မင်းဖြစ်နေလို့ ( complete)

By kayhsoo

730K 41.9K 328

Bl story မင်းဖြစ်နေလို့ ( complete) More

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part - 23
Part-24
Part 25
Part-26
Part-27
Part-28
Part-29
Part-30
Part -31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part- 40
Part-41
Part- 42
Part-43
Part- 44
Part-46
Ending
Extra
ေၾကာ္ျငာ

Part-45

12.9K 706 10
By kayhsoo

မွဴးေလးတို႔ ရန္ကုန္အိမ္ျပန္ေရာက္သည့္အခ်ိန္သည္မနက္ ၃ နာရီပဲရွိေသးသည္......ေမ ကေတာ့ အိပ္မွအိပ္ရဲ႕လားမသိ.... ျခံထဲကားဝင္လာသံၾကားသည္နွင့္ အိမ္ေရွ႕တံခါးအဝအထိလာႀကိဳေနေလသည္

" ေစာသားပဲ... ေမကေနာက္က်မယ္ထင္ေနတာ..."

" မအိပ္ဘူးလားေမ.... သားတို႔လာမွထလာတာမဟုတ္ဘူး....."

အခုမွထလာဟန္ရွိေသာ ေဖ က

" ေျပာမေနနဲ႔သားငယ္.... မင္းတို႔လာမယ္ဆိုကတည္းကအိပ္လို႔မရလို႔ဆိုပီး အိမ္ေရွ႕နဲ႔ အိမ္ေနာက္ကို မေရတြက္နိုင္ေအာင္ေလွ်ာက္ေနတာ.... စိတ္ပူေနတာေလ မင္းတို႔ အေမက..."

" ကဲေဖႀကီး ဘာေတြေလွ်ာက္ေျပာေနတာလဲ... ကဲကဲ သားတို႔လဲအိပ္လိုက္ၾကဦး.... ကားတစ္ညလံုးေမာင္းလာရတာ ေညာင္းေနေရာေပါ့..."

ေမ့ မ်က္နွာကို မၾကည့္ဘဲ တခ်ိန္လံုးေခါင္းငံု႕ေနသည့္ အကို႔အားၾကည့္ကာ ဝမ္းနည္းစိတ္ကလႈိက္တက္လာမိသည္... ေမ့ မ်က္နွာကိုၾကည့္ေတာ့လဲ ဘာမွ မွန္းလို႔မရေအာင္ ပကတိၾကည္စင္ေနေလသည္....

အကို႔အားသနားလြန္းသျဖင့္ ေမတို႔ေရွ႕တြင္ေတာင္မေရွာင္နိုင္ဘဲ လက္ကိုဆြဲကာ ကၽြန္ေတာ့္အခန္းသို႔ဦးတည္လိုက္မိသည္....

AD လည္းဘာမွမေျပာဘဲ မွဴးေလးဆြဲေခၚရေနာက္လိုက္ပါလာရင္းက အခန္းထဲဝင္ခါနီး ေျခလွမ္းမ်ားရပ္တန္႔လိုက္မိေတာ့ လွည့္ၾကည့္လာသည္႔မ်က္ဝန္းတစ္စံု...
နားမလည္နိုင္ေသာအၾကည့္ေတြပါေနသည္မို႔... သက္ျပင္းတစ္ခ်က္ခ်ကာ...

" ကေလး.. ကိုယ္ ကိုၾကီးတို႔အခန္းမွာပဲအိပ္ပါရေစ...ဒီလိုအေျခအေနႀကီးမွာ ကိုယ္ကေလးနဲ႔တစ္ခန္းတည္းေနဖို႔ မဝံ့ရဲဘူးကြာ....
ေမ တို႔ကိုလဲေစာ္ကားရာေရာက္မွာျဖစ္သလို... ကေလးကိုလဲတန္ဖိုးမထားရာေရာက္မွာမ်ိဳးကိုယ္မလုပ္ႏိုင္ဘူး.."

ေသခ်ာကို ေလးေလးနက္နက္ေျပာလာသည္မို႔ မျငင္းရက္နိုင္ေအာင္ျဖစ္ရသည္... အကိုဗ်ာ... အကိုအဲလိုလုပ္ေလ ဒီလူက အကို႔အေပၚ ပိုက်ရႈံးေလျဖစ္တာမသိလို႔လာဗ်ာ...

အကို႔အား ထပ္ပီးခြဲခြာရဖို႔ နွင့္ ဆံုးရႈံးရဖို႔ဆိုဖို႕ဆိုတာ ေတြးေတာင္မေတြးခ်င္.... အကို႔အလိုက် ေခါင္းၿငိမ့္ျပမိသည္...

........................
သားAD အိပ္ရန္အတြက္ ေခါင္းအံုး နွင့္ေစာင္ လာေပးေသာ ေဒၚျဖဴေလးမွာ နွစ္ေယာက္သားေျပာေနၾကေသာစကားမ်ားအားေလွခါးထစ္အကြယ္ကေနနားေထာင္ရင္း တသိမ့္သိမ့္ၾကည္ႏူးမိသည္....

ကိုယ့္အေပၚေလးစားမႈအျပင္ သားငယ္ေလးကိုနွစ္နွစ္ကာကာျမတ္နိုးေနတာေတြ႔လိုက္ရေတာ့ သူမ ဆံုးျဖတ္ခ်က္မမွားဘူးဆိုတာ ေနာင္တကင္းစြာျဖင့္သိလိုက္ရေတာ့ တကိုယ္လံုးေပါ့ပါးသြားျခင္းက ဘာနဲ႔မွမတူ... ေခါင္းအံုးနွင့္ေစာင္ကို မေပးျဖစ္ေတာ့ဘဲ ကိုယ့္အိပ္ခန္းဆီသို႔ ျပန္လွည့္လာခဲ့လိုက္သည္....

.....................................

ေဒၚျဖဴေလးမနက္စာေတြျပင္ပီးသည့္ အခ်ိန္ထိတစ္ေယာက္မွ ႏိုးမလာေသးသည္မို႔ ႏႈိးရန္အတြက္ ထမင္းစားအခန္းကေနထထြက္လာခဲ့သည္....

ေဖၾကီးကေတာ့ ေဆးရံုတြင္ Operation ရွိသည္ဆို၍ ေစာေစာထထြက္သြားသည္မို႔ ထမင္းဘူးပဲ ေသခ်ာျပင္ဆင္ေပးလိုက္ရသည္....က်န္းမာေရးနဲ႔ မညီညြတ္ဘူးဆိုကာ အျပင္စာေတြသိပ္မစားတတ္သည့္အတြက္ ေသခ်ာခ်က္ျပဳတ္ေပးျဖစ္သည္..... အိမ္ကခ်က္တာဆို ဘာျဖစ္ျဖစ္စားတာမို႔ သူမအတြက္အပန္းမၾကီးေပ...

" ေမ... Morning "
မွဴးေလးသည္ အိမ္အေပၚထပ္ကဆင္းလာရင္း ေလွကားထစ္နားရပ္ကာႏႈတ္ဆက္ေတာ့

" ေဟာ သားငယ္ေလး.... ႏိုးလာၿပီ... ေမက လာႏႈိးမလို႔ရွိေသးတယ္... AD ေလးေရာ မႏိုးေသးဘူးလား.."

ေမ့ သည္အကို႕အားမေမ့မေလ်ာ့ေမးျပန္သည္... ေမ့ကိုလည္းမွဴးေလးနားမလည္နိုင္ေတာ့ေပ... ဖုန္းထဲမွာက်ေတာ့အရမ္းစိတ္ဆိုးေနတဲ့အသံနွင့္ျဖစ္ကာ အခုေတာ့ဘာမွမဟုတ္သလို ေျပာဆိုဆက္ဆံေနသည္မို႔ မွဴးေလးသိပ္မသကၤာခ်င္ေပ.....

ထိုေၾကာင့္ စိတ္ကျဖစ္ေနသည့္အေပၚ မ်က္ႏွာေပၚထင္ဟပ္သည္ ထင္ပါရဲ႕ .....

" အမေလးသားငယ္ေလးရယ္....မေအကို ဘယ္လိုၾကည့္ေနတာလဲ"

ဆိုမွ မွဴးေလးသတိျပန္ဝင္လာမိသည္...

" ေမ.... ေမ့ကို ကိုသက္ထင္ဖုန္းဆက္တယ္မလား..."

မျမိဳသိပ္ႏိုင္ေတာ့ပဲ မွဴးေလးေမးမိေတာ့သည္...ပီးေတာ့ေခါင္းငံု႔ကာ ေလွကားထစ္လက္ရန္းကို ကိုင္ထားသည့္ ေမ့လက္ေလးအားဆုပ္ကိုင္လိုက္မိသည္....
ပီးေတာ့အရမ္းေျပာခ်င္ေနသည့္အေၾကာင္းအရာတစ္ခုကို ခခယယေတာင္းဆိုမိသည္...

" အကိုမွာ အျပစ္မရွိပါဘူးေမ.... သူဒီေရာက္ေနတယ္ဆိုတာကို နည္းနည္းေလးမွအသိမေပးခဲ့ပါဘူး...သူကေမ့ကိုေပးထားတဲ့ကတိကို တည္ေအာင္ေနတဲ့သူပါ... သားကသာ.... သားကသာ..."

မွဴးေလးေျပာမထြက္ဘဲ ရင္ဘတ္ထဲက ဆို႕တက္လာကာ မ်က္ခမ္းမ်ားပင္စပ္လာသည္... ဟင့္အင့္ ငါမ်က္ရည္က်လို႔မျဖစ္ဘူး..... အကိုနဲ႔ နီးရဖို႔အေရး ေမ့ခြင့္လႊတ္မႈကို ေတာင္းခံႏိုင္မွရမည္... ဘယ္ေလာက္ေတာင္ေဝးခဲ့ရပီးပီလဲ.... ဘယ္ေလာက္ေတာင္ထပ္ေဝးရဦးမွာလဲ..... ေျပာရမည့္စကားအား အားတင္းကာ...

" သားကသာ... သူထြက္မေျပးေအာင္ ... သူထြက္မေျပးႏိုင္ေအာင္ ဖမ္းဆုပ္ထားတာမို႔လို႔... ေမရယ္ ... အျပစ္ေပးမယ္ဆိုလဲတျခားနည္းလမ္းနဲ႔ပဲအျပစ္ေပးပါ.... ေနာက္ထပ္ ထပ္ပီး သူမရွိဘဲတစ္ေယာက္တည္း အထီးက်န္ပီး မေနပါရေစနဲ႔ေတာ့......ဒီကာလေတြမွာတစ္ေယာက္တည္းႀကိဳးစားပီး ဘယ္ေလာက္ေတာင္ေတာင့္ခံထားရလဲဆိုတာ ...."

စကားေတာင္ဆက္မေျပာႏိုင္ေတာ့ဘဲ ကၽြန္ေတာ္လဲခြင့္မျပဳပါဘဲ မ်က္ရည္က အလိုလိုက်ဆင္းလာခဲ့သည္...

က်ဆင္းေနသည္ မ်က္ရည္အားခပ္ၾကမ္းၾကမ္းသုတ္ပစ္မိေတာ့.. ႏူးညံ့သည့္လက္ဖဝါးတစ္စံုက မွဴးေလးမ်က္ႏွာအား ေမာ့ေစကာ ၾကင္ၾကင္နာနာ သုတ္ေပးလာသည့္ ေမ....

" ဒီမွာ ၾကည့္စမ္း သားငယ္ေလ... ေမဒီသားေလးကိုဘယ္ေလာက္ထိခ်စ္လဲသိတယ္မို႔လား"

ေမ ေမးေတာ့ မွဴးေလးေခါင္းတဆက္ဆက္ျငိမ့္ျပမိသည္....

" ဒီသားငယ္ ရင္ထဲမွာ ဘာမွျဖစ္မေနဘူးလို႔ ေမကထင္ပါ့မလား.... အရိပ္တၾကည့္ၾကည့္နဲ႔ခ်စ္ခဲ့ရတဲ့သားပဲ...ေမလဲသားတို႔ကို ဘယ္ခြဲခ်င္ပါမလဲသားရယ္... ေမကေလ အခု သက္ထင္လိုလူေတြ ငါ့သားေတြကိုေျပာလာမွာ ေမ နည္းနည္းမွ မခံနိုင္လို႔ အခုလိုေတြစီစဥ္ခဲ့ရတာေပါ့....

သက္ထင္က ဘာေျပာတယ္ထင္လဲေမ့ကို.... အန္တီတဲ့ အန္တီသား မွဴးေလး ေယာက်ၤားတစ္ေယာက္နဲ႔ေပ်ာ္ပါးေနတာ မသိဘူးလားတဲ့ အခုမႏၲေလးမွာ ျဖစ္ခ်င္တိုင္းျဖစ္ေနတာတဲ့....ၾကားၾကားခ်င္း ေမေလ ေရွာ့ရသြားတယ္.... သားငယ္ေလးက AD ေလးအျပင္ေနာက္ထပ္တစ္ေယာက္နဲ႔ ျဖစ္ေနတာလားေပါ့...ေမ သက္ထင္ကိုလဲ ဘာမွျပန္မေျပာလိုက္ႏိုင္ခဲ့ဘူး... ကိုယ္က ဘာမွ သိမထားေတာ့ ျပန္ေျပာရင္ ကိုယ္ပဲအရွက္ရမွာေလ.....

AD ေလးမ်ားျဖစ္ေနမလားဆိုပီး မိမိ ကိုေမးခ်င္ေပမယ့္ ေမးခြန္းေတြေမးလာရင္ ေမမေျဖႏိုင္မွာစိုးလို႔ မေမးရဲခဲ့ဘူး... အဲဒါနဲ႔သားၾကီးကိုဖုန္းဆက္ပီးေမးေတာ့မွ AD ေလး မႏၲေလးမွာ အလုပ္ကိစၥနဲ႔႐ွိေနတယ္ဆိုတာသိလိုက္ရေတာ့ ေမေလ ေပ်ာ္လိုက္တာေျပာမေနနဲ႔....
သားကိုႀကီးက AD ေလးကိုယံုတာမို႔ ေမ့ကိုအသိမေပးေတာ့တာပါတဲ့...

ေမခ်က္ခ်င္းပဲ သက္ထင္ဆီဖုန္းျပန္ဆက္လိုက္တယ္ သားရယ္လို႔ ဒီကိစၥက အန္တီသိထားတာ လြန္ခဲ့တဲ့ သံုးနွစ္ကတည္းကပဲလို႔..... အခုသူတို႔လဲကိုယ္ပိုင္လုပ္ငန္းေလးေတြ ထူေထာင္ ႏိုင္ေနပီဆိုေတာ့ ဒီသႀကၤန္ပီးရင္ ေနရာခ်ထားေပးေတာ့မွာလို႔ေျပာလိုက္ေတာ့ သူက ထပ္ေျပာေသးတယ္သိလား....."

ေမသည္ အားရပါးရနွင့္ ကၽြန္ေတာ့အား သူကိုသက္ထင္ကိုေျပာပစ္လိုက္တာေတြကို ျပန္ေျပာျပေနသည္မို႔ ခမ္းေျခာက္လုနီးပါးျဖစ္ေနသည့္ မ်က္ဝန္းအိမ္က ခ်က္ခ်င္းျပည့္အိုင္လာရျပန္သည္... ဒီတစ္ခါမ်က္ရည္စက ေမ့အေပၚေလးစားကာ ထိုင္ပီးကန္ေတာ့ခ်င္ေလာက္ေအာင္ ေက်းဇူးတင္မိေသာေၾကာင့္ျဖစ္သည္..
ေမသည္ အားမရႏိုင္ဘဲ ထပ္ေျပာလာျပန္သည္...

" အဲေကာင္က မေကာင္းတဲ့ေကာင္ဆို ဘယ္လိုလုပ္မလဲတဲ့.... အရက္သမား ဘိန္းစားေတြလဲ ျဖစ္ေနမယ္တဲ့... ေမကလဲ ျပန္ေျပာလိုက္ပါတယ္... အန္တီသားက အဲေလာက္လဲလူအကဲခတ္ညံ့တဲ့အထဲမပါပါဘူးလို႔ ပီးေတာ့သူက Hotel ပိုင္ရွင္ေလ လို႔ခပ္ၾကြားၾကြားေျပာပစ္လိုက္ေတာ့ ႏႈတ္ေတာင္မဆက္ႏိုင္ဘူး ခ်က္ခ်င္းကိုဖုန္းခ်သြားတယ္ သားငယ္ေလးရယ္..."

ဆိုကာ ဟက္ဟက္ပက္ပက္ ရယ္ေနျပန္သည့္ေမ.....
ေမ့ကိုယ္ေလးအား ဆြဲဖက္ကာ ရင္ခြင္ထဲေခါင္းထိုးဝင္ပီးေတာ့ လႈိက္လႈိက္လွဲလဲွ ေျပာမိသည္...

" ေက်းဇူးတင္ပါတယ္ ေမရယ္ တကယ္ပါ တကယ္ေက်းဇူးတင္တယ္..."

ေမ့ရင္ခြင္ထဲေရာက္ေနသည့္ကၽြန္ေတာ့ေခါင္းအားဖြဖြေလးပြတ္သပ္ေပးေနသည့္ ေမ့မ်က္ႏွာသည္ မျမင္ရေပမဲ့လည္းျပံဳးေနမယ္ဆိုတာသိပါသည္... အေမ့ရဲ႕ေရရွည္ကိုႀကိဳျမင္ပီး လုပ္ငန္းကိုယ္စီ ပိုင္ဆိုင္ႏိုင္ေအာင္ မခံခ်င္စိတ္ေတြႏႈိးဆြခဲ့တာေၾကာင့္ အခုဆိုပတ္ဝန္းက်င္အသိုင္းအဝိုင္းကေျပာခ်င္တာေတာင္ လက္ညႈိးထိုးမေျပာရဲလာေအာင္ ဒီလိုမ်ိဳးေတြလုပ္ခဲ့ရသည္ဆိုတာ ဒီေန႔မွသိခဲ့ရတာမို႔ ေမ့အားပို၍ပို၍ ခ်စ္မိရပါသည္.....

" ကဲထမင္းစားအခန္းကေစာင့္ေန... ေမ AD ေလးကိုသြားႏႈိးလိုက္ဦးမယ္..."

တလွမ္းခ်င္းေလွကားထစ္ေပၚတက္သြားသည့္ေမ့ေက်ာျပင္ေလးအား မျမင္ရေတာ့သည္အထိ မွဴးေလးရပ္ၾကည့္ေနမိသည္..... အျဖစ္အပ်က္မ်ားက အိပ္မက္ပမာျဖစ္ေနသည္မို႔ လက္ေမာင္းေလးအား နာနာေလးဆိတ္မိေတာ့..... ႏႈတ္ခမ္းကျပံဳးေယာင္သမ္းလာခဲ့သည္... အကိုအခုျဖစ္ပ်က္ေနတာ အိပ္မက္မဟုတ္ဘူးဗ်... အဟား.....

...............................

ဘယ္ေလာက္ေတာင္ပင္ပန္းေနလဲမသိ အိပ္ေမာက်ေနသည့္ AD မ်က္နွာေလးကို ေဒၚျဖဴေလး အုပ္မိုးကာၾကည့္ေနမိသည္.... မေအအတိုင္းပင္ အသားအေရက ဝင္းဝါေနေတာ့သည္... ေယာက်ၤားပီသေသာ မ်က္ခံုးနွင့္နွာတံ... က်က္သေရရွိလွသည့္ေလးေထာင့္ဆန္ဆန္မ်က္နွာက်.. အေသးစိတ္ၾကည့္ကာ ေက်နပ္ေနမိသည္....ကိုယ့္အျဖစ္က သားပဲေခၚရမလိုလို သမက္ေလးပဲေခၚရမလိုလို....

သာဘာဝနွင့္ဆန္႔က်င္ကာ ဘဝမွတခါမွမၾကံဳဖူးေတာ့ အစကလံုးဝလက္မခံနိုင္ခဲ့ေပ....သူတို႔ေလးေတြတေယာက္နဲ႔တစ္ေယာက္သစၥာရွိကာ နွစ္ေယာက္သားနီးစပ္ဖို႔အေရး ၾကိဳးပမ္းေနၾကတာျမင္ေတာ့ ေဘးထြက္ေနေနသည့္ ေဖႀကီးကေတာင္လက္ခံေပးဖို႔ေျပာလာခဲ့ေလသည္... သူကဆရာဝန္ဆိုေတာ့ ဒီလိုမ်ိဳးသာဘာဝနွင့္ဆန့္က်င္မႈအေပၚ အေထြအထူးေတာ့မေျပာ... ကိုယ့္အားLGBT ကိုနားလည္လာေအာင္ စာေတြဖတ္ေစသည္... နိုင္ငံတကာမွ LGBT Website ေတြကိုျပကာ ကိုယ့္သားတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာကိုစိတ္သက္သာရာ ရေအာင္လုပ္ေပးခဲ့ေလသည္...

တတ္နိုင္သေလာက္ေစာင့္ၾကည့္ကာတားလို႔ရသေလာက္တားခဲ့ေပမယ့္ သူတို႔အခ်စ္ရဲ႕အင္အားက ကိုယ့္အေပၚ အနိုင္ယူသြားခဲ့ေလေတာ့ ဘယ္လိုပံ့ပိုးကူညီေပးရမလဲဆိုတာကိုစဥ္းစားခဲ့ရသည္မို႔ အခုလိုခြဲခဲ့ရျခင္းျဖစ္သည္....

ခပ္ပြပြျဖစ္ေနသည့္ဆံပင္ေလးအားသပ္ခ်ေပးရင္းက

" သား AD.. ထေတာ့.. 9:00 နာရီေတာင္ထိုးေတာ့မယ္... မနက္စာထစားဦး...ပီးမွဆက္အိပ္ခ်င္အိပ္"

ဆိုကာ ႏႈိးေတာ့ ခ်က္ခ်င္းေငါက္ခနဲထထိုင္ကာ အားနာေနသည့္မ်က္ႏွာေလးျဖင့္...

" 9:00 နာရီေတာင္ထိုးပီလားေမ.... အားအဲေလာက္ေတာင္အိပ္ေပ်ာ္သြားရလားကြာ.. Sorry ေမ ညက ညဥ့္နက္မွ အိပ္ေပ်ာ္လို႔...."

ဟုတ္ပါသည္... ညကလံုးဝအိပ္လို႔မရခဲ့ေပ...ကတိေတြခ်ိဳးေဖာက္ခဲ့သည္မို႔ ေမ့အားမ်က္နွာမျပံဝံ့ကာ ရင္မဆိုငါရဲခဲ့.... တျခားလူေတြလိုေမာက္ေမာက္မာမာဆက္ဆံေနရင္ေတာင္ အဲေလာက္ေနရခက္မွာမဟုတ္... အခုေတာ့ ကိုယ့္အေပၚအရမ္းေကာင္းလြန္းေနသည္မို႔ ပို၍ပင္ ေနရခက္ေနရသည္...

" မ်က္နွာသစ္ပီး ေအာက္ဆင္းခဲ့ေတာ့ေနာ္သား... သားငယ္ေလးေတာင္ႏိုးလို႔ ထမင္းစားခန္းထဲေတာင္ေရာက္ေနပီေလ..."
ေျပာကာ လွည့္ထြက္ေတာ့မယ့္ အေမ့ခါးေလးအား ကုတင္အထက္ကေန လွမ္းဖက္လိုက္မိသည္...

" ေမ... " ဘာဆက္ေျပာရမွန္းမသိေအာင္အၾကာႀကီးတိတ္ဆိတ္ေနမိသည္....

" ေတာင္းပန္ပါတယ္လို႔ေျပာဖို႔ မလိုေလာက္ဘူးဆိုတာကၽြန္ေတာ္သိပါတယ္ေမ.... ေမကၽြန္ေတာ့အေပၚ မျငိဳျငင္ဘဲ ဒီအတိုင္းဆက္ဆံေပးတာ အမ်ားႀကီးေက်းဇူးတင္ပါတယ္...

ဒါေပမယ့္ေလ မွဴးေလးနဲ႔ထပ္ပီးမေဝးပါရေစနဲ႔ေတာ့ေမရယ္.... ကၽြန္ေတာ္သူ႔ကို အျမတ္တနိုးတန္ဖိုးထားပီး တစ္သက္လံုးလက္တြဲသြားမယ္လို႔ ကတိေပးပါတယ္ဗ်ာ... ကၽြန္ေတာ္က အျမဲတမ္းသူ႕ကိုကာကြယ္ေပးခ်င္ေပမယ့္... သူက ကၽြန္ေတာ့လို ေယာကၤ်ားတစ္ေယာက္ျဖစ္တယ္ဆိုတာ ေမ့လို႔မျဖစ္တာမို႔ တခါတရံ သူ႔ေရွ႕ကမားမားမတ္မတ္မရပ္တည္ဘဲ နႈတ္ဆိတ္ေနတဲ့အေပၚနားလည္ေပးပါေမ.....

ကၽြန္ေတာ္ေသမတတ္ လြမ္းဆြတ္နာက်င္ေနခဲ့ရတဲ့ သံုးနွစ္ဆိုတဲ့ကာလေတြလိုမ်ိဳး ေနာက္ထပ္ျပန္မသြားပါရေစနဲ႔..... ကၽြန္ေတာ္သူနဲ႔ထပ္ပီးေဝးလို႔မျဖစ္ဘူးေမ"

နွစ္ေယာက္သားတိုင္ပင္ထားသလားေအာက္ေမ့ရေအာင္ မနက္အိပ္ယာနိုးကတည္းက ဂ်ီက်ေနၾကေသာႏွစ္ေယာက္သားအားၾကည့္ပီး.... ေဒၚျဖဴေလးျပံဳးမိသည္......

ရင္ခြင္ထဲမွဆံပင္ေလးအား ဖြဖြေလးပြတ္သပ္ေပးကာ..

" သႀကၤန္ပီးတာနဲ႔ LA ျပန္သြားေတာ့.... အလုပ္ကိစၥေတြကိုပဲ ၿပီးေအာင္လုပ္ပါ"

ဆိုကာေျပာေတာ့ ေခါင္းငိုက္က်လွ်က္ ေဝသီေနပီျဖစ္တဲ့မ်က္ဝန္းမွမ်က္ရည္စကိုျမင္ေတာ့ ခပ္ဖြဖြျပံဳးမိကာ
အၾကာႀကီးတိတ္ဆိတ္ေနပစ္လိုက္သည္...ပီးေတာ့
ေျပာစရာရွိသည္ကို ဆက္ေျပာျဖစ္သည္...

" လူႀကီးစံုရာနဲ႔ ေမ့သားငယ္ေလးကို မိသားဖသားပီပီလာေတာင္ရမ္းပါ.....သား "
ဆိုကာလွည့္ထြက္ခဲ့သည္... AD ေလးကေတာ့ နားပဲမရွင္းလိုက္တာလား.... ဒီလိုေျပာလိမ့္မည္ဟုမထင္ထားတာလားေတာ့မသိ.... အၾကာႀကီးတိတ္ဆိတ္ေနသည္မွာ သူမပင္ အခန္းအျပင္ေရာက္ေနပီျဖစ္သည္....

ေလွကားက ဆင္းမယ္လုပ္ကာၾကံေသး

" ေမ့...."
ဆိုတဲ့ သား AD ရဲ႕လႈိက္လႈိက္လွဲလဲွ ေခၚသံေနာက္မွာ သူမ ခႏၶာကိုယ္က ၾကမ္းျပင္နွင့္မထိေတာ့ေပ...အေၾကာင္းမွာ ကေလးတစ္ေယာက္လို ေပြ႔ခ်ီခံလိုက္ရေသာေၾကာင့္ျဖစ္သည္...

သားAD ေအာ္သံၾကားလို႔ထင္ပါရဲ႕ ထမင္းစားခန္းထဲက အေျပးထြက္လာသည့္ သားငယ္ေလးသည္ ထိုျမင္ကြင္းအားျမင္သြားေတာ့ မ်က္လံုးမ်ားပိတ္က်လာေအာင္ရယ္ေမာကာ... အေပၚထပ္သို႔အေျပးတက္လာခဲ့သည္...ပီးေတာ့ နွစ္ေယာက္သား အတူတူ ထမင္းစားခန္းသို႔ခ်ီမလာၾကသည္....

သားေတြ ငိုခဲ့ယိုခဲ့တုန္းကလဲ သူမပါလိုက္ခံစားခဲ့ရကာ သူတို႔နဲ႔ထပ္တူ ငိုခဲ့ရသည္... အခုသားေတြေပ်ာ္ေနေတာ့လဲ သူတို႔နဲ႔ထပ္တူ ေပ်ာ္ရႊင္ေနခဲ့ရျပန္သည္....

ေလာကႀကီးေရ.... သားသမီးနဲ႔မိဘဆိုတာ မွန္လိုပဲ
သူတို႕ငိုရင္ ကိုယ္လဲငိုရသလို သူတို႔ေပ်ာ္ရင္ကိုယ္လဲေပ်ာ္ရတယ္... ကိုယ့္ကေလးက သူမ်ားနဲ႔မတူဘူးဆိုရင္ တတ္နိုင္သေလာက္ ထိန္းမတ္ေပးပါ..... ဂရုစိုက္ေပးပါမရေတာ့ဘူးဆိုရင္လည္း... သူတို႔အေပၚ ရင္ခြင္တံခါးဖြင့္ကာႀကိဳဆိုေပးလိုက္ၾကပါ.... ကေလးေတြမွာအားကိုးရာက မိဘေတြျဖစ္သလို အဲဒီမိဘေတြကပဲ ဆံုးမလို႔မွမရတာ ဆိုပီး လစ္လ်ဴရႈလိုက္ရင္ သူတို႔ခမ်ာ အားကိုးရမဲ့ပီး လမ္းမွားေတြလိုက္ၾကရင္းက ပ်က္ဆီးသြားၾကရတယ္....ဒါေၾကာင့္မို႔ သားသမီးက ဘာႀကီးပဲျဖစ္ေနျဖစ္ေနလက္ခံနိုင္ေအာင္ႀကိဳးစားႀကပါ...ဒါမွ ေလာကႀကီးကသင့္အတြက္ တေန႔ထက္တေန႔သာယာလွပလာပါလိမ့္မယ္...... အမုန္းေတြ အတၲေတြ အာဂါဒေတြ ကင္းစင္တဲ့နယ္ေျမတစ္ခုလိုေပါ့......


မှူးလေးတို့ ရန်ကုန်အိမ်ပြန်ရောက်သည့်အချိန်သည်မနက် ၃ နာရီပဲရှိသေးသည်......မေ ကတော့ အိပ်မှအိပ်ရဲ့လားမသိ.... ခြံထဲကားဝင်လာသံကြားသည်နှင့် အိမ်ရှေ့တံခါးအဝအထိလာကြိုနေလေသည်

" စောသားပဲ... မေကနောက်ကျမယ်ထင်နေတာ..."

" မအိပ်ဘူးလားမေ.... သားတို့လာမှထလာတာမဟုတ်ဘူး....."

အခုမှထလာဟန်ရှိသော ဖေ က

" ပြောမနေနဲ့သားငယ်.... မင်းတို့လာမယ်ဆိုကတည်းကအိပ်လို့မရလို့ဆိုပီး အိမ်ရှေ့နဲ့ အိမ်နောက်ကို မရေတွက်နိုင်အောင်လျှောက်နေတာ.... စိတ်ပူနေတာလေ မင်းတို့ အမေက..."

" ကဲဖေကြီး ဘာတွေလျှောက်ပြောနေတာလဲ... ကဲကဲ သားတို့လဲအိပ်လိုက်ကြဦး.... ကားတစ်ညလုံးမောင်းလာရတာ ညောင်းနေရောပေါ့..."

မေ့ မျက်နှာကို မကြည့်ဘဲ တချိန်လုံးခေါင်းငုံ့နေသည့် အကို့အားကြည့်ကာ ဝမ်းနည်းစိတ်ကလှိုက်တက်လာမိသည်... မေ့ မျက်နှာကိုကြည့်တော့လဲ ဘာမှ မှန်းလို့မရအောင် ပကတိကြည်စင်နေလေသည်....

အကို့အားသနားလွန်းသဖြင့် မေတို့ရှေ့တွင်တောင်မရှောင်နိုင်ဘဲ လက်ကိုဆွဲကာ ကျွန်တော့်အခန်းသို့ဦးတည်လိုက်မိသည်....

AD လည်းဘာမှမပြောဘဲ မှူးလေးဆွဲခေါ်ရနောက်လိုက်ပါလာရင်းက အခန်းထဲဝင်ခါနီး ခြေလှမ်းများရပ်တန့်လိုက်မိတော့ လှည့်ကြည့်လာသည့်မျက်ဝန်းတစ်စုံ...
နားမလည်နိုင်သောအကြည့်တွေပါနေသည်မို့... သက်ပြင်းတစ်ချက်ချကာ...

" ကလေး.. ကိုယ် ကိုကြီးတို့အခန်းမှာပဲအိပ်ပါရစေ...ဒီလိုအခြေအနေကြီးမှာ ကိုယ်ကလေးနဲ့တစ်ခန်းတည်းနေဖို့ မဝံ့ရဲဘူးကွာ....
မေ တို့ကိုလဲစော်ကားရာရောက်မှာဖြစ်သလို... ကလေးကိုလဲတန်ဖိုးမထားရာရောက်မှာမျိုးကိုယ်မလုပ်နိုင်ဘူး.."

သေချာကို လေးလေးနက်နက်ပြောလာသည်မို့ မငြင်းရက်နိုင်အောင်ဖြစ်ရသည်... အကိုဗျာ... အကိုအဲလိုလုပ်လေ ဒီလူက အကို့အပေါ် ပိုကျရှုံးလေဖြစ်တာမသိလို့လာဗျာ...

အကို့အား ထပ်ပီးခွဲခွာရဖို့ နှင့် ဆုံးရှုံးရဖို့ဆိုဖို့ဆိုတာ တွေးတောင်မတွေးချင်.... အကို့အလိုကျ ခေါင်းငြိမ့်ပြမိသည်...

........................
သားAD အိပ်ရန်အတွက် ခေါင်းအုံး နှင့်စောင် လာပေးသော ဒေါ်ဖြူလေးမှာ နှစ်ယောက်သားပြောနေကြသောစကားများအားလှေခါးထစ်အကွယ်ကနေနားထောင်ရင်း တသိမ့်သိမ့်ကြည်နူးမိသည်....

ကိုယ့်အပေါ်လေးစားမှုအပြင် သားငယ်လေးကိုနှစ်နှစ်ကာကာမြတ်နိုးနေတာတွေ့လိုက်ရတော့ သူမ ဆုံးဖြတ်ချက်မမှားဘူးဆိုတာ နောင်တကင်းစွာဖြင့်သိလိုက်ရတော့ တကိုယ်လုံးပေါ့ပါးသွားခြင်းက ဘာနဲ့မှမတူ... ခေါင်းအုံးနှင့်စောင်ကို မပေးဖြစ်တော့ဘဲ ကိုယ့်အိပ်ခန်းဆီသို့ ပြန်လှည့်လာခဲ့လိုက်သည်....

.....................................

ဒေါ်ဖြူလေးမနက်စာတွေပြင်ပီးသည့် အချိန်ထိတစ်ယောက်မှ နိုးမလာသေးသည်မို့ နှိုးရန်အတွက် ထမင်းစားအခန်းကနေထထွက်လာခဲ့သည်....

ဖေကြီးကတော့ ဆေးရုံတွင် Operation ရှိသည်ဆို၍ စောစောထထွက်သွားသည်မို့ ထမင်းဘူးပဲ သေချာပြင်ဆင်ပေးလိုက်ရသည်....ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုကာ အပြင်စာတွေသိပ်မစားတတ်သည့်အတွက် သေချာချက်ပြုတ်ပေးဖြစ်သည်..... အိမ်ကချက်တာဆို ဘာဖြစ်ဖြစ်စားတာမို့ သူမအတွက်အပန်းမကြီးပေ...

" မေ... Morning "
မှူးလေးသည် အိမ်အပေါ်ထပ်ကဆင်းလာရင်း လှေကားထစ်နားရပ်ကာနှုတ်ဆက်တော့

" ဟော သားငယ်လေး.... နိုးလာပြီ... မေက လာနှိုးမလို့ရှိသေးတယ်... AD လေးရော မနိုးသေးဘူးလား.."

မေ့ သည်အကို့အားမမေ့မလျော့မေးပြန်သည်... မေ့ကိုလည်းမှူးလေးနားမလည်နိုင်တော့ပေ... ဖုန်းထဲမှာကျတော့အရမ်းစိတ်ဆိုးနေတဲ့အသံနှင့်ဖြစ်ကာ အခုတော့ဘာမှမဟုတ်သလို ပြောဆိုဆက်ဆံနေသည်မို့ မှူးလေးသိပ်မသင်္ကာချင်ပေ.....

ထိုကြောင့် စိတ်ကဖြစ်နေသည့်အပေါ် မျက်နှာပေါ်ထင်ဟပ်သည် ထင်ပါရဲ့ .....

" အမလေးသားငယ်လေးရယ်....မအေကို ဘယ်လိုကြည့်နေတာလဲ"

ဆိုမှ မှူးလေးသတိပြန်ဝင်လာမိသည်...

" မေ.... မေ့ကို ကိုသက်ထင်ဖုန်းဆက်တယ်မလား..."

မမြိုသိပ်နိုင်တော့ပဲ မှူးလေးမေးမိတော့သည်...ပီးတော့ခေါင်းငုံ့ကာ လှေကားထစ်လက်ရန်းကို ကိုင်ထားသည့် မေ့လက်လေးအားဆုပ်ကိုင်လိုက်မိသည်....
ပီးတော့အရမ်းပြောချင်နေသည့်အကြောင်းအရာတစ်ခုကို ခခယယတောင်းဆိုမိသည်...

" အကိုမှာ အပြစ်မရှိပါဘူးမေ.... သူဒီရောက်နေတယ်ဆိုတာကို နည်းနည်းလေးမှအသိမပေးခဲ့ပါဘူး...သူကမေ့ကိုပေးထားတဲ့ကတိကို တည်အောင်နေတဲ့သူပါ... သားကသာ.... သားကသာ..."

မှူးလေးပြောမထွက်ဘဲ ရင်ဘတ်ထဲက ဆို့တက်လာကာ မျက်ခမ်းများပင်စပ်လာသည်... ဟင့်အင့် ငါမျက်ရည်ကျလို့မဖြစ်ဘူး..... အကိုနဲ့ နီးရဖို့အရေး မေ့ခွင့်လွှတ်မှုကို တောင်းခံနိုင်မှရမည်... ဘယ်လောက်တောင်ဝေးခဲ့ရပီးပီလဲ.... ဘယ်လောက်တောင်ထပ်ဝေးရဦးမှာလဲ..... ပြောရမည့်စကားအား အားတင်းကာ...

" သားကသာ... သူထွက်မပြေးအောင် ... သူထွက်မပြေးနိုင်အောင် ဖမ်းဆုပ်ထားတာမို့လို့... မေရယ် ... အပြစ်ပေးမယ်ဆိုလဲတခြားနည်းလမ်းနဲ့ပဲအပြစ်ပေးပါ.... နောက်ထပ် ထပ်ပီး သူမရှိဘဲတစ်ယောက်တည်း အထီးကျန်ပီး မနေပါရစေနဲ့တော့......ဒီကာလတွေမှာတစ်ယောက်တည်းကြိုးစားပီး ဘယ်လောက်တောင်တောင့်ခံထားရလဲဆိုတာ ...."

စကားတောင်ဆက်မပြောနိုင်တော့ဘဲ ကျွန်တော်လဲခွင့်မပြုပါဘဲ မျက်ရည်က အလိုလိုကျဆင်းလာခဲ့သည်...

ကျဆင်းနေသည် မျက်ရည်အားခပ်ကြမ်းကြမ်းသုတ်ပစ်မိတော့.. နူးညံ့သည့်လက်ဖဝါးတစ်စုံက မှူးလေးမျက်နှာအား မော့စေကာ ကြင်ကြင်နာနာ သုတ်ပေးလာသည့် မေ....

" ဒီမှာ ကြည့်စမ်း သားငယ်လေ... မေဒီသားလေးကိုဘယ်လောက်ထိချစ်လဲသိတယ်မို့လား"

မေ မေးတော့ မှူးလေးခေါင်းတဆက်ဆက်ငြိမ့်ပြမိသည်....

" ဒီသားငယ် ရင်ထဲမှာ ဘာမှဖြစ်မနေဘူးလို့ မေကထင်ပါ့မလား.... အရိပ်တကြည့်ကြည့်နဲ့ချစ်ခဲ့ရတဲ့သားပဲ...မေလဲသားတို့ကို ဘယ်ခွဲချင်ပါမလဲသားရယ်... မေကလေ အခု သက်ထင်လိုလူတွေ ငါ့သားတွေကိုပြောလာမှာ မေ နည်းနည်းမှ မခံနိုင်လို့ အခုလိုတွေစီစဉ်ခဲ့ရတာပေါ့....

သက်ထင်က ဘာပြောတယ်ထင်လဲမေ့ကို.... အန်တီတဲ့ အန်တီသား မှူးလေး ယောကျင်္ားတစ်ယောက်နဲ့ပျော်ပါးနေတာ မသိဘူးလားတဲ့ အခုမန္တလေးမှာ ဖြစ်ချင်တိုင်းဖြစ်နေတာတဲ့....ကြားကြားချင်း မေလေ ရှော့ရသွားတယ်.... သားငယ်လေးက AD လေးအပြင်နောက်ထပ်တစ်ယောက်နဲ့ ဖြစ်နေတာလားပေါ့...မေ သက်ထင်ကိုလဲ ဘာမှပြန်မပြောလိုက်နိုင်ခဲ့ဘူး... ကိုယ်က ဘာမှ သိမထားတော့ ပြန်ပြောရင် ကိုယ်ပဲအရှက်ရမှာလေ.....

AD လေးများဖြစ်နေမလားဆိုပီး မိမိ ကိုမေးချင်ပေမယ့် မေးခွန်းတွေမေးလာရင် မေမဖြေနိုင်မှာစိုးလို့ မမေးရဲခဲ့ဘူး... အဲဒါနဲ့သားကြီးကိုဖုန်းဆက်ပီးမေးတော့မှ AD လေး မန္တလေးမှာ အလုပ်ကိစ္စနဲ့ရှိနေတယ်ဆိုတာသိလိုက်ရတော့ မေလေ ပျော်လိုက်တာပြောမနေနဲ့....
သားကိုကြီးက AD လေးကိုယုံတာမို့ မေ့ကိုအသိမပေးတော့တာပါတဲ့...

မေချက်ချင်းပဲ သက်ထင်ဆီဖုန်းပြန်ဆက်လိုက်တယ် သားရယ်လို့ ဒီကိစ္စက အန်တီသိထားတာ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းကပဲလို့..... အခုသူတို့လဲကိုယ်ပိုင်လုပ်ငန်းလေးတွေ ထူထောင် နိုင်နေပီဆိုတော့ ဒီသင်္ကြန်ပီးရင် နေရာချထားပေးတော့မှာလို့ပြောလိုက်တော့ သူက ထပ်ပြောသေးတယ်သိလား....."

မေသည် အားရပါးရနှင့် ကျွန်တော့အား သူကိုသက်ထင်ကိုပြောပစ်လိုက်တာတွေကို ပြန်ပြောပြနေသည်မို့ ခမ်းခြောက်လုနီးပါးဖြစ်နေသည့် မျက်ဝန်းအိမ်က ချက်ချင်းပြည့်အိုင်လာရပြန်သည်... ဒီတစ်ခါမျက်ရည်စက မေ့အပေါ်လေးစားကာ ထိုင်ပီးကန်တော့ချင်လောက်အောင် ကျေးဇူးတင်မိသောကြောင့်ဖြစ်သည်..
မေသည် အားမရနိုင်ဘဲ ထပ်ပြောလာပြန်သည်...

" အဲကောင်က မကောင်းတဲ့ကောင်ဆို ဘယ်လိုလုပ်မလဲတဲ့.... အရက်သမား ဘိန်းစားတွေလဲ ဖြစ်နေမယ်တဲ့... မေကလဲ ပြန်ပြောလိုက်ပါတယ်... အန်တီသားက အဲလောက်လဲလူအကဲခတ်ညံ့တဲ့အထဲမပါပါဘူးလို့ ပီးတော့သူက Hotel ပိုင်ရှင်လေ လို့ခပ်ကြွားကြွားပြောပစ်လိုက်တော့ နှုတ်တောင်မဆက်နိုင်ဘူး ချက်ချင်းကိုဖုန်းချသွားတယ် သားငယ်လေးရယ်..."

ဆိုကာ ဟက်ဟက်ပက်ပက် ရယ်နေပြန်သည့်မေ.....
မေ့ကိုယ်လေးအား ဆွဲဖက်ကာ ရင်ခွင်ထဲခေါင်းထိုးဝင်ပီးတော့ လှိုက်လှိုက်လှဲလှဲ ပြောမိသည်...

" ကျေးဇူးတင်ပါတယ် မေရယ် တကယ်ပါ တကယ်ကျေးဇူးတင်တယ်..."

မေ့ရင်ခွင်ထဲရောက်နေသည့်ကျွန်တော့ခေါင်းအားဖွဖွလေးပွတ်သပ်ပေးနေသည့် မေ့မျက်နှာသည် မမြင်ရပေမဲ့လည်းပြုံးနေမယ်ဆိုတာသိပါသည်... အမေ့ရဲ့ရေရှည်ကိုကြိုမြင်ပီး လုပ်ငန်းကိုယ်စီ ပိုင်ဆိုင်နိုင်အောင် မခံချင်စိတ်တွေနှိုးဆွခဲ့တာကြောင့် အခုဆိုပတ်ဝန်းကျင်အသိုင်းအဝိုင်းကပြောချင်တာတောင် လက်ညှိုးထိုးမပြောရဲလာအောင် ဒီလိုမျိုးတွေလုပ်ခဲ့ရသည်ဆိုတာ ဒီနေ့မှသိခဲ့ရတာမို့ မေ့အားပို၍ပို၍ ချစ်မိရပါသည်.....

" ကဲထမင်းစားအခန်းကစောင့်နေ... မေ AD လေးကိုသွားနှိုးလိုက်ဦးမယ်..."

တလှမ်းချင်းလှေကားထစ်ပေါ်တက်သွားသည့်မေ့ကျောပြင်လေးအား မမြင်ရတော့သည်အထိ မှူးလေးရပ်ကြည့်နေမိသည်..... အဖြစ်အပျက်များက အိပ်မက်ပမာဖြစ်နေသည်မို့ လက်မောင်းလေးအား နာနာလေးဆိတ်မိတော့..... နှုတ်ခမ်းကပြုံးယောင်သမ်းလာခဲ့သည်... အကိုအခုဖြစ်ပျက်နေတာ အိပ်မက်မဟုတ်ဘူးဗျ... အဟား.....

...............................

ဘယ်လောက်တောင်ပင်ပန်းနေလဲမသိ အိပ်မောကျနေသည့် AD မျက်နှာလေးကို ဒေါ်ဖြူလေး အုပ်မိုးကာကြည့်နေမိသည်.... မအေအတိုင်းပင် အသားအရေက ဝင်းဝါနေတော့သည်... ယောကျင်္ားပီသသော မျက်ခုံးနှင့်နှာတံ... ကျက်သရေရှိလှသည့်လေးထောင့်ဆန်ဆန်မျက်နှာကျ.. အသေးစိတ်ကြည့်ကာ ကျေနပ်နေမိသည်....ကိုယ့်အဖြစ်က သားပဲခေါ်ရမလိုလို သမက်လေးပဲခေါ်ရမလိုလို....

သာဘာဝနှင့်ဆန့်ကျင်ကာ ဘဝမှတခါမှမကြုံဖူးတော့ အစကလုံးဝလက်မခံနိုင်ခဲ့ပေ....သူတို့လေးတွေတယောက်နဲ့တစ်ယောက်သစ္စာရှိကာ နှစ်ယောက်သားနီးစပ်ဖို့အရေး ကြိုးပမ်းနေကြတာမြင်တော့ ဘေးထွက်နေနေသည့် ဖေကြီးကတောင်လက်ခံပေးဖို့ပြောလာခဲ့လေသည်... သူကဆရာဝန်ဆိုတော့ ဒီလိုမျိုးသာဘာဝနှင့်ဆန့်ကျင်မှုအပေါ် အထွေအထူးတော့မပြော... ကိုယ့်အားLGBT ကိုနားလည်လာအောင် စာတွေဖတ်စေသည်... နိုင်ငံတကာမှ LGBT Website တွေကိုပြကာ ကိုယ့်သားတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုစိတ်သက်သာရာ ရအောင်လုပ်ပေးခဲ့လေသည်...

တတ်နိုင်သလောက်စောင့်ကြည့်ကာတားလို့ရသလောက်တားခဲ့ပေမယ့် သူတို့အချစ်ရဲ့အင်အားက ကိုယ့်အပေါ် အနိုင်ယူသွားခဲ့လေတော့ ဘယ်လိုပံ့ပိုးကူညီပေးရမလဲဆိုတာကိုစဉ်းစားခဲ့ရသည်မို့ အခုလိုခွဲခဲ့ရခြင်းဖြစ်သည်....

ခပ်ပွပွဖြစ်နေသည့်ဆံပင်လေးအားသပ်ချပေးရင်းက

" သား AD.. ထတော့.. 9:00 နာရီတောင်ထိုးတော့မယ်... မနက်စာထစားဦး...ပီးမှဆက်အိပ်ချင်အိပ်"

ဆိုကာ နှိုးတော့ ချက်ချင်းငေါက်ခနဲထထိုင်ကာ အားနာနေသည့်မျက်နှာလေးဖြင့်...

" 9:00 နာရီတောင်ထိုးပီလားမေ.... အားအဲလောက်တောင်အိပ်ပျော်သွားရလားကွာ.. Sorry မေ ညက ညဉ့်နက်မှ အိပ်ပျော်လို့...."

ဟုတ်ပါသည်... ညကလုံးဝအိပ်လို့မရခဲ့ပေ...ကတိတွေချိုးဖောက်ခဲ့သည်မို့ မေ့အားမျက်နှာမပြံဝံ့ကာ ရင်မဆိုငါရဲခဲ့.... တခြားလူတွေလိုမောက်မောက်မာမာဆက်ဆံနေရင်တောင် အဲလောက်နေရခက်မှာမဟုတ်... အခုတော့ ကိုယ့်အပေါ်အရမ်းကောင်းလွန်းနေသည်မို့ ပို၍ပင် နေရခက်နေရသည်...

" မျက်နှာသစ်ပီး အောက်ဆင်းခဲ့တော့နော်သား... သားငယ်လေးတောင်နိုးလို့ ထမင်းစားခန်းထဲတောင်ရောက်နေပီလေ..."
ပြောကာ လှည့်ထွက်တော့မယ့် အမေ့ခါးလေးအား ကုတင်အထက်ကနေ လှမ်းဖက်လိုက်မိသည်...

" မေ... " ဘာဆက်ပြောရမှန်းမသိအောင်အကြာကြီးတိတ်ဆိတ်နေမိသည်....

" တောင်းပန်ပါတယ်လို့ပြောဖို့ မလိုလောက်ဘူးဆိုတာကျွန်တော်သိပါတယ်မေ.... မေကျွန်တော့အပေါ် မငြိုငြင်ဘဲ ဒီအတိုင်းဆက်ဆံပေးတာ အများကြီးကျေးဇူးတင်ပါတယ်...

ဒါပေမယ့်လေ မှူးလေးနဲ့ထပ်ပီးမဝေးပါရစေနဲ့တော့မေရယ်.... ကျွန်တော်သူ့ကို အမြတ်တနိုးတန်ဖိုးထားပီး တစ်သက်လုံးလက်တွဲသွားမယ်လို့ ကတိပေးပါတယ်ဗျာ... ကျွန်တော်က အမြဲတမ်းသူ့ကိုကာကွယ်ပေးချင်ပေမယ့်... သူက ကျွန်တော့လို ယောင်္ကျားတစ်ယောက်ဖြစ်တယ်ဆိုတာ မေ့လို့မဖြစ်တာမို့ တခါတရံ သူ့ရှေ့ကမားမားမတ်မတ်မရပ်တည်ဘဲ နှုတ်ဆိတ်နေတဲ့အပေါ်နားလည်ပေးပါမေ.....

ကျွန်တော်သေမတတ် လွမ်းဆွတ်နာကျင်နေခဲ့ရတဲ့ သုံးနှစ်ဆိုတဲ့ကာလတွေလိုမျိုး နောက်ထပ်ပြန်မသွားပါရစေနဲ့..... ကျွန်တော်သူနဲ့ထပ်ပီးဝေးလို့မဖြစ်ဘူးမေ"

နှစ်ယောက်သားတိုင်ပင်ထားသလားအောက်မေ့ရအောင် မနက်အိပ်ယာနိုးကတည်းက ဂျီကျနေကြသောနှစ်ယောက်သားအားကြည့်ပီး.... ဒေါ်ဖြူလေးပြုံးမိသည်......

ရင်ခွင်ထဲမှဆံပင်လေးအား ဖွဖွလေးပွတ်သပ်ပေးကာ..

" သင်္ကြန်ပီးတာနဲ့ LA ပြန်သွားတော့.... အလုပ်ကိစ္စတွေကိုပဲ ပြီးအောင်လုပ်ပါ"

ဆိုကာပြောတော့ ခေါင်းငိုက်ကျလျှက် ဝေသီနေပီဖြစ်တဲ့မျက်ဝန်းမှမျက်ရည်စကိုမြင်တော့ ခပ်ဖွဖွပြုံးမိကာ
အကြာကြီးတိတ်ဆိတ်နေပစ်လိုက်သည်...ပီးတော့
ပြောစရာရှိသည်ကို ဆက်ပြောဖြစ်သည်...

" လူကြီးစုံရာနဲ့ မေ့သားငယ်လေးကို မိသားဖသားပီပီလာတောင်ရမ်းပါ.....သား "
ဆိုကာလှည့်ထွက်ခဲ့သည်... AD လေးကတော့ နားပဲမရှင်းလိုက်တာလား.... ဒီလိုပြောလိမ့်မည်ဟုမထင်ထားတာလားတော့မသိ.... အကြာကြီးတိတ်ဆိတ်နေသည်မှာ သူမပင် အခန်းအပြင်ရောက်နေပီဖြစ်သည်....

လှေကားက ဆင်းမယ်လုပ်ကာကြံသေး

" မေ့...."
ဆိုတဲ့ သား AD ရဲ့လှိုက်လှိုက်လှဲလှဲ ခေါ်သံနောက်မှာ သူမ ခန္ဓာကိုယ်က ကြမ်းပြင်နှင့်မထိတော့ပေ...အကြောင်းမှာ ကလေးတစ်ယောက်လို ပွေ့ချီခံလိုက်ရသောကြောင့်ဖြစ်သည်...

သားAD အော်သံကြားလို့ထင်ပါရဲ့ ထမင်းစားခန်းထဲက အပြေးထွက်လာသည့် သားငယ်လေးသည် ထိုမြင်ကွင်းအားမြင်သွားတော့ မျက်လုံးများပိတ်ကျလာအောင်ရယ်မောကာ... အပေါ်ထပ်သို့အပြေးတက်လာခဲ့သည်...ပီးတော့ နှစ်ယောက်သား အတူတူ ထမင်းစားခန်းသို့ချီမလာကြသည်....

သားတွေ ငိုခဲ့ယိုခဲ့တုန်းကလဲ သူမပါလိုက်ခံစားခဲ့ရကာ သူတို့နဲ့ထပ်တူ ငိုခဲ့ရသည်... အခုသားတွေပျော်နေတော့လဲ သူတို့နဲ့ထပ်တူ ပျော်ရွှင်နေခဲ့ရပြန်သည်....

လောကကြီးရေ.... သားသမီးနဲ့မိဘဆိုတာ မှန်လိုပဲ
သူတို့ငိုရင် ကိုယ်လဲငိုရသလို သူတို့ပျော်ရင်ကိုယ်လဲပျော်ရတယ်... ကိုယ့်ကလေးက သူများနဲ့မတူဘူးဆိုရင် တတ်နိုင်သလောက် ထိန်းမတ်ပေးပါ..... ဂရုစိုက်ပေးပါမရတော့ဘူးဆိုရင်လည်း... သူတို့အပေါ် ရင်ခွင်တံခါးဖွင့်ကာကြိုဆိုပေးလိုက်ကြပါ.... ကလေးတွေမှာအားကိုးရာက မိဘတွေဖြစ်သလို အဲဒီမိဘတွေကပဲ ဆုံးမလို့မှမရတာ ဆိုပီး လစ်လျူရှုလိုက်ရင် သူတို့ခမျာ အားကိုးရမဲ့ပီး လမ်းမှားတွေလိုက်ကြရင်းက ပျက်ဆီးသွားကြရတယ်....ဒါကြောင့်မို့ သားသမီးက ဘာကြီးပဲဖြစ်နေဖြစ်နေလက်ခံနိုင်အောင်ကြိုးစားကြပါ...ဒါမှ လောကကြီးကသင့်အတွက် တနေ့ထက်တနေ့သာယာလှပလာပါလိမ့်မယ်...... အမုန်းတွေ အတ္တတွေ အာဂါဒတွေ ကင်းစင်တဲ့နယ်မြေတစ်ခုလိုပေါ့......

Continue Reading

You'll Also Like

252K 13.8K 34
သန္​႔စင္​တဲ့ငါတုိ႔ႏွစ္​​ေယာက္​ရဲ႕ခ်စ္​ျခင္​း​ေတြ ႀကီးျမတ္​လာရင္​ ဘာဆက္​ျဖစ္​မွာလဲ စ်ာန္​ .....????? ♡ အရင္​ဆုံး ဒီficက ကြၽန္​​ေတာ္​ရဲ႕ ပထမဆုံးfic​ေလ...
810K 26.3K 59
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
5.3K 239 9
ဖြစ်တည်မှုတစ်ခု ခံစားအစုကို အချစ်ဟုသာ မြင်နိုင်စေ၍ နှလုံးသားဖြင့် နားလည်စေသော် တမ်းတလို့ရော် မှန်းဆလို့သာမျှော်... ျဖစ္တည္မႈတစ္ခု ခံစားအစုကို အခ်စ္ဟု...