နှစ်ကိုယ်တူတိုင်းပြည်

By Natpankalay

536K 39.3K 2.1K

#Both with Zawgyi & Unicode အချစ်က နယ်နမိတ်တစ်ခုဆို ကိုယ်တို့ တည်ဆောက်မှာက နှစ်ကိုယ်တူ တိုင်းပြည်... #Own cre... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter -22
Chapter-23
Chapter-24
Chapter-25
Chapter -26
Chapter-27
Chapter -28
Chapter-29
Chapter -30 Final
Extra-No Jealousy

Chapter-6

12.9K 1K 21
By Natpankalay

“ သား ပါ သေဘာက်ေတာ့ ေကာင္းတာေပါ့ ကြယ္..အဟငး္  Mae ပါ သားရယ္ မမွားေစရဘူး.အိုေက အိုေက.. ဒါဆိုဒါပဲေလ သား….”

Plon ျပံဳးျပီးဖုနး္ခ်လုိက္တာျမင္ေတာ့ အေပၚမတက္ေသးဘဲ Rom ဧည့္ခန္းဘက္ေလွ်ာက္လာခဲ့လိုက္သည္။

“အမ ျပံဳးေနပါလား.. ေပ်ာ္စရာသတင္းရွိတယ္နဲ႕တူတယ္..”

“မဂၤလာကိစၥဆုိေတာ့ ေပ်ာ္စရာေပါ့ကြယ္. အမ အျမင္ခ်င္ဆံုးက သားရဲ႕ မဂၤလာပြဲပဲ..”

“ဗ်ာ…Sing က လက္ထပ္မလို႕လား..”

ေခါငး္ထဲဒိန္းခနဲ ျဖစ္သြားျခင္းနဲ႕အတူ Rom ေနရာကေနႀကြတတ္မလို ျဖစ္သြားရသည္။

“ဟုတ္တယ္ မႀကာခင္ပဲျဖစ္လိမ့္မယ္..ေကာင္မေလးက ခ်စ္စရာေလး အမ ကိုယ္တိုင္ပဲ လမ္းညႊန္ေပးခဲ့တာ ေနာက္ မင္းေတြ႕မွာပါ..။”

“ဒါ--ဒါဆို ဟို maya ကေရာ ထင္တာကသူနဲ႕---”

“ေႀသာ္ သား က အဲ့မိန္းကေလးကို  ခ်စ္သူရည္းစားလိုမွ သေဘာမက်တာ ကြယ္..အမ ကေတာ့ သားစိတ္တိုင္းက် ပဲျဖစ္ေစခ်င္တာ..”

အစကတည္းက Plon ေရွ႕မွာထုိင္ေနသည့္ ကေတာ္ Rom သည္လည္း မ်က္ႏွာပ်က္လ်က္..။ Maya သည္ ကေတာ္ Rom ၏ တူမျဖစ္ျပီး ငယ္ကတည္းက စံအိမ္တြင္ ၀င္ထြက္သြားလာေနကာ Singto ကုိလည္း ခ်စ္ျမတ္ႏိုးေနသူ..။

“ဟုတ္ ေကာင္းပါတယ္ Sing သေဘာက်ေတာ့ ေကာင္းတာေပါ့.. အမ အာ့ဆို ကြ်န္ေတာ္တုိ႕ အေပၚတက္လုိက္ဦးမယ္ေနာ္ .”

ဖုန္းတစ္လံုး ႏွင့္ အလုပ္ရႈပ္ေနျပန္သည့္ Plon ကုိႏႈတ္ဆက္ကာ Rom တုိ႕ ႏွစ္ေယာက္ အခန္းထဲ ၀င္လာခဲ့ႀကသည္။ အခန္းထဲေရာက္ေလမွ ေအးေဆးေနေသာ အသြင္ကေန ေခါက္တံု႕ေခါက္ျပန္႕ေလွ်ာက္လ်က္ ဗ်ာမ်ား၇ေတာ့၏။

“ဘယ္အခ်ိန္က လုပ္လိုက္တာလဲ ျငိမ္ခ်က္သားေကာင္းေနတယ္မွတ္တာ…”

“ဘယ္လုိလုပ္မလဲ အကို..။ Maya နဲ႕မေပးစားဘူးထင္တယ္..”

“Maya ကုိ  နီးစပ္ေအာင္ႀကိဳးစားပါဆိုေတာ့လည္း အဆင္မေျပဘူး။ Singto မရွိတာနဲ႕ စံအိမ္ကုိေတာင္မလာဘူးေလ.”

“အို ဒါကေတာ့ ရွင္ Sing ရွိရင္ လာေတာ့လည္း ဟုိက အဖက္လုပ္လို႕လား..ကြ်န္မ တူမေလးပဲ သနားပါတယ္ သူ႕ဘ၀နဲ႕သူ ေနႏိုင္ရဲ႕သားနဲ႕ Singto ကို စိတ္ဒုကၡခံျပီး ခ်စ္ေနရွာတာ… သိသြားရင္ ဘယ္လုိလုပ္မလဲ မသိဘူး။”

“အသိေပးလိုက္..maya သိရင္ ကိစၥက တစ္မ်ိဴးေျပာင္းသြားႏိုင္မလား မသိဘူး..Singo ကုိသူ စြဲလန္းေနတဲ့စိတ္က ဘာမဆို လုပ္ဖို႕တြန္းအားေပးလိမ့္မယ္…”

ေနာက္ဆံုးဆံုးျဖတ္ခ်က္ႏွင့္အတူ တူမျဖစ္သူ maya ဆီကုိသာ သတင္းပို႕၇န္ ကေတာ္ Rom အိမ္က ထြက္လာခဲ့လုိက္သည္။

“ဘယ္လို P’Sing လက္ထပ္မယ္..??”

Maya သည္ sexy က်ေအာင္လွသည္ဟုေျပာရေလာက္သည္အထိ ခႏၶာအခ်ိဴးအစားက အစ ေတာ္ေတာ္ျပည္စံုပါသည္.။ဥစၥာကလည္းျပီးျပည့္စံုသည္မို႕ ၀ို္င္း၀ိုင္းလည္ေနေသာ ေယာက်ာ္းသားေတြႀကား ငယ္ကတည္းက Singto ကုိသာ ျမင္တတ္ခဲ့တာ.။ ႏွစ္လေလာက္ ဖုန္းဆက္လို႕မရသည့္အေတာအတြင္း ခုေတာ့ လက္ထပ္ေတာ့မည္ တဲ့လား..။

“သူ လက္ထပ္မယ္ မိန္းမက ဘယ္သူလဲ အန္တီေလး.. maya ထက္ဘာမ်ားသာေနလို႕လဲ..”

“ဘာမွ မသိရပါဘူး maya ရယ္..ဒါေပမယ့္ ဘယ္လိုလုပ္မလဲ ေျပာပံုအရ မဂၤလာေဆာင္ဖုိ႕သိပ္မလိုေတာ့ဘူးထင္တယ္… ”

Maya ျပတင္းေပါက္နားထိ ေလွွ်ာက္သြားကာ ျခံထဲကပန္းခင္းေတြကို ေဆြးေဆြးျမည့္ျမည့္ေလးႀကည့္ေနမိသည္.။ဒီလို အဆံုးသတ္ရရိုးလား… singto ကုိ သူမကလြဲျပီး မည္သူမွွ် မပို္င္ဆုိင္ေစရ.။။။။
-
-
-
ရံုးကေန ျပန္လာျပီးျပီးခ်င္းမွာပင္ Krist အိ္မ္ထဲ မ၀င္ေသးဘဲ အိမ္အ၀င္၀က ဒန္းေလးတြင္ထုိင္ကာ Laptop ဖြင့္လိုက္သည္။ အတည္ျပဳေပးရမည့္ decoration အသစ္ေတြကုိ စစ္ေဆးႀကည့္ေနဆဲမွာပင္ နားထဲကုိ အသံတစ္ခုက ၀င္ေရာက္ေႏွာင့္ယွက္ ၏။

“ဟုတ္တာေပါ့ရွင္..သဘက္ခါ  မဂၤလာပြဲေလ…မိန္းမပ်ိဴတစ္ေယာက္ရဲ႕တန္ဖိုးေပါ့ေလ…အဟင္းး းးဟင္း ေယာက်ား္ေလးနဲ႕မိန္းကေလး ေပါင္းဖက္တာ သဘာ၀ ပဲေပါ့.. ဟုတ္တယ္.. တခ်ိဴ႕ဆို ေယာက်ာ္းေလးတန္မဲ့ မိန္းမစိတ္၀င္ေနျပီး ဘယ္သူဖ်က္ဆီးလို႕ဖ်က္ဆီးမွန္းမသိဘဲ အသက္ဆံုးခဲ့ရတာေတြရွိတယ္မလား..ေျပာျပမွာ ေျပာျပမွာ သာဓက ေတြ ေျပာျပရဦးမယ္ အဟင္း ဟင္းးးးးး”

Laptop ေဘးခ်လ်က္ Krist ထို္င္ေနရာမွ ၀ုန္းခနဲ ထရပ္မိသည္.။ေစာနက အိမ္အ၀င္တံခါးနားက ႀကားရေသာ အသံပိုင္ရွင္ သည္ အိမ္ျပင္ထြက္လာကာ မ်က္လံုးေတြက ေလွာင္ျပံဳးႏွင့္…။ဒါ ေတြက သူ ေျပာစရာလား..???? မ်က္ႏွာအေနအထားအရ kristရွိေနမွန္းသိလို႕ တမင္ေျပာသည္ေပါ့..။ လက္ကိုင္အိတ္ ကို္င္ကာ ကားေပၚတက္သြားေသာ Yann ၏ေနာက္ေက်ာကို စူးစိုက္ႀကည့္ေနမိသည္.။
စိန္ေခၚသည္ေပါ့ အန္တီ Yann… တန္ျပန္သက္ေရာက္မႈကေတာ့ ေလ်ာ္ေႀကးႀကီးလိမ့္မယ္..။

ညေနမိုးခ်ဴပ္လာသည္ထိ အိမ္တြင္ အကူေလးေတြကလြဲ မည္သူမွွ် မရွိ..။ Nuyen ျပန္လာသည္ေတာ့ ေတြ႕သည္.။ မ်က္ႏွာ မေကာင္းဘဲ ျပန္လာကတည္းက အခန္းထဲ ၀င္သြားသည္..။ Krsit ထမင္းစားပြဲတြင္ထုိင္ေနရင္းက လက္က ေကာ္ဖီတစ္ခြက္ကုိ ေမႊေဖ်ာ္ေနသည္…။

“ဒါေလးကို Kong ဆီ သြားပုိ႕ေပးလိုက္ပါ.. Nuyen မအားလို႕ ပို႕ခိုင္းလိုက္တယ္လုိ႕ေျပာလုိက္ပါ..”

အိမ္က အေဒၚႀကီးMu က ေယာင္နနနျဖင့္ ခြက္ေလးကိုင္ကာအေပၚထပ္တက္သြားသည္.။ ပံုမွန္ဆို Nuyen လုပ္ေနက်အလုပ္က ခု သူမ က အခန္းထဲကေတာင္ ထြက္မလာ.။ခဏႀကာေတာ့ အေဒၚႀကီး Mu ျပန္ေရာက္လာသည္.။

“သူ ေသာက္ရဲ႕လား..”

“ေသာက္ပါတယ္ အကိုေလး…”

“ဘာမွ မေမးပါနဲ႕ ကြ်န္ေတာ့္ ခံစားခ်က္ေတြကို အေဒၚႀကီးသိတယ္မလား..”

“မေမးပါဘူး အကုိေလးရယ္ အေဒၚႀကီးတို႕အလုပ္သမားေတြ အားလံုးက အကိုေလး ဘက္မွာပဲ ရွိမွာပါကြယ္..”

Krist ေက်းဇူးတင္ျပံဳးေလးျပံဳးျပကာ အေပၚထပ္တက္ျပီး ဦးတည္ခဲ့သည္က Kong ၏ အခန္း..။ တံခါးေခါက္အသံျပဳလုိက္ေတာ့ ၀င္ခဲ့ပါ ဆုိသည္ႏွင့္ ၀င္လာခဲ့ကာ တံခါးကို ေလာ့ခ်ပစ္လုိက္သည္။

“မဂၤလာေဆာင္ေတာ့မယ္ဆုိေတာ့ အလုပ္ေတြႀကိဳးစားေနတယ္ေပါ့.”

“ဘာကိစၥရွိလို႕လဲ Krsit..”

Kong ၏ လက္ေတြက  Keyboard ေပၚတြင္ေျပးလႊားလ်က္ screen ကုိႀကည့္ေနေသာ္လညး္ မ်က္လံုးက မျမင္ခ်င္ေတာ့.. ။ မ်က္ေတာင္ သည္ အေတာ္ကုိပင္ေလးလံလြန္းလွသည္.။

“ခင္ဗ်ား အိပ္ခ်င္ေနတာလား..???”

“ဘာျဖစ္လုိ႕ပါလိမ့္ ေကာ္ဖီလည္းေသာက္ထားတာကုိ..။”

ေခါင္းခါယမ္းျပီး ႀကိဳးစားဖယ္ထုတ္ေသာ္လည္း အိပ္ခ်င္တာလည္းမဟုတ္ဘဲ ေမ်ာေနသလိုခံစားခ်က္ႀကီးက ေပ်ာက္မသြား..။ ေကာ္ဖီေသာက္ျပီး အိပ္ခ်င္သည္က ဟုတ္ေတာ့မ ဟုတ္ေသး.ပါ..။  သံသယ၀င္စရာတစ္ခုခုကိုပင္ မေတြးႏိုင္ခင္မွာပင္ လူက မဟန္ခ်င္ေတာ့..

“နားမွျဖစ္ေတာ့မယ္.”

“ရလို႕လား တြဲေပးမယ္”

“မတြဲနဲ႕ မင္း..”

မတြဲနဲ႕ဆုိေသာ္ျငား သူ႕ လက္ေတြက Krsit ပုခံုးေပၚ ေရာက္ေနေလျပီ..။ Krist လက္က သူ႕ခါးကုိဖက္ကာထိန္းေပးျပီး..အိပ္ရာ ေပၚတင္ေပးလုိက္ေတာ့ မထိန္းႏိုင္ဘဲ Krist ပါ သူ႕ေပၚျပဳတ္က်သည္..။ျပန္ကုန္းရုန္းထလိုက္ျပီး အေမာေျဖလိုက္ျပီးမွ ေဘးမွာ ၀င္လွဲရေလ၏။ ဒီေန႕အတြက္ေတာ့ ဒီအခန္းထဲက ထြက္ဖို႕ စိတ္ကူးမရွိ..။

# With heart
Just a dreamer

Unicode

“ သား ပါ သဘောကျတော့ ကောင်းတာပေါ့ ကွယ်..အဟင်း  Mae ပါ သားရယ် မမှားစေရဘူး.အိုကေ အိုကေ.. ဒါဆိုဒါပဲလေ သား….”

Plon ပြုံးပြီးဖုန်းချလိုက်တာမြင်တော့ အပေါ်မတက်သေးဘဲ Rom ဧည့်ခန်းဘက်လျှောက်လာခဲ့လိုက်သည်။

“အမ ပြုံးနေပါလား.. ပျော်စရာသတင်းရှိတယ်နဲ့တူတယ်..”

“မင်္ဂလာကိစ္စဆိုတော့ ပျော်စရာပေါ့ကွယ်. အမ အမြင်ချင်ဆုံးက သားရဲ့ မင်္ဂလာပွဲပဲ..”

“ဗျာ…Sing က လက်ထပ်မလို့လား..”

ခေါင်းထဲဒိန်းခနဲ ဖြစ်သွားခြင်းနဲ့အတူ Rom နေရာကနေကြွတတ်မလို ဖြစ်သွားရသည်။

“ဟုတ်တယ် မကြာခင်ပဲဖြစ်လိမ့်မယ်..ကောင်မလေးက ချစ်စရာလေး အမ ကိုယ်တိုင်ပဲ လမ်းညွှန်ပေးခဲ့တာ နောက် မင်းတွေ့မှာပါ..။”

“ဒါ--ဒါဆို ဟို maya ကရော ထင်တာကသူနဲ့---”

“သြော် သား က အဲ့မိန်းကလေးကို  ချစ်သူရည်းစားလိုမှ သဘောမကျတာ ကွယ်..အမ ကတော့ သားစိတ်တိုင်းကျ ပဲဖြစ်စေချင်တာ..”

အစကတည်းက Plon ရှေ့မှာထိုင်နေသည့် ကတော် Rom သည်လည်း မျက်နှာပျက်လျက်..။ Maya သည် ကတော် Rom ၏ တူမဖြစ်ပြီး ငယ်ကတည်းက စံအိမ်တွင် ၀င်ထွက်သွားလာနေကာ Singto ကိုလည်း ချစ်မြတ်နိုးနေသူ..။

“ဟုတ် ကောင်းပါတယ် Sing သဘောကျတော့ ကောင်းတာပေါ့.. အမ အာ့ဆို ကျွန်တော်တို့ အပေါ်တက်လိုက်ဦးမယ်နော် .”

ဖုန်းတစ်လုံး နှင့် အလုပ်ရှုပ်နေပြန်သည့် Plon ကိုနှုတ်ဆက်ကာ Rom တို့ နှစ်ယောက် အခန်းထဲ ၀င်လာခဲ့ကြသည်။ အခန်းထဲရောက်လေမှ အေးဆေးနေသော အသွင်ကနေ ခေါက်တုံ့ခေါက်ပြန့်လျှောက်လျက် ဗျာများ၇တော့၏။

“ဘယ်အချိန်က လုပ်လိုက်တာလဲ ငြိမ်ချက်သားကောင်းနေတယ်မှတ်တာ…”

“ဘယ်လိုလုပ်မလဲ အကို..။ Maya နဲ့မပေးစားဘူးထင်တယ်..”

“Maya ကို  နီးစပ်အောင်ကြိုးစားပါဆိုတော့လည်း အဆင်မပြေဘူး။ Singto မရှိတာနဲ့ စံအိမ်ကိုတောင်မလာဘူးလေ.”

“အို ဒါကတော့ ရှင် Sing ရှိရင် လာတော့လည်း ဟိုက အဖက်လုပ်လို့လား..ကျွန်မ တူမလေးပဲ သနားပါတယ် သူ့ဘ၀နဲ့သူ နေနိုင်ရဲ့သားနဲ့ Singto ကို စိတ်ဒုက္ခခံပြီး ချစ်နေရှာတာ… သိသွားရင် ဘယ်လိုလုပ်မလဲ မသိဘူး။”

“အသိပေးလိုက်..maya သိရင် ကိစ္စက တစ်မျိူးပြောင်းသွားနိုင်မလား မသိဘူး..Singo ကိုသူ စွဲလန်းနေတဲ့စိတ်က ဘာမဆို လုပ်ဖို့တွန်းအားပေးလိမ့်မယ်…”

နောက်ဆုံးဆုံးဖြတ်ချက်နှင့်အတူ တူမဖြစ်သူ maya ဆီကိုသာ သတင်းပို့၇န် ကတော် Rom အိမ်က ထွက်လာခဲ့လိုက်သည်။

“ဘယ်လို P’Sing လက်ထပ်မယ်..??”

Maya သည် sexy ကျအောင်လှသည်ဟုပြောရလောက်သည်အထိ ခန္ဓာအချိူးအစားက အစ တော်တော်ပြည်စုံပါသည်.။ဥစ္စာကလည်းပြီးပြည့်စုံသည်မို့ ၀ိုင်းဝိုင်းလည်နေသော ယောကျာ်းသားတွေကြား ငယ်ကတည်းက Singto ကိုသာ မြင်တတ်ခဲ့တာ.။ နှစ်လလောက် ဖုန်းဆက်လို့မရသည့်အတောအတွင်း ခုတော့ လက်ထပ်တော့မည် တဲ့လား..။

“သူ လက်ထပ်မယ် မိန်းမက ဘယ်သူလဲ အန်တီလေး.. maya ထက်ဘာများသာနေလို့လဲ..”

“ဘာမှ မသိရပါဘူး maya ရယ်..ဒါပေမယ့် ဘယ်လိုလုပ်မလဲ ပြောပုံအရ မင်္ဂလာဆောင်ဖို့သိပ်မလိုတော့ဘူးထင်တယ်… ”

Maya ပြတင်းပေါက်နားထိ လျှောက်သွားကာ ခြံထဲကပန်းခင်းတွေကို ဆွေးဆွေးမြည့်မြည့်လေးကြည့်နေမိသည်.။ဒီလို အဆုံးသတ်ရရိုးလား… singto ကို သူမကလွဲပြီး မည်သူမျှ မပိုင်ဆိုင်စေရ.။။။။
-
-
-
ရုံးကနေ ပြန်လာပြီးပြီးချင်းမှာပင် Krist အ်ိမ်ထဲ မ၀င်သေးဘဲ အိမ်အ၀င်ဝက ဒန်းလေးတွင်ထိုင်ကာ Laptop ဖွင့်လိုက်သည်။ အတည်ပြုပေးရမည့် decoration အသစ်တွေကို စစ်ဆေးကြည့်နေဆဲမှာပင် နားထဲကို အသံတစ်ခုက ၀င်ရောက်နှောင့်ယှက် ၏။

“ဟုတ်တာပေါ့ရှင်..သဘက်ခါ  မင်္ဂလာပွဲလေ…မိန်းမပျိူတစ်ယောက်ရဲ့တန်ဖိုးပေါ့လေ…အဟင်းးးးဟင်း ယောကျာ်းလေးနဲ့မိန်းကလေး ပေါင်းဖက်တာ သဘာဝ ပဲပေါ့.. ဟုတ်တယ်.. တချိူ့ဆို ယောကျာ်းလေးတန်မဲ့ မိန်းမစိတ်ဝင်နေပြီး ဘယ်သူဖျက်ဆီးလို့ဖျက်ဆီးမှန်းမသိဘဲ အသက်ဆုံးခဲ့ရတာတွေရှိတယ်မလား..ပြောပြမှာ ပြောပြမှာ သာဓက တွေ ပြောပြရဦးမယ် အဟင်း ဟင်းးးးးး”

Laptop ဘေးချလျက် Krist ထိုင်နေရာမှ ၀ုန်းခနဲ ထရပ်မိသည်.။စောနက အိမ်အ၀င်တံခါးနားက ကြားရသော အသံပိုင်ရှင် သည် အိမ်ပြင်ထွက်လာကာ မျက်လုံးတွေက လှောင်ပြုံးနှင့်…။ဒါ တွေက သူ ပြောစရာလား..???? မျက်နှာအနေအထားအရ kristရှိနေမှန်းသိလို့ တမင်ပြောသည်ပေါ့..။ လက်ကိုင်အိတ် ကိုင်ကာ ကားပေါ်တက်သွားသော Yann ၏နောက်ကျောကို စူးစိုက်ကြည့်နေမိသည်.။
စိန်ခေါ်သည်ပေါ့ အန်တီ Yann… တန်ပြန်သက်ရောက်မှုကတော့ လျော်ကြေးကြီးလိမ့်မယ်..။

ညနေမိုးချူပ်လာသည်ထိ အိမ်တွင် အကူလေးတွေကလွဲ မည်သူမျှ မရှိ..။ Nuyen ပြန်လာသည်တော့ တွေ့သည်.။ မျက်နှာ မကောင်းဘဲ ပြန်လာကတည်းက အခန်းထဲ ၀င်သွားသည်..။ Krsit ထမင်းစားပွဲတွင်ထိုင်နေရင်းက လက်က ကော်ဖီတစ်ခွက်ကို မွှေဖျော်နေသည်…။

“ဒါလေးကို Kong ဆီ သွားပို့ပေးလိုက်ပါ.. Nuyen မအားလို့ ပို့ခိုင်းလိုက်တယ်လို့ပြောလိုက်ပါ..”

အိမ်က အဒေါ်ကြီးMu က ယောင်နနနဖြင့် ခွက်လေးကိုင်ကာအပေါ်ထပ်တက်သွားသည်.။ ပုံမှန်ဆို Nuyen လုပ်နေကျအလုပ်က ခု သူမ က အခန်းထဲကတောင် ထွက်မလာ.။ခဏကြာတော့ အဒေါ်ကြီး Mu ပြန်ရောက်လာသည်.။

“သူ သောက်ရဲ့လား..”

“သောက်ပါတယ် အကိုလေး…”

“ဘာမှ မမေးပါနဲ့ ကျွန်တော့် ခံစားချက်တွေကို အဒေါ်ကြီးသိတယ်မလား..”

“မမေးပါဘူး အကိုလေးရယ် အဒေါ်ကြီးတို့အလုပ်သမားတွေ အားလုံးက အကိုလေး ဘက်မှာပဲ ရှိမှာပါကွယ်..”

Krist ကျေးဇူးတင်ပြုံးလေးပြုံးပြကာ အပေါ်ထပ်တက်ပြီး ဦးတည်ခဲ့သည်က Kong ၏ အခန်း..။ တံခါးခေါက်အသံပြုလိုက်တော့ ၀င်ခဲ့ပါ ဆိုသည်နှင့် ၀င်လာခဲ့ကာ တံခါးကို လော့ချပစ်လိုက်သည်။

“မင်္ဂလာဆောင်တော့မယ်ဆိုတော့ အလုပ်တွေကြိုးစားနေတယ်ပေါ့.”

“ဘာကိစ္စရှိလို့လဲ Krsit..”

Kong ၏ လက်တွေက  Keyboard ပေါ်တွင်ပြေးလွှားလျက် screen ကိုကြည့်နေသော်လည်း မျက်လုံးက မမြင်ချင်တော့.. ။ မျက်တောင် သည် အတော်ကိုပင်လေးလံလွန်းလှသည်.။

“ခင်ဗျား အိပ်ချင်နေတာလား..???”

“ဘာဖြစ်လို့ပါလိမ့် ကော်ဖီလည်းသောက်ထားတာကို..။”

ခေါင်းခါယမ်းပြီး ကြိုးစားဖယ်ထုတ်သော်လည်း အိပ်ချင်တာလည်းမဟုတ်ဘဲ မျောနေသလိုခံစားချက်ကြီးက ပျောက်မသွား..။ ကော်ဖီသောက်ပြီး အိပ်ချင်သည်က ဟုတ်တော့မ ဟုတ်သေး.ပါ..။  သံသယ၀င်စရာတစ်ခုခုကိုပင် မတွေးနိုင်ခင်မှာပင် လူက မဟန်ချင်တော့..

“နားမှဖြစ်တော့မယ်.”

“ရလို့လား တွဲပေးမယ်”

“မတွဲနဲ့ မင်း..”

မတွဲနဲ့ဆိုသော်ငြား သူ့ လက်တွေက Krsit ပုခုံးပေါ် ရောက်နေလေပြီ..။ Krist လက်က သူ့ခါးကိုဖက်ကာထိန်းပေးပြီး..အိပ်ရာ ပေါ်တင်ပေးလိုက်တော့ မထိန်းနိုင်ဘဲ Krist ပါ သူ့ပေါ်ပြုတ်ကျသည်..။ပြန်ကုန်းရုန်းထလိုက်ပြီး အမောဖြေလိုက်ပြီးမှ ဘေးမှာ ၀င်လှဲရလေ၏။ ဒီနေ့အတွက်တော့ ဒီအခန်းထဲက ထွက်ဖို့ စိတ်ကူးမရှိ..။

# With heart
Just a dreamer





Continue Reading

You'll Also Like

267K 19.2K 24
ChanBaek ( yaoi ) Chan × Baek ♡♡♡
291K 50.1K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
83.7K 20.4K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
58.2K 1.3K 10
ဤ (BL Fic) ဇာတ္လမ္းပါ အေၾကာင္းအရာမ်ားႏွင့္ ဇာတ္လမ္း၊ဇာတ္ကြက္မ‌်ားသည္ စာေရးသူ၏ စိတ္ကူးသက္သက္ပင္ ျဖစ္ပါသည္။ ✨Hesperos (Started on : 26/Oct/2021) (Ended...