" မကြည့်နဲ့မနေတတ်ဘူး..."
ည ၈ နာရီလောက်တွင် ရန်ကုန်ထဲ စဝင်လာပီမို့ အောင်လေးထလိုက်ရသည် ညောင်းလိုက်တာလဲ ပြောမနေပါနဲ့ ကျွန်တော့ လက်မောင်းပေါ်အိပ်နေသော Grace အား ကြည့်ပီး.... ပြုံးလိုက်မိသည်...ကိုယ့်ကောင်မလေးမို့ပြောတာမဟုတ် သိပ်လှလေသည်... အသားအရေကလဲကြည်ပီး ဖြူဥနေတာဆိုတာ....AD ဆိုလဲအရမ်းကိုဆော်ကြည်မည့်ပုံ.... ယောင်္ကျားအချင်းချင်းတောင် အားကျရသည့်ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားသည့်အပြင် အရပ်ကလည်းမြင့်... အသားအရေကလဲကောင်းဆိုတော့.... မကြာမီဖြစ်လာတော့မဲ့ ယောက္ခမကြီးကတော့ မျက်နှာအတော်ပွင့်မယ် ထင်ပါရဲ့....
" sorry..... ထတော့"
" အင်းထပီ...."
လိုလို့လား...... မဖြစ်တော့... ဒီနစ်ယောက်ကိုသေချာစောင့်ကြည့်ရတော့မည်..... မလိုလားအပ်သည့်ပြဿနာတွေဖြစ်မလာစေဖို့....
"ဒေါက်ဒေါက်......"
" ညီ...ငယ်လေး ည၀တ် အင်္ကျီလာယူတာ..... လှဲမနေနဲ့ ရေချိုးလိုက်ဦးလေ...လန်းသွားအောင်"
" ဟုတ်............ခဏနေချိုးမှာ"
"အေးအေး.."
လွမ်းတာကတော့သေမတတ်..........
အကို့ကိုလွမ်းတယ်..............
ပြင်ဦးလွင်ကနေရန်ကုန်သို့ တန်းဆင်းဖြစ်သည်.... အကုန်လုံးကပင်ပန်းနေကြတာမို့.... အတုံးအရုံးကိုအိပ်ပျော်နေလေပီ...
ကျွန်တော့ဘေးက ကလေးလေးလဲအိပ်ပျော်နေပီ... နေပူတဲ့အရှိန်ကြောင့် ကလေးမျက်နှာလေးကရဲနေလေသည်... အဲကွန်းက အခုကမှစဖွင့်တာကို အအေး ဓာတ်မလိုလောက်သေးပေ...
ရဲတွတ်နေသောပါးပြင်လေးအား ...သက်သာလိုသက်သာငြား ဖြည်းဖြည်းချင်းပွတ်ပေးတော့ မျက်နှာလေးကပြုံးယောင်သန်းလာလေသည်...
ပီးတော့ မျက်လုံးလေးဖွင့်ပီး လေးသံတိုးတိုးဖြင့်
" အိပ်သေးဘူးလား... အိပ်တော့... "
ဆိုကာ ကျွန်တော့လက်ကလေးအားဆုတ်ကိုင်လာလေသည်....
" ဟင့်အင်း.... ကလေးကိုမြင်နေရတော့ ကိုယ်မအိပ်ချင်ဘူး... ကိုယ်ကြည့်နေချင်တယ်..."
သူ့နား နားကပ်ကာ တိုးတိုးလေးပြောမိတော့....
" မကြည့်နဲ့မနေတတ်ဘူး..."
" အဲဆို အနမ်းလေးတစ်ချက်လောက်ပေးပါလား.... အဲဆို ကိုယ်တန်းအိပ်ပျော်မှာ...."
ရယ်လေပီ... ကျွန်တော့အပြောကို သဘောကျသွားသည်ထင်ပါရဲ့....
ချက်ချင်းငေါက်ခနဲထထိုင်ပီ... ကျွန်တော့မျက်နှာနားတိုးကားလာကာ.... နှုတ်ခမ်းအားနမ်းရှိုက်လေသည်...
စက္ကန့်ပိုင်းလေးပါပဲ.... မရပ်တန့်ချင်လောက်အောင် ထိုနှုတ်ခမ်းလေးအားယစ်မူးမိသည်....
ကလေးက နမ်းပီး ပြန်ဆုတ်ခွာမည့်အလုပ်... ကျွန်တော်သူ့ခေါင်းလေးအား လက်နဲ့ပြန်ကိုင်လိုက်ပီး မြတ်မြတ်နိုးနိုးနမ်းရှိုက်မိသည်....
နောက် နဖူးလေးကိုနမ်းသည်..... မျက်လုံးလေးကိုနမ်းသည်...... ပါးပြင်လေးကိုနမ်းသည်....
အကို့အနမ်းများအောက်တွင်ကျွန်တော်သည်....ဆက်ဆက်တုန်ခါနေသော ရင်အစုံကိုဖိရင်း.... အမြတ်တနိုးခံယူသိမ်းဆည်းမိသည်....
အကိုသည် အမှန်တကယ်ပင် အနမ်းပေးပီးခဏလေးအတွင်းကို တန်းအိပ်ပျော်လေသည်....
ည ၈ နာရီလောက်တွင် ရန်ကုန်ထဲ စဝင်လာပီမို့ အောင်လေးထလိုက်ရသည် ညောင်းလိုက်တာလဲ ပြောမနေပါနဲ့ ကျွန်တော့ လက်မောင်းပေါ်အိပ်နေသော Grace အား ကြည့်ပီး.... ပြုံးလိုက်မိသည်...ကိုယ့်ကောင်မလေးမို့ပြောတာမဟုတ် သိပ်လှလေသည်... အသားအရေကလဲကြည်ပီး ဖြူဥနေတာဆိုတာ....AD ဆိုလဲအရမ်းကိုဆော်ကြည်မည့်ပုံ.... ယောကျင်္ားအချင်းချင်းတောင် အားကျရသည့်ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားသည့်အပြင် အရပ်ကလည်းမြင့်... အသားအရေကလဲကောင်းဆိုတော့.... မကြာမီဖြစ်လာတော့မဲ့ ယောက္ခမကြီးကတော့ မျက်နှာအတော်ပွင့်မယ် ထင်ပါရဲ့....
အိမ်နားလည်းရောက်တော့မှာမို့ အတွေးစကိုဖြတ်ရင်း
ငယ်လေးနှင့် AD အားနှိုးရန်လှည့်အကြည့်တွင် ကျွန်တော်ဘဝင်မကျနိုင်အောင် ဖြစ်ရလေသည်....
အိပ်နေတာ လက်ကိုင်ထားဖို့လိုလား.... လက်ကိုင်တယ်ထားပါတော့ ယောကျာင်္းအချင်းချင်းကို အဲလောက်နူးညံ့နေရလား.... ရင်ခွင်ထဲရောထည့်ဖက်စရာလိုလား..... စိတ်ထဲကမကြည်နိုင်ဖြစ်သွားရင်း
" ငယ်လေး.... ထတော့ အိမ်ရောက်ခါနီးပီ"
ခပ်ဆပ်ဆပ် လက်မောင်းအားရိုက်နှိုးမိတော့
" အား.... နာလိုက်တာ... ဖြည်းဖြည်းလုပ်ပါကိုကြီးရ...."
ကျွန်တော်သနားသွားရသည်.... ဟုတ်သည် ငယ်လေးက ကျွန်တော်တို့တအိမ်လုံး ပိုးမွေးသလိုမွေးလာခဲ့ရသော ကလေး ကြီးကြီးမားမား ရောဂါမရှိပေမယ့် ခဏခဏခြူခြာလေသည်.....
" sorry..... ထတော့"
" အင်းထပီ...."
ကျွန်တော့ Grace ရှိရာပြန်လာထိုင်ပီး... စိတ်မချလို့ နောက်လှည့်ကြည့်တော့... ငယ်လေးလက်မောင်းလေးအား အုံဖွဆိုပီးလုပ်ပေးနေတဲ့ AD....
လိုလို့လား...... မဖြစ်တော့... ဒီနှစ်ယောက်ကိုသေချာစောင့်ကြည့်ရတော့မည်..... မလိုလားအပ်သည့်ပြဿနာတွေဖြစ်မလာစေဖို့....
အိမ်ရှေ့တွင် မေမေတို့ကထွက်ကြိုနေလေသည်....
" လာကြပီဟေ့.... ကလေးတွေ... ပင်ပန်းနေကြပီလား... လာလာ ဖေကြီးရေ... အိတ်တွေကူသယ်ပေးလိုက်...."
မေမေက တက်တက်ကြွကြွပြောနေပီး ငယ်လေးအား ဘယ်လောက်လွမ်းနေလဲမသိ.... ကားပေါ်ကဆင်းတာနဲ့ကို ပွေးဖက်ကာ သူ့ရင်ခွင်ထဲဖက်ထားလေသည်.....
" မေ့သားငယ်လေး ပိန်သွားပြီး အသားတွေလဲညိုသွားတယ်... ဘယ်လောက်တောင် ကစားလာတာတုန်း..."
"မေကလည်း သားဘာမှမဖြစ်ဘူး....ခဏအိမ်ထဲအောင်းနေရင် ပြန်OK သွားမှာ...."
" အေးအေး....ရေမိုးချိုးပီးအိပ်လိုက်ကြတော့....ထမင်းရောစားကြဦးမလား..."
" တော်ပီ မေမေ သားတို့စားခဲ့တယ်....."
" အင်းအင်းသားတို့အိပ်တော့ အဲဆို"
" အော်..ငယ်လေး ဒီည ကိုကြီးနဲ့အိပ်....ခရီးအရမ်းပန်းလာတော့နေမကောင်းဖြစ်မှာစိုးလို့...."
"ဟန်....သားနေကောင်းပါတယ် ကိုကြီးကလဲ..... ကိုယ့်အခန်းမှာပဲအိပ်တော့မယ်...."
" တခုခုဖြစ်ရင် ညီ့ကိုအားနာနေရမယ်....လာလာ ကိုကြီးအခန်းပဲသွားမယ်...."
ဆိုကာ ကလေးကလက်ဆွဲခေါ်သွားလေသည်.... ကျွန်တော့မှာကြောင်တောင်တောင်ဖြင့်....
ကလေးမရှိသော အခန်းထဲယောင်ချာချာဖြစ်နေရသည်....
တစ်လလောက်နီးပါး ကလေးနဲ့အတူတူတစ်ခန်းတည်းနေနေရတော့...........အခုချိန်မှာသိပ်ကိုလွမ်းနေရသည်......ဟိုနားကြည့်လဲ သူ့ပုံရိပ်.........ဒီဘက်ကြည့်လဲ သူ့ပုံရိပ်တွေပဲမြင်နေရသည်...
"ဒေါက်ဒေါက်......"
တံခါးခေါက်သံကြားသော ပျော်သွားရသည်....ကလေးများပြန်လာ တာလားမသိ......
" ညီ...ငယ်လေး ညဝတ် အကျႌလာယူတာ..... လှဲမနေနဲ့ ရေချိုးလိုက်ဦးလေ...လန်းသွားအောင်"
" ဟုတ်............ခဏနေချိုးမှာ"
"အေးအေး.."
ကိုအောင်လေးထွက်သွားရာဘက်ကြည့်ပီး ကလေးကိုတောင်လာမယူခိုင်းဘူးလား.........
သူသိများသိသွားပီလား..........ဟာမဖြစ်နိုင်ပါဘူး...........
ရေတွေတဝကြီးချိုးပစ်လိုက်သည်..........
အိပ်ယာဘေးကိုကြည့်တော့လည်း ကလေးမရှိတော့....လူကဟာတာတာနှင့်.....
တမိုးအောက်မှာအတူတူရှိနေရပါတယ်လေဆိုပီးစိတ်ဖြေမိသည်.....
လွမ်းတာကတော့သေမတတ်..........
ကျွန်တော့လုပ်သမျှကိုလိုက်ကြည့်နေသော အကိုကြီးကြောင့် နေခက်နေရသည်...
အိပ်လို့လဲမပျော်.....ဟိုဘယ်လှည့်လိုက်ဒီဘက်လှည့်လိုက်နှင့် လူးလှိမ့်နေရသည်...
အကို့ကိုလွမ်းတယ်..............
ဖုန်းလေးအားဖွင့်လိုက်ပီး..............." အကို အိပ်ပီလား..........အရမ်းချစ်တယ်.....ပီးတော့လွမ်းတယ်"
ဆိုပီး Message ပို့လိုက်တော့ ချက်ချင် Reply ပြန်လေသည်...
" ကိုယ်လဲအရမ်းချစ်တယ်...........ခဏလေးခွဲရတာတောင်ရူးတော့မယ်ကွာ..........အိပ်တော့နော်ကလေး....Good Night...."
ဆိုတဲ့စာလေးမြင်မှ ကျွန်တော်အိပ်ပျော်တော့သည်.........