Just_Mine

By YaungChiOoPann

3 1 1

More

πŸ’›α€€α€Όα½α€”α€Ήα€±α€α€¬α€Ήα€€α€­α€―α€šα€Ήα€α€­α€―α€„α€Ήα€”α€¬α€Έα€™α€œα€Šα€Ήα€±α€žα€¬πŸ’›

3 1 1
By YaungChiOoPann

ခံစားရခက်တယ် ဒီလောကကြီးက
နားလည်ရခက်တယ် ဒီလူသားတွေက
ပျော်ရွှင်ရမယ့် အဖြေတစ်ခုကို လိုက်ရှာရင်း ရှာရင်း ကိုယ်ဘယ်သူလဲဆိုတာ ပျောက်ဆုံးနေတာ ကြာပြီ
အရာရာပြီးပြည့်စုံပြီ ဆိုပြီး ဒီနှလုံးသားကြီးကို ပုံအပ်ချိတ်ဆက်ပေးပြီးရင်
ပြန်ရတော့ ဟာသများတဲ့

အဖြစ်အပျက်တစ်ခုချင်းဆီကို လိုက်ခံစားတတ်တဲ့ ကျွန်တော့်အတွက်
ဒီလောကကြီးထဲက ခေတ္တခဏလူသားတွေက တော်တော်အဆင်မပြေဘူး
ဝေးကွာနေတဲ့အရာတွေလိုက်ဖမ်းရင်း မောပန်းတော့
ဆက်မလိုက်နိုင်တော့ကြောင်း အလံဖြူပြမိလိုက်တယ်..
ပိုလောဘကြီးသင့်တဲ့ အရာ
ကျွန်တော်နဲ့ တကယ်ထိုက်တန်တဲ့ အရာလို့  ခံယူပြီး ထပ်လိုက်ဖမ်းပြန်တယ်
ဒါပေမယ့် မဟာမိတ်တွေတောင် မကူညီနိုင်တော့ဘဲ လောကကြီးက
စောက်ထာကျကျနဲ့ ကျွန်တော့်ကို ပြန်နှပ်တယ်...

ဒီပုပ်ထဲက ဒီပဲပါပဲ ပြောရင်း ကျွန်တော် ခေတ္တအနားရတယ်
ပြီးတော့ ဒီလောကကြီးက မာယာတွေနဲ့ 
ကျွန်တော်သောက်မယ့်ကော်ဖီထဲကို စေတနာဒလဟော သကြားတွေ စွတ်ထည့်ပေးတယ်
ချိုမြိန်မှုကို သိပ်ကြိုက်တဲ့ စောက်ရူးကျွန်တော်က ထပ်ယစ်မူးတယ်
ယစ်မူးရင်း မောလာပြီဆို ကိုယ့်ကိုကိုယ် စောက်ရူးကြီးလို့  လှောင်ရယ်ပစ်တယ်
အနည်းဆုံးတော့ ကျွန်တော့်ရင်ထဲအေးချမ်းသွားတယ်
သကြားကို ချိုတယ် ချိုတယ် ခံစားမိရင်း ကြံသကာရဲ့ အချိုကို လွမ်းမိတယ်
တကယ်တော့ ကျွန်တော်မသိခဲ့တာ
ဒီအချိုတွေက ကျွန်တော့်အတွက် စောက်ဖြစ်တစ်စက်မှ မရှိတာ

အခါးတွေကိုပဲ ကြိုက်စမ်းပါ
ကျွန်တော်ကိုယ်ကျွန်တော် အပြန်ပြန်သတိပေးရင်း ပေးရင်း ပေးရင်း.........
ဒီလိုနဲ့ 
ဒီလောကကြီးရယ် ဒီလူတွေရယ် ကျွန်တော်ရယ်
သံသရာစက်ကွင်းကြီးထဲမှာ ဂျာအေးကို သူ့အမေရိုက်ရင်း ပတ်ချာလည်နေတယ်....
မုန်းပြီဆို ချစ်စေတယ်
ချစ်ပြီဆို မုန်းစေတယ်
ဒီလိုနဲ့  ဒီတစ်သက် ကျွန်တော့်ဒဏ်ရာတွေ ကျက်မည်မထင်တော့....

🖤
28/8/2018
8:20PM

Continue Reading

You'll Also Like

2.2K 641 66
Drenched from the blood in my veins, this book speaks of the different aspects of the dark. Catastrophically, the woeful brooks flow through these pa...
15.7K 532 84
" Nadiyon se behte khwaabon mei dub Alfaazon ko taraash rhe hum tairne ki koshish na karo Saahil nhi hai idhar, gehra samundar hain hum" My fi...
1.5K 42 9
❝ Someday, somewhere, I will restore your despair. Untill then, Farewell." ❞ #1 in poetry (2/6/2024) The Clusters of Thoughts is a collection of po...
9.5K 448 75
She is an outcast. She finds it easier to express what she feels in the form of writing. Whether it is poems, letters or long texts. These are poems...