Don't Say Sorry

By user61560342

8.6K 589 68

မ​တောင်းပန်​ပါနဲ့ ခင်​များဘာမှမမှားခဲ့တာမို့...... ဘာဖြစ်​ဖြစ်​နားလည်​​ပေးနိုင်​တာမို့....... ကျွန်​​တော့်​ရ... More

Don't say sorry-1
Don't say sorry-3
Don't say sorry-4
Don't say sorry-5
Don't say sorry-6
Don't say sorry-7
Don't say sorry-8
Don't say sorry-9
Don't say sorry-10
Don't say sorry-11
Don't say sorry-12

Don't say sorry-2

984 46 8
By user61560342

"ဟွန်း​လေး လာပြီလား Noona ဘယ်​လို​နေလဲ ကြည့်​ရတာ အဆင်​​ပြေရဲ့လား"

"ဒါ​ပေါ့ ကျွန်​​တော့်​ Noona က ​ချောပြီးသားပဲကို"

"ဟွန်း​လေးကလည်း....."

"ကဲပါ ​မောင်​နှမနှစ်​​ယောက်​ ​မြှောက်​​နေကြတာ မပြီးနိုင်​​တော့ဘူး၊ အ​ရှေ့မှာ ဧည့်​သည်​​တွေ​စောင့်​​နေပြီ မြန်​မြန်​ထွက်​ခဲ့​တော့"

"Omma ကလည်း"

Noona က​တော့ ရှက်​ပြုံး​လေးဖြင့်​ ပြန်​​ပြော​လေရဲ့။ ကျွန်​​တော်​က​လား။ကျွန်​​တော်​က​တော့ မမြင်​နိုင်​တဲ့ဒဏ်​ရာဒဏ်​ချက်​​တွေကို မြင်​နိုင်​တဲ့ဟန်​​ဆောင်​အပြုံးတစ်​ခုနဲ့ ဖုံးကွယ်​ရင်း​နဲ့ပေါ့။

သူ.......

ကျွန်​​တော့်​ရဲ့ တစ်​ဦးတည်း​သောချစ်​ရသူ.......

လျှောက်​လှမ်းထိပ်​မှာရပ်​လို့ ကျွန်​​တော်​တို့နှစ်​​ယောက်​ကို ​ငေးကြည့်​​နေ​လေရဲ့။ လှမ်းမြင်​​နေရတဲ့ သူ့မျက်​ဝန်း​တွေမှာ ​တောင်းပန်​တိုးလျှိုရိပ်​​တွေ အထင်းသား။

မ​တောင်းပန်​ပါနဲ့ ခင်​များဘာမှမမှားခဲ့တာတာမို့်​......
ဘာဖြစ်​ဖြစ်​နားလည်​​ပေးနိုင်​တာမို့........
ကျွန်​​တော့်​​နောက်​ဆုံးထွက်​သက်​ထိ ခင်​များတစ်​​ယောက်​တည်း ချစ်​သွားမှာမို့.....
ခင်​များကိုအားလုံးခွင့်​လွှတ်​ထားတာမို့......

က​လေး​ရေ.......
သူကိုယ်​တိုင်​ ကျွန်​​တော်​လက်​ထပ်​ရမည့်​ သတို့သမီးကို ခန်းမထဲလက်​တွဲပီးဝင်​လာတာ သူ့ရင်​ထဲဘယ်​​လောက်​​တောင်​ ခံစား​နေရမလဲ.........
သူ့မျက်​ဝန်း​တွေကတစ်​ဆင့်​​ပြော​နေတာ ကျွန်​​တော့်​ကိုခွင့်​လွှတ်​တယ်​တဲ့ ........
ကိုယ်​ဟာခွှင့်​လွှတ်​မှုဆိုတဲ့ စကားနဲ့​တောင်​မထိုက်​တန်​သူရယ်​ပါ.......

မျက်​ရည်​ကြည်​များပြည့်​လျှံ​နေ​သော မျက်​ဝန်းများနှင့်​ ကျွန်​​တော့်​လက်​ထဲသို့ ဝင်​​ရောက်​လာ​သောလက်​တစ်​စုံ......

"Noona ကို​ကောင်း​ကောင်း​စောင့်​​ရှောက်​ပါ Hyung"

အများအမြင်​မှာ​တော့သူဟာ အမကို​ပေးလိုက်​ရ၍ နှ​မြောတသရှိ​နေသကဲ့သို့။ အမှန်​တကယ်​ ခံစားချက်​ကို​တော့ ထိုလူသားနှစ်​ဦးသာလျှင်​အသိဆုံး။

သူဒီ​လောက်​​တော့ ဝမ်းနည်းခွင့်​ရှိတယ်​မလား။ ထိန်းထားတဲ့ကြားထဲက လက်​တစ်​စုံ​ပေါ်ကျ​သွား​သော မျက်​ရည်​စက်​။
လှမ်းကြည့်​လာ​သော မျက်​ဝန်းတစ်​စုံ။

မကြည့်​ပါနဲ့ ဒီလိုအချိန်​မှာ ခင်​များပါမျက်​ရည်​ကျရင်​ လူ​တွေအားလုံးအမြင်​မှာ ဘာဖြစ်​သွားမလဲ။ ဒီ​တော့လဲ ဟန်​​ဆောင်​ကာဖြင့်

"ဟင့်​ Noona က ကျွန်​​တော့်​ကိုထားသွားပြီ၊ ​ပြော​တော့ ငါ့​မောင်​​လေးနဲ့ပဲ​နေမှာ ​ယောကျာ်းမယူပါဘူးဆိုပြီး"

"ဟွန်း​လေးက​တော့​လေ က​လေးကျ​နေတာပဲ မျက်​ရည်​​တွေနဲ့"

"လက်​ထပ်​ပြီးလဲ Noona က ဟွန်း​လေးတို့နဲ့ အတူတူ​နေမှာပဲဟာကို Aigo က​လေး​လေးကျ​နေတာပဲ ငါ့​မောင်​​လေးက​တော့"

ကျေးဇူးပါ Noona ​ရေ အတူတူ​နေမယ်​ဆိုလို့ အနည်းဆုံး​တော့ ကျွန်​​တော်​ သူ့မျက်​နှာ​လေးကို မြင်​​နေခွင့်​ရှိ​သေးတယ်​​လေ။

"ယခုချိန်​မှစ၍ သတို့သား ပတ်​ချန်း​ယောလ်​နှင့်​ သတို့သမီး အိုဂျီဟွန်းတို့ တရားဝင်​ အကြင်​လင်​မယား ဖြစ်​​​မြောက်​သွားပါပြီ အကြင်​နာ​ပေးနိုင်​ပါပြီ"

မိုက်​ကရိုဖုန်းမှ ထွက်​​ပေါ်လာ​သော ဖာသာ၏စကားသံ​ကြောင့်​ သူခန်းမထဲမှ မြန်​နိုင်​သ​လောက်​မြန်​မြန်​ ထွက်​သွားနိုင်​​အောင်​ ကြိုးစားမိသည်​။

ဘယ်​လိုလိုပဲ​ပြော​ပြော သူကျွန်​​တော့်​​ရှေ့မှာ အခြားသူတစ်​​ယောက်​နဲ့ နမ်း​နေတာကို ကြည့်​နိုင်​​လောက်​တဲ့အထိ ခံနိုင်ရည်​​မရှိ​သေးပါ။

ခန်းမထဲကထွက်​လာကာ အခန်း​ထောင့်​မှာသာ တိတ်​တဆိတ်​ထိုင်​ငိုမိသည်​။ပုခုံးကို လာထိသာ အထိ​အ​တွေ့တစ်​စုံတစ်​ရာ

"Suho Hyung"

အရမ်းခံစား​နေရလား က​လေးငယ်​​ရေ၊ Hyung ရင်​ခွင်​က မင်းအတွက်​ဆို အမြဲတမ်းအသင့်​ရှိပြီးသားပါ......

ကျွန်​​တော်​ hyung ရင်​ခွင်​ထဲဝင်​ကာ က​လေးတစ်​​ယောက်​လို ငို​ကြွေးမိသည်​။

ငိုလိုက်​ပါ က​လေးငယ်​ မင်းခံစား​နေရတာ​တွေသာ သက်​သာသွားမယ်​ဆို hyung နှလုံးသားတစ်​ခုလုံး မင်းမျက်​ရည်​​တွေ​ကြောင့်​ ​လောက်​ကျွမ်းသွားလဲ ဂရုမစိုက်​တာမို့.......

***********************************
22.8.2018
#1183#

Continue Reading

You'll Also Like

331K 11.6K 52
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...
1M 35K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
1.8M 58.9K 72
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
701K 11.3K 65
ˏˋ°•*⁀➷ 𝗔𝗱𝗱𝗶𝗻𝗴 𝘁𝗵𝗲 𝘄𝗿𝗼𝗻𝗴 𝗻𝘂𝗺𝗯𝗲𝗿 𝘁𝗼 𝗮 𝗴𝗿𝗼𝘂𝗽𝗰𝗵𝗮𝘁 𝗶𝘀 𝗲𝗮𝘀𝗶𝗹𝘆 𝗱𝗼𝗻𝗲 𝗻𝗼 𝗺𝗮𝘁𝘁𝗲𝗿 𝗵𝗼𝘄 𝗳𝗮𝗺𝗼𝘂𝘀 𝘆𝗼�...