာတွေနဲ့ ဆွဲဆောင်တော့တာပဲ။ ပြောရရင် ကိုယ်လည်းလူပဲ။ ဘာသားနဲ့ထုထားတာမှတ်လို့ကွာ။ ကြာလာတော့လည်း အရည်ပျော်တော့တာပေါ့။ အင်း...ကိုယ်တခုတွေးမိတယ် . . . ညီညီက ကိုယ့်ကိုနွေးထွေးစေမယ့် ဆောင်းတွင်းမီးဖိုလေးများလား ဒါမှမဟုတ် အနီးနားကပ်မိရင် အပူဟပ်မယ့် မီးပုံကြီးများလား . . . . .

......TBC

Zawgyi

ၾကယ္​​ေရာင္​​ေတြ စံုတဲ့ညဘက္​မွာ
ဂစ္​တာသံ​ေလး ၾကားဖူးတယ္​​ ♬ ♬ ♬
. . .
. . . ပိုပို​ေဟသာရဲ႕ Star Online ဆိုတဲ့သီခ်င္​း​ေလးကို ၾကားမိ​ေတာ့ ညီညီ ကိုယ္​့ကို ဂစ္​တာတီးၿပီး သီခ်င္​းဆိုျပခဲ့တာ​ေတြကို သတိရမိျပန္​​ေရာ။ ကိုယ္​့လို သံပံုး​ေခါက္​သံနဲ႔ မဟုတ္​ပဲ ဂစ္​တာသံလြင္​လြင္​​ေလးမွာ ညီညီရဲ႕ ခပ္​ျသျသနဲ႔ ႐ွတတအသံ​ေလးက ကုိယ္​့အတြက္​​ေတာ့ သံလိုက္​တစ္ခု​​လိုပဲ အျမဲဆြဲငင္​​ေနတယ္​။ တစ္​ခါတစ္​​ေလ ဘယ္​သူ႔အတြက္​ရည္​ရြယ္​မွန္​းမသိတဲ့ ညီညီရဲ႕ အခ်စ္​သီခ်င္​း​ေတြက ကုိယ္​့အတြက္​​ေတာ့ အျမဲတမ္​းရင္​ခုန္​စရာ ျဖစ္​​ေနတတ္​တာ ညီညီမသိဘူးလား။ မဟုတ္​​​ေသးဘူး။ မသိခ်င္​​ေယာင္​​ေဆာင္​ခဲ့တာမလား။ ညီညီဟာ လူ​ေတြကို ရင္​​ေမာေအာင္​ လုပ္​တဲ့​ေနရာမွာ ပါရမီပါပံုရတယ္​။ ကိုကို႔မွာ​ေတာ့ ညီညီ​ေၾကာင္​့ ရင္​​ေမာရတာ ခနခနပဲ။ ညဘက္​​ေတြမွာ Chat box က​ေန စကား​ေျပာမိတိုင္​း ကုိယ္​ ညီညီကို ​ေၾကာက္​​ေၾကာက္​လာတယ္​။ ဘာလို႔လဲ သိလား။ ညီညီက​ အစြယ္​မပါ​ေပမယ္​့ စကားလံုး​ေတြနဲ႔ ျမဴစြယ္​တတ္​တဲ့ က​ေဝ​ေလးမို႔​ေလ။ ညဥ္​့နက္​ထိ Active ျဖစ္​​ေနတဲ့ ကုိယ္​့ account ကို​ေတြ႔တိုင္​း ဒီခ်ိန္​ထိ မအိပ္​​ေသးဘဲ ဘယ္​သူ​ေတြနဲ႔ ၾကဴ​ေနလဲဆိုၿပီး အျမဲ​စစ္​လား​ေဆးလား ေမးတတ္​တယ္​။ ကုိယ္​့မွာ ​ၾကဴစရာလူ မ႐ွိတဲ့အ​ေၾကာင္​း​ကုိယ္​က ​ေျပာ​ေတာ့ ဟုတ္​လို႔လားဆိုတဲ့ မယံုသကၤာ​စကားလံုးႀကီးက ​ေရာက္​လာျပန္​​ေရာ။ ဒါနဲ႔ကုိယ္​က ​'ေျပာစရာဆိုလို႔ ညီညီပဲ႐ွိတာပါဗ်ာ လို႔​ေျပာလိုက္​​ေတာ့မွ ​ေက်နပ္​သြားပံုနဲ႔ 'ပီး​ေရာ​ေလ ဆိုတဲ့ ခပ္​ဂ်စ္​ဂ်စ္​စကားလံုး​ေလး ျပန္​​ေရာက္​လာတယ္​။ ကုိယ္​့ကို ျပဳစားတဲ့​ေနရာမွာ အရမ္​း​ေတာ္​တဲ့ ညီညီက တတိတိနဲ႔ ​ေခြၽတာ​ေပါ့။ ​ကိုယ္​ကအိပ္​မ​ေပ်ာ္​ဘူး​ေျပာရင္​ ဖုန္​းထဲက​ေန ဂစ္​တာတီးၿပီး သီခ်င္​းဆိုျပရမလားဆိုတာမ်ိဳး ... ဆိုျပတဲ့သီခ်င္​းကလည္​း ကုိယ္​အျမဲနား​ေထာင္​တတ္​တဲ့သီခ်င္​း ျဖစ္​​ေနတာမ်ိဳး​ေပါ့။ သီခ်င္​းဆံုးသြားတဲ့အခါတိုင္​းလည္​း ခ်ီးက်ဴ းခံခ်င္​တဲ့ ​ေလသံနဲ႔ ေကာင္​းလား ဆိုၿပီး​ေမးတတ္​​ေသးတာ ကုိယ္​့ရဲ႕ ခြၽဲပို​ေလး ညီညီပါပဲ။

​ေလလႈိင္​း​ေပၚမွာ စကားလံုး​ေတြနဲ႔ ခြၽဲရတာ အားမရတဲ့ ညီညီဟာ လူခ်င္​း​ေတြ႔ခ်ိန္​မွာပါ အမူအရာ​ေတြနဲ႔ ဆြဲ​ေဆာင္​​ေတာ့တာပဲ။ ​ေျပာရရင္​ ကုိယ္​လည္​းလူပဲ။ ဘာသားနဲ႔ထုထားတာမွတ္​လို႔ကြာ။ ၾကာလာ​ေတာ့လည္​း အရည္​​ေပ်ာ္​​ေတာ့တာ​ေပါ့။ အင္​း...ကိုယ္​​တခု​ေတြးမိတယ္​ . . . ညီညီက ကုိယ္​့ကို​ေႏြး​ေထြး​ေစမယ္​့ ​ေဆာင္​းတြင္​းမီးဖို​ေလးမ်ားလား ဒါမွမဟုတ္​ အနီးနားကပ္​မိရင္​ အပူဟပ္​မယ္​့ မီးပံုႀကီးမ်ားလား . . . . .

......TBC

Continue Reading

You'll Also Like

226M 6.9M 92
When billionaire bad boy Eros meets shy, nerdy Jade, he doesn't recognize her from his past. Will they be able to look past their secrets and fall in...
11.5M 298K 23
Alexander Vintalli is one of the most ruthless mafias of America. His name is feared all over America. The way people fear him and the way he has his...
611 75 2
ကြင်နာတတ်တဲ့ လူတွေနဲ့ အချစ်က အရမ်းကြောက်ဖို့ကောင်းတယ်! အဲ့ထက်ပိုကြောက်စရာကောင်းတဲ့ အရာကတော့ ကြင်နာတတ်တဲ့လူကို ချစ်မိသွားတာပဲ! ၾကင္နာတတ္တဲ့ လူေတြနဲ႕...
99.5K 215 7
Emily is your classic good girl. Shes 18 years old. Her life seems all planned out but what happens when she is taken and forced into diapers? Will s...