မင်းဖြစ်နေလို့ ( complete)

By kayhsoo

719K 41.5K 328

Bl story မင်းဖြစ်နေလို့ ( complete) More

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-21
Part-22
Part - 23
Part-24
Part 25
Part-26
Part-27
Part-28
Part-29
Part-30
Part -31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part- 40
Part-41
Part- 42
Part-43
Part- 44
Part-45
Part-46
Ending
Extra
ေၾကာ္ျငာ

Part-20

13.5K 855 2
By kayhsoo

တေနကုန္လည္လိုက္ရလို႔ လူက အရမ္းပင္ပန္းေနပီ... ေရထိလိုက္ ေနထိလိုက္ နဲ႔မို႔ ဦးထုတ္ေတြ အက်ႌ လက္႐ွည္ေတြဝတ္ထားတာေတာင္မွာ မ်က္ႏွာမွာ ေနေလာင္သလို နီရဲပီးစပ္ေနေလသည္...

ႏွစ္ေယာက္သားေရမိုးခ်ိဳးထမင္းဟင္းစားပီး... အကိုကေတာ့ အရင္အိပ္ယာထဲဝင္ႏွင့္ပီ... ကၽြန္ေတာ္ကေတာ့ ေနေလာင္ေနေသာမ်က္ႏွာအား  ေမေမထည့္ေပးလိုက္ေသာ ခရင္ လိမ္းေနရသည္.... ႏို႔မို႔ဆို ေမေမက စိတ္မေကာင္းျဖစ္ေနလိမ့္မည္...

လိမ္းပီးေတာ့ ကၽြန္ေတာ္လည္း အိပ္ယာထဲဝင္လွဲလိုက္ရင္း ေက်ာခိုင္းအိပ္ေနေသာ အကိုေက်ာျပင္က်ယ္ႀကီး အားၾကည့္ေနမိသည္.... ၾကည့္ေနရင္းက အားလို အားမရျဖစ္လာပီး လက္က ေက်ာျပင္က်ယ္အား ထိမလို ႏွင့္ မထိပဲျပန္ခ်ရျပန္သည္....

ကၽြန္ေတာ္အကို႔အား ရြံသည္ဟု ေျပာလိုက္သည့္စကားသည္ ... ဒီေန႔က်မွ ေျပာလိုက္မိေသာ ကိုယ့္ကိုယ္ ကိုယ္ ပိုခြင့္မလႊတ္ႏိုင္တဲ႔ ခံစားခ်က္ႀကီးျဖစ္လာရသည္...
တကယ့္လက္ေတြ႕မွာလဲ ကိုယ့္ပါးအား ျပန္႐ိုက္ေနမိသည္....

ဒီရက္ပိုင္းတြင္ အကိုသည္ ကၽြန္ေတာ့ အား လိုအပ္တာမွန္သမွ် ကၽြန္ေတာ္ေျပာစရာမလိုေအာင္ပင္ျဖည့္ဆည္းေပးေလသည္... ပီးရင္သူ႔ဘာသာသူ တေနရာရာ ေငးေနတတ္သည္... စကားအပိုအလိုလဲမေျပာပဲ အရင္က တက္ႂကြသည့္ အရိပ္အေယာင္မ်ားေပ်ာက္ဆံုးေနေလျပီ... အမ Grace ေတာင္မွ ဒီေကာင္ေလး US က ေကာင္မေလးကိုလြမ္းေနပီလား တမႈိင္မႈိင္ တေတြေတြ နဲ႔ လို႔ေတာင္ေျပာပီးစေနသည္....

အရင္ကဆို အမေျပာရင္ အကိုက ျပန္ေျပာရမွေက်နပ္ေနတတ္ေပမယ့္ အခုဆို အမေျပာတာကိုပင္ အျပံဳးေလးနဲ႔တံု႕ျပန္ေနတတ္ျပန္သည္...
တကယ္ပဲ ရည္းစားကိုလြမ္းေနတာလားအကို....
ဒါဆို ဘာလို႔ ကၽြန္ေတာ့ကိုနမ္းေသးလဲ....
ကၽြန္ေတာ္သိသေလာက္က နႈတ္ခမ္းကိုနမ္းတယ္ဆိုတာ ခ်စ္သူရည္းစားကိုသာ ခ်စ္လို႔နမ္းၾကတာတဲ့....
ဒါဆို အကို ကၽြန္ေတာ့ကိုခ်စ္လို႔ေပါ့ေနာ္.... ရင္ဘတ္ထဲ သိမ့္ခနဲ ျဖစ္သြားေအာင္ထိကို စိတ္ကူးယံုနဲ႔ ၾကည္ႏူးရသည္...

ဟား....,နင္႐ူးေနပီ မွဴးေလး... နင္ပဲဒီလူကိုရစရာမရွိေအာင္ နစ္နစ္နာနာေျပာပီးေတာ့.... နင္က ဒီလူဆီက အခ်စ္ကို ေမွ်ာ္လင့္ေနတာလား....

အမ grace ေျပာသလို US က တစ္ေယာက္ကို လြမ္းေနတာလဲ ျဖစ္ႏိုင္ေနတာပဲကို.... နင္ဘာကိုေမွ်ာ္လင့္ေနတာလဲ.... ထိုသို႔ေတြယံုမွ်ျဖင့္ ကၽြန္ေတာ့မ်က္ရည္ကေပါက္ခနဲက်ရသည္... တကယ့္လက္ေတြ႕ဆို....

အကို႔ေက်ာျပင္အားၾကည့္ရင္း  .... ျမင္ေနရက္နဲ႔လြမ္းသလိုႀကီးခံစားလာရသည္မို႔ ..... အကိုဘက္သို႔ တိုးကပ္လိုက္ရင္း အကို႔ အက်ႌစေလးအား ဆုပ္ကိုင္လိုက္မွ ေနသာထိုင္သာရွိသြားပီး လံုျခံဳမႈပါ တခါတည္းခံစားလိုက္ရသည္.... ကၽြန္ေတာ္ဘယ္ေလာက္ေတာင္မွ ဒီလူရဲ႕ အေငြ႕အသက္ကိုေတာင္းတေနမွန္းမသိ.... အကို႔ အက်ႌစေလးကို ကိုင္းထားရယံုျဖင့္ ကၽြန္ေတာ္ ခ်က္ခ်င္းအိပ္ေပ်ာ္သည္.....

၁၂ နာရီေလာက္တြင္ ကၽြန္ေတာ္ အေပါ့အပါးသြားခ်င္သျဖင့္ အိပ္ယာမွႏိုးလာရသည္... ညကအေစာႀကီးအိပ္ေပ်ာ္သြားသျဖင့္ မွဴးေလးဘယ္အခ်ိန္ အိပ္မွန္းေတာင္မသိလိုက္.... ထမလို လုပ္ေတာ့ ကၽြန္ေတာ့ထမရျဖစ္ေနသည္မို႔ ေဘးနားကိုၾကည့္လိုက္ေတာ့  တရားခံက မွဴးေလး... အက်ႌစအား လႊတ္သြားမည္စိုးသည့္အလား တင္းတင္းဆုပ္ကိုင္ထားေလသည္....

ကၽြန္ေတာ္လည္ မွဴးေလးလက္ေလးအား အသာအယာျဖည္ခ်ေပးလိုက္ပီး  အိမ္သာဘက္ထြက္လာခဲ႔လိုက္သည္.....

ျပန္အိပ္မယ္ဆိုျပီး ကုတင္ေပၚအတက္ ေခၽြးေစးေတြပ်ံပီး ဒူးကဗိုက္အားေထာက္ပီး လက္သီးမ်ား က်စ္က်စ္ပါေအာင္ဆုပ္ထားေသာ မွဴးေလး...
ကၽြန္ေတာ္ ထိတ္ခနဲျဖစ္သြားရသည္....

" မွဴးေလး.... ဘာျဖစ္တာလဲ... မွဴးေလး.... ကေလး.."
ကၽြန္ေတာ္အစိုးရိမ္တႀကီးေမးေတာ့

" အား.... အား... အကို ....ကၽြန္ေတာ္ ဗိုက္ေအာင့္တယ္.... ပီးေတာ့ .... ပီးေတာ့ ...အန္ခ်င္တယ္"

အသံတိုးတိုးေလးျဖင့္ျပန္အေျဖ တြင္ ကၽြန္ေတာ္ဘာလုပ္ရမွန္းမသိ ျပာယာခတ္သြားရသည္...
ကေလးအစား ကၽြန္ေတာ္သာျဖစ္လိုက္ခ်င္စိတ္က တားမရဆီးမရ....
ကၽြန္ေတာ္ကုတင္ေပၚကထပီး မွဴးေလး အိတ္အားေမႊေႏွာက္ေတာ့ ေဆးအိတ္ေလးထြက္လာေလသည္....

သိသေလာက္မွတ္သေလာက္ေဆးေတြထုတ္... မွဴးေလးအားေမး.... မွဴးေလးက ဒီေဆးဒီေဆး ဆိုပီး အတည္ျပဳမွ ေရကိုအေျပအလႊားယူပီး ေဆးတိုက္ရသည္..... AD မင္းကေလးကို ဘာဂ႐ုစိုက္လဲ.... ေန႔လည္ကအစားေတြေကၽြးတာလဲမင္းပဲ.... ေဆးေသာက္တာေလးကိုေျပာဖို႔ေမ့တာလဲမင္းပဲ..... မင္းဘာေကာင္လဲကြာ... မွဴးေလး၏ ျဖဴေရာ္ေနေသာ မ်က္ႏွာေလးအားၾကည့္ပီး....ကိုယ့္ကို ကိုယ္ပဲ အျပစ္တင္ေနမိသည္

မွဴးေလးမွာမသက္သာဟန္ျဖင့္ မ်က္ႏွာေလး မွာ ရႈံ႕မဲ့လွ်က္ရွိျပီး ကုတင္ထက္တြင္လူးလိမ့္ေနေလသည္....

" ခဏ အကို ကေလး ကိုႀကီးကိုေခၚလိုက္မယ္....ခဏေစာင့္..."

ထရန္ျပင္လိုက္ေသာကၽြန္ေတာ့အား ဆြဲထားပီးေခါင္းခါျပေလသည္..... ကိုႀကီးအားစိတ္မပူေစခ်င္သည့္သေဘာ.... ကေလးရာ... အိမ္တြင္ အေဒၚေျပာေျပာေနသံၾကားရေပမယ့္ ဒီလိုျဖစ္မယ္လို႔မထင္..... သားေလးက အစားအမွားမခံဘူး... ဗိုက္ေအာင့္ပီး အသက္ရႈက်ပ္တတ္တယ္... အဲဒါေၾကာင့္ အၿမဲသတိထားေနရတယ္ မိေရ ဆိုပီး ေမ့အား ေျပာဖူးတာကိုအမွတ္ရမိေတာ့ ပိုပီးစိတ္ပူလာမိသည္....

" ကေလး... ကိုယ္ကေလ မွဴးေလးျဖစ္တာတခါမွ မၾကံဳဖူးဘူး.... အဲေတာ့ သိတဲ႔ ကိုႀကီးကိုသြားေခၚရမွာေပါ့.... ကိုယ္စိတ္ပူတယ္...."

ေျပာရင္းအသံေတြေတာင္ တုန္လာရသည္...
မွဴးေလးမွာေခါင္းပဲ အဆက္မျပတ္ခါပဲခါေနပီး... မ်က္ရည္ေလးဝဲသားျဖင့္ သူ႕လက္ကေလးအားကိုင္ရင္း ထိုင္ေနေသာ ကၽြန္ေတာ့ရင္ခြင္ထဲ အတင္းထ...ေခါင္းေလးတိုးဝင္လာပီးေမွးေနေလသည္...

" ဒီလိုေလး ေနေတာ့ ကၽြန္ေတာ္သက္သာတယ္အကို....."

မျမင္ႏိုင္မွန္းသိေနေပမယ့္  ေခါင္းအဆက္မျပတ္ၿငိမ့္ျပမိသည္..... မင္းသက္သာရာ ရတဲ့ေနရာက ကိုယ့္ရင္ခြင္ ဆိုတာနဲ႔တင္ ကိုယ့္အတြက္အရာရာျပည့္စံုပီ.....

ေခါင္းေလးအား ဖြဖြေလးပုတ္ေပးေနမိသည္.....
" အကို .... ကၽြန္ေတာ္ အန္ခ်င္လို ေဘးဖယ္"

" အန္လိုက္  အန္ခ်လိုက္ ကိုယ့္ကိုအားမနာနဲ႔.... "
ရင္ခြင္ထဲက ထြက္ခိုင္းလိုက္ပီး ေက်ာျပင္အားဖြဖြထုေပးေတာ့ ကၽြန္ေတာ့ ရင္ဘတ္ေပၚ အန္ခ်လိုက္ေလသည္....

ကၽြန္ေတာ့အား အားနာေသာ အရိပ္အေယာင္ျဖင့္ ေမာ့ၾကည့္လာေသာ မွဴးေလးအား ေခါင္းခါျပပီး ျပံဳးျပရျပန္သည္....

ရင္ဘတ္အားထုပီး အသက္႐ွဴမဝျဖစ္ေနေသာ မွဴးေလးအား ကၽြန္ေတာ္မၾကည့္ရက္တာမို႔ .....
နႈတ္ခမ္းႏွစ္ခု ထပ္တူက်ေစလိုက္ပီး ျပတ္လတ္ေနေသာ ေလထုအား မႈတ္သြင္းေပးရသည္....
ခြင့္လႊတ္ပါကေလး.... မင္းသက္သာေစဖို႔ ဘာစိတ္မွ မရွိပဲ ျဖဴစင္စြာ ျပဳမူလိုက္တဲ႔အေပၚမွာ ကေလးနားလည္ပါေစ....

ငါးမိနစ္ေလာက္အၾကာ ေလမႈတ္သြင္းေပးပီးေနာက္ နႈတ္ခမ္းခ်င္းအခြာ......

" မရြံဘူးလား....."

ရင္ဘတ္တစ္ခုလံုး စူခနဲေအာင့္သြားေအာင္နာက်င္ရပီး ဘယ္ဘက္မ်က္လံုးက မ်က္ရည္တစ္စက္က်ရသည္....
ဆုေတာင္းမျပည့္ဘူးဘဲ.... ျဖဴစင္စြာျပဳမူလိုက္တဲ့အေပၚ ကေလး နားလည္မႈလႊဲသြားပီ....

" ေတာင္းပန္ပါတယ္.... ကိုယ္....."
ေျပာေနသည့္စကားမ်ား ရပ္တန္႔သြားေအာင္ သူ႕လက္ကေလးျဖင့္ ကၽြန္ေတာ့ နႈတ္ခမ္းအား လာပိတ္ေလသည္....

" ဘာေတြေတာင္းပန္ေနတာလဲ.... ကၽြန္ေတာ္က အားနာေနရတာကို.... ကၽြန္ေတာ္အန္ထားတဲ့ပါးစပ္ႀကီးကို လာထိရလို႔ မရြံဘူးလားေမးတာ...."

ကၽြန္ေတာ္ျပံဳးလိုက္ရင္း မွဴးေလးမ်က္ႏွာေလးအား လက္ႏွစ္ဖက္ျဖင့္ ကိုင္လိုက္ပီ.....

" ကေလး႐ဲ႕ အရာရာကို ကိုယ္ျမတ္ႏိုးတာမို႔ ... စိတ္ထဲမွာ အားနာတာေတြျဖစ္မေနပါနဲ႔.... အခုသက္သာလား.."
တဆက္ဆက္ၿငိမ့္ျပေနေသာ ကေလးအားၾကည့္ပီး အခုမွ စိတ္သက္သာရာ ရမိသည္.... အန္လိုက္ေတာ့ သက္သာသြားသည္ ထင္ပါရဲ႕....

" အကိုထပီး ေရေဆးေလ... အက်ႌလဲ လဲပစ္လိုက္ဦးေနာ္... ပီးေတာ့ ကူညီလက္စနဲ႔ ကူညီပါဦး... ကၽြန္ေတာ္ အက်ႌလဲခ်င္တယ္.... ဒါေပမယ့္မထခ်င္ဘူး... အားျပတ္ေနသလိုႀကီးျဖစ္ေနတယ္....."

" အင္း ခဏေစာင့္ .... ေရပတ္ပါတိုက္လိုက္... ကိုယ္ျပင္ခဲ့မယ္...."

ေရခ်ိဳးခန္းထဲဝင္ သဘက္အားေရဆြတ္..... သြားတိုက္တံတြင္ သြားတိုက္ေဆးညႇစ္ပီး မွဴးေလးဆီသို႔ျပန္လာရသည္....

အက်ႌခၽြတ္ႀကီး ႏွင့္ထိုင္ေနေသာမွဴးေလးအား... ျမန္ျမန္ေရပတ္တိုက္ေပးရသည္.... ျဖဴေဖြးေနေသာ ခႏၶာကိုယ္အားၾကည့္ပီး.... ရင္ခုန္သံက်ယ္ေလာင္ေနမႈကို ႀကိတ္မွိတ္ကာ ထိန္းသိမ္းေနရေသးသည္.....အဝတ္အစားအျမန္လဲေပးပီ..... ျပန္လွဲခိုင္းထားရသည္....
ျပီးေတာ့... ကၽြန္ေတာ့လက္အားကိုင္.... မ်က္လႊာေလးခ်ပီး.... ျမန္ျမန္လုပ္ပီး ျမန္ျမန္လာတဲ့....
ကၽြန္ေတာ္ၾကည္ႏူးလိုက္တာဗ်ာ......

ကၽြန္ေတာ္ေရတခါတည္းခ်ိဳးပစ္လိုက္သည္... အဝတ္အစားမ်ားဝတ္ပီး မွဴးေလးေဘးတြင္လွဲခ်ရံုပဲရွိေသးသည္.... ေစြ႕ကနဲလာဖက္ေသာ ကိုယ္လံုးအိအိေလးႏွင့္ မွဴးေလး.....
ကၽြန္ေတာ္လဲျပန္လည္ ေပြ႕ဖက္ေပးရင္း နဖူးေလးအားနမ္းလိုက္မိသည္..... မနက္ ၃ နာရီေတာင္ထိုးေနပီးမို႔ ျမန္ျမန္အိပ္ခိုင္းရမည္....

" Good Night... ကေလး"

"ကိုယ္နမ္းလိုက္မိလို႔ မွဴးေလးအေပၚမွာ အခြင့္အေရးယူတယ္လို႔ မထင္လိုက္ပါနဲ႔.... ကိုယ္သိပ္ျမတ္ႏိုးမိလို႔ပါ..."

ကၽြန္ေတာ့ ရင္ဘတ္အား နမ္းလိုက္သလိုႀကီးျဖစ္သည္ မို႔ ရင္ခြင္ထဲက ကေလးအားၾကည့္လိုက္ရာ....
ေအးခ်မ္းစြာအိပ္ေနေလပီ....
ငါထင္ေယာင္ထင္မွားျဖစ္တာေနမွာပါေလ.....

တနေကုန်လည်လိုက်ရလို့ လူက အရမ်းပင်ပန်းနေပီ... ရေထိလိုက် နေထိလိုက် နဲ့မို့ ဦးထုတ်တွေ အကျႌ လက်ရှည်တွေဝတ်ထားတာတောင်မှာ မျက်နှာမှာ နေလောင်သလို နီရဲပီးစပ်နေလေသည်...

နှစ်ယောက်သားရေမိုးချိုးထမင်းဟင်းစားပီး... အကိုကတော့ အရင်အိပ်ယာထဲဝင်နှင့်ပီ... ကျွန်တော်ကတော့ နေလောင်နေသောမျက်နှာအား  မေမေထည့်ပေးလိုက်သော ခရင် လိမ်းနေရသည်.... နို့မို့ဆို မေမေက စိတ်မကောင်းဖြစ်နေလိမ့်မည်...

လိမ်းပီးတော့ ကျွန်တော်လည်း အိပ်ယာထဲဝင်လှဲလိုက်ရင်း ကျောခိုင်းအိပ်နေသော အကိုကျောပြင်ကျယ်ကြီး အားကြည့်နေမိသည်.... ကြည့်နေရင်းက အားလို အားမရဖြစ်လာပီး လက်က ကျောပြင်ကျယ်အား ထိမလို နှင့် မထိပဲပြန်ချရပြန်သည်....

ကျွန်တော်အကို့အား ရွံသည်ဟု ပြောလိုက်သည့်စကားသည် ... ဒီနေ့ကျမှ ပြောလိုက်မိသော ကိုယ့်ကိုယ် ကိုယ် ပိုခွင့်မလွှတ်နိုင်တဲ့ ခံစားချက်ကြီးဖြစ်လာရသည်...
တကယ့်လက်တွေ့မှာလဲ ကိုယ့်ပါးအား ပြန်ရိုက်နေမိသည်....

ဒီရက်ပိုင်းတွင် အကိုသည် ကျွန်တော့ အား လိုအပ်တာမှန်သမျှ ကျွန်တော်ပြောစရာမလိုအောင်ပင်ဖြည့်ဆည်းပေးလေသည်... ပီးရင်သူ့ဘာသာသူ တနေရာရာ ငေးနေတတ်သည်... စကားအပိုအလိုလဲမပြောပဲ အရင်က တက်ကြွသည့် အရိပ်အယောင်များပျောက်ဆုံးနေလေပြီ... အမ Grace တောင်မှ ဒီကောင်လေး US က ကောင်မလေးကိုလွမ်းနေပီလား တမှိုင်မှိုင် တတွေတွေ နဲ့ လို့တောင်ပြောပီးစနေသည်....

အရင်ကဆို အမပြောရင် အကိုက ပြန်ပြောရမှကျေနပ်နေတတ်ပေမယ့် အခုဆို အမပြောတာကိုပင် အပြုံးလေးနဲ့တုံ့ပြန်နေတတ်ပြန်သည်...
တကယ်ပဲ ရည်းစားကိုလွမ်းနေတာလားအကို....
ဒါဆို ဘာလို့ ကျွန်တော့ကိုနမ်းသေးလဲ....
ကျွန်တော်သိသလောက်က နှုတ်ခမ်းကိုနမ်းတယ်ဆိုတာ ချစ်သူရည်းစားကိုသာ ချစ်လို့နမ်းကြတာတဲ့....
ဒါဆို အကို ကျွန်တော့ကိုချစ်လို့ပေါ့နော်.... ရင်ဘတ်ထဲ သိမ့်ခနဲ ဖြစ်သွားအောင်ထိကို စိတ်ကူးယုံနဲ့ ကြည်နူးရသည်...

ဟား....,နင်ရူးနေပီ မှူးလေး... နင်ပဲဒီလူကိုရစရာမရှိအောင် နစ်နစ်နာနာပြောပီးတော့.... နင်က ဒီလူဆီက အချစ်ကို မျှော်လင့်နေတာလား....

အမ grace ပြောသလို US က တစ်ယောက်ကို လွမ်းနေတာလဲ ဖြစ်နိုင်နေတာပဲကို.... နင်ဘာကိုမျှော်လင့်နေတာလဲ.... ထိုသို့တွေယုံမျှဖြင့် ကျွန်တော့မျက်ရည်ကပေါက်ခနဲကျရသည်... တကယ့်လက်တွေ့ဆို....

အကို့ကျောပြင်အားကြည့်ရင်း  .... မြင်နေရက်နဲ့လွမ်းသလိုကြီးခံစားလာရသည်မို့ ..... အကိုဘက်သို့ တိုးကပ်လိုက်ရင်း အကို့ အကျႌစလေးအား ဆုပ်ကိုင်လိုက်မှ နေသာထိုင်သာရှိသွားပီး လုံခြုံမှုပါ တခါတည်းခံစားလိုက်ရသည်.... ကျွန်တော်ဘယ်လောက်တောင်မှ ဒီလူရဲ့ အငွေ့အသက်ကိုတောင်းတနေမှန်းမသိ.... အကို့ အကျႌစလေးကို ကိုင်းထားရယုံဖြင့် ကျွန်တော် ချက်ချင်းအိပ်ပျော်သည်.....

၁၂ နာရီလောက်တွင် ကျွန်တော် အပေါ့အပါးသွားချင်သဖြင့် အိပ်ယာမှနိုးလာရသည်... ညကအစောကြီးအိပ်ပျော်သွားသဖြင့် မှူးလေးဘယ်အချိန် အိပ်မှန်းတောင်မသိလိုက်.... ထမလို လုပ်တော့ ကျွန်တော့ထမရဖြစ်နေသည်မို့ ဘေးနားကိုကြည့်လိုက်တော့  တရားခံက မှူးလေး... အကျႌစအား လွှတ်သွားမည်စိုးသည့်အလား တင်းတင်းဆုပ်ကိုင်ထားလေသည်....

ကျွန်တော်လည် မှူးလေးလက်လေးအား အသာအယာဖြည်ချပေးလိုက်ပီး  အိမ်သာဘက်ထွက်လာခဲ့လိုက်သည်.....

ပြန်အိပ်မယ်ဆိုပြီး ကုတင်ပေါ်အတက် ချွေးစေးတွေပျံပီး ဒူးကဗိုက်အားထောက်ပီး လက်သီးများ ကျစ်ကျစ်ပါအောင်ဆုပ်ထားသော မှူးလေး...
ကျွန်တော် ထိတ်ခနဲဖြစ်သွားရသည်....

" မှူးလေး.... ဘာဖြစ်တာလဲ... မှူးလေး.... ကလေး.."
ကျွန်တော်အစိုးရိမ်တကြီးမေးတော့

" အား.... အား... အကို ....ကျွန်တော် ဗိုက်အောင့်တယ်.... ပီးတော့ .... ပီးတော့ ...အန်ချင်တယ်"

အသံတိုးတိုးလေးဖြင့်ပြန်အဖြေ တွင် ကျွန်တော်ဘာလုပ်ရမှန်းမသိ ပြာယာခတ်သွားရသည်...
ကလေးအစား ကျွန်တော်သာဖြစ်လိုက်ချင်စိတ်က တားမရဆီးမရ....
ကျွန်တော်ကုတင်ပေါ်ကထပီး မှူးလေး အိတ်အားမွှေနှောက်တော့ ဆေးအိတ်လေးထွက်လာလေသည်....

သိသလောက်မှတ်သလောက်ဆေးတွေထုတ်... မှူးလေးအားမေး.... မှူးလေးက ဒီဆေးဒီဆေး ဆိုပီး အတည်ပြုမှ ရေကိုအပြေအလွှားယူပီး ဆေးတိုက်ရသည်..... AD မင်းကလေးကို ဘာဂရုစိုက်လဲ.... နေ့လည်ကအစားတွေကျွေးတာလဲမင်းပဲ.... ဆေးသောက်တာလေးကိုပြောဖို့မေ့တာလဲမင်းပဲ..... မင်းဘာကောင်လဲကွာ... မှူးလေး၏ ဖြူရော်နေသော မျက်နှာလေးအားကြည့်ပီး....ကိုယ့်ကို ကိုယ်ပဲ အပြစ်တင်နေမိသည်

မှူးလေးမှာမသက်သာဟန်ဖြင့် မျက်နှာလေး မှာ ရှုံ့မဲ့လျှက်ရှိပြီး ကုတင်ထက်တွင်လူးလိမ့်နေလေသည်....

" ခဏ အကို ကလေး ကိုကြီးကိုခေါ်လိုက်မယ်....ခဏစောင့်..."

ထရန်ပြင်လိုက်သောကျွန်တော့အား ဆွဲထားပီးခေါင်းခါပြလေသည်..... ကိုကြီးအားစိတ်မပူစေချင်သည့်သဘော.... ကလေးရာ... အိမ်တွင် အဒေါ်ပြောပြောနေသံကြားရပေမယ့် ဒီလိုဖြစ်မယ်လို့မထင်..... သားလေးက အစားအမှားမခံဘူး... ဗိုက်အောင့်ပီး အသက်ရှုကျပ်တတ်တယ်... အဲဒါကြောင့် အမြဲသတိထားနေရတယ် မိရေ ဆိုပီး မေ့အား ပြောဖူးတာကိုအမှတ်ရမိတော့ ပိုပီးစိတ်ပူလာမိသည်....

" ကလေး... ကိုယ်ကလေ မှူးလေးဖြစ်တာတခါမှ မကြုံဖူးဘူး.... အဲတော့ သိတဲ့ ကိုကြီးကိုသွားခေါ်ရမှာပေါ့.... ကိုယ်စိတ်ပူတယ်...."

ပြောရင်းအသံတွေတောင် တုန်လာရသည်...
မှူးလေးမှာခေါင်းပဲ အဆက်မပြတ်ခါပဲခါနေပီး... မျက်ရည်လေးဝဲသားဖြင့် သူ့လက်ကလေးအားကိုင်ရင်း ထိုင်နေသော ကျွန်တော့ရင်ခွင်ထဲ အတင်းထ...ခေါင်းလေးတိုးဝင်လာပီးမှေးနေလေသည်...

" ဒီလိုလေး နေတော့ ကျွန်တော်သက်သာတယ်အကို....."

မမြင်နိုင်မှန်းသိနေပေမယ့်  ခေါင်းအဆက်မပြတ်ငြိမ့်ပြမိသည်..... မင်းသက်သာရာ ရတဲ့နေရာက ကိုယ့်ရင်ခွင် ဆိုတာနဲ့တင် ကိုယ့်အတွက်အရာရာပြည့်စုံပီ.....

ခေါင်းလေးအား ဖွဖွလေးပုတ်ပေးနေမိသည်.....
" အကို .... ကျွန်တော် အန်ချင်လို ဘေးဖယ်"

" အန်လိုက်  အန်ချလိုက် ကိုယ့်ကိုအားမနာနဲ့.... "
ရင်ခွင်ထဲက ထွက်ခိုင်းလိုက်ပီး ကျောပြင်အားဖွဖွထုပေးတော့ ကျွန်တော့ ရင်ဘတ်ပေါ် အန်ချလိုက်လေသည်....

ကျွန်တော့အား အားနာသော အရိပ်အယောင်ဖြင့် မော့ကြည့်လာသော မှူးလေးအား ခေါင်းခါပြပီး ပြုံးပြရပြန်သည်....

ရင်ဘတ်အားထုပီး အသက်ရှူမဝဖြစ်နေသော မှူးလေးအား ကျွန်တော်မကြည့်ရက်တာမို့ .....
နှုတ်ခမ်းနှစ်ခု ထပ်တူကျစေလိုက်ပီး ပြတ်လတ်နေသော လေထုအား မှုတ်သွင်းပေးရသည်....
ခွင့်လွှတ်ပါကလေး.... မင်းသက်သာစေဖို့ ဘာစိတ်မှ မရှိပဲ ဖြူစင်စွာ ပြုမူလိုက်တဲ့အပေါ်မှာ ကလေးနားလည်ပါစေ....

ငါးမိနစ်လောက်အကြာ လေမှုတ်သွင်းပေးပီးနောက် နှုတ်ခမ်းချင်းအခွာ......

" မရွံဘူးလား....."

ရင်ဘတ်တစ်ခုလုံး စူခနဲအောင့်သွားအောင်နာကျင်ရပီး ဘယ်ဘက်မျက်လုံးက မျက်ရည်တစ်စက်ကျရသည်....
ဆုတောင်းမပြည့်ဘူးဘဲ.... ဖြူစင်စွာပြုမူလိုက်တဲ့အပေါ် ကလေး နားလည်မှုလွှဲသွားပီ....

" တောင်းပန်ပါတယ်.... ကိုယ်....."
ပြောနေသည့်စကားများ ရပ်တန့်သွားအောင် သူ့လက်ကလေးဖြင့် ကျွန်တော့ နှုတ်ခမ်းအား လာပိတ်လေသည်....

" ဘာတွေတောင်းပန်နေတာလဲ.... ကျွန်တော်က အားနာနေရတာကို.... ကျွန်တော်အန်ထားတဲ့ပါးစပ်ကြီးကို လာထိရလို့ မရွံဘူးလားမေးတာ...."

ကျွန်တော်ပြုံးလိုက်ရင်း မှူးလေးမျက်နှာလေးအား လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ပီ.....

" ကလေးရဲ့ အရာရာကို ကိုယ်မြတ်နိုးတာမို့ ... စိတ်ထဲမှာ အားနာတာတွေဖြစ်မနေပါနဲ့.... အခုသက်သာလား.."
တဆက်ဆက်ငြိမ့်ပြနေသော ကလေးအားကြည့်ပီး အခုမှ စိတ်သက်သာရာ ရမိသည်.... အန်လိုက်တော့ သက်သာသွားသည် ထင်ပါရဲ့....

" အကိုထပီး ရေဆေးလေ... အကျႌလဲ လဲပစ်လိုက်ဦးနော်... ပီးတော့ ကူညီလက်စနဲ့ ကူညီပါဦး... ကျွန်တော် အကျႌလဲချင်တယ်.... ဒါပေမယ့်မထချင်ဘူး... အားပြတ်နေသလိုကြီးဖြစ်နေတယ်....."

" အင်း ခဏစောင့် .... ရေပတ်ပါတိုက်လိုက်... ကိုယ်ပြင်ခဲ့မယ်...."

ရေချိုးခန်းထဲဝင် သဘက်အားရေဆွတ်..... သွားတိုက်တံတွင် သွားတိုက်ဆေးညှစ်ပီး မှူးလေးဆီသို့ပြန်လာရသည်....

အကျႌချွတ်ကြီး နှင့်ထိုင်နေသောမှူးလေးအား... မြန်မြန်ရေပတ်တိုက်ပေးရသည်.... ဖြူဖွေးနေသော ခန္ဓာကိုယ်အားကြည့်ပီး.... ရင်ခုန်သံကျယ်လောင်နေမှုကို ကြိတ်မှိတ်ကာ ထိန်းသိမ်းနေရသေးသည်.....အဝတ်အစားအမြန်လဲပေးပီ..... ပြန်လှဲခိုင်းထားရသည်....
ပြီးတော့... ကျွန်တော့လက်အားကိုင်.... မျက်လွှာလေးချပီး.... မြန်မြန်လုပ်ပီး မြန်မြန်လာတဲ့....
ကျွန်တော်ကြည်နူးလိုက်တာဗျာ......

ကျွန်တော်ရေတခါတည်းချိုးပစ်လိုက်သည်... အဝတ်အစားများဝတ်ပီး မှူးလေးဘေးတွင်လှဲချရုံပဲရှိသေးသည်.... စွေ့ကနဲလာဖက်သော ကိုယ်လုံးအိအိလေးနှင့် မှူးလေး.....
ကျွန်တော်လဲပြန်လည် ပွေ့ဖက်ပေးရင်း နဖူးလေးအားနမ်းလိုက်မိသည်..... မနက် ၃ နာရီတောင်ထိုးနေပီးမို့ မြန်မြန်အိပ်ခိုင်းရမည်....

" Good Night... ကလေး"

"ကိုယ်နမ်းလိုက်မိလို့ မှူးလေးအပေါ်မှာ အခွင့်အရေးယူတယ်လို့ မထင်လိုက်ပါနဲ့.... ကိုယ်သိပ်မြတ်နိုးမိလို့ပါ..."

ကျွန်တော့ ရင်ဘတ်အား နမ်းလိုက်သလိုကြီးဖြစ်သည် မို့ ရင်ခွင်ထဲက ကလေးအားကြည့်လိုက်ရာ....
အေးချမ်းစွာအိပ်နေလေပီ....
ငါထင်ယောင်ထင်မှားဖြစ်တာနေမှာပါလေ.....

Continue Reading

You'll Also Like

151K 10.8K 19
အချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့ အစ်ကိုနဲ့ ဘဝတစ်ခု အတူတည်ဆောင်ရင်း အချစ်ကို ကျွန်တော် တွေ့ခဲ့တယ်။ အခ်စ္က ဘဝတစ္ခုမဟုတ္ေပမဲ့ အစ္ကိုနဲ႔ ဘဝတစ္ခု အတူတည္ေဆာင္ရင္း...
13.7K 1K 32
' စိတ်ကူးဆိုတာ လက်တွေ့လောက်မထိရောက်သလိုမျိုး ကိုကိုတို့စိတ်ကူးယဉ်လွန်ခဲ့ကြတာလား ငယ်ငယ် ' [ More Than Brothers ] [ အထက်စည်း + နွေသက်တံ့ငယ် ] [ Fiction...
1.2M 63.7K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1M 112K 63
ငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20