SeKai KaiHun 🐻🧡🐣 one shot

By MyonewMinnie

36.4K 2.9K 180

Kai n Sehun one shots SeKai KaiHun 🐻🐥 More

Truly Madly Deeply
The World
ချစ်ခြင်းမေတ္တာ
With You
Baby
The Boy who can't see me
Love Birds
Baby is My Eveything
သူ..... မင်းကို ဘယ်တော့မှ
မင်းစချော့ပါ
When Kai is dancing
Moonlight
သူ့ ထံပါး
Happy Birthday
My whole world is you
ကလေး နဲ့ ကိုကို
ကိုကြီးရဲ့ ကလေးငယ်
GoodNight
ချစ်တယ် ကိုကို
ကိုယ့်တိမ်တိုက်လေးအတွက်
ထပ်တူ
ကိုယ့်အပိုင်
Oh! Hot
Farewell my love
ထာဝရ အတွက်
My Little Bear

HeartBeat

2.6K 141 4
By MyonewMinnie

U r my heart beat
KaiHun

ဆရာ လို့ခေါ် သံကြားလိုက်ချိန်..
နောက်ကိုလှည့်ကြည့် လိုက်တော့ ..ဟင်..သူကို လက်လေး တဖက်လှမ်းပြနေကာ..သူစီကိုလာဖို့ခေါ်နေတဲ့ sehun
Sehun ဆိုတာ တကျောင်းလုံးရဲ့အချောဆုံးဖြစ်ကာ စာလဲတော်သူမို့ ဆရာတွေဆရာမတွေရဲ့အသည်း sehunက သူကိုလာဖို့ ခေါ်တယ်?? ဘာကိစ္စများလဲ
သူ ကြောင်ပြီးရပ်နေစဉ်.. တလမ်းချင်းစီသူစီလျှောက်လာတဲ့ sehun က
ရှေ့တည့်တည့် ကို ရပ်လိုက်ကာ..
Jongin ကို ကြည့်လိုက်ချိန်..
လူတကိုယ်လုံးသူရှေ့ကနေရုတ်တရက် ဘာကြောင့်မှန်းမသိစွာ ရင်တွေတဒိုင်းဒိုင်းခုန်ရင်း သူ့ရှေ့ကနေ ပျောက်ကွယ်သွားချင်လာလေသည်.. ဘာတွေဖြစ်နေမှန်းမသိတော့စွာ kim jonginတစ်ယောက် တွေတွေဝေဝေရယ်

Sehun က မထင်ထားတဲ့အလုပ်ကိုလုပ်လိုက်တယ်
သူ့ နဖူးလေးကိုတချက်ခပ်ဖွဖွနမ်းလိုက်စဉ်..
Jongin ကြောင်ပြီး...အသက်ရှူတောင်ရပ်တန့်သွား..လေသည်..
Sehun ကို jongin ငေးကြည့်မိစဉ်မှာတော့ sehun တချက်ပြုံး လိုက်ကာ..
"ကိုကို ကိုချစ်တယ်"

ပြီးတော့ "လာ ကိုကို သိချင်နေတာတွေရှိတယ်မလား ပြောပြမယ်"
Jongin
လက်ကိုဆွဲလို့..
ကျောင်းရဲ့ ဘယ်သူမှရှိမနေသော စာသင်ခန်းအလွတ်ထဲသို့....

"ကိုကို sehun ကိုမမှတ်မိဖူးလား "
"ကလေး ကလေး sehun က ကလေးလား "
"မှတ်မိပြီလား ငယ်ငယ်က ကိုကိုနဲ့အတူတူ ညဖက်တွေဆို umma တို့မသိအောင်လာလာပြီး ကစားတယ်လေ "
"အို ကိုကို ကလေးလေးက အဲလောက်တောင် ကြီးသွားတာလား "
"ဟွင့် မှတ်မိပြီပေါ့ ဒါဘဲ နော် ကိုကို ကို ဆရာလို့တော့မခေါ်နိုင်ဖူး"
"အမ် အဲဒါဆို "
"ရှူးတိုးတိုး ကိုကို "

ရင်ခွင်နဲ့အနီးကပ်ဆုံးနေရာသို့ ..ဆွဲဖက်ခံလိုက်ရပြီး..
"ကိုကိုကို ကလေး အရမ်းလွမ်းနေခဲ့တာ ကိုကို ဒီကျောင်းကိုဆရာအနေနဲ့ပြန်လာမှာကို ကလေးကြိုသိတယ် အဲဒါကြောင့်ကိုကိုကို စောင့်နေတာ".
"ကလေး ရယ်"
"ကိုကို ကလေးက ကိုကို ကို အရမ်းလွမ်းနေတာ"
"ကလေး မှတ်မိမှာပေါ့နော် ကိုကိုတို့ ခွဲခါနီးတုန်းက ကလေး ကိုကို ကို ချစ်တယ်လို့ပြန်အဖြေပေးခဲ့တာကို "
ကလေးမျက်နှာနုနုလေး ရှက်နေတဲ့အရိပ်အယောင်လေးနဲ့ကလေးငယ်ရေ
ချစ်တယ် ကိုကို လာရှာမလို့ကို ကလေးက ကိုကို ကို တွေ့အောင်ရှာခဲ့တာကို ကျေးဇူးတင်ရပါတယ် ကလေးငယ်လေး

#########

နောက်ကနေ .လှမ်းဖက်လိုက်တဲ့လက်တစုံ...ကြောင့် လန့်ဖျတ်လို့ ကြည့်လိုက်တော့
"ကလေး အတန်းပြီးသွားပြီလား "
"ဟုတ်ကဲ့ ကိုကို"
"Aigoo ကိုကို ကလေးလေးလိမ္မာလိုက်တာကွာ"
"ကိုကို ဆုချ"
"ကိုကို ဘာလုပ်ပေးရမလဲပြောပါ ကလေးငယ် "လို့ စသလိုမေးလိုက်တော့
"ကိုကို ဒီနေ့ အိမ်လိုက်ခဲ့..
အိမ်မှာ umma တို့မရှိဖူး.."
"အေးပါ ကိုကို ကလေး ရယ် လိုက်ခဲ့ပါ့မယ်"
Sehun ပါးလေးဖောင်းလိုက်ရင်း "ကိုကို က အရင်ကထက်ပိုချစ်စရာကောင်းလာတယ်"
"အမ်"
"^_^"
သူ့ကို မျက်ဝန်းလေးတွေမှိတ်နေအောင် ရီနေတဲ့ ကလေးငယ် ကိုကြည့်ရင်း jongin အသဲယားလာကာ..
သူပါးလေးကိုဖွဖွလေးဆွဲလို့..
"ကလေးလေးသိရဲ့လား..ကိုကိုလေ ကိုကို ကလေးငယ်လေးကို အရမ်းချစ်တယ်..ကိုကို တို့သိပ်ကံကောင်းကြတယ် ကလေးသာကိုကို ကိုလာမရှာရင် ကိုကို တို့ပြန်တွေ့နိုင်ပါ့မလား"
"ကလေးကို ကျေးဇူးတင်လိုက်ပါကိုကို"
"အေးပါ ကျေးဇူးရှင်လေး"
"ဟီးဟီး အား ချစ်လိုက်တာကိုကိုရယ်"

ကိုကိုကပြုံးပြီးကြည့်ရင်း..
"ကိုကိုကပိုချစ်တာပါ"
ကလေး
နုတ်ခမ်းလေးအားခပ်ဖွဖွလေး အငြင်သာဆုံးနမ်းလိုက်ကာရင်ခွင်ထဲပွေ့ဖက်ထားရင်း

########

"ကိုကိုရေ ..အိမ်လိုက်ခဲ့.သွားမယ်.."
"ကလေး ကိုကို"
"ကိုကို ကလဲ ဒီနေ့အိမ်မှာ ဘယ်သူမှမရှိလို့ပါ..အဲဒါကြောင့်"
"အိုကေလေ လိုက်တာပေါ့ ကလေး"

Jonginဘာမှမပြောတော့ပဲကလေး ခေါ်ရာကိုအသာလေးလိုက်လာခဲ့တယ်.

"လာ..ကိုကို ဆင်း ရောက်ပြီ" အရင်တုန်းကအိမ်မဟုတ်တော့တာကြောင့်မို့ အံ့ဩတကြီးကြည့်မိတော့

"ကိုကိုအံ့ဩနေတယ်ထင်တယ် ဟုတ်တယ် အရင်အိမ်ကရောင်းလိုက်တာ လေ ဒီအိမ်က ကလေးအပိုင်အိမ်"
"ဒါဆို "
"အင်း ကလေးက umma တို့နဲ့မနေဖူး umma က appa နဲ့ လမ်းခွဲလိုက်တာ နောက်အိမ်ထောင်ထပ်ပြုထားတယ် appa က japan မှာ သူလဲနောက်အိမ်ထောင်နဲ့ပါပဲ"
"ကလေးရယ်"
"အင်း အဲဒါကြောင့်ကလေးကတစ်ယောက်ထဲလေ လာ ကိုကို ကလေး အခန်းထဲသွားရအောင်...."

ကလေးက ကျတော်ကို ငေးကြည့်နေတာကြောင့်မို့ကလေးကို ပြုံးပြလိုက်ကာ
"ကိုကို ဖက်ထားပေးမယ်လာ"
"ကိုကို"လို့ ဖက်တွယ်လာတဲ့ကလေးငယ်လေးကိုပွေ့ချီလိုက်ရင်း တပတ်လည်လိုက်တယ်
"ကလေး လေးလာလိုက်တာ ငယ်ငယ်တုန်းကလို သေးသေးလေးမဟုတ်တော့ ချီရတာနစ်နေတာပဲ "
"ကိုကိုနော်"
အဟား ချစ်စရာမျက်နှာလေးနဲ့စူပုပ်နေတဲ့ ကျတော် jongin ရဲ့ကလေးငယ်လေး sehunnie လေး
ကလေးကိုယ်လေးတပတ်လည်လို့ မွေ့လိုက်စဉ် ခြေထောက်က ခေါက်ပြီး.ကုတင်ပေါ်ကိုလုံးထွေးပြီးပြုတ်ကြသွားချိန်..
..သူရင်ခွင်အောက်ကိုပို့လိုက်ကာ ကလေး မျက်နှာလေးဖွဖွကိုင်လို့
"ကိုကို ကလေးငယ်လေး "
နီးနီးလေးမြင်နေရတဲ့ကလေးငယ်မျက်နှာလေးကို နူးနူးညံ့ညံ့လေး ကိုင်တွယ်မိတယ် မျက်တောင်လေးတွေဝန်းရံထားတဲ့မျက်ဝန်းလေး ..သူငုံနမ်းလိုက်ကာ."ချစ်တယ် ကိုကို အသည်းနှလုံးလေး"

ကိုကိုနုတ်ခမ်းလေး hun နုတ်ခမ်းလေးပေါ်ကိုခပ်ဖွဖွလေး ကျလာချိန်
Sehun မျက်လုံးတွေကိုမှိတ်လိုက်တယ် ကိုကို အနမ်းချိုချိုလေးတွေ က sehun ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်
"Good Night ကိုကို ကလေးလေးရေ"
ရင်ခွင်ထဲမှာအိပ်ပျော်သွားတဲ့ ကလေးငယ်လေးကို နဖူးလေးခပ်ဖွဖွလေးနမ်းလိုက်ရင်း jongin မျက်လုံးတွေကိုမှိတ်ချလိုက်တယ်
######



သူရင်ခွင်ထဲ ကွေးကွေးလေးအိပ်နေသော..ကောင်ငယ်လေးကိုjongin ငုံကြည့်လိုက်ရင်း.နဖူးလေးအား တချက်ငုံနမ်းလိုက်ကာ...
"GoodMorning baby"
Sehun မျက်လုံးလေးကိုဖွင့်ကြည့်လိုက်ရင်း..
"ကိုကိုထပြီလား.."

"အင်းထပြီ ပြန်တော့မယ်လေ..နော် မပြန်ခင် ကလေးအတွက် breakfast လုပ်ပေးမယ်လေစားမယ်မလားကလေး"
"ပြန်ရဖူး..အား ကိုကိုကွာ"
"Aigoo ဂျီမကျနဲ့ကွာ ထတော့ လာမျက်နှာသစ်ပေးမယ်"
"ကိုကိုကလဲ ဒီနေ့ကျောင်းလဲပိတ်တယ်လေ"

"မပြန်လို့ရမလားကလေးငယ်ရယ်မင်းမိဘတွေပြန်လာရင်ဘယ်လိုလုပ်မလဲ."

"ကိုကိုသိလား မနေ့ညက ကလေးဘဝမှာ အရွယ်ရောက်ပြီးကထဲက ပထမဆုံးအကြိမ်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာကိုကိုရင်ခွင်ထဲမှာ မိဘတွေကကျတော်နားမှာမရှိကြဖူး..
သူတို့ကျတော်ကိုမေ့ထားကြတယ်....
သူတို့သိတာသူတို့စီးပွားရေးပဲ..ကိုကို"

သူနားလည်သွားရတော့သည်..အရင်ကလဲအဲဒီလိုပဲလေ မိဘနှစ်ပါးက အလုပ်တွေကုန်းလုပ်သားကိုတယောက်ထဲပစ်ထား တော်သေးတာ ကလေးက လိမ္မာတာမို့ပါ

ကလေးက မေတ္တာငတ်နေတဲ့သူလေးဆိုတာအရင်ကထဲကကျတော်သိပြီးသား ..သူရင်ခွင်ထဲကကောင်လေးကိုသူ...ငုံကြည့်လိုက်ပြီး..
သူ့ကလေးလေး နဖူးလေးကိုနမ်းလိုက်ကာ..
"အိုကေ အဲဒါဆို ထ ကိုကို ထမင်းချက်ကျွေးမယ်..လာထ..မျက်နှာသစ် .."
ကလေးကိုရေချိုးခန်းလေးထဲ ကျောပိုးလို့ခေါ်လာရင်း မျက်နှာသစ်ပေးသွားတိုက်ပေးလိုက်တယ် သူလုပ်ပေးတာကိုငြိမ်ငြိမ်လေးခံတဲ့ကိုကိုကလေးငယ်လေး ချစ်လိုက်တာ
"Morning kiss "ကလေးနဖူးလေးပါးလေးနုတ်ခမ်းလေးကိုနမ်းရင်း
သူတို့နှစ်ယောက် မျက်နှာသစ်သွားတိုက်ပြီးအောက်ကိုဆင်းလာတော့..ကလေးအိမ်ကလူတွေကစူးစမ်းသလိုဝိုင်းကြည့်နေကြလေသည်..
♡♡


သူကိုဝိုင်းကြည့်နေတဲ့ လူတွေကို jonginခပ်စူးစူး ပြန်ကြည့်ပေးလိုက်တော့..အကုန်လုံးက ထွက်သွားကြတယ်

ကလေး ကိုကြည့်ရင်း"ကလေး .ထ သွားမယ်
ကိုယ်ပြောတာနားထောင်...ကလေးကိုကိုယ်အိမ်ကိုခေါ်သွားမလို့.."

"သခင်လေး.."
ကြည့်လိုက်တော့ ..အိမ်ထိန်းမိန်းမကြီး..
ကလေးက အဲဒီမိန်းမကြီးကို တချက် စူးစူစစိုက်စိုက် ကြည့်လိုက်ပြီး..
"ကိုကို သွားရအောင်.."

ကလေးအခန်းထဲမှာအင်္ကျီတွေ ပိုက်ဆံအိတ်တွေကက်တွေ လိုအပ်တာတွေပြန်ယူလိုက်ပြီးထွက်လာချိန်..
သူတို့နောကျောကိုစူးစိုက်ပြီးကြည့်နေတဲ့ လူတယောက်..
တောက်ကနဲ...ခေါက်လိုက်သံ..
ပြီးတော့ "အဲဒီကောင်ကဘယ်ကပေါ်လာတာလဲစုံစမ်း..စမ်းမြန်မြန်..
အဲဒီကောင်လေး..ငါတို့လက်ကလွတ်လို့မဖြစ်ဖူး.."
♡♤♡♤♡♤♡
"ကဲကိုယ်တော်လေး..ရောက်ပါပြီ..ဒါကိုယ်အိမ်ပဲ..ကိုယ်အိမ်မှာက ကိုယ်ရယ် အဖွားရယ်..အဖိုးရယ်.. ViVi ရယ်..ဒါပဲရှိတယ်..ကိုယ်မိဘတွေကတော့ မရှိတော့ဖူး... အဲဒါ hunnie မှတ်မိတယ်မလား အဖိုးနဲ့အဖွားကိုတော့ ကလေးမသိလောက်ဖူး လာကိုကိုမိတ်ဆက်ပေးမယ်"
အိမ်ထဲဝင်လာရင်း ခြေထောက်ကိုလာနမ်းတဲ့အထိအတွေ့လေး
ငုံ့ကြည့်လိုက်တော့ အဖြူစွပ်စွပ်မွေးစုတ်ဖွားခွေးလေး...
"အဲဒါ ViVi လေ ViVi ရေ အဲဒါမင်း appa အသစ်လေးကွ"
ကိုကိုက vivi နဲ့မိတ်ဆက်ပေးကာ
"ချီမလား"
"အင်းချီမယ် "
အသာလေး လှမ်းယူလိုက်ရင်း
ပွေ့ဖက်ထားလိုက်ကာ..."ကိုကိုရေ vivi ကချစ်စရာလေး.."

######
Sehun ဒီအိမ်ကိုရောက်လာကထဲကလွတ်လပ်ပျော်ရွှင်နေကာ..
"လာ.. ကလေး နေရမယ့်အခန်း..သွားမယ်."
" ကိုကိုနဲ့အတူနေမှာနော် အတူတူနေမှာနော်..ကိုကို"

"ကလေးရယ် အေးပါ..ကိုကိုလဲကလေးကိုတယောက်ထဲမနေခိုင်းပါဖူး"
ကိုကို အခန်းလေးက အဖြူရောင်သုတ်ထားကာ ကုတင်လေး စာကြည့်စားပွဲလေး စာအုပ်စင်လေးရယ် ချစ်စရာသပ်သပ်ရပ်ရပ်လေး
Sehun အခန်းလေးကိုငေးကြည့်ရင်း..
ရင်ထဲမှာဒီအခန်းလေးထဲဝင်လာတော့နွေးထွေးမှု့ကိုခံစားရတယ်.
နောက်ကျောဖက်ကဖက်တွယ်လာတဲ့ကိုကို ကလေးစိတ်ချမ်းသာသလိုနေပါကလေးလေး
ကလေးကပြုံးရင်းသူရင်ခွင်ထဲတိုးဝင်လို့

သူရင်ခွင်ထဲတိုးဝင်လာတဲ့ကလေးကိုသူပြန်ဖက်ထားရင်း...
တံခါးလေးကိုခြေထောက်လေးနဲ့ လှမ်းပိတ်လိုက်သည်..

ViVi ကတော့ ကလေး ရင်ခွင်ထဲမှာမျက်စိ လေးမှိတ်လို့...
♡♡♡♡♡♡

♡♡♡♡
Jongin အခန်းထဲတွင် တယောက်ထဲ .အိပ်ယာလေးကိုပြင်ဆင်နေမိတယ်..
ကလေးအိပ်နိုင်ပါ့မလားမသိဖူး.
"ViVi ရေ .မင်းappa အိပ်နိုင်ပါ့မလားဟင်..မအိပ်နိုင်ရင်တော့သူကိုဒီနေ့ညတော့ သူ့အိမ်ပြန်ပို့ရမှာပဲ. ".

"ကိုကိုရေ" အခန်းထဲဝင်လာတဲ့သူ သူကို အခန်းထဲဝင်ဖို့တံခါးနောက်နားကသူ
"ဒုန်း "
"အား နာလိုက်တာ"
"ဟာ ကိုကို sorryပါဗျာ..နာသွားလားဟင်..နဖူးမှာ အာလူးဘူးသီးထွက်သွားမှာပဲ..
သနားပါတယ် အုံဖွ ဆိုပြီး..သူနဖူးလေးကို လေနဲ့ဖွဖွလေးမှုတ်ပေးနေတဲ့ကလေး နုတ်ခမ်းလေးကိုထော်ပြီးမှုတ်ပေးနေတာကြောင့်ဆူထော်နေတဲ့ နုတ်ခမ်းလေးကို လေးကို..ငေးကြည့်ရင်း. Jongin ဘာဖြစ်လို့ဖြစ်မှန်းမသိ..ပတ်ဝန်းကျင်က ပူလာသလိုလို ရုတ်တရက်ကြီးအိုက်လာသလိုလို..
ကလေးကတော့ . သူနဖူးလေးကို ...လေနဲ့ဖွဖွငြင်သာစွာမှုတ်ပေးနေတာကြောင့်ကျတော်စိတ်တွေ ဂယောက်ဂယက်ဖြစ်နေတာကို ဘာတွေဖြစ်နေမှန်းမသိ..
စိတ်ဝင်စားပုံမရ..
ကျတော်ကိုသာသူကိုကြည့်ရင်း..လူက အိုက်သလိုလိုဖြစ်လာလေသည်.
အခန်းထဲမှာ ကလေးခြေထောက်နားခွေအိပ်နေတဲ့ vivi က အပြင်ကိုသူတို့နှစ်ယောက်ကြားထဲကရုန်းပြီးထွက်သွားချိန်.
အဲတော့မှသူလဲကျတော်နဲ့အနီးကပ်ဆုံးနေရာကိုရောက်နေတာကိုသတိထားမိကာမျက်ဝန်းလေးတွေဝိုင်းစက်သွားကာကျတော်ရင်ခွင်ထဲကနေsorryဆိုပြီး..လှမ်းထွက်သွားချိန်..ကျတော်သူကိုစွေ့ကနဲပွေ့ချီပြီး..
"အခုကြမှမင်းကိုယ်ကိုsorryပြောလို့မရတော့ဖူးလေ.."
လို့သူကိုယ်လုံးလေးအား...ကုတင်ပေါ်တင်လိုက်ပြီး
နဖူးလေးကိုသာ.တချက်ငုံနမ်းလိုက်ကာ."အိပ်တော့. Good Night bae လေး"

"ကိုကိုကကောဘယ်မှာအိပ်မှာလဲ.."
"ကိုကို က အောက်မှာခင်းအိပ်လိုက်မယ်လေ..ကိုကိုကုတင်လေးကသေးသေးလေး ကလေးလေးရဲ့ ..ကလေးအိပ်မရမှာစိုးလို့.."
"အဲဒါဆို ကလေးလဲ
အောက်မှာပဲအိပ်မယ်.."

" ကဲ မရှည်ပါနဲ့ကိုယ်တော်လေးရယ်..အိပ်မှာသာအိပ်ပါ..အိပ်တော့"
လို့သူပြောလိုက်တော့..

သူကိုစိုက်ကြည့်နေတဲ့ hunnie က သူလုံးဝမမျှော်လင့်ထားတဲ့အပြုအမူလေး သူခေါင်းအုန်းလေးကို အောက်ချလိုက်ပြီး သူဘေးနားလေးဝင်လှဲပြီးဆွဲဖက်လိုက်ကာ.ရင်ခွင်ထဲအားကိုးတကြီးလေးနဲ့တိုးဝင်လာကာ..သူမေးစေ့လေးကိုမော့လို့နမ်းလိုက်သည်..

"ကိုကို ကို ချစ်တယ် ကိုကို အနားမှာပဲနေချင်တယ် ကိုကို နဲ့နေရတာကလေး စိတ်ချမ်းသာတယ်..ကလေးကိုမထားခဲ့ပါနဲ့နော်."
ရင်ခွင်ထဲကိုတိုးလို့ဝင်လိုက်ရင်း..ပြောလိုက်တဲ့ကလေး ကိုသူပြန်ဖက်ထားလိုက်ကာ
"ဘာတွေဘယ်လိုပဲဖြစ်စေအုန်း..ကိုကိုကလေးလေးကို ကိုကို မထားခဲ့ပါဖူး. အမြဲနားမှာနေပေးမယ်နော် ခုတော့အိပ်တော့..ကလေး "
လက်ကလေးကားပြီး သူကို လှမ်းခေါ်နေတဲ့ ကလေးဆိုးလေး ချစ်လိုက်တာ

"ကလေးကျပ်နေမှာပေါ့.."

"ကိုကို ကလဲကွာ မကျပ်ပါဖူး..လာပါ.."
လို့ဆိုသူကိုဂျီနေတဲ့ကလေး ကြောင့်.. jonginဘာမှမပြောတော့ပဲ ကလေးကိုယ်လုံးလေးကိုဆွဲဖက်လို့အိပ်လိုက်တော့သည်..
"အိပ်တော့ ကလေးလေး ကိုကိုအိပ်မက်ပါ "
"ကိုကိုကော ကလေးကိုအိပ်မက်ပါ"
အိပ်သွားတဲ့ ကိုကို မျက်တောင်လေးတွေစင်းကျနေတာကို ထိကြည့်လိုက်တယ်..
"အရှည်ကြီးပဲ"
ပြီးတော့ပါးလေးကိုဖွဖွညင်သာစွာကိုင်လိုက်တယ်..ကိုကို နုတ်ခမ်းလေးကိုလက်လေးနဲ့ ငြင်သာစွာ..ထိကြည့်လိုက်ချိန်..ကိုကိုမျက်ဝန်းတွေပွင့်လာကာ..hunကို ငေးကြည့်နေတယ်
"ကိုကို "
အနမ်းလေးတွေကတဖွဲဖွဲ hunnie နုတ်ခမ်းလေးပေါ်
ကိုကို ရေ အနမ်းဆက်တိုင်းချစ်တယ်.
အကြာကြီးနမ်းနေပြီး..ချိန်..
နှစ်ယောက်သား..တယောက်မျက်နှာကို တယောက်ကြည့်ရင်း..မိုးလင်းသွားခဲ့လေသည်..
☆☆☆☆☆☆☆

♡♡♡♡♡♡
Next morning

Sehunအိပ်ယာကနိုးလာတော့ ကိုကိုမရှိတော့..ဘေးကိုလှမ်းကြည့်လိုက်တော့ ViViက သူကိုပြန်ကြည့်နေသောကြောင့် သူခေါင်းလေးကိုလက်လေးနဲ့ကိုင်လိုက်ကာ...ပွတ်ပေးလိုက်တယ်..ခနနေတော့ ကိုကို ..ပြန်ဝင်လာကာ
"GoodMorning babyလေး..နိုးပြီလား..ပြန်အိပ်ချင်သေးလားဟင်.."
Sehunခေါင်း လေးကိုခါလိုက်ပြီး..
"ဟင့်အင်းကိုကို ကျတော်ထပြီ."
လို့ဆိုရေချိုးခန်းထဲဝင်လာတော့မျက်နှာသစ်ဖို့..သွားပွတ်တံလေးမှာသွားတိုက်ဆေးလေးနဲ့အဆင်သင့် ..ပြီးတော့..အပြင်ကိုထွက်လာတော့..အိပ်ယာသိမ်းပြီးသား...သူကမျက်နှာလေးကိုမျက်နှာသုတ်ပုဝါလေးနဲ့သူတ်ပေးလိုက်ကာ....

"Aigooချစ်စရာကောင်းတာကွာ.. ကလေးလေး
လာ..သွားမယ်..breakfastစားမယ်.."

"ကိုကို" သူလှည့်ကြည့်လိုက်တော့..သူ..ပါးလေးကို လက်လေးထိုးပြကာ
"morning kiss /pout/ ^_^" သူကိုနမ်းခိုင်းနေသောကြောင့်..jonginလဲရီလိုက်ရင်း.နမ်းလိုက်ပြီး..
သူမနမ်းခိုင်းတဲ့နေရာ..သူ့နုတ်ခမ်းလေးကိုနမ်းတော့မျက်ဝန်းလေးတွေဝိုင်းစက်သွားကာ ရှက်သွားတာလေးငေးရင်း ကလေးရေကိုကိုတော့ရူးပြီ ဘာလို့အရမ်းချစ်စရာကောင်းနေရတာလဲကွာ
"ကိုကိုကိုလဲနမ်းကွာ"
သူကိုလဲ.ပြန်ပြီးနမ်းခိုင်းတာကြောင့်မို့.. hunnie ရှက်ပြုံးလေးပြုံးလိုက်ကာ....ကိုကို နုတ်ခမ်းလေးအားဖွဖွညင်သာစွာနမ်းလိုက်တယ်.ကိုကိုကပြန်ပြီးနမ်းလာတာကြောင့်မို့အနမ်းလေးတွေ ကမဆုံးတော့..
..
ကိုကို က သူ အဖိုးအဖွား နဲ့ hunnie ကို ခုမှသေသေချာချာ မိတ်ဆက်ပေးတယ်..
အဖွား က hunnie ကိုကြည့်ပြီး.ချစ်စရာကောင်းလိုက်တာတဲ့..နောက်လဲလာနေပါ..တဲ့
ပြီးတော့..ကိုကိုနဲ့breakfast အတူတူစားကြတယ် ကိုကိုနဲ့အတူစားရတာမို့ အများကြီးစားလိုက်ကာ ပျော်နေတာမို့ ကိုကိုကပါးလေးကိုဆွဲရင်း "ချစ်စရာလေးကွာ
sehunnie ကလေး ဒီနေ့ဘယ်သွားချင်လဲ ကိုကိုတို့dateလုပ်ကြရအောင်..."
သူကိုကြည့်ပြီး..
ခေါင်းလေးသာညိတ်ပြလိုက်တယ်..
"hunnie လေး အိမမ်ပြန်ချင်သေးလားပြောသာပြောရတယ် ကိုကိုပြန်မပို့ချင်ဖူး"
ခေါင်းကိုခပ်သွက်သွက်ခါပြလိုက်ရင်း..
"ဟင့်အင်း..ကလေးလဲမပြန်ချင်ဖူး "
"အင်းပါ hunnie သဘော"
ပြီးတော့..ကိုကိုကရေချိုးတဲ့ ..ဆိုတော့ ရေချိုးပြီး..ကိုကိုနဲ့ ထွက်လာကြကာ..shopping centerတခုအရောက်..
ကိုကိုကအင်္ကျီ လေးတထည်ကိုလက်ဆောင်ဝယ်ပေးကာ..ကိုကို နဲ့couple shirtလေးအဖြစ်ဆင်တူဝတ်ကြကာ တနေ့ကုန်လျှောက်လည်ကြရင်း date လုပ်ကြတယ်
ညနေအိမ်ပြန်ချိန်ရောက်တော့..
ကိုကို နဲ့အတူပျော်ပျော်ရွှင်ရွှင်ပြန်လာရင်း
ကိုကိုအိမ်ရှေ့ရှိကားအဖြူကြီးကိုတွေ့စဉ်

"ကိုကိုကလေးတို့ထွက်ပြေးရအောင်.."
"ဟင်..."

"အဲဒါummaကား.."
Jongin လဲအဲဒီတော့မှမျက်လုံးပြူးသွားကာ.သူရင်ခွင်ထဲမှာဝင်နေတဲ့သူ့ကလေးလေးတချက်ငုံကြည့်လိုက်ရင်း..
"လာ အိမ်ထဲဝင်မယ်".
ဆိုပြီးလက်လေးကိုဆွဲခေါ်သွားပြီးတော့...
အနောက်ဖက်ကနေကွေ့ပတ်ကာ.အထဲခေါ်သွားတော့သည်...
အိမ်ထဲရှိသူအခန်းထဲသို့အရောက်

"ဒီမှာခနနေခဲ့အုန်း..."
သူလက်ကိုဆွဲပြီးခေါင်းခါပြလိုက်တဲ့ကလေးနဖူးလေးကို တချက်နမ်းလိုက်ပြီး
သူပြန်ပြုံးပြလိုက်ကာ..

"ဘာမှမဖြစ်ပါဖူး
ကိုကို ပြန်လာမယ်ကလေး"
သူအခန်းပြင်ကိုထွက်လိုက်ချိန်.......
အခန်းထဲ... ummaကဝင်လာပြီး..sehun ကိုဆွဲခေါ်လိုက်ပြီး..
"မင်း..ငါသားနဲ့ဝေးဝေးနေပါ....."
Sehun ရုန်းကန်နေရင်းပြန်ပါသွားလေသည်..
Jongin ကားနောက်ကိုပြေးလိုက်သွားချိန်...
ဒုန်း...
အား...
Sehunnie ငါမင်းကို ဘယ်တော့မှမစွန့်လွတ်ဖူး.....
ကိုကို ကလေးစီကိုပြန်လာမယ်...

လူတွေလက်ထဲကရုန်းကန်ထွက်ပြီး..သူစီကိုပြေးသွားတယ် သူကသွေးအိုင်ထဲမှာ
"ကိုကို "
"ကိုကိုရေ ထပါ
လို့ သူကိုလှုပ်နိုးလိုက်တယ် သွေးရူးသွေးတန်းနဲ့

"ကိုကို ကျတော်ကိုမထားခဲ့ပါဖူးဆို..ကလေး နားမှနေမယ်ဆို..အား.ကိုကို "
Hunnie
အော်ငိုသံတွေ jongin မကြားနိုင်တော့...အမှောင်ထဲတိုးဝင်းရင်းသာ
...

Two month later..

"သားလေး..ထမင်းစားပါသားရယ်..သားကြိုက်တဲ့ဟင်းတွေလေ"
ထမင်းအဖြူတွေကိုပဲခပ်စားနေရင်း umma ပြောလာချိန်
သူဒီတိုင်းသာကြည့်နေလိုက်တယ် သူဘဝက အရင်ကကိုကိုနဲ့ မတွေ့ခင်အတိုင်းပြန်ဖြစ်သွားခဲ့တယ်. မဟုတ်ဖူး ပိုအေးစက်သွားတာ .အရာရာအားလုံးကအေးစက်စက် ..ခံစားချက်တွေနည်းနည်းမှမရှိတော့ ကိုကိုအတွက်အလွမ်းတွေကိုကိုအတွက်အချစ်တွေကလွဲလို့ပေါ့
ကိုကိုကိုကားနဲ့တိုက်တဲ့သူက ဘယ်သူလဲဆိုတာသူမြင်လိုက်ပေမဲ့ သူမပြောချင်တော့..
ဒါပေမဲ့ ...သူတရားသူပြန်စီရင်သွားပါတယ်..
သူလုပ်ခဲ့တဲ့ အကုသိုလ်ကြောင့်ပဲ..သူထောင်ကျသွားခဲ့တယ်....
အရင်ကမရခဲ့တဲ့ ummaရဲ့ ဂရုစိုက်မှု့ ချစ်ခြင်းတွေ appaရဲ့ချစ်ခင်မှု့တွေကိုသူပြန်ရလာခဲ့တယ်...
ဒါပေမဲ့
ကိုကိုကိုလွမ်းတယ်
ကိုကိုကို ကလေးအနား နားပြန်ရောက်လာစေချင်တယ်....
ခုတော့ကိုကိုရယ်....ကိုကိုမရှိတော့တဲ့နောက်ပိုင်း.ကျတော် ကမ္ဘာအသက်မဲ့သွားတယ် အရာရာဟာ အမှောင်...နေ့တွေည တွေဟာ ပြောင်းပြန် မပျော်နိုင်ခဲ့ပါဖူး..နေ့တိုင်းငိုကြွေးခဲ့ရတယ်..
..
ViVi ရေ ....ကိုကို ကိုလွမ်းလိုက်တာ..ကိုကို့ အဖွားနဲ့အဖိုးက ViViကိုလာပေးခဲ့တယ်.. အဖွားကိုဘာမှမေးလို့မရတာကြောင့်သူအကြောင်းဘာမှမသိရ
အဲဒီတုန်းက အဖွားကိုဖက်လို့ငိုတော့ အဖွားက သားတို့ပျော်ရမှာပါတဲ့

အခုViViသူစီကိုရောက်လာတလလောက်ရှိတော့မယ်..သူViVi နဲ့ ပဲနေတယ် ViViကိုပဲစကားပြောတယ်.
သူကျောင်းသွား..ပြီးပြန်လာချိန်..
အိမ်ထဲဝင်လာတော့ ဘယ်သူမှမရှိခဲ့ ခါတိုင်းသူကျောင်းကပြန် လာရင် လာကြိုနေကြ ..ViVi ကိုတောင် မတွေ့..တာကြောင့်မို့..
သူ..ViVi လို့ခေါ်ပြီး..အောက်ထပ်မှာရှာနေတယ်..ပြီးတော့ ..အပေါ်ထပ် ကိုတက်လာရင်း..
သူ အခန်းတံခါးကိုဖွင့်လိုက်စဉ်......

♡♤♡♤♡♤
ပထမဆုံးစမြင်လိုက်တာက သူကိုကျောခိုင်းထားတဲ့လူတယောက်..
"ကိုကို"
လို့လှမ်းခေါ်လိုက်ပြီး..သူကျောပြင်အား..လွတ်ထွက်သွားတော့မလိုတင်းကျပ်စွာဖက်တွယ်ထားတော့..
သူစီကရီသံလေးကြားလိုက်ရတယ်.

"ကိုကိုရယ်sehunnieစိုးရိမ်လိုက်ရတာဘာမှမဖြစ်ဖူးနော်.."
"အင်း..ဘာမှမဖြစ်ပါဖူး..အဲဒီနေ့ကလက်ကလေးပဲဒဏ်ရာ နည်းနည်းရပြီးခေါင်းလေးနည်းနည်းပေါက်သွားတာ အခုတော့ အကုန်ပျောက်ပြီမို့ စိတ်မပူနဲ့တော့နော်"

"ကိုကိုက ကလေးကို အဆက်အသွယ်လေးတောင်မလုပ်ဖူး.."

လို့ သူကို ဆူပုပ်စွာပြောနေတဲ့ ..ကောင်လေးဖက်ကိုလှည့်လိုက်ပြီး.
Jongin ရင်ခွင်ထဲဆွဲဖက်ထားလိုက်ရင်းက..
ပါးလေးကိုငုံလို့နမ်းလိုက်တယ်
"ကလေးလေးကိုလွမ်းနေတာ"လို့ ညီးညူသံလေးနဲ့လေသံသဲ့သဲ့လေး နဲ့ ကိုကိုကပြောတယ်..

"ကလေးကပိုလွမ်းတာပေါ့.
ကိုကိုရယ်ကလေး လေ.ကိုကိုမ ရှိတော့ဖူးထင်လို့..ငိုလိုက်ရတာကိုကို က ထားသွားပြီထင်လို့ "
"ရှူးတိုးတိုး ကိုကိုက ကလေးလေးနားမှာအမြဲရှိနေမှာ ထာဝရ"
ကလေး
နုတ်ခမ်းလေးကိုလက်လေးနဲ့ကာလိုက်ကာပြောတော့.
ကလေးက သူလက်လေးကိုနမ်းလိုက်ကာ "ကလေးလေကိုကိုကိုအရမ်းလွမ်းတာပဲ..
ကိုကို ရဲ့ဒီရင်ခွင်ကျယ်ကြီးကိုလဲလွမ်းတယ် ဒီ ကိုယ်သင်းနံ့လေးကိုလဲလွမ်းတယ်."
"
သူရင်ခွင်ထဲတိုးလို့ဝင်လာတဲ့ မျက်ရည်တွေကျရင်းပြောနေတဲ့ ကလေးငယ်ကို စိတ်ချစွာဖက်ထားလိုက်တယ်

"ကိုကိုရောပဲအရမ်းလွမ်းတယ်..မငိုနဲ့တော့ ကိုကို တို့ အချစ်က အခုအားလုံးကိုအနိုင်ရခဲ့ပြီ .."

"အခုကော ကိုကို ဘယ်လိုလုပ်...
Ummaတွေ့သွားရင်. ဘယ်လိုလုပ်မလဲ"
ကလေးငယ်လေးရဲ့
စိုးရိမ်တကြီးအမူအယာလေးကို ..jongin ရီ လိုက်ရင်း ပါးဖောင်းဖောင်းလေးကို အသာလေးနမ်းလိုက်ကာ

"အခု အားလုံးအဆင်ပြေသွားပြီကလေးငယ်လေး ယောက္ခမကြီးက ပြောတယ်...ကိုယ်ကို သူ့သားလေးကို ပျော်အောင်ထားပေးပါတဲ့ ..အဲဒါ ကလေးပျော် မှဖြစ်မယ်နော် ကိုယ်နဲ့အတူတူနေရတာကို.."

Sehunကိုကို့မျက်နှာလေးကိုမော့ကာကြည့်လိုက်ရင်း..
"ကလေး ဘဝမှာ အပျော်ရွှင်ဆုံးနေရာက ဒီရင်ခွင်ပဲရှိပါတယ် .ကိုကို ရင်ခွင်ထဲမှာသာနေရမယ်ဆိုရင် ....ဘယ်နေရာ မှာပဲနေရပါ. Saranghaeyo ကိုကို."

"Love you ဘေဘီ"
"Love you ကိုကို"
ကလေး နုတ်ခမ်းလေးပေါ်သို့..ကြင်နာခြင်းအပြည့်နဲ့ နမ်းဖို့
အဲဒီအချိန်...ViViက သူတို့နှစ်ယောက်ကြားထဲတိုးဝင်လာချိန်..
သူတို့နှစ်ယောက်ခြေထောက်တွေကိုထိန်းမရတော့ ကုတင်ပေါ်သို့ လုံးထွေးပြီးကျသွားရင်း ကလေး ကိုယ်လုံးလေးက သူရင်ခွင်ထဲလုံးကနဲ
တပတ်လည်ရင်း ကလေး နုတ်ခမ်းနုနုသေးသေးလေးအား အနမ်းလေးတွေနဲ့ သိမ်းပိုက်လိုက်ရင်း
ကလေးငယ် ရေ ချစ်တယ်

#####
အရှည်ကြီး
ရေးထားတယ်နော်

Continue Reading

You'll Also Like

330K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
314K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
173 46 25
အရမ်းချီးကျူးလေးစားဖို့ကောင်းတဲ့မိခင်တွေထဲမှာကျန်းကျယ်ဟန့်ဆိုတဲ့ လူသားလေးကိုမွေးထုတ်ပေးခဲ့ပြီး အကြည်ဓါတ်လေးနဲ့ အဖြူရောင်လူသားလေးအဖြစ်ကြီးပြင်းစေခဲ့တဲ...
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်