တနဂၤေႏြေန႔ ျဖစ္သည္။
နယ္မျပန္ခင္ Baekhyunနဲ႔ ႏွစ္ေယာက္တည္း ခရီးတစ္ခုအတူသြားမယ္လို႔ စိတ္ကူးခဲ့ေပမယ့္ လက္ေတြ႔ေတာ့ ျဖစ္မလာ။
အေၾကာင္းက ႏွစ္ေယာက္လံုးမအား၍ ျဖစ္သည္။
Baekhyunကလည္း သူ႔အလုပ္နဲ႔သူ မအားသလို Chanyeolသည္လည္း တာဝန္ေတြ လႊဲေျပာင္းေပးရမွာမို႔ တကယ္ မအားလပ္။
မနက္ျဖန္ ရံုးဖြင့္ရက္ဆို Chanyeolရဲ႕ ထြက္စာက အၾကံဳးဝင္ပီ။
တာဝန္ေက်ပြန္ေအာင္ ထမ္းေဆာင္ခဲ့တဲ့ အလုပ္မို႔ ကုမၸဏီ အေပၚ အားနာမႈမျဖစ္။
ေနာက္ပီး...
အလုပ္ထြက္ရေတာ့မယ္ဆိုတာနဲ႔ စိတ္တစ္ခုလံုး ေပါ့ပါးသြားရသည္။
အရာအားလံုး အဆင္ေျပခ်ိန္ေရာက္ပီ ထင္ပါရဲ႕။
သို႔ေပမယ့္
Baekhyunနဲ႔ အတူ သြားရမယ့္ ခရီးပ်က္သြားရသည္ေတာ့ တကယ္မေက်နပ္။
ဒီခရီးေပၚ အာရံုစိုက္ထားသည္မို႔ ပိုဆိုးသည္။
ပထမဆံုး သြားရမည့္ ခရီးမို႔ Chanyeolအေသးစိတ္စံုစမ္းထားသည္။
ခရီးစဥ္ဆြဲထားသည္က ႏွစ္ေယာက္လံုး သေဘာက်ေနသည့္ ဂ်ပန္က ေဟာကိုင္းဒိုးကြၽန္းဘက္။
အရမ္းသေဘာက်တဲ့ ေနရာမို႔ တည္းမယ့္ေနရာေတြ အဲ့မွာလုပ္လို႔ရမယ့္ Activitiesေတြ... Sapporo ၿမိဳ႕အေၾကာင္း.... ေဆာင္ရန္ေ႐ွာင္ရန္ေတြ...
ေနာက္ပီး အဓိကသြားခ်င္သည့္ Ski resort အေၾကာင္း အကုန္လံုး အေသးစိတ္စံုစမ္းပီးကာမွ မသြားရ၍ ပိုမေက်မနပ္ ျဖစ္မိသည္။
မေက်မနပ္ ျဖစ္မိေသာ္လည္း ေမြးေန႔မွာ အိမ္ျပန္လာမည္ဟု အိမ္ကိုလည္း ေျပာပီးပီမို႔ မတတ္ႏိုင္ေတာ့။
ေမြးေန႔ပီးမွ သြားျဖစ္ေအာင္ သြားရမည္။
"Baek အိမ္အတြက္ဘာဝယ္မယ္ စဥ္းစားထားလဲ?''
Chanyeol သူ႔ရဲ႕ ကုတ္အက်ႌအိတ္ကပ္ထဲ Baekhyunရဲ႕ လက္ဖဝါးေလးကို အသာဆြဲထည့္လိုက္ရင္း ေမးလိုက္သည္။
ႏိုဝင္ဘာလမို႔ အေအးဓာတ္က ညေရာက္ေလ ပိုလာေလျဖစ္သည္။
Chanyeolတို႔ အိမ္အတြက္ လက္ေဆာင္ပစၥည္းဝယ္ရန္ Mall တစ္ခုသို႔ ေရာက္ေနၾကျခင္း။
ညေန ေျခာက္နာရီေလာက္ကတည္းက ေရာက္ေနတာ ျဖစ္ေပမယ့္...
ခု ခုႏွစ္နာရီထိုးခါနီး တစ္နာရီေလာက္ၾကာပီျဖစ္ေပမယ့္ အိမ္အတြက္ ဘာမွ မဝယ္ရေသး။
ႏွစ္ေယာက္သား အျပင္မထြက္ျဖစ္တာ ၾကာပီမို႔လည္း Mallထဲ ေအးေအးေဆးေဆး ပတ္ေနၾကတာလည္း ျဖစ္သည္။
မၾကာခင္ Christmas တို႔ New Yearတို႔ ေရာက္ေတာ့မည္မို႔ Mallတစ္ခုလံုးကို အ႐ုပ္ေတြ ပန္းေတြ အလွမီးေတြနဲ႔ ဆင္ထားသည္မွာ လွခ်င္တိုင္းလွေနသည္။
"ခဏေလာက္ ထပ္ေလ်ွာက္ရေအာင္ကြာ ဘာေပးရင္ ေကာင္းမလဲ ေသခ်ာမစဥ္းစားရေသးလို႔''
"အင္းပါ ကိုယ္က Baek ဗိုက္ဆာေနမွာ စိုးလို႔''
"Chan က ဆာေနပီလား?''
"ကိုယ္က ရတယ္...မင္းကို စိတ္ပူလို႔''
"အင္းပါ... ဝွါး.... Chan ၾကည့္စမ္း လွလိုက္တာ''
Baekhyunျပသည့္ေနရာက Mallရဲ႕ ကြက္လပ္ျပင္က်ယ္တစ္ခုမွာ Rilakkuma Bear အညိဳေရာင္ အ႐ုပ္ေတြ စုပံုထားေသာ ေနရာျဖစ္သည္။
အရြယ္စံု ဆိုဒ္စံု စုပံုထားသည္မွာ ေတာ္ေတာ္ေလးျမင့္သည္။
အ႐ုပ္ပံုႀကီးရဲ႕ ေအာက္ေျခ ေဘးပတ္ပတ္လည္မွာေတာ့ လက္ေဆာင္ထုတ္အနီေရာင္ဘူးေလးေတြ ဝိုင္းရန္ထားသည္။
ေ႐ွ႕မွာလည္း ခံုတန္းျဖဴျဖဴေလးခ်ထားကာ ဓာတ္ပံု႐ိုက္ရန္ Booth သေဘာမ်ိဳး ထား,ထားတာျဖစ္မည္။
ဓာတ္ပံု ႐ိုက္ေနၾကေသာ သူမ်ားလည္း႐ွိသည္။
"ကိုယ္တို႔ ဓာတ္ပံု႐ိုက္ရေအာင္''
Chanyeol ဖုန္းေလးထုတ္ကာ ဓာတ္ပံု႐ိုက္ဖို႔ ေျပာသည္။
"ဟာကြာ... ႐ွက္စရာႀကီးပါ''
"လာပါကြာ... အ႐ုပ္ေတြလည္း ဘယ္ေလာက္လွလဲ? အမွတ္တရေပါ့ကြ... လာပါ''
Chanyeolရဲ႕ အတင္းဆြဲေခၚမႈေၾကာင့္ ေကာင္မေလးတစ္ေယာက္ကို အကူညီေတာင္းကာ အမွတ္တရ ဓာတ္ပံု႐ိုက္ၾကသည္။ ခ်စ္ရသူ Baekhyunကို ရင္ခြင္ထဲ ထည့္ပီး....
"Chan ငါ့ဆီ အဲ့ပံုေလးပို႔ေပး''
"အင္း... လွတယ္ေနာ္''
"အင္း...Christmas ဆို ပိုလွမယ္ေနာ္''
"အင္း အဲ့ေတာ့ တစ္ခါထပ္လည္ၾကတာေပါ့...''
"အင္း''
"ခရီးသြားရရင္ ေကာင္းမွာကြာ...''
"Park Chanyeolရယ္ အဲ့ခရီးက ခုမသြားရင္ပဲ မရမွာ ၾကေနတာပဲ.... အာ့ဆို နယ္မျပန္ပဲ ခရီးထြက္မလားေျပာ...''
"အဲ့လိုမဟုတ္ပါဘူးကြာ... သြားခ်င္တာကို ေျပာတာ''
"ေနာက္မွ... Christmas ျဖစ္ျဖစ္ New Year ျဖစ္ျဖစ္ သြားမယ္ကြာ Ski ကြင္းက အဲ့ အခ်ိန္ပိုေတာင္မိုက္အံုးမွာ''
"အာ... ဟုတ္တယ္... အဲ့အခ်ိန္ၾကရင္ သြားျဖစ္ေအာင္ သြားရမယ္ ေနာ္ Baek''
"အင္း... လာ ခုေတာ့ လက္ေဆာင္ဝယ္ဖို႔ပဲ စဥ္းစားရေအာင္''
ဆယ့္ငါးမိနစ္ေလာက္ ပတ္ပီးတဲ့အခါမွာေတာ့ Baekhyun စိတ္တိုင္းက်တဲ့ လက္ေဆာင္႐ွာေတြ႔ပီ။
"အစားအေသာက္ေတြ အသီးအႏွံေတြက ငါတို႔အတြက္ေတာင္ ေသခ်ာျပင္ေပးထားမွာဆိုေတာ့ အေႏြးထည္ပဲဘဝယ္ေပးရေအာင္ကြာ... ေဆာင္းလည္း ေရာက္ေနပီဆိုေတာ့.... ''
"ေကာင္းသားပဲ''
အဲ့လိုနဲ႔ Chanyoel တို႔ အိမ္အတြက္ေရာ Baekhyunတို႔ အိမ္အတြက္ပါ အေႏြးထည္ထူထူေတြပဲ လက္ေဆာင္ဝယ္ခဲ့သည္။
__________________________
တနလၤာေန႔...
တစ္နည္းအားျဖင့္ Chanyeolရဲ႕ 24ႏွစ္ျပည့္ေမြးေန႔ျဖစ္သည္။
မနက္ ရံုးခ်ိန္အမွီ ထြက္စာ ဝင္တင္ခဲ့ပီး Baekhyunကို ေခၚကာ Chanyeolရဲ႕ ကားေလးက ေမြးရပ္နယ္ေလးဆီ ဦးတည္ေနသည္။
Baekhyunလည္း သူ႔Bossကို ခြင့္တင္ခဲ့သည္။
ဆိုးလ္ကေန ေလးနာရီေလာက္ေမာင္းပီးမွ အိမ္ကိုေရာက္မည္ျဖစ္သည္။
Baekhyunက တစ္ေယာက္တစ္လွည့္စီေမာင္းမယ္ေျပာေပမယ့္ Chanyeolကေတာ့ တစ္ေယာက္တည္းသာ ေမာင္းဖို႔ စဥ္းစားထားသည္။
ေဆာင္းေရာက္ပီမို႔ ရာသီဥတုက မိႈင္းပ်ပ်ျဖစ္ေနသည္။
မနက္ကေတာ့ ေတာ္ေတာ္ေလး ေအးေနေပမယ့္ မြန္းတည့္ခ်ိန္ေရာက္ခါနီးေလ အေအးဓာတ္က အနည္းငယ္ေလ်ာ့ေလေတာ့ ျဖစ္လာသည္။
ရာသီဥတု ေအးေအးေလးမွာ တေရြ႔ေရြ႔နဲ႔ ကားေမာင္းေနရေပမယ့္ ေႏြအခါမွာ ေမာင္းေနရသလိုေတာ့ မပင္ပန္းေပ။
ေျဖးေျဖးေအးေအးေမာင္းလာလိုက္တာ ေန႔လည္တစ္နာရီေလာက္ေတာ့ အိမ္ကို ေရာက္လာၾကသည္။
မျပန္ျဖစ္တာ ၾကာေနပီျဖစ္၍ Baekhyunတို႔ ျပန္လာၾကေတာ့ အိမ္က Ommaတို႔သာမက အိမ္နီးခ်င္းေတြကအစ ေပ်ာ္ေနသည္။
Baekhyunလည္း Ommaရင္ခြင္ထဲ တိုးဝင္ကာ ခြၽဲရလို႔ ေပ်ာ္ေနမိသည္။
Ommaရဲ႕ အေငြ႔အသက္ကို ဘယ္ေလာက္ေတာင္မွ လြမ္းေနရသလဲ....
ေန႔လည္စာကို Ommaက အဆင္သင့္ျပင္ေပးထားသည္မို႔ Chanyeolတို႔ မိသားစုပါ Baekhyunတို႔ အိမ္မွာ စုစားကာ ဝိုင္းဖြဲ႔ၾကသည္။
အခ်ိန္တစ္ခုၾကာမွ ျပန္လာျဖစ္သည္မို႔ Baekhyunတို႔ Chanyeolတို႔ က်င္လည္ခဲ့ရသည့္ ဆိုးလ္က ပတ္ဝန္းက်င္အေၾကာင္းကို အားရပါးရေျပာျဖစ္ကာ မိဘေတြကလည္း စိတ္ပါဝင္စားစြာနားေထာင္ၾကသည္။
တိုးတက္လာေသာ ေခတ္အေၾကာင္း.....
အလုပ္မွာ ၾကံဳေတြ႔ရေသာ အခက္ခဲေတြအေၾကာင္း.....
ေပ်ာ္စရာေတြအေၾကာင္း....
အိမ္မွာ စိုက္ထားတဲ့ Lilyပန္းပင္ေတြအေၾကာင္း....
လတ္တေလာ အႀကိဳက္ေတြ႔ေနတဲ့ အစားအစာေတြအေၾကာင္း.....
ေနာက္ဆံုး Bossရဲ႕ အေၾကာင္းေတြထိ စီကာပတ္ကံုးေျပာျပမိသည္။
သို႔ေပမယ့္.....
Chanyeolနဲ႔ လမ္းခြဲခဲ့ရေသးသည့္ အေၾကာင္းေတာ့ ခ်န္လွပ္ထားခဲ့သည္။
ဘာရယ္မဟုတ္ စိတ္ညစ္စရာ ခံစားခ်က္ေတြကို ခုလိုအခ်ိန္မွာ မေျပာခ်င္တာလည္း ျဖစ္သည္။
အစကေတာ့ Chanyeolကို အျမင္ကပ္၍ လူႀကီးေတြကို ျဖစ္သမ်ွအေၾကာင္းေတြ အကုန္ျပန္တိုင္ပစ္မယ္လို႔ ေတြးခဲ့ေပမယ့္ တကယ္တမ္းေတာ့ အေကာင္အထည္မေဖာ္ခဲ့။
အခုခ်ိန္မွာသိတာ Baekhyunလည္း အရမ္းေပ်ာ္ေနမိသလို Chanyeolလည္း အရမ္းေပ်ာ္ေနတယ္ဆိုတာပဲ......
ေနာက္ပီး လူႀကီးေတြအားလံုးလည္း ေပ်ာ္ေနၾကသည္။
တန္ဖိုးထားရတဲ့ သူေတြ အကုန္လံုးေပ်ာ္ေနတဲ့ အခ်ိန္မွာ အေရးမပါတဲ့ အေၾကာင္းကို ျပန္ေျပာမေနေတာ့ပါဘူးေလ.....
Park Chanyeolဆိုတဲ့ လူသားလည္း Baekhyunအနားမွာ ႐ွိေနၿပီပဲဟာ.....
စကားေတြ တဝႀကီးေျပာပီးေလေတာ့ Baekhyunအိပ္ခ်င္လာသည္။
Chanyeolကေတာ့ ေန႔လည္ တေရးအိပ္ခ်ိန္မွာ အတူမအိပ္ရ၍ ဆူပုပ္ေနသည္။
Baekhyunတို႔ ခဏနားရမည္။
ညေနဆို Chanyeolရဲ႕ ေမြးေန႔ပြဲက ႐ွိေသးသည္ေလ။
____________________________
"Omma ဘယ္ႏွနာရီ ႐ွိပီလဲ?''
Baekhyun ေရယူေသာက္ရင္း မီးဖိုထဲမွာ အလုပ္႐ႈပ္ေနေသာ Ommaကို ေမးလိုက္သည္။
'ညေန ေျခာက္နာရီေတာင္ ထိုးေတာ့မယ္ ႐ွင့္'
"ဟင္ အဲ့ေလာက္ေတာင္ ႐ွိသြားပီလား Omma?''
'ဟုတ္ပ့ေတာ္.... Chanေလးေတာင္ ႏွစ္ခါ႐ွိပီလာတာ'
"ဟုတ္လား Ommaကလည္း သားကို လာႏိႈးတာမဟုတ္ဘူး''
'Ommaေျပာပါတယ္ ညေနပြဲမွီရင္ ရတယ္တဲ့ ႏိႈးမေနေတာ့နဲ႔ဆိုတာနဲ႔ သားကို လာမႏိႈးေတာ့တာ'
"Chan က အခုဘယ္မွာလဲ သိလား Omma''
'သားတို႔ အိမ္ေလးဆီသြားတယ္ '
"ဟင္? သူ႔ေမြးေန႔က အဲ့မွာ လုပ္မွာလား?''
'ဟုတ္တယ္... အမွတ္တရ ျဖစ္ေအာင္လို႔တဲ့...ေနာက္ပီး အေရးတႀကီးလည္း ေျပာစရာ႐ွိတယ္ဆိုပဲ'
"အာ...''
'သားေရာ Chanေလးအတြက္ ေမြးေန႔လက္ေဆာင္ ျပင္ပီးပီေပါ့ ''
"ေသခ်ာတာေပါ့ Ommaကလည္း.... ေခါင္းေနာက္တယ္ Omma ေရခ်ိဳးလိုက္ရမလား?''
'မခ်ိဳးေတာ့ပါနဲ႔ သားရယ္...ဖ်ားေနလိမ့္မယ္... အိပ္ယာကလည္း ခုမွထတာကို'
"အြန္းပါ အာ့ဆိုလည္း က်ေတာ္ Chan ဆီ လိုက္သြားအံုးမယ္''
'အေႏြးထည္ ထူထူဝတ္သြားအံုး'
Omma စကားကို ေခါင္းၿငိမ့္ျပကာ အခန္းထဲက ေတြ႔ရာ အေႏြးထည္ တစ္ထည္ ေကာက္ဝတ္ကာ အိမ္ထဲ ကထြက္ခဲ့သည္။
အိမ္အျပင္ေရာက္မွ ေတာ္ေတာ္ေလးေအးေနပီမွန္း သိရသည္။
ေဆာင္းအေငြ႔အသက္ အျပည့္အဝ ရကာ ေန႔တာလည္း တိုလာပီမို႔ ပတ္ဝန္းက်င္က ေမွာင္မဲမဲ။
လမ္းမီးတိုင္ေတြ ထြန္းထားေပမယ့္ ျမဴေတြၾကားမွ လင္းပ်ပ်။
Chan႐ွိေနမည့္ အိမ္ေလးက Baekhyunတို႔ အိမ္႐ွိရာ လမ္းေလးကေနထြက္ ကားလမ္းမႀကီး လမ္းကူးပီး လမ္းသြယ္ေလးထဲ အဝင္ အေကြ႔နားေလးေတြ႐ွိသည္မို႔ နီးသည္။
ထို႔ေၾကာင့္ ေအးရာေအးေၾကာင္း လမ္းေလ်ွာက္လာျဖစ္သည္။
'ဒီနားက သတိထားရတယ္ေနာ္ လမ္းေလးဆံုရယ္ ကုန္းျမင့္ရယ္ဆိုေတာ့...အျမင့္ကေနမ်ား ကားေတြ အ႐ွိန္နဲ႔ ဆင္းလာရင္ ဒုကၡပဲ'
Baekhyunေ႐ွ႕က အန္တီႀကီးႏွစ္ေယာက္ရဲ႕ စကားတစြန္းတစေၾကာင့္ျပံဳးမိသည္။
ကိုယ္တိုင္လည္း လမ္းေလးခြေရာက္ပီမို႔ ကားလမ္းမႀကီးကို ျဖတ္ကူးကာ ေထာင့္ေလးမွ႐ွိသည့္ အိမ္ေလးဆီ ဦးတည္လိုက္သည္။
ဒီအိမ္ေလးက Baekhyunတို႔ ႏွစ္ေယာက္အတြက္ အမွတ္တရေတြ အမ်ားႀကီး....
ႏွစ္ေယာက္သား လက္ထပ္ပီးလို႔ ဆိုးလ္မွာေနမယ္.... နယ္ျပန္လာရင္ ဒီအိမ္ေလးမွာပဲ ႏွစ္ေယာက္ထဲ လြတ္လြတ္လပ္လပ္ေနရန္ ေဆာက္ထားေသာ ေနရာေလး....
အစက Chan တို႔ ျခံဝန္းထဲပဲ ေမြးေန႔လုပ္မယ္ဆိုပီးမွ ဒီအိမ္ေလးမွာ ေျပာင္းလုပ္မယ္ဆိုေတာ့ Chanတစ္ေယာက္ ဘာေတြမ်ား စီစဥ္ေနပါလိမ့္ ။
ေနာက္ပီး အေရးတႀကီးလည္း ေျပာစရာ႐ွိေသးတယ္ဆိုပဲ.....
ျခံဝန္းထဲ ေရာက္ပီး အိမ္ေ႐ွ႕ေရာက္ကာမွ....
ဟာ...ဟုတ္သား Chanအတြက္ လက္ေဆာင္ မယူခဲ့ရဘူးပဲ....
အေျဖနဲ႔အတူ Chanေပ်ာ္ေစမယ့္ လက္ေဆာင္ေလးကို ျပန္ယူရန္ျပင္လိုက္ေပမယ့္....
အိမ္ေ႐ွ႕ ဖိနပ္စင္ေပၚက ေဒါက္ဖိနပ္ အျဖဴေလးက မဖိတ္ေခၚပါပဲ မ်က္လံုးထဲဝင္လာသည္။
ေပ်ာ္ျမဴးေနေသာ စိတ္ေတြ ညစ္မိႈင္းသြားမိတာ ဝန္ခံပါသည္။
သို႔ေပမယ့္...
ခဏအတြင္းမွာပဲ စိတ္႐ွင္းလိုက္ကာ အိမ္ထဲ အသာဝင္ခဲ့သည္။
"ျပန္လိုက္ေတာ့ NaNa... အရမ္းေနာက္က်ေနပီ''
NaNaတဲ့....
ျခံထဲမွာ ရပ္ထားတဲ့ ကားကို Chanရဲ႕ကားထင္ပီး အမူမဲ့အမွတ္မဲ့...
ခုေသခ်ာျပန္ေတြးၾကည့္မွ Chanရဲ႕ကား မဟုတ္ဘူးပဲ...
'လိုခ်င္တဲ့ အေျဖ မရမခ်င္း မျပန္ဘူးလို႔ ေျပာပီးပီပဲ... ေနာက္ပီး ဒီေန႔က ကို႔ေမြးေန႔ေလ... NaNa႐ွိခ်င္တာေပါ့'
"ျပန္လိုက္ေတာ့.... Baek သိရင္မေကာင္းဘူး''
'ဂ႐ုမစိုက္ဘူးလို႔ ေျပာပီးပီပဲ'
"NaNa!!''
'ကိုရာ... ေမြးေန႔မွာ ေဒါသထြက္တာ မေကာင္းပါဘူး'
"ဟူး...''
'စိတ္မ႐ႈပ္ပါနဲ႔ ကိုရာ...
ကို အလုပ္ထြက္တာကိုလည္း ခြင့္မျပဳသလို... Byun Baekhyunလက္ထဲလည္း ျပန္မထည့္ႏိုင္ဘူး'
"Kim NaNa!''
'ဟုတ္တယ္..ကို...
ကို ရဲ႕ ဒိုင္ယာရီကို NaNaယူဖတ္ဖူးတယ္...
လက္ထပ္ေတာ့မယ္လို႔ စဥ္းစားေတာ့ မိသားစုဘဝကို ပံုေဖာ္မိတယ္ဆို...
မိသားစုဆိုတာနဲ႔ ကေလးေလးေတြက အဓိက မ်က္လံုးထဲ ျမင္မိတယ္... ဘယ္ေလာက္ေပ်ာ္စရာေကာင္းမလဲတဲ့....
ကိုကိုယ္တိုင္ ေရးထားတာေလ...
ကို လိုခ်င္တဲ့ ဘဝ.... အဲ့မိသားစု ဘဝကို ဖန္တီးေပးႏိုင္မွာက NaNaပဲ....
Byun Baekhyun မဟုတ္ဘူး ကို....
အဲ့ဒါေၾကာင့္ စိတ္ခံစားမႈအရ ဒါမွမဟုတ္ သနားလို႔ပဲ ျဖစ္ျဖစ္ ေနပါ ႀကိဳက္သေလာက္ အဲ့ဒိ Baekhyun ေဘးမွာ... ဒါေပမယ့္ အခ်ိန္တစ္ခုပဲေလ... ကို...
အခ်ိန္တန္ရင္ ျပန္လာရမွာ NaNaဆီကိုပဲေလ...'
"မင္း႐ူးေနပီ Kim NaNa''
ခြပ္
Chanyeolရဲ႕ ခပ္တိုးတိုး စကားတစ္ခြန္းဟာ အားျပင္းျပင္ လက္သီးထိုးခ်က္တစ္ခုေအာက္မွာ ေပ်ာက္သြားခဲ့သည္။
"Baek...Baek''
'ဘာလုပ္တာလဲ Baekhyun!'
"မင္းပါးစပ္ပိတ္ထား Kim NaNa...
ဒီအခ်ိန္မွာ မိန္းကေလးေတြ ဘာေတြ ငါ ေစာက္ဂ႐ုစိုက္ေနမွာ မဟုတ္ဘူး... မင္းပါးစပ္ပိတ္ထား!!!''
Chanyeolရဲ႕ေဒါသတႀကီး မာန္ဖိသံအၿပီးမွာ... Baekhyunဆီက ဟက္ခနဲ ေလွာင္ရယ္သံ တစ္ခ်က္ထြက္လာသည္။
"ဟား.... ဒါေၾကာင့္လား Park Chanyeol....
ဒါေၾကာင့္မို႔ ငါ့ကို လမ္းခြဲခဲ့တာလား.... ဒါေၾကာင့္တဲ့လား???''
"မဟုတ္ဘူး... ကိုယ္ေျပာတာ နားေထာင္ Baek!''
"ဟား..... သဘာဝအတိုင္း ျဖစ္ေနတဲ့ ငါ့ရဲ႕ ျဖစ္တည္မႈကို ျပစ္ခ်က္တစ္ခုအေနနဲ႔ သတ္မွတ္ပီး ငါ့ကို ျဖတ္ခဲ့တာတဲ့လား?... မင္းစႀကိဳက္တည္းက ငါက ေယာက်ာ္ေလးတစ္ေယာက္ဆိုတာ မင္းသိေနတာပဲ.... မင္းဘက္က စခဲ့တာေလ... ဒီလို သိမ္ငယ္မႈေတြ ၾကံဳရမွာစိုးလို႔.... ငါတင္းခံခဲ့တယ္...ဒါေပမယ့္ မင္းငါ့ကို ရေအာင္.... ငါ့အခ်စ္ေတြ ရေအာင္ ယူခဲ့တာေလ....
ခုေတာ့ ကြာ....
ဟား......
Park Chanyeolဆိုတဲ့ ေကာင္က ငါ့ကို အရမ္းခ်စ္ေပးတာပါလားဆိုပီး ေပ်ာ္ခဲ့ရတာေတြက ေစာက္႐ူးႀကီးလိုပဲ....
ဟား... ဟား...
႐ွက္လိုက္တာ... ကိုယ့္ကိုကိုယ့္ အထင္ႀကီးခဲ့မိတာ ႐ွက္လိုက္တာ.....''
"မဟုတ္ဘူး... ကိုယ္ေျပာတာ နားေထာင္ေပး... Baek''
"မေျပာနဲ႔! !! ေျပာစရာမလိုေတာ့ဘူး''
ခြပ္
ေနာက္တစ္ခ်က္ထပ္ထိုးမိသည္။
ေဘးက ထိန္းေပးမယ့္သူ အဆင္သင့္႐ွိေန၍ Chanyeol လဲက်မသြားေပ။
ရာသီဥတု ေအးတာေတြ...
အျပင္မွာ ေရာက္လာတဲ့ လူႀကီးေတြရဲ႕ အသံေတြ..
Ommaရဲ႕ စိတ္ပူေနတဲ့ ေခၚသံေတြ....
ျဖစ္စဥ္ေတြအကုန္လံုးၾကားခဲ့လို႔ပဲလားေတာ့မသိ ကိုယ့္ကို သနားသေယာင္ၾကည့္ေနတဲ့ အၾကည့္ေတြအားလံုးကို ေက်ာခိုင္းကာ Baekhyunထြက္ေျပးခဲ့သည္။
"Baek.... Baekhyun... ေနအံုး!''
ေနာက္က ေအာ္သံအၾကားမွာ ေျပးေနတဲ့ အ႐ွိန္ကို ျမႇင့္လိုက္သည္။
ျမဴဆိုင္းေနေသာ ညမို႔...
တေျဖးေျဖးသိပ္သည္းလာေသာ ညမို႔....
အေျပးတပိုင္း အားလံုးကို လြတ္ခ်ကာ...
အိမ္ကို အျမန္ျပန္ေရာက္ခ်င္ပီ။
သနားတဲ့ အၾကည့္ေတြ...
ေလွာင္ရယ္သံေတြ...
အားလံုး... အားလံုးနဲ႔ ေဝးရာ....
ကားလမ္းျဖတ္အကူးမွာ...
ျမဴဆိုင္းေနေသာ ပတ္ဝန္းက်င္ကို ထိုးေဖာက္လာေသာ ႏွင္းကြဲကားမီး တစ္စံုကို သတိမျပဳမိခဲ့႐ိုးအမွန္....
'ဒီနားက သတိထားရတယ္ေနာ္ လမ္းေလးဆံုရယ္ ကုန္းျမင့္ရယ္ဆိုေတာ့...အျမင့္ကေနမ်ား ကားေတြ အ႐ွိန္နဲ႔ ဆင္းလာရင္ ဒုကၡပဲ'
အလာတုန္းက အန္တီႀကီးေတြ ေျပာစကားကို နားထဲ ျပန္ၾကားလာသည္။
ေအာ္ဟစ္သံေတြ....
ေျပးလိုက္ေနေသာ အသံေတြ....
*ကြၽီ
ဒုန္း
အသံအားလံုးဟာ အ႐ွိန္ျပင္းေသာ တေျဖးေျဖးနဲ႔ နီးကပ္လာေသာ မီးေရာင္ေအာက္မွာ အသံက်ယ္ႀကီး တစ္ခုၾကားအပီးမွာ အားလံုးအသံတိတ္သြားသည္။
"Byun BaekHyun!!!!!''
စိုးရိမ္တႀကီး ေအာ္ဟစ္ေခၚေနေသာ မိမိနာမည္အား နီးကပ္လြန္းစြာ... က်ယ္ေလာင္စြာ ၾကားလိုက္ရေသးသည္။
____________________________
တနင်္ဂနွေနေ့ ဖြစ်သည်။
နယ်မပြန်ခင် Baekhyunနဲ့ နှစ်ယောက်တည်း ခရီးတစ်ခုအတူသွားမယ်လို့ စိတ်ကူးခဲ့ပေမယ့် လက်တွေ့တော့ ဖြစ်မလာ။
အကြောင်းက နှစ်ယောက်လုံးမအား၍ ဖြစ်သည်။
Baekhyunကလည်း သူ့အလုပ်နဲ့သူ မအားသလို Chanyeolသည်လည်း တာဝန်တွေ လွှဲပြောင်းပေးရမှာမို့ တကယ် မအားလပ်။
မနက်ဖြန် ရုံးဖွင့်ရက်ဆို Chanyeolရဲ့ ထွက်စာက အကြုံးဝင်ပီ။
တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့တဲ့ အလုပ်မို့ ကုမ္ပဏီ အပေါ် အားနာမှုမဖြစ်။
နောက်ပီး...
အလုပ်ထွက်ရတော့မယ်ဆိုတာနဲ့ စိတ်တစ်ခုလုံး ပေါ့ပါးသွားရသည်။
အရာအားလုံး အဆင်ပြေချိန်ရောက်ပီ ထင်ပါရဲ့။
သို့ပေမယ့်
Baekhyunနဲ့ အတူ သွားရမယ့် ခရီးပျက်သွားရသည်တော့ တကယ်မကျေနပ်။
ဒီခရီးပေါ် အာရုံစိုက်ထားသည်မို့ ပိုဆိုးသည်။
ပထမဆုံး သွားရမည့် ခရီးမို့ Chanyeolအသေးစိတ်စုံစမ်းထားသည်။
ခရီးစဉ်ဆွဲထားသည်က နှစ်ယောက်လုံး သဘောကျနေသည့် ဂျပန်က ဟောကိုင်းဒိုးကျွန်းဘက်။
အရမ်းသဘောကျတဲ့ နေရာမို့ တည်းမယ့်နေရာတွေ အဲ့မှာလုပ်လို့ရမယ့် Activitiesတွေ... Sapporo မြို့အကြောင်း.... ဆောင်ရန်ရှောင်ရန်တွေ...
နောက်ပီး အဓိကသွားချင်သည့် Ski resort အကြောင်း အကုန်လုံး အသေးစိတ်စုံစမ်းပီးကာမှ မသွားရ၍ ပိုမကျေမနပ် ဖြစ်မိသည်။
မကျေမနပ် ဖြစ်မိသော်လည်း မွေးနေ့မှာ အိမ်ပြန်လာမည်ဟု အိမ်ကိုလည်း ပြောပီးပီမို့ မတတ်နိုင်တော့။
မွေးနေ့ပီးမှ သွားဖြစ်အောင် သွားရမည်။
"Baek အိမ်အတွက်ဘာဝယ်မယ် စဉ်းစားထားလဲ?''
Chanyeol သူ့ရဲ့ ကုတ်အင်္ကျီအိတ်ကပ်ထဲ Baekhyunရဲ့ လက်ဖဝါးလေးကို အသာဆွဲထည့်လိုက်ရင်း မေးလိုက်သည်။
နိုဝင်ဘာလမို့ အအေးဓာတ်က ညရောက်လေ ပိုလာလေဖြစ်သည်။
Chanyeolတို့ အိမ်အတွက် လက်ဆောင်ပစ္စည်းဝယ်ရန် Mall တစ်ခုသို့ ရောက်နေကြခြင်း။
ညနေ ခြောက်နာရီလောက်ကတည်းက ရောက်နေတာ ဖြစ်ပေမယ့်...
ခု ခုနှစ်နာရီထိုးခါနီး တစ်နာရီလောက်ကြာပီဖြစ်ပေမယ့် အိမ်အတွက် ဘာမှ မဝယ်ရသေး။
နှစ်ယောက်သား အပြင်မထွက်ဖြစ်တာ ကြာပီမို့လည်း Mallထဲ အေးအေးဆေးဆေး ပတ်နေကြတာလည်း ဖြစ်သည်။
မကြာခင် Christmas တို့ New Yearတို့ ရောက်တော့မည်မို့ Mallတစ်ခုလုံးကို အရုပ်တွေ ပန်းတွေ အလှမီးတွေနဲ့ ဆင်ထားသည်မှာ လှချင်တိုင်းလှနေသည်။
"ခဏလောက် ထပ်လျှောက်ရအောင်ကွာ ဘာပေးရင် ကောင်းမလဲ သေချာမစဉ်းစားရသေးလို့''
"အင်းပါ ကိုယ်က Baek ဗိုက်ဆာနေမှာ စိုးလို့''
"Chan က ဆာနေပီလား?''
"ကိုယ်က ရတယ်...မင်းကို စိတ်ပူလို့''
"အင်းပါ... ဝှါး.... Chan ကြည့်စမ်း လှလိုက်တာ''
Baekhyunပြသည့်နေရာက Mallရဲ့ ကွက်လပ်ပြင်ကျယ်တစ်ခုမှာ Rilakkuma Bear အညိုရောင် အရုပ်တွေ စုပုံထားသော နေရာဖြစ်သည်။
အရွယ်စုံ ဆိုဒ်စုံ စုပုံထားသည်မှာ တော်တော်လေးမြင့်သည်။
အရုပ်ပုံကြီးရဲ့ အောက်ခြေ ဘေးပတ်ပတ်လည်မှာတော့ လက်ဆောင်ထုတ်အနီရောင်ဘူးလေးတွေ ဝိုင်းရန်ထားသည်။
ရှေ့မှာလည်း ခုံတန်းဖြူဖြူလေးချထားကာ ဓာတ်ပုံရိုက်ရန် Booth သဘောမျိုး ထား,ထားတာဖြစ်မည်။
ဓာတ်ပုံ ရိုက်နေကြသော သူများလည်းရှိသည်။
"ကိုယ်တို့ ဓာတ်ပုံရိုက်ရအောင်''
Chanyeol ဖုန်းလေးထုတ်ကာ ဓာတ်ပုံရိုက်ဖို့ ပြောသည်။
"ဟာကွာ... ရှက်စရာကြီးပါ''
"လာပါကွာ... အရုပ်တွေလည်း ဘယ်လောက်လှလဲ? အမှတ်တရပေါ့ကွ... လာပါ''
Chanyeolရဲ့ အတင်းဆွဲခေါ်မှုကြောင့် ကောင်မလေးတစ်ယောက်ကို အကူညီတောင်းကာ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ ချစ်ရသူ Baekhyunကို ရင်ခွင်ထဲ ထည့်ပီး....
"Chan ငါ့ဆီ အဲ့ပုံလေးပို့ပေး''
"အင်း... လှတယ်နော်''
"အင်း...Christmas ဆို ပိုလှမယ်နော်''
"အင်း အဲ့တော့ တစ်ခါထပ်လည်ကြတာပေါ့...''
"အင်း''
"ခရီးသွားရရင် ကောင်းမှာကွာ...''
"Park Chanyeolရယ် အဲ့ခရီးက ခုမသွားရင်ပဲ မရမှာ ကြနေတာပဲ.... အာ့ဆို နယ်မပြန်ပဲ ခရီးထွက်မလားပြော...''
"အဲ့လိုမဟုတ်ပါဘူးကွာ... သွားချင်တာကို ပြောတာ''
"နောက်မှ... Christmas ဖြစ်ဖြစ် New Year ဖြစ်ဖြစ် သွားမယ်ကွာ Ski ကွင်းက အဲ့ အချိန်ပိုတောင်မိုက်အုံးမှာ''
"အာ... ဟုတ်တယ်... အဲ့အချိန်ကြရင် သွားဖြစ်အောင် သွားရမယ် နော် Baek''
"အင်း... လာ ခုတော့ လက်ဆောင်ဝယ်ဖို့ပဲ စဉ်းစားရအောင်''
ဆယ့်ငါးမိနစ်လောက် ပတ်ပီးတဲ့အခါမှာတော့ Baekhyun စိတ်တိုင်းကျတဲ့ လက်ဆောင်ရှာတွေ့ပီ။
"အစားအသောက်တွေ အသီးအနှံတွေက ငါတို့အတွက်တောင် သေချာပြင်ပေးထားမှာဆိုတော့ အနွေးထည်ပဲဘဝယ်ပေးရအောင်ကွာ... ဆောင်းလည်း ရောက်နေပီဆိုတော့.... ''
"ကောင်းသားပဲ''
အဲ့လိုနဲ့ Chanyoel တို့ အိမ်အတွက်ရော Baekhyunတို့ အိမ်အတွက်ပါ အနွေးထည်ထူထူတွေပဲ လက်ဆောင်ဝယ်ခဲ့သည်။
__________________________
တနင်္လာနေ့...
တစ်နည်းအားဖြင့် Chanyeolရဲ့ 24နှစ်ပြည့်မွေးနေ့ဖြစ်သည်။
မနက် ရုံးချိန်အမှီ ထွက်စာ ဝင်တင်ခဲ့ပီး Baekhyunကို ခေါ်ကာ Chanyeolရဲ့ ကားလေးက မွေးရပ်နယ်လေးဆီ ဦးတည်နေသည်။
Baekhyunလည်း သူ့Bossကို ခွင့်တင်ခဲ့သည်။
ဆိုးလ်ကနေ လေးနာရီလောက်မောင်းပီးမှ အိမ်ကိုရောက်မည်ဖြစ်သည်။
Baekhyunက တစ်ယောက်တစ်လှည့်စီမောင်းမယ်ပြောပေမယ့် Chanyeolကတော့ တစ်ယောက်တည်းသာ မောင်းဖို့ စဉ်းစားထားသည်။
ဆောင်းရောက်ပီမို့ ရာသီဥတုက မှိုင်းပျပျဖြစ်နေသည်။
မနက်ကတော့ တော်တော်လေး အေးနေပေမယ့် မွန်းတည့်ချိန်ရောက်ခါနီးလေ အအေးဓာတ်က အနည်းငယ်လျော့လေတော့ ဖြစ်လာသည်။
ရာသီဥတု အေးအေးလေးမှာ တရွေ့ရွေ့နဲ့ ကားမောင်းနေရပေမယ့် နွေအခါမှာ မောင်းနေရသလိုတော့ မပင်ပန်းပေ။
ဖြေးဖြေးအေးအေးမောင်းလာလိုက်တာ နေ့လည်တစ်နာရီလောက်တော့ အိမ်ကို ရောက်လာကြသည်။
မပြန်ဖြစ်တာ ကြာနေပီဖြစ်၍ Baekhyunတို့ ပြန်လာကြတော့ အိမ်က Ommaတို့သာမက အိမ်နီးချင်းတွေကအစ ပျော်နေသည်။
Baekhyunလည်း Ommaရင်ခွင်ထဲ တိုးဝင်ကာ ချွဲရလို့ ပျော်နေမိသည်။
Ommaရဲ့ အငွေ့အသက်ကို ဘယ်လောက်တောင်မှ လွမ်းနေရသလဲ....
နေ့လည်စာကို Ommaက အဆင်သင့်ပြင်ပေးထားသည်မို့ Chanyeolတို့ မိသားစုပါ Baekhyunတို့ အိမ်မှာ စုစားကာ ဝိုင်းဖွဲ့ကြသည်။
အချိန်တစ်ခုကြာမှ ပြန်လာဖြစ်သည်မို့ Baekhyunတို့ Chanyeolတို့ ကျင်လည်ခဲ့ရသည့် ဆိုးလ်က ပတ်ဝန်းကျင်အကြောင်းကို အားရပါးရပြောဖြစ်ကာ မိဘတွေကလည်း စိတ်ပါဝင်စားစွာနားထောင်ကြသည်။
တိုးတက်လာသော ခေတ်အကြောင်း.....
အလုပ်မှာ ကြုံတွေ့ရသော အခက်ခဲတွေအကြောင်း.....
ပျော်စရာတွေအကြောင်း....
အိမ်မှာ စိုက်ထားတဲ့ Lilyပန်းပင်တွေအကြောင်း....
လတ်တလော အကြိုက်တွေ့နေတဲ့ အစားအစာတွေအကြောင်း.....
နောက်ဆုံး Bossရဲ့ အကြောင်းတွေထိ စီကာပတ်ကုံးပြောပြမိသည်။
သို့ပေမယ့်.....
Chanyeolနဲ့ လမ်းခွဲခဲ့ရသေးသည့် အကြောင်းတော့ ချန်လှပ်ထားခဲ့သည်။
ဘာရယ်မဟုတ် စိတ်ညစ်စရာ ခံစားချက်တွေကို ခုလိုအချိန်မှာ မပြောချင်တာလည်း ဖြစ်သည်။
အစကတော့ Chanyeolကို အမြင်ကပ်၍ လူကြီးတွေကို ဖြစ်သမျှအကြောင်းတွေ အကုန်ပြန်တိုင်ပစ်မယ်လို့ တွေးခဲ့ပေမယ့် တကယ်တမ်းတော့ အကောင်အထည်မဖော်ခဲ့။
အခုချိန်မှာသိတာ Baekhyunလည်း အရမ်းပျော်နေမိသလို Chanyeolလည်း အရမ်းပျော်နေတယ်ဆိုတာပဲ......
နောက်ပီး လူကြီးတွေအားလုံးလည်း ပျော်နေကြသည်။
တန်ဖိုးထားရတဲ့ သူတွေ အကုန်လုံးပျော်နေတဲ့ အချိန်မှာ အရေးမပါတဲ့ အကြောင်းကို ပြန်ပြောမနေတော့ပါဘူးလေ.....
Park Chanyeolဆိုတဲ့ လူသားလည်း Baekhyunအနားမှာ ရှိနေပြီပဲဟာ.....
စကားတွေ တဝကြီးပြောပီးလေတော့ Baekhyunအိပ်ချင်လာသည်။
Chanyeolကတော့ နေ့လည် တရေးအိပ်ချိန်မှာ အတူမအိပ်ရ၍ ဆူပုပ်နေသည်။
Baekhyunတို့ ခဏနားရမည်။
ညနေဆို Chanyeolရဲ့ မွေးနေ့ပွဲက ရှိသေးသည်လေ။
____________________________
"Omma ဘယ်နှနာရီ ရှိပီလဲ?''
Baekhyun ရေယူသောက်ရင်း မီးဖိုထဲမှာ အလုပ်ရှုပ်နေသော Ommaကို မေးလိုက်သည်။
'ညနေ ခြောက်နာရီတောင် ထိုးတော့မယ် ရှင့်'
"ဟင် အဲ့လောက်တောင် ရှိသွားပီလား Omma?''
'ဟုတ်ပ့တော်.... Chanလေးတောင် နှစ်ခါရှိပီလာတာ'
"ဟုတ်လား Ommaကလည်း သားကို လာနှိုးတာမဟုတ်ဘူး''
'Ommaပြောပါတယ် ညနေပွဲမှီရင် ရတယ်တဲ့ နှိုးမနေတော့နဲ့ဆိုတာနဲ့ သားကို လာမနှိုးတော့တာ'
"Chan က အခုဘယ်မှာလဲ သိလား Omma''
'သားတို့ အိမ်လေးဆီသွားတယ် '
"ဟင်? သူ့မွေးနေ့က အဲ့မှာ လုပ်မှာလား?''
'ဟုတ်တယ်... အမှတ်တရ ဖြစ်အောင်လို့တဲ့...နောက်ပီး အရေးတကြီးလည်း ပြောစရာရှိတယ်ဆိုပဲ'
"အာ...''
'သားရော Chanလေးအတွက် မွေးနေ့လက်ဆောင် ပြင်ပီးပီပေါ့ ''
"သေချာတာပေါ့ Ommaကလည်း.... ခေါင်းနောက်တယ် Omma ရေချိုးလိုက်ရမလား?''
'မချိုးတော့ပါနဲ့ သားရယ်...ဖျားနေလိမ့်မယ်... အိပ်ယာကလည်း ခုမှထတာကို'
"အွန်းပါ အာ့ဆိုလည်း ကျတော် Chan ဆီ လိုက်သွားအုံးမယ်''
'အနွေးထည် ထူထူဝတ်သွားအုံး'
Omma စကားကို ခေါင်းငြိမ့်ပြကာ အခန်းထဲက တွေ့ရာ အနွေးထည် တစ်ထည် ကောက်ဝတ်ကာ အိမ်ထဲ ကထွက်ခဲ့သည်။
အိမ်အပြင်ရောက်မှ တော်တော်လေးအေးနေပီမှန်း သိရသည်။
ဆောင်းအငွေ့အသက် အပြည့်အဝ ရကာ နေ့တာလည်း တိုလာပီမို့ ပတ်ဝန်းကျင်က မှောင်မဲမဲ။
လမ်းမီးတိုင်တွေ ထွန်းထားပေမယ့် မြူတွေကြားမှ လင်းပျပျ။
Chanရှိနေမည့် အိမ်လေးက Baekhyunတို့ အိမ်ရှိရာ လမ်းလေးကနေထွက် ကားလမ်းမကြီး လမ်းကူးပီး လမ်းသွယ်လေးထဲ အဝင် အကွေ့နားလေးတွေရှိသည်မို့ နီးသည်။
ထို့ကြောင့် အေးရာအေးကြောင်း လမ်းလျှောက်လာဖြစ်သည်။
'ဒီနားက သတိထားရတယ်နော် လမ်းလေးဆုံရယ် ကုန်းမြင့်ရယ်ဆိုတော့...အမြင့်ကနေများ ကားတွေ အရှိန်နဲ့ ဆင်းလာရင် ဒုက္ခပဲ'
Baekhyunရှေ့က အန်တီကြီးနှစ်ယောက်ရဲ့ စကားတစွန်းတစကြောင့်ပြုံးမိသည်။
ကိုယ်တိုင်လည်း လမ်းလေးခွရောက်ပီမို့ ကားလမ်းမကြီးကို ဖြတ်ကူးကာ ထောင့်လေးမှရှိသည့် အိမ်လေးဆီ ဦးတည်လိုက်သည်။
ဒီအိမ်လေးက Baekhyunတို့ နှစ်ယောက်အတွက် အမှတ်တရတွေ အများကြီး....
နှစ်ယောက်သား လက်ထပ်ပီးလို့ ဆိုးလ်မှာနေမယ်.... နယ်ပြန်လာရင် ဒီအိမ်လေးမှာပဲ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်နေရန် ဆောက်ထားသော နေရာလေး....
အစက Chan တို့ ခြံဝန်းထဲပဲ မွေးနေ့လုပ်မယ်ဆိုပီးမှ ဒီအိမ်လေးမှာ ပြောင်းလုပ်မယ်ဆိုတော့ Chanတစ်ယောက် ဘာတွေများ စီစဉ်နေပါလိမ့် ။
နောက်ပီး အရေးတကြီးလည်း ပြောစရာရှိသေးတယ်ဆိုပဲ.....
ခြံဝန်းထဲ ရောက်ပီး အိမ်ရှေ့ရောက်ကာမှ....
ဟာ...ဟုတ်သား Chanအတွက် လက်ဆောင် မယူခဲ့ရဘူးပဲ....
အဖြေနဲ့အတူ Chanပျော်စေမယ့် လက်ဆောင်လေးကို ပြန်ယူရန်ပြင်လိုက်ပေမယ့်....
အိမ်ရှေ့ ဖိနပ်စင်ပေါ်က ဒေါက်ဖိနပ် အဖြူလေးက မဖိတ်ခေါ်ပါပဲ မျက်လုံးထဲဝင်လာသည်။
ပျော်မြူးနေသော စိတ်တွေ ညစ်မှိုင်းသွားမိတာ ဝန်ခံပါသည်။
သို့ပေမယ့်...
ခဏအတွင်းမှာပဲ စိတ်ရှင်းလိုက်ကာ အိမ်ထဲ အသာဝင်ခဲ့သည်။
"ပြန်လိုက်တော့ NaNa... အရမ်းနောက်ကျနေပီ''
NaNaတဲ့....
ခြံထဲမှာ ရပ်ထားတဲ့ ကားကို Chanရဲ့ကားထင်ပီး အမူမဲ့အမှတ်မဲ့...
ခုသေချာပြန်တွေးကြည့်မှ Chanရဲ့ကား မဟုတ်ဘူးပဲ...
'လိုချင်တဲ့ အဖြေ မရမချင်း မပြန်ဘူးလို့ ပြောပီးပီပဲ... နောက်ပီး ဒီနေ့က ကို့မွေးနေ့လေ... NaNaရှိချင်တာပေါ့'
"ပြန်လိုက်တော့.... Baek သိရင်မကောင်းဘူး''
'ဂရုမစိုက်ဘူးလို့ ပြောပီးပီပဲ'
"NaNa!!''
'ကိုရာ... မွေးနေ့မှာ ဒေါသထွက်တာ မကောင်းပါဘူး'
"ဟူး...''
'စိတ်မရှုပ်ပါနဲ့ ကိုရာ...
ကို အလုပ်ထွက်တာကိုလည်း ခွင့်မပြုသလို... Byun Baekhyunလက်ထဲလည်း ပြန်မထည့်နိုင်ဘူး'
"Kim NaNa!''
'ဟုတ်တယ်..ကို...
ကို ရဲ့ ဒိုင်ယာရီကို NaNaယူဖတ်ဖူးတယ်...
လက်ထပ်တော့မယ်လို့ စဉ်းစားတော့ မိသားစုဘဝကို ပုံဖော်မိတယ်ဆို...
မိသားစုဆိုတာနဲ့ ကလေးလေးတွေက အဓိက မျက်လုံးထဲ မြင်မိတယ်... ဘယ်လောက်ပျော်စရာကောင်းမလဲတဲ့....
ကိုကိုယ်တိုင် ရေးထားတာလေ...
ကို လိုချင်တဲ့ ဘဝ.... အဲ့မိသားစု ဘဝကို ဖန်တီးပေးနိုင်မှာက NaNaပဲ....
Byun Baekhyun မဟုတ်ဘူး ကို....
အဲ့ဒါကြောင့် စိတ်ခံစားမှုအရ ဒါမှမဟုတ် သနားလို့ပဲ ဖြစ်ဖြစ် နေပါ ကြိုက်သလောက် အဲ့ဒိ Baekhyun ဘေးမှာ... ဒါပေမယ့် အချိန်တစ်ခုပဲလေ... ကို...
အချိန်တန်ရင် ပြန်လာရမှာ NaNaဆီကိုပဲလေ...'
"မင်းရူးနေပီ Kim NaNa''
ခွပ်
Chanyeolရဲ့ ခပ်တိုးတိုး စကားတစ်ခွန်းဟာ အားပြင်းပြင် လက်သီးထိုးချက်တစ်ခုအောက်မှာ ပျောက်သွားခဲ့သည်။
"Baek...Baek''
'ဘာလုပ်တာလဲ Baekhyun!'
"မင်းပါးစပ်ပိတ်ထား Kim NaNa...
ဒီအချိန်မှာ မိန်းကလေးတွေ ဘာတွေ ငါ စောက်ဂရုစိုက်နေမှာ မဟုတ်ဘူး... မင်းပါးစပ်ပိတ်ထား!!!''
Chanyeolရဲ့ဒေါသတကြီး မာန်ဖိသံအပြီးမှာ... Baekhyunဆီက ဟက်ခနဲ လှောင်ရယ်သံ တစ်ချက်ထွက်လာသည်။
"ဟား.... ဒါကြောင့်လား Park Chanyeol....
ဒါကြောင့်မို့ ငါ့ကို လမ်းခွဲခဲ့တာလား.... ဒါကြောင့်တဲ့လား???''
"မဟုတ်ဘူး... ကိုယ်ပြောတာ နားထောင် Baek!''
"ဟား..... သဘာဝအတိုင်း ဖြစ်နေတဲ့ ငါ့ရဲ့ ဖြစ်တည်မှုကို ပြစ်ချက်တစ်ခုအနေနဲ့ သတ်မှတ်ပီး ငါ့ကို ဖြတ်ခဲ့တာတဲ့လား?... မင်းစကြိုက်တည်းက ငါက ယောက်ျာလေးတစ်ယောက်ဆိုတာ မင်းသိနေတာပဲ.... မင်းဘက်က စခဲ့တာလေ... ဒီလို သိမ်ငယ်မှုတွေ ကြုံရမှာစိုးလို့.... ငါတင်းခံခဲ့တယ်...ဒါပေမယ့် မင်းငါ့ကို ရအောင်.... ငါ့အချစ်တွေ ရအောင် ယူခဲ့တာလေ....
ခုတော့ ကွာ....
ဟား......
Park Chanyeolဆိုတဲ့ ကောင်က ငါ့ကို အရမ်းချစ်ပေးတာပါလားဆိုပီး ပျော်ခဲ့ရတာတွေက စောက်ရူးကြီးလိုပဲ....
ဟား... ဟား...
ရှက်လိုက်တာ... ကိုယ့်ကိုကိုယ့် အထင်ကြီးခဲ့မိတာ ရှက်လိုက်တာ.....''
"မဟုတ်ဘူး... ကိုယ်ပြောတာ နားထောင်ပေး... Baek''
"မပြောနဲ့! !! ပြောစရာမလိုတော့ဘူး''
ခွပ်
နောက်တစ်ချက်ထပ်ထိုးမိသည်။
ဘေးက ထိန်းပေးမယ့်သူ အဆင်သင့်ရှိနေ၍ Chanyeol လဲကျမသွားပေ။
ရာသီဥတု အေးတာတွေ...
အပြင်မှာ ရောက်လာတဲ့ လူကြီးတွေရဲ့ အသံတွေ..
Ommaရဲ့ စိတ်ပူနေတဲ့ ခေါ်သံတွေ....
ဖြစ်စဉ်တွေအကုန်လုံးကြားခဲ့လို့ပဲလားတော့မသိ ကိုယ့်ကို သနားသယောင်ကြည့်နေတဲ့ အကြည့်တွေအားလုံးကို ကျောခိုင်းကာ Baekhyunထွက်ပြေးခဲ့သည်။
"Baek.... Baekhyun... နေအုံး!''
နောက်က အော်သံအကြားမှာ ပြေးနေတဲ့ အရှိန်ကို မြှင့်လိုက်သည်။
မြူဆိုင်းနေသော ညမို့...
တဖြေးဖြေးသိပ်သည်းလာသော ညမို့....
အပြေးတပိုင်း အားလုံးကို လွတ်ချကာ...
အိမ်ကို အမြန်ပြန်ရောက်ချင်ပီ။
သနားတဲ့ အကြည့်တွေ...
လှောင်ရယ်သံတွေ...
အားလုံး... အားလုံးနဲ့ ဝေးရာ....
ကားလမ်းဖြတ်အကူးမှာ...
မြူဆိုင်းနေသော ပတ်ဝန်းကျင်ကို ထိုးဖောက်လာသော နှင်းကွဲကားမီး တစ်စုံကို သတိမပြုမိခဲ့ရိုးအမှန်....
'ဒီနားက သတိထားရတယ်နော် လမ်းလေးဆုံရယ် ကုန်းမြင့်ရယ်ဆိုတော့...အမြင့်ကနေများ ကားတွေ အရှိန်နဲ့ ဆင်းလာရင် ဒုက္ခပဲ'
အလာတုန်းက အန်တီကြီးတွေ ပြောစကားကို နားထဲ ပြန်ကြားလာသည်။
အော်ဟစ်သံတွေ....
ပြေးလိုက်နေသော အသံတွေ....
*ကျွီ
ဒုန်း
အသံအားလုံးဟာ အရှိန်ပြင်းသော တဖြေးဖြေးနဲ့ နီးကပ်လာသော မီးရောင်အောက်မှာ အသံကျယ်ကြီး တစ်ခုကြားအပီးမှာ အားလုံးအသံတိတ်သွားသည်။
"Byun BaekHyun!!!!!''
စိုးရိမ်တကြီး အော်ဟစ်ခေါ်နေသော မိမိနာမည်အား နီးကပ်လွန်းစွာ... ကျယ်လောင်စွာ ကြားလိုက်ရသေးသည်။
____________________________