EX (Zawgyi+ Unicode)

By nora_nono

355K 38.6K 2.2K

ချစ်နေဆဲ.... မြတ်နိုးနေဆဲ.... လိုအပ်နေဆဲပါပဲကွာ..... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
EX FMV
Part 16
Part 17
EX FMV 2
Part 18
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27

Part 19

10.5K 1.4K 126
By nora_nono













အဲ့တော့.....


"အင်း''

ဒေါက်...



"အ့... နာတယ်လေကွာ''




မစိုက်လို့လည်း မရ။

ပျင်းနေလို့မရ။
fighting ....fighting....👏👏👏




"Ok ဗျာ''


အင်း....












"အင်း...''


"အင်း....''



.............................






"အင်း''








'အရမ်းလွမ်းနေတာ ကို....''




"မဟုတ်ဘူး... NaNa!''

















.ဒါပေမယ့်....

'မရပ်ပေးနိုင်ဘူး ကို!!!''





ကိုယ့်ထက်ကောင်းတဲ့ ယောကျာ်းတစ်ယောက်တော့ မင်းဘဝမှာ ထပ်ကြုံအုံးမှာပါ.... အဲ့ဒါကြောင့်....''

'NaNaကို ချစ်တယ်မလား?''




'ကို ရက်စက်တယ်!!!''





"တောင်းပန်ပါတယ်...''

'မတောင်းပန်နဲ့ ကို....




ငါချစ်တာ Baekhyunပဲ....

'ဟင့်အင်း.... ကို'



'တောက်!!!'




..........................



ခုရက်ပိုင်း Baekhyun တော်တော်လေး အလုပ်ရှုပ်နေသည်။

ဒီတစ်ခေါက် Webtoonက တော်တော်လေးပေါက်သည်။
လူငယ်တွေအကြားအတော်လေး ရေပန်းစားနေသည်။

ဇာတ်ညွန်းကလည်း ကောင်းလွန်းတော့ Baekhyunတို့လို ဇာတ်ကောင်ရေးဆွဲသူတွေအတွက် ပိုပီးဝန်ပိသည်။

နောက်ပီး ပိုဆိုးသည်က အရင်လို Shortမဟုတ်ဘဲ Series ဖြစ်နေသည်။

ထို့ထက်ပိုဆိုးရွားသည်က သဘက်ခါ Deadline။
Final part တင်ရတော့မည်။

အပျင်းကြီးလာသမျှ နီးမှ တွန်းလုပ်နေရသည်။

Baekhyunရဲ့ လက်ဆွဲတော် Wecom Tabletထဲ ခေါင်းဝင်မတတ် အာရုံစိုက်နေရသည်။

Touch penလည်း ကိုင်ရလွန်းလို့ လက်ထိပ်လေးတွေပင် ချိုင့်ဝင်နေပီလားမသိ။

ကိုယ်က အလုပ်တွေများလို့ စိတ်ရှုပ်ရတဲ့အထဲ Baekhyunပေါင်ပေါ် ခေါင်းအုံးကာ ဂိမ်းဆော့နေသည့် Park Chanyeol သကောင့်သားကြောင့် ပိုစိတ်ရှုပ်ရသည်။

ဘယ့်နှယ့် ကိုယ်ကတော့ နေ့မနားညမအား အလုပ်တွေရှုပ်နေပေမယ့် သူကတော့ ဂိမ်းဆော့ကာ သာယာနေသည်။

Baekhyun အကျင့်က အလုပ်လုပ်ရင် ကြမ်းပြင်ပေါ်ထိုင်ကာ လုပ်ရသည်မှ အားရသည်။

အဲ့တော့.....
အိမ်မှာလာပီး အလေလိုက်နေသည့် Chanyeolက Baekhyunရဲ့ ပေါင်ပေါ် ခေါင်းအုံးကာ ပွတ်သီးပွတ်သပ်နေကာ ဂိမ်းဆော့နေသည်။

"Park Chanyeol အသံလျှော့စမ်း အာရုံနောက်လို့''

"အင်း''

ဒေါက်...

အင်းဆိုတာကတော့ Chanyeolပြန်ဖြေသံ...

ဒေါက်ဆိုတာကတော့ ပေါင်ပေါ်မှာ အိပ်နေရာက ဆတ်ခနဲထကာ Baekhyunရဲ့ မေးဖျားလေးကို လာနမ်းသည့် Chanyeolကို ခေါင်းခေါက်လိုက်သည့်အသံ....

"အ့... နာတယ်လေကွာ''

"မင်း ငြိမ်ငြိမ်နေ.... ဂဂျိုးဂဂျောင်လာလုပ်ရင် တွန်းချလိုက်မှာ..အလုပ်ရှုပ်နေရတဲ့အထဲ''

"ဟုတ်... ငြိမ်ငြိမ်လေးနေမယ်နော်..''

စပ်ဖြဲဖြဲနဲ့ Chanyeolကို လျစ်လျူရှုကာ အလုပ်ထဲပဲ အာရုံစိုက်လိုက်သည်။

မစိုက်လို့လည်း မရ။
မပီးပါက Bossက အလုပ်ကနေ ကန်ထုတ်လိမ့်မည်။

Bossမျက်နှာကြီး စိတ်ကူးထဲထည့်ကာ အလုပ်ပီးအောင်လုပ်ရမယ်....
ပျင်းနေလို့မရ။
fighting ....fighting....👏👏👏

"Baek အိပ်ငိုက်နေလို့လား....  သံပုရာရည်ဖျော်ပေးရမလား?''

ကိုယ့်ဟာကိုယ် အားပေးတဲ့အနေနဲ့ လက်ခုပ်သုံးချက်တီးကာ အားတင်းလိုက်သည်ကို Chanyeolက အိပ်ငိုက်နေတယ် ထင်သွားသည်။

"အင်း.... ချိုချိုချဉ်ချဉ်အေးအေးလေး ဖျော်ပေး''

"Ok ဗျာ''

ဆော့လက်စ ဂိမ်းကို ပိတ်ကာ ဖုန်းကို ဘောင်းဘီ အိတ်ကပ်ထဲ ထိုးထည့်ပီး သံပုရာရည်ဖျော်ဖို့ ထွက်သွားလေသည်။

အင်း....
Chanyeolနဲ့ Baekhyunအခြေအနေက ဘယ်လိုလဲဆိုတော့.....

အရင်တုန်းကလို ချစ်သူတွေလိုလည်းမဟုတ်။
သူငယ်ချင်းထက်လည်း အနည်းငယ် ပိုရင်းနှီးနေသလို။

Baekhyun ကတော့ စောင့်ကြည့်ဆဲကာလမို့ အေးရာအေးကြောင်းသာနေနေမိသည်။
အရင်လိုတော့ ပစ်ပစ်ခါခါမလုပ်ဖြစ်တော့။

Chanyeolသည်လည်း တော်တော်လေး ခြေငြိမ်လာသလိုပင်။

အရင်လို တစ်အိမ်ထဲ အတူမနေဖြစ်သေးပေမယ့် အလုပ်ချိန်ကလွှဲရင် ကျန်သည့် အချိန်တွေမှာ Baekhyun ဆီမှာပဲ ရှိနေတတ်သည်။

ညအိမ်ချိန်ရောက်မှသာ အိမ်ပြန်သည်။

Baekhyunကို သူနဲ့လာနေဖို့ ပြောပေမယ့် လက်မခံချင်သေး။

သေချာအောင် စောင့်ကြည့်ချင်သေးသည်။

Baekhyumဘက်က စည်းစောင့်ပေမယ့် ဟိုကောင်ကြီးကတော့ လစ်ရင်လစ်သလို အသားယူတတ်သည်။

လွန်လာတာမဟုတ်ရင်တော့ Baekhyun မသိချင်ယောင်ပဲ ဆောင်ထားမိသည်။

စိတ်ရှုပ်နေရင်တော့ ခေါင်းခေါက်တာဖြစ်ဖြစ် ကန်လွှတ်တာဖြစ်ဖြစ်လုပ်တတ်ပေမယ့် Park Chanyeolကြီးကတော့ စိတ်မဆိုးသည့်အပြင် ပြုံးဖြီးနေသည်။

"ရော့ Baek... အအေးသောက်ပီးမှ ဆက်ဆွဲ''

"အင်း...''

"ကိုယ်အိမ်ခဏ ပြန်လိုက်အုံးမယ်... ညနေစာ အတူစားမယ်နော်... ကိုယ်အပြင်ကဝယ်လာမယ် စောင့်နေနော်''

"အင်း....''

Baekhyunရဲ့ နားထင်လေးကို ခပ်ဖွဖွ အနမ်းပေးပီး Chanyeolထွက်သွားလေသည်။

Baekhyunလဲ အလုပ်ထဲ အာရုံပြန်စိုက်ရသည်။
အလုပ်ပီးမှပဲ နားရမည်မို့ ပျင်းနေလို့မရ။

.............................

Chanyeol ခြံရှေ့မှာရပ်ထားသည့် ကားအနီလေးကို မြင်တော့ ပင့်သက်ရှိုက်မိသည်။

ကားပေါ်ကာ ဆင်းကာ ခြံတံခါးဖွင့်လိုက်ပီး ကားကို အိမ်ထဲသွင်းလိုက်သည်။

နောက်က ကားအနီလေးလည်း လိုက်ဝင်လာသည်။

ကားရပ်ပီးသည်နဲ့ အိမ်တံခါး Password နှိပ်ကာ အထဲဝင်လိုက်သည်။

'Passwordက ပြောင်းထားတာလား?''

"အင်း''

ကိုယ့်အိမ်ကို ပြန်ရောက်တာဖြစ်ပေမယ့် ဒီတစ်ခါတော့ စိတ်တွေ တင်းကျပ်နေမိသည်။

စားပွဲပေါ်ကို ကားသော့ပစ်တင်လိုက်ပီး....

ထိုင်ရန်ပြင်လိုက်ပေမယ့်....
နောက်ကျောဘက်ကနေ သိုင်းဖက်လာသည့် လက်တစ်စုံ။

ထိုလက်ကို အသာဆွဲဖြုတ်ကာ မျက်နှာချင်းဆိုင်လှည့်လိုက်သည်။

အရင်ကထက် ပုံစံတွေ ပြောင်းလဲသွားသည့် NaNa....
ဆံပင်အတိုညှပ်ကာကောက်ထားသည့်ပုံက သူများတွေနဲ့တော့ ဘယ်လိုနေမလဲ မသိပေမယ့် NaNaနဲ့တော့ တော်တော်လေးလိုက်သည်။

အနီရောင် ကိုယ်ကျပ် ဝတ်ဆုံလေးကြောင့်လည်း ကောက်ကြောင်းတွေ ပေါ်ကာ လှသည်ဆိုတာထက် ဆွဲဆောင်မှုရှိနေသည်။

Chanyeolတစ်ခုခုပြောဖို့ပြင်လိုက်ပေမယ့်....
တဖန် ရင်ခွင်ထဲ တိုးဝင်လာခဲ့သည့် NaNa....

'အရမ်းလွမ်းနေတာ ကို....''

"အဆက်အသွယ် ပြတ်နေတာတောင် ကြာပီနော်''

'ဟက်... ကိုက အဲ့ဒါကို စိတ်ဆိုးနေတာလား?
NaNaက အမေရိက,က အဖွားကျန်းမာရေးမကောင်းလို့လေ... အဲ့ကို ရုတ်တရက်ကြီး သွားလိုက်ရတာမို့.... ဒါပေမယ့် ဟိုရောက်တော့လည်း အဖွားက ဆုံးသွားတယ်လေ.... အဲ့ဒါနဲ့ ကို့ဆီ အဆက်အသွယ်မလုပ်ဖြစ်တာ... စိတ်မဆိုးပါနဲ့ ကိုရဲ့.... ဟင်း..ဟင်း..''

Chanyeolမျက်နှာကို လက်နှစ်ဖက်နဲ့ ကိုင်ကာ ရှင်းပြနေသည့် NaNaက တဟင်းဟင်းနဲ့ရယ်ကာ လိုတာထက်ပိုပီး ညုနေသယောင်။

"မဟုတ်ဘူး... NaNa!''

'သြော်...ဒါနဲ့ ဒီနေ့ဘာနေ့လဲ သိလား ကို...
NaNaတို့ ချစ်သူသက်တမ်းနှစ်လပြည့်လေ.... တစ်လပြည့်တုန်းကလဲ အတူမရှိတာမို့ ဒီနေ့တော့ မှီအောင်ပြန်လာခဲ့တာ ကို....''

NaNaက Chanyeolဆီမှ ခွာကာ ဆက်တီတစ်ခုပေါ် ဝင်ထိုင်လေသည်။

Chanyeolလည်း ခုံတစ်ခုမှာ ထိုင်လိုက်သည်။

ခြေထောက်ချိတ်ထိုင်လိုက်သည့် NaNa....
ဝတ်ထားသည်က ကျပ်နေသည့်အပြင် တိုနေသည့် ဝတ်ဆုံက ခြေထောက်ချိတ်လိုက်တော့ မမြင်အပ်သည့် နေရာထိ မြင်နေရတာကြောင့် Chanyeolအကြည့်လွှဲလိုက်သည်။

Baekhyunအတွက် အအေးဖျော်နေရင်း ဖုန်းဝင်လာခဲ့သည်မို့ NaNaဆီထွက်လာခြင်း...
အပြင်တစ်နေရာထက် အိမ်မှာက ပိုကောင်းသည်မို့ အိမ်ကိုပဲ လာရန်ပြောလိုက်သည်။

Baekhyunကိုတော့ ဘာမဟုတ်သည့် ကိစ္စလေးနဲ့ စိတ်အနှောင့်အယှက်ဖြစ်နေမည်စိုး၍ NaNaနဲ့ တွေ့မည့် အကြောင်း ပြောမနေခဲ့တော့ပေ။

"ကိုယ်တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ပြောစရာမလိုတော့ပဲ ပီးသွားခဲ့ပီ မဟုတ်လား?''

'ဟင်း... ဟင်း... ကိုကလည်း နောက်နေပြန်ပီ.... စိတ်ဆိုးနေတယ်ဆို NaNaချော့မှာပါ.... ခုလည်း ချော့ဖို့လာခဲ့တာပါနော်''

"မဟုတ်ဘူး NaNa....ကိုယ့်သဘောထားကိုလည်း မင်းသိနေတာပဲ.... မင်းဘက်က နားလည်လို့ နောက်ဆုတ်လိုက်တယ်ပဲ ကိုယ်ထင်နေတာ''

'ဘာကို နားလည်ရမှာလဲ ကိုရဲ့''

"ကိုယ် Baek ဆီပဲ ပြန်သွားမယ်ဆိုတာ မင်းသိနေတာပဲကို''

'ဟက်... ကိုအထင်လွှဲနေပီ.... NaNaက ဘာကို သိရမှာလဲ? အဖွားဆီ သွားရတာမို့ အဆက်အသွယ် မလုပ်ဖြစ်တာပဲရှိတယ်.... ကို့ကို ဘာလို့ လက်လွှတ်ရမှာလဲ? NaNaက ကို့ကို အရမ်းချစ်တာ သိရဲ့သားနဲ့'

"ဟုတ်ပီလေ.... အဲ့ဒါဆို ကိုယ်ပြောမယ်.... ကိုယ်တို့လမ်းခွဲရအောင်''

'ဘာလို့လဲ? ကို NaNaကို ချစ်ခဲ့တာပဲလေ...ဘာလဲ Byun Baekhyunက ကို့ကို ဇွတ်အတင်းပြန်ကပ်နေလို့လား???''

"မဟုတ်တာတွေ မပြောစမ်းနဲ့!!!''

'ကိုနဲ့ NaNaက ချစ်သူတွေလေ ကိုပဲ လက်ခံခဲ့တာလေ'

"ဟုတ်တယ်.... မင်းဘက်က စပေးခဲ့တဲ့ အခွင့်အရေး....
အဲ့ဒီအခွင့်အရေးကို ငါယူခဲ့မိလို့ တောင်းပန်ပါတယ်.....
မင်းဘက်က စခဲ့တယ်ဆိုပေမယ့် ကိုယ့်ဘက်ကလည်း ပါခဲ့တာမို့ မင်းကို စိတ်ထိခိုက်စေခဲ့ရင် အနူးအညွတ်ကိုယ်တောင်းပါတယ်...
.ဒါပေမယ့်....
ကိုယ်တို့ဇာတ်လမ်းကို ရပ်လိုက်ရအောင်''

'မရပ်ပေးနိုင်ဘူး ကို!!!''

"မဖြစ်နိုင်တော့လို့ ရပ်လိုက်ရအောင် ခေါင်းမမာပါနဲ့ NaNa.... ကိုယ်တကယ်ချစ်တာလည်း Baekhyunကိုဆိုတာ မင်းသိနေသားပဲ''

'ဟင့်အင်း... NaNaကို့ကို ချစ်တယ်....
ကို အဲ့Baekhyunကို မခွဲနိုင်ရင် စိတ်ကြိုက်တွဲပါ NaNaကြည်ဖြူတယ်....NaNaကတော့ လမ်းမခွဲနိုင်ဘူး!!!''

"Kim NaNa!!! မင်းက မိန်းကလေးတစ်ယောက်မို့ ကိုယ်စကားတွေ မလွန်ချင်ဘူး... အေးအေးဆေးဆေးပဲ လမ်းခွဲရအောင်... တောင်းပန်ပါတယ်''

'NaNaက Baekhyunထက် ဘယ်နေရာတွေကများလိုအပ်နေလို့လဲ?''

"မင်းက ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ပါ။
ကိုယ့်ထက်ကောင်းတဲ့ ယောက်ျားတစ်ယောက်တော့ မင်းဘဝမှာ ထပ်ကြုံအုံးမှာပါ.... အဲ့ဒါကြောင့်....''

'NaNaကို ချစ်တယ်မလား?''

"ချစ်တယ်လို့ ထင်ခဲ့ဖူးတာ''

'ကို NaNaကို ဘယ်လို သတ်မှတ်ခဲ့တာလဲ???''

"နေရာအသစ်အဆန်းတစ်ခုမို့ စူးစမ်း လည်ပတ်ကြည့်မိခဲ့တာနဲ့ တူပါရဲ့ အမြဲတမ်းနေဖို့တော့ ကိုယ့်အရင်နေရာကသာအကောင်းဆုံးဆိုတာ ကိုယ်သိခဲ့တာ''

'ကို ရက်စက်တယ်!!!''

"အဲ့ဒါကြောင့် ကိုယ်တောင်းပန်နေတာပါ.... ကိုယ် မိန်းကလေးတစ်ယောက်ကို နစ်နာအောင် မပြောချင်လို့ ကိုယ်တို့ တော်လိုက်ရအောင်''

'NaNaကို မသနားဘူးလားဟင်?''

တိုးညင်းသော အသံနဲ့အတူ NaNaက Chanyeolပေါင်ပေါ် ပြောင်းထိုင်လေသည်။

'NaNaအတွက် မက်မက်မောမော အနမ်းတစ်ခုတောင် မပေးခဲ့ဘူး.... ယုယမှုလည်း မပေးခဲ့ဘူး ပွေ့ဖက်မှုတောင် NaNaဘက်ကစခဲ့ရတာ.... အဲ့လိုမျိုးနေခဲ့ရတဲ့ NaNaကို မသနားဘူးလား?'

"တောင်းပန်ပါတယ်...''

'မတောင်းပန်နဲ့ ကို....
Baekhyunထက်သာတဲ့ ယုယမှုတွေ NaNaပေးနိုင်တယ်'

တဖြေးဖြေးနဲ့ Chanyeolနှုတ်ခမ်းနားကပ်လာသည့် နှုတ်ခမ်းတစ်စုံကို ခေါင်းစောင်းကာ အသာရှောင်လိုက်သည်။

'ကိုသာ တောင့်တလိုက်... ကို့အတွက် ယုယမှုတွေနဲ့ ပြုစုပေးဖို့ အဆင်သင့်ပဲ....ကို'

Chanyeolရဲ့ မျက်နှာနား တစ်ဖန်ပြန်လည်ကပ်လာတော့.....

"တော်လိုက်တော့ Kim NaNa!!!
ငါချစ်တာ Baekhyunပဲ....
ငါမင်းအပေါ် လွန်တာတွေရှိရင်လည်း တောင်းပန်ပါတယ်.... မင်းအပေါ် ကို နိမ့်ကျတဲ့ အကြည့်တွေနဲ့ ကြည့်မိအောင်မလုပ်ပါနဲ့.... ငါ့သူဌေးရဲ့ သမီးလည်းဖြစ်တာမို့ အထင်မသေးချင်ဘူး....
အဲ့ဒါကြောင့် အေးအေးဆေးဆေးပဲ လမ်းခွဲရအောင်.... ''

'ဟင့်အင်း.... ကို'

"Sorry Kim NaNa... Baek အတွက် ညစာသွားပို့ပေးရမှာမို့ ငါသွားတော့မယ်။ ငါ့ကို ဘယ်တော့မှ အဆက်အသွယ် မလုပ်ပါနဲ့..... ငါတကယ်ကို အနူးအညွတ်တောင်းပန်ပါတယ်''

Chanyeol ခေါင်းငုံ့ကာ စိတ်ရင်းနဲ့ အလေးနက်ဆုံးတောင်းပန်မိသည်။

'တောက်!!!'

ကျယ်လောင်တဲ့ တောက်ခေါက်သံကို ဥပေက္ခာပြုလိုက်မိသည်။

ကိုယ့်ရဲ့ တဒင်္ဂသာယာမှုကြောင့် စိတ်ဒဏ်ရာရသွားတယ်ဆို တောင်းပန်ပါတယ် Kim NaNa....
မင်းကို တကယ်ချစ်ပေးတဲ့သူနဲ့ ပျော်ရွှင်စွာ တွေ့ဆုံပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ်။

Chanyeolကတော့ စိတ်ပေါ့ပါးစွာ Baekhyunကြိုက်မည့် ညနေစာဝယ်ပီး အတူစားရဖို့အရေးတွေးပီးသာ ပျော်နေမိသည်။

..........................

Continue Reading

You'll Also Like

1.7M 61.8K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...
169K 8.9K 57
Abandoned and ignored by her father, Princess Vaella remained at her mother's side. Forced to watch as life went on for those around her, while her...
1.5M 26K 53
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
150K 11K 60
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...