နှစ်ကိုယ်တူတိုင်းပြည်

By Natpankalay

536K 39.3K 2.1K

#Both with Zawgyi & Unicode အချစ်က နယ်နမိတ်တစ်ခုဆို ကိုယ်တို့ တည်ဆောက်မှာက နှစ်ကိုယ်တူ တိုင်းပြည်... #Own cre... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter -22
Chapter-23
Chapter-24
Chapter-25
Chapter -26
Chapter-27
Chapter -28
Chapter-29
Chapter -30 Final
Extra-No Jealousy

Chapter-12

13.8K 1.1K 39
By Natpankalay

အနည္းငယ္လူးလြန္႕ျပီး ႏိုးလာေတာ့ Krist သက္ေတာင့္သက္သာရွိေနသည္။ ခါးေဘးက ဒဏ္ရာကိုစမ္းႀကည့္ေတာ့ ပတ္တီး စ ေတြႏွင့္ ေသခ်ာစည္းေႏွာင္ထား၏။ ေဘးဘက္က ကုတင္ကိုေစာင္းငဲ့ႀကည့္မိေတာ့ သူ ကေတာ့ ရွိမေနပါ.။ စားပြဲခံုေပၚတြင္ ဖန္ခြက္ ႏွင့္ ဖိထားေလေသာ စာ၇ြက္ေလးရွိေနသည္။

** အဆင္ေျပသလိုေန..ငါ ရံုးသြားျပီ ***

ကုတင္ေပၚက ျဖည္းျဖည္းဆင္းကာ နာရီကိုႀကည့္လိုက္ေတာ့ မနက္ ရွစ္နာရီတိတိ.။အိုး……သူ အဲ့ေလာက္ေတာင္ အိပ္ေပ်ာ္ သြားတာလား ??? ဒဏ္ရာႏွင့္မို႕ ေရမခ်ိဴးေတာ့ဘဲ ေျခလက္သန္႕စင္ကာ မ်က္ႏွာသုတ္ေနတုန္း တံခါးေခါက္သံထြက္ေပၚလာသည္.။

“၀င္ခဲ့ပါ.။”

“သခင္ေလး Krist ကို သခင္မႀကီးကေခၚခိုင္းလိုက္လို႕ပါ.။ဒီအထပ္ကဧည့္ခန္းမွာေစာင့္ေနပါတယ္ရွင္”

သူ ေခါင္းညိတ္ျပလိုက္ေတာ့ ၀န္ထမ္းေကာင္မေလး က ျပန္ထြက္သြားသည္.။Kristတို႕  အိ္ပ္ခန္း ရွိရာ အေပၚဆံုးထပ္မွာပင္လွ်င္ ဧည့္ခန္းတစ္ခုက ရွိေသးတာမို႕ ထြက္လာခဲ့လိုက္သည္.။

Prachaya စံအိမ္၏ အိမ္ႀကီးရွင္သခင္မ သည္ ဧည့္ခန္းတြင္ေျခခ်ိတ္လ်က္ ခပ္မိန္႕မိန္႕ထိုင္ေနသည္.။ ေဘးမွာေတာ့ Singto ရဲ႕ ေဒၚေလးဆိုလား.. တစ္ေယာက္ထိုင္ေနသည္.။ မေန႕ညေနပြဲကတည္းက သခင္မႀကီးအျပင္ ထုိသူေတြကပါ မ်က္ႏွာထားတင္း ႏွင့္ ခပ္တည္တည္ရွိလွသည္.။

“ကဲ ထိုင္ !!! မေန႕ညက ဘာမွ မေျပာျဖစ္လုိက္ဘူး.။ Sing ပင္ပန္းေနမွာစိုးလို႕.”

Krist ထိုင္တာကို ခဏႀကည့္ေနျပီး မွ  သူမ က စကားဆက္သည္။

“ဒီကုိေရာက္လာတာ မင္း အေျခအေန မင္းသိပါတယ္ေနာ္.။”

“ဟုတ္ကဲ့ အန္တီ ေျပာခ်င္တာ ရွိရင္ေျပာပါ.”

မ်က္ႏွာက အနည္းငယ္ျဖဴေဖ်ာ့ေနေသာ္လည္း  krist ဆိုသည့္ထုိေကာင္ေလး၏ မ်က္၀န္းတုိ႕ထဲတြင္ ေႀကာက္ရြံ႕ျခင္းဆုိသည္ အလ်ဥ္းမရွိ.။

“ေကာင္းျပီ.။ မင္း ဒီအိမ္မွာ သားရဲ႕ တရား၀င္အိမ္ေထာင္ဖက္ အေနနဲ႕ ရသင့္ရထိုက္တာေတြ. ခံစားခြင့္ရွိေပမယ့္ ၀တ္ေက်တန္းေက်ဆုိတာမ်ိဴးပဲ ရွိလိမ့္မယ္.။ ငါ က မင္းကို သားမက္အျဖစ္ လက္မခံတဲ့အတြက္ င့ါဆီကဘာကိုမွေတာ့ ရမွာ မဟုတ္ဘူး.”

“ဟုတ္ကဲ့ ကြ်န္ေတာ္ကလည္း ဘာကိုမွ မေမွ်ာ္လင့္ထားပါဘူး အန္တီ့ဆီကေန.”

Plon မ်က္ေမွာင္အနည္းငယ္ေတာ့ ႀကံဳ႕သြားရသည္.။ သူမ ဆီက မေမွ်ာ္လင့္ဘူးဆုိေတာ့ ရာရာစစ….  ဘယ္သူ႕ဆီက ေမွ်ာ္လင့္ခ်င္ေနတာလဲ.??

“ျပီးေတာ့ မင္း က သားကို သေဘာက်လို႕ပဲျဖစ္ျဖစ္ ဘာရည္ရြယ္ခ်က္နဲ႕ပဲျဖစ္ျဖစ္.ဒီလို ကပ္တြယ္တာကုိ မႀကိဳက္ဘူး .။ အခ်ိန္တစ္ခုေရာက္ရင္ မင္း ကုိ မနစ္နာေစရေအာင္ေပးျပီးကြာရွင္းေပးမွာပါ။”

“ကြ်န္ေတာ္ လိုခ်င္တာေပးမွာလား ??စာခ်ဴပ္စာတမ္းနဲ႕ေလ.”

စကားအကမ္းအလွမ္းရွိလာသည္မို႕ Plon မ်က္လံုးအနည္းငယ္ေတာက္သြားသည္.။ထင္ပါတယ္ လုိခ်င္တာရွိလို႕ကို တြယ္ကပ္ေနတာပဲကုိး.။

“ေသခ်ာတာေပါ့ မင္း ဘာကိုလိုခ်င္လဲ.??”

“Singto Prachaya ”

“ဘာ ??”

“ဟုတ္တယ္ ကြ်န္ေတာ္ကြာရွင္းရမယ္ဆုိရင္ လိုခ်င္တဲ့အရာက Singto ပဲ.။ သူ႕ကို ေပးရင္ ကြ်န္ေတာ္ ကြာရွင္းစာခ်ဴပ္မွာ လက္မွတ္ထိုးေပးမွာပါ.”

Krist က မရယ္မျပံဳးေလး ေျပာေနေပမယ့္ Plon စိတ္ထဲ လာက်ီစယ္ေနသည္ဟုထင္ကာ စိတိ္ဆုိးလာ ရသည္.။ကြာရွင္းစာခ်ဴပ္မွာ လက္မွတ္ထိုးေပးတယ္ဆိုေသာ္ျငား Sing ကိုု စာခ်ဴပ္စာတမ္းနဲ႕ သူ႕ကိုျပန္ေပးလိုက္ရမွေတာ့ ျပန္လက္ထပ္လိုက္တာနဲ႕ ဘာကြာလို႕တုန္း.။

“ေတာက္ !!!! မင္း ေတာ္ေတာ္ဥာဏ္နီဥာဏ္နက္ မ်ားတာပဲ ”

Plon ခ်က္ခ်င္းပင္ ထထြက္သြားသည္.။သူမ ေနာက္ က ေနာက္ေတာ္ပါး ေကာင္မေလး ႏွစ္ေယာက္ကလည္ းျပာျပာသလဲ လို္က္သြားသည္.။ခမ္းနားပါေပတယ္ အိမ္မွာေနတဲ့ပံုစံက အစ.။

“မင္း ဒီအိမ္မွာ အခြင့္မရွိဘဲ ဘာမွ မလုပ္ရဘူးဆုိတာ ေခါင္းထဲထည့္ထားပါ.။ငါ က Sing ဦးေလး ရဲ႕မိန္းမဆိုေတာ့ Sing ရဲ႕ အေဒၚပဲေပါ့  ။ငါ့ စကားကိုလည္း မင္းနားေထာင္ဖုိ႕လိုတယ္”

Krist က ဘာမွမေျပာေသးဘဲ ခပ္ေျဖးေျဖး ထိုင္ရာမွ ထလိုက္သည္.။ထုိ႕ေနာက္ ခပ္ေလွာင္ေလွာင္ေလးျပံဳး၏။

“အန္တီက Sing ဦးေလး ရဲ႕ မိ္န္းမ လား?? အဲ့ေတာ့ ေျပာရမယ္ဆုိရင္ေတာင္ အန္တီက ကြ်န္ေတာ့္စကားကို နားေထာင္၇မွာ မဟုတ္ဘူးလား.။လက္ရွိ သခင္မႀကီးကလြဲလုိ႕ စံအိမ္ရဲ႕ အရွင္သခင္က Singto ဆုိရင္ ကြ်န္ေတာ္ကသူ႕ႀကင္ယာဘက္ပဲ.”

ခ်က္ခ်င္းပက္ခနဲျပနေျပာလာမည္ မထင္ထား၍ ကေတာ္ Rom  ပါးစပ္အေဟာင္းသားနဲ႕ ဘာျပန္ေျပာရမွန္းမသိ.။

“ျပီးေတာ့ ကြ်န္ေတာ့္ကုိ ဘယ္သူကမွ အမိန္႕ေပးလို႕မရဘူး။ ကိုယ္တိုင္ စိတ္၀င္စားရင္ နားေထာင္မယ္ .စိတ္မ၀င္စားရင္ လွည့္ုကိုမႀကည့္ဘူး.။ အစကတည္းက ကြ်န္ေတာ္က ဘယ္သူ႕ကိုမွ ဂရုစိုက္ခဲ့တာမဟုတ္ဘူး.”

ေဒါသေတြ တနင့္တပိုးႏွင့္ အမ်ိဴးသမီးကို ထားခဲ့ကာ Krist အရင္ထြက္လာခဲ့သည္.။ ဒဏ္ရာက အနညး္ငယ္နာခ်င္ေနပါသည္ ဆုိမွ သူတုိ႕က ဘာေတြလာေျပာႀကမွန္းမသိ.။ စိတ္ကရႈပ္လာသည္.။ရုတ္တရက္ ေဘာင္းဘီအိတ္ထဲထည့္ထားသည့္ ဖုန္းက ျမည္လာေသာေႀကာင့္ ေလွကားေပၚကဆင္းရင္းႏွင့္ပင္ ကိုင္လိုက္သည္.။

** sawedee krup ပါ Krist . ခု စံအိမ္မွာပဲလားခင္ဗ်**

## ဟုတ္ကဲ့ ကြ်န္ေတာ္ ခုပဲ အျပင္သြားမလို႕ပါ Aim##

** အဲ့ဒါဆုိ အဆင္ေျပာတာေပါ့.။ အိမ္ေအာက္မွာ ခဲေရာင္ကားတစ္စီး ေသာ့တပ္ထားျပီးသား အသင့္ရွိပါလိမ့္မယ္ Krsit.။ အဲ့ဒါ Krsit အတြက္ မဂၤလာဦးလက္ေဆာင္ပါခင္ဗ်..***

## ဗ်ာ.. အဲ့ Aim က ေပးတာလား ###

** ဟာ မဟုတ္တာဗ်ာ. ကြ်န္ေတာ္ လစာအမ်ားႀကီးရတယ္ဆုိရင္ေတာင္ အဲ့ေလာက္ေတာ့ မခ်မ္းသာပါဘူးဗ်. MD စီစဥ္ေပးတာပါ.***

Aim ႏွင့္ ဖုန္းေျပာတာ အဆံုးသတ္လုိက္ျပီးေနာက္ စံအိမ္ေတာ္၏ ဆင္၀င္ေရွ႕တြင္ တန္ဖုိးႀကိီးတံဆိပ္ႏွင့္ ခဲေရာင္ကားက အသင့္ေစာင့္ႀကိဳေနသည္.။ Krist ၏ ဆိုင္ ၀င္ေငြႏွင့္ ၀ယ္ရင္ေတာင္ ပိုက္ဆံ နည္းနည္းထပ္စုရမည့္ ကားကို ခဏေလးႏွင့္ ၀ယ္ေပးႏိုင္သည့္ Singto ၏ ႀကြယ္၀မႈကိုေတာ့ျဖင့္ လက္ဖ်ားခါရပါသည္.။

ဒါနဲ႕ ဒီကားက တကယ္ပဲ သူ႕အတြက္လား ။

ခ်က္ခ်င္းပင္ ဖုန္းျပန္ထုတ္ကာ message ပို႕လိုက္သည္.။

^^ ကားက တကယ္ပဲ ကြ်န္ေတာ့္အတြက္လား ^^

Sent ျဖစ္သြားေသာ message ေလးကိုႀကည့္ရင္း ဘာထပ္ပို႕ရမည္ကုိ Krist စဥ္းစားေနစဥ္ ေတာင္ခနဲ message ျပန္တက္လာသည္.။

// Aim ေျပာျပီးျပီ မလား . ဘာထပ္ေမးေနတာလဲ တာ၀န္ရွိလို႕လုပ္ေပးလိုက္တာ.။ဘာပဲျဖစ္ျဖစ္ ခုက မင္းက ငါ့ အိမ္ေထာင္ဖက္မလား.။ မကြာရွင္းခင္ မင္း ရသင့္တာေတြ အားလံုး ေပးမွာပါ.။//

^^ ေက်းဇူးပဲ လိုခ်င္တာေတြ ရွိရင္ ထပ္ေျပာမယ္ ^^

ခပ္ရြဲ႕ရြဲ႕ emoji သံုးကာ ပို႕ေပးတာႏွင့္ ခ်က္ခ်င္းပိတ္ျပီး ေဘာင္းဘီအိတ္ထဲ ျပန္ထည့္လုိက္သည္.။ကြာရွင္းဖုိ႕ စကားကို လူတိုင္းသိပ္ေျပာႀကတာပဲ.။ စိ္တ္ခ် ရတာ အကုန္ယူသြားမွာ.။

ကားတံခါးကို ၀ုန္းခနဲဆြဲဖြင့္ျပီးမွ ခါးက နည္းနည္းနာေတာ့ အသာဖိကိုင္လိုက္ရမိသည္.။ ဒဏ္ရာရွိေနတာကို ေမ့သြားတာပဲ.။ ကားထဲ အသာ၀င္ကာ စက္ႏိုးျပီး ျဖည္းျဖည္းခ်င္း လွိမ့္ထြက္လာလိုက္သည္.။ စံအိမ္၏ ၀န္းတံခါးႀကီးက အသင့္ဖြင့္ထား ေပး၏။ ကားက ေမာင္းရတာကုိ ညိမ့္ညိမ့္ေညာင္းေညာင္းနဲ႕ သက္ေတာင့္သက္သာရွိလွေပသည္.။
သေဘာက်စြာျဖင့္ Krist ျပံဳးမိသည္.။

ဒါနဲ႕ Aim ခုနက ေျပာလိုက္တဲ့စကားက ရုတ္တရက္ ေခါင္းထဲ တုိး၀င္လာသည္.။ျပီးေတာ့  ရင္ထဲ ေႏြးေႏြးေလး စီး၀င္သြား၏။

မဂၤလာဦးလက္ေဆာင္တဲ့လား ???

# With heart
Just a Dreamer.

Unicode

အနည်းငယ်လူးလွန့်ပြီး နိုးလာတော့ Krist သက်တောင့်သက်သာရှိနေသည်။ ခါးဘေးက ဒဏ်ရာကိုစမ်းကြည့်တော့ ပတ်တီး စ တွေနှင့် သေချာစည်းနှောင်ထား၏။ ဘေးဘက်က ကုတင်ကိုစောင်းငဲ့ကြည့်မိတော့ သူ ကတော့ ရှိမနေပါ.။ စားပွဲခုံပေါ်တွင် ဖန်ခွက် နှင့် ဖိထားလေသော စာ၇ွက်လေးရှိနေသည်။

** အဆင်ပြေသလိုနေ..ငါ ရုံးသွားပြီ ***

ကုတင်ပေါ်က ဖြည်းဖြည်းဆင်းကာ နာရီကိုကြည့်လိုက်တော့ မနက် ရှစ်နာရီတိတိ.။အိုး……သူ အဲ့လောက်တောင် အိပ်ပျော် သွားတာလား ??? ဒဏ်ရာနှင့်မို့ ရေမချိူးတော့ဘဲ ခြေလက်သန့်စင်ကာ မျက်နှာသုတ်နေတုန်း တံခါးခေါက်သံထွက်ပေါ်လာသည်.။

“၀င်ခဲ့ပါ.။”

“သခင်လေး Krist ကို သခင်မကြီးကခေါ်ခိုင်းလိုက်လို့ပါ.။ဒီအထပ်ကဧည့်ခန်းမှာစောင့်နေပါတယ်ရှင်”

သူ ခေါင်းညိတ်ပြလိုက်တော့ ၀န်ထမ်းကောင်မလေး က ပြန်ထွက်သွားသည်.။Kristတို့  အ်ိပ်ခန်း ရှိရာ အပေါ်ဆုံးထပ်မှာပင်လျှင် ဧည့်ခန်းတစ်ခုက ရှိသေးတာမို့ ထွက်လာခဲ့လိုက်သည်.။

Prachaya စံအိမ်၏ အိမ်ကြီးရှင်သခင်မ သည် ဧည့်ခန်းတွင်ခြေချိတ်လျက် ခပ်မိန့်မိန့်ထိုင်နေသည်.။ ဘေးမှာတော့ Singto ရဲ့ ဒေါ်လေးဆိုလား.. တစ်ယောက်ထိုင်နေသည်.။ မနေ့ညနေပွဲကတည်းက သခင်မကြီးအပြင် ထိုသူတွေကပါ မျက်နှာထားတင်း နှင့် ခပ်တည်တည်ရှိလှသည်.။

“ကဲ ထိုင် !!! မနေ့ညက ဘာမှ မပြောဖြစ်လိုက်ဘူး.။ Sing ပင်ပန်းနေမှာစိုးလို့.”

Krist ထိုင်တာကို ခဏကြည့်နေပြီး မှ  သူမ က စကားဆက်သည်။

“ဒီကိုရောက်လာတာ မင်း အခြေအနေ မင်းသိပါတယ်နော်.။”

“ဟုတ်ကဲ့ အန်တီ ပြောချင်တာ ရှိရင်ပြောပါ.”

မျက်နှာက အနည်းငယ်ဖြူဖျော့နေသော်လည်း  krist ဆိုသည့်ထိုကောင်လေး၏ မျက်ဝန်းတို့ထဲတွင် ကြောက်ရွံ့ခြင်းဆိုသည် အလျဉ်းမရှိ.။

“ကောင်းပြီ.။ မင်း ဒီအိမ်မှာ သားရဲ့ တရားဝင်အိမ်ထောင်ဖက် အနေနဲ့ ရသင့်ရထိုက်တာတွေ. ခံစားခွင့်ရှိပေမယ့် ၀တ်ကျေတန်းကျေဆိုတာမျိူးပဲ ရှိလိမ့်မယ်.။ ငါ က မင်းကို သားမက်အဖြစ် လက်မခံတဲ့အတွက် င့ါဆီကဘာကိုမှတော့ ရမှာ မဟုတ်ဘူး.”

“ဟုတ်ကဲ့ ကျွန်တော်ကလည်း ဘာကိုမှ မမျှော်လင့်ထားပါဘူး အန်တီ့ဆီကနေ.”

Plon မျက်မှောင်အနည်းငယ်တော့ ကြုံ့သွားရသည်.။ သူမ ဆီက မမျှော်လင့်ဘူးဆိုတော့ ရာရာစစ….  ဘယ်သူ့ဆီက မျှော်လင့်ချင်နေတာလဲ.??

“ပြီးတော့ မင်း က သားကို သဘောကျလို့ပဲဖြစ်ဖြစ် ဘာရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်.ဒီလို ကပ်တွယ်တာကို မကြိုက်ဘူး .။ အချိန်တစ်ခုရောက်ရင် မင်း ကို မနစ်နာစေရအောင်ပေးပြီးကွာရှင်းပေးမှာပါ။”

“ကျွန်တော် လိုချင်တာပေးမှာလား ??စာချူပ်စာတမ်းနဲ့လေ.”

စကားအကမ်းအလှမ်းရှိလာသည်မို့ Plon မျက်လုံးအနည်းငယ်တောက်သွားသည်.။ထင်ပါတယ် လိုချင်တာရှိလို့ကို တွယ်ကပ်နေတာပဲကိုး.။

“သေချာတာပေါ့ မင်း ဘာကိုလိုချင်လဲ.??”

“Singto Prachaya ”

“ဘာ ??”

“ဟုတ်တယ် ကျွန်တော်ကွာရှင်းရမယ်ဆိုရင် လိုချင်တဲ့အရာက Singto ပဲ.။ သူ့ကို ပေးရင် ကျွန်တော် ကွာရှင်းစာချူပ်မှာ လက်မှတ်ထိုးပေးမှာပါ.”

Krist က မရယ်မပြုံးလေး ပြောနေပေမယ့် Plon စိတ်ထဲ လာကျီစယ်နေသည်ဟုထင်ကာ စိတ်ိဆိုးလာ ရသည်.။ကွာရှင်းစာချူပ်မှာ လက်မှတ်ထိုးပေးတယ်ဆိုသော်ငြား Sing ကို စာချူပ်စာတမ်းနဲ့ သူ့ကိုပြန်ပေးလိုက်ရမှတော့ ပြန်လက်ထပ်လိုက်တာနဲ့ ဘာကွာလို့တုန်း.။

“တောက် !!!! မင်း တော်တော်ဥာဏ်နီဥာဏ်နက် များတာပဲ ”

Plon ချက်ချင်းပင် ထထွက်သွားသည်.။သူမ နောက် က နောက်တော်ပါး ကောင်မလေး နှစ်ယောက်ကလည်းပြာပြာသလဲ လိုက်သွားသည်.။ခမ်းနားပါပေတယ် အိမ်မှာနေတဲ့ပုံစံက အစ.။

“မင်း ဒီအိမ်မှာ အခွင့်မရှိဘဲ ဘာမှ မလုပ်ရဘူးဆိုတာ ခေါင်းထဲထည့်ထားပါ.။ငါ က Sing ဦးလေး ရဲ့မိန်းမဆိုတော့ Sing ရဲ့ အဒေါ်ပဲပေါ့  ။ငါ့ စကားကိုလည်း မင်းနားထောင်ဖို့လိုတယ်”

Krist က ဘာမှမပြောသေးဘဲ ခပ်ဖြေးဖြေး ထိုင်ရာမှ ထလိုက်သည်.။ထို့နောက် ခပ်လှောင်လှောင်လေးပြုံး၏။

“အန်တီက Sing ဦးလေး ရဲ့ မ်ိန်းမ လား?? အဲ့တော့ ပြောရမယ်ဆိုရင်တောင် အန်တီက ကျွန်တော့်စကားကို နားထောင်၇မှာ မဟုတ်ဘူးလား.။လက်ရှိ သခင်မကြီးကလွဲလို့ စံအိမ်ရဲ့ အရှင်သခင်က Singto ဆိုရင် ကျွန်တော်ကသူ့ကြင်ယာဘက်ပဲ.”

ချက်ချင်းပက်ခနဲပြနပြောလာမည် မထင်ထား၍ ကတော် Rom  ပါးစပ်အဟောင်းသားနဲ့ ဘာပြန်ပြောရမှန်းမသိ.။

“ပြီးတော့ ကျွန်တော့်ကို ဘယ်သူကမှ အမိန့်ပေးလို့မရဘူး။ ကိုယ်တိုင် စိတ်ဝင်စားရင် နားထောင်မယ် .စိတ်မ၀င်စားရင် လှည့်ုကိုမကြည့်ဘူး.။ အစကတည်းက ကျွန်တော်က ဘယ်သူ့ကိုမှ ဂရုစိုက်ခဲ့တာမဟုတ်ဘူး.”

ဒေါသတွေ တနင့်တပိုးနှင့် အမျိူးသမီးကို ထားခဲ့ကာ Krist အရင်ထွက်လာခဲ့သည်.။ ဒဏ်ရာက အနည်းငယ်နာချင်နေပါသည် ဆိုမှ သူတို့က ဘာတွေလာပြောကြမှန်းမသိ.။ စိတ်ကရှုပ်လာသည်.။ရုတ်တရက် ဘောင်းဘီအိတ်ထဲထည့်ထားသည့် ဖုန်းက မြည်လာသောကြောင့် လှေကားပေါ်ကဆင်းရင်းနှင့်ပင် ကိုင်လိုက်သည်.။

** sawedee krup ပါ Krist . ခု စံအိမ်မှာပဲလားခင်ဗျ**

## ဟုတ်ကဲ့ ကျွန်တော် ခုပဲ အပြင်သွားမလို့ပါ Aim##

** အဲ့ဒါဆို အဆင်ပြောတာပေါ့.။ အိမ်အောက်မှာ ခဲရောင်ကားတစ်စီး သော့တပ်ထားပြီးသား အသင့်ရှိပါလိမ့်မယ် Krsit.။ အဲ့ဒါ Krsit အတွက် မင်္ဂလာဦးလက်ဆောင်ပါခင်ဗျ..***

## ဗျာ.. အဲ့ Aim က ပေးတာလား ###

** ဟာ မဟုတ်တာဗျာ. ကျွန်တော် လစာအများကြီးရတယ်ဆိုရင်တောင် အဲ့လောက်တော့ မချမ်းသာပါဘူးဗျ. MD စီစဉ်ပေးတာပါ.***

Aim နှင့် ဖုန်းပြောတာ အဆုံးသတ်လိုက်ပြီးနောက် စံအိမ်တော်၏ ဆင်ဝင်ရှေ့တွင် တန်ဖိုးကြီးတံဆိပ်နှင့် ခဲရောင်ကားက အသင့်စောင့်ကြိုနေသည်.။ Krist ၏ ဆိုင် ၀င်ငွေနှင့် ၀ယ်ရင်တောင် ပိုက်ဆံ နည်းနည်းထပ်စုရမည့် ကားကို ခဏလေးနှင့် ၀ယ်ပေးနိုင်သည့် Singto ၏ ကြွယ်ဝမှုကိုတော့ဖြင့် လက်ဖျားခါရပါသည်.။

ဒါနဲ့ ဒီကားက တကယ်ပဲ သူ့အတွက်လား ။

ချက်ချင်းပင် ဖုန်းပြန်ထုတ်ကာ message ပို့လိုက်သည်.။

^^ ကားက တကယ်ပဲ ကျွန်တော့်အတွက်လား ^^

Sent ဖြစ်သွားသော message လေးကိုကြည့်ရင်း ဘာထပ်ပို့ရမည်ကို Krist စဉ်းစားနေစဉ် တောင်ခနဲ message ပြန်တက်လာသည်.။

// Aim ပြောပြီးပြီ မလား . ဘာထပ်မေးနေတာလဲ တာဝန်ရှိလို့လုပ်ပေးလိုက်တာ.။ဘာပဲဖြစ်ဖြစ် ခုက မင်းက ငါ့ အိမ်ထောင်ဖက်မလား.။ မကွာရှင်းခင် မင်း ရသင့်တာတွေ အားလုံး ပေးမှာပါ.။//

^^ ကျေးဇူးပဲ လိုချင်တာတွေ ရှိရင် ထပ်ပြောမယ် ^^

ခပ်ရွဲ့ရွဲ့ emoji သုံးကာ ပို့ပေးတာနှင့် ချက်ချင်းပိတ်ပြီး ဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်သည်.။ကွာရှင်းဖို့ စကားကို လူတိုင်းသိပ်ပြောကြတာပဲ.။ စ်ိတ်ချ ရတာ အကုန်ယူသွားမှာ.။

ကားတံခါးကို ၀ုန်းခနဲဆွဲဖွင့်ပြီးမှ ခါးက နည်းနည်းနာတော့ အသာဖိကိုင်လိုက်ရမိသည်.။ ဒဏ်ရာရှိနေတာကို မေ့သွားတာပဲ.။ ကားထဲ အသာဝင်ကာ စက်နိုးပြီး ဖြည်းဖြည်းချင်း လှိမ့်ထွက်လာလိုက်သည်.။ စံအိမ်၏ ၀န်းတံခါးကြီးက အသင့်ဖွင့်ထား ပေး၏။ ကားက မောင်းရတာကို ညိမ့်ညိမ့်ညောင်းညောင်းနဲ့ သက်တောင့်သက်သာရှိလှပေသည်.။
သဘောကျစွာဖြင့် Krist ပြုံးမိသည်.။

ဒါနဲ့ Aim ခုနက ပြောလိုက်တဲ့စကားက ရုတ်တရက် ခေါင်းထဲ တိုးဝင်လာသည်.။ပြီးတော့  ရင်ထဲ နွေးနွေးလေး စီးဝင်သွား၏။

မင်္ဂလာဦးလက်ဆောင်တဲ့လား ???

# With heart
Just a Dreamer.

Continue Reading

You'll Also Like

45.6K 4.4K 18
ကြိုက်နှစ်သက်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဖတ်ကြည့်ပေးပါနော်❤️
56.7K 4.1K 8
zaw gyi version Shuu~~~ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ရဲ႕ခ်စ္ရသူ ပိစိေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဖတ္ေပးၾကမယ္ ဟုတ္? အခုမွ fic စေရးမွာဆိုေတာ့ အားေပးၾကပါခင္ဗ်...
220K 18.4K 60
Start Date-1/12/2021 End Date-4/4/2022 Rebirthေလးပါ 1900ေခတ္ပိုင္းကို စိတ္ကူးယဥ္ေရးဖြဲ႔ထားတာပါ ေနရာေဒသ အသံုးအေဆာင္ အသံုးအႏႈန္းမ်ားသည္ ယဥ္ေလးရဲ႕စိတ္ကူ...
73.4K 9.9K 9
ခ်န္းေယာလ္ - ဘတ္ဟြ်န္းနီး