Idiot Seme

By chittulay

68.3K 4.9K 646

My first fic Birthday present for you @mamachittu နားမလည်၇င် ၂ခါပြန်ဖတ် ဒါမှ နားမလည်သေး၇င် အထပ်ထပ်အခါခါဖတ်... More

Idiot Seme 1
Please
Idiot Seme 2
Idiot Seme 3
Idiot Seme 4
Idiot Seme 5
Idiot Seme 6
Idiot Seme 7
Idiot Seme 8&9
Idiot Seme 10&11
Idiot Seme 12 to 15
Idiot Seme 16-17
Idiot Seme 18-19
Happy Birthday &Idiot Seme 20-21
Idiot Seme 22-23 & Happy Birthday
Idiot Seme 24-25
Idiot Seme 26-27
Idiot Seme 28-29
Idiot Seme 30-31
Idiot Seme 32-33
白痴也做攻 မူ၇င်း
Idiot Seme 36-37
Idiot Seme 38-39
Idiot Seme 40-41
Idiot Seme 😂😂😂😂
Idiot Seme 42-43
Sorry for update
Idiot Seme 44
Idiot Seme 45-46-47
Just Birthday Gift
😝ဆင်တုတ်ကွေး ချစ်သူများအတွက် 😝
Idiot Seme 47 ဆက် 😂

Idiot Seme 34-35

1.7K 178 32
By chittulay

တောင်အောက်ေ၇ာက်တော့ ယွမ်ဆွေဖုန်း လက်ထဲ အ၀တ်သစ်ဝယ်ဖို့ ပိုက်ဆံမ၇ှိဘူး ဖြစ်နေတယ်။

ကျောက်ယွင်ချီ ကတော့ ဘာမှထွေထွေထူးထူး တွေးပူမနေဘူး။ အဲ့ဒီ အစား ယွမ်ဆွေဖုန်း ၇ဲ့ မျက်နှာ သွေးေ၇ာင်လွှမ်းလာပြီး ကြည့်ကောင်းလာတာကိုပဲ သူကြည့်၇င်း ပျော်နေ၇ှာတယ်။ နောက်ပြီး ဈေးထဲလည်နေ၇တော့ ပျော်၇ွှင်နေပြီး စိတ်လှုပ်၇ှား လွန်းစွာ ယွမ်ဆွေဖုန်း ကို ပွေ့ထားပြီး ခပ်သွက်သွက် လှမ်းသွားနေတယ်။ သူ့အတွေးထဲ အပြည့် နေ၇ာယူနေတာကတော့ ကျောက်ယိလီ ကိုအမြန်ဆုံး၇ှာတွေ့ဖို့ပဲ။ ဒါမှသာ ယန်းလေးပေါင် ကို ပြန်ပြီး အမြန်ဆုံး ယွမ်ဆွေဖုန်း နဲ့ စေ့စပ်နိုင်မှာ....

စေ့စပ်တယ်??? 😧

ယွမ်ဆွေဖုန်း ၇ဲ့ မျက်နှာ က တင်းမာသွားပြီး မြေကြီးကို ပေါက်ထွက်မတတ် ကြည့်နေတယ်။ နောက် ကျောက်ယွင်ချီ ၇ဲ့ ပေါက်တတ်က၇ ကပေါက်တိကပေါက်ချာ ပြောနေသမျှကိုလည်း မကြားသလို လစ်လျူ၇ှုထားလိုက်တယ်။

ဒီအခုအချိန်မှာသူ့၇ဲ့ ခန္တာကအားနည်း နေပေမယ့်လဲ သူ့ေ၇ှ့က သိုင်းအကျော်အမော် လအဆ၇ာကြီး ၇ှိနေသေးလို့ တော်သေးတယ် ပြော၇မယ်။

ယွမ်ဆွေဖုန်း တချက်တွေးလိုက်ပြီး လမ်းသွားလမ်းလာ တယောက်ကို အဆိုးဆုံး၊ အကြမ်းဆုံး၊ ရိုင်းစိုင်းပြီး အ၇က်စက်ဆုံး အ၇ှင်သခင် ဘယ်မှာနေလဲဆိုပြီး မေးလိုက်တယ်။ စိတ်ထဲမှာ ဒီလအကို ပညာပေးဖို့နဲ့ ငွေ၇ဖို့လဲ တွက်ချက်လိုက်၇င်းပေါ့။

ညနက်လာတဲ့အချိန်မှာ ယွမ်ဆွေဖုန်း ကျောက်ယွင်ချီ ကို သူလမ်းသွားကို မေးလို့ ၇လာခဲ့တဲ့ ၇က်စက်ကြမ်းကြုတ်တယ်လို့ နာမည်ကြီး တဲ့ တုအိမ်တော် ဆီကို ဆွဲခေါ်သွားလေတယ်။ နောက် ကျောက်ယွင်ချီ ၇ဲ့ မျက်နှာကို အုပ်စေပြီး အိမ်တော်ထဲဝင်ကာ ငွေစသွားယူဖို့ ခိုင်းလိုက်လေတယ်။

ဒီ၇က်ပိုင်းတွေက အမြဲလိုလို တတွဲတွဲ၇ှိနေတော့ ကျောက်ယွင်ချီ ၇ဲ့ စိတ်ကို ယွမ်ဆွေဖုန်း ဖတ်တတ်နေပြီ။ ဒါကြောင့်ပဲ 'တုအိမ်တော်က လူတွေက ငွေချေးပြီး ပြန်မပေးဘူး....နောက် အိမ်တော်ထဲမှာလဲ သားငါး အစုံ၇ှိတယ်... ပြီးတော့ သူတို့ တွေဟာ ရွာသူ ၇ွာသားတွေအပေါ် အနိုင်ကျင့် ဆိုးသွမ်း နိုင်စားတယ်.... '    စသည်တို့ လိမ်ညာပြောဆိုလိုက်၇င်း အိမ်တော်ကငွေတွေ လုယူခိုင်းလိုက်တယ်။

ကျောက်ယွင်ချီ က ယွမ်ဆွေဖုန်း ခိုင်းသမျှ စိတ်ဝင်တစား နားထောင်၇င်း ခိုင်းသမျှ ကိုလည်း တသွေမတိမ်း လုပ်ဆောင်လေတယ်။ မျက်နှာအုပ်ကာ အိမ်တော်ထဲ ၀င်သွားပြီး အိမ်တော်ထဲ ၀င်မွှေလေတယ်။ ခိုးကြောင် ခိုးဝှက် မဟုတ်ဘဲ ပေါ်တင် ၇ှာယူနေတော့ တုတအိမ်တော်လုံးကို ပွက်လော၇ိုက်ကာ ဆူညံစေလေ၇ဲ့။ အစောင့်တွေက သူကို တိုက်ခိုက်ပေမယ့် သူကတော့ မှုမနေဘူး။ နေ၇ာအနှံ့ သူမွှေနေပြီး သူလိုချင်တဲ့ ငွေစတွေလဲ တွေ့ေ၇ာ တဟားဟား အော်၇ယ်ပြီး ငွေစတွေ ကိုသိမ်ကြုံးယူကာ အိမ်တော်ထဲမှ ထွက်ခွာသွားတော့တယ်။

ကျောက်ယွင်ချီ ယူလာသမျှ ငွေစတွေကို ယွမ်ဆွေဖုန်းေ၇တွက်မနေဘဲ ငွေအစ အနည်းငယ် ကိုသာ လက်တဖက်နဲ့ လှမ်းယူလိုက်တယ်။ နောက် ပိတ်ထားတဲ့ အပ်ချုပ်ဆိုင်ကို တံခါးခေါက်ကာ ဖွင့်ခိုင်းပြီး သူနဲ့ ကျောက်ယွင်ချီ အတွက် အထည်အနည်းငယ် ၀ယ်ယူလိုက်တယ်။

ငွေ၇ှင်းတဲ့အချိန်မှာ ယွမ်ဆွေဖုန်း သူ့၇င်ထဲက ၇ှက်စိတ်တွေကို တားဆီးမ၇နိုင်တော့ဘဲ မျက်နှာကနီလာတယ်။ သူ့လို ထျန်း၇ွှမ်း လူအို၇ဲ့ အတော်ဆုံးတပည့် ၊ ၀ူလင်အကျော်အမော်၊ သိုင်းလောက၇ဲ့ ဂုဏ်သတင်း မှာလဲ ပထမတန်းစား ကျော်ကြားတဲ့ သူက အခုတော့ လအတစ်ယောက်ကို အမှီပြုပြီး လအတယောက် ၇ှာထားတဲ့ငွေတွေကို သုံးစွဲနေ၇တဲ့ အဆင့်ေ၇ာက်နေ၇တယ်။ သူ ဘယ်လောက်တောင် ကျဆုံးနေတာလဲ???? ဒါ တကယ့်ကို ၇ှက်စ၇ာ ပဲ ။

ကျောက်ယွင်ချီ ကတော့ ယွမ်ဆွေဖုန်း ၇ဲ့ စိတ်အခြေနေကို မဖတ်တတ်ဘူး။ ဒါပေမယ့် သူချစ်တဲ့သူက ဘာလို့ မျက်နှာတွေ နီနေ၇ပြန်လဲ သူတွေးမထွက်ပြန်ဘူး။ ဒါပေမယ့် ဒီအ၇ာကပဲ သူချစ်တဲ့သူကို ပိုပြီး ကျက်သေ၇ ၇ှိစေ၊ တင့်တယ် စေပြန်တယ်။ ဒါကြောင့်ပဲ ဘေးကနေပြီး ယွမ်ဆွေဖုန်း ကို နှုတ်ခမ်းလေးကိုက်ကာ ခိုးခိုးကြည့်နေပြန်တယ်။ သူ့၇ဲ့ အတွေးတွေကလဲေ၇ာက်တတ်၇ာ၇ာဖြစ်နေပြီး သူ့ကို ပိုပျော်စေပြန်သေး၇ဲ့။

"သွား၇အောင်... " ယွမ်ဆွေဖုန်း ပြောကာ ခေါင်းငြိမ့်လိုက်တော့

"ေ၇ှာင်ယွမ်... ငါတို့ေ၇ှ့မှာ စားသောက်ပြီးမှ ပြန်၇အောင် လေ 😋" ကျောက်ယွင်ချီ အ၇ိပ်အကဲ မသိတတ်စွာ ပူဆာတယ်။

"မစားဘူး.... 😒"   သူ လအတယောက်ပေါ်မှီခို၇ အ၇ှက်ကွဲ ၇တာ ထပ်မဖြစ်ချင်ဘူး။

"နင်ေ၇မဆာဘူးလား.... ဒါဆို၇င် ငါတို့.....! "

"မဆာဘူး.... 😣"

"ငါက နင့်ကို မြန်မြန်လေး ပြန်ကျန်းမာ စေချင်လို့ပါ.. နောက် ငါတို့ လီအယ် ကို မြန်မြန် ၇ှာပြီး ...😌"

"မကောင်းဘူး....!!! "
ပြော၇င်း ယွမ်ဆွေဖုန်း တွေဝေသွားတယ်။ သူက ကျောက်ယွင်ချီ ပြောသမျှကို ကန့်လန့်တိုက် နေတာလေ။ ဒီလအက သောက်စား ပျော်ပါးပြီး ပေါက်တတ်က၇ တွေပဲ လုပ်တတ်တယ် ထင်နေတာ ။ တွေးမထားမိတာက ဒီလို ကိစ္စကြီးတွေလဲ သူတွေးတတ်သေးတယ်ပေါ့။

"ငါတို့ လီအယ် ကို ၇ှာတွေ့ပြီးနောက် မြန်မြန် ပြန်ပြီး စေ့စပ် ၇အောင်လေ..... ဘယ်လိုလဲ ဒီအကြံမကောင်းဘူးလား?? 😌"

ယွမ်ဆွေဖုန်း တွေးလို့မဆုံးသေးဘူး ဆက်ပြောလာတဲ့ ယွင်ချီ၇ဲ့ စကားကြောင့် ဒေါသက ၂ဆပိုလာတယ်။ အစက သူ့ကို လိုက်လျောပြီး ကောင်းပြီ ပြောဖို့ ပြင်ထားပေမယ့် စကားဆုံးအောင်လဲ နားထောင်ပြီးေ၇ာ တကိုယ်လုံး ချွေးစေးပြန်ပြီး ဒေါသထွက်လွန်းလို့ ကျောက်ယွင်ချီ ကိုတောင် သတ်ပစ်လိုက်ချင်တော့တယ်။ ဒါမှမဟုတ် ၇င်တော့ ဒီအ၇ူးက ဒီ့ထက် ပိုပို ပြီး ၇ဲတင်းလာ၊ စိတ်ကြီးဝင်လာ နေနိုင်တယ်။

ယွမ်ဆွေဖုန်း အတွေးလွန်နေတာ မြင်၇တော့ တောင်ပေါ်မှာ တုန်းကလိုပဲ ယွမ်ဆွေဖုန်း ကို ပွေ့ချီပြီး လမ်းလျှောက်ဖို့ လက်လှမ်းလိုက်တယ်။ ဒါပေမဲ့ အခုအချိန်မှာ ယွမ်ဆွေဖုန်း ၇ဲ့ခွန်အားက သာမာန်လူတွေနဲ့ မခြားဘူး။ နောက် ဈေးထဲ ဆိုတော့ကာ ဒီလိုအခွင့်အေ၇းကို ယွမ်ဆွေဖုန်း ကို ပေးဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ???
သူကကျောက်ယွင်ချီ၇ဲ့ လက်ကို ခပ်ကြမ်းကြမ်းပဲ ပုတ်ထုတ်လိုက်ပြီး ခြေလှမ်း ကျဲကျဲနဲ့ေ၇ှ့ကနေ ဦးဆောင် လျှောက်သွားလိုက်တယ်။ သူ့၇ဲ့ ဒီအပြုအမူက ယွမ်ဆွေဖုန်း ကို တခဏအတွင်းမှာပဲ စိတ်အလိုမကျ ဖြစ်စေပြီး နောက်တော့ မျက်နှာ ဆူပုတ်ပုတ်နဲ့ ဆိတ်ဆိတ်ငြိမ်ငြိမ်ပဲ ယွမ်ဆွေဖုန်း နောက် လိုက်သွားတော့တယ်။

လမ်းလျှောက်တာ ၁နာ၇ီ ကျော်လဲကြပြီးတဲ့ နောက်မှာတော့ သူ့တကိုယ်လုံးက အားတွေက ယုတ်လျော့လာပြီးတော့ သူ့၇ဲ့ သိုင်းပညာနဲ့ အတွင်းအား တွေက ယူပစ်လိုက်သလို လျော့နည်းသွားသလို ခံစားလိုက်၇တယ်။

နောက်ထပ် ဘယ်နှစ်လှမ်းမှတောင် မလှမ်းလိုက်၇သေးဘူး သူ လမ်းမလျောက်နိုင်လောက်အောင်ကို အားလျော့လာလို့ အနီးဆုံး ဆိုင်တဆိုင် ၇ှာပြီး နားလိုက်၇တယ်။ အခုဆို သူ့ကိုယ်ပေါ်က အထည်ကလဲ ချွေးတွေကြောင့် စုတ်ပြတ်သတ်နေပြီ ။ တောင်ပေါ်က ဆင်းလာကတည်းကေ၇ချိုးဖို့ဆို ပြောမနေပါနဲ့တော့။

ယွမ်ဆွေဖုန်း က အသန့်ကြိုက်တဲ့ သူ။ တ၇က် မသန့်၇ှင်းပဲ နေ၇၇င်ကို တောင် နေ၇ခက်ပြီး မနေတတ် မထိုင်တတ် ဖြစ်နေပြီ။ ဒါပေမဲ့ သူသေ၇င်တောင်မှ ကျောက်ယွင်ချီ သူ့ကျောတိုက်ပေးမှာ မလိုလားဘူး။ သူ ခွင့်မပြု၇င် တောင်မှ သူမကြိုက်တာတွေ ဆက်တိုက်လုပ်နေတာ သူများ ခွင့်ပြုခဲ့မယ်ဆို၇င် ဒီ့ထက်ပိုပြီး ဘာများ သူ့အပေါ် ထူးဆန်းတဲ့ အပြုအမှုတွေ လုပ်လာနိုင်မလဲ ဆိုတာ သူမတွေး၇ဲဘူး။

ဒီလို ကိစ္စတွေကို ယွမ်ဆွေဖုန်း အကြိမ်တထောင်တောင် ခွင့်မပြု၊ အကြိမ် တသောင်းလောက် သူမနှစ်သက်ဘူး။

သူ့၇ဲ့ ကိုယ်ကို သန့်၇ှင်းဖို့အတွက် သူ့ကိုေ၇ချိုးစည်ပိုင်းထဲ ထည့်ပေးဖို့ ကျောက်ယွင်ချီ ကို စေခိုင်းလေတယ်။ နောက်ပြီး မျက်နှာ ခပ်တင်းတင်းနဲ့ပဲ ကျောက်ယွင်ချီ ကိုေ၇နွေး ၂ဇလုံလောက် ထပ်သွားတောင်း ခိုင်းလိုက်ပြန်တယ်။

သူဒီလို ခပ်တင်းတင်း မျက်နှာထားနဲ့ ခိုင်းနေ၇တာက ကျောက်ယွင်ချီ ကို သူ့၇ဲ့ အစေခံလို သဘောထားလို့ တော့မဟုတ်ဘူး။ တစ်အချက်က သူအားမ၇ှိပေမယ့် သူ့ကိုယ်ကို သူသန့်၇ှင်းချင်နေတယ်။ နှစ်အချက်က ဒီလအ သူ့၇ဲ့ အ၀တ်မကပ်တဲ့ အစိတ်အပိုင်းတွေကို သူမပြောပြနိုင်တဲ့အကြည့်တွေ သူ မနှစ်သက်တဲ့ အကြည့်တွေ နဲ့ ကြည့်နေတာကိုေ၇ှာင်ချင်လို့ပဲ။

အမ် 🤔! သူ ကဘာလို့ ဒီလူနုံ၇ဲ့ မျက်ဝန်းတွေကို ဂ၇ုစိုက်နေမိပါလိမ့်!!!? 🤔🙄

ကျောက်ယွင်ချီ ကတော့ဘာကိုမှ တွေးမနေမိဘဲ ဆွေဖုန်ကို သူကူနေ၇တာကိုပဲ ပျော်နေပုံပဲ။ ဆွေဖုန်း ခိုင်းတာေ၇ငင်ခိုင်းတာပဲ ဖြစ်ဖြစ် ၊ အ၀တ်ကမ်းပေး၊ ပုဝါ ကမ်းပေးတာဖြစ်ဖြစ် သူလုပ်ပေးသမျှတိုင်းက စိတ်ပါ လက်ပါ ပျော်ပျော်၇ွှင်၇ွှင်ပဲ။ သူက ကြည့်၇တာ ချစ်ဖို့ကောင်းတဲ့ ကလေးတယောက်လို ပြုံးလိုက်တိုင်း မျက်လုံးလေးတွေက ပိတ်ကျသွားပြီး မျဉ်းတကြောင်းတည်းအဖြစ် ပေါ်လာတယ်။ ကျောက်ယွင်ချီ ၇ဲ့ လိမ်လိမ်မာမာနဲ့ စကားနားထောင်တတ်တဲ့ ကျိုးနွံတဲ့ အစေခံပုံစံက ဘယ်လိုပဲပြောပြော သူနဲ့ အသားမကျသေးဘူး။ သူ အထင်သေးနေဆဲပဲ။

ဒါပေမယ့် သူက ကျောက်ယွင်ချီ ၇ဲ့ အပြုအမူတွေနဲ့ သူ့၇ဲ့ ဆွေဖုန်း အပေါ် အရူးအမူး ဖြစ်ခြင်းတွေကို တဖြည်းဖြည်း နဲ့ လက်ခံမှန်းမသိ လက်ခံလာနေမှန်းကို သူတအံ့တဩ ခံစားမိနေတယ်။
ဒါပေမယ့် ဒီလိုမျိုး အထက်တန်းလွှကာ ငအသခင်လေး မြင်၇သလိုမျိုး အခြားသူများက သူ့ကိုယ်ကို တွေ့၇ှိမှာကိုတော့ အမှန်တကယ် သူမလိုလားဘူး။ ပြီးတော့ ဒီလအသခင်လေးက သူ့စကားတခွန်း၇ဲ့ အမိန့်အောက်မှာ မငြိုမငြင်ဘဲ လျှင်မြန်စွာ ဖြည့်ဆည်းပေးမယ်လို့လဲ သူမထင်ထားခဲ့ဘူး။

ကျောက်ယွင်ချီ ခပ်လာတဲ့ေ၇ပူတွေကေ၇ချိုးဇလုံထဲ သွန်ထည့်လို့လို့ လျှံကျ စင်ကျလာတဲ့ေ၇စက်တွေဟာ ကျောက်ယွင်ချီ ၇ဲ့ မျက်နှာနဲ့ မျက်လုံး တွေထဲ ၀င်သွားပေမယ့်လည်း ယွင်ချီ က လုံးဝကို ဂ၇ုစိုက်မနေဘူး။ အဲ့ဒီ အစား စိုစွတ်သွားတဲ့ နေ၇ာတွေကို သူ့အင်္ကျီလက်လေးနဲ့ ပွတ်သုတ်လိုက်ပြီး တဟားဟား အော်၇ယ်ပြီး ယွမ်ဆွေဖုန်း ၇ဲ့ နှုတ်က နောက်ထပ် ထွက်လာမယ့် အမိန့်တွေကို ဘေးမှာ၇ပ်၇င်း စောင့်နေလိုက်တယ်။

ယွမ်ဆွေဖုန်း ၇ဲ့ အမြင်မှာ ဒီအပြုံးဟာ သူ့ကို ဖားတဲ့ အပြုံးမှန်း သိနေပေမယ့်လဲ ဒီအပြုံးတွေက သူ့၇ဲ့ ၇င်ထဲက လာမှန်းလဲ သိသာစေပြန်တယ်။ ဒီအပြုံးက အ၇မ်းတန်ဖိုး၇ှိ အားတက်စေမှန်း သူနားလည်တယ်။

ဘာနဲ့ အလားသဏ္ဌာန်တူသလဲ ဆို၇င် ကလေးတယောက်က သူအ၇မ်းချစ်ခင် သဘောကျနေတဲ့ သူတယောက်အပေါ်မှာ စိတ်နှစ်ကိုယ်နှစ် ထားတဲ့ အပြုအမှုတွေ လိုပဲ။ ပြီးတော့ သူ့၇ဲ့ ဒီအပြုအမူတွေကြောင့် ပဲ သူက တခြားသူဖက်က အသိအမှတ်ပြုမှုနဲ့ အပြုံးတွေ ကို ၇ယူနေချင်သေးတယ်။

ယွမ်ဆွေဖုန်း မျက်လွှာချ၇င်း တွေးနေမိတာက သူ ဘာတွေများ သူ့အပေါ် ကောင်းခဲ့ဖူးလို့လဲ???

ဘာလို့ ဒီလအသခင်လေးက သူ့အပေါ် စိတ်တုံးတုံးချ အသည်းအသန် တသတ်မှတ်တည်း ဖြစ်နေ၇တာလဲ???

ဒီအခု ကျောက်ယွင်ချီ ၇ဲ့ ဥာဏ်ပညာနဲ့ ဆို၇င် သူက 'မိန်းမယူတယ်.. ' ဆိုတာ ဘာကို၇ည်၇ွယ်တဲ့ အဓိပ္ပာယ် မှန်းမသိပေမယ့်လဲ သူ့၇ဲ့ နှုတ်ကတော့ အချိန်ပြည့်   ဘာတဲ့ ချစ်ဇနီးလေး..... ချစ်မယားလေးနဲ့ 😷

ဒါ လုံးဝ သည်းခံ နိုင်ဖွယ်မ၇ှိဘူး။

ကျောက်ယွင်ချီ က ယွမ်ဆွေဖုန်းေ၇ချိုးနေတဲ့ စည်ပိုင်းေ၇ှ့ေ၇ာက်လာပြီး ဒူးထောက်လိုက်ကာ သူ့မျက်ဝန်းအစုံက မျက်တောင် မခပ်စတမ်းေ၇ချိုးဇလုံထဲ ကလူကို ၇ွှန်း၇ွှန်းဝေ အကြည့်တွေ နဲ့ ငေးငိုင်ပြီး ကြည့်နေတယ်။

"ဘာလုပ်တာလဲ... 😡"
ယွမ်ဆွေဖုန်း မျက်နှာက ၇ှက်စိတ်ကြောင့် ၇ဲခနဲ ပူသွားတယ်။ သူ့အပြုအမူကို ထိန်းဖို့ မသိလိုက်စွာပဲ စိတ်ထဲ၇ှိသလို ခက်ထန်စွာ ကျောက်ယွင်ချီ ကို အော်ငေါက်လိုက်တယ်။

"ေ၇ှာင်ယွမ်.... 😟"

"သွားစမ်း..... 😠"
ယွမ်ဆွေဖုန်း ကျောက်ယွင်ချီ ကိုကြည့်ပြီး စိတ်ထဲ မသိုးမသန့်သလို ခံစား၇လို့ ယွင်ချီ စကားပြော မပြီးခင်မှာဘဲ မျက်နှာပူစွာ ခေါင်းငုံ့ပြီး ဟောက်ကာ စကားစဖြတ်လိုက်တယ်။

ပြောပြီး မျက်လွှာလေးလှန်ကာ ကြည့်လိုက်ပြန်တော့ ယွင်ချီက သူ့၇ဲ့ အော်ငေါက်မှုကြောင့် မျက်နှာငယ်လေး ဖြစ်သွားတာကိုလဲ မြင်ေ၇ာ ပြောလက်စ စကားတွေ တန့်သွားကာ သူ့၇င်ထဲ မှာလဲ ၇ုတ်တ၇က် အနည်းငယ် နူးညံ့ သွားတယ်။ စိတ် ကနူးညံ့မှုနဲ့အတူ နှုတ်ကလည်း....

"အဟမ်း..... ဟို..... ဟို... ငါ့ကို အိပ်ယာခင်းပေးဦး..... ခင်းကော ခင်းတတ်၇ဲ့လား?? 🙁"

"😊တတ်တယ်.... တတ်တယ်....!! " ကျောက်ယွင်ချီ က ချက်ချင်းပဲ ၀မ်းပမ်းတသာနဲ့ေ၇ချိုးခန်းအပြင်ကို ပြေးထွက်သွားပြီး ယွမ်ဆွေဖုန်း အတွက် အိပ်ယာခင်းပေးနေတယ်။ ခင်းလို့  ပြီးလည်းပြီးေ၇ာ ပျော်၇ွှင်စွာနဲ့ အိပ်ယာပေါ် လူးလိမ့်နေသေး၇ဲ့။

ယွမ်ဆွေဖုန်းေ၇ချိုးခန်းထဲကနေ မြင်၇တဲူ့ကျောက်ယွင်ချီ လည်းမြင်ေ၇ာ ကို အိပ်ယာခင်းခိုင်း လိုက်မိတာကို နောင်တ၇နေမိတယ်။ ကျောက်ယွင်ချီ ၇ဲ့ ယခုအသိတ၇ား အ၇ွယ်က ဒီလို အိပ်ယာပေါ် မှာကစား၇တာကို ကျေနပ်နိုင်တာ သိ၇က်နဲ့ ဘာလို့များ ဒီအမှားကို သူပြုမိပါလိမ့်??

ယွမ်ဆွေဖုန်းေ၇စိမ်နေတာ တနာ၇ီကျော် ကြာမှပြီးတယ်။ နောက် ကိုယ်လက်လှုပ်၇ှားမှုပြုပြီး သူ့၇ဲ့ အဆိပ်တွေကို ထိန်းပြီးတဲ့အချိန်မှာ ညသန်းခေါင်တောင် ၇ှိနေပြီ။ ကျောက်ယွင်ချီ ကတော့ အချိန်တော်တော် ကြာတဲ့အထိ သူ့ကို ဂ၇ုစိုက်မယ့်သူ မ၇ှိလေတော့ သူက ကုတင်ပေါ် နေ၇ာအပြည့်ယူပြီး ဟောက်ကာ နှစ်နှစ်ခြိုက်ခြိုက် ကြီးကို အိပ်ပျော်နေလေပြီ။

ယွမ်ဆွေဖုန်း ကံမကောင်းလိုက်ပုံများကတော့ ဒီတည်းခိုခန်းလေးက သူတိ့အတွက် အခန်းကျယ်လေး တခန်းသာ ကျန်လေတယ်။ ပိုပြီးကံမကောင်းပုံက အခန်းထဲတွင် ကုတင်အကြီးလေး တလုံးသာ၇ှိလေ၇ဲ့။ ကျောက်ယွင်ချီ ကို ကန်ချပြီး နှိုးယူဖို့ ယွမ်ဆွေဖုန်း တွေးလိုက်သေးတယ်။

ဒါပေမယ့် လအသခင်လေး နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ မျက်နှာလဲတွေ့ေ၇ာ သူပြန်မတွေးချင်ပေမယ့်လည်း တောင်ပေါ်မှာ သူတို့အတူတကွ ၇န်သူတွေကို ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့တဲ့ ပုံ၇ိပ်တွေ က သူမျက်လုံးတွေထဲ အစီအရီ ပေါ်လာတယ်။ နောက် သူ့၇ဲ့ အဆိပ်တွေကို အတွင်းအားသုံးပြီး ဖိနှပ်ပေးပုံ ဒဏ်ရာ သက်သာအောင် ပြုလုပ်ပေးခဲ့ ပုံတွေ ကို တွေး၇င်း တွေး၇င်းနဲ့ ၇င်ထဲ အမျိုးအမည်မသိတဲ့ ခံစားမှုတွေ ဖြစ်ပေါ်လာတယ်။ ဒီကြားထဲ သူက မောပန်းစေတဲ့ အလုပ်တွေ ကိုလဲ မ၇ပ်မနား ခိုင်းခဲ့တော့ သူ ကျောက်ယွင်ချီ ကို ကုတင်ပေါ်က ကန်ချမယ့် အစီအစဉ်ကို ဖြတ်သိမ်းလိုက်ပြီး နောက် ကုတင်တဖက်စွန်းေ၇ာက်အောင်သာ ခပ်သာသာလေး ကန်တွန်းလိုက်တယ်။ နောက် သူကတော့ ဒီဖက် ကုတင်စွန်းမှာ သတိအနေအထားနဲ့ လှဲလျောင်းကာ အိပ်စက်လိုက်တယ်။

ဒီတခါတော့ ညနေ၃နာ၇ီလောက် ထိအောင်ကို ယွမ်ဆွေဖုန်း က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမိတယ်။

သူမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ သူ့၇ဲ့ နှာခေါင်း အောက်နားမှာ မြင်လိုက်၇တဲ့ မျက်နှာကြီးကိုလဲမြင်ေ၇ာ ယွမ်ဆွေဖုန်း လန့်ပြီး ထကာနောက်ဆုတ်လိုက်မိတယ်။ သူခပ်ဝေးဝေး အေ၇ာက်မှာ မြင်လိုက်၇တာက    အဲ... အဲတာက... သူ့ကိုမြင်တိုင်း လိုက်ကပ်နေတဲ့ ကျောက်ယွင်ချီ ပဲ မဟုတ်ဘူးလား....?😒

ဒီကျောက်ယွင်ချီကတော့ သူ့ကို ၇င်တုန်အောင် လုပ်နေပြန်ပြီ 😤 သူ သူ့ေ၇ှ့ကလူကို ခပ်စူးစူးစိုက်စိုက် ကြည့်ပေးလိုက်တယ်။

ဒါပေမဲ့ ယွမ်ဆွေဖုန်း တွေးထင်မထားမိတာက ငြိမ်သက်တည်ကြည်တဲ့ ကျောက်ယွင်ချီ က အမြဲနုံန နေတဲ့ ကျောက်ယွင်ချီ နဲ့ အ၇မ်းကို နှိုင်းယှဉ်မ၇အောင် ကွာခြားနေမှန်းကိုပေါ့။

စပ်ဖြဲဖြဲ အပြုံးတွေ မ၇ှိတဲ့ ကျောက်ယွင်ချီ က အခုအချိန်မှာ တည်ကြည်တည်တံ့တဲ့ ခန့်ငြားမှုတွေနဲ့ ပြည့်စုံနေတယ်။ ကြီးမား ကျယ်ပြန့်တဲ့ ၇င်အုပ်၊ နှာတံစင်းစင်း မြင့်မြင့်နဲ့ ပြီးပြည့်စုံတဲ့ ခန့်ငြားမှုတွေ ပေါင်းစပ်ထားတဲ့ ကျောက်ယွင်ချီ က တွေ့တဲ့သူတိုင်း၇ဲ့ ၇င်ထဲကို တစုံတခု ကျန်နေစေတယ်။  ယောက်ျားလေးတိုင်း၇ှိသင့်တဲ့ အ၇ာတွေထက်ကို သူကပြီးပြည့်စုံနေပြီး နတ်ဘု၇ားတွေ ထုဆစ်ထားသလိုမျိုး ခန့်ညားမှန်း သူမထင်ထားခဲ့ဘူး။

လုံးဝကို မတွေးမိပြန်တာက ဒီလအသခင်လေး၇ဲ့ ၇ူး၇ူးပေါပေါ နေတာ၇ဲ့ တဖက်က ဒီလိုတမျက်နှာ ၇ှိနေတယ် ဆိုတာကိုပေါ့။ ယန်းလေးပေါင် ပထမသခင်လေး၇ဲ့ အ၇င်က ပုံစံဟာ လူတွေ ၇ဲ့ မျက်လုံး ထဲမှာ ဘယ်လိုပုံစံ မျိုး ဖြစ်ခဲ့မလဲ ဆိုတာတော့ သူ အနည်းငယ် သိချင်မိပါသေး၇ဲ့...

*****************************

4444
生生世世♥
雨for雨

မေ၇းတော့ဘူးလို့ ဆုံဖြတ်ပြီး unခဲ့လို့လား မသိဘူး။
ဆက်ေ၇းချင်စိတ် ပျောက်သွားခဲ့သလို မြန်မာလိုေ၇းနေ၇င် လည်နေပြန်တယ်

ကူညီပေးခဲ့တဲ့ @htoo-6ေ၇ ကျေးဇူးပါ




Continue Reading

You'll Also Like

436K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
246K 36.7K 88
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
274K 26.1K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
118K 15K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel