မင်းဖြစ်နေလို့ ( complete)

By kayhsoo

720K 41.5K 328

Bl story မင်းဖြစ်နေလို့ ( complete) More

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-22
Part - 23
Part-24
Part 25
Part-26
Part-27
Part-28
Part-29
Part-30
Part -31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part- 40
Part-41
Part- 42
Part-43
Part- 44
Part-45
Part-46
Ending
Extra
ေၾကာ္ျငာ

Part-21

13.7K 847 4
By kayhsoo

" မွဴးေလး.... ဒီေန႔ေတာ့ သၾကၤန္မလည္ပဲ နားေနခဲ့ပါလား... ေနလဲမေကာင္းဘဲနဲ႔.... ျပီးေတာ့ ကိုႀကီးကိုေျပာပီး ေဆးခန္းသြားရမယ္ေနာ္...."

ကၽြန္ေတာ္သည္ အိပ္ယာထဲတြင္ေခြေခြေလး အိပ္ေနေသာမွဴးေလးအား .... ေခ်ာ့ေျပာေနရင္း ဆံပင္အားဂ်ယ္ျဖင့္ေထာင္ေနရသည္....

" ဟာ.... အကိုကလဲ.... ကၽြန္ေတာ္သက္သာေနပီကို... ကိုႀကီး ကိုစိတ္ပူေအာင္မေျပာပါနဲ႔.... ေနမေကာင္းဘူးသြားေျပာရင္... အိမ္ကိုခ်က္ခ်င္းျပန္လိမ့္မယ္... ကၽြန္ေတာ့ေၾကာင့္ က်န္တဲ့လူေတြ မလည္ရပဲျဖစ္သြားမယ္....
ျပီးေတာ့... ကၽြန္ေတာ္ဒီႏွစ္မွ သၾကၤန္လည္ဖူးတာ...
မလည္ပဲမေနပါရေစနဲ႔... ဘာမွမစားေတာ့ဘူးေလေနာ္... ေျပာစကားလည္းနားေထာင္ပါ့မယ္...."

ေခါင္းတခါခါျဖင့္.... မ်က္ႏွာငယ္ေလးနဲ႔ သၾကၤန္မလည္ရမွာစိုးလို႔ ... ပ်ာပ်ာသလဲ ရွင္းျပေနေသာမွဴးေလးအားၾကည့္ရင္း... ခ်စ္စိတ္ေတြ တရစ္ရစ္တိုးလာရသည္... ကၽြန္ေတာ္တစ္ဆင့္ေလွ်ာ့လိုက္ပီး...

" အဲဆိုကိုယ့္စကားနားေထာင္ရမယ္ေနာ္.... ကိုယ္ဝတ္ခိုင္းတာဝတ္ရမယ္... အဲဆိုကိုႀကီးကို မေျပာဘူး"

" အင္းအင္း... နားေထာင္မယ္"

ေပ်ာ္သြားေသာမ်က္ႏွာေလးႏွင့္ ... ကၽြန္ေတာ့အားရီျပလာေလသည္.... ဗရမ္းဗတာ ခုန္ေနေသာရင္ဘတ္အား လစ္လွ်ဴရႈရင္း....

" ထ... အဲဆိုေရသြားခ်ိဳး.... ကိုယ္အဝတ္အစားထုတ္ထား ႏွင့္မယ္...."

ခဏေနေတာ့ အဝတ္အစားေတြထုတ္ထားခဲ့ပီး.... ေဆးေသာက္ရန္အတြက္ အစာနဲနဲေတာ့ စားမွျဖစ္မွာမို႔ Hotel ကေကၽြးေသာBreakfast အားယူရန္ ဆင္းခဲ့လိုက္သည္....

" ညီ... ငယ္ေလးေရာ... ကိုယ္ကေစာင့္ေနတာ... မလာေတာ့လို႔ လာေခၚမလို႔လုပ္ေနတာ.."

" သူအိပ္ယာထေနာက္က်ေနလို႔ ကိုႀကီး....ကၽြန္ေတာ့ကို ေပါက္မုန္႔ယူလာခဲ့ရင္ရပီတဲ့...."

ကၽြန္ေတာ္... ညာလိုက္ရသည္...

" ဒီေကာင္ေလး ေနေရာေကာင္းရဲ႕လားမသိဘူး... ေဆးတိုက္ထားမွ...."

" သူေသာက္ေနပါတယ္... စိတ္မပူပါနဲ႔ ကၽြန္ေတာ္လဲရွိေနတာပဲ.... ေသခ်ာဂ႐ုစိုက္လိုက္ပါမယ္....."

" ေက်းဇူးပဲညီရာ.... ငယ္ေလးက အရမ္းျခဴျခာတာ... မေန႔က အကင္ေတြစားထားေတာ့ ကိုယ္ညကစိုးရိမ္ေနေသးတာ....ဖုန္းဆက္မလို႔ လုပ္ေပမယ့္ အိပ္ေနရင္ႏိုးသြားမွာစိုးလို႔...."

မွဳးေလးေျပာသလိုပင္... ေနမေကာင္းတာမ်ားသိရင္ ခ်က္ခ်င္းရန္ကုန္ထျပန္မလားမသိ...
ေတာ္ေတာ္ခ်စ္တဲ့ညီအကိုေတြ....

ကၽြန္ေတာ္လဲ ေကာ္ဖီႏွင့္ မုန္႔စားလိုက္ပီး.... မွဴးေလးအတြက္ ေပါင္မုန္႔အလြတ္ ႏွင့္ ၾကက္ဥျပဳတ္ယူလာလိုက္သည္.... ေကာ္ဖီက သူနဲ႔မတည့္တာ...သူ႔အိမ္မွာကတည္းကသိရသည္....

" အကို... အသည္းေရာ... အကိုက အခန္းထဲထိ ပါဆယ္ဆြဲေနတာလား..."

ပိုးဥ ႏွင့္ ဇက္က ဘယ္အခ်ိန္ကတည္းကေရာက္ေနမွန္းမသိ.... လက္ထဲက မုန္႔ေတြၾကည့္ပီး ေျပာေနပံုက ကၽြန္ေတာ့မွာ ငတ္ႀကီးကိုက်လို႔.... ေဘးကလူေတြေတာင္ ကြက္ၾကည့္ကြက္ၾကည့္....

" ဟာ ... ပါဆယ္မဆြဲရပါဘူးကြာ.... မွဴးေလးအတြက္ယူေပးတာပါ.... "

" ဟင္ အသည္းေနမေကာင္းျဖစ္ေနပီမလား....မေန႔ကအကင္ေတြေလွ်ာက္စားေနတာေတြ႕ကတည္းက တားမလို႔ပဲ.... အကိုနဲ႔ တြဲပီး ရီလိုက္ျပံဳးလိုက္လုပ္ေနတာ... ၾကည့္ေကာင္းေကာင္းနဲ႔ ေျပာဖို႔ေမ့သြားတယ္...."

ေသလိုက္ပါေတာ့.... ေမ့သြားသတဲ့...

" ကဲကေလးမေတြ.... ေနာက္တခါျမင္ရင္ေျပာပါဗ်ာ... ကၽြန္ေတာ္က ဘာမွသူ႔အေၾကာင္းသိေသးတာမဟုတ္ေတာ့ သူတခုခုျဖစ္သြားရင္ ကၽြန္ေတာ္မခံစားႏိုင္လြန္းလို႔ပါ...."

ကၽြန္ေတာ္ စိတ္လြတ္ကိုယ္လႊတ္ေျပာမိေတာ့...
ထိုကေလးမ ႏွစ္ေယာက္မွာ ပါးစပ္ေဟာင္းသားျဖင့္....

" အဲဆို အကိုကမွဴးေလးကို.... အား....."

ဆိုပီးေအာ္ၾကေလသည္.... အေတာ့ ကို အေအာ္သန္တဲ့ ႏွစ္ေယာက္....
ကၽြန္ေတာ္မွာ မ်က္ႏွာႀကီးနီရဲထူပူေနပီမို႔ အဲႏွစ္ေယာက္အေရွ႕က အျမန္ထြက္လာရသည္....
ပီးေတာ့ ေျပာလိုက္ေသးသည္...

"အခ်စ္ေတြ ျမင္ေနရတယ္ေနာ္... ျမန္ျမန္ဖြင့္ေျပာလိုက္ေတာ့.... မွဴးေလးဘာေျပာေျပာဂ႐ုမစိုက္နဲ႔... အသည္းနဲ႔က ငယ္ငယ္ကတည္းက ေပါင္းလာတာမို႔... သူ႕ရင္ထဲက ျဖစ္ေနတာမွန္သမွ်... သူ႔မ်က္လံုးမွာ အကုန္ေပၚေနတယ္.... ေပၚသမွ်ကို ဒီက ႏွစ္ေယာက္က ဖတ္ႏိုင္ေနတာမို႔..... ဖြင့္သာေျပာလိုက္ေတာ့...ဟီး..."

တဲ့ေလ.... ကၽြန္ေတာ့မွာ ေပ်ာ္ပီး... ျမန္ျမန္ အခန္းရွိရာသို႔ေျပးလာရသည္.....

သူတို႔ေျပာသမွ်ကို ၾကားသြားသူတေယာက္ကေတာ့ စိုးရိမ္စိတ္ေတြဝင္သြားပီး...

" မျဖစ္ဘူး ခပ္ခြာခြားထားမွျဖစ္ေတာ့မည္...."

AD မွာ အခန္းထဲျပန္ေရာက္ေနသည့္တိုင္ေအာင္...ျပံဳးၿဖီးေနသည့္မ်က္ႏွာက ေတာ္ေတာ္ႏွင့္ တည္မရ....
စူပုတ္ပုတ္ႏွင့္ က်ႌမဝတ္ဘဲထိုင္ေနေသာ မွဴးေလးကိုျမင္မွ အရွိန္သတ္ရသည္....

" ကေလး,.. ဘာျဖစ္ေနတာလဲ...."

" ကၽြန္ေတာ္ ဒါေတြဝတ္ရမွာလား.... လူေတာင္မေပၚေလာက္ေတာ့ဘူး...."
စူပုတ္ပုတ္မ်က္ႏွာျဖင့္ အက်ႌလဲမဝတ္ထားပဲ ထုတ္ထားေသာအက်ႌမ်ားအား လက္ညႈိးထိုးေနေသာ မွဴးေလး....

" ကေလးရာ... ေနေကာင္းတာလဲမဟုတ္ဘဲနဲ႔.... ဘာလို႔ ဘာမွမဝတ္ဘဲထိုင္ေနရတာလဲ....ထ ကေလးက လိမၼာတယ္... ကိုယ္ဝတ္ေပးမယ္...."

အက်ႌမ႐ွိေသာ မွဴးေလးအားၾကည့္ရင္းလူက အာေခါင္ေတြေတာင္ေျခာက္လာရသည္မို႔ အက်ႌ အျမန္စြတ္ေပးလိုက္ရသည္.... ဒီေလာက္လွရလားကြာ....

ကၽြန္ေတာ္ ဘာေၾကာင့္မွန္းမသိ... အကို႔ကို ဆိုးခ်င္သည္...ခၽြဲခ်င္လာသည္..... သူကိုယ့္ကို အစစအရာရာ ဂ႐ုစိုက္တဲ့အေပၚသာယာမိသည္.... ကိုႀကီးသည္လဲ ကၽြန္ေတာ့အေပၚမွာ အရမ္းဂ႐ုစိုက္ေသာ္လည္း ခံစားခ်က္ခ်င္းကမတူ....
အခုလဲသူဝတ္ေပးေတာ့ ကၽြန္ေတာျငိမ္ခံေနမိသည္..
ကၽြန္ေတာ္ အက်ႌဝတ္ရင္း စိတ္ညစ္သည္ၾကားက ရယ္ခ်င္လာမိသည္..... ၾကည့္ဦး... T-shirt ပီးရင္ အေႏြးထည္ ဆြယ္တာလက္ရွည္... ပီးရင္ hoodies... ပီးရင္ ေမေမထည့္ေပးလိုက္ေသာ... မိုးကာအက်ႌ... အက်ႌေတြၾကားမွာ လူကမေပၚေတာ့ေပ....

အကိုအား ၾကည့္လိုက္ေတာ့ ကၽြန္ေတာ့အား ၾကည့္ေနသည္ ႏွင့္ဆံုေလသည္... ကၽြန္ေတာ္လဲ အၾကည့္မလႊဲျဖစ္ေပ... အကို႔ အၾကည့္ထဲတြင္ ကၽြန္ေတာ့အားျမတ္ႏိုးသည့္ အရိပ္အေယာင္မ်ားေတြ႕လိုက္ရသည္ဟု ကၽြန္ေတာ္စိတ္ႀကီးဝင္စြာ ေတြးပစ္လိုက္သည္....

ဘာလဲမွဴးေလးရာ...
မလာပါနဲ႔ေျပာတာလဲ နင္ပဲ.....
မျဖစ္သင့္ဘူး ေျပာေနတာလဲနင္ပဲ...
အကို႔ကို နစ္နစ္နာနာ ေျပာခဲ့တာလဲနင္ပဲ....
ေဟာ... အခု အကို႔ဆီက အၾကင္နာေတြ ျမတ္ႏိုးမႈေတြ လိုလားေတာင္းတေနတာလဲ နင္ပဲ....
ငါက အမ်ိဳးမ်ိဳးေတြျဖစ္ေနရေအာင္...ဘာေလးလား....
ကိုယ့္ကိုယ္ ကိုယ္ အေျဖေတြထုတ္ရင္း ခဏတာေၾကာင္အသြားမိသည္....

ကၽြန္ေတာ္ အကို႔ကို ခ်စ္ေနမိတာလား....
ကၽြန္ေတာ္ ထိတ္လန္႔သြားမိသည္....တၿပိဳင္တည္းမွာပင္ အႏွစ္ႏွစ္အလလက တြက္ေနေသာပုဒ္စာက အေျဖရသြားသကဲ့သို႔ စိတ္လက္ေပါ့ပါးသြားရသည္...
ပီးေတာ့ ကၽြန္ေတာ္ျပံဳးမိသည္....
ဟုတ္တယ္... ငါ အကို႔ကိုခ်စ္ေနတာ... အရမ္းခ်စ္မိသြားတာ....

အမ်ိဳးမ်ိဳးျဖစ္ေနေသာ ကၽြန္ေတာ့ ပံုအားၾကည့္ပီး ေၾကာင္ေတာင္ေတာင္ျဖစ္ေနေသာ အကို႔ပါးျပင္အား ကၽြန္နမ္းပစ္လိုက္မိသည္....

" ေဒါက္... ေဒါက္"
" ငယ္ေလး... မပီးေသးဘူးလား သြားမယ္... အကုန္လံုးေစာင့္ေနၾကတယ္..."

" လာပီ ကိုႀကီး...."

အူေၾကာင္ေၾကာင္ျဖစ္ေနေသာ အကို႔အားဆြဲေခၚလာခဲ့ရသည္....

ခဏေလးအတြင္းျဖစ္ပ်က္သြားေသာ အေျခအေနအား ကၽြန္ေတာ္နားမလည္ေတာ့ေပ...ေၾကာင္ေတာင္ေတာင္ျဖစ္ေနေသာ ကၽြန္ေတာ့အား လာဆြဲေခၚေသာ ကေလးေနာက္ကို ပါလာရသည္.... ခုနက အျဖစ္အပ်က္ကို ျပန္ေတြးရင္း ျပံဳးလာရေသာ ကၽြန္ေတာ္...
မွဴးေလးလဲ ကၽြန္ေတာ့ အေပၚခံစားခ်က္႐ွိေနသည္ေပါ့... ကေလးနမ္းလိုက္ေသာ ပါးျပင္အား အႀကိမ္ႀကိမ္ကိုင္ရင္း... ကၽြန္ေတာ့ႏွလံုးသားေလး အခါခါေႂကြရသည္...

" ၾကာလိုက္တာ ငယ္ေလးရာ... လာ"

ကၽြန္ေတာ့အား ဆြဲထားေသာ ငယ္ေလးလက္ကို ကိုႀကီးက ဆြဲေခၚသြားေလသည္....

လုပ္ခ်င္တာလုပ္ပီးရင္ အလွဆံုးျပံဳးေနတတ္သူ
ဆိုတဲ႔ Snare ရဲ႕ သီခ်င္းလိုပဲ.... နားရြက္ဖ်ားေလးေတြေတာင္နီရဲကာ... ရွက္ျပံဳးေလးျဖင့္ ကၽြန္ေတာ့အား ျပံဳးျပပီး ကိုႀကီးေနာက္ကိုပါသြားေသာ ကၽြန္ေတာ့ကေလး....

ကၽြန္ေတာ္... ခါးေထာက္ ... ေခါင္းေမာ့ပီး ရီပစ္လိုက္မိသည္.... ပီးေတာ့ ကၽြန္ေတာ့ ကေလးရွိရာေနာက္ကို အျမန္လိုက္ရသည္....

ကားေပၚေရာက္မွ ကေလးအား ေရေတြၾကားထဲကာကြယ္ေပးရင္း... အရင္ကထက္ပိုပီး ေႏြးေထြးစြာ ဖက္ထားရဦးမည္... အရင္က မပိုင္ဆိုင္ရေတာ့ဘူးလို႔ ေတြးထင္ထားတာေတြ အတြက္ ထိုကေလးအား အနမ္းေလးေတြ လူမသိသူမသိ ခိုးခိုးပီး နမ္းပစ္ရဦးမည္...
ကေလးက ကၽြန္ေတာ့ အပိုင္ဆိုတာ... တေလာကလံုးသိေအာင္ႂကြားခ်င္ေသးတယ္....
ဘဝမွ တခါမွ မေပ်ာ္ဖူးေသာ အေပ်ာ္ေတြႏွင့္.....

" ဒီေန႔ေတာ့ ျပင္ဦးလြင္တက္ၾကမယ္...."

" Grace လည္းသူငယ္ခ်င္းေတြနဲ႔ ခ်ိန္းထားလိုက္ဦး..."

" ခ်ိန္းထားပီးပါပီကို... ဒီဇင္ဘာျခံမွာေစာင့္မယ္တဲ့...
ထမင္းကို အဲမွာပဲေကၽြးဖို႔ျပင္ဆင္ထားတယ္တဲ့"

ေဟး.... အကုန္လံုးေပ်ာ္ေနၾကေလသည္...

မေပ်ာ္ႏိုင္သူမွာ ကၽြန္ေတာ္ ႏွင့္ အကို.....
ဒီေန႔မွ ဘာစိတ္ကူးေပါက္သည္မသိ.... ကိုႀကီးက ကၽြန္ေတာ့္အား သူ႔ေဘးတြင္သာေနေစသည္....
အေၾကာင္းျပခ်က္က ေနမေကာင္းျဖစ္မွာ စိတ္ပူလို႔တဲ့... အကို႔ကို ၾကည့္ပီး ရယ္လဲရယ္ခ်င္သြားသလို... သနားလဲသနားရသည္....

ဘာေၾကာင့္ သူ႔အားနမ္းလဲဆိုေသာအေျဖကို ၾကားခ်င္ေနေပလိမ့္မည္.... အီလည္လည္မ်က္ႏွာျဖင့္... ကၽြန္ေတာ့ သူငယ္ခ်င္းမႏွစ္ေယာက္ၾကား ညႇပ္ပီးေမးသမွ်ကို ေျဖေနေလသည္.... ကၽြန္ေတာ့ကိုလဲ လွည့္ၾကည့္ လွည့္ၾကည့္ႏွင့္ ျပံဳးျပေသးသည္....
ဟိုႏွစ္ေယာက္ကလဲ တိုးတိုး တိုးတိုးျဖင့္ ႀကိတ္ေျပာေနေလသည္... အကို႔မ်က္ႏွာမွာ ရဲတက္သြားလိုက္.... နီသြားလိုက္... လည္ပင္းေလး ပြတ္လိုက္လုပ္ပီး တခ်က္ တခ်က္ ကၽြန္ေတာ့ အားၾကည့္ပီးေျပာေနေသာ သံုးေယာက္သား... ေသခ်ာသည္.. ဒါကၽြန္ေတာ့ အေၾကာင္းေျပာေနၾကတာ....

ရွက္ေနေသာ အကို႔အားၾကည့္ရင္း... ကၽြန္ေတာ့မွာ... အခ်စ္စိတ္ေတြ တဖြားဖြား ျဖစ္ေပၚလာပီး
အကို႔လက္ေလးကို ကိုင္ထားခ်င္သည္....
အကို႔ရင္ခြင္ထဲတိုးဝင္ပီး ခၽြဲခ်င္သည္.....
အကို႔အား ေနရာမလပ္ နမ္းခ်င္လာသည္....
ဒီေန႔က်မွာ ကၽြန္ေတာ့အား ပိုပီးဂ႐ုစိုက္ေနေသာ ကိုႀကီးကိုေတာင္ မေက်မနပ္ျဖစ္လာရသည္.....

" အကို.... ဖြင့္ေျပာပီးပီးလား.... အသည္းက အကို႔ကိုၾကည့္ေနလိုက္တာ.... မ်က္လံုးေတာင္ ကၽြတ္ေတာ့မယ္..."

ကၽြန္ေတာ့အား ေလးသံတိုးတိုးျဖင့္ မွဴးေလးအား ေမးေငါ့ပီး ေမးလာေသာ ဇက္... ကားေပၚမွာဆိုေတာ့ တျခားလူၾကားမွာလည္းစိုးရသည္မို႔ တိုးတိုးေလး ေျပာေနၾကရသည္....
ကၽြန္ေတာ္ မွာရွက္ကလဲရွက္ ရင္ကလည္းဖြင့္ခ်င္... ကိုယ့္အေျခအေနကို နားလည္ေပးႏိုင္တာကလဲ ဒီႏွစ္ေယာက္ပဲရွိတာမို႔ ေခါင္းကုတ္လိုက္ပီး

" ေျပာရေသးဘူး... ဒါေပမယ့္သူသိလိမ့္မယ္ ကိုယ္ခ်စ္တာ... စကားနဲ႔ေျပာျပစရာမလိုေအာင္ ကိုယ္ျပထားပီးပီမို႔......"

"အိ... ဇက္ေရ... ငါေတာ့ေသပီ...."

ဆိုပီး ဇက္ေက်ာျပင္အား တဘံုးဘံုး ထုေနေလသည္...

" အာ... ငါေသေတာ့မယ္ မိပိုး.... ျဖည္းျဖည္းလုပ္ပါဟ..."

" ဒီေန႔မွပဲ ကိုေအာင္ေလးက ဘာလို႔ မွဴးေလးကိုေခၚထားမွန္းမသိဘူး.... အမရွိေနရဲ႕သားနဲ႔.... ဟိုမွာလဲၾကည့္ဦး နင့္အသည္းက ဒီဘက္လာခ်င္ေနတာ တပိုင္းကို ေသေတာ့မယ့္ ပံုစံနဲ႔..."

ဇက္ဆိုမိေတာ့
" ေအးဟယ္... ဒီေန႔ေတာ့ တရားဝင္ျဖစ္ပီလို႔ေတြးထားတာကို.."

သူတို႔ေတာင္ အဲလိုျဖစ္ေနရင္ ကိုယ္ေတြသာဆို ဘယ္ေလာက္ေတာင္ ကလိကလိ ျဖစ္ေနလိုက္မလဲဗ်ာ.... ဘာမွ မထူးေတာ့တာမို႔ ဇြတ္မွိတ္အိပ္လိုက္ရသည္... မွဴးေလးလဲအိပ္ေပ်ာ္ေနပီမို႔.....

" မှူးလေး.... ဒီနေ့တော့ သင်္ကြန်မလည်ပဲ နားနေခဲ့ပါလား... နေလဲမကောင်းဘဲနဲ့.... ပြီးတော့ ကိုကြီးကိုပြောပီး ဆေးခန်းသွားရမယ်နော်...."

ကျွန်တော်သည် အိပ်ယာထဲတွင်ခွေခွေလေး အိပ်နေသောမှူးလေးအား .... ချော့ပြောနေရင်း ဆံပင်အားဂျယ်ဖြင့်ထောင်နေရသည်....

" ဟာ.... အကိုကလဲ.... ကျွန်တော်သက်သာနေပီကို... ကိုကြီး ကိုစိတ်ပူအောင်မပြောပါနဲ့.... နေမကောင်းဘူးသွားပြောရင်... အိမ်ကိုချက်ချင်းပြန်လိမ့်မယ်... ကျွန်တော့ကြောင့် ကျန်တဲ့လူတွေ မလည်ရပဲဖြစ်သွားမယ်....
ပြီးတော့... ကျွန်တော်ဒီနှစ်မှ သင်္ကြန်လည်ဖူးတာ...
မလည်ပဲမနေပါရစေနဲ့... ဘာမှမစားတော့ဘူးလေနော်... ပြောစကားလည်းနားထောင်ပါ့မယ်...."

ခေါင်းတခါခါဖြင့်.... မျက်နှာငယ်လေးနဲ့ သင်္ကြန်မလည်ရမှာစိုးလို့ ... ပျာပျာသလဲ ရှင်းပြနေသောမှူးလေးအားကြည့်ရင်း... ချစ်စိတ်တွေ တရစ်ရစ်တိုးလာရသည်... ကျွန်တော်တစ်ဆင့်လျှော့လိုက်ပီး...

" အဲဆိုကိုယ့်စကားနားထောင်ရမယ်နော်.... ကိုယ်ဝတ်ခိုင်းတာဝတ်ရမယ်... အဲဆိုကိုကြီးကို မပြောဘူး"

" အင်းအင်း... နားထောင်မယ်"

ပျော်သွားသောမျက်နှာလေးနှင့် ... ကျွန်တော့အားရီပြလာလေသည်.... ဗရမ်းဗတာ ခုန်နေသောရင်ဘတ်အား လစ်လျှူရှုရင်း....

" ထ... အဲဆိုရေသွားချိုး.... ကိုယ်အဝတ်အစားထုတ်ထား နှင့်မယ်...."

ခဏနေတော့ အဝတ်အစားတွေထုတ်ထားခဲ့ပီး.... ဆေးသောက်ရန်အတွက် အစာနဲနဲတော့ စားမှဖြစ်မှာမို့ Hotel ကကျွေးသောBreakfast အားယူရန် ဆင်းခဲ့လိုက်သည်....

" ညီ... ငယ်လေးရော... ကိုယ်ကစောင့်နေတာ... မလာတော့လို့ လာခေါ်မလို့လုပ်နေတာ.."

" သူအိပ်ယာထနောက်ကျနေလို့ ကိုကြီး....ကျွန်တော့ကို ပေါက်မုန့်ယူလာခဲ့ရင်ရပီတဲ့...."

ကျွန်တော်... ညာလိုက်ရသည်...

" ဒီကောင်လေး နေရောကောင်းရဲ့လားမသိဘူး... ဆေးတိုက်ထားမှ...."

" သူသောက်နေပါတယ်... စိတ်မပူပါနဲ့ ကျွန်တော်လဲရှိနေတာပဲ.... သေချာဂရုစိုက်လိုက်ပါမယ်....."

" ကျေးဇူးပဲညီရာ.... ငယ်လေးက အရမ်းခြူခြာတာ... မနေ့က အကင်တွေစားထားတော့ ကိုယ်ညကစိုးရိမ်နေသေးတာ....ဖုန်းဆက်မလို့ လုပ်ပေမယ့် အိပ်နေရင်နိုးသွားမှာစိုးလို့...."

မှုးလေးပြောသလိုပင်... နေမကောင်းတာများသိရင် ချက်ချင်းရန်ကုန်ထပြန်မလားမသိ...
တော်တော်ချစ်တဲ့ညီအကိုတွေ....

ကျွန်တော်လဲ ကော်ဖီနှင့် မုန့်စားလိုက်ပီး.... မှူးလေးအတွက် ပေါင်မုန့်အလွတ် နှင့် ကြက်ဥပြုတ်ယူလာလိုက်သည်.... ကော်ဖီက သူနဲ့မတည့်တာ...သူ့အိမ်မှာကတည်းကသိရသည်....

" အကို... အသည်းရော... အကိုက အခန်းထဲထိ ပါဆယ်ဆွဲနေတာလား..."

ပိုးဥ နှင့် ဇက်က ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိ.... လက်ထဲက မုန့်တွေကြည့်ပီး ပြောနေပုံက ကျွန်တော့မှာ ငတ်ကြီးကိုကျလို့.... ဘေးကလူတွေတောင် ကွက်ကြည့်ကွက်ကြည့်....

" ဟာ ... ပါဆယ်မဆွဲရပါဘူးကွာ.... မှူးလေးအတွက်ယူပေးတာပါ.... "

" ဟင် အသည်းနေမကောင်းဖြစ်နေပီမလား....မနေ့ကအကင်တွေလျှောက်စားနေတာတွေ့ကတည်းက တားမလို့ပဲ.... အကိုနဲ့ တွဲပီး ရီလိုက်ပြုံးလိုက်လုပ်နေတာ... ကြည့်ကောင်းကောင်းနဲ့ ပြောဖို့မေ့သွားတယ်...."

သေလိုက်ပါတော့.... မေ့သွားသတဲ့...

" ကဲကလေးမတွေ.... နောက်တခါမြင်ရင်ပြောပါဗျာ... ကျွန်တော်က ဘာမှသူ့အကြောင်းသိသေးတာမဟုတ်တော့ သူတခုခုဖြစ်သွားရင် ကျွန်တော်မခံစားနိုင်လွန်းလို့ပါ...."

ကျွန်တော် စိတ်လွတ်ကိုယ်လွှတ်ပြောမိတော့...
ထိုကလေးမ နှစ်ယောက်မှာ ပါးစပ်ဟောင်းသားဖြင့်....

" အဲဆို အကိုကမှူးလေးကို.... အား....."

ဆိုပီးအော်ကြလေသည်.... အတော့ ကို အအော်သန်တဲ့ နှစ်ယောက်....
ကျွန်တော်မှာ မျက်နှာကြီးနီရဲထူပူနေပီမို့ အဲနှစ်ယောက်အရှေ့က အမြန်ထွက်လာရသည်....
ပီးတော့ ပြောလိုက်သေးသည်...

"အချစ်တွေ မြင်နေရတယ်နော်... မြန်မြန်ဖွင့်ပြောလိုက်တော့.... မှူးလေးဘာပြောပြောဂရုမစိုက်နဲ့... အသည်းနဲ့က ငယ်ငယ်ကတည်းက ပေါင်းလာတာမို့... သူ့ရင်ထဲက ဖြစ်နေတာမှန်သမျှ... သူ့မျက်လုံးမှာ အကုန်ပေါ်နေတယ်.... ပေါ်သမျှကို ဒီက နှစ်ယောက်က ဖတ်နိုင်နေတာမို့..... ဖွင့်သာပြောလိုက်တော့...ဟီး..."

တဲ့လေ.... ကျွန်တော့မှာ ပျော်ပီး... မြန်မြန် အခန်းရှိရာသို့ပြေးလာရသည်.....

သူတို့ပြောသမျှကို ကြားသွားသူတယောက်ကတော့ စိုးရိမ်စိတ်တွေဝင်သွားပီး...

" မဖြစ်ဘူး ခပ်ခွာခွားထားမှဖြစ်တော့မည်...."

AD မှာ အခန်းထဲပြန်ရောက်နေသည့်တိုင်အောင်...ပြုံးဖြီးနေသည့်မျက်နှာက တော်တော်နှင့် တည်မရ....
စူပုတ်ပုတ်နှင့် ကျႌမဝတ်ဘဲထိုင်နေသော မှူးလေးကိုမြင်မှ အရှိန်သတ်ရသည်....

" ကလေး,.. ဘာဖြစ်နေတာလဲ...."

" ကျွန်တော် ဒါတွေဝတ်ရမှာလား.... လူတောင်မပေါ်လောက်တော့ဘူး...."
စူပုတ်ပုတ်မျက်နှာဖြင့် အကျႌလဲမဝတ်ထားပဲ ထုတ်ထားသောအကျႌများအား လက်ညှိုးထိုးနေသော မှူးလေး....

" ကလေးရာ... နေကောင်းတာလဲမဟုတ်ဘဲနဲ့.... ဘာလို့ ဘာမှမဝတ်ဘဲထိုင်နေရတာလဲ....ထ ကလေးက လိမ္မာတယ်... ကိုယ်ဝတ်ပေးမယ်...."

အကျႌမရှိသော မှူးလေးအားကြည့်ရင်းလူက အာခေါင်တွေတောင်ခြောက်လာရသည်မို့ အကျႌ အမြန်စွတ်ပေးလိုက်ရသည်.... ဒီလောက်လှရလားကွာ....

ကျွန်တော် ဘာကြောင့်မှန်းမသိ... အကို့ကို ဆိုးချင်သည်...ချွဲချင်လာသည်..... သူကိုယ့်ကို အစစအရာရာ ဂရုစိုက်တဲ့အပေါ်သာယာမိသည်.... ကိုကြီးသည်လဲ ကျွန်တော့အပေါ်မှာ အရမ်းဂရုစိုက်သော်လည်း ခံစားချက်ချင်းကမတူ....
အခုလဲသူဝတ်ပေးတော့ ကျွန်တောငြိမ်ခံနေမိသည်..
ကျွန်တော် အကျႌဝတ်ရင်း စိတ်ညစ်သည်ကြားက ရယ်ချင်လာမိသည်..... ကြည့်ဦး... T-shirt ပီးရင် အနွေးထည် ဆွယ်တာလက်ရှည်... ပီးရင် hoodies... ပီးရင် မေမေထည့်ပေးလိုက်သော... မိုးကာအကျႌ... အကျႌတွေကြားမှာ လူကမပေါ်တော့ပေ....

အကိုအား ကြည့်လိုက်တော့ ကျွန်တော့အား ကြည့်နေသည် နှင့်ဆုံလေသည်... ကျွန်တော်လဲ အကြည့်မလွှဲဖြစ်ပေ... အကို့ အကြည့်ထဲတွင် ကျွန်တော့အားမြတ်နိုးသည့် အရိပ်အယောင်များတွေ့လိုက်ရသည်ဟု ကျွန်တော်စိတ်ကြီးဝင်စွာ တွေးပစ်လိုက်သည်....

ဘာလဲမှူးလေးရာ...
မလာပါနဲ့ပြောတာလဲ နင်ပဲ.....
မဖြစ်သင့်ဘူး ပြောနေတာလဲနင်ပဲ...
အကို့ကို နစ်နစ်နာနာ ပြောခဲ့တာလဲနင်ပဲ....
ဟော... အခု အကို့ဆီက အကြင်နာတွေ မြတ်နိုးမှုတွေ လိုလားတောင်းတနေတာလဲ နင်ပဲ....
ငါက အမျိုးမျိုးတွေဖြစ်နေရအောင်...ဘာလေးလား....
ကိုယ့်ကိုယ် ကိုယ် အဖြေတွေထုတ်ရင်း ခဏတာကြောင်အသွားမိသည်....

ကျွန်တော် အကို့ကို ချစ်နေမိတာလား....
ကျွန်တော် ထိတ်လန့်သွားမိသည်....တပြိုင်တည်းမှာပင် အနှစ်နှစ်အလလက တွက်နေသောပုဒ်စာက အဖြေရသွားသကဲ့သို့ စိတ်လက်ပေါ့ပါးသွားရသည်...
ပီးတော့ ကျွန်တော်ပြုံးမိသည်....
ဟုတ်တယ်... ငါ အကို့ကိုချစ်နေတာ... အရမ်းချစ်မိသွားတာ....

အမျိုးမျိုးဖြစ်နေသော ကျွန်တော့ ပုံအားကြည့်ပီး ကြောင်တောင်တောင်ဖြစ်နေသော အကို့ပါးပြင်အား ကျွန်နမ်းပစ်လိုက်မိသည်....

" ဒေါက်... ဒေါက်"
" ငယ်လေး... မပီးသေးဘူးလား သွားမယ်... အကုန်လုံးစောင့်နေကြတယ်..."

" လာပီ ကိုကြီး...."

အူကြောင်ကြောင်ဖြစ်နေသော အကို့အားဆွဲခေါ်လာခဲ့ရသည်....

ခဏလေးအတွင်းဖြစ်ပျက်သွားသော အခြေအနေအား ကျွန်တော်နားမလည်တော့ပေ...ကြောင်တောင်တောင်ဖြစ်နေသော ကျွန်တော့အား လာဆွဲခေါ်သော ကလေးနောက်ကို ပါလာရသည်.... ခုနက အဖြစ်အပျက်ကို ပြန်တွေးရင်း ပြုံးလာရသော ကျွန်တော်...
မှူးလေးလဲ ကျွန်တော့ အပေါ်ခံစားချက်ရှိနေသည်ပေါ့... ကလေးနမ်းလိုက်သော ပါးပြင်အား အကြိမ်ကြိမ်ကိုင်ရင်း... ကျွန်တော့နှလုံးသားလေး အခါခါကြွေရသည်...

" ကြာလိုက်တာ ငယ်လေးရာ... လာ"

ကျွန်တော့အား ဆွဲထားသော ငယ်လေးလက်ကို ကိုကြီးက ဆွဲခေါ်သွားလေသည်....

လုပ်ချင်တာလုပ်ပီးရင် အလှဆုံးပြုံးနေတတ်သူ
ဆိုတဲ့ Snare ရဲ့ သီချင်းလိုပဲ.... နားရွက်ဖျားလေးတွေတောင်နီရဲကာ... ရှက်ပြုံးလေးဖြင့် ကျွန်တော့အား ပြုံးပြပီး ကိုကြီးနောက်ကိုပါသွားသော ကျွန်တော့ကလေး....

ကျွန်တော်... ခါးထောက် ... ခေါင်းမော့ပီး ရီပစ်လိုက်မိသည်.... ပီးတော့ ကျွန်တော့ ကလေးရှိရာနောက်ကို အမြန်လိုက်ရသည်....

ကားပေါ်ရောက်မှ ကလေးအား ရေတွေကြားထဲကာကွယ်ပေးရင်း... အရင်ကထက်ပိုပီး နွေးထွေးစွာ ဖက်ထားရဦးမည်... အရင်က မပိုင်ဆိုင်ရတော့ဘူးလို့ တွေးထင်ထားတာတွေ အတွက် ထိုကလေးအား အနမ်းလေးတွေ လူမသိသူမသိ ခိုးခိုးပီး နမ်းပစ်ရဦးမည်...
ကလေးက ကျွန်တော့ အပိုင်ဆိုတာ... တလောကလုံးသိအောင်ကြွားချင်သေးတယ်....
ဘဝမှ တခါမှ မပျော်ဖူးသော အပျော်တွေနှင့်.....

" ဒီနေ့တော့ ပြင်ဦးလွင်တက်ကြမယ်...."

" Grace လည်းသူငယ်ချင်းတွေနဲ့ ချိန်းထားလိုက်ဦး..."

" ချိန်းထားပီးပါပီကို... ဒီဇင်ဘာခြံမှာစောင့်မယ်တဲ့...
ထမင်းကို အဲမှာပဲကျွေးဖို့ပြင်ဆင်ထားတယ်တဲ့"

ဟေး.... အကုန်လုံးပျော်နေကြလေသည်...

မပျော်နိုင်သူမှာ ကျွန်တော် နှင့် အကို.....
ဒီနေ့မှ ဘာစိတ်ကူးပေါက်သည်မသိ.... ကိုကြီးက ကျွန်တော့်အား သူ့ဘေးတွင်သာနေစေသည်....
အကြောင်းပြချက်က နေမကောင်းဖြစ်မှာ စိတ်ပူလို့တဲ့... အကို့ကို ကြည့်ပီး ရယ်လဲရယ်ချင်သွားသလို... သနားလဲသနားရသည်....

ဘာကြောင့် သူ့အားနမ်းလဲဆိုသောအဖြေကို ကြားချင်နေပေလိမ့်မည်.... အီလည်လည်မျက်နှာဖြင့်... ကျွန်တော့ သူငယ်ချင်းမနှစ်ယောက်ကြား ညှပ်ပီးမေးသမျှကို ဖြေနေလေသည်.... ကျွန်တော့ကိုလဲ လှည့်ကြည့် လှည့်ကြည့်နှင့် ပြုံးပြသေးသည်....
ဟိုနှစ်ယောက်ကလဲ တိုးတိုး တိုးတိုးဖြင့် ကြိတ်ပြောနေလေသည်... အကို့မျက်နှာမှာ ရဲတက်သွားလိုက်.... နီသွားလိုက်... လည်ပင်းလေး ပွတ်လိုက်လုပ်ပီး တချက် တချက် ကျွန်တော့ အားကြည့်ပီးပြောနေသော သုံးယောက်သား... သေချာသည်.. ဒါကျွန်တော့ အကြောင်းပြောနေကြတာ....

ရှက်နေသော အကို့အားကြည့်ရင်း... ကျွန်တော့မှာ... အချစ်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာပီး
အကို့လက်လေးကို ကိုင်ထားချင်သည်....
အကို့ရင်ခွင်ထဲတိုးဝင်ပီး ချွဲချင်သည်.....
အကို့အား နေရာမလပ် နမ်းချင်လာသည်....
ဒီနေ့ကျမှာ ကျွန်တော့အား ပိုပီးဂရုစိုက်နေသော ကိုကြီးကိုတောင် မကျေမနပ်ဖြစ်လာရသည်.....

" အကို.... ဖွင့်ပြောပီးပီးလား.... အသည်းက အကို့ကိုကြည့်နေလိုက်တာ.... မျက်လုံးတောင် ကျွတ်တော့မယ်..."

ကျွန်တော့အား လေးသံတိုးတိုးဖြင့် မှူးလေးအား မေးငေါ့ပီး မေးလာသော ဇက်... ကားပေါ်မှာဆိုတော့ တခြားလူကြားမှာလည်းစိုးရသည်မို့ တိုးတိုးလေး ပြောနေကြရသည်....
ကျွန်တော် မှာရှက်ကလဲရှက် ရင်ကလည်းဖွင့်ချင်... ကိုယ့်အခြေအနေကို နားလည်ပေးနိုင်တာကလဲ ဒီနှစ်ယောက်ပဲရှိတာမို့ ခေါင်းကုတ်လိုက်ပီး

" ပြောရသေးဘူး... ဒါပေမယ့်သူသိလိမ့်မယ် ကိုယ်ချစ်တာ... စကားနဲ့ပြောပြစရာမလိုအောင် ကိုယ်ပြထားပီးပီမို့......"

"အိ... ဇက်ရေ... ငါတော့သေပီ...."

ဆိုပီး ဇက်ကျောပြင်အား တဘုံးဘုံး ထုနေလေသည်...

" အာ... ငါသေတော့မယ် မိပိုး.... ဖြည်းဖြည်းလုပ်ပါဟ..."

" ဒီနေ့မှပဲ ကိုအောင်လေးက ဘာလို့ မှူးလေးကိုခေါ်ထားမှန်းမသိဘူး.... အမရှိနေရဲ့သားနဲ့.... ဟိုမှာလဲကြည့်ဦး နင့်အသည်းက ဒီဘက်လာချင်နေတာ တပိုင်းကို သေတော့မယ့် ပုံစံနဲ့..."

ဇက်ဆိုမိတော့
" အေးဟယ်... ဒီနေ့တော့ တရားဝင်ဖြစ်ပီလို့တွေးထားတာကို.."

သူတို့တောင် အဲလိုဖြစ်နေရင် ကိုယ်တွေသာဆို ဘယ်လောက်တောင် ကလိကလိ ဖြစ်နေလိုက်မလဲဗျာ.... ဘာမှ မထူးတော့တာမို့ ဇွတ်မှိတ်အိပ်လိုက်ရသည်... မှူးလေးလဲအိပ်ပျော်နေပီမို့.....

Continue Reading

You'll Also Like

350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
397K 32.3K 32
မျက်ဝန်းညိုတို့ကိုစိုက်ကြည့်မိတဲ့တစ်ခဏ ထိုမျက်ဝန်းတွေထဲကြယ်တာရာများခဏစုဝေး၏ အရည်လဲ့တဲ့မျက်ဝန်းတွေကတောက်ပစွာ ခေါင်းကိုငြိမ့်ကာပြုံးလိုက်ပါသောတစ်ခဏ ...
685K 66.1K 48
Kōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.
246K 12.6K 59
သံသရာတစ်ကွေ့ ဒီဘဝဝယ် ချစ်ခဲ့ဖူးသည် သူ့အပါးတွင် ခိုဖူးချင်သည် နောက်နောင်ဘဝ လွမ်းချင်းရပ်မည် ချစ်ခြင်းအတ္တ ဤဘဝ...။ 𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞-20.4.202...