မင်းဖြစ်နေလို့ ( complete)

By kayhsoo

720K 41.5K 328

Bl story မင်းဖြစ်နေလို့ ( complete) More

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part - 23
Part-24
Part 25
Part-26
Part-27
Part-28
Part-29
Part-30
Part -31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part- 40
Part-41
Part- 42
Part-43
Part- 44
Part-45
Ending
Extra
ေၾကာ္ျငာ

Part-46

13.7K 639 3
By kayhsoo

အကိုနဲ႔ကၽြန္ေတာ္ထပ္ပီး ခြဲခြါေနရေပမယ့္ မၾကာခင္အတူတူေနရေတာ့မယ္ ဆိုတဲ့အသိက လြမ္းရသမွ်ေျပေစသည္.... သတိရ ရသမွ်ေျဖသိပ္လို႔ရသည္...

အလုပ္ကိစၥေတြအပီးသတ္လႊဲဖို႔ရာ US ျပန္သြားသည္မွာ အခုဆို သံုးလျပည့္ဖို႔ ၄ ရက္သာလိုေတာ့သည္..အကိုလဲေန႔မအားညမအား အလုပ္လုပ္ေပးေနရသည္မို႔ ကၽြန္ေတာ္တို႔ နွစ္ေယာက္မဂၤလာကိစၥကို ေသေသခ်ာခ်ာပင္တိုင္ပင္ခြင့္မရခဲ့ေသးေပ.... ဒါေပမဲ့ကိုယ္လိုခ်င္တဲ့ပံုစံေလးကိုေတာ့ အရိပ္အမြက္ေလးေျပာျပျဖစ္သည္...အကိုက ဘာမွေတာ့ျပန္မေျပာေပမဲ့အေလးအနက္ နားေထာင္ေပးရွာသည္...

မအားတဲ့ၾကားကတကူးတက video call ေခၚကာ ကၽြန္ေတာ့အား တစိမ့္စိမ့္ၾကည့္ပီး အခုမွပဲအေမာေျပေတာ့သည္ဟု ရင္ခုန္ေအာင္လဲေျပာတတ္ေသးသည္...

အကို႔ အေမကေတာ့ မဂၤလာပြဲကို ဘယ္မွာပဲျဖစ္ျဖစ္ ဘယ္ေနရာမွာပဲ ေဆာင္ေဆာင္ အကုန္လံုး လုပ္ေပးမည္ဟုေျပာထားေပမဲ့လည္း ကိုယ္လိုခ်င္တာ ပကာသနေတြနဲ႔ဖံုးလႊမ္းေနတဲ့ အတုအေယာင္ မဂၤလာပြဲမဟုတ္... ေယာက်ၤားနွစ္ေယာက္ေဆာင္တဲ့မဂၤလာပြဲကို နွစ္ဖက္မိဘကိုသာ အားနာလို႔တက္ေရာက္ခ်ီးျမွင့္ဖို႔လာၾကမယ့္လူေတြက ေနာက္ကြယ္မွာ ႏွာေခါင္းရႈံ႕ခံရမွာမ်ိဳးလဲမလိုလားေပ....

လူ႔သဘာဝကိုက သူမ်ားနဲ႔မတူ တမူထူးျခားေနရင္ေတာင္ ေဝဖန္ခံေနရတဲ့ ဒီ Social Media ေခတ္ၾကီးထဲမွာ လိင္တူမဂၤလာေဆာင္ဆိုပီး Social Media ေတြမွာ ပလူပ်ံေနမွာျမင္ေယာင္ေသးသည္...ကိုယ္လိုခ်င္တာက ေအးခ်မ္းတဲ့ဘဝေလးကို အကိုနဲ႔အတူတူေက်ာ္ျဖတ္ခြင့္ရရင္ေတာ္ပီ.... ထိုေၾကာင့္ ဒီလိုႀကီးႀကီးက်ယ္က်ယ္မဂၤလာေဆာင္ဖို႔မလိုအပ္ေပ....

" ေဒါက္ေဒါက္..."

တံခါးေခါက္သံၾကားသည္မို႔ ေတြးလက္စအေတြးေတြရပ္ပစ္ကာ... တံခါးထဖြင့္လိုက္သည္...

" သားငယ္ေလး.....AD ေလးနဲ႔အဆက္အသြယ္ရလား.. ေမဖုန္းေခၚလို႔မရဘူး..."

" ဟင့္အင္းေမ... သူမအားလို႔ သားနဲ႔ဖုန္းမေျပာရတာေတာင္ ၃ ရက္ေလာက္ရွိပီေမ.....ဘာလုပ္ဖို႔လဲေမ.."

" ဘာရယ္မဟုတ္ပါဘူးကြယ္..... သား စေနေန႔က်ရင္ ေမတို႔ ျပည္ဘက္မွာ အလွဴေလးလုပ္ခ်င္လို႔... အလုပ္ကိစၥေတြျဖတ္ထားေနာ္.... ေအာ္ အဲေန႔က်ရင္ဒါေလးဝတ္... ေမဝယ္ထားတာ.... သားငယ္ေလးနဲ႔ဆိုသိပ္လိုက္မွာ....."

ေမဝယ္ေပးသည္ဆိုေသာ အက်ီၤေလးအားျဖန္႔ၾကည့္လိုက္ေတာ့ ခဲေရာင္လည္ကတံုးရွပ္ေလးနွင့္ ခဲပုတ္ေရာင္လံုခ်ည္ေလးျဖစ္သည္.....

" ဘယ္တုန္းကဝယ္လိုက္တာလဲေမ... သားၾကိဳက္တယ္..."

" ဒါေပါ့ ေမ့သားအႀကိဳက္ကိုေမသိတာေပါ့...."
ဆိုကာ ခ်စ္စရာေကာင္းေလာက္ေအာင္ပင္ျပံဳးေနေလသည္...

" ဘယ္ႏွစ္နာရီသြားျဖစ္မလဲေမ....."

" မနက္ ၅ နာရီေလာက္အိမ္ကထြက္မယ္သားငယ္.... ျပင္ထားေနာ္.... အိပ္ေတာ့သားငယ္  အခ်ိန္လဲမေႏွာင္းေတာ့ဘူး"

" ဟုတ္...ေမ ကိုႀကီးတို႔ေရာ အိပ္ပီလား"

" အိပ္ေရာေပါ့ကြယ္.... သူတို႔လင္မယားလဲ Company အသစ္အတြက္ျပင္ဆင္ေန႐တာ ပင္ပန္ေနရွာပီ"

အကိုျပန္သြားပီး တစ္လေလာက္အၾကာတြင္ ကိုၾကီးတို႔လင္မယား ျမန္မာျပည္ကို အပီးျပန္လာၾကေလသည္...Company အတြက္လိုအပ္သည့္ လုပ္ငန္းလိုင္စင္နွင့္ အခြန္ကိစၥမ်ားအတြက္ အလုပ္ေတြရႈပ္ေနၾကသည္... US ကေနတိုက္ရိုက္မွာယူေရာင္းခ်မည့္ပစၥည္းေတြမို႔ ေစ်းကမေသးသလို Quality ကလဲေျပာစရာပင္မလိုေတာ့.... Brand ေတြျဖစ္တဲ့ အိတ္၊ ဖိနပ္၊ အက်ီၤ၊ ေရေမြး၊ မိတ္ကပ္ အစံုတင္သြင္းေရာင္းခ်မွာမို႔ ဝန္ထမ္းေတြကိုလဲ ေသေသခ်ာခ်ာစီစစ္ေရြးခ်ယ္ေနရသည္...
ဝန္ထမ္းေရြးခ်ယ္ေရး အပိုင္းမွာေတာ့ ကၽြန္ေတာ့အားအပ္ထားသည္မို႔ မိပိုးနွင့္ ဇက္အားျပန္လႊဲထားလိုက္သည္... သူတို႔က ကိုယ့္ထက္ အဲလိုေနရာေတြမွာ ပိုကၽြမ္းက်င္သည္မို႔ အကူအညီေတာင္းထားရျခင္းျဖစ္သည္...,

ေတြးရင္းေငးရင္းနွင့္ပင္ အကို  ဘယ္အခ်ိန္ online တက္လာမလဲေစာင့္ေနတာ အခုေတာင္ ၁၁ နာရီထိုးေတာ့မည္.... အရမ္းမ်ားအလုပ္ေတြရႈပ္ပီး ပင္ပန္းေနပီလားဗ်ာ.....

လမသာေသာေၾကာင့္ ေမွာင္မိုက္ေနေသာ ေကာင္းကင္ႀကီးမွာ ၾကယ္ကေလးမ်ားက ဟိုတစ္လံုးဒီတစ္လံုး ျပန္႔က်ဲေနေလသည္...  မိုးေလကင္းလြတ္ကာစမို႔ ေလေျပေလးမ်ားက အျဖတ္ျဖတ္နွင့္ ညအလယ္မွာ တိုက္ခတ္ေနေသးသည္.....  ဝရံတာတြင္ လက္ေထာက္ရင္းေကာင္းကင္ႀကီးကိုေမာ့ၾကည့္ကာ .... တစ္စံုတစ္ေယာက္အားလြမ္းဆြတ္သတိရေနမိသည့္ ေကာင္ေလးတစ္ေယာက္......

................................
Alarm ေပးထားသည့္ ႏႈိးစက္နာရီက တစ္တီတီျမည္ေနပီမို႔ မွဴးေလးထလိုက္ရသည္.... အိပ္ခ်င္ေနေသးသည့္မ်က္လံုးတို႔အား အတင္းဖြင့္ကာ ေရခ်ိဳးခန္းသို႕ဦးတည္လိုက္ပီး  ေရပန္းေအာက္တြင္ရပ္ကာ ေရအၾကာႀကီးခ်ိဳးပစ္လိုက္သည္.....

ေရခ်ိဳးခန္းက ျပန္ထြက္လာေတာ့  မနက္ ေလးနာရီေတာင္ခြဲေတာ့မည္မို႔ ျမန္ျမန္အဝတ္အစားလဲရသည္.... အနည္းငယ္ေတာက္ေျပာင္ေနေသာ ေမဝယ္ေပးသည့္လည္ကတံုးဝမ္းစက္နွင့္ ကၽြန္ေတာ့ကိုယ္ကၽြန္ေတာ္ျပန္ၾကည့္မိေတာ့ ျပံဳးခ်င္ခ်င္ေတာင္ျဖစ္သြားရသည္... ေတာက္ေတာက္အေျပာင္ေျပာင္ေတြဝတ္ဖို႔လိုလို႔လားဟုေတြးလိုက္မိေပမယ့္ ၾကာၾကာမေတြးအား ေခါင္းကိုေသခ်ာ ဖီးကာ ငါးနာရီလဲထိုးေတာ့မွာမို႔ ေအာက္ထပ္ဆင္းလာခဲ့လိုက္သည္.....

" ဟာ...ငယ္ေလး.... အရမ္းခန္႔ေနပါလား...."
အမ Grace က ရယ္ရယ္ျပံဳးျပံဳးျဖင့္စလာသည္မို႔ မွဴးေလးမွာ နဂိုကတည္းကေျပာင္လက္ေနလို႕အေနခက္ေနရတဲ့အထဲ ပိုပီးအေနခက္သြားရသည္.....

" အဲဒါကိုယ္နဲတူလို႔ေလ....Grace ရဲ႕"
" ကိုယ့္ဘက္ကိုယ္ ယက္တဲ့လိပ္ႀကီး...."
ဆိုကာအမကျပန္ေျပာေတာ့ မနက္ခင္းေစာေစာစီးစီးမွာရယ္သံေတြလႊမ္းသြားရသည္....

ေမကေတာ့ ကၽြန္ေတာ့ဆိုင္က မုန္႔ေတြကို လွဴခ်င္သည္ဟုေျပာေသာေၾကာင့္ မေန႔ညကမုန္႔ေတြလုပ္ကာ ယူလာေပးျဖစ္သည္.... ကားအေနာက္ခန္းေရာ ေရွ႕ခန္းမွာပါ မုန္႕ေတြအျပည့္ ...  ေမေျပာသမွ်ကိုေဖကေနရာခ်ေပးေနေလသည္....ကၽြန္ေတာ္လဲကူေပးရန္အနားသြားေတာ့..... ျပံဳးပီးၾကည့္လာတဲ့ ေဖနဲ႔ေမေၾကာင့္ လူကေၾကာင္ေတာင္ေတာင္နွင့္ပင္ လည္ပင္းျပန္ပြတ္မိသည္....

" ေဖႀကီးၾကည့္စမ္းပါဦး.... ကၽြန္မသား ဘယ္ေလာက္ေတာင္ ေခ်ာလဲလို႔......"
ၾကည့္မဝသည့္မ်က္လံုးေတြျဖင့္ၾကည့္ေနေလသည္...

" ငါ့သားပဲကြ ဒီေလာက္ေတာ့ရွိမွာေပါ့...."
ဆိုကာ ကၽြန္ေတာ့ေခါင္းေလးအား ေဖ့လက္ဖဝါးျဖင့္ ပြတ္ကာေျပာလာေလေတာ့ မွဴးေလးမွာ ေနရခက္စြာျဖင့္.....

" ေဖနဲ႔ ေမကလည္း ဒါပဲေျပာေနေတာ့တာပဲ.... နဂိုကတည္းကမွ တခါမွ မဝတ္ဖူးလို႔စိတ္အိုက္ေနတာကို"

" ေမ့သားကိုၾကည့္လို႔ကိုမဝဘူး..... သိပ္လိုက္တာပဲဒီဝတ္စံုေလးနဲ႔..."

ကၽြန္ေတာ္လဲရွက္ရွက္နွင့္ ကားထဲဝင္ထိုင္လိုက္ေတာ့သည္....ေဖနဲ႔ေမကေတာ့ ျပံဳးကာ ကားထဲဝင္လိုက္လာခဲ့သည္.... ကိုႀကီးကေတာ့ကားေမာင္းမွာမို႔ အမ Grace ကေရွ႕ခန္းတြင္ေနရာေတာင္ယူပီးေနေလပီ....

အတြဲကိုယ္စီနွင့္ျဖင့္ေနေသာကားေလးထဲတြင္ အေဖာ္မဲ့ေနသူမွာ ကားေနာက္ဆံုးထိုင္ခံုတြင္မုန္႔ေတြၾကားထိုင္ေနရသည့္ မွဴးေလးျဖစ္သည္...

တရိပ္ရိပ္ေျပးေနေသာကားေလးသည္ရန္ကုန္ၿမိဳ႕ထဲမွစတင္ထြက္ခြာေနေလပီ... ေဝလီေဝလင္းအခ်ိန္မို႔ ကားအသြားအလာက်ဲေနေသးသည့္ ကားမွန္အျပင္ဘက္ကိုၾကည့္ကာ နင့္နင့္သည္းသည္းပင္ အကိုအား လြမ္းမိပါသည္...

**********
အကိုဒီတခါလဲ ကၽြန္ေတာ္ အေဖာ္မဲ့ျပန္ပီ....
ဒီအခ်ိန္ေလးမွာ ကၽြန္ေတာ့ေဘးနား အကို႔ကိုရွိေစခ်င္လိုက္တာဗ်ာ....
***********
...................................................

မနက္၃ နာရီေလာက္ကတည္းက ဆြမ္းထခ်က္ၾကကာ မိဘမဲ့ကေလးမ်ားစားဖို႔အတြက္နွင့္ ရပ္ကြက္ထဲကလူေတြစားရန္အတြက္ ကိုယ္ထူကိုယ္ထပင္ စည္ကားသိုက္ၿမိဳက္စြာ ျပင္ဆင္ခ်က္ျပဳတ္ေနၾကသည္.... ရြာဓေလ့မို႔လားမသိ မနက္ကတည္းက ကေလးကအစ လူႀကီးအဆံုး အကုန္ႏိုးေနၾကကာ ကၽြန္ေတာ့အလွဴေလးကိုတတ္နိုင္သည့္ဘက္ကဝိုင္းကူေနၾကေလသည္....

AD ကေတာ့လိုအပ္တာလိုက္ၾကည့္ရင္း ကူေပးရင္းနွင့္ပင္ေခၽြးတလံုးလံုးနွင့္ျဖစ္ေနရသည္.... ပင္ပန္းေပမဲ့လဲပင္ပန္းတယ္လို႔မထင္..... ရွိေနတဲ့ေနရာေတြမွာ အထပ္ထပ္လွဴေနတာထက္ မရွိတဲ့သူေတြကလွဴရတာဒီေလာက္ၾကည္ႏူးပီတိျဖစ္စရာေကာင္းမွန္းမသိခဲ့ေပ....

ကေလးေၾကာင့္ဒီလိုမ်ိဳးေတြလုပ္ဖို႔အၾကံရခဲ့သည္မို႔ ကေလးအားေက်းဇူးတင္လို႔မဆံုးျဖစ္ရသည္....
ကေလးအားအံ့ၾသသြားေစခ်င္လို႔ စီစဥ္ထားရေပမယ့္ စီစဥ္တဲ့အတိုင္းျဖစ္မလာမွာကိုလဲ ရင္တထိတ္ထိတ္နွင့္ပင္စိုးရိမ္ေနရသည္.... ကေလးခြင့္ျပဳခ်က္မရဘဲ မဂၤလာဆြမ္းေကၽြးအလွဴေလးကို နွစ္ဖက္မိဘနွင့္ ရင္းနွီးသူေတြပဲအသိေပးကာ ျပင္ဆင္ခဲ့ရသည္မို႔ ကေလးစိတ္ထဲ မခမ္းမနားျမင္သြားမွာလည္းစိတ္ပူမိသည္...

မိဘမဲ့ကေလးေတြကိုအလွဴေလးလုပ္ခ်င္တယ္ေျပာကာ ပိုးဥနွင့္ဇက္ထံတြင္ကေလးမသိေအာင္အၾကံဥာဏ္ေတြေတာင္းေတာ့ .... ဒီျပည္ၿမိဳ႕ေလး၏ ရြာငယ္ေလးတစ္ရြာမွာရွိတဲ့ မိဘမဲ့ဘုန္းႀကီးေက်ာင္းေလးကိုရွာေဖြေပးခဲ့ၾကသည္မို႔ ပိုးဥတို႔ကိုလဲ ေက်းဇူးအထပ္ထပ္တင္မိသည္....

ကၽြန္ေတာ့က US မွာမို႔ ဒီေနရာေလးကို Hotel Manager အားအကူအညီေတာင္းပီးအလွဴလုပ္ရန္သြားေလွ်ာက္ခိုင္းေတာ့ မိုးတြင္းမွာေရႀကီးမႈေၾကာင့္ ဘုန္းႀကီးေက်ာင္းေလးက နဂိုကတည္းကမေကာင္းရတဲ့အထဲ ယိုင္နဲ႔ေနေလပီ...
မိဘမဲ့ကေလးေလးေတြက ေနစရာေပ်ာက္ကာ ရရာေနရာမွာ ခိုကပ္ေနၾကရသည္ကို Video call ထဲကေနအကုန္ျမင္ခဲ့ရေတာ့ ရင္ထဲနင့္ေနေအာင္ခံစားခဲ့ရသည္မို႔ ခ်က္ခ်င္းပင္ ဘုန္းဘုန္းနွင့္ ဖုန္းေျပာကာ ေက်ာင္းလွဴရန္ေလွ်ာက္လိုက္ေတာ့ ဝမ္းပမ္းတသာပင္လက္ခံသည္မို႔ ေက်ာင္းေဆာက္လုပ္ေပးရန္ ကၽြန္ေတာ့ Manager ကိုပဲအကူအညီေတာင္းခဲ့ရသည္....

အခုေတာ့ ေဆာက္လုပ္ပီးစီးေနပီျဖစ္တဲ့ ေက်ာင္းေလးက မနက္ေဝလီေဝလင္းေအာက္မွာ ကၽြန္ေတာ့အား ၾကက္သီးမ်ားထေအာင္ပင္ၾကည္ႏူးမႈကိုေပးစြမ္းေလသည္.... ကၽြန္ေတာ္ ျမန္မာျပည္ကိုျပန္ေရာက္ကတည္းက ဒီရြာေလးကိုေရာက္ေနသည္မွာ ၁ ပတ္ပင္ျပည့္ေတာ့မည္... ဘုန္းဘုန္းနွင့္ရပ္ရြာလူႀကီးမ်ားအား ကၽြန္ေတာ့နွင့္ကေလးအေၾကာင္းေျပာျပျဖစ္ေတာ့ ၿမိဳ႕ႀကီးျပႀကီးကလူေတြလို ကဲ့ရဲ႕ရႈပ္ခ်မႈေတြမေတြ႕ရ ရိုးသားသူေတြပီပီ ကၽြန္ေတာ္တို႔နွစ္ေယာက္အေပၚနားလည္ေပၾကေလသည္...

" တူေလးေရ.... တူေလးရဲ႕ကေလးဆိုတဲ့ပံုေလးဦးျပထားပါဦးကြယ္ ... ေဒၚႀကီးတို႔သူလာရင္ ဝမ္းပမ္းတသာႀကိဳဆိုခ်င္လို႔ပါ...."

ထမင္းခ်က္အေဒၚႀကီးေတြထဲက ခပ္သြက္သြက္နွင့္ေပ်ာ္ပံုရေသာ ေဒၚႀကီးက ေမးလာသည္မို႔ နဂိုကတည္းကၾကြားခ်င္ေနေသာ ကၽြန္ေတာ့မွာ အံကိုက္ျဖစ္ရသည္...

ဖုန္းထဲမွာ ကေလးနဲ႔ပက္သက္တဲ့အမွတ္တရေတြကို တယုတယ ထုတ္ျပမိေတာ့ အလုအယက္ထလာၾကည့္ၾကသည့္ ထမင္းခ်က္အန္တီႀကီးေတြ နွင့္ သိတတ္နားလည္ေနပီျဖစ္တဲ့ကေလးေတြ......

" ဟယ္ အဲဒါေလးက ေယာက်ၤားေလးမွ ဟုတ္ရဲ႕လား...ကြယ္.. ၾကည့္ပါဦး ျဖဴဆြတ္ေနတာ ငါတို႕အိမ္ေရွ႕ကအေထြးလိုက္ပြင့္ေနတဲ့ ဂြမ္းေတြလိုပဲဟယ္...."
ဆိုကာေျပာေတာ့ အကုန္လံုးထရယ္ၾကေလသည္.....

ေနာက္တေယာက္ကလဲ......
" ငါေတာ့ မိန္းကေလးပဲထင္တယ္ကြယ္.... ဟိုဇာတ္ကားထဲကလို ေခတ္မေကာင္းလို႕ ေယာက်ၤားေလးပံုေျပာင္းထားတယ္ထင့္ပါရဲ႕..... ဟဲ့ငါ့တူ ေသေသခ်ာခ်ာစမ္းသပ္ၾကည့္ပါဦးကြဲ႕....."
ဆိုကာေျပာေတာ့ ထပ္ပီးပြဲက်ကာ မနက္ေစာေစာစီးစီးတဝါးဝါးတဟားဟားနွင့္ ကၽြန္ေတာ္ပါ အူေတြတက္ေအာင္ ရယ္မိေတာ့သည္....

သူတို႔ေျပာလဲေျပာခ်င္စရာပင္ ကေလးသည္ မထိရက္ခ်င္ေလာက္ေအာင္အသားအေရေကာင္းသည့္အျပင္ရုပ္ကေလးကလဲ အရမ္းခ်စ္စရာေကာင္းေတာ့ သူတို႔အျမင္မွာ မိန္းကေလးလိုလိုထင္ကုန္ၾကေတာ့သည္...ကေလးသိရင္ေတာ့ သူ႔အားမိန္းကေလးနွင့္တူခိုင္းရမလားဆိုကာ ေဆြ႔ေဆြ႔ခုန္မည္မွာျမင္ေယာင္မိေတာ့ ပိုလိုေတာင္ရယ္မိသည္.....

" သူတို႔ၿမိဳ႕သားေတြမ်ား ဘာေဆးေတြစားပီးေမြးလာလဲမသိဘူးကြယ္.... ဒီတူႀကီးကိုလဲၾကည့္ဦး... ေခ်ာေမာခန္႕ညားေနလိုက္တာ.... ငါငယ္ငယ္ကအတိုင္းပဲ..."

နံပါတ္၁ အိုးႀကီးနွင့္ ထမင္းခ်က္ေနေသာ ဦးေလးတစ္ေယာက္က ေယာင္းမ အရွည္ႀကီးကိုကိုင္လာရင္းေျပာလိုက္သည့္စကားေၾကာင့္ ဝိုင္းေအာ္သူကေအာ္ ရယ္သူကရယ္နွင့္ စည္ကားေနေတာ့သည္.... ရပ္ရြာဓေလ့ကဒီေလာက္ေပ်ာ္စရာေကာင္းမွန္းအခုမွသိရေတာ့သည္....

ကေလးေလးေတြ ေရပံုးေလးေတြထမ္းကာ ေက်ာင္းေရွ႕က ေရကန္ထဲကိုေရျဖည့္ေနၾကသည္မို႔ ဝိုင္းထမ္းေပးရန္ ေက်ာင္းနွင့္ ခပ္လွမ္းလွမ္းက စမ္းေခ်ာင္းေလးကိုေရပံုးဆြဲရင္း လိုက္လာခဲ့လိုက္သည္..... ေနာက္ထပ္ေရေမာ္တာနဲ႔ေရပိုက္ေတြတပ္ဆင္ေပးရဦးမည္ကိုမွတ္ထားလိုက္သည္...

ကေလးလာရာလမ္းကို ထိုင္ပီးရင္ခုန္ရင္ေမာစြာမေစာင့္နိုင္တာမို႔ ျငိမ္ျငိမ္ထိုင္ေနဖို႔ခြင္မျပဳဘဲ လႈပ္ရွားေနသည့္စိတ္ကို တည္ျငိမ္ေအာင္ ရွိသမွ်အလုပ္ေတြလိုက္လုပ္ေနျဖစ္သည္....

ေရပံုးဆြဲကာစမ္းေခ်ာင္းစပ္နားေရာက္ေတာ့ ကေလးေတြတန္းစီကာေရပံုးဆြဲရန္ေစာင့္ေနသည့္ျမင္ကြင္းနွင့္ သီခ်င္းတေက်ာ္ေက်ာ္ေအာ္ဆိုေနၾကသည့္အသံကို ရပ္ၾကည့္ကာနားေထာင္လိုက္ရင္း... ေခ်ာင္းစပ္နားထိုင္ခ်လိုက္သည္....

🎶🎶ေနညိဳညိဳတိမ္ေတာက္တဲ့အခါ
ရြာလမ္းကေလးမွာ
စာဥတို႔သူငယ္ခ်င္းမေတြေရခပ္ဆင္းလို႔လာ🎵🎶
သီခ်င္းေလးသံသာ🎶 မေတြ႔တာၾကာပီ
မေရာက္တာၾကာပီ သတိရလိုက္တာစာဥရာ🎶

ဘယ္ေလာက္ေတာင္ျငိမ္းခ်မ္းလိုက္လဲဗ်ာ.... ထိုျမင္ကြင္းေလးအား ကၽြန္ေတာ့ရဲ႕ကေလးကို ျမင္ေတြ႔ေစခ်င္လိုက္တာဗ်ာ....

ၿမိဳ႕ျပ႐ဲ႕အေဝး.....
ျငိမ္းခ်မ္းမႈေတြျပည့္နွက္ေနသည့္ေနရာေလး.......



အကိုနဲ့ကျွန်တော်ထပ်ပီး ခွဲခွါနေရပေမယ့် မကြာခင်အတူတူနေရတော့မယ် ဆိုတဲ့အသိက လွမ်းရသမျှပြေစေသည်.... သတိရ ရသမျှဖြေသိပ်လို့ရသည်...

အလုပ်ကိစ္စတွေအပီးသတ်လွှဲဖို့ရာ US ပြန်သွားသည်မှာ အခုဆို သုံးလပြည့်ဖို့ ၄ ရက်သာလိုတော့သည်..အကိုလဲနေ့မအားညမအား အလုပ်လုပ်ပေးနေရသည်မို့ ကျွန်တော်တို့ နှစ်ယောက်မင်္ဂလာကိစ္စကို သေသေချာချာပင်တိုင်ပင်ခွင့်မရခဲ့သေးပေ.... ဒါပေမဲ့ကိုယ်လိုချင်တဲ့ပုံစံလေးကိုတော့ အရိပ်အမွက်လေးပြောပြဖြစ်သည်...အကိုက ဘာမှတော့ပြန်မပြောပေမဲ့အလေးအနက် နားထောင်ပေးရှာသည်...

မအားတဲ့ကြားကတကူးတက video call ခေါ်ကာ ကျွန်တော့အား တစိမ့်စိမ့်ကြည့်ပီး အခုမှပဲအမောပြေတော့သည်ဟု ရင်ခုန်အောင်လဲပြောတတ်သေးသည်...

အကို့ အမေကတော့ မင်္ဂလာပွဲကို ဘယ်မှာပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲ ဆောင်ဆောင် အကုန်လုံး လုပ်ပေးမည်ဟုပြောထားပေမဲ့လည်း ကိုယ်လိုချင်တာ ပကာသနတွေနဲ့ဖုံးလွှမ်းနေတဲ့ အတုအယောင် မင်္ဂလာပွဲမဟုတ်... ယောကျင်္ားနှစ်ယောက်ဆောင်တဲ့မင်္ဂလာပွဲကို နှစ်ဖက်မိဘကိုသာ အားနာလို့တက်ရောက်ချီးမြှင့်ဖို့လာကြမယ့်လူတွေက နောက်ကွယ်မှာ နှာခေါင်းရှုံ့ခံရမှာမျိုးလဲမလိုလားပေ....

လူ့သဘာဝကိုက သူများနဲ့မတူ တမူထူးခြားနေရင်တောင် ဝေဖန်ခံနေရတဲ့ ဒီ Social Media ခေတ်ကြီးထဲမှာ လိင်တူမင်္ဂလာဆောင်ဆိုပီး Social Media တွေမှာ ပလူပျံနေမှာမြင်ယောင်သေးသည်...ကိုယ်လိုချင်တာက အေးချမ်းတဲ့ဘဝလေးကို အကိုနဲ့အတူတူကျော်ဖြတ်ခွင့်ရရင်တော်ပီ.... ထိုကြောင့် ဒီလိုကြီးကြီးကျယ်ကျယ်မင်္ဂလာဆောင်ဖို့မလိုအပ်ပေ....

" ဒေါက်ဒေါက်..."

တံခါးခေါက်သံကြားသည်မို့ တွေးလက်စအတွေးတွေရပ်ပစ်ကာ... တံခါးထဖွင့်လိုက်သည်...

" သားငယ်လေး.....AD လေးနဲ့အဆက်အသွယ်ရလား.. မေဖုန်းခေါ်လို့မရဘူး..."

" ဟင့်အင်းမေ... သူမအားလို့ သားနဲ့ဖုန်းမပြောရတာတောင် ၃ ရက်လောက်ရှိပီမေ.....ဘာလုပ်ဖို့လဲမေ.."

" ဘာရယ်မဟုတ်ပါဘူးကွယ်..... သား စနေနေ့ကျရင် မေတို့ ပြည်ဘက်မှာ အလှူလေးလုပ်ချင်လို့... အလုပ်ကိစ္စတွေဖြတ်ထားနော်.... အော် အဲနေ့ကျရင်ဒါလေးဝတ်... မေဝယ်ထားတာ.... သားငယ်လေးနဲ့ဆိုသိပ်လိုက်မှာ....."

မေဝယ်ပေးသည်ဆိုသော အကျီင်္လေးအားဖြန့်ကြည့်လိုက်တော့ ခဲရောင်လည်ကတုံးရှပ်လေးနှင့် ခဲပုတ်ရောင်လုံချည်လေးဖြစ်သည်.....

" ဘယ်တုန်းကဝယ်လိုက်တာလဲမေ... သားကြိုက်တယ်..."

" ဒါပေါ့ မေ့သားအကြိုက်ကိုမေသိတာပေါ့...."
ဆိုကာ ချစ်စရာကောင်းလောက်အောင်ပင်ပြုံးနေလေသည်...

" ဘယ်နှစ်နာရီသွားဖြစ်မလဲမေ....."

" မနက် ၅ နာရီလောက်အိမ်ကထွက်မယ်သားငယ်.... ပြင်ထားနော်.... အိပ်တော့သားငယ်  အချိန်လဲမနှောင်းတော့ဘူး"

" ဟုတ်...မေ ကိုကြီးတို့ရော အိပ်ပီလား"

" အိပ်ရောပေါ့ကွယ်.... သူတို့လင်မယားလဲ Company အသစ်အတွက်ပြင်ဆင်နေရတာ ပင်ပန်နေရှာပီ"

အကိုပြန်သွားပီး တစ်လလောက်အကြာတွင် ကိုကြီးတို့လင်မယား မြန်မာပြည်ကို အပီးပြန်လာကြလေသည်...Company အတွက်လိုအပ်သည့် လုပ်ငန်းလိုင်စင်နှင့် အခွန်ကိစ္စများအတွက် အလုပ်တွေရှုပ်နေကြသည်... US ကနေတိုက်ရိုက်မှာယူရောင်းချမည့်ပစ္စည်းတွေမို့ စျေးကမသေးသလို Quality ကလဲပြောစရာပင်မလိုတော့.... Brand တွေဖြစ်တဲ့ အိတ်၊ ဖိနပ်၊ အကျီင်္၊ ရေမွေး၊ မိတ်ကပ် အစုံတင်သွင်းရောင်းချမှာမို့ ဝန်ထမ်းတွေကိုလဲ သေသေချာချာစီစစ်ရွေးချယ်နေရသည်...
ဝန်ထမ်းရွေးချယ်ရေး အပိုင်းမှာတော့ ကျွန်တော့အားအပ်ထားသည်မို့ မိပိုးနှင့် ဇက်အားပြန်လွှဲထားလိုက်သည်... သူတို့က ကိုယ့်ထက် အဲလိုနေရာတွေမှာ ပိုကျွမ်းကျင်သည်မို့ အကူအညီတောင်းထားရခြင်းဖြစ်သည်...,

တွေးရင်းငေးရင်းနှင့်ပင် အကို  ဘယ်အချိန် online တက်လာမလဲစောင့်နေတာ အခုတောင် ၁၁ နာရီထိုးတော့မည်.... အရမ်းများအလုပ်တွေရှုပ်ပီး ပင်ပန်းနေပီလားဗျာ.....

လမသာသောကြောင့် မှောင်မိုက်နေသော ကောင်းကင်ကြီးမှာ ကြယ်ကလေးများက ဟိုတစ်လုံးဒီတစ်လုံး ပြန့်ကျဲနေလေသည်...  မိုးလေကင်းလွတ်ကာစမို့ လေပြေလေးများက အဖြတ်ဖြတ်နှင့် ညအလယ်မှာ တိုက်ခတ်နေသေးသည်.....  ဝရံတာတွင် လက်ထောက်ရင်းကောင်းကင်ကြီးကိုမော့ကြည့်ကာ .... တစ်စုံတစ်ယောက်အားလွမ်းဆွတ်သတိရနေမိသည့် ကောင်လေးတစ်ယောက်......

................................
Alarm ပေးထားသည့် နှိုးစက်နာရီက တစ်တီတီမြည်နေပီမို့ မှူးလေးထလိုက်ရသည်.... အိပ်ချင်နေသေးသည့်မျက်လုံးတို့အား အတင်းဖွင့်ကာ ရေချိုးခန်းသို့ဦးတည်လိုက်ပီး  ရေပန်းအောက်တွင်ရပ်ကာ ရေအကြာကြီးချိုးပစ်လိုက်သည်.....

ရေချိုးခန်းက ပြန်ထွက်လာတော့  မနက် လေးနာရီတောင်ခွဲတော့မည်မို့ မြန်မြန်အဝတ်အစားလဲရသည်.... အနည်းငယ်တောက်ပြောင်နေသော မေဝယ်ပေးသည့်လည်ကတုံးဝမ်းစက်နှင့် ကျွန်တော့ကိုယ်ကျွန်တော်ပြန်ကြည့်မိတော့ ပြုံးချင်ချင်တောင်ဖြစ်သွားရသည်... တောက်တောက်အပြောင်ပြောင်တွေဝတ်ဖို့လိုလို့လားဟုတွေးလိုက်မိပေမယ့် ကြာကြာမတွေးအား ခေါင်းကိုသေချာ ဖီးကာ ငါးနာရီလဲထိုးတော့မှာမို့ အောက်ထပ်ဆင်းလာခဲ့လိုက်သည်.....

" ဟာ...ငယ်လေး.... အရမ်းခန့်နေပါလား...."
အမ Grace က ရယ်ရယ်ပြုံးပြုံးဖြင့်စလာသည်မို့ မှူးလေးမှာ နဂိုကတည်းကပြောင်လက်နေလို့အနေခက်နေရတဲ့အထဲ ပိုပီးအနေခက်သွားရသည်.....

" အဲဒါကိုယ်နဲတူလို့လေ....Grace ရဲ့"
" ကိုယ့်ဘက်ကိုယ် ယက်တဲ့လိပ်ကြီး...."
ဆိုကာအမကပြန်ပြောတော့ မနက်ခင်းစောစောစီးစီးမှာရယ်သံတွေလွှမ်းသွားရသည်....

မေကတော့ ကျွန်တော့ဆိုင်က မုန့်တွေကို လှူချင်သည်ဟုပြောသောကြောင့် မနေ့ညကမုန့်တွေလုပ်ကာ ယူလာပေးဖြစ်သည်.... ကားအနောက်ခန်းရော ရှေ့ခန်းမှာပါ မုန့်တွေအပြည့် ...  မေပြောသမျှကိုဖေကနေရာချပေးနေလေသည်....ကျွန်တော်လဲကူပေးရန်အနားသွားတော့..... ပြုံးပီးကြည့်လာတဲ့ ဖေနဲ့မေကြောင့် လူကကြောင်တောင်တောင်နှင့်ပင် လည်ပင်းပြန်ပွတ်မိသည်....

" ဖေကြီးကြည့်စမ်းပါဦး.... ကျွန်မသား ဘယ်လောက်တောင် ချောလဲလို့......"
ကြည့်မဝသည့်မျက်လုံးတွေဖြင့်ကြည့်နေလေသည်...

" ငါ့သားပဲကွ ဒီလောက်တော့ရှိမှာပေါ့...."
ဆိုကာ ကျွန်တော့ခေါင်းလေးအား ဖေ့လက်ဖဝါးဖြင့် ပွတ်ကာပြောလာလေတော့ မှူးလေးမှာ နေရခက်စွာဖြင့်.....

" ဖေနဲ့ မေကလည်း ဒါပဲပြောနေတော့တာပဲ.... နဂိုကတည်းကမှ တခါမှ မဝတ်ဖူးလို့စိတ်အိုက်နေတာကို"

" မေ့သားကိုကြည့်လို့ကိုမဝဘူး..... သိပ်လိုက်တာပဲဒီဝတ်စုံလေးနဲ့..."

ကျွန်တော်လဲရှက်ရှက်နှင့် ကားထဲဝင်ထိုင်လိုက်တော့သည်....ဖေနဲ့မေကတော့ ပြုံးကာ ကားထဲဝင်လိုက်လာခဲ့သည်.... ကိုကြီးကတော့ကားမောင်းမှာမို့ အမ Grace ကရှေ့ခန်းတွင်နေရာတောင်ယူပီးနေလေပီ....

အတွဲကိုယ်စီနှင့်ဖြင့်နေသောကားလေးထဲတွင် အဖော်မဲ့နေသူမှာ ကားနောက်ဆုံးထိုင်ခုံတွင်မုန့်တွေကြားထိုင်နေရသည့် မှူးလေးဖြစ်သည်...

တရိပ်ရိပ်ပြေးနေသောကားလေးသည်ရန်ကုန်မြို့ထဲမှစတင်ထွက်ခွာနေလေပီ... ဝေလီဝေလင်းအချိန်မို့ ကားအသွားအလာကျဲနေသေးသည့် ကားမှန်အပြင်ဘက်ကိုကြည့်ကာ နင့်နင့်သည်းသည်းပင် အကိုအား လွမ်းမိပါသည်...

**********
အကိုဒီတခါလဲ ကျွန်တော် အဖော်မဲ့ပြန်ပီ....
ဒီအချိန်လေးမှာ ကျွန်တော့ဘေးနား အကို့ကိုရှိစေချင်လိုက်တာဗျာ....
***********
...................................................

မနက်၃ နာရီလောက်ကတည်းက ဆွမ်းထချက်ကြကာ မိဘမဲ့ကလေးများစားဖို့အတွက်နှင့် ရပ်ကွက်ထဲကလူတွေစားရန်အတွက် ကိုယ်ထူကိုယ်ထပင် စည်ကားသိုက်မြိုက်စွာ ပြင်ဆင်ချက်ပြုတ်နေကြသည်.... ရွာဓလေ့မို့လားမသိ မနက်ကတည်းက ကလေးကအစ လူကြီးအဆုံး အကုန်နိုးနေကြကာ ကျွန်တော့အလှူလေးကိုတတ်နိုင်သည့်ဘက်ကဝိုင်းကူနေကြလေသည်....

AD ကတော့လိုအပ်တာလိုက်ကြည့်ရင်း ကူပေးရင်းနှင့်ပင်ချွေးတလုံးလုံးနှင့်ဖြစ်နေရသည်.... ပင်ပန်းပေမဲ့လဲပင်ပန်းတယ်လို့မထင်..... ရှိနေတဲ့နေရာတွေမှာ အထပ်ထပ်လှူနေတာထက် မရှိတဲ့သူတွေကလှူရတာဒီလောက်ကြည်နူးပီတိဖြစ်စရာကောင်းမှန်းမသိခဲ့ပေ....

ကလေးကြောင့်ဒီလိုမျိုးတွေလုပ်ဖို့အကြံရခဲ့သည်မို့ ကလေးအားကျေးဇူးတင်လို့မဆုံးဖြစ်ရသည်....
ကလေးအားအံ့သြသွားစေချင်လို့ စီစဉ်ထားရပေမယ့် စီစဉ်တဲ့အတိုင်းဖြစ်မလာမှာကိုလဲ ရင်တထိတ်ထိတ်နှင့်ပင်စိုးရိမ်နေရသည်.... ကလေးခွင့်ပြုချက်မရဘဲ မင်္ဂလာဆွမ်းကျွေးအလှူလေးကို နှစ်ဖက်မိဘနှင့် ရင်းနှီးသူတွေပဲအသိပေးကာ ပြင်ဆင်ခဲ့ရသည်မို့ ကလေးစိတ်ထဲ မခမ်းမနားမြင်သွားမှာလည်းစိတ်ပူမိသည်...

မိဘမဲ့ကလေးတွေကိုအလှူလေးလုပ်ချင်တယ်ပြောကာ ပိုးဥနှင့်ဇက်ထံတွင်ကလေးမသိအောင်အကြံဉာဏ်တွေတောင်းတော့ .... ဒီပြည်မြို့လေး၏ ရွာငယ်လေးတစ်ရွာမှာရှိတဲ့ မိဘမဲ့ဘုန်းကြီးကျောင်းလေးကိုရှာဖွေပေးခဲ့ကြသည်မို့ ပိုးဥတို့ကိုလဲ ကျေးဇူးအထပ်ထပ်တင်မိသည်....

ကျွန်တော့က US မှာမို့ ဒီနေရာလေးကို Hotel Manager အားအကူအညီတောင်းပီးအလှူလုပ်ရန်သွားလျှောက်ခိုင်းတော့ မိုးတွင်းမှာရေကြီးမှုကြောင့် ဘုန်းကြီးကျောင်းလေးက နဂိုကတည်းကမကောင်းရတဲ့အထဲ ယိုင်နဲ့နေလေပီ...
မိဘမဲ့ကလေးလေးတွေက နေစရာပျောက်ကာ ရရာနေရာမှာ ခိုကပ်နေကြရသည်ကို Video call ထဲကနေအကုန်မြင်ခဲ့ရတော့ ရင်ထဲနင့်နေအောင်ခံစားခဲ့ရသည်မို့ ချက်ချင်းပင် ဘုန်းဘုန်းနှင့် ဖုန်းပြောကာ ကျောင်းလှူရန်လျှောက်လိုက်တော့ ဝမ်းပမ်းတသာပင်လက်ခံသည်မို့ ကျောင်းဆောက်လုပ်ပေးရန် ကျွန်တော့ Manager ကိုပဲအကူအညီတောင်းခဲ့ရသည်....

အခုတော့ ဆောက်လုပ်ပီးစီးနေပီဖြစ်တဲ့ ကျောင်းလေးက မနက်ဝေလီဝေလင်းအောက်မှာ ကျွန်တော့အား ကြက်သီးများထအောင်ပင်ကြည်နူးမှုကိုပေးစွမ်းလေသည်.... ကျွန်တော် မြန်မာပြည်ကိုပြန်ရောက်ကတည်းက ဒီရွာလေးကိုရောက်နေသည်မှာ ၁ ပတ်ပင်ပြည့်တော့မည်... ဘုန်းဘုန်းနှင့်ရပ်ရွာလူကြီးများအား ကျွန်တော့နှင့်ကလေးအကြောင်းပြောပြဖြစ်တော့ မြို့ကြီးပြကြီးကလူတွေလို ကဲ့ရဲ့ရှုပ်ချမှုတွေမတွေ့ရ ရိုးသားသူတွေပီပီ ကျွန်တော်တို့နှစ်ယောက်အပေါ်နားလည်ပေကြလေသည်...

" တူလေးရေ.... တူလေးရဲ့ကလေးဆိုတဲ့ပုံလေးဦးပြထားပါဦးကွယ် ... ဒေါ်ကြီးတို့သူလာရင် ဝမ်းပမ်းတသာကြိုဆိုချင်လို့ပါ...."

ထမင်းချက်အဒေါ်ကြီးတွေထဲက ခပ်သွက်သွက်နှင့်ပျော်ပုံရသော ဒေါ်ကြီးက မေးလာသည်မို့ နဂိုကတည်းကကြွားချင်နေသော ကျွန်တော့မှာ အံကိုက်ဖြစ်ရသည်...

ဖုန်းထဲမှာ ကလေးနဲ့ပက်သက်တဲ့အမှတ်တရတွေကို တယုတယ ထုတ်ပြမိတော့ အလုအယက်ထလာကြည့်ကြသည့် ထမင်းချက်အန်တီကြီးတွေ နှင့် သိတတ်နားလည်နေပီဖြစ်တဲ့ကလေးတွေ......

" ဟယ် အဲဒါလေးက ယောကျင်္ားလေးမှ ဟုတ်ရဲ့လား...ကွယ်.. ကြည့်ပါဦး ဖြူဆွတ်နေတာ ငါတို့အိမ်ရှေ့ကအထွေးလိုက်ပွင့်နေတဲ့ ဂွမ်းတွေလိုပဲဟယ်...."
ဆိုကာပြောတော့ အကုန်လုံးထရယ်ကြလေသည်.....

နောက်တယောက်ကလဲ......
" ငါတော့ မိန်းကလေးပဲထင်တယ်ကွယ်.... ဟိုဇာတ်ကားထဲကလို ခေတ်မကောင်းလို့ ယောကျင်္ားလေးပုံပြောင်းထားတယ်ထင့်ပါရဲ့..... ဟဲ့ငါ့တူ သေသေချာချာစမ်းသပ်ကြည့်ပါဦးကွဲ့....."
ဆိုကာပြောတော့ ထပ်ပီးပွဲကျကာ မနက်စောစောစီးစီးတဝါးဝါးတဟားဟားနှင့် ကျွန်တော်ပါ အူတွေတက်အောင် ရယ်မိတော့သည်....

သူတို့ပြောလဲပြောချင်စရာပင် ကလေးသည် မထိရက်ချင်လောက်အောင်အသားအရေကောင်းသည့်အပြင်ရုပ်ကလေးကလဲ အရမ်းချစ်စရာကောင်းတော့ သူတို့အမြင်မှာ မိန်းကလေးလိုလိုထင်ကုန်ကြတော့သည်...ကလေးသိရင်တော့ သူ့အားမိန်းကလေးနှင့်တူခိုင်းရမလားဆိုကာ ဆွေ့ဆွေ့ခုန်မည်မှာမြင်ယောင်မိတော့ ပိုလိုတောင်ရယ်မိသည်.....

" သူတို့မြို့သားတွေများ ဘာဆေးတွေစားပီးမွေးလာလဲမသိဘူးကွယ်.... ဒီတူကြီးကိုလဲကြည့်ဦး... ချောမောခန့်ညားနေလိုက်တာ.... ငါငယ်ငယ်ကအတိုင်းပဲ..."

နံပါတ်၁ အိုးကြီးနှင့် ထမင်းချက်နေသော ဦးလေးတစ်ယောက်က ယောင်းမ အရှည်ကြီးကိုကိုင်လာရင်းပြောလိုက်သည့်စကားကြောင့် ဝိုင်းအော်သူကအော် ရယ်သူကရယ်နှင့် စည်ကားနေတော့သည်.... ရပ်ရွာဓလေ့ကဒီလောက်ပျော်စရာကောင်းမှန်းအခုမှသိရတော့သည်....

ကလေးလေးတွေ ရေပုံးလေးတွေထမ်းကာ ကျောင်းရှေ့က ရေကန်ထဲကိုရေဖြည့်နေကြသည်မို့ ဝိုင်းထမ်းပေးရန် ကျောင်းနှင့် ခပ်လှမ်းလှမ်းက စမ်းချောင်းလေးကိုရေပုံးဆွဲရင်း လိုက်လာခဲ့လိုက်သည်..... နောက်ထပ်ရေမော်တာနဲ့ရေပိုက်တွေတပ်ဆင်ပေးရဦးမည်ကိုမှတ်ထားလိုက်သည်...

ကလေးလာရာလမ်းကို ထိုင်ပီးရင်ခုန်ရင်မောစွာမစောင့်နိုင်တာမို့ ငြိမ်ငြိမ်ထိုင်နေဖို့ခွင်မပြုဘဲ လှုပ်ရှားနေသည့်စိတ်ကို တည်ငြိမ်အောင် ရှိသမျှအလုပ်တွေလိုက်လုပ်နေဖြစ်သည်....

ရေပုံးဆွဲကာစမ်းချောင်းစပ်နားရောက်တော့ ကလေးတွေတန်းစီကာရေပုံးဆွဲရန်စောင့်နေသည့်မြင်ကွင်းနှင့် သီချင်းတကျော်ကျော်အော်ဆိုနေကြသည့်အသံကို ရပ်ကြည့်ကာနားထောင်လိုက်ရင်း... ချောင်းစပ်နားထိုင်ချလိုက်သည်....

🎶🎶နေညိုညိုတိမ်တောက်တဲ့အခါ
ရွာလမ်းကလေးမှာ
စာဥတို့သူငယ်ချင်းမတွေရေခပ်ဆင်းလို့လာ🎵🎶
သီချင်းလေးသံသာ🎶 မတွေ့တာကြာပီ
မရောက်တာကြာပီ သတိရလိုက်တာစာဥရာ🎶

ဘယ်လောက်တောင်ငြိမ်းချမ်းလိုက်လဲဗျာ.... ထိုမြင်ကွင်းလေးအား ကျွန်တော့ရဲ့ကလေးကို မြင်တွေ့စေချင်လိုက်တာဗျာ....

မြို့ပြရဲ့အဝေး.....
ငြိမ်းချမ်းမှုတွေပြည့်နှက်နေသည့်နေရာလေး.......

Continue Reading

You'll Also Like

488K 11.7K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
58.3K 1.3K 10
ဤ (BL Fic) ဇာတ္လမ္းပါ အေၾကာင္းအရာမ်ားႏွင့္ ဇာတ္လမ္း၊ဇာတ္ကြက္မ‌်ားသည္ စာေရးသူ၏ စိတ္ကူးသက္သက္ပင္ ျဖစ္ပါသည္။ ✨Hesperos (Started on : 26/Oct/2021) (Ended...
814K 74.7K 54
Zawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️