Don't Say Sorry

De user61560342

8.6K 589 68

မ​တောင်းပန်​ပါနဲ့ ခင်​များဘာမှမမှားခဲ့တာမို့...... ဘာဖြစ်​ဖြစ်​နားလည်​​ပေးနိုင်​တာမို့....... ကျွန်​​တော့်​ရ... Mai multe

Don't say sorry-1
Don't say sorry-2
Don't say sorry-3
Don't say sorry-4
Don't say sorry-5
Don't say sorry-7
Don't say sorry-8
Don't say sorry-9
Don't say sorry-10
Don't say sorry-11
Don't say sorry-12

Don't say sorry-6

601 42 4
De user61560342

"ဆယ်​ဟွန်း​ရေ မနက်​စာရပြီ မြန်​မြန်​လာခဲ့​တော့"

"မင်းကလည်း....စွတ်​​အော်​​နေတာပဲ၊ အ​စောကြီးရှိ​သေးတာကို"

"အချိန်​ကိုလည်းကြည့်​ဦး​လေ ကိုယ်​​တော်​​လေးရဲ့"

"ခုမှ ၈ နာရီခွဲပဲ ရှိ​သေးတာကို"

"၈ နာရီခွဲက ​စောတာလား ငနာ​လေးရဲ့"

"အား.....​ကျောကုန်းကို မရိုက်​ပါနဲ့ဆို​နေ၊ မင်းလက်​ကြမ်းကြီးနဲ့။ သူ့အိမ်​မှာ​နေတယ်​ဆိုပြီး လူကို နှိပ်​စက်​လိုက်​တာလဲ လွန်​ပါ​ရော့....ဟင့်​"

"ဘာ.....ဘာ​ပြောတယ်​ အိုဆယ်​ဟွန်းးးးးးး"

အသံနဲ့တင်​ အရိုးတစ်​ခြား အသားတစ်​ခြားဖြစ်​မှာ မြင်​​ယောင်​​နေ​တော့......

"အာ.....Beakလေးကလည်း ချစ်​လို့စတာ​လေ၊ စိတ်​ဆိုးရဘူးဘူး​နော်​.....​နော်​"

"မင်း​နော်​.....မင်း..မင်း.."

"စားစရာရှိတာမြန်​မြန်​စား၊ အလုပ်​​နောက်​ကျ​နေပြီ"

ဟွန့်​ ဘယ်​သူ​ဌေးက အဲ​လော့က်​အ​စောကြီး အလုပ်​သွားလို့လဲ။ သူတစ်​​ယောက်​ပဲရှိတယ်​။

"အိုဆယ်​ဟွန်း.....ငါအကုန်​ ကြားတယ်​​နော်​......"

"............"

************************************

"ဆယ်​ဟွန်း.....ဒါ​လေးကို ပီး​အောင်​ဆွဲ​ပေးဦး၊ ဒီည​နေ အပြီးတင်​​ပေးရမှာ မို့လို့"

"ထားလိုက်​ခဲ့လိုက်​​လေ Beak.....ငါဒါပြီးရင်​ ဆွဲ​ပေးမယ်​"

"​.............."

ဆယ်​ဟွန်း ​နေပြန်​​ကောင်းကတည်းက Beakhyun ကုမ္ပဏီမှာ ဝင်​လုပ်​ဖြစ်​​လေသည်​။ ဘတ်​ဟွန်းက တစ်​ဦးတည်း​သော သားဖြစ်​သည့်​အပြင်​ မိဘ​တွေကလည်း နိုင်​ငံခြားမှာဆို​တော့ ​နေတာလည်း ဘတ်​ဟွန်းနဲ့ပဲ အတူတူ​နေဖြစ်​​လေသည်​။

မေ​မေက​တော့ စိတ်​မချဘူး ဘာညာ​ပြော​ပေမယ့်​ ဒါက ​ယောလ်​အတွက်​​ကော၊ ဆယ်​ဟွန်းအတွက်​​ကော၊ Noona အတွက်​​ကော အ​ကောင်းဆုံးပဲမလား။

တစ်​ခါတစ်​​လေ သူ့မျက်​နှာ​လေးကို လွမ်းမိ​ပေမယ့်​​ပေါ့​လေ........

***********************************

"​မောင်​.....ည​နေစာ......"

ဂျီဟွန်း ​မောင့်​အားည​နေစာ စားဖို့သွား​ခေါ်​တော့ ​မောင်​ရယ်​​လေ......သူ့လက်​က လက်​ပတ်​​လေးကို ကိုင်​ကာ ငို​ကြွေး​နေ​လေရဲ့။

ဂျီဟွန်း မသိချင်​​ယောင်​​ဆောင်​ ​နေ​ပေမယ့်​လည်း သိပါသည်​။ ညဆို ​မောင်​ တစ်​​ယောက်​တည်း ကြိတ်​ငို​နေတတ်​တာ​တွေ........အဲ့လက်​ပတ်​​လေးကို အမြဲတမ်းကြည့်​ပြီး ​ဆွေး​နေတတ်​တာရယ်​.........သူမရှေ့မှာ အမြဲတမ်း ဟန်​​ဆောင်​အပြုံး​တွေနဲ့ ​ပျော်​​နေချင်​​ယောင်​ ​ဆောင်​တတ်​​ပေမယ့်​ ကွယ်​ရာမှာ တစ်​​ယောက်​တည်း ငို​နေတတ်​တာ​တွေ......

ဂျီဟွန်း တကယ်​သိချင်​မိပါသည်​...... ​မောင်သိပ်​ချစ်​ရသူက ​ဘယ်​လိုလူမျိုးလဲဆိုတာ.......​မောင်​က သူ့ကို သိပ်​မြတ်​နိုးလှသည်​။

ဂျီဟွန်းနဲ့ အိမ်​​ထောင်​သက်​ ၆ လ​ကျော်​ ၇ လအတွင်းမှာ ​မောင့်​ဘက်​က ဂျီဟွန်း​အ​ပေါ် က​လေး​ကြောင့်​ဂရုစိုက်​တာကလွဲရင်​ နည်းနည်းမှ မချစ်​ခဲ့​ပေ......

မောင်​ဟာ....သူ့နှလုံးသားတစ်​ခုလုံး....သူ့စိတ်​အကုန်​လုံးကို...သူ့ချစ်​ရသူအား အပြီးအပိုင်​​ပေးပစ်​ခဲ့ဟန်​တူပါရဲ့။

အမှတ်​မထင်​ ​မောင့်​ လက်​ပတ်​​လေး​ပေါ် အကြည့်​​ရောက်​သွားမိ​တော့.......အဲ့လိုလက်​ပတ်​မျိုး ဟွန်း​လေးဆီမှာလဲ မြင်​ဖူးတယ်​ထင်​ပါရဲ......ပြီး​တော့ ​မောင်​က ဟွန်း​လေးအ​ပေါ်ဆို အရမ်းဂရုစိုက်​တာလဲ ဂျီဟွန်းအသိ......

ဂျီဟွန်းရယ်​ နင်​​တော့ ရူးသွားပြီထင်​တယ်​။ ​မောင်​နဲ့ဟွန်း​လေး.....အာ မဖြစ်​နိုင်​တာ​တွေ။

အ​တွေး​တွေကိုရပ်​ကာ....

"မောင်​ ည​နေစာစားရ​အောင်​"

"Nae မမ"

ဆိုပြီး မျက်​ရည်​​တွေကို တစ်​ဖက်​လှည့်​သုတ်​ကာ အပြုံး​လေးနဲ့ ဂျီဟွန်းဘက်​လှည့်​လာ​လေရဲ့.....

မပြုံးပါနဲ့​မောင်​......
မောင်​နာကျင်​​နေရဲ့သားနဲ့ ဟန်​​ဆောင်​ပြုံးပြ​နေတာကို သိ​နေတဲ့ ကျွန်​မက ပိုနာကျင်​တာမို့.......
မောင်​နာကျင်​​နေရတာ ကျွန်​မ​ကြောင့်​ဆိုတဲ့ အသိက ပိုနာကျင်​ရတာမို့.......

************************************

"ဆယ်​ဟွန်း​ရေ ညစာရပြီ"

ဘတ်​က​လေ မိန်းက​ဘေးကျ​နေတာပဲ။ ညစာဆိုလည်း သူကိုယ်​တိုင်​ချက်​။ပြီးရင်​ ထမင်းဝိုင်း မ​ရောက်​မချင်းလည်း ပွစိပွစိနဲ့။

"ကဲ အဲဒါ ကုန်​​အောင်​စား၊ ​နေ့ခင်းကလည်း ​ကောင်း​ကောင်းမစားဘူးမလား"

"စားပါတယ်​၊ ​ပေါင်​မုန့်​နဲ့ ​ကော်​ဖီနဲ့"

"အဲ့ဒါ​ကောင်း​ကောင်း စားတာလား၊ မင်းက​လေ ငါတစ်​ရက်​​လေးမရှိရင်​ မရှိသလို"

"ဘတ်​ရယ်​.....ဒါကုန်​​အောင်​စားဆိုလည်း စားပါ့မယ်​၊ တိတ်​ပါ​တော့"

"ဘာ အိုဆယ်​ဟွန်း မင်းကငါ့ကို ငြို ငြင်​တာလား.....ငါ့မှာ​တော့ .....@¿£©#£|#©"

သူ့ပါးစပ်​ပိတ်​သွား​အောင်​ ကြက်​ဥလိတ်​တစ်​လိတ်​​ကေက်​ထည့်​ ​ပေးလိုက်​တယ်​။

ဘတ်​နဲ့​နေရတာ တစ်​ကယ်​​ပျော်​ဖို့​ကောင်းပါတယ်​။နည်းနည်း​လေး နားငြီးတာက လွဲလို့​ပေါ့.......

************************************

"အာ့ ကျွတ်​..ကျွတ်​"

"သမီးဂျီဟွန်း ရရဲ့လား"

"ရပါတယ်​"

ကိုယ်​ဝန်​က လရင့်​လာတာနဲ့အမျှ ဂျီဟွန်းတစ်​​ယောက်​ ​နေရထိုင်​ရတာ မသက်​သာလှ​ပေ။

"Aww Arjuma ​ရေ ဟွန်း​လေး အခန်း​လေးရှင်းထား​ပေးပါဦး၊ ​မေ​မေက သူ့သားကိုလွမ်းလို့တဲ့ ပြန်​လာခိုင်း​နေတာ၊ တစ်​လက်​စတည်း ရှင်း​ပေးပါဦး"

"Arrasaw"

"​နေ​....​နေ​ပါ​စေတော့၊ ကျွန်​မကိုယ်​တိုင်​ပဲ ရှင်းလိုက်​မယ်​"

"သမီးရယ်​ မ​ပေါ့မပါးကြီးနဲ့ကို"

"ရပါတယ်​......ဘာမှ​ထွေ​ထွေထူးထူး ရှင်းစရာမှ မရှိတာ၊ ပြီး​တော့ ဒီတိုင်း အား​နေတာနဲ့ပျင်းလို့"

"အာ့ဆိုလည်း....​ဖြေး​ဖြေးလုပ်​​နော်​၊ မလုပ်​နိုင်​တာရှိရင်​ arjuma ကို ​ခေါ်လိုက်​​နော်​"

"Nae....."

ဟွန်း​လေး အခန်းကို ရှင်းရင်း​နဲ့ ​​စောင်​​ခေါက်​​လေးထဲက ထွက်​လာတာ စာအုပ်​​လေးတစ်​အုပ်​........

ပထမ​တော့ ဖတ်​ဖို့ စိတ်​ကူးမရှိ၊ ဒီတိုင်းပြန်​ထားလိုက်​ဖို့ စိတ်​ကူး​ပေမဲ့........

စာအုပ်​ဖုံး​လေးမှာ အမှတ်​မထင်​​တွေ့လိုက်​ရတာက ......​ယောလ်​......တဲ့
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ဒါ..ဒါဆို ဟွန်း​လေးနဲ့ ​ယောလ်​က.......

မောင်​ ညတိုင်းကြိတ်​ငို​နေရတဲ့ အ​ကြောင်းက.......

ဟွန်း​လေးအိမ်​​ပေါ်ကဆင်းပြီး တခြားမှာ သွား​နေရတဲ့ အ​ကြောင်းက.......

မောင်​ သိပ်​မြတ်​နိုးရသူဆိုသူက..........

သူမ မရိပ်​မိခဲ့တာ ​မောင်​ ဟွန်း​လေးအ​ပေါ် ဒီ​လောက်​ဂရုစိုက်​တာ ငယ်​ငယ်​တည်းကရှိခဲ့တဲ့ ညီအကို သံ​ယောဇဉ်​ထက်​ပိုတယ်​ဆိုတာ........

သူမ​ကြောင့်​......ဟွန်း​လေး....ဟွန်း​လေးက.......

အ​ဖြေမရှာနိုင်​​သော ​မေးခွန်း​ပေါင်းများစွာနဲ့...........

မောင်​.....ဟုတ်​တယ်​........​မောင့်​ကို​မေးရကြည့်​ရမယ်​......

"သမီး ဂျီဟွန်း ဘယ်​သွားမလို့လဲ"

"............"

ဟွန်း​လေးအခန်းကို ရှင်း​ပေးမယ်​ဆိုပြီး ပြန်​ထွက်​လာ​တော့ မျက်​ရည်​​တွေနဲ့.........

"အပြင်​သွားမလို့လား ​နေဦး​လေ၊ Driver ထည့်​​ပေးလိုက်​မယ်​​လေ"

"..............."

သူမကို​တောင်​ စကားပြန်​​မ​ပြောနိုင်​ အ​ပြေးအလွှားထွက်​သွား​သော ဂျီဟွန်း​ကြောင့်​ arjuma တစ်​​ယောက်​ ဘာလုပ်​လို့ လုပ်​ရမှန်းမသိ။

"Hello"

"သား​လေး ချန်း​ယောလ်​လား၊ သမီးဂျီဟွန်း​လေ အ​လောတကြီးနဲ့ ဘယ်​ထွက်​သွားတာလဲ မသိဘူး၊ Driver လဲ ပါမသွားဘူး၊ ​တော်​ကြာ စိတ်​လိုက်​မာန်​ပါ​တွေ ဖြစ်​ကုန်​မှာစိုးလို့"

"Nae.....ကျွန်​​တော်​ လိုက်​ရှာလိုက်​ပါ့မယ်​"

ဟူး....မမရယ်​ ဘာ​တွေများဖြစ်​လို့ပါလိမ့်​......

"ချန်း​ညောလ်​ အစည်းအ​ဝေးစ​တော့မယ်​"

"​အေး.​အေး...လာခဲ့မယ်​"

ဒီ​နေ့ အစည်း​အ​ဝေးက ​အ​ရေးကြီး​တော့ ပျက်​လို့ကလည်းမဖြစ်​။ မြန်​မြန်​လုပ်​ပြီး မမကို လိုက်​ရှာရဦးမယ်​။

မမရယ်​......​ကျေးဇူးပြုပြီး ဖုန်းကိုင်​ပါ၊ ကျွန်​​တော်​ရူး​တော့မယ်​......

ဂျီဟွန်းကားကို ထိန်း​မောင်း​နေရင်းမှ တာကျိုးသလိုကျ​လာ​သော မျက်​ရည်​များအားလည်း မသုတ်​မိ​တော့.....

ကိုယ်​ဝန်​​ဆောင်​တစ်​​ယောက်​အ​နေနဲ့ ကား​မ​မောင်းသင့်​မှန်းသိ​သော်​လည်း.......အဆင်​မ​ပြေ​သော်​လည်း.....လက်​ရှိ သူမ အ​ခြေအ​နေမှာ ထိုအရာများအား ထည့်​သွင်းမစဉ်းစားနိုင်​.........

ဟွန်း​လေး.....ဟွန်း​လေးက သူမ​ကြောင့်​ ဘယ်​​လောက်​​တောင်​ ခံစားခဲ့ရမလဲ........

မောင်​.....​မောင်​က​ရော ဘယ်​​လောက်​​တောင်​​ကြေကွဲခဲ့ရမလဲ.......

အရာအားလုံး သူမ​ကြောင့်​........သူမ​ကြောင့်​သာလျှင်​......

တဖြည်းဖြည်း​ဝေဝါးလာ​သော မျက်​ရည်​များကြား......

"တီ.........."

ဟူ​သော အ​ရှေ့တည့်​တည့်​မှ လာ​နေသည့်​ကား.......

သူမ​ရှောင်​ဖို့ပြင်​လိုက်​ချိန်​မှာ
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
မမှီခဲ့​တော့......

သူမ ​နောက်​ဆုံးမြင်​​ရောင်​မိလိုက်​သည်​က........

ဟွန်း​လေးနဲ့ ​မောင့်​ရဲ့........ပြုံး​နေ​သော မျက်​နှာ​လေး......

အမြဲတမ်းပြုံး​နေပါ​မောင်​........အဲ့ဒီ အပြုံး​လေး​တွေကို ကာကွယ်​​ပေးချင်​လို့ပါ.....

************************************

"ဗျာ မမဘာဖြစ်​တယ်​"
.
.
.
.
.
.
.
.
.
.
.
.

"ဗျာ Noona........."

ုလက်​ထဲကဖုန်း​လေးက​တော့ မျက်​ရည်​​တွေကြား..........

တစ်​ခါတစ်​ရံမှာ မ​မျှော်​လင့်​ထား​သော အဖြစ်​အပျက်​​တွေနဲ့ ကံကြမ္မာဇာတ်​ဆရာက မျက်​လှည့်​ပြတတ်​​ပေသည်​..........

************************************
28.8.2018
#2529#

Continuă lectura

O să-ți placă și

1.1M 62K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
332K 11.6K 52
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...
1.2M 52.2K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
508K 20.8K 61
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...