ေန႔လည္ေလာက္မွ ကၽြန္ေတာ္တို႔နွစ္ေယာက္ ဆိုင္ကိုေရာက္လာျဖစ္သည္... ကေလးကေတာ့ သူ႔သူငယ္ခ်င္းနွစ္ေယာက္က ဘာမွမေျပာရေသးဘူး....မ်က္ႏွာပူတယ္ဆိုကာ လည္ဂုတ္အား မီးထြက္မတတ္ လက္နွစ္ဖက္ျဖင့္ ပြတ္သတ္ေနေလသည္...
ကၽြန္ေတာ္ကေတာ့ ကေလးရွက္ေနသည့္ပံုေလး အားၾကည့္ပီး အသည္းယားေနရသည္...မဲနက္ေနေသာဆံပင္ေလးအား လက္ကေလးနဲ႔တခ်က္ဖြလိုက္ပီး..... သူ႔လက္ေလးအားဆုတ္ကိုင္ေပးေတာ့.... တင္းတင္းေလး ျပန္လည္ဆုပ္ကိုင္လာသည္....
ခ်စ္သူနွစ္ဦး လက္ခ်င္းတြဲကာ ေလွ်ာက္လာပံုကို တံေတာင္တြံ႕ကာ ေမးေငါ့ေနၾကတာကေတာ့ ပိုးဥနွင့္ဇက္.....
" ဟဲ့ အသည္း လာပါဦး... လာပါဦး....ဘယ္လိုျဖစ္လို႔ ငါတို႔နွစ္ေယာက္နဲ႔ေတာင္မ်က္နွာျခင္းမဆိုင္ရဲရေအာင္ျဖစ္ေနရတာတုန္း.."
" မိပိုးရယ္ နင္ကလည္း ဒီလူအေၾကာင္းမသိတာက်ေနတာပဲ သူအဲလိုျဖစ္ေနတယ္ဆိုကတည္းက ငါတို႔ မသိေစခ်င္တဲ့ ကိစၥမို႔လို႔ေပ့ါ.."
မဲ့ကာ ရြဲ႕ကာျဖင့္ ထိုင္ခံုေပၚ ေျခခ်ိတ္ထိုင္ကာ မွဴးေလးအားလံုး၀ၾကည့္မလာပါဘဲ ေျပာလာေသာဇက္...
" ေတြ႔လာ အကို အဲႏွစ္ေယာက္ကေလ ဘာမွမလုပ္ရဲေအာင္ပဲ"
တိုးတိုး တိုးတိုးႏွင့္ေျပာေသာကေလး ႏွာေခါင္းေလးအား တခ်က္ဆြဲညွစ္လိုက္ပီး
" ဘာမွမျဖစ္ပါဘူးကြာ..... အင္း.... ကေလး ဒီေန႔ဘာလုပ္ခ်င္လဲ ကိုယ့္ကိုေျပာ..."
ေမးေလးပြတ္ကာ စဥ္းစားေနေသာကေလး..... ျဖဴဥေနတဲ့ပံုေလးက ထိရက္ခ်င္စရာေတာင္မရွိ...ဂ်င္းေဘာင္းဘီ အျပာႏုေရာင္ေလး ႏွင့္ Sport Shirt အနီ ရဲရဲေလးတြဲ၀တ္ထားတာမို႔ ပိုပီးေတာင္အသားျဖဴမွန္းသိသာေစေလသည္.... အက်ီၤလက္ရွည္၀တ္ရမွာ သိပ္ပ်င္းေသာကေလးက Hotel မွထြက္ခါနီး သတိေပးရေသးသည္.... အဲဒါေတာင္မ၀တ္ခ်င္ေသးလို႔ဆိုကာ အိတ္ထဲဒီအတုိင္းထည့္ထားေလသည္...
" ကၽြန္ေတာ္မွာအလုပ္ရွိေသးတယ္..... လည္တာကလည္ခ်င္ေနေပမဲ့..."
" လိုက္သြားပါဟယ္.... မူမေနပါနဲ႔... ငါတို႔ၾကည့္လုပ္ေပးထားတယ္...."
ဘယ္အခ်ိန္ထဲက အနားေရာက္လာမွန္းမသိေသာဇက္က ၀င္ေျပာလာသည္။
" ဟိုမွာၾကည္စမ္း...မိပိုးကို.... နင့္ကိုေတာင္လိုအပ္မယ္မထင္ဘူး သူဟာနဲ႔သူ သာယာေနတာ နင္လာမွ ရႈပ္တယ္ေတာင္ထင္ေနဦးမယ္"
ဇက္လက္ညႈိးထိုးျပရာေနရာကိုၾကည့္လိုက္ေတာ့ ကိုေနနဲ႔ဘာေတြေျပာေနလဲမသိ.... တစ္သက္လံုးေယာက်ၤားေတြႏွင့္စကားေျပာရင္ ျပာကေလာင္ခတ္ေနတဲ့ မိပိုးက အခုေတာ့လည္းရွက္၀ဲ၀ဲ အမူအယာ ျဖင့္ တည္ျငိမ္လို႔.... ပီးေတာ့ ေရကိုလည္းသူတစ္လွည့္ကိုယ္တစ္လွည့္ေလာင္းေနၾကေသးသည္...
လူေတြက အခ်စ္နဲ႔ပက္သက္လာရင္ အကုန္လံုးေျပာင္းလဲကုန္ၾကေတာ့တာကိုေတာ့ မ်က္ျမင္အျပင္ ကိုယ္ေတြ႔မို႔လက္ခံလိုက္ရသည္။
"ေက်းဇူးပါ ဇက္ရာ နင္လည္းသူမ်ားပဲအားက်မေနနဲ႔ ကိုယ့္အတြက္လဲရွာဦး...."
မွဴးေလးအေျပာတြင္ မ်က္ေစာင္းတစ္ခ်က္လြင့္လာကာ...
"ငါမွာမရွိဘူးလို႔ဘယ္သူေျပာလဲ.... မခ်ျပေသးတာပဲရွိတယ္...ေစာင့္ၾကည့္ေနဇမ္းပါအသည္းရာ.... "
" ေအးပါကြာ...အဲဆိုငါအကိုနဲ႔လိုက္သြားလိုက္မယ္ေနာ္.... ကေလးေတြကိုဒီေန႔ေတာ့ ထမင္းေကာင္းေကာင္းေကၽြးလိုက္ပါဟာ... မေန႔က ၾကာဇံေၾကာ္ပဲစားလိုက္ရလို႔ေလ"
"ပူမေနနဲ႔ ကိုေနက စီစဥ္ေပးမယ္တဲ့ "
"OK အဲဆိုငါသြားပီ..."
တစ္ခ်ိန္လံုးေဘးနားမွ မွဴးေလးေျပာသမွ်ကိုလိုက္ေငးၾကည့္ေနေသာ AD သည္ သြားမယ္ဆိုတဲ့အသံၾကားမွ လႈပ္လႈပ္ရွားရွားျဖင့္လာကာ လက္ထဲမွ ကားေသာ့အား ေလထဲေမြ႕ရမ္းလိုက္ေလသည္...
ကၽြန္ေတာ္...ကေလးနဲ႔ မႏၱေလးေနရာအစံုေလွ်ာက္လည္ခ်င္ေနေပမဲ့... ကေလးကမအားဘူးဆိုေတာ့လဲ အတင္းအက်ပ္မေတာင္းဆိုခ်င္...ကိုယ္ေၾကာင့္၀န္ထုတ္၀န္ပိုးျဖစ္မွာမလို႔လားေပ..... အခုေတာ့ မိပိုးႏွင့္ဇက္ေကာင္းမႈေၾကာင့္ အတူတူလည္ခြင့္ရတာ့မည္..လႈိက္ခနဲေပ်ာ္လာသည့္စိတ္ကထိန္းမရေတာ့...
......................................................................
"အဲေလာက္ေတာင္ေပ်ာ္လား အကို...မ်က္ႏွာႀကီးကလဲျပံဳးလို႔...."
ေျဖးေျဖးေလးျဖင့္ သၾကၤန္ကားမ်ားၾကားသတိထားေမာင္းေနေသာ AD သည္ မွဴးေလးဘက္အားလွည့္လာကာ..
" ကုိယ္အဲေလာက္သိသာသြားတယ္ေပါ့"
"အင္း...သိသာတယ္"
" တကယ္က ကိုယ္ေလ..ကေလးနဲ႔ မဂၤလာမႏၱေလးဘက္ကိုသြားခ်င္ေနတာ... ကေလးကမအားဘူးဆိုေတာ့လဲ ကိုယ္ကမေျပာရက္ဘူးေလ..."
လည္ပင္းေရွ႕အား သူ႔လက္ကေလး ႏွင့္လာညွစ္ကာ...
" လုပ္ခ်င္တာ ေျပာခ်င္တာ ျဖစ္ခ်င္တာကို မ်ိဳသိမ့္မထားပါနဲ႔ဆို နားမေထာင္ျပန္ဘူး အကိုကေတာ့"
"ဟာ...ေဟ့ကေလး ကားေမာင္းေနတာေနာ္..."
ဆိုမွ လည္ပင္းမွ လက္အားလႊတ္ကာ..
" အကို ကၽြန္ေတာ္တို႔က သၾကၤန္လည္တာသာေျပာတယ္ အလံုပိတ္ကားၾကီးထဲမွာ..."
ေဘးဘီအားၾကည့္ကာ အားက်ေသာအသံႏွင့္ေျပာလာသည္မို႔... ကိုယ္ကလဲမေတာင္းဆိုခ်င္ကတည္းကျဖည့္ဆည္းေပးခ်င္သူေလ...
" ကိုယ့္ကားက အမိုးေတာ့ဖြင့္လို႔မရဘူး..... သၾကၤန္ေရထိခ်င္ရင္ေတာ့ မွန္ဖြင့္ေပးမယ္ေလ..."
"ေနပါေစဗ်ာ.... ဒီအတိုင္းကမမိုက္ပါဘူး ..အကို႔ကားဆိုဖာေတြေရစိုကုန္မွာေပါ့..."
"ကိုယ္က ကေလးအတြက္ဆို ဒီဆိုဖာေရစိုတာေလာက္က စာမဖြဲ႕ပါဘူးကြာ..."
ကၽြန္ေတာ့အေျပာကို သေဘာက်သြားတယ္ထင္ပါရဲ႕ တလက္လက္ေတာက္ေနေသာ ၾကယ္လို မ်က္၀န္းေလးနဲ႔ ကၽြန္ေတာ့အားၾကည့္လာသည္။ ပီးေတာ့ရုတ္တရက္ ကၽြန္ေတာ့ပါးေလး တစ္ခ်က္ပူေႏြးသြားေလသည္.... ေနာက္ ေျပာေသးတယ္
" အကိုုအဲေလာက္ ခ်စ္ျပမေနနဲ႔ ကၽြန္ေတာ္လူၾကားသူၾကားထဲစိတ္မထိန္းႏိုင္ဘဲ နမ္းပစ္မိလိမ့္မယ္ေနာ္တဲ့"
ဘာမွေတာင္မလုပ္ရေသးဘူး ဒီလူက ဒီအေျပာေတြနဲ႔ပဲ ႏွလံုးေရာဂါရခ်င္ေနေလပီ....
.....................................................................
ဆိုင္ခန္းတြဲေပါင္းေျမာင္မ်ားစြာႏွင့္ မႏၱေလးျမိဳ႕ထဲ ႏွင့္မတူ တမူထူးျခားစြာ ဘန္ေကာက္္ႏွင့္ခပ္ဆင္ဆင္တူေသာ မဂၤလာ မႏၱေလးဆိုသည့္ေနရာေလး........... Shopping Mall ႏွင့္ စားေသာက္ဆိုင္ခန္းေတြတန္းစီေနေလသည္။ ဆိုင္တုိင္းတြင္လည္း ေရစိုအ၀တ္မ်ားႏွင့္ သၾကၤန္ေပ်ာ္ေလးမ်ား အျပည့္ပင္ စားေသာက္ေနၾကေလသည္။
ကားေပၚကဆင္းကာ ႏွစ္ေယာက္သား ေလွ်ာက္ၾကည့္ရင္း လမ္းေလွ်ာက္ေနမိသည္.......... သၾကၤန္ မ႑ပ္တြင္လည္း အဆိုေတာ္မ်ား ႏွင့္ စည္ကားေနေသးသည္။ မ႑ပ္ ေအာက္က ကေလးလူၾကီးမ်ားက ေပ်ာ္ရႊင္ျမဴးထူးးစြာ သံစဥ္မ်ားေပၚ စီးေမ်ာကခုန္ေနၾကသည္။
" ဗိုက္မဆာေသးဘူးမလား"
ေခါင္းေလးေပၚလက္ေလးတင္ကာ ဆံပင္ေပ်ာ႔ေပ်ာ႔ေလးအား ဖြဖြပြတ္သပ္ရင္း ေမးတာ့ ေခါင္းေလးခါျပသည္မို႔...
" အဲဆို စင္ေအာက္သြားၾကည့္ၾကရေအာင္...."
ကေလးလက္ကေလးအားဆြဲပီး ကခုန္ေနေသာ လူမ်ားၾကား၀င္တိုးကာ မ႑ပ္ေရွ႕သို႔တိုးကာ၀င္လာမိသည္.. လူကတိုးေနသည္မို႔ ကေလးအားရင္ခြင္ထဲ ဆြဲဖက္ထားလိုက္ပီး သီဆိုေဖ်ာ္ေျဖေနေသာ အဆိုေတာ္မ်ားအားၾကည့္ရင္ စီးခ်က္ညီညီ လႈပ္ေနမိသည္။
ကားေပၚကဆင္းတုန္းကေတာ့ ေျခာက္ေသြ႔ေနေသာ ႏွစ္ေယာက္သားက အခုေတာ့ ေရေဆာ့ကစားသူပ်ိဳမဒီေလးေတြေၾကာင့္ရႊဲရႊဲစိုေနေလပီ...
AD ႏွင့္မွဴးေလးတို႔ မ႑ပ္ေအာင္၀င္လာကတည္းက မိန္းကေလးအမ်ားစုမွာ လႈပ္လႈပ္ရြရြျဖစ္ကုန္ၾကသည္.. ၾကည့္ေကာင္းတာထက္ပိုကာ ေခ်ာေမာေနၾကတာမို႔လဲ မို႔ၾကည့္ၾကသည္ထင္ပါရဲ႕....
ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကိုပဲ ကြက္ေလာင္းေနရသလားေတာင္ထင္မိတဲ့အထိ.... ေရပိုက္မ်ားစုျပံဳေရာက္လာသည္မို႔ မ်က္ႏွာကိုလက္ႏွင့္ကြယ္ထားရင္းက ကေလးကိုၾကည့္လိုက္တာ့... ေရေတာင္မြန္းေနေလပီ...မ်က္ေတာင္ရွည္ရွည္ေလးမ်ားပိတ္က်သည္အထိ မ်က္လံုးမ်ားမွိတ္ထားကာ မ်က္ႏွာေပၚမွေရမ်ားအားလက္ျဖင့္ ခဏခဏသပ္ခ်ေနေလသည္.... ေရေတြအဆက္မျပတ္က်ေနသည္မို႔ မ်က္လံုးပင္မဖြင့္ႏိုင္ေတာ့...
ေက်ာခိုင္းေနသည္ကိုယ္လံုးေလးအား တစ္ဖက္လည့္ေစကာ ရင္ခြင္ထဲေထြးပိုက္ေပးရင္... သက္သက္လုိသက္သာျငား ေခါင္းေလးကို ၀တ္ထားေသာ ဂ်င္းဂ်ာကင္ေလးနဲ႔ မလံုတလံုကာေပးမိသည္... ပီးေတာ့ေရေလာင္းေနေသာ မမ တစ္သိုက္အား လက္ဟန္ေျခဟန္ျဖင့္ ကေလးအဆင္မေျပေတာ့ေၾကာင္းေျပာေတာ့ ျပံဳးစိစိႏွင့္ ေခါင္းျငိမ့္ျပၾကကာ ေရပိုက္ကို တစ္ျခားေနရာသို႔ ဦးတည္ေပးလိုက္ၾကသည္...
" အကုိ ခ်မ္းေနပီ ဒီကေနထြက္ရေအာင္ ဗိုက္ကလည္းဆာေနပီ"
ရင္ခြင္အားလက္ကေလး ႏွစ္ဖက္ျဖင့္ေထာက္ပီး ေခါင္းေမာ့ကာေတာင္းဆိုလာေတာ့
"အင္းအဲဆိုထြက္မယ္ေလ"
ကေလးအား ရင္ခြင္ထဲကမထြက္ေစဘဲ ေရွ႕ကိုျပန္လွည့္ေစကာ ပုခံုးေပၚလက္ႏွစ္ဖက္စလံုးတင္ပီး လူအုပ္ၾကီးကိုေက်ာ္ကာ ျပန္ထြက္လာခဲ့သည္...
စားေသာက္ဆိုင္ေရာက္ေတာ့ စားေသာက္စရာမ်ားမွာပီး ေကာ္ဖီေသာက္ရင္းေစာင့္ေနမိသည္... ကေလးအသားအေရက ျဖဴဥေနသူမို႔ အခုေတာ့ ေရႏွင့္ ေနေၾကာင့္ ...ပါးျပင္ေလးေတြဆို ရဲပီး လက္ႏွင့္တို႔ထိခ်င္ေလာက္ေအာင္ပင္ ႏူးအိေနေလသည္... လူၾကားေတြထဲလဲမေရွာင္ႏိုင္ဘဲ ေရွ႕ကထိုင္ေနေသာ ပါးျပင္ေလးအား အသာအယာတို႔ထိကာ ခပ္ဖြဖြေလးပြတ္ေပးမိသည္။
ကေလးကေတာ့လူေတြၾကားထဲမို႔ရွက္သည္ထင္ပါရဲ႕ ထိကိုင္ေနေသာ ကၽြန္ေတာ့လက္အား သူ႔လက္ကေလးႏွင့္ ဖယ္ကာ..
" အကိုကလဲ လူေတြၾကည့္ေနပီဗ်ာ...."
ေဘးဘီၾကည့္ကာေျပာလာသည္မို႔ ကၽြန္ေတာ္ျပန္ၾကည့္မိေတာ့ သေဘာက်တဲ့အၾကည့္ႏွင့္လူတခ်ိဳ႕ရွိသလို ရႈံ႕ခ်ခ်င္တဲ့အၾကည့္ႏွင့္လူတစ္ခ်ိဳ႕လဲရွိေနၾကေလသည္။
" အာ.. Sorry ကေလးရာ.. ကိုယ္က ကေလးပါးေလးေတြရဲေနလို႔ သေဘာက်လို႔ကိုင္မိတာပါ"
"ဟာ အကို ..အခုက အကိုကၽြန္ေတာ့ကိုထိလို႔ေျပာတာမဟုတ္ဘူးေလ.... လူေတြၾကည့္ေနလို႔ေျပာတာကို"
" အင္းပါ ကိုယ္သိပါတယ္..ကိုယ္ကလဲကေလးကို ခ်စ္လို႔ကိုင္တာလို႔ရွင္းျပတာပါ"
" အကိုခ်စ္တာကၽြန္ေတာ္သိတယ္"
ဆိုပီး ခပ္ေခ်ေခ်ေျပာလာသည့္ကေလးေၾကာင့္ နမ္းပစ္လိုက္ခ်င္သည့္စိတ္က အစိုးမရ........
..................................
အေငြ႔တေထာင္းေထာင္းႏွင့္အေရွ႕ကေၾကးအိုးပန္ကန္က ဆာေလာင္မႈကို ပိုပီး ျဖစ္ေစသည္...အကိုကေတာ့ ကၽြန္ေတာ့အတြက္ဆိုပီး ပန္ကန္ထဲခြဲထည့္ေပးေနေလသည္.... မ်က္ခံုးထူထူ ႏွာတံထင္းထင္း ႏွင့္ ေရစိုေနေသာေၾကာင့္ပြေနေသာ ဆံပင္က နဖူးေပၚက်ေနသည္မို႔ ပိုပီးလူငယ္ပိုဆန္ေနေလသည္.. ကၽြန္ေတာ့အတြက္ဆိုပီး ဂရုတစိုက္လုပ္ေပးေနပံုက ဒီလူအားပိုပိုပီးမက္ေမာေအာင္ဆြဲေဆာင္ေနသေယာင္.....အကိုကကၽြန္ေတာ့လိုေတာ့မျဖဴေပမယ့္ ၀င္း၀ါေနေသာအသားအေရေၾကာင့္ လူေတြၾကားမွာထင္းခနဲပင္....
"ေရာ...ရပီးစားေတာ့..ျဖည္းျဖည္းစားေနာ္ အပူေလာင္မယ္"
"ဟာ အကိုရာ..ကၽြန္ေတာ္ကေလးမဟုတ္ေတာ့ပါဘူး...."
"ဟင့္အင္း ကိုယ့္ကတတ္ႏိုင္ရင္ ခြံ႕ေတာင္ေကၽြးခ်င္တာ လူေတြရွိေနလို႔...ဆင္ျခင္ေနရတာ.....ကေလးက ကေလးမဟုတ္ေတာ့တာကိုယ္သိပါတယ္...ဘယ္လိုေျပာရမလဲ... ကိုယ္က ကေလးကိုသိပ္ခ်စ္ေတာ့ေလ.. ဘာပဲျဖစ္ျဖစ္ကိုယ္ပဲလုပ္ေပးခ်င္ေနတာမ်ိဳး"
" ေျခြျပန္ပီဗ်ာ....."
မေျခြပါဘူးကြာ ဆိုကာ ႏွာေခါင္းေလးအား မခ်င့္မရဲေလး လာညွစ္ေလသည္မို႔ တိုးတိုးေလးရီမိသည္...
ၾကည္ၾကည္ႏူးႏူးရီေနမိစဥ္ ေခၚသံေၾကာင့္လွည့္ၾကည့္မိေတာ့လူက ေခါင္းကိုဆင္နင္းခံရသလိုလို..... ေႏြလယ္ေခါင္ေခါင္မွာ မိုးၾကိဳးပစ္ခံရသလိုလို ေခါင္းနပန္းၾကီးသြားရသည္..
" မွဴးေလး... အဲဒါဘာလုပ္ေနၾကတာလဲ...သူကေရာဘယ္သူလဲ... "
ခပ္ရင့္ရင့္မ်က္ႏွာထားႏွင့္ေမးလာသူအားေမာ့ၾကည့္ကာ မ်က္ေမွာင့္က်ံဳ႕မိသည္..ကေလးအားၾကည့္လိုက္ေတာ့မ်က္ႏွာက ျဖဴေရာ္ေနပီ...ဒီလူအားျပန္ၾကည့္ကာအကဲခတ္မိသည္... အသားျဖဴပီး မ်က္ႏွာေပါက္က ေမနဲ႔ေတာင္ခပ္ဆင္ဆင္တူေနသည္မို႔... ေခါင္းက ဒိန္းခနဲျဖစ္သြားရသည္... အမ်ိဳးေတြထဲကတစ္ေယာက္ေယာက္ဆို ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ေတာ့သြားပီ.........
"မ႑ပ္ေအာက္မွာကတည္းက ငါၾကည့္ေနတာ... ဘယ္လိုျဖစ္ေနၾကတာလဲ..အန္တီသိလားဒီကိစၥ"
" ဟက္.......ငါလုံး၀ထင္မထားဘူး မႈးေလးရာ ဟဟဟ..အရမ္းလိမၼာျပေနတဲ့ အေကာင္က အခုေတာ့ေယာက်ၤားတစ္ေယာက္နဲ႔ လူလယ္ေခါင္မွာ ေပ်ာ္ပါးေနတာျမင္ရရင္ အန္တီေတာ့ဘယ္လိုေနမလဲမသိဘူး..ဟဟား...."
ကေလးကေတာ့အာေစးမိေနသလိုဘာမွေျပာလာေတာ့....ကၽြန္ေတာ္၀င္ေျပာမယ္လုပ္ေတာ့...ထိုလူကလက္ကာ...မင္းအသာေနဆိုတဲ့ပံုစံႏွင့္ေျပာလာသည္မို႔ ျငိမ္ေနလိုက္သည္။ ကေလးကေတာ့တိတ္ဆိတ္ေနကာ လႈပ္ရွားေနသည့္စိတ္အား တည္ျငိမ္ေအာင္လုပ္ေနဟန္ထင္ရသည္မို႔...ကေလးအားျကည့္ပဲၾကည့္ေနလိုက္ရသည္။ခဏေနေတာ့ ကေလးသည္ ေခါင္းေမာ့လာကာ..
" ကိုသက္ထင္ ေမ႔ကိုျပန္ေျပာမွာပဲမလား အပိုေတြေမးမေနပါနဲ႔ေတာ့ အခုကၽြန္ေတာ့တို႔လဲျပန္ပီ."
ကေလးသည္ရုတ္တရက္ထရပ္က ကၽြန္ေတာ့အားလွမ္းၾကည့္ပီး..
" ထ.........အကိုသြားမယ္..."
ကၽြန္ေတာ့လည္း Waiter အားလွမ္းေခၚပီး ပိုက္ဆံတစ္ေသာင္းတန္တစ္ရြက္ခ်ေပးလိုက္ကာ ပိုေနလည္းျပန္အမ္းမေနေတာ့ဘဲလွည့္ထြက္သြားေသာ ကေလးေနာက္ ေျပးလုိက္ရသည္။
ကားေပၚတည္တည္ျငိမ္ျငိမ္ႏွင့္ထိုင္ေနေသာကေလးအား ေမးခ်င္ေနတာေတြမ်ားေနေပမဲ့ ျမိဳသိပ္ကာ ကားစက္ႏိုးပီး မဂၤလာမႏၱေလးဘက္မွထြက္လာခဲ့သည္။
" အကို... ခင္ဗ်ားဘယ္ေတာ့မွ ကၽြန္ေတာ့ေျပာစကားကို အေလးထားမွာလဲ"
" ဟင္...ဘာလို႔လဲကေလးရာ..."
" သိခ်င္ေနတာေတြရွိေနတာကို ဘာလို႔ျမိဳသိပ္ေနျပန္တာလဲ"
ေဒါသထြက္ေနဟန္ျဖင့္ ေျပာလာေနသည္မို႔ျပာျပာသလဲ
" မဟုတ္ပါဘူးကြာ ကေလးစိတ္ရႈပ္မွာစိုးလို႔ပါ.."
" အဲဒီ ကိုသက္ထင္က ေမရဲ႕တူ ကၽြန္ေတာ္နဲ႔တစ္၀မ္းပဲကြဲတယ္.... ကၽြန္ေတာ္ကအလုပ္လုပ္ေနပီး သူကအလုပ္မရွိအကိုင္မရွိ 109 110 ေလ.....အဲေတာ့သူ႔အိမ္က ကၽြန္ေတာ္နဲ႔ယွဥ္ယွဥ္ပီးေျပာေတာ့ မေက်နပ္တာအရင္ကတည္းက....အခုေတာ့ဂြင္ေကာင္းမိပီဆိုတဲ့ပံုစံနဲ႔လာေျပာေနတာက နည္းနည္းမွသည္းခံခ်င္စိတ္မရွိဘူး.......ေမကိုေျပာမွာေသခ်ာတယ္..........က်န္တာဘာမွစိတ္မညစ္ဘူးဗ်ာ.....ေမသိသြားပီး ခင္ဗ်ားနဲ႔ ေနာက္တစ္ႏွစ္ထပ္ခြဲရမွာ ကို စိတ္ညစ္ေနတာ.....လူေတြအထင္ေသးတာလဲခံႏိုင္တယ္....ရႈံ႕ခ်တာလည္းခံႏိုင္တယ္.........ခင္ဗ်ားနဲ႔ေ၀းမွာပဲမခံႏုိင္တာ......."
အဖ်ားခတ္တုန္ရင္သြားသည္မို႔ ကေလးငိုခ်င္ေနပီ........စိတ္တိုလာလွ်င္ ကၽြန္ေတာ့အား အကိုမေခၚေတာ့ဘဲ ခင္ဗ်ားႏွင့္ပင္ ေျပာတတ္သည့္ကေလးအား ရင္ထဲကခံစားခ်က္ေတြ နားလည္ေအာင္ေျပာျပရဦးမည္မို႔ကားအား လမ္းေဘးတြင္ထိုးရပ္လိုက္သည္။
" ကေလ..ဒီဘက္ၾကည့္.......ခုနကလူကို ကိုယ္ကဘယ္သူမွန္းမသိလို႔ ကေလးကိုမကာကြယ္ေပးလိုက္ႏိုင္တာေတာင္းပန္ပါတယ္... ကိုယ္ၾကား၀င္မွ ပိုဆိုးသြားမွာစိုးလို႔ပါ....ပီးေတာ့ ေမကခြဲရင္လည္း ကိုယ္လက္ခံပီး လိမၼာစြာနဲ႔ ေနာက္ျပန္လွည့္မယ္ထင္ေနလား....ဒီတစ္ခါေတာ့ No ပဲ... မရ ရေအာင္ ေမ့ဆီက ကေလးကိုေတာင္းမယ္.......ေတာင္းတို႔မရရင္ခိုးေျပးမယ္....... ကေလးကိုဘယ္ေတာ့မွမထားခဲ့ေတာ့ဘူး"
ဆိုမွ ေမာ့ၾကည့္လာကာ မ်က္ရည္တစ္စက္ပါးျပင္ေပၚလိွမ့္ဆင္းလာေလသည္....
" ခင္ဗ်ားထားခဲ့လည္း မေနခဲ့ပါဘူး...မရရေအာင္လိုက္မွာ"
ဘုကလပ္ေျပာေနသူအား ရင္ခြင္ထဲဆြဲသြင္းကာ ေရစိုေနရာမွ ျပန္ေတာင္ေျခာက္ေနပီျဖစ္တဲ့ေခါင္းလုံးလံုးေလးအား နမ္းမိသည္။
ရုတ္တရက္ဖုန္း၀င္လာသည္မို႔ လူခ်င္းခြာကာ ဖုန္းၾကည့္မိေတာ့ ပ်က္ယြင္ေနေသာ ကေလးမ်က္ႏွာေၾကာင့္
" ဘယ္သူလဲကေလး"
ဘာမွမေျပာဘဲ ကၽြန္ေတာ့အား ဖုန္းေထာင္ျပေလသည္။
"ေမေလ.........ဒီေကာင္ကြာ ေန႔ေတာင္မေျပာနဲ႔ တစ္နာရီေတာင္မကူးဘူး"
စိတ္ပ်က္လက္ပ်က္ႏွင့္ ဖုန္းCall အားလက္ခံလိုက္ရသည္။
" ဟယ္လိုေမ.........."
" သားငယ္ေလး............ညတြင္ခ်င္း ရန္ကုန္ျပန္ဆင္းခဲ့.......ေမအပိုေတြေျပာမေနခ်င္ဘူး AD ကိုပါတစ္ခါတည္းေခၚခဲ့"
ေမ့ရဲ႕ခပ္မာမာအေျပာေအာက္တြင္ ေခါင္းေတာင္မျငိမ္႔ရေသးခင္မွာပဲ ဖုန္းခ်သြားေလပီ......ကၽြန္ေတာ့ေျပာစကားကို ေမွ်ာ္လင့္တႀကီးေစာင့္စားေနေသာ အကို႔အား....
" အကုိ ကၽြန္ေတာ္တို႔ ႏွစ္ေယာက္ကို ဒီညတြင္းခ်င္း ရန္ကုန္ဆင္းခဲ့ပါတဲ့"
နေ့လည်လောက်မှ ကျွန်တော်တို့နှစ်ယောက် ဆိုင်ကိုရောက်လာဖြစ်သည်... ကလေးကတော့ သူ့သူငယ်ချင်းနှစ်ယောက်က ဘာမှမပြောရသေးဘူး....မျက်နှာပူတယ်ဆိုကာ လည်ဂုတ်အား မီးထွက်မတတ် လက်နှစ်ဖက်ဖြင့် ပွတ်သတ်နေလေသည်...
ကျွန်တော်ကတော့ ကလေးရှက်နေသည့်ပုံလေး အားကြည့်ပီး အသည်းယားနေရသည်...မဲနက်နေသောဆံပင်လေးအား လက်ကလေးနဲ့တချက်ဖွလိုက်ပီး..... သူ့လက်လေးအားဆုတ်ကိုင်ပေးတော့.... တင်းတင်းလေး ပြန်လည်ဆုပ်ကိုင်လာသည်....
ချစ်သူနှစ်ဦး လက်ချင်းတွဲကာ လျှောက်လာပုံကို တံတောင်တွံ့ကာ မေးငေါ့နေကြတာကတော့ ပိုးဥနှင့်ဇက်.....
" ဟဲ့ အသည်း လာပါဦး... လာပါဦး....ဘယ်လိုဖြစ်လို့ ငါတို့နှစ်ယောက်နဲ့တောင်မျက်နှာခြင်းမဆိုင်ရဲရအောင်ဖြစ်နေရတာတုန်း.."
" မိပိုးရယ် နင်ကလည်း ဒီလူအကြောင်းမသိတာကျနေတာပဲ သူအဲလိုဖြစ်နေတယ်ဆိုကတည်းက ငါတို့ မသိစေချင်တဲ့ ကိစ္စမို့လို့ပေ့ါ.."
မဲ့ကာ ရွဲ့ကာဖြင့် ထိုင်ခုံပေါ် ခြေချိတ်ထိုင်ကာ မှူးလေးအားလုံးဝကြည့်မလာပါဘဲ ပြောလာသောဇက်...
" တွေ့လာ အကို အဲနှစ်ယောက်ကလေ ဘာမှမလုပ်ရဲအောင်ပဲ"
တိုးတိုး တိုးတိုးနှင့်ပြောသောကလေး နှာခေါင်းလေးအား တချက်ဆွဲညှစ်လိုက်ပီး
" ဘာမှမဖြစ်ပါဘူးကွာ..... အင်း.... ကလေး ဒီနေ့ဘာလုပ်ချင်လဲ ကိုယ့်ကိုပြော..."
မေးလေးပွတ်ကာ စဉ်းစားနေသောကလေး..... ဖြူဥနေတဲ့ပုံလေးက ထိရက်ချင်စရာတောင်မရှိ...ဂျင်းဘောင်းဘီ အပြာနုရောင်လေး နှင့် Sport Shirt အနီ ရဲရဲလေးတွဲဝတ်ထားတာမို့ ပိုပီးတောင်အသားဖြူမှန်းသိသာစေလေသည်.... အကျီင်္လက်ရှည်ဝတ်ရမှာ သိပ်ပျင်းသောကလေးက Hotel မှထွက်ခါနီး သတိပေးရသေးသည်.... အဲဒါတောင်မဝတ်ချင်သေးလို့ဆိုကာ အိတ်ထဲဒီအတိုင်းထည့်ထားလေသည်...
" ကျွန်တော်မှာအလုပ်ရှိသေးတယ်..... လည်တာကလည်ချင်နေပေမဲ့..."
" လိုက်သွားပါဟယ်.... မူမနေပါနဲ့... ငါတို့ကြည့်လုပ်ပေးထားတယ်...."
ဘယ်အချိန်ထဲက အနားရောက်လာမှန်းမသိသောဇက်က ၀င်ပြောလာသည်။
" ဟိုမှာကြည်စမ်း...မိပိုးကို.... နင့်ကိုတောင်လိုအပ်မယ်မထင်ဘူး သူဟာနဲ့သူ သာယာနေတာ နင်လာမှ ရှုပ်တယ်တောင်ထင်နေဦးမယ်"
ဇက်လက်ညှိုးထိုးပြရာနေရာကိုကြည့်လိုက်တော့ ကိုနေနဲ့ဘာတွေပြောနေလဲမသိ.... တစ်သက်လုံးယောကျင်္ားတွေနှင့်စကားပြောရင် ပြာကလောင်ခတ်နေတဲ့ မိပိုးက အခုတော့လည်းရှက်ဝဲဝဲ အမူအယာ ဖြင့် တည်ငြိမ်လို့.... ပီးတော့ ရေကိုလည်းသူတစ်လှည့်ကိုယ်တစ်လှည့်လောင်းနေကြသေးသည်...
လူတွေက အချစ်နဲ့ပက်သက်လာရင် အကုန်လုံးပြောင်းလဲကုန်ကြတော့တာကိုတော့ မျက်မြင်အပြင် ကိုယ်တွေ့မို့လက်ခံလိုက်ရသည်။
"ကျေးဇူးပါ ဇက်ရာ နင်လည်းသူများပဲအားကျမနေနဲ့ ကိုယ့်အတွက်လဲရှာဦး...."
မှူးလေးအပြောတွင် မျက်စောင်းတစ်ချက်လွင့်လာကာ...
"ငါမှာမရှိဘူးလို့ဘယ်သူပြောလဲ.... မချပြသေးတာပဲရှိတယ်...စောင့်ကြည့်နေဇမ်းပါအသည်းရာ.... "
" အေးပါကွာ...အဲဆိုငါအကိုနဲ့လိုက်သွားလိုက်မယ်နော်.... ကလေးတွေကိုဒီနေ့တော့ ထမင်းကောင်းကောင်းကျွေးလိုက်ပါဟာ... မနေ့က ကြာဇံကြော်ပဲစားလိုက်ရလို့လေ"
"ပူမနေနဲ့ ကိုနေက စီစဉ်ပေးမယ်တဲ့ "
"OK အဲဆိုငါသွားပီ..."
တစ်ချိန်လုံးဘေးနားမှ မှူးလေးပြောသမျှကိုလိုက်ငေးကြည့်နေသော AD သည် သွားမယ်ဆိုတဲ့အသံကြားမှ လှုပ်လှုပ်ရှားရှားဖြင့်လာကာ လက်ထဲမှ ကားသော့အား လေထဲမွေ့ရမ်းလိုက်လေသည်...
ကျွန်တော်...ကလေးနဲ့ မန္တလေးနေရာအစုံလျှောက်လည်ချင်နေပေမဲ့... ကလေးကမအားဘူးဆိုတော့လဲ အတင်းအကျပ်မတောင်းဆိုချင်...ကိုယ်ကြောင့်ဝန်ထုတ်ဝန်ပိုးဖြစ်မှာမလို့လားပေ..... အခုတော့ မိပိုးနှင့်ဇက်ကောင်းမှုကြောင့် အတူတူလည်ခွင့်ရတာ့မည်..လှိုက်ခနဲပျော်လာသည့်စိတ်ကထိန်းမရတော့...
......................................................................
"အဲလောက်တောင်ပျော်လား အကို...မျက်နှာကြီးကလဲပြုံးလို့...."
ဖြေးဖြေးလေးဖြင့် သင်္ကြန်ကားများကြားသတိထားမောင်းနေသော AD သည် မှူးလေးဘက်အားလှည့်လာကာ..
" ကိုယ်အဲလောက်သိသာသွားတယ်ပေါ့"
"အင်း...သိသာတယ်"
" တကယ်က ကိုယ်လေ..ကလေးနဲ့ မင်္ဂလာမန္တလေးဘက်ကိုသွားချင်နေတာ... ကလေးကမအားဘူးဆိုတော့လဲ ကိုယ်ကမပြောရက်ဘူးလေ..."
လည်ပင်းရှေ့အား သူ့လက်ကလေး နှင့်လာညှစ်ကာ...
" လုပ်ချင်တာ ပြောချင်တာ ဖြစ်ချင်တာကို မျိုသိမ့်မထားပါနဲ့ဆို နားမထောင်ပြန်ဘူး အကိုကတော့"
"ဟာ...ဟေ့ကလေး ကားမောင်းနေတာနော်..."
ဆိုမှ လည်ပင်းမှ လက်အားလွှတ်ကာ..
" အကို ကျွန်တော်တို့က သင်္ကြန်လည်တာသာပြောတယ် အလုံပိတ်ကားကြီးထဲမှာ..."
ဘေးဘီအားကြည့်ကာ အားကျသောအသံနှင့်ပြောလာသည်မို့... ကိုယ်ကလဲမတောင်းဆိုချင်ကတည်းကဖြည့်ဆည်းပေးချင်သူလေ...
" ကိုယ့်ကားက အမိုးတော့ဖွင့်လို့မရဘူး..... သင်္ကြန်ရေထိချင်ရင်တော့ မှန်ဖွင့်ပေးမယ်လေ..."
"နေပါစေဗျာ.... ဒီအတိုင်းကမမိုက်ပါဘူး ..အကို့ကားဆိုဖာတွေရေစိုကုန်မှာပေါ့..."
"ကိုယ်က ကလေးအတွက်ဆို ဒီဆိုဖာရေစိုတာလောက်က စာမဖွဲ့ပါဘူးကွာ..."
ကျွန်တော့အပြောကို သဘောကျသွားတယ်ထင်ပါရဲ့ တလက်လက်တောက်နေသော ကြယ်လို မျက်ဝန်းလေးနဲ့ ကျွန်တော့အားကြည့်လာသည်။ ပီးတော့ရုတ်တရက် ကျွန်တော့ပါးလေး တစ်ချက်ပူနွေးသွားလေသည်.... နောက် ပြောသေးတယ်
" အကိုုအဲလောက် ချစ်ပြမနေနဲ့ ကျွန်တော်လူကြားသူကြားထဲစိတ်မထိန်းနိုင်ဘဲ နမ်းပစ်မိလိမ့်မယ်နော်တဲ့"
ဘာမှတောင်မလုပ်ရသေးဘူး ဒီလူက ဒီအပြောတွေနဲ့ပဲ နှလုံးရောဂါရချင်နေလေပီ....
.....................................................................
ဆိုင်ခန်းတွဲပေါင်းမြောင်များစွာနှင့် မန္တလေးမြို့ထဲ နှင့်မတူ တမူထူးခြားစွာ ဘန်ကောက််နှင့်ခပ်ဆင်ဆင်တူသော မင်္ဂလာ မန္တလေးဆိုသည့်နေရာလေး........... Shopping Mall နှင့် စားသောက်ဆိုင်ခန်းတွေတန်းစီနေလေသည်။ ဆိုင်တိုင်းတွင်လည်း ရေစိုအဝတ်များနှင့် သင်္ကြန်ပျော်လေးများ အပြည့်ပင် စားသောက်နေကြလေသည်။
ကားပေါ်ကဆင်းကာ နှစ်ယောက်သား လျှောက်ကြည့်ရင်း လမ်းလျှောက်နေမိသည်.......... သင်္ကြန် မဏ္ဍပ်တွင်လည်း အဆိုတော်များ နှင့် စည်ကားနေသေးသည်။ မဏ္ဍပ် အောက်က ကလေးလူကြီးများက ပျော်ရွှင်မြူးထူးးစွာ သံစဉ်များပေါ် စီးမျောကခုန်နေကြသည်။
" ဗိုက်မဆာသေးဘူးမလား"
ခေါင်းလေးပေါ်လက်လေးတင်ကာ ဆံပင်ပျော့ပျော့လေးအား ဖွဖွပွတ်သပ်ရင်း မေးတာ့ ခေါင်းလေးခါပြသည်မို့...
" အဲဆို စင်အောက်သွားကြည့်ကြရအောင်...."
ကလေးလက်ကလေးအားဆွဲပီး ကခုန်နေသော လူများကြားဝင်တိုးကာ မဏ္ဍပ်ရှေ့သို့တိုးကာဝင်လာမိသည်.. လူကတိုးနေသည်မို့ ကလေးအားရင်ခွင်ထဲ ဆွဲဖက်ထားလိုက်ပီး သီဆိုဖျော်ဖြေနေသော အဆိုတော်များအားကြည့်ရင် စီးချက်ညီညီ လှုပ်နေမိသည်။
ကားပေါ်ကဆင်းတုန်းကတော့ ခြောက်သွေ့နေသော နှစ်ယောက်သားက အခုတော့ ရေဆော့ကစားသူပျိုမဒီလေးတွေကြောင့်ရွှဲရွှဲစိုနေလေပီ...
AD နှင့်မှူးလေးတို့ မဏ္ဍပ်အောင်ဝင်လာကတည်းက မိန်းကလေးအများစုမှာ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်.. ကြည့်ကောင်းတာထက်ပိုကာ ချောမောနေကြတာမို့လဲ မို့ကြည့်ကြသည်ထင်ပါရဲ့....
ကျွန်တော်တို့နှစ်ယောက်ကိုပဲ ကွက်လောင်းနေရသလားတောင်ထင်မိတဲ့အထိ.... ရေပိုက်များစုပြုံရောက်လာသည်မို့ မျက်နှာကိုလက်နှင့်ကွယ်ထားရင်းက ကလေးကိုကြည့်လိုက်တာ့... ရေတောင်မွန်းနေလေပီ...မျက်တောင်ရှည်ရှည်လေးများပိတ်ကျသည်အထိ မျက်လုံးများမှိတ်ထားကာ မျက်နှာပေါ်မှရေများအားလက်ဖြင့် ခဏခဏသပ်ချနေလေသည်.... ရေတွေအဆက်မပြတ်ကျနေသည်မို့ မျက်လုံးပင်မဖွင့်နိုင်တော့...
ကျောခိုင်းနေသည်ကိုယ်လုံးလေးအား တစ်ဖက်လည့်စေကာ ရင်ခွင်ထဲထွေးပိုက်ပေးရင်... သက်သက်လိုသက်သာငြား ခေါင်းလေးကို ၀တ်ထားသော ဂျင်းဂျာကင်လေးနဲ့ မလုံတလုံကာပေးမိသည်... ပီးတော့ရေလောင်းနေသော မမ တစ်သိုက်အား လက်ဟန်ခြေဟန်ဖြင့် ကလေးအဆင်မပြေတော့ကြောင်းပြောတော့ ပြုံးစိစိနှင့် ခေါင်းငြိမ့်ပြကြကာ ရေပိုက်ကို တစ်ခြားနေရာသို့ ဦးတည်ပေးလိုက်ကြသည်...
" အကို ချမ်းနေပီ ဒီကနေထွက်ရအောင် ဗိုက်ကလည်းဆာနေပီ"
ရင်ခွင်အားလက်ကလေး နှစ်ဖက်ဖြင့်ထောက်ပီး ခေါင်းမော့ကာတောင်းဆိုလာတော့
"အင်းအဲဆိုထွက်မယ်လေ"
ကလေးအား ရင်ခွင်ထဲကမထွက်စေဘဲ ရှေ့ကိုပြန်လှည့်စေကာ ပုခုံးပေါ်လက်နှစ်ဖက်စလုံးတင်ပီး လူအုပ်ကြီးကိုကျော်ကာ ပြန်ထွက်လာခဲ့သည်...
စားသောက်ဆိုင်ရောက်တော့ စားသောက်စရာများမှာပီး ကော်ဖီသောက်ရင်းစောင့်နေမိသည်... ကလေးအသားအရေက ဖြူဥနေသူမို့ အခုတော့ ရေနှင့် နေကြောင့် ...ပါးပြင်လေးတွေဆို ရဲပီး လက်နှင့်တို့ထိချင်လောက်အောင်ပင် နူးအိနေလေသည်... လူကြားတွေထဲလဲမရှောင်နိုင်ဘဲ ရှေ့ကထိုင်နေသော ပါးပြင်လေးအား အသာအယာတို့ထိကာ ခပ်ဖွဖွလေးပွတ်ပေးမိသည်။
ကလေးကတော့လူတွေကြားထဲမို့ရှက်သည်ထင်ပါရဲ့ ထိကိုင်နေသော ကျွန်တော့လက်အား သူ့လက်ကလေးနှင့် ဖယ်ကာ..
" အကိုကလဲ လူတွေကြည့်နေပီဗျာ...."
ဘေးဘီကြည့်ကာပြောလာသည်မို့ ကျွန်တော်ပြန်ကြည့်မိတော့ သဘောကျတဲ့အကြည့်နှင့်လူတချို့ရှိသလို ရှုံ့ချချင်တဲ့အကြည့်နှင့်လူတစ်ချို့လဲရှိနေကြလေသည်။
" အာ.. Sorry ကလေးရာ.. ကိုယ်က ကလေးပါးလေးတွေရဲနေလို့ သဘောကျလို့ကိုင်မိတာပါ"
"ဟာ အကို ..အခုက အကိုကျွန်တော့ကိုထိလို့ပြောတာမဟုတ်ဘူးလေ.... လူတွေကြည့်နေလို့ပြောတာကို"
" အင်းပါ ကိုယ်သိပါတယ်..ကိုယ်ကလဲကလေးကို ချစ်လို့ကိုင်တာလို့ရှင်းပြတာပါ"
" အကိုချစ်တာကျွန်တော်သိတယ်"
ဆိုပီး ခပ်ချေချေပြောလာသည့်ကလေးကြောင့် နမ်းပစ်လိုက်ချင်သည့်စိတ်က အစိုးမရ........
..................................
အငွေ့တထောင်းထောင်းနှင့်အရှေ့ကကြေးအိုးပန်ကန်က ဆာလောင်မှုကို ပိုပီး ဖြစ်စေသည်...အကိုကတော့ ကျွန်တော့အတွက်ဆိုပီး ပန်ကန်ထဲခွဲထည့်ပေးနေလေသည်.... မျက်ခုံးထူထူ နှာတံထင်းထင်း နှင့် ရေစိုနေသောကြောင့်ပွနေသော ဆံပင်က နဖူးပေါ်ကျနေသည်မို့ ပိုပီးလူငယ်ပိုဆန်နေလေသည်.. ကျွန်တော့အတွက်ဆိုပီး ဂရုတစိုက်လုပ်ပေးနေပုံက ဒီလူအားပိုပိုပီးမက်မောအောင်ဆွဲဆောင်နေသယောင်.....အကိုကကျွန်တော့လိုတော့မဖြူပေမယ့် ၀င်းဝါနေသောအသားအရေကြောင့် လူတွေကြားမှာထင်းခနဲပင်....
"ရော...ရပီးစားတော့..ဖြည်းဖြည်းစားနော် အပူလောင်မယ်"
"ဟာ အကိုရာ..ကျွန်တော်ကလေးမဟုတ်တော့ပါဘူး...."
"ဟင့်အင်း ကိုယ့်ကတတ်နိုင်ရင် ခွံ့တောင်ကျွေးချင်တာ လူတွေရှိနေလို့...ဆင်ခြင်နေရတာ.....ကလေးက ကလေးမဟုတ်တော့တာကိုယ်သိပါတယ်...ဘယ်လိုပြောရမလဲ... ကိုယ်က ကလေးကိုသိပ်ချစ်တော့လေ.. ဘာပဲဖြစ်ဖြစ်ကိုယ်ပဲလုပ်ပေးချင်နေတာမျိုး"
" ခြွေပြန်ပီဗျာ....."
မခြွေပါဘူးကွာ ဆိုကာ နှာခေါင်းလေးအား မချင့်မရဲလေး လာညှစ်လေသည်မို့ တိုးတိုးလေးရီမိသည်...
ကြည်ကြည်နူးနူးရီနေမိစဉ် ခေါ်သံကြောင့်လှည့်ကြည့်မိတော့လူက ခေါင်းကိုဆင်နင်းခံရသလိုလို..... နွေလယ်ခေါင်ခေါင်မှာ မိုးကြိုးပစ်ခံရသလိုလို ခေါင်းနပန်းကြီးသွားရသည်..
" မှူးလေး... အဲဒါဘာလုပ်နေကြတာလဲ...သူကရောဘယ်သူလဲ... "
ခပ်ရင့်ရင့်မျက်နှာထားနှင့်မေးလာသူအားမော့ကြည့်ကာ မျက်မှောင့်ကျုံ့မိသည်..ကလေးအားကြည့်လိုက်တော့မျက်နှာက ဖြူရော်နေပီ...ဒီလူအားပြန်ကြည့်ကာအကဲခတ်မိသည်... အသားဖြူပီး မျက်နှာပေါက်က မေနဲ့တောင်ခပ်ဆင်ဆင်တူနေသည်မို့... ခေါင်းက ဒိန်းခနဲဖြစ်သွားရသည်... အမျိုးတွေထဲကတစ်ယောက်ယောက်ဆို ကျွန်တော်တို့နှစ်ယောက်တော့သွားပီ.........
"မဏ္ဍပ်အောက်မှာကတည်းက ငါကြည့်နေတာ... ဘယ်လိုဖြစ်နေကြတာလဲ..အန်တီသိလားဒီကိစ္စ"
" ဟက်.......ငါလုံးဝထင်မထားဘူး မှုးလေးရာ ဟဟဟ..အရမ်းလိမ္မာပြနေတဲ့ အကောင်က အခုတော့ယောကျင်္ားတစ်ယောက်နဲ့ လူလယ်ခေါင်မှာ ပျော်ပါးနေတာမြင်ရရင် အန်တီတော့ဘယ်လိုနေမလဲမသိဘူး..ဟဟား...."
ကလေးကတော့အာစေးမိနေသလိုဘာမှပြောလာတော့....ကျွန်တော်ဝင်ပြောမယ်လုပ်တော့...ထိုလူကလက်ကာ...မင်းအသာနေဆိုတဲ့ပုံစံနှင့်ပြောလာသည်မို့ ငြိမ်နေလိုက်သည်။ ကလေးကတော့တိတ်ဆိတ်နေကာ လှုပ်ရှားနေသည့်စိတ်အား တည်ငြိမ်အောင်လုပ်နေဟန်ထင်ရသည်မို့...ကလေးအားကြည့်ပဲကြည့်နေလိုက်ရသည်။ခဏနေတော့ ကလေးသည် ခေါင်းမော့လာကာ..
" ကိုသက်ထင် မေ့ကိုပြန်ပြောမှာပဲမလား အပိုတွေမေးမနေပါနဲ့တော့ အခုကျွန်တော့တို့လဲပြန်ပီ."
ကလေးသည်ရုတ်တရက်ထရပ်က ကျွန်တော့အားလှမ်းကြည့်ပီး..
" ထ.........အကိုသွားမယ်..."
ကျွန်တော့လည်း Waiter အားလှမ်းခေါ်ပီး ပိုက်ဆံတစ်သောင်းတန်တစ်ရွက်ချပေးလိုက်ကာ ပိုနေလည်းပြန်အမ်းမနေတော့ဘဲလှည့်ထွက်သွားသော ကလေးနောက် ပြေးလိုက်ရသည်။
ကားပေါ်တည်တည်ငြိမ်ငြိမ်နှင့်ထိုင်နေသောကလေးအား မေးချင်နေတာတွေများနေပေမဲ့ မြိုသိပ်ကာ ကားစက်နိုးပီး မင်္ဂလာမန္တလေးဘက်မှထွက်လာခဲ့သည်။
" အကို... ခင်ဗျားဘယ်တော့မှ ကျွန်တော့ပြောစကားကို အလေးထားမှာလဲ"
" ဟင်...ဘာလို့လဲကလေးရာ..."
" သိချင်နေတာတွေရှိနေတာကို ဘာလို့မြိုသိပ်နေပြန်တာလဲ"
ဒေါသထွက်နေဟန်ဖြင့် ပြောလာနေသည်မို့ပြာပြာသလဲ
" မဟုတ်ပါဘူးကွာ ကလေးစိတ်ရှုပ်မှာစိုးလို့ပါ.."
" အဲဒီ ကိုသက်ထင်က မေရဲ့တူ ကျွန်တော်နဲ့တစ်ဝမ်းပဲကွဲတယ်.... ကျွန်တော်ကအလုပ်လုပ်နေပီး သူကအလုပ်မရှိအကိုင်မရှိ 109 110 လေ.....အဲတော့သူ့အိမ်က ကျွန်တော်နဲ့ယှဉ်ယှဉ်ပီးပြောတော့ မကျေနပ်တာအရင်ကတည်းက....အခုတော့ဂွင်ကောင်းမိပီဆိုတဲ့ပုံစံနဲ့လာပြောနေတာက နည်းနည်းမှသည်းခံချင်စိတ်မရှိဘူး.......မေကိုပြောမှာသေချာတယ်..........ကျန်တာဘာမှစိတ်မညစ်ဘူးဗျာ.....မေသိသွားပီး ခင်ဗျားနဲ့ နောက်တစ်နှစ်ထပ်ခွဲရမှာ ကို စိတ်ညစ်နေတာ.....လူတွေအထင်သေးတာလဲခံနိုင်တယ်....ရှုံ့ချတာလည်းခံနိုင်တယ်.........ခင်ဗျားနဲ့ဝေးမှာပဲမခံနိုင်တာ......."
အဖျားခတ်တုန်ရင်သွားသည်မို့ ကလေးငိုချင်နေပီ........စိတ်တိုလာလျှင် ကျွန်တော့အား အကိုမခေါ်တော့ဘဲ ခင်ဗျားနှင့်ပင် ပြောတတ်သည့်ကလေးအား ရင်ထဲကခံစားချက်တွေ နားလည်အောင်ပြောပြရဦးမည်မို့ကားအား လမ်းဘေးတွင်ထိုးရပ်လိုက်သည်။
" ကလေ..ဒီဘက်ကြည့်.......ခုနကလူကို ကိုယ်ကဘယ်သူမှန်းမသိလို့ ကလေးကိုမကာကွယ်ပေးလိုက်နိုင်တာတောင်းပန်ပါတယ်... ကိုယ်ကြားဝင်မှ ပိုဆိုးသွားမှာစိုးလို့ပါ....ပီးတော့ မေကခွဲရင်လည်း ကိုယ်လက်ခံပီး လိမ္မာစွာနဲ့ နောက်ပြန်လှည့်မယ်ထင်နေလား....ဒီတစ်ခါတော့ No ပဲ... မရ ရအောင် မေ့ဆီက ကလေးကိုတောင်းမယ်.......တောင်းတို့မရရင်ခိုးပြေးမယ်....... ကလေးကိုဘယ်တော့မှမထားခဲ့တော့ဘူး"
ဆိုမှ မော့ကြည့်လာကာ မျက်ရည်တစ်စက်ပါးပြင်ပေါ်လှိမ့်ဆင်းလာလေသည်....
" ခင်ဗျားထားခဲ့လည်း မနေခဲ့ပါဘူး...မရရအောင်လိုက်မှာ"
ဘုကလပ်ပြောနေသူအား ရင်ခွင်ထဲဆွဲသွင်းကာ ရေစိုနေရာမှ ပြန်တောင်ခြောက်နေပီဖြစ်တဲ့ခေါင်းလုံးလုံးလေးအား နမ်းမိသည်။
ရုတ်တရက်ဖုန်းဝင်လာသည်မို့ လူချင်းခွာကာ ဖုန်းကြည့်မိတော့ ပျက်ယွင်နေသော ကလေးမျက်နှာကြောင့်
" ဘယ်သူလဲကလေး"
ဘာမှမပြောဘဲ ကျွန်တော့အား ဖုန်းထောင်ပြလေသည်။
"မေလေ.........ဒီကောင်ကွာ နေ့တောင်မပြောနဲ့ တစ်နာရီတောင်မကူးဘူး"
စိတ်ပျက်လက်ပျက်နှင့် ဖုန်းCall အားလက်ခံလိုက်ရသည်။
" ဟယ်လိုမေ.........."
" သားငယ်လေး............ညတွင်ချင်း ရန်ကုန်ပြန်ဆင်းခဲ့.......မေအပိုတွေပြောမနေချင်ဘူး AD ကိုပါတစ်ခါတည်းခေါ်ခဲ့"
မေ့ရဲ့ခပ်မာမာအပြောအောက်တွင် ခေါင်းတောင်မငြိမ့်ရသေးခင်မှာပဲ ဖုန်းချသွားလေပီ......ကျွန်တော့ပြောစကားကို မျှော်လင့်တကြီးစောင့်စားနေသော အကို့အား....
" အကို ကျွန်တော်တို့ နှစ်ယောက်ကို ဒီညတွင်းချင်း ရန်ကုန်ဆင်းခဲ့ပါတဲ့"