💞Infinity Love💞 (Completed)

By HayManChitOo

834 79 2

ရေသူမ​လေးတစ်​​ယောက်​နဲ့ လူသားတစ်​​ယောက်​နဲ့ ချစ်​ကြိုက်​မိ​တော့ ဘယ်​လို​တွေဖြစ်​မလဲဆို​တော့............... More

အပိုင်း - ၂
Final

အပိုင်း - ၁

382 23 0
By HayManChitOo

"Infinity Love"
Ep - 1

၂၀ ရာစုနှစ်အစပိုင်းလောက်က........

‌အရမ်းလှပပြီး ရူခင်းကောင်းတွေရှိတဲ့ Jindo ဆိုတဲ့ ကျွန်းကလေးမှာ သားအဖတွေ သင်္ဘောစီးရင်း စကားပြောနေကြတယ်......

"ဖေဖေ...ဖေဖေ...ရေသူမဆိုတာ တကယ်ရှိလားဟင်?"

"ရှိတာပေါ့ သားရဲ့....."

"ရေသူမက ချောလားဟင်?"

"ချောတယ်..."

"ဖေဖေမြင်ဖူးလား?"

"မြင်ဖူးတာပေါ့.....အဲ့ရေသူမလေးအကြောင်းကို ပြောပြရမလား?"

"Nae ပြောပြ ဖေဖေ...."

"Omm ပြောပြမယ်....."

ဟိုးရှေးရှေးတုန်းက ဒီကမ်းခြေမှာ ကောင်လေးတစ်ယောက်ရှိတယ်......သူက ငယ်ငယ်လေးကတည်းက လိမ္မာရေးခြားရှိတယ်......သူ့အဖေနဲ့အမေက အလုပ်လုပ်နေတာကြောင့် သူက အဘိုးနဲ့အတူတူနေရတယ်.......

"သားသားရေ......"

"Nae....."

အသံပိစိလေးနဲ့အတူတူပြေးလာတဲ့ ကလေးလေးတစ်ယောက်......

"ဖိုးဖိုးတို့ သင်္ဘော ပေါ်သွားကြမယ်....လိုက်မလား?"

"လိုက်မှာပေါ့ယို့.....ဟိုရောက်ရင် တားတားရေကချားမယ်နော်"

"Omm ခဏတော့ရမယ်"

"Yayyy အာ့ကြောင့် ဖိုးဖိုးကို ချစ်တာ😘"

"Aigoo ဖိုးဖိုးချစ်ဆုံးလေး😍 လာသွားမယ်"

"Nae"

မြေးအဖိုးနှစ်ယောက် ကမ်းခြေဘက်ကို လမ်းလျှောက်လာခဲ့တယ်.....

မြေးအဖိုးနှစ်ယောက်ဆိုတာကလည်း တစ်ခြားသူမဟုတ်ဘူး.......Jindo ကျွန်းမှာ ပိုက်ဆံအရှိဆုံးသူဋေးတစ်ယောက်ဖြစ်တဲ့ park hyung sikနဲ့ သူ့ရဲ့ ၄နှစ်သားအရွယ် မြေးလေး......ကလေးလေးနာမည်ကတော့ park chanyeol တဲ့....chanyeol က အဖိုးကို အရမ်းချစ်တဲ့အတွက် မိဘတွေနဲ့မနေဘဲ အဖိုးနဲ့လာနေတာ.......အဖိုးကမ်းခြေသွားတိုင်း chanyeol လေးက အမြဲလိုက်သွားလေ့ရှိတယ်.....chanyeol ဆိုတဲ့ ကလေးလေးက ပင်လယ်ကြီးကိုကြည့်ရင်း ပန်းချီဆွဲရတာကို အရမ်းသဘောကျတဲ့ ကလေး.......ငယ်ငယ်ထဲက ပန်းချီမှာ ပါရမီပါတဲ့ကလေးတစ်ယောက်ဖြစ်တယ်.......

"ဟော...ဟိုမှာ သူဋေးလာနေပြီ...."

"Chanyeol လေးလည်း ပါလာတယ်...."

Chanyeol ဆိုတဲ့ ကလေးလေးကို လူတိုင်းလိုလိုချစ်ကြတယ်.....ဘာလို့လဲဆိုတော့ Chanyeol လေးက.လိမ္မာပြီး စကားနားထောင်လို့လေ......

"သားသားလာ....ဖြေးဖြေး .....သားသား.....ပြုတ်ကျမယ်နော်...ဖြေးဖြေး...."

သင်္ဘောပေါ်တက်ခါနီးမို့လို့ သေချာဂရုစိုက်ပြီး ခေါ်ရသည်.......ကလေးဆိုတော့ ပြုတ်ကျမှာစိုးလို့လေ.......

"သားသား ဘာစားချင်လဲ? စားချင်တာရှိရင်ပြောနော်...."

"Nae"

"သားသား ဘာလိုလဲ? ဗိုက်ဆာပြီလား? အိပ်ချင်ပြီလား? အိပ်ချင်ရင် ဟိုအခန်းလေးမှာအိပ်နော်....အဲ့မှာ အိပ်ယာခင်းထားပေးတယ်...."

"Nae "

"သားသား အေးတယ်နော်....အနွေးထည်လေးဝတ်ထားပါ့လား?....."

"ဟုတ်...တားတားဝတ်ထားတယ်.."

ရှိသမျှအလုပ်သမားတွေက chanyeol လေးကို ဂရုစိုက်ကြတယ်.....
ကလေးလေးကတော့ ပင်လယ်ပြင်ကြီးကိုဘဲ တဝကြီး ကြည့်နေတယ်.......

"သားသား လှေစီးမလား? ဦးဦးတို့ လှေသွားစီးကြမလို့..."

"ချီးမယ်...."

"Omm လာ...."

"ဖိုးဖိုးတားတားလှေတွားချီးလိုက်ဦးမယ်နော်..."

"အေးအေး သားသား...ဖြေးဖြေးသွားနော်..."

"ဟုတ်.."

အဲ့နားမှာရေက သိပ်မနက်တာကြောင့် အဖိုးဖြစ်သူက စိတ်ချလက်ချလွှတ်ပေးလိုက်တယ်....

"သားသား ဦးဦးတို့ရေထဲဆင်းလိုက်ဦးမယ်နော်"

"ဟုတ်...တားတားဒီပေါ်မှာ ရှောင့်နေမယ်"

"Omm omm ဦးဦးတို့မြန်မြန်ပြန်လာခဲ့မယ်..."

"Nae"

လှေပေါ်မှာ ကောင်လေးတစ်ယောက်တည်းသာကျန်ခဲ့တယ်.....
လိုှင်းလေးတွေ လှုပ်ခတ်နေတာကိုကြည့်ပြီး ကောင်လေးကတော့ သူ့စာအုပ်လေးထဲမှာ ပန်းချီထိုင်ဆွဲနေတယ်......
လှိုင်းရှိန်ကြောင့် လှေလေးကလည်း တစ်ဖြည်ဖြည်းရွေ့သွားတယ်.....
ကောင်လေးကြည့်နေရင်းကနေ ကျောက်ဆောင်ပေါ်မှာ တစ်ခုခုကိုတွေ့လိုက်တယ်....အဲ့ဟာကလည်း လူတစ်ယောက်....မိန်းကလေးတစ်ယောက်ဆို ပိုမှန်သည်......

‌ကောင်လေးလာတာကိုမြင်သွားတယ်နှဲ့တူပါတယ်.....ချက်ချင်းဆိုသလို ရေထဲကို ဆင်းပြေးသွားတယ်....
ဒါပေမယ့် တစ်ခုခုကျန်ခဲ့တာကြောင့် ကောင်လေးကလည်း အဲ့ကျောက်ဆောင်နားကို ရောက်ရန် လှေလေးကို လက်လေးနဲ့လှော်ရင်းသွားခဲ့တယ်....
ကျောက်ဆောင်ပေါ်ကိုကြည့်လိုက်တော့ ဆွဲကြိုးလေးတစ်ခု....
အဲ့ဆွဲကြိုးလေးကလည်း အမဲရောင်လေး.လက်နေတာဘဲ......ပုလဲနက်လေးနဲ့ လုပ်ထားတာ...ကလေးဆိုတော့ လှတော့ယူချင်တာပေါ့.....အစကပြန်ပေးဖို့စောင့်နေပေမယ့် ဘယ်သူမှမလာတာကြောင့် သူ့လည်ပင်းမှာ ဆွဲထားလိုက်တယ်.....

"သားသား....ဟူးးးး တော်သေးတာပေါ့....သားသားဘာမှမဖြစ်လို့......လာပြန်သွားရအောင်...ဒီရှေ့နားက ရေစီးကြမ်းတယ်...."

"ဦးဦးတားတား ဒီနားမှာ လူတစ်ယောက်တွေ့ရယ်...."

"ဘယ်မှာလဲသားသားရဲ့....မရှိပါဘူး...သားသားစိတ်ထင်တာနေမှာပါ.....လာသွားရအောင်"

လှေပေါ်မှာပါသွားတဲ့ကောင်လေးကလည်း ကျောက်ဆောင်ကို လှည့်လှည့်ကြည့်နေသလို တစ်ခြားကျောက်ဆောင်နောက်က ကောင်မလေးကလည်း သူ့ဆွဲကြိုးလေးကိုယူသွားတဲ့ ကောင်လေးကို ကြည့်နေခဲ့တယ်.....

°•°•°•°•°•°•°•°•°•°•°•°•°
နှစ် ၂၀ ကြာပြီးနောက်............

"သားလေး ဘာတွေလုပ်နေတာလဲ?"

"ပန်းချီဆွဲနေတာommaရဲ့....."

"ဘာပုံတုန်း?"

"သားပုံပါ....မှန်ကြည့်ပြီးဆွဲနေတာ....."

"သားပုံကို ဘာလုပ်ဖို့လဲ သားရဲ့....ဓာတ်ပုံရိုက်လိုက်လည်းရနေတာကို....."

{အဲ့ခေတ်က ဓာတ်ပုံကို ကင်မရာတွေနဲ့ရိုက်တာနော်...ရိုက်လည်းအဖြူအမည်းပုံတွေဘဲရတာ...ခုလိုဖုန်းမရှိသေးဘူးနော်....}

"မဟုတ်ဘူး omma ရဲ့...သားကိုယ်တိုင်သားပုံကို ပန်းချီဆွဲပြီး ဖိုးဖိုးကို ပေးချင်လို့...ဖိုးဖိုးသားကိုလွမ်းရင် ကြည့်လို့ရအောင်...."

"Aww သားရယ်...သားသဘောပါ...သားဆွဲချင်လည်းဆွဲပါ....."

ပြောပြီး omma ထွက်သွားတယ်....

ကျွန်တော်ဆိုတာက အိမ်မှာ လုပ်ချင်တိုင်းလုပ်လို့ရတဲ့လူတစ်ယောက်ပါ....ကျွန်တော်ဒါဆိုဒါဘဲ...ဒါပေမယ့်လည်း ကျွန်တော်ကသူများတွေလိုမဆိုးပါဘူး.....ပန်းချီဆွဲနေရရင်ဘဲကျေနပ်ပါတယ်.....ငယ်ငယ်ကတည်းက ဖိုးဖိုးနဲ့အတူနေခဲ့လို့လားတော့မသိဘူး ဖိုးဖိုးကို မိဘတွေထက်ပိုချစ်တယ်.....ဒါပေမယ့်အခုကြီးလာတော့ ဖိုးဖိုးက မိဘတွေနဲ့အတူတူသွားနေဆိုလို့ ဒီမှာလာနေတာ.....အဖိုးဆီကို အနည်းဆုံး၁လတစ်ခါတော့ရောက်အောင်သွားတယ်....ဖိုးဖိုးကလည်း အလုပ်ကိစ္စနဲ့ ဒီကိုရောက်ရင်လည်း ကျွန်တော့်ဆီလာနေကြဗျ......ဖေဖေနဲ့မေမေ့ကိုလည်းချစ်ပါတယ်....ကျွန်တော်အသိချင်ဆုံး ကိစ္စတစ်ခုရှိတယ်....အဲ့ဒါက ကျွန်တော်အခုဆွဲထားတဲ့ ဆွဲကြိုးလေးရဲ့ ပိုင်ရှင်ဘဲ....သူ့ကိုကျွန်တော်အရမ်းတွေ့ချင်တယ်.....ဒီဆွဲကြိုးလေးကိုစရကတည်းက ကျွန်တော်ကံကောင်းလာသလိုဘဲ......ကျောင်းမှာလည်းအမြဲအဆင့်တစ်ရပြီး ကျွန်တော်ဝါသနာပါတဲ့ ပန်းချီကျောင်းကိုလည်း တက်ခွင့်ရခဲ့တယ်.....အစက ကျွန်တော့မိဘတွေက ပန်းချီကျောင်းတက်ဖို့ခွင့်မပြုဘူး....ဒီဆွဲကြိုးလေးရပြီးတဲ့နောက်ပိုင်းမှာ တောင်းဆိုစရာမလိုဘဲခွင့်ပြုပေးခဲ့တယ်......ဒီဆွဲကြိုးလေးကဘာလဲ?? ကံကောင်းစေတဲ့အရာလား? ပြီးတော့ ဆွဲကြိုးလေးရဲ့ ပိုင်ရှင်......
သူကပိုပြီး ထူးခြားတယ်.....
ကျွန်တော်သူနဲ့တွေ့ပြီး ဆွဲကြိုးလေးကိုရတုန်းက ကျွန်တော်အရမ်းငယ်သေးတယ်.....ဒါပေမယ့် အဲ့နေ့ကအဖြစ်အပျက်ကိုတော့ ခုထိမမေ့သေးဘူး.......
သူကျွန်တော့်ကိုမြင်သွားတဲ့အချိန်ရေထဲခုန်ဆင်းသွားတယ်....အဲ့အချိန်မှာ ကျွန်တော်ငါးအမြီးတစ်ခုကိုတွေ့လိုက်တယ်.....အစကတော့ကျွန်တော်ရေသူမလို့ထင်ခဲ့တာ...ဒါပေမယ့် ရေသူမဆိုတာက အိပ်ရာဝင်ပုံပြင်တွေထဲမှာဘဲ ရှိတာလေ....အပြင်မှာမှတကယ်မရှိတာ...
အဲ့ဒါကြောင့်ကျွန်တော်အမြင်မှားသွားတာပါလေ လို့ဘဲတွေးလိုက်တယ်.....ဒါပေမယ့် အဲ့ကောင်မလေးနဲ့ ပြန်တွေ့ချင်တာတော့ အမှန်ဘဲ.....
ကျွန်တော်အမြဲကျောက်ဆောင်နားမှာသွားစောင့်ပင်မယ့် သူ့ကိုတော့ တစ်ခါမှမတွေ့ခဲ့......

°•°•°•°•°•°•°•°•°•°•°•°•°

"Omma ရေ.....သား ဒီနေ့ ဖိုးဖိုးဆီသွားမလို့....."

"အေးအေး သား.....သားသဘောဘဲ..."

"Nae"

"သား appa သင်္ဘော နဲ့ဘဲသွားနော်....."

"Nae omma"

ပန်းချီလေးပြီးပြီးချင်း အဝတ်အစားလဲကာ ဖိုးဖိုးဆီသွားဖို့ ပြင်ဆင်ခဲ့တယ်....omma ကလည်းခွင့်ပြုတာကြောင့် ပန်းချီကားလေးကို လိပ်ကာ အိတ်လေးတစ်ခုထဲထည့်ပြီး ကမ်းခြေဘက်ကို လျှောက်လာလိုက်တယ်......

"သားရေ....yeol.."

"Nae appa..."

"ဘယ်သွားမလို့လဲ? "

"သားဖိုးဖိုးဆီသွားမလို့....omma က appa သင်္ဘော နဲ့လိုက်သွားဆိုလို့"

"Aww aa လာတက်သား...."

"Nae appa"

တစ်ဖြေးဖြေးနဲ့ သင်္ဘောလေးက ကမ်းစပ်နားကနေ ထွက်ခွာခဲ့တယ်......သင်္ဘောပေါ်က ကောင်လေးကတော့ အဖိုးကိုတွေ့ရတော့မယ်ဆိုပြီး ပျော်နေလေရဲ့....
သူမသိလိုက်တာက သင်္ဘောနဲ့မလှမ်းမကမ်းမှာရှိတဲ့နေရာကနေ သူ့ကို ချောင်းကြည့်နေတဲ့ ရေသူမလေးကိုပေါ့............

ပင်လယ်အလယ်နားရောက်တော့ လေတွေ တဖြူးဖြူး တိုက်နေတယ်ရင်းကနေ...တစ်ဖြည်းဖြည်းလေတိုက်တာက ကြမ်းလာတယ်......လိုှင်းတွေကလည်း ဘောင်ပင်ရိုက်ခတ်နေတယ်......ချက်ချင်းဆိုသလို မိုးကြီးက မည်းတက်လာပြီး မိုးရွာချလိုက်တယ်.....

သင်္ဘော သားတွေ အကုန်လုံးလည်း ရွက်တိုင်ကို အပေါ်တင်ဖို့ ပြာယာခတ်နေကြတယ်.......
လိုှင်းတွေက ကြမ်းနေတာကြောင့် သင်္ဘောကလည်း ဒယိမ်းဒယိုင်ဖြစ်နေတာပေါ့....
အဲ့အချိန်မှာ ရုတ်တရက် သင်္ဘောက ယိုင်သွားတဲ့အချိန်.....လေအရမ်းတိုက်တာကြောင့် ရွက်တိုင်က သစ်သားချောင်းတစ်ချောင်းကလည်း လွင့်ပြီး ကောင်လေးဆီ တည့်တည့်လာနေတယ်.....
သင်္ဘောကလည်းစောင်းချိန် သစ်သားကလည်းရိုက်မိချိန်ဆိုတော့ မရှောင်နိုင်ဘဲ ရေထဲထိုးကျသွားတယ်.......🌊💦

အဲ့အချိန်မှာ ကျွန်တော်သိလိုက်ပါတယ်...ခေါင်းကိုထိထားတဲ့အရှိန်ကြောင့် ကျွန်တော်မူးပြီး ရေမကူးနိုင်တော့ဘူးဆိုတာ.......
ကျွန်တော်ပြုတ်ကျသွားတာ သင်္ဘောပေါ်က လူတွေတစ်ယောက်မှမသိလိုက်ဘူးလေ.....
အဲ့ဒါကြောင့်.ကျွန်တော့်ကိုဘယ်သူမှလာမကယ်ဘူးဆိုတာလည်းကျွန်တော်သိတယ်.........
.ကျွန်တော်ဒီမှာဘဲသေရတော့မယ်......

သေတော့မယ်ဆိုတာကြီးကို တွေးမိပြီး မျက်လုံးကိုမှိတ်ချလိုက်တယ်....

အဲ့အချိန်မှာ တစ်ခုခုကိုကျွန်တော်ခံစားရတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့.....
တစ်ခုခုက ကျွန်တော့်ဆီကလာနေတယ်.....

°•°•°•°•°•°•°•°•°•°•°•°•°

"Chanyeol.....သား.....သားရေ....Chanyeollie........"

"Chanyeol လေးရေ........"

""Park Chanyeol...."

"တွေ့ကြလား? ငါ့သားလေးကိုတွေ့ကြလား?"

"ကျွန်တော်တို့လည်း လူခွဲရှာနေပါတယ် သူဋေး.....ခုထိတော့မတွေ့သေးဘူး"

"အဲ့ဒါငါကြောင့်......ငါသာသူ့ကိုမလိုက်ခိုင်းရင် သူဒီလိုဖြစ်မှာမဟုတ်ဘူး....ခုတော့ ငါကြောင့်...ငါ့ကြောင့်......"

"သူဋေး....သူဋေး....."

Chanyeol အဖေကတော့ သူ့သားခုလိုပျောက်သွားတာသူ့ကြောင့်.....သူသတိမထားမိခဲ့လို့ဆိုပြီး အဲ့စိတ်နဲ့ အိပ်ယာပေါ်လဲသွားတယ်.....

°•°•°•°•°•°•°•°•°•°•°•°•°

"ကျွတ်...ကျွတ်...ကျွတ်......ကျွတ်....အား....ခေါင်းကိုက်လိုက်တာ...."

မျက်လုံးဖွင့်ကြည့်ပြီး ဘေးပတ်ပတ်လည်ကြည့်လိုက်တော့ ကျွန်တော်တစ်ခါမှမရောက်ဖူးတဲ့နေရာ......
ပြန်စဉ်းစားကြည့်လိုက်တော့မှ ရေထဲပြုတ်ကျသွားပြီး ကျွန်တော်သတိလစ်သွားတာလေ.....
ကျွန်တော့်ကိုလာကယ်သွားတဲ့လူက ဒီကိုခေါ်လာတာနေမယ်......ဒါပေမယ့် ဒီနေရာက ထူးဆန်းတယ်ဗျ......ဘေးပတ်ပတ်လည် ဘယ်နားကြည့်ကြည့်ရေတွေဘဲ......ကျွန်တော်ရှိနေတဲ့နေရာကလည်း ဂူပုံစံမျိုးဟာထဲမှာ.......ကျွန်တော့်ကိုကယ်လာတဲ့သူက ဘယ်လိုလူမျိုးလဲ? သူကဘာလို့ ဒီလိုနေရာမှာ နေတာလဲ?
ကျွန်တော့်ခေါင်းထဲမှာ မေးခွန်းပေါင်း များစွာနဲ့ ထိုလူအလာကို စောင့်နေမိတယ်........

{ရေအောက်ထဲမှာ အောက်ဆီဂျင်ရှိတဲ့နေရာတွေရှိတယ်နော်.....မယုံရင် ခွက်တစ်ခွက်ကို ရေပြင်မှာ မှောက်ပြိး ဖိချလိုက်....အဲ့ခွက်ထဲရေလုံးဝမဝင်ပါဘူး......အဲ့လိုမျိုးဘဲ chanyeol ရှိနေတဲ့ နေရာလေးက အဲ့လိုမျိုးနေရာလေး......မရှင်းမှာစိုးလို့ပါ😁}

ခဏကြာတော့အသံတစ်သံကြားရတယ်....ကျွန်တော်လည်းအသံလာရာဘက်ကိုကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်ဗျ....ကျွန်တော့်ဆီကိုတည့်တည့်မတ်မတ်ကိုလာနေတာ....

အရမ်းကိုလှပပြီး ပြည့်စုံလှတဲ့မိန်းကလေးတစ်ယောက်.....ဝေးနေတာမို့လို့ မြင်ရတာ ဝါးနေပေမယ့် အတေတာ်တော့ချောတယ်......ကျွန်တော့်ဘဝမှာ ဒီလောက်ချောတဲ့မိန်းကလေးမျိုး တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတွေ့ဖူးသေး.......
ခုနကဝေးနေလို့မမြင်ရတာ ခုနီးလာတော့မှ ကြည့်မိတယ်....သူမက ထူးဆန်းတယ်ဗျ.....
ဆံပင်ကလည်း ပန်းရောင်.......
ဒီ့ထက်ပိုထူးဆန်းတာက သူမက အမြီးနဲ့ဗျ......
တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သူမက ရေသူမပေါ့ဗျာ.......အနီးနားရောက်လာမှပိုချောလာသလိုဘဲဗျ......ခုကျွန်တော်ကောက်ချက်ချလိုက်ပါပြီ...ရေသူမတွေကလူတွေထက်ကိုပိုချောတယ်လို့......

ရေသူမလေးက chanyeol အနားလာပြီးရေထဲကနေဘဲ အပင်လေးတစ်မျိုးကို ပေးလိုက်တယ်...

"အဲ့ဒါဘာလဲ??"

"......"

"ဘာလုပ်ရမှာလဲ??"

"....."

"အာ...ဟုတ်သားဘဲ မင်းကရေသူမဆိုတော့ငါ့စကားကိုဘယ်နားလည်ပါ့မလဲ?? Miyan"

ရေသူမလေးက chanyeol ကိုပြုံးပြတယ်....

Wow သူပြုံးလိုက်ရင်အရမ်းလှတာဘဲဗျာ.....
ဘယ်လိုကြည့်ကြည့်ကိုလှနေတာ....
သူ့မျက်ဝန်းလေးကလည်းတောက်ပနေတာဘဲ😗

ရေသူမလေးက chanyeol ထိုင်နေတဲ့ ဂမုလေးရဲ့ အောက်နားလေးမှာ ထိုင်လိုက်တယ်...
အမြီးကတော့ ရေထဲမှာပေါ့....

ပြီးတော့ ရေသူမလေးက chanyeol လက်ထဲက အပင်လေးကိုယူပြီး chanyeol ကိုညင်သာစွာ ခွင့်ကျွေးလိုက်တယ်.....

အဲ့အချိန်ကျမှ chanyeol သိတယ်.....ရေသူမလေးက သူ့ကို စားဖို့ပေးတယ်ဆိုတာ......
အပင်ဆိုတာကလည်း ရေညှိပင်လေးတစ်မျိုးပါ.....စားရတာလေးကလည်း တစ်မျိုးလေးဘဲ....စားလို့ကောင်းတယ်....ရေညှိပြားစားနေရတဲ့အတိုင်းဘဲ.....

ကျွန်တော်ထင်တာက ရေသူမဆိုတာ ကြောက်စရာကြီးပေါ့....အမြီးဆိုလည်း အနက်ရောင်ကြီးလို့ထင်နေခဲ့တာ....အဲ့လိုထင်တာကလည်း ရွာသားတွေကြောင့်ပါ.....ရွာသားတွေက ရေသူမကို မကောင်းဆိုးဝါးလို့ သတ်မှတ်ထားတာလေ....အရင်က ကျွန်တော်လည်းအဲ့လိုထင်ခဲ့ပေမယ့် သူ့ကိုတွေ့တဲ့အခါမှာတော့ ကျွန်တော်အဲ့လိုလုံးဝကိုမထင်တော့ဘူး....
သူကတော့ ရွာသားတွေပြောနေကြ ရေသူမပုံစံနဲ့တစ်ခြားစီဘဲ.....
အမြီးလေးကလည်း တစ်မျိုးလေးဘဲ....အပြာရယ်အစိမ်းရယ်ခရမ်းရယ်ကို စပ်ထားသလိုမျိုး...ဘယ်လိုလဲဆိုတာသေချာမပြောပြတတ်ပေမယ့် တော်တော်လေးတော့လှတယ်ဗျ.....
ဆံပင်လေးကလည်း ပန်းရောင်လေး.....
အသားလေးက ဖွေးဥပြီး နုဖက်နေတာဘဲ.....
မျက်လုံးလေးကလည်း မှေးမှေးလေးကို လက်နေတာဘဲ......
နှာတံလေးကလည်း စင်းနေတာရော....
နှုတ်ခမ်းလေးကလည်း ပါးပါးလေးနဲ့ လှချင်တိုင်းကိုလှနေတော့တာဘဲဗျာ......
သူ့ကိုကြည့်လိုက်တိုင်း ကျွန်တော့်ဘယ်ဘက်ရင်အုံထဲမှာ ဝုန်းဒိုင်းကျဲနေသလိုဘဲ......

သူကလည်း ကျွန်တော့်ကို သေချာကြည့်နေတယ်.....အင်းပေါ့လေ...သူလည်း လူသားတွေကိုဘယ်မြင်ဖူးပါ့မလဲ?...

အတော်လေးကြာအောင် ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းစုံပြီး ကြည့်နေခဲ့တယ်....

"ဟို....ငါ့ကိုယ်ငါမိတ်ဆက်ပေးမယ်...."

သူနားလည်တယ်ထင်တယ်....ကျွန်တော့်ကို ခေါင်းလေးညိမ့်ပြတယ်....

"ငါ့နာမည်က Park Chanyeol"

"......"

"မင်းနာမည်ကရော?"

"......"

ဘာမှပြန်မပြောဘဲ ကျွန်တော်ကိုသာ ကြောင်တောင်တောင်လေးကြည့်နေတယ်.....
သူမပြောတတ်သေးတာနေမှာပါ....ကျွန်တော့်စကားကို နားလည်တာဘဲကျေးဇူးတင်ရမယ်....

"မင်းမှာ နာမည်မရှိဘူးလား?"

ခေါင်းလေးကို ဖြေးဖြေးလေးခါယမ်းပြတယ်....

"Omm..ဒါဆို ငါမင်းကိုနာမည်ပေးမယ်...သဘောတူလား?"

ခေါင်းလေးငြိမ့်ပြတယ်......

"အင်း......မင်းကို ဘာနာမည်ပေးရင်ကောင်းမလဲ?🤔~~~~~အာ...သိပြီ...Baekhyun.......ဟုတ်တယ် Baekhyun လို့ပေးမယ်.....ကြိုက်လား?"

သူမက ပြုံးပြီး ခေါင်းလေးငြိမ့်ပြတယ်......

"Baekhyun" ဆိုတဲ့ နာမည်ကို ကျွန်တော်ကအရမ်းကြိုက်တာ.....ကျွန်တော်သာညီမလေးတစ်ယောက်ရခဲ့ရင် "Baekhyun" ဆိုပြီး ပေးမယ်လို့တွေးထားခဲ့ပေမယ့် ကျွန်တော့်အမေက မမွေးပေးခဲ့ဘူး........

"ဒါဆို ခုကစပြိး မင်းနာမည်က Baekhyun ဖြစ်သွားပြီနော်....ငါကတော့မင်းကို baekkie လို့ခေါ်မယ်...ဖြစ်တယ်မလား?"

နာမည်ရလို့ပျော်နေသည်နှင့်တူပါသည်......ခေါင်းညိမ့်ပြလိုက်တာများ ပြုတ်ထွက်မတက်ဘဲ.....
သူ့ကိုကြည့်ပြီး ကျွန်တော်တောင်ပြုံးမိတယ်....

"အာ...မေ့နေလို့....Baekkie ဆိုတာ ငါဘဲခေါ်မှာနော်...ဘယ်သူမှကိုမခေါ်ခိုင်းနဲ့..."

တစ်ကိုယ်ကောင်းဆန်တယ်ဘဲ ပြောမလား...အတ္တကြီးတယ်ဘဲပြောမလား....ကြိုက်တာသာ ပြောပါ......သူနဲ့ပတ်သက်လာရင်တော့ အဲ့လိုလုပ်ပါရစေ....ကျွန်တော်လည်း baekkie နဲ့တွေ့မှ အရာရာပြောင်းလဲသွားသလိုဘဲ.....

Baekkie လေးက Yeol ကို လက်လေးနဲ့ လှမ်းခေါ်လိုက်တယ်.....

"Wae?"

လက်လေးနှစ်ဖက်ကိုပူးပြီး ပါလေးအောက်ထားကာ မျက်လုံးလေးမှိတ်လျက် အိပ်တဲ့ပုံစံမျိုး လုပ်ပြနေတဲ့ Baekkie လေးက အသည်းယားစရာ😙

"အိပ်ခိုင်းတာလား?"

ခေါင်းလေးကို ညင်သာစွာ ညိမ့်ပြတယ်.....

"Omm omm ဒါဆို အိပ်လိုက်မယ်...."

ခေါင်းလေးတစ်ချက်ငြိမ့်ပြပြီး ရေထဲခုန်ဆင်းသွားလေသည်......

အင်းပေါ့လေ....သူကရေသူမဘဲ....ရေထဲမှာနေချင်မှာပေါ့လေ.....

ဟူးးးးး
သက်ပြင်းအရှည်ကြီးချပြီး ကျွန်တော်စောစောကအိပ်နေတဲ့နေရာမှာ သွားလှဲလိုက်တယ်....

သူနဲ့တွေ့တာခဏလေးဘဲရှိသေးတာကို ကျွန်တော်သူ့ကိုအရမ်းစွဲလမ်းသွားတယ်.....ခုလေးတင်တွေ့ပြီး ထွက်သွားတာကို အခုကျွန်တော်သူ့ကိုလွမ်းနေတယ်....
သူမကိုဆုံးရှုံးရမှာ ကျွန်တော်ကြောက်တယ်.....
သူမကို ကျွန်တော်ပိုင်ဆိုင်ချင်တယ်.....
သူမသာအနားမှာ ရှိမယ်ဆိုရင် အရာရာပြည့်စုံသွားပြီ....
ခုလိုရေလယ်ခေါင်မှာ လူနဲ့တူတာဆိုလို့ ကျွန်တော်နဲ့သူကလွဲပြီး ကျန်တာ ဘာမှမရှိတဲ့ ဒီနေရာမှာတောင် သူရှိနေလို့ ကျွန်တော်နေပျော်တယ်....လုံခြုံသလိုခံစားရတယ်......

အတွေးများနယ်ချဲ့ရင်း အိပ်မက်ကမ္ဘာဆီသို့😴

°•°•°•°•°•°•°•°•°•°•°•°•°

"သားလေးကို ပြန်တွေ့ပြီလား?"

"မတွေ့သေးပါဘူး...yeobo ရယ်...."

"သားခုလိုဖြစ်ရတာ ကိုယ့်ကြောင့်ပါ....ကိုယ်...ကိုယ်သူ့ကို သေချာဂရုမစိုက်မိခဲ့လို့....."

"Yeobo ရယ်...အဲ့လိုမတွေးပါနဲ့.....ဖြစ်ချင်တန်လို့ဖြစ်သွားတာပါ.....မပူပါနဲ့.....သားလေးကိုအမြန်ဆုံးပြန်တွေ့မှာပါ...."

"Omm ပါ"

ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး ငိုနေကြလေရဲ့......

Yeollie လေးပြန်လာလိမ့်မယ်လို့သူတို့က ယုံကြည်ကြပေမယ့် တစ်ခြားရွာသားတွေကတော့ yeollie က ရေထဲမှာ သေသွားပြိလို့ ကောက်ချချက်လိုက်ပါပြီ....
ဘာလို့လဲဆိုတော့ yeollie ပျောက်သွားတာ ၂လလောက်ရှိနေပြီလေ......

°•°•°•°•°•°•°•°•°•°•°•°•°
တစ်ဖြည်းဖြည်းအချိန်ကြာလာတဲ့အမျှ သူနဲ့ကျွန်တော်နဲ့သံယောဇဉ်က ပိုမိုခိုင်မာလာတယ်.....

သူနဲ့နေရတာအားလုံးအဆင်ပြေပေမယ့် ကျွန်တော် အဖိုးနဲ့မိဘတွေကို လွမ်းတယ်.....

ကျွန်တော်မှိုင်နေတာကို ကြည့်ပြီး ဘာဖြစ်လို့လဲဆိုတဲ့ပုံစံနဲ့ ကျွန်တော့်လက်လေးကို ပုတ်ပြီး မေးတယ်.....

"ကိုယ့်မိဘတွေနဲ့ ဖိုးဖိုးကို လွမ်းလို့......"

အားပေးတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီး ကျွန်တော့်လက်လေးကို သွယ်လျပြီး လှပလွန်းတဲ့ သူ့လက်လေးတွေနဲ့ အသာကိုင်ပြီး နှစ်သိမ့်ပေးတယ်....ပြီးတော့ သူထိုင်နေတဲ့ နေရာနားက ကျောက်တုံးလေးကို ဖက်လိုက်တယ်...
အောက်မှာ ရေညှိပင်လေးတစ်မျိုးကိုတွေ့တယ်...ကျွန်တော့်ကိုအမြဲတမ်းယူလာပြီး ကျွေးတဲ့ရေညှိပင်လေးတော့မဟုတ်ဘူး.....
အဲ့အပင်လေးကို ကိုင်ပြီး တစ်ခုခုကို စဉ်းစားနေသလိုဘဲ.......
ခဏကြာတော့မှ ကျွန်တော့်လက်လေးထဲထည့်ပြီး စားလိုက်ဆိုတဲ့ပုံစံလုပ်ပြတယ်....
သူကျွေးတာဆိုတော့ ကျွန်တော်လည်း တုန့်ဆိုင်းမနေဘဲ ချက်ချင်းဆိုသလို ပါးစပ်ထဲထည့်ပြီး စားလိုက်တယ်....
မျိုချပြီးတာနဲ့ ကျွန်တော် မူးဝေသလိုခံစားလာရတယ်.....ပြီးတော့ ကျွန်တော့်ကမ္ဘာလေးက အမှောင်အတိ..........

°•°•°•°•°•°•°•°•°•°•°•°•°

"ဟာ.....ဟိုမှာ လူတစ်ယောက်....."

"ဟာ...ဟုတ်ပါ့....သင်္ဘောတို့ဘာတို့ပျက်ပြီး မျောလာတာဖြစ်မယ်"

"Omm သွားကြည့်ရအောင်"

"Omm"

ငါးဖမ်းသမားအုပ်စုလည်း သဲသောင်ပြင်ပေါ်မှာ သတိလစ်နေတဲ့ကောင်လေးဆီကို လျှောက်လာခဲ့တယ်....

သူတို့ကောင်လေးအနားရောက်တော့ ကြည့်လိုက်တော့.....

"ဟင်.....ဒါ....ဒါ...chanyeol လေးဘဲ........"

"ဟာ...ဟုတ်တယ်ဟ....chanyeol လေးဘဲ...."

"ဒါဆို သူဋေးနဲ့ သူဋေးကတော်ပြောတာမှန်တာပေါ့...chanyeol လေးက မသေဘူးဘဲ...."

"Omm သူတို့က မိဘဆိုတော့သိနေတာနေမှာ...."

"ကယ်....စကားမများကြနဲ့တော့...သူဋေးတိူ့ဆီခေါ်သွားရအောင်....."

"Omm"

ငါးဖမ်းသမားတွေက chanyeol လေးကို ပွေ့ပြီး ခေါ်သွားတော့မှ ကျောက်ဆောင်နောက်က ရေသူမလေးကလည်း သူနေရပ်ဖြစ်တဲ့ ရေအောက်ထဲကို ပြန်ဝင်သွားတော့တယ်.......




Continue Reading

You'll Also Like

1.5M 81.8K 82
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
626K 25.6K 64
A collection of short stories. Explore the world of Pakistani novellas✨ 1. Love Lessons by Professor ✓ 2. Bitter Sweet Love ✓ 3. Silent Tears ✓ 4. Th...
1.5M 103K 197
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
165K 12.3K 15
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...