တျဖည္းတျဖည္းနဲ႔၀င္ေရာက္လာခဲ့တာ လမ္းမႀကီးကေန လမ္းကေလး လမ္းကေလးကေန အခု ဂ်ိဳင့္ခြက္ေတြမ်ားတဲ့လမ္းက်င္းက်င္းေလးထဲေရာက္ေနေလပီ........ မိုးေလကင္းလြတ္ခ်ိန္ သီတင္းကၽြတ္လရာသီဘက္ေရာက္ေနပီမို႔ လယ္ကြင္းျပင္ႀကီးထဲက စပါးပင္ေဖြးေဖြးကလည္း မ်က္စိတစ္ဆံုး ၀ါထိန္ေနလွ်က္ ေလယူရာသိမ္းကာ ယိမ္းႏြဲ႕ေနၾကေလသည္......တခ်ိဳ႕ေသာ စပါးပင္မ်ားက ေရလႊမ္းမိုးမႈေၾကာင့္ထင္ရကာ ပ်က္ဆီးေနၾကေသးသည္.........
မနက္ေစာေစာထခဲ့ရလို႔ ေနာက္က်ိေနသည့္စိတ္က ထိုျမင္ကြင္းအားျမင္ရေတာ့ မွဴးေလးမွာခ်က္ခ်င္းပင္လန္းဆန္းလာခဲ့ေလသည္.......... သဘာ၀ေလေလး ရွဴရႈိက္ခ်င္တာမို႔ ကားမွန္တံကားဖြင့္ကာ ေခါင္းကိုကားအျပင္ထုတ္လိုက္ပီး အာရပါးရရွဴရႈိက္မိသည္......
လယ္ကြင္းထဲမွ ယာယီတဲေလးမ်ားက သူ႔ေနရာႏွင့္သူေဆာက္လုပ္ထားၾကကာ.......တခ်ိဳ႕တဲေလးေတြဆိုအ၀တ္မ်ားလွန္းထားသည္မို႔ ထိုေနရာမွာပဲ ေနထိုင္စားေသာက္ၾကတာ သိသာေပၚလြင္ေစျပန္သည္။ လူေတြကို လာရာလမ္းတစ္ေလွ်ာက္မေတြ႕ရသည္မို႔ စိတ္ထဲထူးဆန္းေနမိသည္။
ကားေရွ႕မွ ႏြားအုပ္စုလိုက္ တိုးေ၀ွ႕ကာ ထိန္းေက်ာင္းသူမရွိ ဖရိုဖရဲလာေနေသာၾကာင့္ ဖုန္လံုးမ်ားတလွိမ့္လွိမ့္တက္လာသည္မို႔ ကားမွန္ကို အျမန္တင္လိုက္ရေသးသည္။
ေတြးရင္းေငးရင္းႏွင့္ မွဴးေလးတစ္ေယာက္အလုပ္မ်ားေနရင္းက အုိးစည္သံသဲသဲၾကားလုိက္ရေတာ့ေခါင္းေထာင္ကာ ေရွ႕သို႔ၾကည့္မိသည္.......
"ေဟာ အသံၾကားပီ......ေရာက္ေတာ့မယ္ထင္တယ္"
ေမ့ဆီကအသံေလးထြက္လာသည္မို႔ ေရာက္ေတာ့မည့္ေနရာကို စိတ္လႈပ္ရွားစြာၾကည့္ေနမိသည္.... ယိုင္နဲ႕ေနသည့္ေက်ာင္းအိုေလးတစ္လံုး ႏွင့္ အခုမွေဆာက္လုပ္ထားဟန္ရွိကာ လက္ရာပင္အေခ်ာမသတ္ရေသးေသာ ေက်ာင္းသစ္ေလးတစ္လံုး အျပင္ လြတ္ေနေသာ ေျမကြက္လပ္မွာ ယာယီအမိုးေလးမိုးကာ စားပြဲ၀ိုင္းအပုေလးမ်ားခ်ခင္းထားၾကေသးသည္........ထိုင္ခံုမပါတာမို႔ ဖေယာင္းပုဆိုးအရွည္ႀကီးကို ခ်ခင္းထားေလသည္.....
ကၽြန္ေတာ္တို႔ကား၀င္လာသည္ကိုျမင္သည္ႏွင့္ လူေတြ၀ိုင္းအံုလာကာ လာႀကိဳဆိုၾကေလသည္...ရွိသမွ်လူေတြဒီေရာက္ေနသလားေအာင့္ေမ့ရသည္...ဒါေၾကာင့္မို႔လမ္းတစ္ေလွ်ာက္မေတြ႔ခဲ့ရတာမ်ားလားမသိ..
" ဟယ္ ကေလးေလးက အျပင္မွာ ပိုေခ်ာတာေတာ့...........
ေအးဟယ္ မင္းသားေလးလား ထင္ရသလားေအာက္ေမ့ရတယ္.....ျဖဴဥေနတာပဲ..."
တိုးတုိးတစ္မ်ိဳး က်ယ္က်ယ္တမ်ိဳးေျပာဆိုေနၾကသည္မို႔ လူကေၾကာင္ေတာင္ေတာင္ျဖစ္ေနရသည္...သူတို႔ေျပာေနပံုက ကုိယ့္အားအရင္ကျမင္ဖူးေနသလိုမ်ိဳးမို႔ အထူးအဆန္းျဖစ္ေနရသည္.....ပီးေတာ့သူတို႔အၾကည့္က ေဖတို႔ေမတို႔ဆီမွာလဲမရွိ ကိုႀကီးတို႔ဆီမွာလဲမွရွိဘဲ ကိုယ့္ဆီမွာသာ ရစ္၀ဲရစ္၀ဲျဖစ္ေနၾကသည္...တစ္ခုခုေတာ့လြဲေနပီမို႔ စိတ္ထဲမရိုးမရြျဖစ္ေနရသည္............
" ေအး......တကာမေတြေရာက္ေနပီကိုး....လာၾကလာၾက...ဟဲ့ မရင္ မႀကီးမငယ္နဲ႔ဘာေတြ၀ိုင္းစုေနၾကတာလဲ ဧည့္သည္ေတြကို ေခၚသြင္းလိုက္ေလ..."
" တင္ပါဘုရား............သတို႔သားေလးေခ်ာလို႔ၾကည့္ေနတာပါဘုရား.........."
ေပ်ာ္တတ္ပံုရသည့္ အေဒၚႀကီးရဲ႕ခပ္သြက္သြက္အေျဖမွာ မွဴးေလးမ်က္လံုးပင္ျပဴးရသည္...သူ႔အားလက္ညႈိးထိုးကာ သတို႔သား ဆိုပီးေျပာလာသည္မို႔ နားမလည္ႏိုင္စြာ ေမ့အားၾကည့္ေနတုန္း ေနာက္ထပ္ကားတစ္စီး၀င္လာေလသည္.......
ကားေပၚမွဆင္းလာသူအားၾကည့္မိေတာ့ ပိုေတာင္အံ့ၾသ သြားခဲ့ရသည္......
" ျဖဴေလးတို႔ေတာင္ေရာက္ေနပီကိုး..........ငါတို႔မွာ ေနရာေပ်ာက္ေနလို႔ မနည္းရွာေနရတယ္ ျဖဴေလးရယ္..."
ေမသည္ အန္တီ မိမိ နားေလွ်ာက္သြားကာ လက္ေမာင္းအားကိုင္လိုက္ရင္း
" အဲဒါေၾကာင့္ငါ့တို႔နဲ႔အတူတူသြားပါဆို..........နင္က လိုက္မွလိုက္မလာတာ..."
" မျဖစ္ပါဘူးေအ.... သားက သားငယ္ေလးကိုမသိေစခ်င္ေတာ့ ငါကလည္း ငါ့သားဆႏၵေလးကိုျဖည့္ဆည္းေပးတာပါေအ..."
ေျပာေနၾကေသာ စကားသံမ်ားေၾကာင့္ လူကေနရာမွာတင္ငုတ္တုတ္ျဖစ္သြားရသည္.........
***ဘာလဲ ဒါဆို ဒီပြဲက အကိုစီစဥ္တာလား....
အဲဆို သူကေရာ......********
ျခာျခာလည္ေအာင္ဟိုဒီလိုက္ရွာေတာ့ ေတြလိုက္ရသည့္ဆိုင္းဘုတ္အေသးေလး.... ဘာအျခံအရံမွမရွိ.......ဘာပကာသနမွမရွိ ေျမျဖဴေခ်ာင္းႏွင့္ေရးထားဟန္ရွိသည့္ သစ္သားဆိုင္းဘုတ္ေလးေၾကာင့္
လူက ဆို႔တက္လာကာ မ်က္ရည္မ်ားျပည့္လွ်ံက်လာရသည္........
************************************************
ေမာင္ေအဒီ + ေမာင္မွဴးေလး
တို႔၏
မဂၤလာဆြမ္းေကၽြး အလွဴ
******************************************************
ထိုဆိုင္းဘုတ္ေလးအားျမင္လိုက္ရရံဳနဲ႔တင္အရာရာျပည့္စံုပါပီ..........ကိုယ္လိုခ်င္တဲ့ပံုစံေလးကို အဲေလာက္အဓိပၸါယ္ေဖာ္ႏိုင္လိမ့္မယ္လို႔ လံုး၀မထင္ထားမိခဲ့.....ကိုယ့္အေပၚအရာရာနားလည္ႏိုင္သူႀကီးကို ေတြ႔ခ်င္လာတဲ့စိတ္ကတလွိမ့္လွိမ့္တက္လာသည္မို႔.........ေဘးနားကရပ္ေနသည့္ကေလးေလးအား ေမးလိုက္ရာ...ညႊန္ျပလိုက္သည့္ေနရာသို႔ လုိက္လာခဲ့လိုက္သည္...
........................................................................................
တက်ိက်ိႏွင့္ေအာ္ေနသည့္ ေက်းငွက္ေတာ္သံမ်ားႏွင့္ တသြင္သြင္စီးဆင္းေနသည့္စမ္းေခ်ာင္းငယ္ေလးမွေရသံမ်ားအျပင္ ကေလးအုပ္စုႏွင့္ရယ္ေမာကာ စမ္းေခ်ာင္းထဲေရစိမ္ေနပါေသာ ကၽြန္ေတာ္ခ်စ္ရသူႀကီး....
ေခၚလဲမေခၚမိဘဲ လက္ကေလးပိုက္ကာရပ္ၾကည့္ေနလိုက္သည္...
" ေဟ့ ကေလးေတြ အေပၚျပန္တက္ၾကေတာ့...အကိုေတာ့ ကေလးကို သြားႀကိဳရဦးမွာမို႔ျပန္ပီကြာ.."
ဆိုကာ ပုဆိုးေရလဲေနရင္းက ျပံဳးျပံဳးႀကီးရပ္ၾကည့္ေနသည့္ကၽြန္ေတာ့အားျမင္သြားေတာ့ အံ့ၾသသြားသည္ထင္ပါရဲ႕ ျပံဳးေတာ့ျပံဳးျပလာေပမယ့္ လႈပ္ရွားမႈက ရပ္တန္႔ေနဆဲမို႔ ကၽြန္ေတာ္ကပဲ အကိုရွိရာသို႔သြားလိုက္ကာ လြမ္းခဲ့ရသမွ်တိုးခ်ကာ ေပြးပိုက္မိေတာ့သည္....
ဘာစကားမွေျပာစရာမလုိေအာင္ပင္ လုပ္ရပ္ကသက္ေသျပပီးပီး မို႔ ေရပင္မေျခာက္ေသးသည့္ အ၀တ္မဲ့ရင္ခြင္ထဲကိုသာ အတင္းတိုး၀င္ဖက္တြယ္ေနမိေတာ့သည္... ေခါင္းေလးကို အသာအယာပြတ္သပ္ေပးလာကာ....
" ကေလး...ကိုယ္ကေလးဆီက ခြင့္ျပဳခ်က္မရပဲ ဒီလိုစီစဥ္လိုက္တဲ့အေပၚစိတ္မဆိုးနဲ႔ေနာ္........ပီးေတာ့သိပ္ပီးမခမ္းနားေတာ့ေလ........."
အကိုစကားဆံုးေအာင္ေျပာခြင့္မေပးေတာ့ပဲ....သူ႔ႏႈတ္ခမ္းေလးအား လက္ဖ၀ါးျဖင့္အုပ္ပစ္လိုက္ပီး..
" အကို ကၽြန္ေတာ့အတြက္ ေပးအပ္လာတဲ့အရာရာကို အကုန္သေဘာက်တယ္ ေက်နပ္တယ္ ၾကည္ျဖဴတယ္..........ဘာေၾကာင့္လဲလာမေမးနဲ႔ အကိုျဖစ္ေနလို႔ ............"
ေရွ႕မွာျမင္ေနရသည္ အကို႔ရင္ဘတ္ႀကီးအားနမ္းရင္း ေျပာလိုက္ေတာ့............ေခါင္းေမာ့ကာ မ်က္လံုးမွိတ္ရင္း ႏႈတ္ခမ္းအားတင္းတင္းေစ့ကာေနေနသည့္အကို႔ပံုစံသည္ ေပ်ာ္ရြင္ေနမႈကို ဖံုးဖိေနသည္လည္း ျဖစ္ႏိုင္သလို ရင္ခုန္ေနသည္လည္ျဖစ္ႏိုင္ေလသည္.......
" ကေလး ကုိယ္တို႔ တရားနာပီးေရစက္ခ်ခ်ိန္ေတာင္ေရာက္ေတာ့မယ္...ျမန္ျမန္လာ..."
ဆိုကာ ကၽြန္ေတာ့လက္ကေလးအားဆြဲကာ စမ္းေခ်ာင္းေလးဆီကထြက္လာခဲ့လိုက္သည္...
........................................................................................................................
တရားနာေရစက္ခ်ပီးသည့္အခ်ိန္တြင္ေျဗာင္အိုးေဖာက္သံေၾကာင့္ လန္႔သူကလန္႔ ရယ္သူကရယ္ ဆဲသူကဆဲ ေယာင္သူကေယာင္ ႏွင့္ဆူညံသြားေတာ့သည္... ေဗ်ာသံတညံညံ ႏွင့္ ယာယီတဲထဲက ထမင္း၀ိုင္းတြင္လည္း ရပ္ရြာကလူေတြအျပည့္ေနရာယူကာ စားေသာက္ေနၾကေလပီ..........
ကၽြန္ေတာ္ႏွင့္ ကေလးကေတာ့ ဘုန္းဘုန္းအားဆြမ္းကပ္ေနရင္းၾကည္ႏူးျခင္းေတြ ပီတိေတြေ၀ေနရေတာ့သည္.......
ေမတို႔ကေတာ့ ပါလာသည့္မုန္႔ေတြကို လိုက္ေ၀ေနရင္းေပ်ာ္ရြင္ေနၾကေလသည္....
ဆြမ္းကပ္လို႔ ျပီးသြားပီ မို႔ ေက်ာင္းအသစ္ေလးက ၀ရံတာေလးတြင္ ႏွစ္ေယာက္သားရပ္မိၾကသည္..
" ဒီေက်ာင္းေလးကို ကိုယ္ ကေလးအတြက္ ရည္စူပီးလွဴထားတာ"
" အန္တီေတာ့ေျပာေတာ့မယ္ ေမြးရက်ိဳးနပ္လိုက္တာလို႔...ဟားဟား... သူ႔အတြက္မလွဴဘဲ ကၽြန္ေတာ့အတြက္လုပ္ေပးလို႔ေလ.."
" လုပ္ေပးမွာေပါ့ကြာ....အခုက ကေလးနဲ႔ကိုယ့္အတြက္ အလွဴလုပ္မဲ့ေနရာေလးရွာရင္း အခက္အခဲျဖစ္ေနတာကို ေတြ႔တာမို႔ ခ်က္ခ်င္းလွဴျဖစ္သြားတာ..."
" အကို ကၽြန္ေတာ့ကို ဘာလို႔ခ်စ္တာလဲဟင္...."
အကိုသည္ကၽြန္ေတာ့အား ျမတ္ျမတ္ႏိုးႏိုးျပံဳးျပလာကာ နဖူးေလးကိုနမ္းလိုက္ေလသည္..ပီးေတာ့..ကၽြန္ေတာ္ဘာမွထပ္ေမးစရာမလိုေတာ့ေအာင္ ရင္ခုန္စြာေျပာလာသည့္စကားေလး............
" မင္းျဖစ္ေနလို႔..."
ခင္ဗ်ားေလးတို႔သိလား...မဂၤလာေဆာင္အတြက္ Hotel အေကာင္းစားႀကီးေတြမွာ 2နာရီေလာက္ကို သိန္းရာခ်ီသံုးမယ့္အစား တကယ့္လိုအပ္တဲ့ေနရာေလးမွာ ကိုယ္ထူကိုယ္ထ အလွဴေလးလုပ္ခြင့္ရတာက ပိုပီးၾကည္ႏူးစရာေကာင္းမွာျဖစ္သလို...ဘ၀မွာ ဘယ္ေတာ့မွ မေမ့ႏိုင္ေလာက္ေတာ့တဲ့ အမွတ္တရေလးျဖစ္သြားမယ္ဆိုတာ ကၽြန္ေတာ့တို႔ႏွစ္ေယာက္ ရဲရဲႀကီးအာမခံရဲတယ္.............
THE END
ခ်စ္ျခင္းမ်ားစြာျဖင့္
Hsoo (ဆူး)
အဆံုးထိဖတ္ေပးတဲ့ Reader ေလးေတြ အေယာက္စီတိုင္းကို အထူးေက်းဇူးတင္ရွိပါတယ္......
တဖြည်းတဖြည်းနဲ့ဝင်ရောက်လာခဲ့တာ လမ်းမကြီးကနေ လမ်းကလေး လမ်းကလေးကနေ အခု ဂျိုင့်ခွက်တွေများတဲ့လမ်းကျင်းကျင်းလေးထဲရောက်နေလေပီ........ မိုးလေကင်းလွတ်ချိန် သီတင်းကျွတ်လရာသီဘက်ရောက်နေပီမို့ လယ်ကွင်းပြင်ကြီးထဲက စပါးပင်ဖွေးဖွေးကလည်း မျက်စိတစ်ဆုံး ၀ါထိန်နေလျှက် လေယူရာသိမ်းကာ ယိမ်းနွဲ့နေကြလေသည်......တချို့သော စပါးပင်များက ရေလွှမ်းမိုးမှုကြောင့်ထင်ရကာ ပျက်ဆီးနေကြသေးသည်.........
မနက်စောစောထခဲ့ရလို့ နောက်ကျိနေသည့်စိတ်က ထိုမြင်ကွင်းအားမြင်ရတော့ မှူးလေးမှာချက်ချင်းပင်လန်းဆန်းလာခဲ့လေသည်.......... သဘာဝလေလေး ရှူရှိုက်ချင်တာမို့ ကားမှန်တံကားဖွင့်ကာ ခေါင်းကိုကားအပြင်ထုတ်လိုက်ပီး အာရပါးရရှူရှိုက်မိသည်......
လယ်ကွင်းထဲမှ ယာယီတဲလေးများက သူ့နေရာနှင့်သူဆောက်လုပ်ထားကြကာ.......တချို့တဲလေးတွေဆိုအဝတ်များလှန်းထားသည်မို့ ထိုနေရာမှာပဲ နေထိုင်စားသောက်ကြတာ သိသာပေါ်လွင်စေပြန်သည်။ လူတွေကို လာရာလမ်းတစ်လျှောက်မတွေ့ရသည်မို့ စိတ်ထဲထူးဆန်းနေမိသည်။
ကားရှေ့မှ နွားအုပ်စုလိုက် တိုးဝှေ့ကာ ထိန်းကျောင်းသူမရှိ ဖရိုဖရဲလာနေသောကြာင့် ဖုန်လုံးများတလှိမ့်လှိမ့်တက်လာသည်မို့ ကားမှန်ကို အမြန်တင်လိုက်ရသေးသည်။
တွေးရင်းငေးရင်းနှင့် မှူးလေးတစ်ယောက်အလုပ်များနေရင်းက အိုးစည်သံသဲသဲကြားလိုက်ရတော့ခေါင်းထောင်ကာ ရှေ့သို့ကြည့်မိသည်.......
"ဟော အသံကြားပီ......ရောက်တော့မယ်ထင်တယ်"
မေ့ဆီကအသံလေးထွက်လာသည်မို့ ရောက်တော့မည့်နေရာကို စိတ်လှုပ်ရှားစွာကြည့်နေမိသည်.... ယိုင်နဲ့နေသည့်ကျောင်းအိုလေးတစ်လုံး နှင့် အခုမှဆောက်လုပ်ထားဟန်ရှိကာ လက်ရာပင်အချောမသတ်ရသေးသော ကျောင်းသစ်လေးတစ်လုံး အပြင် လွတ်နေသော မြေကွက်လပ်မှာ ယာယီအမိုးလေးမိုးကာ စားပွဲဝိုင်းအပုလေးများချခင်းထားကြသေးသည်........ထိုင်ခုံမပါတာမို့ ဖယောင်းပုဆိုးအရှည်ကြီးကို ချခင်းထားလေသည်.....
ကျွန်တော်တို့ကားဝင်လာသည်ကိုမြင်သည်နှင့် လူတွေဝိုင်းအုံလာကာ လာကြိုဆိုကြလေသည်...ရှိသမျှလူတွေဒီရောက်နေသလားအောင့်မေ့ရသည်...ဒါကြောင့်မို့လမ်းတစ်လျှောက်မတွေ့ခဲ့ရတာများလားမသိ..
" ဟယ် ကလေးလေးက အပြင်မှာ ပိုချောတာတော့...........
အေးဟယ် မင်းသားလေးလား ထင်ရသလားအောက်မေ့ရတယ်.....ဖြူဥနေတာပဲ..."
တိုးတိုးတစ်မျိုး ကျယ်ကျယ်တမျိုးပြောဆိုနေကြသည်မို့ လူကကြောင်တောင်တောင်ဖြစ်နေရသည်...သူတို့ပြောနေပုံက ကိုယ့်အားအရင်ကမြင်ဖူးနေသလိုမျိုးမို့ အထူးအဆန်းဖြစ်နေရသည်.....ပီးတော့သူတို့အကြည့်က ဖေတို့မေတို့ဆီမှာလဲမရှိ ကိုကြီးတို့ဆီမှာလဲမှရှိဘဲ ကိုယ့်ဆီမှာသာ ရစ်ဝဲရစ်ဝဲဖြစ်နေကြသည်...တစ်ခုခုတော့လွဲနေပီမို့ စိတ်ထဲမရိုးမရွဖြစ်နေရသည်............
" အေး......တကာမတွေရောက်နေပီကိုး....လာကြလာကြ...ဟဲ့ မရင် မကြီးမငယ်နဲ့ဘာတွေဝိုင်းစုနေကြတာလဲ ဧည့်သည်တွေကို ခေါ်သွင်းလိုက်လေ..."
" တင်ပါဘုရား............သတို့သားလေးချောလို့ကြည့်နေတာပါဘုရား.........."
ပျော်တတ်ပုံရသည့် အဒေါ်ကြီးရဲ့ခပ်သွက်သွက်အဖြေမှာ မှူးလေးမျက်လုံးပင်ပြူးရသည်...သူ့အားလက်ညှိုးထိုးကာ သတို့သား ဆိုပီးပြောလာသည်မို့ နားမလည်နိုင်စွာ မေ့အားကြည့်နေတုန်း နောက်ထပ်ကားတစ်စီးဝင်လာလေသည်.......
ကားပေါ်မှဆင်းလာသူအားကြည့်မိတော့ ပိုတောင်အံ့သြ သွားခဲ့ရသည်......
" ဖြူလေးတို့တောင်ရောက်နေပီကိုး..........ငါတို့မှာ နေရာပျောက်နေလို့ မနည်းရှာနေရတယ် ဖြူလေးရယ်..."
မေသည် အန်တီ မိမိ နားလျှောက်သွားကာ လက်မောင်းအားကိုင်လိုက်ရင်း
" အဲဒါကြောင့်ငါ့တို့နဲ့အတူတူသွားပါဆို..........နင်က လိုက်မှလိုက်မလာတာ..."
" မဖြစ်ပါဘူးအေ.... သားက သားငယ်လေးကိုမသိစေချင်တော့ ငါကလည်း ငါ့သားဆန္ဒလေးကိုဖြည့်ဆည်းပေးတာပါအေ..."
ပြောနေကြသော စကားသံများကြောင့် လူကနေရာမှာတင်ငုတ်တုတ်ဖြစ်သွားရသည်.........
***ဘာလဲ ဒါဆို ဒီပွဲက အကိုစီစဉ်တာလား....
အဲဆို သူကရော......********
ခြာခြာလည်အောင်ဟိုဒီလိုက်ရှာတော့ တွေလိုက်ရသည့်ဆိုင်းဘုတ်အသေးလေး.... ဘာအခြံအရံမှမရှိ.......ဘာပကာသနမှမရှိ မြေဖြူချောင်းနှင့်ရေးထားဟန်ရှိသည့် သစ်သားဆိုင်းဘုတ်လေးကြောင့်
လူက ဆို့တက်လာကာ မျက်ရည်များပြည့်လျှံကျလာရသည်........
************************************************
မောင်အေဒီ + မောင်မှူးလေး
တို့၏
မင်္ဂလာဆွမ်းကျွေး အလှူ
******************************************************
ထိုဆိုင်းဘုတ်လေးအားမြင်လိုက်ရရုံနဲ့တင်အရာရာပြည့်စုံပါပီ..........ကိုယ်လိုချင်တဲ့ပုံစံလေးကို အဲလောက်အဓိပ္ပါယ်ဖော်နိုင်လိမ့်မယ်လို့ လုံးဝမထင်ထားမိခဲ့.....ကိုယ့်အပေါ်အရာရာနားလည်နိုင်သူကြီးကို တွေ့ချင်လာတဲ့စိတ်ကတလှိမ့်လှိမ့်တက်လာသည်မို့.........ဘေးနားကရပ်နေသည့်ကလေးလေးအား မေးလိုက်ရာ...ညွှန်ပြလိုက်သည့်နေရာသို့ လိုက်လာခဲ့လိုက်သည်...
........................................................................................
တကျိကျိနှင့်အော်နေသည့် ကျေးငှက်တော်သံများနှင့် တသွင်သွင်စီးဆင်းနေသည့်စမ်းချောင်းငယ်လေးမှရေသံများအပြင် ကလေးအုပ်စုနှင့်ရယ်မောကာ စမ်းချောင်းထဲရေစိမ်နေပါသော ကျွန်တော်ချစ်ရသူကြီး....
ခေါ်လဲမခေါ်မိဘဲ လက်ကလေးပိုက်ကာရပ်ကြည့်နေလိုက်သည်...
" ဟေ့ ကလေးတွေ အပေါ်ပြန်တက်ကြတော့...အကိုတော့ ကလေးကို သွားကြိုရဦးမှာမို့ပြန်ပီကွာ.."
ဆိုကာ ပုဆိုးရေလဲနေရင်းက ပြုံးပြုံးကြီးရပ်ကြည့်နေသည့်ကျွန်တော့အားမြင်သွားတော့ အံ့သြသွားသည်ထင်ပါရဲ့ ပြုံးတော့ပြုံးပြလာပေမယ့် လှုပ်ရှားမှုက ရပ်တန့်နေဆဲမို့ ကျွန်တော်ကပဲ အကိုရှိရာသို့သွားလိုက်ကာ လွမ်းခဲ့ရသမျှတိုးချကာ ပွေးပိုက်မိတော့သည်....
ဘာစကားမှပြောစရာမလိုအောင်ပင် လုပ်ရပ်ကသက်သေပြပီးပီး မို့ ရေပင်မခြောက်သေးသည့် အဝတ်မဲ့ရင်ခွင်ထဲကိုသာ အတင်းတိုးဝင်ဖက်တွယ်နေမိတော့သည်... ခေါင်းလေးကို အသာအယာပွတ်သပ်ပေးလာကာ....
" ကလေး...ကိုယ်ကလေးဆီက ခွင့်ပြုချက်မရပဲ ဒီလိုစီစဉ်လိုက်တဲ့အပေါ်စိတ်မဆိုးနဲ့နော်........ပီးတော့သိပ်ပီးမခမ်းနားတော့လေ........."
အကိုစကားဆုံးအောင်ပြောခွင့်မပေးတော့ပဲ....သူ့နှုတ်ခမ်းလေးအား လက်ဖဝါးဖြင့်အုပ်ပစ်လိုက်ပီး..
" အကို ကျွန်တော့အတွက် ပေးအပ်လာတဲ့အရာရာကို အကုန်သဘောကျတယ် ကျေနပ်တယ် ကြည်ဖြူတယ်..........ဘာကြောင့်လဲလာမမေးနဲ့ အကိုဖြစ်နေလို့ ............"
ရှေ့မှာမြင်နေရသည် အကို့ရင်ဘတ်ကြီးအားနမ်းရင်း ပြောလိုက်တော့............ခေါင်းမော့ကာ မျက်လုံးမှိတ်ရင်း နှုတ်ခမ်းအားတင်းတင်းစေ့ကာနေနေသည့်အကို့ပုံစံသည် ပျော်ရွင်နေမှုကို ဖုံးဖိနေသည်လည်း ဖြစ်နိုင်သလို ရင်ခုန်နေသည်လည်ဖြစ်နိုင်လေသည်.......
" ကလေး ကိုယ်တို့ တရားနာပီးရေစက်ချချိန်တောင်ရောက်တော့မယ်...မြန်မြန်လာ..."
ဆိုကာ ကျွန်တော့လက်ကလေးအားဆွဲကာ စမ်းချောင်းလေးဆီကထွက်လာခဲ့လိုက်သည်...
........................................................................................................................
တရားနာရေစက်ချပီးသည့်အချိန်တွင်ဗြောင်အိုးဖောက်သံကြောင့် လန့်သူကလန့် ရယ်သူကရယ် ဆဲသူကဆဲ ယောင်သူကယောင် နှင့်ဆူညံသွားတော့သည်... ဗျောသံတညံညံ နှင့် ယာယီတဲထဲက ထမင်းဝိုင်းတွင်လည်း ရပ်ရွာကလူတွေအပြည့်နေရာယူကာ စားသောက်နေကြလေပီ..........
ကျွန်တော်နှင့် ကလေးကတော့ ဘုန်းဘုန်းအားဆွမ်းကပ်နေရင်းကြည်နူးခြင်းတွေ ပီတိတွေဝေနေရတော့သည်.......
မေတို့ကတော့ ပါလာသည့်မုန့်တွေကို လိုက်ဝေနေရင်းပျော်ရွင်နေကြလေသည်....
ဆွမ်းကပ်လို့ ပြီးသွားပီ မို့ ကျောင်းအသစ်လေးက ၀ရံတာလေးတွင် နှစ်ယောက်သားရပ်မိကြသည်..
" ဒီကျောင်းလေးကို ကိုယ် ကလေးအတွက် ရည်စူပီးလှူထားတာ"
" အန်တီတော့ပြောတော့မယ် မွေးရကျိုးနပ်လိုက်တာလို့...ဟားဟား... သူ့အတွက်မလှူဘဲ ကျွန်တော့အတွက်လုပ်ပေးလို့လေ.."
" လုပ်ပေးမှာပေါ့ကွာ....အခုက ကလေးနဲ့ကိုယ့်အတွက် အလှူလုပ်မဲ့နေရာလေးရှာရင်း အခက်အခဲဖြစ်နေတာကို တွေ့တာမို့ ချက်ချင်းလှူဖြစ်သွားတာ..."
" အကို ကျွန်တော့ကို ဘာလို့ချစ်တာလဲဟင်...."
အကိုသည်ကျွန်တော့အား မြတ်မြတ်နိုးနိုးပြုံးပြလာကာ နဖူးလေးကိုနမ်းလိုက်လေသည်..ပီးတော့..ကျွန်တော်ဘာမှထပ်မေးစရာမလိုတော့အောင် ရင်ခုန်စွာပြောလာသည့်စကားလေး............
" မင်းဖြစ်နေလို့..."
ခင်ဗျားလေးတို့သိလား...မင်္ဂလာဆောင်အတွက် Hotel အကောင်းစားကြီးတွေမှာ 2နာရီလောက်ကို သိန်းရာချီသုံးမယ့်အစား တကယ့်လိုအပ်တဲ့နေရာလေးမှာ ကိုယ်ထူကိုယ်ထ အလှူလေးလုပ်ခွင့်ရတာက ပိုပီးကြည်နူးစရာကောင်းမှာဖြစ်သလို...ဘဝမှာ ဘယ်တော့မှ မမေ့နိုင်လောက်တော့တဲ့ အမှတ်တရလေးဖြစ်သွားမယ်ဆိုတာ ကျွန်တော့တို့နှစ်ယောက် ရဲရဲကြီးအာမခံရဲတယ်.............
THE END
ချစ်ခြင်းများစွာဖြင့်
Hsoo (ဆူး)
အဆုံးထိဖတ်ပေးတဲ့ Reader လေးတွေ အယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်......