မင်းဖြစ်နေလို့ ( complete)
By kayhsoo
719K 41.5K 328
Bl story မင်းဖြစ်နေလို့ ( complete) More
Part1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part - 23
Part-24
Part 25
Part-27
Part-28
Part-29
Part-30
Part -31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part- 40
Part-41
Part- 42
Part-43
Part- 44
Part-45
Part-46
Ending
Extra
ကြော်ငြာ
Part-26
11.8K 736 5
By kayhsoo
........................................
" အော်... ဒါနဲ့  အင်္ကျီတွေ ဒီနေ့သွားယူရမှာမလား
ဒေါ်မိမိသည်... အင်္ကျီတွေသွားရွေးဖို့တွက် တက်တက်ကြွကြွပြောနေလေသည်....
" မေ စားလို့ပီးရင် သားအတွက် အင်္ကျီလိုက်ရွေးပေး"
ဆိုကာ ခေါ်ထုတ်ရသည်....
အခန်းထဲရောက်တော့ မေက ကျွန်တော့အင်္ကျီအားထုတ်ပေးနေလေသည်....ကိုကြီးလဲဝင်လာကာ တံခါးလော့ချလိုက်လေသည်... အကိုဝင်လာမှာစိုးလို့ထင်ပါရဲ့.....
ဟုမှာကာ အောင်းလေးလဲအပြင်ထွက်လာလိုက်သည်...
........................
ကားပေါ်တက်ကာ အင်္ကျီချုပ်ဆိုင်ရှိရာသို့ နှစ်ယောက်သား ထွက်လာခဲ့လိုက်သည်....
အင်္ကျီဆိုင်ရောက်တော့  ဆင်တူလေးချိတ်ထားသော အင်္ကျီလေးအားမြင်တော့ လူက မျက်ရည်ဝေ့သည်.... ဒီနေ့ပီးရင်... အကိုနဲ့ ကျွန်တော်က လမ်းခွဲရတော့မည်... ချစ်သူဖြစ်တာ မကြာသေပေမယ့် အချစ်ဆိုတာမျိုးက လွယ်လွယ်နဲ့ မေ့တတ်တဲ့အရာလားဗျာ....
အင်္ကျီဝတ်စမ်းတော့.... နှစ်ယောက်သားကြည့်ပီးရယ်မိကြသည်.... ဆင်တူလေး.... မသိရင် ကျွန်တော်တို့ နှစ်ယောက် မင်္ဂလာဆောင်မယ့်အတိုင်းပင်...
အင်္ကျီ ဆိုင်ကထွက်ပီး  ကန်ဘောင်ဘက်မောင်းလာတော့လဲ.... ဘယ်သွားမလဲ တခွန်းမှမမေးပဲ... ကျွန်တော့ မျက်နှာတစ်ခုပဲကြည့်ကာလိုက်လာသော သူ့အား ဘယ်လိုအင်အားမျိုးနဲ့ပြောထွက်ရမည်နည်း....
" တောင်းပန်ပါတယ်"
နာရီဝက်လောက်ကြာတော့....
လည်းပင်းအား နမ်းစုပ်နေတာတောင် အားမရဘဲ ကျွန်တော်သည်  စွပ်ကျယ်ချိုင်းပြတ်လေးဝတ်ထားသောကလေး၏ အင်္ကျီအားလှန်ကာရင်ဘတ်ဖွေးဖွးအား နမ်းရှိုက်မိသည်... ထိုအပြင် ဝမ်းဗိုက်သားအားထပ်မံနမ်းစုပ်ရင်း... ကလေး၏ ချယ်ရီသီးလေး နှစ်ဖက်အားအငမ်းမရ စုပ်ယူမိသည်.... ကျွန်တော်သည် ဘယ်လောက်တောင်ကလေးအပေါ် နောက်ထပ်ချစ်ခွင့် ပိုင်ဆိုင်ခွင့်မရတော့ဘူးဆိုပီးတွေးကာ... မိုက်ရိုင်းစော်ကားနေလဲလို့... ကလေးရဲ့ သည်းသံကြားမှ သတိဝင်လာခဲ့မိသည့်အဖြစ်...
အကို ငိုလေသည်...
" ဟယ်ဒီသားအမိတွေ ဘယ်ပျောက်သွားလဲလို့...
သမီး... ဟင်းရည်တွေထည့်လိုက်တော့ ...."
" Sorry မိရေ ဒီသားနှစ်ကို ပြောစရာနည်းနည်းရှိနေလို့ပါ...."
မေ သည် ဟန်မပျက်စကားပြောနေပေမယ့်... မျက်နှာတော့ မကောင်းတာမို့ ... အောင်လေးကပဲ...
" မုန့်ကဘယ်သူချက်ထားတာလဲ... အရမ်းကောင်းတယ်..."
ဆိုကာ လက်မထောင်ပြလေတော့.... ငယ်လေးကပါ
" ဘယ်သူဖြစ်ရမလဲ... မေပေါ့... မေ... ကိုကြီးက မိန်းမရတော့မှာမို့ မေ့လက်ရာတောင် မမှတ်မိတော့ဘူး..."
ဆိုကာ ဝင့်နှောက်လေသည်...
ငယ်လေးသည် အမေ့ကိုသိပ်ချစ်သူမို့ အမေမျက်နှာမကောင်းရင်ကို သူ့မှာနေစရာမရှိသူဖြစ်သည်...
အခုဆိုပိုတောင်နေရက်ခက်နေမှာအမှန်ပင်... အမေ မျက်နှာမကောင်းတာ သူကြောင့်ဆိုတော့လဲ...
အခုတော့လည်း အပူရုပ်ကိုဟန်လုပ်ကာ  ရယ်ရယ်မောမောဖြင့် အမေ့ကိုစတော့ အမေပြုံးလာလေသည်..
ငယ်လေးရေ... မချစ်သင့်တဲ့သူကိုချစ်မိလို့ ကိုကြီးတို့ ငယ်လေးအပေါ် ရက်စက်သလို ဖြစ်သွားရင်တောင်းပန်ပါတယ်... တကယ်တောင်းပန်ပါတယ်... အောင်လေမှာ စိတ်မကောင်းကြီးစွာဖြစ်ရသည်...
ငယ်လေးရဲ့မျက်နှာကို ငယ်ငယ်ကတည်းက တစိမ့်စိမ့်ကြည့် ကာ ဘာလိုလဲ ဘာဖြစ်နေလဲဆိုတာ မပြောလဲပဲ သိနေသူမို့... ငယ်လေး..ဘယ်လောက်တောင် ခံစားနေရလဲသိသည်.... အမေလည်းသိမှာသေချာသည်....
........................................
ကလေးမျက်နှာမကောင်းဘူး... နှာထိပ်လေးတွေရဲပီး... မျက်လုံးလေးလဲ အစ်နေသည်.... ငိုထားတာများလား... ဘာလို့လဲကလေးရေ.... နောက်ဆို ကိုယ့်အပေါ် မကွက်မဝှက်ပဲ ဆိုးလည်းတိုင်ပင်  ကောင်းလဲတိုင်ပင်ဖို့  ပြောရမည်....
ဒီလူက ကလေးမှာရှိတဲ့ စိတ်ညစ်စရာ... စိတ်ရှုပ်စရာ အကုန်လုံးကို မျှဝေခံစားပေးချင်တာမို့... တစ်ယောက်တည်း ကျိတ်မှိတ်ပီး ခံစားမနေဖို့လဲပြောရဦးမည်...
ငိုချင်နေတယ်ဆိုလဲ ကိုယ့်ရင်ခွင်ထဲမှာလာငိုလှည့်ပါ... ဒီလူက အမြဲတမ်း ကလေးအတွက်ဆို ရင်ခွင်တံခါးဖွင့်ပေးမယ်သူမို့........
" အော်... ဒါနဲ့  အကျႌတွေ ဒီနေ့သွားယူရမှာမလား
Fitting လည်းချရဦးမှာဆိုတော့.... အမြန်သွားမှရမယ်
သဘက်ခါ ဆိုမင်္ဂလာဆောင်ဆိုတော့... AD နဲ့ မှူးလေးက ဆိုင်မတူဘူးမလား... ခွဲသွားရမှာပေါ့..."
ဒေါ်မိမိသည်... အကျႌတွေသွားရွေးဖို့တွက် တက်တက်ကြွကြွပြောနေလေသည်....
မေနှင့် ကိုကြီးကတော့  ကျွန်တော်နှင့် အကို့အား အတူတူသွားရမည်ဆိုသောကြောင့် ပြာယာခတ်သွားရသည်.. ဒါပေမယ့်  မသွားနဲ့လို့လဲပြောမထွက်ပဲဖြစ်နေကြတာမို့....
" မေ စားလို့ပီးရင် သားအတွက် အကျႌလိုက်ရွေးပေး"
ဆိုကာ ခေါ်ထုတ်ရသည်....
အခန်းထဲရောက်တော့ မေက ကျွန်တော့အကျႌအားထုတ်ပေးနေလေသည်....ကိုကြီးလဲဝင်လာကာ တံခါးလော့ချလိုက်လေသည်... အကိုဝင်လာမှာစိုးလို့ထင်ပါရဲ့.....
ကျွန်တော်နောက်ကနေ မေ့အားဖက်ထားလိုက်ပီး...
" စိတ်မပူကြပါနဲ့ ပေးပီးသား ကတိကိုတည်အောင် သား ကြိုးစားမှာပါ... မေ တို့စိတ်ဆင်းရဲရအောင် သားမလုပ်ဘူးဆိုတာလေးပဲယုံကြည်ပေးပါ..."
ဒေါ်ဖြူလေးမှာ ခေါင်းတဆက်ဆက်ငြိမ့်ပီး  ပြန်ထွက်လာခဲ့သည်...
" ငယ်လေး ကားသတိထားမောင်းနော်....."
ဟုမှာကာ အောင်းလေးလဲအပြင်ထွက်လာလိုုက်သည်...
........................
ကားပေါ်တက်ကာ အကျႌချုပ်ဆိုင်ရှိရာသို့ နှစ်ယောက်သား ထွက်လာခဲ့လိုက်သည်....
ကျွန်တော်စကားမပြောဘဲ ဘေးကနေ ငြိမ်ငြိမ်လေးလိုက်လာခဲ့သည်.... ကလေးမှာ တစ်ခုခုစိတ်ညစ်စရာရှိတာနေမှာ..... မေးလဲမမေးချင်တာမို့ ဒီအတိုင်းနှုတ်ဆိတ်နေမိသည်....
အကျႌဆိုင်ရောက်တော့  ဆင်တူလေးချိတ်ထားသော အကျႌလေးအားမြင်တော့ လူက မျက်ရည်ဝေ့သည်.... ဒီနေ့ပီးရင်... အကိုနဲ့ ကျွန်တော်က လမ်းခွဲရတော့မည်... ချစ်သူဖြစ်တာ မကြာသေပေမယ့် အချစ်ဆိုတာမျိုးက လွယ်လွယ်နဲ့ မေ့တတ်တဲ့အရာလားဗျာ....
သူများတွေ အတွက်တော့မသိပေမယ့်.... ကျွန်တော့ အတွက်ကတော့ ခက်ခက်ခဲခဲ ဆုံးဖြတ်ပီးမှ ဖြစ်ပေါ်လာတဲ့အချစ်မို့.... မေ့ပစ်ဖို့ဆိုတာမလွယ်ကူလောက်ပါ....
အကျႌဝတ်စမ်းတော့.... နှစ်ယောက်သားကြည့်ပီးရယ်မိကြသည်.... ဆင်တူလေး.... မသိရင် ကျွန်တော်တို့ နှစ်ယောက် မင်္ဂလာဆောင်မယ့်အတိုင်းပင်...
အိမ်ကထွက်လာကတည်းက အကိုသည်  ကျွန်တော့အား လှည့်ကြည့် လှည့်ကြည့်နှင့်ပါလာလေသည်.... ကျွန်တော်မျက်နှာမကောင်းတာမို့ အလိုက်တသိ နှင့်နေနေသည်မို့ ပိုပီးငိုချင်လာရသည်....
သူနဲ့စကားပြောမိရင် လူကငိုချမိဖို့ များနေတာမို့ ဒီအတိုင်း စကားမပြောဘဲနေလိုက်မိသည်....
အကျႌ ဆိုင်ကထွက်ပီး  ကန်ဘောင်ဘက်မောင်းလာတော့လဲ.... ဘယ်သွားမလဲ တခွန်းမှမမေးပဲ... ကျွန်တော့ မျက်နှာတစ်ခုပဲကြည့်ကာလိုက်လာသော သူ့အား ဘယ်လိုအင်အားမျိုးနဲ့ပြောထွက်ရမည်နည်း....
မျက်ခမ်းစပ်များစပ်လာကာ မျက်ရည်မကျအောင် အောင့်အီးနေရတာမို့  ကျွန်တော့ မျက်နှာတစ်ခုလုံးရဲနေမည်မှာ သေချာလေသည်.....
ကန်ဘောင်ရဲ့ ကားပါကင်တနေရာတွင်ကားရပ်လိုက်တော့.... ကျွန်တော့လက်လေးအားဆွဲကိုင်ပီး  ရင်ခွင်ထဲထည့်ကာ ပြောလိုက်သော သူ့စကားကြောင့် ကျွန်တော့မှာ အသည်းအသန်ငိုကျွေးမိသည်.....
" ကလေး..... ကလေးဘာတွေဖြစ်နေလဲကိုယ်မသိဘူး.... ဘာတွေခက်ခဲနေလဲကိုယ်မသိဘူး.... ဒါပေမယ့် ကိုယ်ကလေ... ကလေးခံစားနေရတာကို မျှဝေခံစားပေးချင်သူပါ.... ကလေး အဲလိုဖြစ်နေတာကိုယ့်ကြောင့်ဆိုလဲ အားမနာစတမ်း ကိုယ့်ကိုရင်ဖွင့်လို့ရတယ်....
တိုင်ပင်လို့ရတယ်..... ကလေးဆုံးဖြတ်ချက်အတိုင်း ကိုယ်လက်ခံမှာမို့လို့...... ဒါပေမယ့် တစ်ခုလေးပဲ... ကိုယ်တစ်ခုလေးပဲတောင်းဆိုပါရစေ.... လမ်းခွဲမယ့်စကားကလွဲရင် ကြိုက်တာပြော.... ကြိုက်တာလုပ်... ကိုယ်အားလုံးလက်ခံမယ်"
အကိုရယ်.... တောင်းပန်ပါတယ်.... ကျွန်တော့မှာ လမ်းခွဲမယ့်စကားက လွဲရင် ဘာမှမတတ်နိုင်တော့လို့ပါ
ကျွန်တော် အကို့ရင်ခွင်ထဲက ထွက်လိုက်ပီးခေါင်းမော့ကာ သူမျက်နှာကြည့်တော့.... ပြောပါဆိုတဲ့အမူအယာဖြင့် မေးဆတ်ပြလေသည်...
" အကို.... ကျွန်တော်တို့ ကိစ္စ မေနဲ့ကိုကြီးသိသွားတယ်.... မေကလေ ကျွန်တော့ကို အခြောက်ဆိုပီး လူတွေလက်ညှိုးထိုးခံရမှာကြောက်တယ်တဲ့... သူ့အတွက်သူမကြည့်ဘဲ ကျွန်တော့်အတွက်ကြည့်ပေးတယ်အကို....
အကိုကြီးကတော့.... ကျွန်တော်ပျော်မယ်ဆို မင်္ဂလာပွဲတောင်ဖျက်သိမ်းပေးပါမယ်တဲ့အကို....
သူလက်ထပ်ပီးမှဒီကိစ္စတွေ အကိုတို့ဘက်ကသိသွားရင် သူကြားထဲမှာနေရခက်တာမျိုး မဖြစ်စေချင်ဘူးတဲ့အကို...... ကျွန်တော်ကြောင့် အလဲလဲအပျိုပျို ဖြစ်နေတဲ့ မေကိုလဲ မကြည့်ရက်ဘူးအကို..... ကျွန်တော်တို့ဇာတ်လမ်းက အခုမှအစပဲရှိသေးတယ် နောက်ဆုတ်ဖို့အချိန်မီသေးတာမို့..... ကျွန်တော်တို့.... ကျွန်တော်တို့ လမ်းခွဲရအောင်အကို"
မျက်ရည်များပိုးပိုးပေါက်ပေါက်ကျကာ.... လွမ်းခွဲစကားပြောနေသော ကလေးငယ်....
" ကလေးရယ်... အရမ်းခံစားနေရမယ်ဆိုတာသိပါတယ်... ကိုယ်တို့ချစ်တာမကြာသေးပေမယ့် ကိုယ်ကလေးအပေါ်မှာထားတဲ့အချစ်က အရမ်းမလွယ်ဘူးဆိုတာယုံပေးပါ..... ကိုယ်ကလေးကို အရမ်းတန်ဖိုးထားမြတ်နိုးတယ်.... ချစ်တယ်ဆိုတဲ့စကားထက်လေးနက်တာတွေ ကိုယ်အများကြီးပြောချင်တယ်....
လမ်းမခွဲပါရစေနဲ့လားကလေးရယ်.... အချိန်ယူပီးအကောင်းဆုံးဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စဉ်းစားကြမယ်လေ,......"
ကျွန်တော်သိပါတယ်အကိုရယ်.... ဒါပေမယ့် မေ့ကိုကတိပေးခဲ့ပီးပီမို့....
" တောင်းပန်ပါတယ်"
အကိုသည် ကျွန်တော့၏တောင်းပန်စကားအပီးတွင် အကြာကြီးတိတ်ဆိတ်နေလေသည်.......
ခေါင်ငုံ့ပီး လက်နှစ်ဖက်အားတင်းတင်းဆုပ်ကိုင်ကာ စကားလုံးများရှာဖွေနေဟန်တူပါသည်....
နာရီဝက်လောက်ကြာတော့....
" ကလေး... ကိုယ်လမ်းခွဲပေးမှ ကလေးအတွက်အဆင်ပြေမယ်ဆိုရင်.... ကိုယ့်ကိုထားခဲ့ပါတော့....
ကိုယ်ကြောင့် ကလေးဝန်တွေပိ ပြီး စိတ်ညစ်နေရတာမျိုးမဖြစ်စေချင်တာမို့ ကိုယ့်ကို ထားသွားပါ....
ဒါပေမယ့် နောက်ဆုံးအနေနဲ့ ကလေးကို နမ်းခွင့်ပြုပါ..."
ကျွန်တော်ခေါင်းတဆက်ဆက်ငြိမ့်ပြမိပြီး.... အကိုနမ်းလာမှာကိုတောင်မစောင့်ဘဲ ကျွန်တော်ပဲအရင် အကို့အား မက်မက်မောမောနမ်းရှိုက်မိသည်....
ကျေးဇူးတင်ပါတယ်အကို... ကျွန်တော်ပြောသမျှကို နည်းနည်းမျှ အပြစ်မမြင်  အထွန့်မတက်ဘဲ ကြည်ကြည်ဖြူဖြူလက်ခံပေးလို့.... ပီးတော့ အကိုကျွန်တော့အပေါ် ဘယ်လောက်ချစ်သလဲဆိုတာ ပိုပီးသိလိုက်ရလို့.....သူများတွေကတော့ပြောလိမ့်မည် လမ်းခွဲပီးရင် သူဘယ်လောက်ချစ်တာ သိဖို့လိုလို့လားလို့.... ကျွန်တော့အတွက်လိုအပ်တယ်အကို... ရှေ့ဆက်ရမဲ့နေရက်တွေမှာ ကျွန်တော်တောင့်ခံနိုင်အောင်လို့... ငါနဲ့အကိုက အရမ်းချစ်လျှက်နဲ့လမ်းခွဲခဲ့ရတယ်ဆိုတာကို မိပိုး နှင့် ဇက်အားကြွားချင်သေးလို့.....
ထိုအနမ်းသည် ကျွန်တော်တို့ နှစ်ယောက်အတွက်နောက်ဆုံးဆိုတာ သိနေတာမို့ နှစ်ယောက်သား မလွှတ်တမ်းနမ်းမိကြသည်.... ကလေး နားရွက်ဖျားလေးကနေ လည်ပင်းနားအထိ ပွတ်ဆွဲကာနမ်းစုပ်မိသည်.... ကလေးကလဲ လည်ပင်းလေးမော့ပေးရှာသည်....
လည်းပင်းအား နမ်းစုပ်နေတာတောင် အားမရဘဲ ကျွန်တော်သည်  စွပ်ကျယ်ချိုင်းပြတ်လေးဝတ်ထားသောကလေး၏ အကျႌအားလှန်ကာရင်ဘတ်ဖွေးဖွးအား နမ်းရှိုက်မိသည်... ထိုအပြင် ဝမ်းဗိုက်သားအားထပ်မံနမ်းစုပ်ရင်း... ကလေး၏ ချယ်ရီသီးလေး နှစ်ဖက်အားအငမ်းမရ စုပ်ယူမိသည်.... ကျွန်တော်သည် ဘယ်လောက်တောင်ကလေးအပေါ် နောက်ထပ်ချစ်ခွင့် ပိုင်ဆိုင်ခွင့်မရတော့ဘူးဆိုပီးတွေးကာ... မိုက်ရိုင်းစော်ကားနေလဲလို့... ကလေးရဲ့ သည်းသံကြားမှ သတိဝင်လာခဲ့မိသည့်အဖြစ်...
" ကလေး.... Sorry ... တောင်းပန်ပါတယ်... ကိုယ်မှားသွားပီ တောင်းပန်ပါတယ်..."
ဟုဆိုကာ ယူကျုံးမရဟန်ဖြင့် သူ့ခေါင်းအား ကားဘောင်နှင့် တဒိန်းဒိန်းဆောင့်လေသည်....
" မဟုတ်ဘူး အကို... အကိုကျွန်တော့အပေါ်ဘယ်လောက်ချစ်လဲဆိုတာကျွန်တော်သိတယ်... အဲဒါကြောင့် အကို ကျွန်တော့ကိုသိမ်းပိုက်ပါ... လုံးဝအားမနာပါနဲ့ ကျွန်တော်ကိုယ်တိုင် လိုလိုချင်ချင် ကျွန်တော့ရဲ့ ပထမဆုံး ဆိုတာတွေပေးချင်တာမို့... သိမ်းပိုက်ပါအကို.."
ကျွန်တော်ပြောပီးသည် နှင့် ကျွန်တော့ ခန္ဓာကိုယ်တွင်ရှိသော အဝတ်အစားများအားဆွဲချွတ်တော့ အကိုသည်... အလန့်တကြားကားပေါ်ကဆင်းပြေးကာ...
" ကလေးရယ် လမ်းခွဲခြင်းမှာ ကိုယ့်ရဲ့မိုက်ရိုင်းတဲ့အပြုအမူတွေမေ့ပစ်ပေးပါ... နောက်ဆုံးအချိန်လေးမှာ ကိုယ့်ဘက်က မဖြူစင်နိုင်မှု အပေါ် နားလည်ပေးပါလို့ တောင်ဆိုဖို့တောင်မထိုက်တန်တဲ့ကောင်ပါ..."
အကို ငိုလေသည်...
" ကိုယ်တောင်းပန်ပါတယ်.. ကိုယ်ကလေးအပေါ်အဲလိုမျိုးမချစ်ချင်ပါဘူး... အရိုးသားဆုံးချစ်ချင်တာမို့ အခုအချိန်မှာ အဲလိုဖြစ်သွားတာ ကိုယ့်ကိုယ်ကိုယ်တောင်ရွံလို့မဆုံးပါဘူး... ကျေးဇူးပြုပီးကလေးရယ်.. သိမ်းပိုက်ပါဆိုတဲ့စကားမပြောပါနဲ့...."
ဆိုကာ လမ်းပေါ်ပြေးသွားပီး Taxi တားကာ ကားပေါ်တက်သွားလေသည်....
ကျွန်တော့မှာယူကျုံးမရစိတ်ဖြင့် ရင်ဘတ်တွေတောင်အောင့်တက်လာရပါသည်.... မျက်ရည်များအဆက်မပြတ်ကျကာ ခံရခက်နေသော ရင်ဘတ်ကြီးအား တဘုန်းဘုန်းဖြင့်ထုမိရင်း... ကားမောင်းကာ အိမ်သို့ပြန်ခဲ့လေသည်....
Continue Reading
You'll Also Like
151K 10.8K 19
228K 24.4K 56
3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
13.5K 1K 32
' စိတ်ကူးဆိုတာ လက်တွေ့လောက်မထိရောက်သလိုမျိုး ကိုကိုတို့စိတ်ကူးယဉ်လွန်ခဲ့ကြတာလား ငယ်ငယ် ' [ More Than Brothers ] [ အထက်စည်း + နွေသက်တံ့ငယ် ] [ Fiction...