ခုနစ်ဘဝ(Myanmar Translation)[...

By Tha_Khin

51.4K 3.3K 47

Author(s) HONG JIU 红九 I'm just a translator and this story isn't belong to me. Full credit goes to author(s)... More

1
2
3
4
5
7
8

6

3.2K 362 4
By Tha_Khin

6

ခြောက်ဘဝ....

နှစ်တစ်နှစ်ရဲ့ဆောင်းရာသီအလယ်မီးပုံးပွဲတော်မှာပေါ့..သူနဲ့သူမဟာလူအုပ်ကြားထဲမှာတစ်ယောက်ကိုတစ်ယောက်အမှတ်တမဲ့ဝင်တိုက်မိသွားကြသည်။

သူတို့မျက်နှာချင်းဆိုင်ရပ်နေတဲ့အချိန်မှာအချိန်တွေကလည်းရပ်တန့်နေခဲ့သလိုသူတို့ရဲ့ဦးနှောက်ထဲမှာနှစ်ပေါင်းများစွာသောမှတ်ဥာဏ်တွေကိုပြန်စဉ်းစားနေကြပြီးဖော်ပြလို့မရအောင်ကိုပဲရင်းနှီးတယ်လို့ခံစားခဲ့ကြသည်။

ဒါပေမယ့်သူကသူမကိုဘယ်တုန်းကမှမတွေ့ဖူးခဲ့သလိုသူမကလည်းသူ့ကိုအရင်ကမတွေ့ခဲ့ဖူးဘူး..။

မှော်အတတ်ပညာတစ်ခုနဲ့ပြုစားလိုက်သလိုသူနဲ့သူမရဲ့နှလုံးသားတွေကစီးချက်ညီစွာကခုန်နေခဲ့ကြသည်။

နောက်တော့လူအုပ်ကြီးကသူတို့နှစ်ယောက်ကိုခွဲခွာလိုက်တော့သည်...။

ပုံရိပ်တစ်ခုစီကဖြေးဖြေးချင်းပျောက်ကွယ်မသွားခင်သူတို့ရဲ့မျက်လုံးတွေထဲမှာအစကနေအဆုံးထိနက်နက်ရှိုင်းရှိုင်းကိုစိတ်ရှုပ်ထွေးနေပုံပေါ်ပြီးသူတို့ရဲ့နှလုံးသားထဲမှာတော့တစ်ယောက်မျက်နှာတစ်​​ယောက်​​စွဲထင်ကျန်ရစ်နေခဲ့သည်။

နောက်တော့သူနဲ့သူမကသမိုင်းတွင်လောက်တဲ့ရန်ငြိုးတွေရှိကြတဲ့မိသားစုနှစ်စုကသားသမီးတွေဖြစ်ကြောင်းရှာဖွေသိရှိခဲ့ကြသည်။

ကမ္ဘာလောကကြီးကသူတို့ကိုစမ်းသပ်နေလို့ အချင်းချင်း​​​လွမ်းဆွေးနေကြပေမယ့်တစ်ယောက်အတွက်တစ်​​ယောက်​သူတို့နှလုံးသားထဲမှာပုန်းအောင်းနေတဲ့အချစ်တွေကိုခံနိုင်ရည်မရှိခဲ့ကြဘူး။

တိုးတိုးတိတ်တိတ်တွေ့ဆုံခဲ့သည်​။တိုးတိုးတိတ်တိတ်ပျော်ရွှင်ခဲ့ကြပြီးနောက်ဆုံးတော့ရှာဖွေသိရှိသွားခဲ့ကြသည်။

ဇနီးနှစ်ယောက်ကအလွန်ဒေါသထွက်ခဲ့ကြသည်။သူတို့ကသူတို့ကလေးတွေရဲ့ရက်စက်တဲ့အပြုအမူကိုလက်မခံနိုင်ကြဘူး။သူတို့နှစ်ယောက်ကိုမိသားစုစည်းမျဉ်းအတိုင်းအပြစ်ပေးခဲ့ပြီးမိသားစုနှစ်စုကြားကဆက်ဆံရေးလည်းပိုလို့ဆိုးရွားလာခဲ့သည်။မင်းတို့ကလေးကငါတို့ကလေးကိုမြှူဆွယ်တယ်ဆိုပြီးတော့ပေါ့...

ခန္ဓာကိုယ်ပေါ်မှာဘယ်လောက်ပဲဒါဏ်ရာအနာတရတွေရှိခဲ့ပါစေ..မိသားစုနှစ်စုတိုက်ခိုက်ပြီးဘယ်လောက်ပဲတားမြစ်ပါစေ..လူငယ်လေးနှစ်ယောက်ရဲ့နှလုံးတွေကတော့ဆန့်တန်းပြီးအတူတကွလျှောက်လှမ်းခဲ့ကြသည်။(တစ်နေရာထဲသို့...)

သူ သူရဲ့အယုံကြည်ရဆုံးအစေခံကိုမပြောနိုင်လောက်တဲ့ဆင်းရဲ့ဒုက္ခတွေခံစားစေပြီး(idiom)သူမဆီစကားလုံးအချို့လက်ဆင့်ကမ်းခဲ့သည်။သူပြောခဲ့တာက:မင်းငါနဲ့အတူထွက်သွားမလား။အရာအားလုံးကိုအရှုံးပေးပြီးတော့လေ..။သူမမှာသူ့ကိုပြန်ဖြေဖို့​ထောင်ပေါင်းများစွာသောနည်းလမ်းနဲ့ရာပေါင်းများစွာသောအစီအစဉ်(idiom)တွေရှိသည်:ကျွန်မရှင်နဲ့အတူလိုက်မယ်။ရှင်ရှိရင် ကျွန်မအတွက်အရာအားလုံးရှိသလိုပါပဲ လို့ပေါ့...

ဒါပေမယ့် ရလဒ်ကသူနဲ့သူမထင်သလိုလှပမနေခဲ့ဘူး..

သူမ နောက်ဆုံးတော့အိမ်ကနေလွတ်မြောက်ဖို့အကြိမ်ပေါင်းများစွာကြိုးစားပြီးသတ်မှတ်ထားတဲ့နေရာကိုအပြေးအလွှားလာခဲ့ပေမယ့်သူကတော့ပေါ်မလာခဲ့ဘူး။အဲ့မှာသူ့အစေခံသာလျှင်ရှိနေခဲ့သည်။

အစေခံကပြောခဲ့သည်။သခင်မလေးဒီစကားကိုကြားပြီးရင်အရမ်းလည်းစိတ်မကောင်းမဖြစ်ပါနဲ့။သခင်ကြီးကသခင်လေးကိုမေးခဲ့တယ်။တကယ်လို့မင်းအဲ့မိန်းမနဲ့အဆက်အသွယ်အကုန်ဖြတ်ပြီးမင်းညီမဝမ်းကွဲနဲ့အခုချက်ချင်းလက်ထပ်မယ်ဆိုရင်မင်းကိုမိသားစုရဲ့စီးပွားရေးကိစ္စတွေအကုန်လွှဲပြောင်းပေးမယ်။မင်းလိုချင်ရဲ့လား လို့။သခင်လေးဘယ်လိုပြန်ဖြေခဲ့လည်းတော့ကျွန်တော်လည်းမသိပါဘူး။သူ့ရဲ့ညွှန်ကြားချက်အရဒီနေရာကိုလာပြီး သူတောင်းပန်ပါတယ်။သူမလာနိုင်တော့ဘူး ဆိုတဲ့စကားကိုပဲကြားခဲ့ပြီးသခင်မလေးကိုလာပြောပြတာပါ..။

သူမနှလုံးသားကလည်းသန်းပေါင်းများစွာသောအပိုင်းအစတွေအဖြစ်ချက်ချင်းပဲကွဲကြေသွားတော့သည်။

နာကျင်စွာနဲ့သူမအိမ်ပြန်သွားခဲ့ပြီးလူကြီးတွေကိုခုခံခြင်းလည်း​မရှိ​​တော့ဘဲသူမလက်ထပ်ဖို့သဘောတူခဲ့သည်။

မင်္ဂလာပွဲနေ့မှာသူ့ရဲ့အစေခံကအနောက်က​​နေလိုက်ရိုက်ခံထားရလို့သွေးရောင်လွှမ်းပြီးဒါဏ်ရာအပြည့်ရထားပေမယ့်ရဲရင့်စွာပဲကိုယ့်ကိုယ်ကိုလည်းကာကွယ်မှုမရှိစွာနဲ့ခန်းမထဲပြေးဝင်လာခဲ့သည်။အဲ့အစေခံကအော်ခဲ့သည်။သခင်မလေး..လက်မထပ်ပါနဲ့...!

သူမ သူ့ကိုကာကွယ်လိုက်သည်။ပြောပါ..သူဘာပြောလိုက်လဲ?မင်းဖြေးဖြေးပြောလည်းရတယ်။

လူတိုင်းကရှေ့တိုးဖို့ကြောက်ရွံနေခဲ့ကြသည်။သူမလက်ထဲကအသင့်ဆောင်ထားတဲ့အပ်ကိုသူတို့မြင်လိုက်ကြသည်လေ..။ဒါပေမယ့်အပ်ရဲ့ဦးတည်ရာကတော့အားနည်းနေတဲ့သတို့သားဆီသာဖြစ်သည်...

အစေခံကပထမဆုံးမျက်ရည်အချို့စီးကျလာပြီးမှပြောလိုက်သည်။

သခင်မလေး..အဲ့အချိန်တုန်းကကျွန်တော်ပြောခဲ့တာကကျွန်တော်ကြားခဲ့တာရဲ့တစ်ဝက်ပဲရှိပါသေးတယ်။ပြန်သွားပြီးတဲ့နောက်မှာအခြေအနေကကျွန်တော်ထင်ထားသလိုမဟုတ်ဘူးဆိုတာသိလိုက်တယ်။

အဲ့နေ့ကသခင်ကြီးကသခင်လေးရှေ့မှာအဆိပ်ခွက်တစ်ခွက်ကိုပါပြင်ဆင်ထားခဲ့တယ်ဆိုတာကျွန်တော်မသိခဲ့ဘူး။သခင်ကြီးကသခင်လေးကိုပြောဖို့မေးခဲ့တယ်။သခင်လေးကစကားတစ်ခွန်းတောင်မပြောခဲ့ဘဲအဆိပ်ခွက်ကိုပဲတိတ်တဆိတ်သောက်ပြီးအပြင်မှာရှိနေတဲ့ကျွန်တော့ကိုသခင်မလေးဆီသွားပြီး သူတကယ်တောင်းပန်ပါတယ်၊သူမလာနိုင်တော့ဘူး ဆိုပြီးသွားပြောပေးဖို့ကျယ်လောင်စွာအမိန့်ပေးခဲ့တာ...

ကျွန်တော်လည်း​ချက်ချင်းပဲသခင်မလေးဆီကိုအဲ့စကားပေးပို့ခဲ့တာ။ဒါ့ကြောင့်ကျွန်တော်ပြန်ရောက်သွားတဲ့အချိန်မှာသခင်လေးရဲ့ခန္ဓာကိုယ်ကအေးစက်နေခဲ့ပြီ..။

နေ့တိုင်းပဲကျွန်တော်သခင်မလေးကိုအမှန်တရားပြောချင်နေခဲ့တာ။ဒါပေမယ့်..ဒီနေရာရဲ့အကာအကွယ်ကအရမ်းတင်းကျပ်လွန်းတယ်။

ဒီနေ့ကျွန်တော့်အသက်ကိုတောင်စွန့်လွှတ်ပြီးပြေးဝင်လာခဲ့ရတာကသခင်မလေးကိုအဲ့တာလေးပဲပြောပြချင်ခဲ့လို့ပါ။သခင်လေးကသခင်မလေးကိုဘယ်တုန်းကမှမစွန့်ပစ်ခဲ့ပါဘူး။သခင်မလေးရူးမိုက်တဲ့အလုပ်တွေမလုပ်ပါနဲ့...

သူမလည်းတိတ်တိတ်လေးနားထောင်နေခဲ့သည်။သူမနှုတ်ခမ်းကနေသွေးတွေလျှံကျလာခဲ့ပြီးတစ်စက်စက်ကျသံတို့ထွက်ပေါ်လာခဲ့သည်။ဒါပေမယ့် သူမကတော့ငြိမ်သက်နေတုန်းပင်....

သူမပြုံးခဲ့သည်။ပြိုင်ဘက်ကင်းသောပြဇာတ်တစ်ခုလိုသူမဖြေးဖြေးချင်းရယ်ခဲ့သည်။

သူမအစေခံကိုပြောခဲ့သည်။ဒါကသူနဲ့ကျွန်မရဲ့ကံတရားဖြစ်နိုင်တယ်။ဒီဘဝမှာသူနဲ့ကျွန်မတို့ကအတူတူရှိ​ခဲ့ပေမယ့်ပျော်ရွှင်စရာအဆုံးသတ်ဖြစ်လာမှာမဟုတ်ဘူးလို့ဆုံးဖြတ်ပြီးသားပဲ။အရင်ဘဝကတောင်သူနဲ့ကျွန်မကပိုပြီးအတူတူရှိချင်​ရှိခဲ့ကြမှာ..မဟုတ်ရင်ဘာလို့​ ကျွန်​မ​​ခြေကုန်​လက်​ပမ်းကျတယ်​လို့ခံစား​နေရမှာလဲ?ကျွန်​မဘာဆုမှ​တော့မ​တောင်းပါဘူး..ဒါ​ပေမယ့်​တစ်​ခု​တော့​တောင်းဆိုပါရ​စေ။ကျွန်​မကိုသယ်​သွားပြီးသူနဲ့အတူမြှုပ်​နှံ​ပေးပါ...

ဘယ်​သူ့ရဲ့​ဖျောင်းဖျ​​နှောက်​ယှက်​ခြင်းမှမခံဘဲသူမလက်​ထဲကအပ်​နဲ့သူမရဲ့လည်​ပင်းကိုထိုးစိုက်​လိုက်​​တော့သည်​။

Continue Reading

You'll Also Like

29.2K 3.1K 52
Title- Futuristic Gourmet's Spoiled Marriage
352K 37.5K 49
အပိုင်း ၁၀၁ မှ ... သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Zawgyi/Unicode အပိုင်း ၁၀၁ မှ ...
427K 8.6K 22
+++++ အခန်းတွေပါမှာမို့ ဖတ်ဖို့အဆင်မပြေတဲ့သူများပြန်လှည့်သွားကြပါ အသက်မပြည့်သေးတဲ့ကလေးတွေမဖတ်ကြဖို့မေတ္တာရပ်ခံပါတယါ
27.8K 1.5K 4
"သခင်​မ​လေး စွပ်​ပြုတ်​ကို​သောက်​ပါ ပြီးရင်​အရာအားလုံးကို​မေ့ပစ်​ပါ။ ဒီဘဝရဲ့ နာကျင်​ခံစားရမှု​တွေ ၊ အ​တောမသတ်​နိုင်​တဲ့ဆန္ဒ​တွေမရှိပဲနဲ့ ဘဝသစ်​မှာ ပြ...