သူ့ကိုလေပြေသွေးကာ
တကယ်တော့
သူဘယ်မှမသွားချင်
Seoulကနေမခွာချင်ပါ။
appaပါလိုက်ခဲ့မှာ"
Appaကလဲအလျော့မပေး
မကြည်သလိုကြည့်၏။
မင်းjungkookကိုလဲ
Appaမသိရန်ကော....
ငြင်းမနေနဲ့တော့
Appaပြန်တော့မယ်
နေကောင်းအောင်နေဦး
စိတ်ပျက်လက်ပျက်နဲ့
....................................................
အစားမစားဘဲမနေနဲ့ဦး
အပြင်ထွက်တိုင်းအနွေးထည်ယူသွား
ဘာမှပြန်မပြော
Appaကတော့
သူစိတ်အလိုမကျ....
အဆင်မပြေဘူးဆိုပြီး
သူတွေးခဲ့ဖူးသည်။
ဒါပေမယ့် အခုချိန်တော့
Appaမှသေချာမသိသေးတာ...။
သူ့ကိုအမြဲနေ့လည်စာ
သူမရှိရင်ရော
သူတွေဝေနေချိန်မှာဘဲ
အခုနေ့လည်စာစားနေပြီ
Fighting for next week
Sweet dream...Saranghae📩
Msgလေးကိုကြည့်ပြီး
ဒီညတော့
.................................................................
Hotelပြန်ရောက်လို့
တစ်ပတ်မို့လို့သာဘဲ
................................................................
ခေါင်းအသာယမ်းသည်။
ခုပြန်ရောက်တော့မည်.....
...............................................................
လေဆိပ်ရောက်တော့
ဦးလေးChanကလာကြိုသည်
သူဂျစ်တိုက်နေမိသည်။
"ဒီနေ့တနင်္ဂနွေဘဲဟာ..
"မရဘူး အိမ်ဘဲပြန်မယ်"
ပြောင်းပေးလိုက်ရသည်...။
စကားကောင်းနေကျသည်...။
".......အဲ့ဒါပြောတာ လူက
"Appaဘာကိုပြောနေတာလဲ"
"သြော်....appa
ဂရုမစိုက်ဖြစ်ဖူးလေ
အခုဟာကလဲ
Appaဆက်ပြောတာတွေကို
သူစိတ်မ၀င်စားတော့...
အာ...မတွေးကောင်းတာတွေ...
ဒါပေမယ့်လဲ
ကံဆိုတာပြောမှမရတာ
ခုနေသူတစ်ခုခုဖြစ်သွားရင်...
သူချစ်နေတယ်ဆိုတာကို
ဟင်အင်း မဖြစ်ဖူး...
Appa ရောဦးလေးChanပါ
"....ဟာ ကားကစက်ရပ်သွားပြီ"
သူငိုချင်သွားသည်။
မြို့ထဲမှာလဲမဟုတ်
တော်တော်စောင့်ရမည်။
အေးဆေးပေမယ့်
သူသည်းမခံနိုင်တော့.....
လမ်းပေါ်ဖြတ်သွားတဲ့ကားကို
ဘာမှမစဉ်းစားဘဲ
စာရွက်စာတမ်းတွေရော
သူ့luggageရောအကုန်
စိတ်မ၀င်စားတော့....။
အခုပြန်ဆင်းလာခဲ့"
Bye...bye
"Jungkook ya"
ဒါပေမယ့် သူဂရုမစိုက်
"အင်း...ကျနော်ရောဘဲအရမ်းလွမ်းတယ်
အင်္ကျီလဲလိုက်တော့နော်
"ဟင်အင်း...ပိုစိုအောင်လုပ်လိုက်မယ်လေ"
သူဆွဲခေါ်လာလိုက်တယ်
သူသိပ်ချစ်တာဘဲ.....
"ချစ်တယ် Jeon Jungkook"
သူဖွဖွနမ်းလိုက်တယ်။
"ထပ်ပြော"
"ဘာကိုလဲ"
"ချစ်တယ်jungkook"
"ထပ်ပြော"
"ချစ်တယ်"
"ထပ်ပြော"
"ချစ်တယ် jeon jungkook
မင်းတစ်ယောက်ထဲဘဲ
အရမ်းချစ်....uhm..့.."
သူဘာမှထပ်မလိုတော့.............။
A/N....EndingကYouတို့
မမျော်လင့်ထားဘူးဟုတ်
Authorကdramaမကြိုက်သလို
အရစ်လဲမရှည်ပါ😁😁😁
ပြီးတဲ့အထိဖတ်ပေးတဲ့တစ်ယောက်ချင်းစီကို
အရမ်းအရမ်းချစ်ပါတယ်လို့
ချစ်စရာကောင်းတဲ့commentလေးတွေပေးပြီး
ကိုယ့်ကိုအားပေးခဲ့တဲ့လူတွေကြောင့်
ဒီဟာလေးကိုအပြီးထိရေးနိုင်ခဲ့တာပါနော်
Love you all😘😘😘
"မင်းအခု second termပြီးလို့
ကျောင်းပိတ်ထားချိန်နဲ့လဲတိုက်တယ်
ပြီးတော့Newyorkဆိုတာ
မင်းကြီးပြင်းလာခဲ့တဲ့နေရာ
အစစအရာရာမင်းနဲ့ရင်းနှီးပြီးသား
သွားရမှာလဲ တစ်ပတ်ထဲသွားရမှာဘဲကို Taetaeရယ်..."
သူ့အလုပ်နေရာထိလာပြီး
သူ့ကိုလေပြေသွေးကာ
Newyork ကconferenceတစ်ခု
သွားတက်ခိုင်းနေတဲ့ appaကို
သူစူပုတ်ပုတ်ကြည့်နေလိုက်တယ်။
တကယ်တော့ သူဘယ်မှမသွားချင်
Seoulကနေမခွာချင်ပါ။
"appaကလဲ သားကအခုမှကျောင်းပိတ်လို့
အလုပ်ဘက်အာရုံစိုက်ရမှာကို
ပြီးတော့အလုပ်ကလုပ်သာလုပ်နေပေမယ့်
သိပ်မကျွမ်းကျင်သေးဘူးလေ
လေ့လာစရာတွေအများကြီးရှိသေးတယ်"
"အေးလေ ခုဟာကမင်းတာဝန်ယူထားတဲ့
စားသောက်ကုန်လုပ်ငန်းနဲ့ဆိုင်တာမို့လို့
မင်းကိုသွားခိုင်းတာပေါ့
တစ်ယောက်ထဲလဲမလွတ်ပါဘူး
appaပါလိုက်ခဲ့မှာ"
Appaကလဲအလျော့မပေး
ရအောင်သွားခိုင်းမယ့်ပုံပင်...။
"အဲ့ဒါဆိုရင်Jungkook....jungkookကရော
Jungkookပါလိုက်မှာလား"
သူအူယားဖားယားမေးတော့appaက
မကြည်သလိုကြည့်၏။
"Jungkookကလိုက်စရာလား
သူ့အလုပ်နဲ့သူမအားတာကို
အခုမှအပိုတွေလုပ်မနေနဲ့Kim Taehyung
မင်းjungkookက်ိုလဲ
ဒီအတိုင်းပစ်ထားနေပြီးတော့များ
ဟိုတစ်နေ့ကChoiနဲ့တွေ့တုန်းကတောင်
ငါ့ကိုပြောလိုက်သေးတယ်
မင်းခုတလောဘယ်သွားသွား ဘာလုပ်လုပ်
minjaeနဲ့ဘဲတစ်တွဲတွဲဖြစ်နေတာဆို
Jungkookကိုတောင်သိပ်အာရုံမရှိပါဘူး"
သူအော်ပါငိုချင်သွားသည်...
Minjae appa choi arjushiက
minjaeအချိုးအတိုင်းဘဲဆိုတာသူမေ့နေတာ
သူ့appaနဲ့ဆုံရင်သူ့အကြောင်း
ပြောလောက်တယ်ဆိုတာ
သူတွေးခဲ့မိသင့်တာ...။
အခုတလောနဲ့အခုနဲ့မတူဘူးဆိုတာ
Appaမသိရန်ကော....
သူစိတ်ထဲမှာဘဲကြိတ်ပြောလိုက်တယ်။
"ကဲကဲ....တော်တော့Taehyung
ငြင်းမနေနဲ့တော့
တစ်ခြားဝန်ထမ်း တွေသွားနှုတ်ဆက်ပြီး
Appaပြန်တော့မယ်...
နေကောင်းအောင်နေဦး
Jungkookကိုလဲဂရုစိုက် အရမ်းမဆိုးနဲ့
ဘယ်လိုဖြစ်ဖြစ်
လက်ထပ်ပြီးသားဖြစ်နေပြီ..."
Appaပြန်သွားတော့ သူအလုပ်စားပွဲပေါ်ကို
စိတ်ပျက်လက်ပျက်နဲ့
မျက်နှာမှောက်ချလိုက်မိသည်။
Newyorkနဲ့Seoulက၁၃နာရီတောင်ကွာတာ...
နှစ်ယောက်လုံးမအားတဲ့အခြေနေမှာ
အဆက်အသွယ် အမြဲရဖို့ကသိပ်မလွယ်
ပြီးတော့တစ်ပတ်ကြီးတောင်....
Jungkookတော့ငါ့ကိုလွမ်းနေတော့မှာဘဲ......
....................................................
"ဟိုမှာ သေချာဂရုစိုက်နော်hyung
အလုပ်ဘဲအာရုံရောက်ပြီး
အစားမစားဘဲမနေနဲ့ဦး
အပြင်ထွက်တိုင်းးအနွေးထည်ယူသွား
ညအိပ်ရင်လဲ heaterဖွင့်အိပ်ဖို့မမေ့နဲ့"
လေယဉ်ပေါ်မတတ်ခင်အချိန်ထိကို
Jungkookကတစ်ဖွဖွမှာသည်။
သူကတော့မထုံတတ်တေးလုပ်ကာ
ဘာမှပြန်မပြော..
အရင်အတိုင်းခပ်ချေချေပင်။
Appaကတော့
သူတို့နှစ်ယောက်ကိုကြည့်ကာပြုံးစိစိနဲ့။
လေယဉ်ပေါ်တစ်လျောက်လုံးလဲ
သူစိတ်အလိုမကျ....
Jeon jungkook...လိုက်ခဲ့ရင်ရတာဘဲကို..
ဒါမှမဟုတ်လဲ ငါ့ကိုသွားခိုင်းလို့
အဆင်မပြေဘူးဆိုပြီး
Appaကိုပြောလိုက်လို့ရသားနဲ့...။
လေဆိပ်ရောက်တာနဲ့လာကြိုတဲ့ကားဆီ
တစ်ခါထဲတက်လိုက်လာခဲ့ရသည်
ကားပေါ်မှာလမ်းတစ်လျောက်လုံး
သူအပြင်ကိုငေးလာခဲ့သည်။
Newyorkကအရင်အတိုင်းပင်
ဘာမှထူးထူးခြားခြားမပြောင်းလဲသွား
သူ့ရဲ့ဆယ်ကျော်သက်ဘဝကုန်ဆုံးခဲ့တဲ့နေရာ
သူ့ရဲ့အိမ်လို့သူမှတ်ထင်ထားတဲ့နေရာ
သူ့အတွက်သက်တောင့်သက်သာ
အဖြစ်ဆုံးနေရာလို့သူထင်ခဲ့ဖူးသည်
Newyorkမှာအမြဲနေနိုင်မယ်လို့
သူတွေးခဲ့ဖူးသည်။
ဒါပေမယ့်ဘအခုချိန်တော့
အရာအားလုံးက သူစိမ်းဆန်နေသလို
ဘယ်အရာကမှနွေးထွေးမှုမရှိ
Seoulမြို့စွန်က ခြံဝန်းကျယ်နဲ့
အိမ်လေးကလွဲရင်
ဘယ်နေရာမှာမှ သူမနေချင်ပါ။
Hotelရောက်တော့လဲခဏသာနားလိုက်ရသည်။
ရေမိုးချိုးပြီးတာနဲ့ ညစာစားပွဲတတ်ဖို့ပြင်ရရော
ရင်းနှီးတဲ့လူတွေကိုရော
အခုမှမိတ်ဆက်ရတဲ့ သူစိမ်းတွေကိုပါ
အဆင်ပြေပြေ သွက်သွက်လက်လက်
ပြောဆိုဆက်ဆံနေတဲ့သူ့ကိုကြည့်ရင်း
Appaကတော့တအံတသြဖြစ်နေရှာသည်။
သူအရမ်းပြောင်းလဲသွားတာ
Appaမှသေချာမသိသေးတာ...။
သူ့အခန်းပြန်ရောက်လို့အဝတ်လဲပြီး
ကုတင်ပေါ်လှဲလိုက်ချိန်ည၁၁ခွဲနေပြီ။
ဒီအချိန်Seoulမှာတော့နေ့လည်၁၂ခွဲ
နေ့လည်စာစားချိန်ရောက်နေပြီ....
သူ့ကိုအမြဲနေ့လည်စာ
ဂရုစိုက်ကျွေးတတ်တဲ့jungkookဟာ
သူမရှိရင်ရော
သူ့ဘာသာသူစားဖို့သတိရပါ့မလား။
ဖုန်းခေါ်ချင်ပေမယ့် လူကချည်တုံချတုံ
အလုပ်များနေချိန်ရှုပ်မိမှာလဲသူမလိုချင်
သူတွေဝေနေချိန်မှာဘဲ
Notificationအသံနဲ့အတူ
မီးလင်းလာတဲ့သူ့ဖုန်းလေး....။
📩Hyungအိပ်နေပြီထင်လို့
ဖုန်းမခေါ်တော့ဘူးနော်
အခုနေ့လည်စာစားနေပြီ
Fighting for next week
Sweet dream...Saranghae📩
Msgလေးကိုကြည့်ပြီး
သူကျေကျေနပ်နပ်ပြုံးလိုက်မိသည်။
ဒီညတော့
သူအိပ်မက်လှလှမက်မှာအသေချာပင်...။
.................................................................
One week of hell at Newyork......
ပင်ပန်းအလုပ်များခဲ့တဲ့နေ့ရက်တွေ...
မိုးလင်းမျက်စိနှစ်လုံးဖွင့်ထဲကနေ
တက်လိုက်ရတဲ့meetingတွေ
လုပ်လိုက်ရတဲ့presentationတွေ
Hotelပြန်ရောက်လို့
မျက်လုံးနှစ်လုံးပိတ်တဲ့အချိန်အထိပင်။
အလုပ်များနေသူနှစ်ယောက်ကြား
ကြာကြာဖုန်း ပြောဖို့ကမလွယ်
ဂရုတစိုက်ပို့တတ်တဲ့msgတွေကြည့်ရင်းသာ
သူ့မှာအားတင်းနေခဲ့ရတာ။
အသိတွေကြားရောသူစိမ်းတွေကြားရော
သူဟာဟန်ဆောင်ပြုံးကိုနိုင်နိုင်ပြုံးရင်း
အဆင်မပြေတာကြုံလာတိုင်း
ကိုယ်တိုင်ဘဲဖြေရှင်းခဲ့ရသည်။
ဘေးမှာappaရှိပေမယ့်လဲ
သူထင်သလောက်စိတ်သက်သာရာမရခဲ့...
Hyungကောင်းကောင်းလုပ်နိုင်ပါတယ်
အဆင်ပြေသွားမှာပါဆိုတဲ့
စကားသံတိုးတိုးနဲ့ရင်ခွင်ကျယ်ကျယ်ကိုသာ
ရူးရူးမူးမူးလွမ်းနေခဲ့ရသည်။
တစ်ပတ်မို့လို့သာဘဲ
တစ်လလောက်ဆိုငါလဲသေမှာ......။
................................................................
"Seoulမြန်မြန်ပြန်ရောက်တော့
Appaလဲမြန်မြန်နားရတာပေါ့
ဟိုမှာကပင်ကပင်ပန်းနဲ့"
လေယာဉ်ပြတင်းပေါက်ကနေအပြင်ကို
ငေးရင်းပျော်ရွင်တတ်ကြွစွာသူပြောတော့
Appaကမနိုင်ဘူးဆိုတဲ့သဘောနှင့်
ခေါင်းအသာယမ်းသည်။
တကယ်ဆိုမနက်ဖြန်မှပြန်လာရမှာ
ဒါပေမယ့် သူကဒီနေ့အလုပ်ပြီးတာ
ဒီနေ့ချက်ချင်းပြန်မယ်ဟု
ဂျစ်တိုက်နေတာကြောင့်
Appaမနိုင်လို့လက်လျော့ကာ
သူ့အလိုကျပြန်လာပေးရသည်။
Eye maskကိုမျက်လုံးပေါ်အုံ့ရင်း
သူကျေကျေနပ်နပ်ပြုံးလိုက်သည်...။
အရမ်းလွမ်းနေတာSeoulကို....
ခုပြန်ရောက်တော့မည်.....
...............................................................
လေဆိပ်ရောက်တော့
ဦးလေးChanကလာကြိုသည်
ကားပေါ်လိုက်ရင်း အိမ်ပြန်တဲ့တစ်လျောက်
သူဂျစ်တိုက်နေမိသည်။
"အိမ်ကိုဘဲအရင်ပို့ပေး appaဆီနောက်မှ
သက်သက်လာလည်မယ် ခုတော့အိမ်ဘဲပို့"
"ဒီနေ့တနင်္ဂနွေဘဲဟာ..
Jungkookလဲအားနေတာဘဲကို
Appaအိမ်မှာအေးဆေးနားပြီး ညစာစားဦး
ညကျမှjungkookကိုလာကြိုခိုင်းလိုက်လေ"
"မရဘူး အိမ်ဘဲပြန်မယ်"
"ဦးလေးChanအိမ်ကိုဘဲပြန်ပို့နော်"
သူ့အကြောင်းကိုသိ၍ဦးလေးChanက
သူ့အိမ်ဆီကိုသာ ကားလမ်းကြောင်း
ပြောင်းပေးလိုက်ရသည်...။
လမ်းတစ်လျောက်လုံးလဲ သူဘာမှစိတ်မဝင်စား
အိမ်ဘဲပြန်ရောက်ချင်နေပြီ။
Appaနဲ့ဦလေးChanကတော့
ရောက်တက်ရာရာပြောရင်း
စကားကောင်းနေကျသည်...။
".......အဲ့ဒါပြောတာ လူက
သေတစ်နေ့မွေးတစ်နေ့ဆိုတာ
အတူတူရှိနေချိန်အကောင်းဆုံးနေပေးသင့်တာ
ခုချိန်ကျမှ ဘာမှလုပ်ပေးလို့မရတော့ဘူးလေ
ချစ်ပါတယ်တစ်ဖွဖွပြောလဲ
ထူးမှမထူးတော့တာ.."
Appaစကားကြောင့် သူစိတ်၀င်စားသွားသည်..။
"Appaဘာကိုပြောနေတာလဲ"
"သြော်....appa
မိတ်ဆွေတစ်ယောက်ရဲ့ဇနီးလေ
Accident ဖြစ်ပြီးcoma၀င်သွားတာ
တကယ်တော့အဲ့လူကသူ့ဇနီးကိုသိပ်ချစ်တာ
ဒါပေမယ့် အမြဲအလုပ်များနေတာရော
ဖာသိဖာသာနေတတ်တာရောကြောင့်
ဂရုမစိုက်ဖြစ်ဖူးလေ
သူတို့မှာက သားသမီးလဲမရှိဘူး
သူ့ဇနီးက တစ်ယောက်ထဲအထီးကျန်ပြီး
စိတ်ကျရောဂါဖြစ်နေတာကြာပြီ
အခုဟာကလဲ
အိပ်ဆေးတွေအသောက်လွန်ပြီးဖြစ်သွားတာ
ခုချိန်ကျမှ ချစ်ပါတယ်တစ်ဖွဖွပြောပြီး
ဂရုစိုက်လဲဟိုကမသိတော့ဘူးလေ
အဲ့ဒါမို့လို့ အတူတူရှိနေချိန်မှာ
ဂရုစိုက်လို့ပြောတာ ကံကြမ္မာဆိုတာ
ဘယ်တော့ဘာဖြစ်မလဲမသိဘူးလေ....xxx"
Appaဆက်ပြောတာတွေကို
သူစိတ်မဝင်စားတော့...
သူ့ခေါင်းထဲခုနအကြောင်းကဝင်လာသည်။
ခုနေjungkookတစ်ခုခုဖြစ်သွားရင်
ဒါမှမဟုတ် သူတစ်ခုခုဖြစ်သွားရင်
အာ...မတွေးကောင်းတာတွေ...။
ဒါပေမယ့်လဲ
ကံဆိုတာပြောမှမရတာ
ခဏနေသူတစ်ခုခုဖြစ်သွားရင်...
သူချစ်နေတယ်ဆိုတာကို
Jungkookသိသွားမှာမဟုတ်ဘူး
ဘုရားရေ....အဲ့လိုမဖြစ်ရဘူး
ဟင်အင်း မဖြစ်ဖူး...
အဲ့ဒီတော့ အခုပြောမှကိုဖြစ်မှာ....
အတွေးနဲ့အတူလက်ကဖုန်းခေါ်နေပြီးသား
ဒါပေမယ့် jungkookကဖုန်းမကိုင်
တစ်ယောက်ထဲဖုန်းခေါ်ရင်း
ဂနာမငြိမ်ဖြစ်နေတဲ့သူ့ကို
Appa ရောဦးလေးChanပါ
တအံတသြကြည့်နေတာကို သူမရိပ်မိ...။
"....ဟာ ကားကစက်ရပ်သွားပြီ"
ဦးလေးChanရေရွတ်သံနဲ့အတူ
ရုတ်တရက်ထိုးရပ်သွားတဲ့ကားကြောင့်
သူငိုချင်သွားသည်။
နေရာကသူ့အိမ်မရောက်သေးသလို
မြို့ထဲမှာလဲမဟုတ်
ကားအသွားအလာလဲသိပ်မရှိ။
AppaကDriver arjushiကို
လာခေါ်ခိုင်းပေမယ့်
Kimအိမ်ကနေဒီနေရာထိရောက်ဖို့ကို
တော်တော်စောင့်ရမည်။
ကားပေါ်ကလူကြီးနှစ်ယောက်က
အေးဆေးပေမယ့်
သူသည်းမခံနိုင်တော့.....
"Kim Taehyungဘယ်တွေသွားဦးမလို့လဲ"
Appaစကားကိုမကြားချင်ယောင်ဆောင်ကာ
ကားပေါ်ကချက်ချင်းပြေးဆင်းပြီး
လမ်းမပေါ်ဖြတ်သွားတဲ့ကားကို
သူမြန်မြန်ထားလိုက်သည်။
ပျော်ပွဲစားထွက်လာကြတဲ့
ကျောင်းသားကျောင်းသူတွေကား
သူ့ကိုအငမ်းမရငမ်းကြရင်း
သူလမ်းကြုံလိုက်မယ်ဆိုတာကို
ဝမ်းသာအားရလက်ခံကြသည်။
သူ့အိမ်နားထိကားကရောက်မှာမို့လို့
ဘာမှမစဉ်းစားဘဲ
သူတက်လိုက်သွားလိုက်သည်။
သူ့အလုပ်နဲ့ပက်သက်တဲ့
စာရွက်စာတမ်းတွေရော
သူ့ပိုက်ဆံအိတ်နဲ့ဖုန်းရော
သူ့luggageရောအကုန်
သူappaနဲ့ထားခဲ့လိုက်ပြီ
စိတ်မဝင်စားတော့....။
"Kim Taehyung ဘယ်သွားမှာတုန်း
အခုပြန်ဆင်းလာခဲ့"
"သွားနှင့်ပြီappaမစောင့်နိုင်တော့ဘူး
ကျနော့်ပစ္စည်းတွေလဲ
နောက်မှလာယူတော့မယ်
Bye...byeမောင်းလို့ရပြီညီလေး.....
မြန်မြန်မောင်းတော့"
ကားပေါ်ကနေသူသူကုန်းအော်ရင်း
ကြောင်ကြည့်ရင်းကျန်ခဲ့တဲ့appaကိုရော
ဦးလေးChanကိုရောတာ့တာ
လှမ်းပြလိုက်တယ်။
ကားကလမ်းမပေါ်အထိသာလမ်းကြုံတာမို့
သူ့အိမ်ရောက်တဲ့အထိကိုသူပြေးလာခဲ့ရတယ်
Jungkookကိုဖုန်းဆက်ကြိုခိုင်းဖို့ကလဲ
သူ့ဖုန်းကappaကားပေါ်ကျန်ခဲ့ပြီ။
"Jungkook ya"
ခြံထဲသူဝင်လာချိန် ခြံထဲကရေပန်းဘေးမှာ
ပန်းပင်ရေလောင်းနေတဲ့Jungkook
သူ့ကိုမြင်တော့တအံတသြနဲ့ .......
"ဟင်....hyungဘယ်လိုပြန်ဖြစ်ပြီးရောက်လာ....အာ့....."
Jungkookစကားမဆုံးခင်
သူအရှိန်နဲ့ပြေးဖက်လိုက်တာမို့
စကားသံဆက်မထွက်လာတော့
လက်ထဲကရေပိုက်လဲလွတ်ကျကာ
နှစ်ယောက်လုံးကရေစိုသွားတယ်။
"ဘယ်လိုဖြစ်လို့လဲhyung
အခုဘယ်လိုတွေပြန်လာတာလဲ"
သူ့ကိုပြန်ဖက်ရင်းjungkookကမေးတယ်
Jungkookအသံကအေးအေးဆေးဆေးပင်
သူမော့ကြည့်တော့မျက်နှာထားကလဲ
တည်တည်ငြိမ်ငြိမ်ဘဲ ဒါပေမယ့်
စိုးရိမ်မှုအပြည့်နဲ့မျက်၀န်းတွေ....
အေးစက်စက်မျက်နှာဖုံးနောက်ကွယ်က
နွေးထွေးကြင်နာတတ်တဲ့
ဒီလူရဲ့အချစ်တွေကိုသူသိခဲ့ရသလို
သူ့ဘက်ကလဲသူဆက်ဟန်မဆောင်ချင်တော့
သူ့မျက်နှာဖုံးကိုသူခွာချင်ပြီ။
"လွမ်းတယ်....အရမ်းလွမ်းနေခဲ့တာ"
မေးတာနဲ့ဖြေတာနဲ့ကတစ်ခြားစီ
ဒါပေမယ့် သူဂရုမစိုက်
အတင်းဖက်ပြီးရင်ဖက်ထဲ
မျက်နှာအပ်ထားလိုက်တယ်။
"အင်းး...ကျနော်ရောဘဲအရမ်းလွမ်းတယ်
အခုရေတွေစိုကုန်ပြီ အိမ်ပေါ်တက်ပြီး
အကျႌလဲလိုက်တော့နော်
နောက်မှကျန်တာအေးဆေးပြောပြ"
"ဟင်အင်းး...ပိုစိုအောင်လုပ်လိုက်မယ်လေ"
ပြောပြီးတာနဲ့ကြောင်ပြီးရပ်နေတဲ့jungkookကို
တစ်ဖွဲဖွဲကျနေတဲ့ရေပန်းအောက်ကို
သူဆွဲခေါ်လာလိုက်တယ်
ခုနကနည်းနည်းစိုနေရာကနေ
အခုတော့နှစ်ယောက်လုံးကရွဲနစ်သွားပြီ
Jungkookလဲဘာစကားမှမပြောနိုင်
သူ့ကိုကြောင်ပြီးကြည့်နေတယ်။
တစ်ဖွဲဖွဲကျနေတဲ့ရေစက်တွေကြား
သူ့ကိုကြောင်တောင်တောင်
ငေးကြည့်နေတဲ့ ဒီလူကို
သူသိပ်ချစ်တာဘဲ.....
"ချစ်တယ် Jeon Jungkook"
ခြေဖျားထောက်ပြီး နှုတ်ခမ်းနှစ်လွာကို
သူဖွဖွနမ်းလိုက်တယ်။
Jungkookကသူ့ကိုပြန်မနမ်း
Shockရသွားတဲ့ပုံစံနဲ့သူ့ကိုကြည့်နေဆဲ...
"ထပ်ပြော"
"ဘာကိုလဲ"
"ကျနော့ကိုချစ်တယ်ဆိုတာထပ်ပြောပါhyung"
"ချစ်တယ်jungkook"
"ထပ်ပြော"
"ချစ်တယ်"
"ထပ်ပြော"
"ချစ်တယ် jeon jungkook
အရမ်းအရမ်းကိုချစ်တယ်
အခုရောနောက်ရောဘယ်အချိန်ထိဖြစ်ဖြစ်
မင်းတစ်ယောက်ထဲဘဲ
အရမ်းချစ်....uhm.."
သူ့စကားမဆုံးခင်သူ့နှုတ်ခမ်းကို
လာပိတ်လိုက်တဲ့Jungkookနှုတ်ခမ်းတွေ...
အနမ်းတွေထဲသူစီးမြောရင်း
လက်နှစ်ဖက်ကလည်တိုင်ကိုတွဲခိုကာ
သူတင်းကျပ်နေအောင်ဖက်ထားလိုက်မိသည်။
ပူးကပ်နေတဲ့ခန္ဓာကိုယ်အနေအထားကြောင့်
Jungkookနှစ်လုံးခုန်သံကိုကြားနေရသလို
ကိုယ်ငွေ့နွေးနွေးကလဲသူ့ကိုလုံခြုံစေသည်
ကိုယ်ပေါ်ကျနေတဲ့ရေစက်တွေက
သူ့ကိုမအေးစက်စေနိုင်တော့...။
အရမ်းနွေးထွေးပြီးပြည့်စုံစေတဲ့နေရာ
အိမ်...သူရဲ့အိမ်ကိုသူပြန်ရောက်ခဲ့ပြီ
သူဘာမှထပ်မလိုတော့.............။